Wednesday, December 9, 2009

အမှန်တရားကို မြတ်နိုးကြပါ၊ ပြီးတော့ လက်ခံကြပါ ....

ရန်ကုန်မြို့ မှာ လတ်တလောလေးကမှ အလွန်ရေပန်းစားသွားသော သတင်းတခုအကြောင်းရှင်းပြချင်လို့ ပါ။
SSC မှာမှားခွဲမိလို့ သေသွားတယ်ဆိုတဲ့ ကောင်မလေးဖြစ်ရပ်ပါ။ ကောင်မလေးသေဆုံးရမှုအပေါ် တကယ်ကိုပဲစိတ်မကောင်းဖြစ်ရပါတယ် ။တကယ်ကို တော်တဲ့ ကလေးတယောက်မို့ လို့ ပါ။ ဒါပေမဲ့ ခွဲတဲ့ ဆရာကြီး အပြစ်လို
့ဝိုင်းပြောနေကြတဲ့ ဂျာနယ်လစ်တွေကို တော့ တကယ်ကိုစိတ်တိုမိပါတယ်။


ဆရာကြီးဦးကြည်စိုး ဆိုတာမြန်မာနိုင်ငံမှာ နှစ်ယောက်မရှိနိုင်တဲ့ surgeon တယောက်ပါ။ ဆေး (၁)၊ ဆေး (၂) ၊ ဆေး မကွေး ၊ဆေးမန်း စတဲဆေးကျောင်းလေးကျောင်းလုံးမှာ head and professor ရာထူးနဲ့ ဆောင်ရွက်ခဲ့ပြီး အခု retire ယူထားတဲ့ surgeon ဘိုးအေကြီးတယောက်ပါ။
အခုဖြစ်ရပ်မှာလည်း တကယ်တန်း တာဝန်ရှိတာ ကောင်မလေးကို စဖျားကတည်းကကုတယ်ဆိုတဲ့  GPဆရာဝန်ပါ။ သူဟာ ဆရာဝန်တယောက် ဖြစ်ပါရဲ့ နဲ့  သူ ဆီလာပြတဲ့လူနာ သွေးလွန်တုပ်ကွေး ဆိုတာ diagnose မလုပ်နိုင်တာ သူ့ ညံ့ဖျင်းမှုပါ။ ကောင်မလေးက လေးရက်တောင်ဖျားပြီးမှ ဆရာ ဦးကြည်စိုးဆီရောက်တာပါ။ လူနာက ဆရာကြီးဆီ ရောက်တဲ့ အချိန်မှာ dengue shock
ဝင်နေပါပြီ။ ပြီးတော့ကောင်မလေးမှာပြနေတဲ့ sign တွေ က appendicitis case နဲ့  တထပ်တည်းကိုတူနေတာပါ။ ဗိုက်ကြီးပူတာ၊ ချက်ပတ်ဝန်းကျင်မှာ နာတာ ၊သွေးကြောတွေဝမ်းဗိုက်မှာ မြင်နေရတာ အူအတက်ပေါက်တယ်ဆိုတဲ့ (appendicitis)
ရဲ့ sign တွေပါပဲ။ အူအတက်ပေါက်တယ်ဆိုတာ ချက်ချင်းခွဲ မှဖြစ်မှာပါ။
အဲဒါကို လူပိန်းတောင်သိပါတယ်။ မှားတတ်ပါတယ် ၊ဆရာကြီးနေရာမှာ တခြားနာမည်ကြီးဆရာဝန်တယောက် ဆိုလည်း မှားမှာပါပဲ။

ဒီတော့နည်းနည်းမှစစ်ဆေးမှုမလုပ်ဘူးလားဆိုပြီးမေးဖွယ်ရာရှိပါတယ်။အူအတက်ပေါက်တာအမှန်ဆိုရင် ချက်ချင်းခွဲ
မှဖြစ်မယ့် အတွက် စစ်ချိန်မရတာဆိုရင် ပိုမှန်ပါမယ် ။ လူနာက ဆရာကြီးဆီရောက်လာတဲ့ အချိန်မှာ သေကိုသေတော့မယ့် အခြေအနေပါ။ စစ်ပြီးdengueမှန်းသိလို့ မခွဲရင် လည်း မခွဲလို့ သေတယ်ဆိုပြီး ဖြစ်လာဦးမှာပါ။ အဲဒီတော့ ဘယ်သူ့ အမှားလည်း ဆိုတာသာတွေးကြည့် ပါတော့ ။ ပြီးတော့နောက်တခုက ဆရာကြီးက လူနာကို တခါပဲ လာကြည့် ပြီး ၊လက်လွတ်စပါယ်ထားတယ်ဆိုတဲ
့အကြောင်းပါ။ ဆရာကြီးဟာ ဒီလူနာရောက်မလာခင် တပတ်လောက်အလိုကတည်းက တရုတ်ကိုသွားဖို့  well planned လုပ်ထားပြီးသားပါ။ လူနာရှင်တွေကဆရာဦးကြည်စိုးနဲ့ မှ ကုချင်တယ် ဆိုပြီး by name နဲ့ ရောက်လာတာပါ။ သူ တို့ ပြထားတဲ့  GP ဆ၇ာဝန်က appendicitis case ဖြစ်လို့ ဆရာကြီးနဲ့ သွားပြပါဆိုပြီးလွှတ်လိုက်လို့  ဆရာကြီးက ခရီးမထွက်ခင်လေး operation လုပ်ပေးခဲ့ တာပါ။ ပြီးတော့လူနာဆုံးပါးသွားတဲအချိန်မှာလည်းဆရာကြီးက တရုတ်မှာပါ။ သူ့ ကနဂိုတည်းက အစီအစဉ်ရှိပြီးသား
ခရီးစဉ်ကိုသွားတာပါ။ ဒီမှာဘယ်လိုအခြေအနေရှိလဲဆိုတာ သူ ကဒီလူနာကိုမကြည်ပေးနိုင်ခဲ့ တာလဲ ဒါကြောင့်ပါ။

ဆိုချင်တာက ဆရာကြီးကခွဲလိုက်လို့ သေရတာမဟုတ်ပါဘူး။ သေမည့် လူနာကိုဆရာကြီးကခွဲမိသွားတာပါ။ ပြီးတော့ ဆေးရုံစရိတ် ၁၁ သိန်းဆိုတာကလည်း၁၁သိန်းနဲ့ တန်အောင်လုပ်ပေးတဲ ဆေးရုံကိုသွားလို့ ၁၁သိန်းကုန်တာပါ ။
၁၁သိန်းကုန်အောင် ၀န်ဆောင်မှုပေးခဲ လို့  တန်သလောက်ပေးရတာပါ။ အဲဒါကို weekly eleven ဂျာနယ်မှာ ရေးထားတာတွေက တကယ်ကို ဆိုးဝါးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဂျာနယ်တိုက်ပိုင်ရှင်က ဒေါက်တာသန်းထွန်းအောင် ဖြစ်ပြီး ၊
သူဟာ အာရှတော်ဝင်ဆေးခန်းရဲ့ ရှယ်ယာဝင်တဦးလည်းဖြစ်ပါတယ်။ SSC ဆိုတာ မြန်မာနိုင်ငံရဲအကောင်းဆုံး ပြင်ပဆေးခန်းတွေထဲမှာမှTOP ပါ။ ၀င်ငွေအနေနှဲ့ လည်းအကောင်းဆုံးဆေးခန်းတခုပါ။ အဲဒါကြောင့်  အာရှတော်ဝင် နဲ့ SSC ဟာအပြိုင် သဘောမျိုးဖြစ်နေတာပါ။ အခုဖြစ်ရပ်မှာလည်း လူနာသေဆုံးခြင်း ထက်ဆရာကြီးကို အသုံးချကာ SSC ဆေးခန်းအား တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

အသေးစိတ်မသိတဲ့ ပြည် သူလူထုကိုထင်ယောင်မှားတွေ ဖြစ်အောင်သွေးထိုးလှုံ့ဆော်ကာ စီးပွားရေး အရတိုက်ခိုက်ခြင်း ဖြစ်ပါတယ်။
ဒီဂျာနယ်တိုက်ပိုင်ရှင်ကိုလည်း အတော်ကိုအံ့ သြမိပါတယ်။သူကိုယ်တိုင်ဆရာဝန်တယောက်ဖြစ်ပါလျက်နှင့် ဒီလိုသတင်းမှားမျိုးကို
ရေးသားထုတ်ဝေရဲ တာ ဆရာဝန်စိတ်ဓာတ်မရှိခြင်းပင် ဖြစ်ပါတယ်။
ဒီလိုဆရာဝန်မျိုးနှင့် ကုသမည့် လူနာများအတွက်လည်း ရင်လေးမိပါတယ်။ ကြားထဲကဓားစာခံ ဖြစ်သွားရတဲ့ ဆရာကြီးဦးကြည်စိုးမှာ လည်း နာမည်ဂုဏ်ထိခိုက်ရသည်။ ဆရာကြီးအတွက် ဆမ အပိတ်ခံရခြင်းသည် ဆရာကြီး၏ အခြားသောစီးပွားရေး များကိုထိခိုက်ခြင်း မရှိပေ။ အခုဆရာကြီးက နိုင်ငံရပ်ခြားသို ထွက်ခွာသွားလေပြီ။ သူ့ လို လူတော်တယောက်အတွက် နိုင်ငံခြားဆိုတာ ၀င်ငွေပိုကောင်းပါတယ်။ သူ့ဘ၀တက်လမ်းပိုကောင်းတဲ့ နိုင်ငံခြားမှာမနေပဲ၊ မြန်မာနိုင်ငံကိုအလုပ်အကျွေးပြုနေတာဆရာကြီးရဲ့ စေတနာပါ။ တကယ်လို့သင်ဆိုလျှင်ကော နိုင်ငံအတွက်ဆိုပြီး အနစ်နာခံနိုင်မလား ။
ဒီလိုလူတယောက်ကို ၀ိုင်းဝန်းနှင်ထုတ်လိုက်ခြင်းမှာ ဘယ်လို အကျိုးကျေးဇုူးတွေ ဖြစ်လာနိုင်သလဲ။ စဉ်းစားကြည့် ပါ။ တကယ်တမ်းနစ်နာတာကျွန်မတို့ ပြည်သူတွေပါ။ အဲဒါကိုကောင်းမှန်းမသိ ၊ဆိုးမှန်းမသိ
သူတပါးကိုပုတ်ခတ်လိုက်ရလျှင်ပဲ ငါဟဲ့ ဆိုပြီးဖြစ်နေတဲ့ လူ အောက်တန်းစား၊လူပြိန်း၊လူညံ့ များအား ကျွန်မတို့ ဆေးလောကအသိုင်းအ၀ိုင်းကသနားတယ်လို့ ပြောပြီးဟားတိုက်တောင် ရယ်ချင်ပါသေးသရှင်။ သူငယ်ချင်းတို့လည်း ဒီမေးလ်ကိုဖတ်ပြီး မသိသေးတဲ့ သူတွေ ကိုforward လုပ်ပေးကြပါနော်။

ရေးသားသူ
အဖြူရောင်(ဆေး ၂)

မှတ်ချက်။ စာရေးဆရာမတစ်ယောက်လည်းဖြစ်တဲ့ အဖြူရောင်ရဲ့ မေးလ်လေးပါ....။ဆေးပညာအသိုင်းအ၀ိုင်းရဲ့ အမြင်နဲ့ ရေးပြထားတာကို ဖတ်သင့် တယ်လို့ တော့ ထင်လို့ ပြန်လည်တင်ပြလိုက်ပါတယ်...။

7 comments:

soe said...

This article is horrible.
She said herself in this article that this was a mistake and any doctor could have done the same mistake. So it is very sad to learn that our lives in myanmar are at the mercy of such mistake prone doctors.
It reflects the general attitude of the doctors in myanmar too. They think they are above everybody. egoist, arrogant people.
The author of this article don't know how to respect people who are paying for their(doctor's) service.
Learn to live lady...the world is changing.

Perry said...

A good surgeon can able to differentiate common surgical condition from common medical condition. This is not the first medical negligience done by Dr.Kyi Soe. I'd like to know GP's comment. In Burma, patients choose the doctor themselves.Patients did not listen to GPs suggestion.Most appendicits are treated by conservative treatment. Did U Kyi Soe know about Dengue Fever? Did he know about shock? If not, he must give up his practice.She also blamed Weekl eleven, In fact, it was reported in snap shot.

zamipi said...

အခုဖြစ်သွားတဲ့ ဆရာဝန်ကြီးက အဘယ်မျှ အရေးပါအရာရောက်ပြီး၊အလွန်တော်ဆိုသောသူတစ်ယောက်ဟုသိရပါတယ်..
ကျေးဇူးပါ.. တစ်ခုသိထားဖို့ က ဆရာဝန်တွေတင်မကပါဘူး တခြားသော life cirtical case တွေမှာတာဝန် ယူသူများပါ မိမိလုပ်ငန်းခွင်မှ
ကင်းကွာရန် အကြောင်းတစုံတရာရှိက ကြိုကြိုတင်တင်ပြင်ဆင်ရပါတယ်.. အချိန်ယူလက်စသတ်ကြရပါတယ်...
ထားတော့.. အလွယ်ပြောရင်သမားရိုးကျ office staff များတောင် on leave လိုချင်ရင် ကြိုတင်စီစဉ်ကြရပါတယ်..
အခုဆရာဝန်ကြီးဆိုသူရဲ့လုပ်ရပ်က ဒီလိုမဟုတ်ပါဘူး...နိုင်ငံခြားသွားဖို့ မခွဲစိတ်ခင်ကတည်းကြိုတင်ပြင်ဆင်ပြီးသားလို့သိရပါတယ်..
ရှင်းပါတယ်.. urgent ဖြစ်လာတာမဟုတ်ပါဘူး.. တာဝန်တစ်ခုကိုယူပြီးဆိုရင်ပြီးဆုံးအောင် ထမ်းဆောင်ရပါတယ်..
by name နဲ့ လာတယ်ဆိုတာနဲ့ ဆရာဝန်ပေါင်းများစွာထဲ က ငါမှငါ့ ကိုရွေးသဟဲ့သွားခါနီးလာခါနီးလက်မှတ်ဖိုးလေးကြေသဟဲ့
ဆိုပြီး လုပ်ချင်ရင်လုပ်ပြီးဖုတ်ဖက်ခါထသွားလိုက်တာ.. အံ့သြစရာ...သာမန်းလမ်းဘေးကွမ်းယာဆိုင်က ကွမ်းယာရောင်းသူလို
ဆိုင်ထားခဲ့ပြီးဘောလုံးပွဲကောင်းတယ်..သွားကြည့်အုံးမယ်ဟဲ့..ဆိုတဲ့လုပ်ရပ်မျိုးပါ....ဒီလိုလူတစ်ယောက်ကဒီပေါက်မျိုးချိုးမတော့
သူ့ အောက်က (၂ယောက် မရှိနိုင် ဆိုသောဆရာဝန်ကြီးနဲ့ ယှဉ်ရင်) သူငယ်နပ်စားသာသာနောင်လာနောက်သားဆရာဝန်အပေါင်းတို့
မည်သို့ ပြုမည်မသိ.. မတွေးဝံ့စရာ..
ဆေးလောကအသိုင်းအ၀ိုင်းဟုဆိုထားသဖြင့်မေးချင်ပါသည်.. မည်သူက အဖြူရောင်ဆေး ၂ တို့ တိုကိုပြေရေးဆိုခွင့်ရှိသူများဟုသတ်မှတ်ပေးထားပါသလဲ... အဖြူရောင်ဆေး၂ တို့ အသိုင်းအ၀ိုင်းဟုပြောင်းလဲ
သုံးနှုန်လျှင်ပိုမိုဆီလျော်ပါလိမ့်မည်... အခြားသော ဆေးလောကသားတို့ တွင်လည်းလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါသည်..
မမေ့စေချင်ပါ...
ယခုသတင်းကိုရေးသားသော media editor ဆိုသူမှာလည်း ဆရာဝန်တစ်ယောက်ဆိုသည် မေ့နေပုံရသည်..
ဒါပေ့မယ် သူတာဝန်က အခု အယ်ဒီတာ တာဝန်.. သတင်းပေးရမှာသူ့ တာဝန်.. ငါအသိုင်းအ၀ိုင်းမကောင်းကြောင်းငါမပြောလုပ်လို့မရ..
အပူပါနဲ့သူတကယ်မကောင်းရင် သူအကြောင်းရေးကြပါလိမ့်မယ်..
ငါအသိုင်းအ၀ိုင်းကမှမြင့်မြတ်သည်.. ကျန်တာအကုန်အောက်တန်းစား ဆိုသည့် ပဒေသရာဇ်တွေးအခေါ်များကတော့ ခေတ်ဆွေးလွန်းနေပြီ.. မပြောလိုတော့ပါ..
forward mail တစ်စောင်ဖြန့် ၇င် ၅ကျပ် ၁၀ ရမယ်.. မဖြန့် ရင် ငရဲကျမယ်... ဆိုသည့်နှင့်ဘာအကြောင်းအရာပါသည်မသိ..
forward လိုက်သည် အဖြူရောင်ဆေး၂ ရဲ့ မေးမျိုးကတော့ spam mail မျိုးထက်ပိုမည်မထင်.. အသိဥာဏ်ရှိသူ inbox ထဲမှာတော့တွေ့ ရလိမ့်မည်မထင်...

kyaw said...

Your bullsheet ,how about her family.if your daguther happen like that.You said like that. Your are the one of Lozey Doctor.

Thoon Thiri said...

This article is giving a lot of lame and unacceptable reasons. If the doctor is so smart and genius like the one, he can differentiate the real dieseases.

1. He should do necessary examination before he did operations. Dun blame on GP. The one you should know is that GP is not professor/specialist. He has to recheck everything again.That show he dun care enough for paitent.

2. Dun put blame on the other like journals. Shame on urself. The way u write is like even ppl's death, it should cover story for ur professor's prestige. Go to the hell.

3. If you want to cover the story , it mean you think doctor have rights to neglect or ignore a person death because of their faults. You have to no rite to scarify a person's life even if u r doctor.

4. Why should he accept this operation? Even he cannot take full responsiblities. He should suggest or request the patient's family to another doctor. He takes this not because he want to save a person's life but because he wants money before he went to china rite.

5. There are a lot ppl who died unnecessarily because of the carelessness or wrong treatment of doctors in myanmar. Every country has rules for doctors.There is right to sue the doctor to jail ok. So take lessons from this event.

P.S value a human being life. Even Doctor is a human being. Dun treat a patient like an animal or testing material

Thoon Thiri said...

The author is getting an unqualified doctor degree from poor education. Becos the way she write is so obvious, she was born from low standard environment. She is so obvious like uneducated person even though she get a doctor degree and dun have proper general knowledge. Pity on her. Shame urself for publishing this articles or emails.

She think only doctor or ppl from medical environment is human being.

Bo Bo Nu said...

I seconded all the comments, I don care who the hell is U Kyi Soe or what so ever. The bottom line is; "the girl died". So think about that and you are the one stupid writer and an arrogant doctor.

Post a Comment

ယခင် သတင်းများ ဖတ်ရန်