Tuesday, December 15, 2009

ဒါ..မြန်မာကွ..

နိုင်ငံတကာ ပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးခဲ့တဲ့ အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော်ရဲ့  3D Animation ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  အခြေစိုက် Standard Chartered Bank မှ ပံ့ပိုးသော Standard chartered bank anti HIV Animation ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်သူ ကိုအောင်ရဲကျော် ရဲ့ 3D animation က ပထမဆု ရရှိတယ်လို့ ပြိုင်ပွဲဖိတ်ခေါ်ခဲ့တဲ့ eyeka.com က နိုဝင်ဘာ (၂၆) ရက်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အလုပ်သင်ဆရာဝန်တစ်ဦးလည်းဖြစ်သူ မြန်မာပြည်က Neutron ( ကိုအောင်ရဲကျော် ) က ပထမ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ (၅၀၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံတကာပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူ (၄၅) ဦးထဲမှာ ပထမဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ Neutron (ကိုအောင်ရဲကျော်) ဟာ မြန်မာနိုင်ငံရဲ့  ခက်ခဲလှတဲ့ အင်တာနက်ကွန်နက်ရှင်ကြားထဲကနေ ဒီ animation လေးကို ဖန်တီးပြီး ကြိုးစားပေးပို့ ကာ ပြိုင်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁) ရက်နေ့  - World AIDS Day အထိမ်းအမှတ်အဖြစ် ယခုလို နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့မှုအတွက် ကျွန်တော်တို့  မြန်မာပြည်သူပြည်သားတွေအနေနဲ့ အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော် (Neutron) ကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

ပြိုင်ပွဲသတ်မှတ်ချက်အရ စက္ကန့်  (၃၀) မျှသာ ကြာမြင့်ရတဲ့ အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော် (Neutron) ရဲ့  3D Animation လေးကို ကြည့်ရှူအားပေးရအောင်ပါ။

http://en.eyeka.com/video/view/742554-HIV-real group မေးကပါ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်