မြန်မာနိုင်ငံမှလူနာများ အထူးကုဆရာဝန်များ၏ စမ်းသပ်ခံဖြစ်နေ
ဒီဇင်ဘာ ၂၃
မြန်မာနိုင်ငံ ပြည်သူလူထုများမှာ အထူးကု ဆရာဝန်ကြီးများနှင့် အခြားကျမ္မာရေး ၀န်ထမ်းများ၏ အစမ်းသပ်ခံ ဘ၀တွင် ကျရောက်နေ ကြောင်း မိခင်အား ဆေးဝါးကုသပေးရန် သွားရောက်ခဲ့သူ ဘန်ကောက်တွင် နေထိုင် အလုပ်လုပ်ကိုင်သူ မြန်မာအင်ဂျင်နီယာ တစ်ယောက်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ တွင် နာမကျန်းဖြစ်နေသော အသက် ခြောက်ဆယ်ကျော် အရွယ်မိခင်ကြီးအား သွားရောက် တွေ့ ဆုံခဲ့ သူ မြန်မာအင်ဂျင်နီယာက “ ကျနော့် အမေ တစ်နေ့ကို ဆေးခန်းသွားပြတာ ကျပ်ငွေ လေးသောင်းကျော် ကုန်ပါတယ်။ ပထမတော့ ဒူးဂေါင်း နာတယ်ဆိုပြီး ဆေးထိုးတာပေါ့နော်၊ အထူးကုတွေက ဒီဆေးလူကြီးနဲ့ တည့်လား မတည့်လား မသိဘူး၊ ၃လလောက် ဆက်တိုက်ထိုးလိုက်တာ။ ဆေးကို အသက်ကြီးတဲ့ လူဆိုတော့ မချေနိုင်ဘူး။ အထဲမှာ သွားခဲနေတယ်။ တင်ပါးမှာ ပြည်တည်လာတဲ့ အတွက် ခွဲလိုက်ရတယ်” “အိန္ဒိယတို့၊ တရုတ်တို့က အပေါစား ဆေးကုမ္ပဏီတွေက ထိုးဆေးတွေ စားဆေးတွေကို ကြေညာပေးတာ ဖြစ် တယ်။ ဆရာဝန်တို့ ဆေးခန်းပိုင်ရှင်တို့က အဲဒီဆေးတွေကို ကုမ္ပဏီတွေက အခမဲ့ရတာ ဖြစ်တယ်။ ရောဂါကောင်း မကောင်း လူနာတွေနဲ့  စမ်းသပ်တယ်။ ရောဂါပျောက်ရင် အခြားလူတွေကို ညွှန်ပြတယ်၊ အဲဒီဆေး နာမည်ရ သွားရင် ဆရာဝန်တွေနဲ့ ဆေးခန်းပိုင်ရှင်တွေကို ကုမ္ပဏီတွေက ပိုက်ဆံပေးတယ်၊ ရောဂါတခြား ဆေးတခြားဖြစ်တဲ့ လူကတော့ သေတာပေါ့ဗျာ။ သူတို့ အကျိုးအမြတ် ကိုပဲ ကြည့်ကြ တယ်။ လူ့အသက် တစ်ချောင်း တန်ဘိုးထားရကောင်းမှန်း မသိကြတော့ဘူး”ဟု ပြောသည်။
ရန်ကုန် မန္တလေးနှင့် အခြားမြို့ကြီး တိုင်းတွင် အထူးကုဆေးခန်း၊ ဆေးရုံးများ မြန်မာ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ် ထားသော်လည်း ကျွမ်းကျင်သော ဆရာဝန်နှင့် အစွမ်းထက်သည့် ဆေးဝါးများ အထူးနည်းပါးကြောင်း လူနာရှင်များက ပြောပြကြသည်။
ကျမ္မာရေး၊ ပညာရေး ဗဟုသုတ နည်းပါးလွန်းသော မြန်မာလူမျိုးတို့မှာ ဆရာဝန်ပြောသမျှယုံ၊ ဆရာဝန် ပေးတာစား၊ အနေအထားဖြင့် သာ ရှိနေသဖြင့် လူနာအချို့မှာ ရောဂါများ ကျွမ်းခဲ့ကြရသည်။
အထူးကု ဆရာဝန်ကြီးတစ်ဦး၏ ဆုံးဖြတ်ချက်ချ မှားခြင်းကြောင့် ၂၀၀၄ ခုနှစ်ဝန်းကျင်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင် စီမံကိန်း ဦးစီးမှူးတစ်ဦး သေဆုံးခဲ့ရခြင်းကို ဘန်ကောက်တွင် အလုပ်လုပ်နေသော ကိုဝဏ္ဏက ပြောပြသည်။
“ခရိုင်စီမံကိန်း ဦးစီးမှူး နာမည်က ဦးစံရွှေဦး ပါ၊ အရက်လည်း မသောက် ဆေးလိပ်လည်း မသောက်တတ်ဘူး၊ ပညာတော်လည်းတော်၊ တတ်လည်းတတ်တယ်၊ အသက် သုံးဆယ်ကျော် ကတည်းက ခရိုင်အဆင့် အရာရှိဖြစ်တာ။ အဲဒါဗျာ နေမကောင်းလို့  ရန်ကုန်မှာ ပုဂ္ဂလိ က အထူးကု ဆေးရုံက အထူးကု ပါရဂူဆီမှာပြတာ။ အသဲခြောက်တဲ့ ရောဂါ ဆိုပြီး ဈေးကြီးတဲ့ အဆင့်မြင့်ဆေးတွေကို ၀ယ်သောက် ရတာ၊ ဓါတ်မှန်ရိုက်၊ အယ်ထရာဆောင်းရိုက်၊ အစုံပဲ တစ်လတစ်ကြိမ် ရန်ကုန်သွားပြရတယ်။ ၁နှစ်ကျော်လောက် ကုလာပြီးတော့ ရောဂါကျွမ်း လာပြီ။အဲဒီတော့မှ အဲဒီအထူးကုဆရာဝန်ကြီးက ကျောက်ကပ် ဆရာဝန်ကြီးဆီကို ပြောင်းပေးတယ်။ ကျောက်ကပ်အထူးကု လက်ထဲရောက်တော့ ကျောက်ကပ်တစ်ဖက်က လုံးဝမကောင်းတော့ပဲ သေခဲ့ရ တယ်ဗျာ”ဟု နီးနီးကပ်ကပ် နေထိုင်ဖူးသူ ကိုဝဏ္ဏကပြောပြသည်။
ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်နေ့က အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်၊ ရန်ကုန်မြို့  ရွှေဂုံတိုင် SSC အထူးကုဆေးခန်းတွင် ဆေးကုသရင်း သေဆုံးခဲ့ရပြီးနောက်ပိုင်း မြန်မာပြည် မြို့ကြီးများတွင် ဆေးရုံ ဆေးခန်းတို့ က လူနာများကို တော်ရုံနှင့် လက်မခံသကဲ့သို့ လူနာရှင်များကလည်း တော်ရုံ ဆရာဝန်တို့ အား မယုံကြည်ဝံ့ ဖြစ်နေကြကြောင်း လူနာရှင် မိသားစုဝင် များက ပြောကြသည်။ ရောဂါ ကျွမ်းလုကျွမ်းခင် အဆင့်ရှိသော လူနာများကို လက်ခံကုသရန်ငြင်းဆန်နေကြသည်။ အထူးကု ဆေးရုံနှင့် ဆေးခန်းတို့ တွင် လူနာတစ်ဦးလာရောက် ကုသမည်ဆိုပါက သတ်မှတ်ထားသော စရံငွေကို ကြိုတင်ပေးသွင်းထားမှ လက်ခံကုသ ကြ ကြောင်း မြန်မာအင်ဂျီနီယာက ပြောပြသည်။
အနီးစပ်ဆုံး ထိုင်းနိုင်ငံနှင့် ယှဉ်ပြပြောဆိုရာတွင် “ဗမာပြည်မှာ ငွေကိုပြမှ ကုပေးတာ ငွေကိုမပြနိုင်ရင် သေသွားပစေ ဆေးကုမပေးဘူး၊ ထိုင်းမှာတော့ လူ့အသက်တစ်ချောင်းက လူမျိုးဘာသာမ ရွေး မရ အရလုပြီး ကုပေးတာ။ သန့်ရှင်းမှုအပိုင်းမှာလည်း မိုးနဲ့ မြေလောက်ကို ကွာတယ်။ ထိုင်းက ဆေးရုံတွေမှာ ဆေးနံ့မနံဘူး၊ အိမ်သာအနံ့ အသက်လည်း မနံဘူး၊ ဗမာပြည်မှာရှိတဲ့ ဆေးရုံတွေကို သွားကြည့် ဆေးနံ့ ၊သေးနံ့  ကွမ်းတံတွေး အပုပ်နံ စုံနေတာပဲ၊ ဆေးရုံဘယ်နားမှာလည်း မေးစရာ မလိုဘူး ခပ်ဝေးဝေးကတည်းက အနံ့ပေါင်းစုံ နံနေတာပဲ၊ အိမ်သာလည်း စနစ်တကျမရှိ၊ အိမ်သာထဲမှာ အမှိုက်ပုံးလည်း မရှိတော့ မိန်းမတွေအသုံးပြုတဲ့ ပစ္စည်းတွေ အိမ်သာထဲမှာ ဒီအတိုင်းပစ်ခဲ့တာပေါ့၊ လက်ဆေးခန်းဆိုတာလည်း မရှိဘူး။ မြန်မာနိုင်ငံက ဆေးရုံတွေ ဆေးခန်းတွေ ထိုင်းမြန်မာ နယ်စပ်က မယ်တော် ဆေးခန်းကို မှီဖို့ နှစ်ဆယ်ချီပြီး လိုက်ရပါလိမ့်ဦးမယ်” ဟု မြန်မာ အင်ဂျင်နီယာက ပြောသည်။ http://saffrontoward.blogspot.com/2009/12/blog-post_8961.html
Thursday, December 24, 2009
နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရာဝန်များ။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
-
▼
December
(180)
No comments:
Post a Comment