Thursday, December 24, 2009

ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိတ်ကြားလွှာ

Summary


အမေရိကန်ပြည်ထောင်စု၊ကင်တက်ကီပြည်နယ် Bowling Green မြို့ United Buddhist Society အဖွဲ့က ဦးဆောင်ပြီးလျှက်
စေတနာရှင်များစုပေါင်းပြီး အောက်ပါလိပ်စာအတိုင်း ကျောင်းတခုဝယ်ယူခဲ့ပါတယ်၊ကျောင်းနာမည်ကိုလည်း သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ဘုရားကြီးက ဗုဒ္ဓေါဝါဒကျောင်းဟု ရွေးခြယ်ပေးခဲ့ပါတယ်၊ဆရာတော်ဘုရားကြီးရဲ့သြ၀ါဒအတိုင်း ၂၀၁၀ ခုနှစ် ဇန်န၀ါ၇ီ (၂) ရက် စနေနေ့တွင်ကျောင်းသစ်ဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲကို ကျင်းပသွားပါမည်၊၊

ကျောင်းဖွင့်ပွဲကို သာသနာ့ဥသျှောင် ဒုတိယ ဥက္ကဋ္ဌ ကနေဒါဆရာတော် ဘဒ္ဒန္တကောဝိဒနှင့် ကာလီဖိုးနီးယားပြည်နယ် ဖရီးမောက်မြို့
မေတ္တာနန္ဒ၀ိဟာရကျောင်းဆရာတော် ဘဒ္ဒန္တဃောသိတာဘိဝံသ စတဲ့ ဆရာတော်များလည်း ကြွရောက်ပြီး အနုမောဒနာ တရားတော်များ ဟောကြားပါမည်၊၊

ကျင်းပမည့်ရက် ၂၀၁၀ ခုနှစ် ဇန်န၀ါရီ ( ၂ ) ရက် စနေနေ့
နံနက် ၁၁ နာ၇ီ သံဃားတော်များအား စုပေါင်း ဆွမ်းကမ်မည်၊၊
နေ့လည် ၁၂ နာ၇ီတွင် ရပ်နီး ရပ်ဝေး လာရောက်ကြတဲ့ ဓမ္မမိတ်ဆွေများအား ဒံပေါက်များဖြင့် ဧည့်ခံပါမည်၊၊
နေ့လည် (၂) နာ၇ီတွင် ကနေဒါဆရာတော် ဘဒ္ဒန္တကောဝိဒက အနုမောဒနာတရား ဟောကြားမည်၊၊
ညနေပိုင်း (၄) နာ၇ီတွင် နှစ်သစ်ကူး ဆုတောင်းပွဲ ဆရာတော်ကြီးများ ဦဆောင်ပြီး ပြုလုပ်သွားပါမည်၊၊
နေရာ 814 Sern Hill Street Bowling Green KY 42101

ဓမ္မမိတ်ဆွေအပေါင်းတို့ ၂၀၁၀ ခုနှစ် အခါသမယ၌ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ၀ိဟာရဒါန အ၊ သံဃာတော်များအား ဖူးတွေ့ရခြင်း မင်္ဂလာနှင့် ကမ္ဘာသူ ကမ္ဘာသားများ အားလုံးသော သတ္တ၀ါတို့အား စုပေါင်းမေတ္တာပို့သမည်ဖြစ်ပါတယ်၊တရားချစ်ခင် ပါရမီအပေါင်းတို့အား လေးစားစွာ ဖိတ်ကြားအပ်ပါသည်၊၊

ဆက်သွယ်ရန်
ကိုဟိန်းထက် 270 996 7174 ဦးဝင်းစိန် 270 783 4131 ဦးစိုးမြင့် 270 535 1835
ဒေါ်ဝင်းမာ 270 904 2761 မနွယ်နွယ်ထွေး 270 779 6558 မရည်မွန်ဇော် 270 320 9962

ကင်တက်ကီသာသနာရောင်ခြည်သန်းပြီမို့ ဖူးကြစို့ မြတ်သံဃာ
ထူးခြားတဲ့ နှစ်သစ်အခါမှာ ပြုကြစို့ ကျောင်းဒါနာ၊
ပေါင်းစုကာ ကောင်းမူသဒ္ဓါနဲ့
နှစ်ထောင်တဆယ်မှာ ကျောင်းဝယ်တည်၊
ဗုဒ္ဓေါဝါဒီ ကင်တက်ကီ ထေရ်အရှင်က
ပြုခဲ့ပြီ သာသနာ၊
ကမ္ဘာတခွင် ဗုဒ္ဓအမြင်ကို
လူငယ်များ သင်ကြားဖို့
အုတ်မြစ်ချ သာသနာ၊၊

မေတ္တာဖြင့်
အရှင်စန္ဒောဘာသာစာရ
ashincandobhasacara@gmail.com

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်