Saturday, October 31, 2009

The Voice 5-52 (Oct 27 2009 ထုတ်ဂျာနယ်)

The Voice 5-52

အပြည့်အစုံသတင်းဖတ်ရန်....

စည်းဝိုင်းထဲကထွက်လို့ လာ..ဟဲ့ မယ်သီတာ..င့ါအစာဘဲ

Poem(1)

အပြည့်အစုံသတင်းဖတ်ရန်....

အော် ဒုက္ခ ဒုက္ခ..ချတော့မလားကြည့်နေတာ နှစ် ၂၀ ကျော်ကြာပေါ့

အမတ်မင်းများ ၀န်ကြီး ၀န်ုကလေးများ ခင်ဗျား
နယ်စပ်တွင် တိုက်ပွဲဝင်နေတဲ့ ရဲဘော်နှင့် ပြည်သူလူထု၏မျက်နာကို ပြန်ကြည့်ပါအုံး

သို့
အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB

အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသောအဖွဲ့ကဲ့သို့ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)သည်လည်း ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပါသည်။ ယင်းအဖွဲ့ဝင်များကို MP ကွန်ကရက်မှ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စာလှယ်များ ဖြစ်ကြသည်။

ပြည်သူ့ကိုယ်စားလှယ်များဆိုရာမှာ ၁၉၉၀ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမဲဆန္ဒနယ်မြေမှ ပြည်သူ လူထုတို့က ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ယင်းကိုယ်စားလှယ်များ အနက်တချို့သော ပြည်သူ့ကိုယ်စားလှယ်များတို့က စစ်အစိုးရအန္တရာယ်များကိုရှောင်တိမ်းရင်း ထိုင်းမြန်မာနယ် စပ်တွင် ရောက်ရှိကြပြီး စစ်အစိုးရကိုဖြုတ်ချ၍ လွတ်လပ်ပြီး တရားမျှတသော လူ့အခွင့်အရေးရှိသော ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ကြမည်ဟု ဆိုကြပါသည်။

ပြည်သူ့ကိုယ်စားလှယ်များတို့သည် နယ်စပ်သို့ ရောက်ရှိလာသည်မှာတဦးနှင့်တဦး အချိန်အခါ အခြေ အနေချင်း မတူသော်လည်း စစ်အစိုးရကိုတိုက်ပွဲဝင်ရန် အားလုံးဆန္ဒတူညီမှုရှိကြသည်။ မိသားစုတို့၏ စားဝတ်နေ ရေး ပညာရေးအတွက် ထိုင်းမြန်မာနယ်စပ်မှ အကြာကြီးမနေနိုင်ပဲ ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ သွားရောက်ရသကဲ့ သို့ စစ်အစိုးရနှင့် တိုက်ပွဲဝင်ရန် ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သူလည်းရှိသည်။ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်တွင် ရုံးစိုက်ထားပြီး တော်လှန်ရေး တိုင်းရင်းသား ခေါင်းဆောင်များ၊့ အခြားနိုင်ငံရေးအဖွဲ့အစည်းများတို့နှင့် အစဉ်အမြဲ ထိတွေ့ဆက်စပ်မှုရှိနေ၍ အချင်းချင်း စည်လုံးညွတ်မှုကို တည်ဆောက် နိုင်ကြသည်။

MPUသည် အမျိုးသားကောင်စီ NCUB၏ ဒေါင့်တိုင်တတိုင်အဖြစ် ပါဝင်နေသောကြောင့် NCUB ၏ နိုင်ငံ ရေးလုပ်ငန်းစဉ် တိုင်းတွင် ပါဝင်ဆောင်ရွက်ရသည့်အပြင် NCGUB ၏ လုပ်ငန်းစဉ်တိုင်းတွင်လည်း ပါဝင်ခဲ့ပါ သည်။ MP များသည် ညီညွတ်မှုကို အစဉ်အမြဲရှိနေစေလို၍ MPS များ၏ စတုတ္ထအကြိမ်မြောက် ကွန်ကရက်ကို ထိုင်းမြန်မာနယ်စပ်တွင် (ဖေဖော်ဝါရီလ ၁၄ရက်နေ့မှ ၁၉ရက်နေ့အထိ ၂၀၀၈ခုနှစ်) ကျင်းပခဲ့ပါသည်။ ယင်းကွန် ဂယက်တွင် NCGUBနှင့် တိုင်းရင်း သားတိုးချဲ့ရေး၊ Credential Challenge ကိုဆောင်ရွက်ရန် ပြည်သူ့ကိုယ်စား လှယ်၃၃ ဦးအနက်၂၂ ဦးတက်ရောက်သောကြောင့် အစည်းအဝေးထမြောက်ပြီး ဆုံးဖြစ်ချက်များကို အတည်ပြု နိုင်သော်လည်းဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မတက်ရောက်နိုင်သဖြင့် MPများညီညွတ်ရေးကို ထိခိုက်မည်စိုး၍ ဆုံးဖြတ်ချက်များကို ယာယီ ရပ်ဆိုင်းထားခဲ့သည်။

စတုတ္ထအကြိမ်မြောက်ကွန်ကရက်ကို (ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၀၀၉ ခုနှစ်တွင်) အိုင်ယာလန်နိုင်ငံ ဒပ်ဗ လင်မြို့တွင် ကျင်းပရပြန်သည် MPU အဖွဲ့က CC ကိစ္စကို အတည်ပြုရန် တင်ပြသောအခါ CC ကိစ္စဆောင် ရွက် လျှင် ဒေါက်တာစိန်ဝင်း၊ ဦးဗိုလ်လှတင့်NCGUB မှ အနားယူမည်ဟုဆိုသောကြောင့် MPS များညီညွတ်ရေးကို ရှေး ရှုပြီး ယင်း ကွန်ကရက်တွင် CC ကိစ္စရပ်ဆိုင်းထားရသည်။

နှစ်၂၀အတွင်း စစ်အစိုးရကို တိုက်ပွဲဝင်ရာတွင် ပြည်သူ့ကိုယ်စားလှယ်များ အနေဖြင့် အောင်မြင်မှုတခုမျှ မယ်မယ် ရရမရှိဟု MPU ၏အစီရင်ခံစာတွင် တင် ပြထားသည်။ သို့ကြောင့် NCGUB မှ စစ်အစိုးရကိုတိုက်ပွဲဝင်ရန် Road Map တစ်ခုရေးဆွဲပါသည်။ ယင်း Road Map Transition Plan သည် အနဖ လက်ခံမည် မဟုတ်၍လည်းကောင်း NLD ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်စဉ်ဖြစ်ပြီး ထူးခြား သောတိုက်ပွဲစဉ်မဟုတ်၍ ကုန်ကျစရိတ်များရှိနေသော ကြောင့် MPU ကလက်မခံလိုခြင်း ဖြစ်သည်။ MPU က ညီညွတ်မှုကိုရှေးရှု၍ ဂျာကာတာအစည်း အဝေးသို့ ဦးတယ်ဒီဘူးရီနှင့် ဦးအောင်ထွန်းစိန်တို့က တက်ရောက်ခဲ့ သည်။

NCGUB မှရေးဆွဲသော RM (Transition Plan) ကို နိုင်ငံခြားမှ ပညာရှင်တယောက်က ရေးဆွဲပေးသည်ဟု အများကဆိုသည်။ ယင်း RM ကိုအတည်ပြုနိုင်ရေး အများထောက်ခံမှုရရန် ထိုင်းမြန်မာနယ်စပ်ရှိ နိုင်ငံရေးအဖွဲ့ အစည်းများထံသို့ လာရောက်တင်ပြသောအခါ နိုင်ငံရေးအဖွဲ့အများစုက လက်မခံကြပေ။ NCGUB က မိမိတို့ ရေး ဆွဲခဲ့သော RM သည် ဒေါ်လာ ၁ သိန်းမျှကုန်ကျသည်ဟု ကြားသိရသည်။ မည်၍မည်မျှတိတိကျကျ ကုန်သည်ကို NCGUB ၏ နှစ်စဉ် ငွေကြေးရှင်းတမ်းကို MPU အဖွဲ့သို့ ပို့ပေးခြင်း မရှိ၍ MPU က မသိရှိပဲ နေသည်။ သို့ဖြင့်၍ RM ကို အများကလက်ခံနိုင်ရန် လိုအပ်သဖြင့် နယ်စပ်မှ နိုင်ငံရေး အဖွဲ့ပေါင်း ၇ ဖွဲ့တိတိ ဂျကာတာသို့ခေါ်ယူ၍ လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။

NCGUB က MPU ကို ငွေကြေးဖြတ်တောက်လိုက်သည်မှာ ရန်ပုံငွေကုန်သွားသည်ဖြစ်၍ ငွေကြေးဖြတ် တောက်လိုက်သည်ဟု ဆိုနိုင်သည်။ ယခုအခါတွင် MPU ရုံးနှင့်အဖွဲ့ဝင်များ ရပ်တည်နိုင်ရန် အလွန့်အလွန် ခက် ခဲသွားစေမည်။ MPU အဖွဲ့ဝင်မျာသည် အမတ်များဖြစ်ကြ၍ ပြည်သူ့လွတ်မြောက်ရေးအတွက် မိမိ တို့တတ်အားသ၍ တိုက်ပွဲဝင်လိုနေ ကြသည်၊ သို့မှသာ မိမိတို့အား မဲပေးထားသော ပြည်သူ့အပေါ်တွင် တာဝန် ကျေရာကျမည်။ သို့ဖြစ်၍ NCGUB က နိုင်ငံခြား ဒိုနာများထံမှ ရရှိထားသော ငွေကြေးများသည် ဒီမိုကရေ စီတိုက်ပွဲဝင်လိုသော အမတ်များအတွက် ပံ့ပိုးကူညီသော ငွေကြေးများဖြစ်ကြောင်းကို ကျွန်ုပ်တို့ သည်လိုပဲ နားလည်းထားသည်။ MPU သို့ တစ်နှစ်လျှင် ဒေါ်လာ (တစ်သောင်း)မျှ ခွဲပေးလျှင် ချွေချွေတာတာနှင့် MPU က ခရီးဆက် နိုင်ပါ သည်။

ဒီနှစ် ၂၀၀၉ ဇူလိုင်လမှစ၍ MPU သို့ ကူညီနေကျငွေကြေး မပေးပဲနေသည်။ NCGUB အဖွဲ့ ဝင်အမတ် များကိုသာ တစ်ဦးလျင် လစာ ဒေါ်လာ ၄၅၀ (ဘတ်တစ်သောင်းခွဲကျော်) ပေး ကမ်းထားသည်။ ဇွန်လတွင် ဦးဘိုလှတင့်က MPU ရုံးသို့လာပြီး ရှေ့လကျလျင် လစာဖြတ်ရ မည့်အကြောင်းကို Donor ထံမှ ငွေလျှော့ရလို့ဖြစ် သည်။ နယ်စပ်ရှိ MP အချို့ရပ်တည်နေနိုင်ရန် ဒေါက်တာစိန်ဝင်းနှင့် ဆွေးနွေးရဦးမည်။ ယနေ့အောက်တိုဘာ လဆန်းအထိ NCGUB မှ ထောက်ပံ့ငွေ တစ်ပြားတစ်ချပ်မှ မရရှိပဲနေသည်။ ငွေဖြတ်သည့်ကိစ္စကို ဦးဘိုလှတင့်က ပြောပြီးနောက် ခွန်မားကိုးဘန်းက တစ်ခြားမှ ၀င်ငွေမရှိသော MP တချို့ ရပ်တည်နိုင်ရန် နယ်စပ်ရှိ ၀န်းကြီးများထံမှ ငွေကောက်ခံပြီး ကူညီရမည်ဟုဆိုသည်။

အခြားဖွဲ့စည်းမှ ငွေမရရှိသောပြည်သူကိုယ်စာလှယ်နှစ်ဦးမှာ ကျွနိုပ်နှင့် ဦးအောင်ထွန်းစိန်တို့ ဖြစ်ကြသည်။ MPU ရုံးတွင် နေထိုင်သော ဦးအောင်ထွန်းစိန်အား ဘတ်နှစ်ထောင်နှင့် သီးသန့်နေထိုင်သော ကျွန်ုပ်အားတစ်လလျင် ဘတ် ၄၀၀၀ ပေးရန် ဦးခွန်မြင့်ထွန်းနှင့် ဦးထွန်းဝင်းတို့ သဘောတူပါသည်။ နောက်ကျမှ NCGUB ထံမှ လစာငွေ ဒေါ်လာ ၅၀၀မှ ၄၅၀ လျှော့ရသဖြင့် ကျွန်ုပ်တို့်အားပေးရန် ဦးထွန်းဝင်းနှင့် ဦးခွန်မြင့်ထွန်းတို့ မပေးလို၍ အစီအစဉ် ပျက်ခဲ့ရသည်ဟု ဦးခွန်မာရ်ကိုဘန်းက ဆိုသည် ။ MPU ငွေကြေးဖြတ်တောက်သည့် ကာလကြားတွင် ဦးဝင်းလှိုင်မှ ဘတ် ၁၀၀၀၀၊ ဦးကျော်သွင် (နော်ဝေး) ဘတ် ၂၁၀၀၀၊ ဦးဘိုသောင်းမှ (၁၅၀၀)၊ ကိုးရီးယား NLD မှ ဘတ် ၇၀၀၀၊ ဂျပန် NLD မှ ယန်း ၆၀၀၀၀ မျှနှင့် လည်ပတ်နေရသည်။ စက်တင်ဘာလကုန်တွင် ဦးခွန်မာရ်ကိုဘန်းမှ ဘတ်ငွေ(၂၀၀၀)၊ ဒေါ်စန်းစန်းထံမှ ဘတ် ၃၀၀၀ ကျွန်ုပ် အကူအညီ ရခဲ့ပါသည်။

ဒီမိုကရေစီ အနှစ် ၂၀ ကာလအတွင်း NCGUB နှင့် MPU တို့၏ တိုက်ပွဲစဉ်မှန်သမျှတို့်မှာ အောင်ပွဲမည်မျှရကြ၍ ကွဲကွဲပြားပြား ရှင်းပြပါဆိုလျင် မည်သူတစ်ဦးတစ်ယောက်မျှ ရှင်းပြ နိုင်မည်မဟုတ်ပါ။ သို့သော် စတုတ္ထအကြိမ် မြောက် အိုင်ယာလန် ဒက်ပလင်မြို့၌ ကျင်းပသောကွန်ဂရက်မှ MPU ၏ အစီရင်ခံစာတွင် NCGUB အဖွဲ့ကသော်လည်းကောင်း၊့ MPU အဖွဲ့ကသော်လည်းကောင်း၊ တိုက်ပွဲစဉ်တစ်ခုမျှ အောင်မြင်မှုမရှိဟု ဆိုထားပါသည်။ သို့ဖြစ်လျင် NCGUB အဖွဲ့ဝင်ပုဂ္ဂိုလ်များနှင့် MPU ပုဂ္ဂိုလ်များ တစ်ဦးဦးက စစ်အစိုးရ ပြုတ်ကျနိုင်လောက်သည့် ထူးထူးခြားခြား တိုက်ပွဲဝင်နိုင်သူမရှိကြောင်း အားလုံးအသိပင်ဖြစ်သည်။ သို့သော် စစ်အစိုးရပြုတ်ကျသည်အထိ တိုက်ပွဲဝင်လိုလျှင် (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲမှ ပြည်သူ ကိုယ်စားလှယ်ဖြင့် အခြေခံထား သော MPU အဖွဲ့နှင့် NCGUB အဖွဲ့တို့ရှိရန်လိုအပ်နေသည်ဟု အများက လက်ခံထားပါသည်။ ထို့ကြောင့် NCGUB အဖွဲ့ရှိနေလျှင် MPU အဖွဲ့လည်းရှိနေသင့်သည်။

ယနေ့နိုင်ငံရေး အခင်းအကျင်းဖြစ်သော Statement မျှ ထုတ်ခြင်း၊ စစ်အစိုးရနှင် ထိပ်တိုက်ရင်ဆိုင်မှု CC ICCနှင့်အမျိုးသား ညွန့်ပေါင်းအစိုးနှင့်တိုင်းရင်းသာ့းတိုးချဲ့ရေးကိုMPUကကြိုးစားလုပ်ကိုင်နေသည်။(၈.၀၉.၂၀၀၉)ရက်နေ့တွင် အများသဘော တူညီချက် အရ C.C ကို ကုလသမဂ္ဂတို့ တင်ပါသည်။ သို့သော် မြန်မာနိုင်ငံအပေါ်တွင် အမေရိကန် အမှုဝါဒ ပြောင်းလဲအကြောင့် ခက်ခဲများစွာ ရှိနိုင်သည် ၂၀၀၇ -၂၀၀၈ခုနှစ် စစ်အစိုးရအခြေခံဥပဒေ အတည်မပြုမီ သမ္မတဂျော့ဘုတ်လက်ထက်တွင် မတင်ဖြစ်သည်မှာ အချင်းချင်း ငြင်းခုံနေကြသဖြင့် ရာသီဥတုကောင်းကို မမီခြင်း ဖြစ်သည်။ ပြည်ပတွင် ရောက်ရှိနေသော အမတ်အားလုံးသည် သူပုန်အဖြင့် ကြေငြာခံထားရသော ပုဂ္ဂိုလ်များဖြစ်ကြ၍ စစ်အစိုးရ၏ ရန်သူများဖြစ်ကြသောကြောင့် NCGUB အဖွဲ့ဝင်ဖြစ်ဖြစ် MPU အဖွဲ့ဝင်ဖြစ်ဖြစ် အန္တရာယ်အတူတူ ပင်ရှိကြသည်။

ထို့ကြောင့် အမတ်များအတူတူဖြစ်ပါလျက် NCGUB က Donor များထံမှ ငွေများကို မြိန်ရည်ယှက်ရည် စား သောက် နေကြပြီး ကျွန်ုပ်တို့ MPs အဖွဲ့များ ငတ်ငတ်ပြတ်ပြတ် ရှိနေသည်မှာ လူအများက ဟာသလုပ်နေကြပြီး၊ ရန်သူက ၀မ်းမြောက်ဝမ်းသာရှိနေပေမည်။ (NCGUB) သည် မိမိအား မထောက်ခံသူများကို ပထား၍ မိမိအား ထောက်ခံသော သူများကိုသာ ပံ့ပိုး ကူညီလျှင် ဆရာမွေး တပည့်မွေး အုပ်စုအဖွဲ့ နအဖ အုပ်စု နှင့် အတူတူ ဖြစ်သွားနိုင်သည်ကို သတိထား သင့်သည်။ တော်လှန်ရေးအဆက်ဆက်တွင် ငွေကြေးခွဲဝေမူ မျှတမှုမရှိခဲ့သောကြောင့် အချင်းချင်း စိတ်ဝမ်းကွဲ၍ ရန်သူထံ ခိုဝင်သူ ရှိသကဲ့သို့ ပြိုကွဲသွားသော အဖွဲ့များ လည်းရှိသည်။ ရှေးလများတွင် NLD(LA) အဖွဲ့မှ ငွေကြေး မကူညီလျှင် MPU သည် စစ်မြေပြင်တွင် ရိတ်ခါပြတ်သော တပ်ဖွဲ့နှင့် တူနေမည်။ ထို့ကြောင့် NCGUB က လေးလေးနက်နက် စဉ်းစားသင့်ပါသည်။

ကျွန်ုပ်သည် မွန်လူထုထံမှ မဲရယူ ထားသဖြင့် မွန်လူထုအတွက်ကိုယ်စားပြုနိုင်ရန် နယစပ်သို့ လာ၍ တိုက်ပွဲ ဝင်နေခြင်းဖြစ်သည်။ အကြောင်းကြောင်းကြောင့် RFA-BBC မှ အသံစဉ်အားဖြင့် တိုက်ပွဲမဝင်နိုင် သော်လည်း မွန်ဒီမိုးကရေစီအဖွဲ့ LA ဖွဲ့၍ Statement မျှလောက် ထုတ်ပြီး တိုက်ပွဲဝင်နေသည်။ စစ်အစိုးရပြုတ် ကျရေး၊ ဒီမိုကရေစီအောင်ပွဲရရေး၊ နည်းပရိယာနှင့် နည်းဗျူဟာများကို ခေတ်ပြိုင်ဂျာနယ်နှင့် ခေတ်ပြိုင် ၀က်ဆိုက်ဒ်ပေါ်တွင် ဆောင်းပါးရေးးသားပြီးတိုက်ပွဲဝင်လျက်ရှိသည်။ ကျွန်ုပ်ရေးသားခဲ့သော ဆောင်း ပါးများမှာ

(၁) မွန်လူမျိုးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၊

(၂) ဒီမိုကရေစီဖက်ဒရာယ်ပြည်ထောင်စု ဖွဲ့စည်းခြင်း၊

(၃) စစ်အစိုးရကိုယှဉ်ပြိုင်တိုက်ပွဲဝင်ခြင်း၊

(၄) ဒီမိုကရေစီ တိုက်ပွဲဝင်ခေါင်းဆောင်များတို့အား ဂုဏ်ပြုခြင်း၊

(၅) ဒုတိယပင်လုံ သို့မဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)၊

(၆) နိုင်ငံရေးသမားခေါင်းဆောင်များနှင့် ရွှေကျည်ဆံငွေကျည်ဆံ

(၇) ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်

(၈) စစ်အစိုးရသံအမတ်အား ကုလသမဂ္ဂမှဖယ်ရှားရန် စိန်ခေါ်ခြင်း၊

(၉) ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ကျွန်ုပ်ဖြတ်သန်းမှု၊

(၁၀) ၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ မွန်လူထု၏လှုပ်ဆော်သံ၊

(၁၁) ကုလသမဂ္ဂမှ မြန်မာသံအမတ် ဖယ်ရှားရေး CC ရပ်ဆိုင်းသွားပြီလား၊

(၁၂) ဖက်ဒရာယ်ပြည်ထောင်စုနှင့် တိုင်းရင်းသားလူမျိုးများ၊

(၁၃) ကိုယ့်နေရာနှင့်ကို တိုက်ပွဲဝင်ကြပါ၊ ဒီမိုကရေစီအောင်ပွဲရကိုရရမည်၊

(၁၄) စစ်အစိုးရအား ထောက်ခံနေသော တရုတ်တို့ ခြေတစ်လှမ်းနောက်ဆုတ်သွားရန်၊

မှတ်ချက်။ ။ ကျွန်ုပ်ရေးသားသော ဆောင်းပါးများဖက်ရှုလိုပါက ပေးပို့ရန်ရှိသည်။
( နိုင်သောင်းရှိန်)

အပြည့်အစုံသတင်းဖတ်ရန်....

၂၁ နှစ်မြောက်ကျောင်းသားတပ်မတော်

Absdf Stm 21st Anniversary
Cm Message to Absdf 21st Anni

အပြည့်အစုံသတင်းဖတ်ရန်....

ဒီ ချစ်စရာ သားချင်းတွေ အတွက် ကျနော်တို့  မသေခင်တခုခု မလုပ်ပေးနိုင်ကြတော့ဘုးလားဗျာ

Protracted Displacement and Militarization in Eastern Burma

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ

မုံပီး
စနေနေ့၊ အောက်တိုဘာလ 31 ရက် 2009 ခုနှစ် 13 နာရီ 10 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ခြင်းကြောင့် ပြီးခဲ့သော နှစ်အတွင်း အနည်းဆုံး လူဦးရေ ၇၅၀၀၀ နှင့် နောက်ထပ် လူသန်းဝက်ခန့်မှာ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ဤမျှများပြားသော ပမာဏကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေမှာ ဒါဖောတွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကြီးနှင့် နှိုင်းယှဉ်၍ပင်ရသော အခြေအနေ ဖြစ်ပေါ်လာနေသည်ဟု လူသားချင်းစာနာသည့် အကူအညီိများပေးအပ်နေသည့် ညွန့်ပေါင်းအဖွဲ့ကြီးတခုက ပြောဆိုလိုက်သည်။
တိုင်းရင်းသား လူနည်းစုများ နေထိုင်သော ဒေသများတွင် မြန်မာစစ်အစိုးရက စစ်ပြုခြင်းများ ဆက်လက် လုပ်ဆောင်နေသောကြောင့် လူသားမျိုးနွယ်လုံခြုံမှုအပေါ် ခြိမ်းခြောက်နေမှုများမှာ တိုးပွားလာနေသည်ဟု ကြာသပတေးနေ့က ထုတ်ပြန်လိုက်သော အကူအညီပေးရေးအဖွဲ့ ၁၂ ဖွဲ့ စုပေါင်းထားသည့် ‘Thailand Burma Border Consortium’ (TBBC) ဟူသည့် ညွန့်ပေါင်းအဖွဲ့၏ `မြန်မာပြည် အရှေ့ပိုင်းတွင် ရေရှည် နေရာရွှေ့ပြောင်းရခြင်းနှင့် စစ်ပြုနေခြင်းများ´ (Protacted Displacement and Militarization in Eastern Burma) ဟူသည့် အစီရင်ခံစာသစ်တွင် ရေးသားဖော်ပြထားသည်။

`စစ်ပုံသွင်းခြင်းဖြစ်စဉ် မြန်မာပြည်တွင် ပေါ်ပေါက်နေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ဤသို့လုပ်ခြင်းသည် တိုင်းရင်း သားများ နေထိုင်ရာဒေသသို့ မြန်မာစစ်တပ်များ ဝင်ရောက်နိုင်ရန်နှင့် နေရင်းဒေသရှိ လူများကို ရွှေ့ပြောင်းရွာသစ်များသို့ မောင်းထုတ်ပြီး ထိုဒေသရှိ လူဦးရေကို ထိန်းချုပ်ထားနိုင်ရန် နည်းပရိယာယ်တခုအဖြစ် ဆက်လက်ကျင့်သုံးနေခြင်း ဖြစ်သည်´ ဟု TBBC ၏ လက်ထောက်ညွှန်ကြားရေးမှူး ဆယ်လီသွန်မဆင် (Sally Thompson) က မဇ္ဈိမ ကို ပြောသည်။

တိုင်းရင်းသားဒေသများတွင် စစ်ပြုနေခြင်းနေများမှာ ဆက်လက်ဖြစ်ပေါ်နေပြီး စစ်အစိုးရ ကျင်းပရန် စီစဉ်ထားသည့် ၂၀၁၀ ရွေး ကောက် ပွဲကြောင့် နောက်ထပ်တိုး၍ပင် လာနိုင်သည်၊ အကြောင်းမှာ စစ်အစိုးရက လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များကို နယ်ခြား စောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးနေခြင်းကြောင့် ဖြစ်သည်ဟု သွန်မဆင်က ပြောသည်။

၂၀၀၈ ခုနှစ် သြဂုတ်လမှ ၂ဝဝ၉ ခုနှစ် ဇူလိုင်လအတွင်း ပြောင်းရွှေ့ခဲ့ရသော ရပ်ရွာ ၁၂၀ အပါအဝင် ကျေးရွာပေါင်း ၃၅၀၀ မှာ ၁၉၉၆ ခုနှစ် ကတည်းကစ၍ မြန်မာပြည်အရှေ့ပိုင်းတွင် ဖျက်ဆီးခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းတို့ ပြုလုပ်ခံခဲ့ရသည်ဟု TBBC က ပြောသည်။

မကြာခင်က ထိုသို့ ရွှေ့ပြောင်းခံခဲ့ရသည့် ဖြစ်ရပ်များတွင် အများဆုံးဒေသများမှာ ကရင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း တို့တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ကရင်ရွာသား ၆ သောင်းခန့်မှာ ကျောက်ကြီး၊ သံတောင်၊ ဖာပွန်မြို့နယ်များရှိ တောင်များ ပေါ်တွင် ပုန်းအောင်းနေခဲ့ရသည်။ အဆိုပါ အရပ်သားများထဲမှ သုံးပုံတပုံမှာ လွန်ခဲ့သော နှစ်အတွင်း ဒေသအတွင်း ကင်းလှည့်နေသော မြန်မာစစ်တပ်၏ ခြိမ်းခြောက်မှုကြောင့်လည်းကောင်း၊ အမြောက်ဒဏ်မှလွတ်ရန်လည်းကောင်း၊ ထွက်ပြေးခဲ့ကြရခြင်းဖြစ်သည်ဟု TBBC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူပင် ရှမ်းပြည်နယ်၌လည်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ကို လက်တုံ့ပြန်သည့်အနေနှင့် လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်များတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများကြောင့် ရှမ်းကျေးရွာပေါင်း ၃ဝ မှ အရပ်သား ၂ သောင်းနီးပါးမှာ မြန်မာ စစ်တပ်၏ အတင်းအကျပ်ရွှေ့ပြောင်းခြင်း ခံခဲ့ကြရသည်ဟု ဆိုသည်။

သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ကိုးကန့်သူပုန်များ၏ ပဋိပက္ခကြောင့် ရှမ်းပြည်မြောက်ပိုင်းရှိ မြန်မာဒုက္ခသည် ၃ သောင်းကျော်မှာ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

မြန်မာစစ်တပ်နှင့် ယင်းတို့၏ မဟာမိတ်ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) တို့က ကရင် အမျိုးသား အစည်းအရုံး (KNU) ကို ဇူလိုင်လက ပူးတွဲထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၄ ထောင်မျှ ထိုင်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုဝင်ခဲ့ကြရသည်ဟု သွန်မဆင်က ပြောသည်။

''၂ဝ၁ဝ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒီလိုမျိုးဖြစ်ရပ်တွေ တိုင်းရင်းသားဒေသတွေနဲ့ နယ်စပ်ဒေသတွေမှာ ဆက်ဖြစ်နေဦးမှာပဲလို့ ကျမတို့ မျှော်လင့်ထားပါတယ်'' ဟု သွန်မဆင်က ပြောသည်။

TBBC သည် မြန်မာဒုက္ခသည်များကို ၁၉၈၄ ခုနှစ်ကတည်းက ကူညီနေခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး လောလောဆယ်တွင် ထိုင်းမြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်နေကြသော မြန်မာဒုက္ခသည်ပေါင်း တသိန်းငါးသိန်းကျော်ကို အစားအစာနှင့် ခိုကိုးစရာ နေရာများ ပေးနေသည်။

မြန်မာနိုင်ငံတွင်းတွင် ပဋိပက္ခများ ပိုမိုပေါ်ပေါက်လာနေပြီး ဒုက္ခသည်များ ထပ်မံရောက်ရှိလာနေခြင်းကြောင့် မြန်မာနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးပွဲမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မရရှိသမျှ အဆိုပါ ဒုက္ခသည်များမှာ ပြန်စရာနေရာမရှိ ဖြစ်နေလိမ့်မည်ဟု သွန်မဆင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး သူတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးလျှင် စစ်အစိုးရ ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲမှာလည်း ယုံကြည်နိုင်စရာ မရှိသောကြောင့် တည်ငြိမ်အေးချမ်းမှုကို ရနိုင်ဖွယ်မရှိဟု သွန်မ ဆင်က ပြောသည်။

ပြည်တွင်းရွှေ့ပြောင်းခံရသူများနှင့် ဒုက္ခသည်များ အိမ်ပြန်နိုင်မည့် ထူးခြားသော နိုင်ငံရေး အပြောင်းအလဲတရပ် ပေါ်ပေါက်လာသည်အထိ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသည် အစားအစာနှင့် အိုးအိမ် အပါအဝင် အကူအညီများကို ဆက်လက် ပေးအပ်နေသင့်သည်။

ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာနေသော ဒုက္ခသည်ဦးရေ တိုးပွားလာနေခြင်းနှင့် ကုန်ဈေးနှုန်းများ တက်လာနေခြင်းတို့ကြောင့် ဒုက္ခသည်များကို ထောက်ပံ့ကူညီရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် အထောက်အပံ့များ တိုးမြှင့်ပေးအပ်ပါရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို TBBC က တိုက်တွန်းလိုက်သည်။ လောလောဆယ်တွင် TBBC ကို အလှူရှင် ၁၅ နိုင်ငံက ထောက်ပံ့ ကူညီနေသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲတောင် မ၀င်ရသေး..ငွေအလွဲသုံးစားမှုနဲ့ ကွဲပြဲနေကြပြီ..

ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ၈၈ - မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)

နှုတ်ထွက် - ဗဟိုအလုပ်အမှုဆောင်များ ဗဟိုဦးစီးအဖွဲ့ဝင်များမှ

(အထူးထုတ်ပြန် ကြေညာချက်)

၂၀၀၅ - ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ကို စတင် ဖွဲ့စည်း ခဲ့ပါသည်။ ၅ - ၁၂ - ၂၀၀၆ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်ရှိ ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (YMBA) ခန်းမတွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် စာနယ်ဇင်းများမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု ပြုလုပ်မည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ‘စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု ကြေညာချက်’ ကိုလည်း ထုတ်ပြန် ကြေငြာခဲ့ပါသည်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ကျောက်ကုန်း ကျောင်းကြီး ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီး ကျောင်းတွင် အခြား အမျိုးသား နိုင်ငံရေး အင်အားစုများနှင့် ပူးပေါင်း လက်တွဲ၍ အမျိုးသား နိုင်ငံရေး အင်အားစု များ၏ ပထမအကြိမ် တွေ့ဆုံ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နှစ် (၆၀) ပြည့် ပြည်ထောင်စုနေ့ အကြို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အင်အားစုများ ပူးတွဲ လုပ်ငန်း ကော်မတီကို ဖွဲ့စည်း၍ ‘ပူးတွဲကြေငြာချက်’ တစ်စောင်ကို ထုတ်ပြန် ကြေငြာခဲ့ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း များတွင် အမျိုးသားရေး တွေ့ဆုံ ရှင်းလင်းပွဲများ ကျင်းပ ပြုလုပ် နိုင်ခဲ့ပါသည်။

၂၀၀၇ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့ မန္တလေးမြို့ သကျသီဟ ဘုရားကြီး ဝင်းအတွင်းရှိ ဝေဇယန္တာ မဟာဗန္ဓုလ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်သည့် အမျိုးသားရေး တွေ့ဆုံ ရှင်းလင်းပွဲမှ စ၍ ‘ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး’ အတွက် အမျိုးသား လှုပ်ရှားမှု တစ်ရပ် တိုးချဲ့ ပြုလုပ်မည် ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ ထိုသို့ အမျိုးသား နိုင်ငံရေး အင်အားစုများ ပူးပေါင်း ဆောင်ရွက်နေစဉ် ဥက္ကဌအဖြစ် ဆောင်ရွက်သော ဦးအေးလွင်တို့ ညီအစ်ကိုများနှင့် ပူးပေါင်းဆောင်ရွက် နေသော အမျိုးသားရေး အင်အားစု (၈) ခုမှ ခေါင်းဆောင်များ ဖြစ်ကြသည့် နှုတ်ထွက် NLD အဖွဲ့ဝင်များ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် များနှင့် နိုင်ငံရေးသမားဟောင်း များမှ ဘယ်လိုမှ ညှိနှိုင်း ဆွေးနွေးလို့ မရပါသဖြင့် နှုတ်ထွက် သွားကြပါသည်။ ထိုမှတဖန် ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး’ အတွက် လှုပ်ရှား ဆောင်ရွက်ရာတွင် ကိုညိုမင်းလွင်၊ ကိုအောင်မျိုးဦး (ရန်ကုန်) တို့ အပြင် ဦးငြိမ်းမောင် (ခ) မောင်စေတနာ (ပခုက္ကူ)၊ ဦးလှမြင့် (မန္တလေး)၊ ဦးအောင်သန်းတင့် (မကွေး)၊ ဦးအေးကြိုင် (ရခိုင်) ပြည်နယ် တာဝန်ခံနှင့် ရခိုင်ပြည်နယ် စည်းရုံးရေး အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များနှင့် အဖွဲ့အတွင်း ဘဏ္ဍာရေး ပြဿနာများနှင့် ပတ်သက်၍၄င်း စာရင်းစစ်မရှိ စာရင်းကိုင်မရှိ လုပ်ပိုင်ခွင့်များကို ချုပ်ကိုင်ခြင်း စသည့် ပြဿနာ များကြောင့် အဖွဲ့မှ ထွက်ခွာသွားရ ပြန်ပါသည်။

ထို့နည်းတူစွာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး အမျိုးသားရေး လှုပ်ရှားမှု တို့တွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ကိုသိန်းတင်အောင်၊ ဒေါက်တာ နန်းညိုညိုဝင်း၊ ကိုတင်မောင်အေး၊ နေမျိုးဝေ၊ ဗဟိုဦးစီး အဖွဲ့ဝင် ကိုမောင်မောင်စိုး စသည့် ပုဂ္ဂိုလ်များ မှာလည်း သဘောထားချင်း မတိုက်ဆိုင် ပါသဖြင့် နှုတ်ထွက်သွားကြ ပြန်ပါသည်။

နောက်ဆုံးတွင် အဖွဲ့ကြီး၏ နောက်ဆုံး လက်ကျန်များ ဖြစ်ကြသည့် မကွေးတိုင်း တာဝန်ခံ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမျိုးသန့် မွန်ပြည်နယ် တာဝန်ခံ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသောင်းညွန့်စိုးနှင့် ဦးသိန်းညွန့်စိုး ဦးဆောင်သော ပြည်နယ် စည်းရုံးရေး အဖွဲ့ဝင်များ ရန်ကုန်ရှိ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်လှိုင်လှိုင်မြင့် နှင့် ဗဟိုဌာနချုပ် အတွင်းရေးမှူး ဗဟိုဦးစီး အဖွဲ့ဝင် ဦးစိုးနိုင်တို့ပါ မကျန် အဖွဲ့ဝင်မှ နှုတ်ထွက် ကြပြန်သည်။

ထိုသို့ အဖွဲ့မှာ အသီးသီး နှုတ်ထွက်ကြသော အမျိုးသား နိုင်ငံရေး အင်အားစုကြီးမှ ပုဂ္ဂိုလ်များသည် လည်းကောင်း၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် လည်းကောင်း၊ နိုင်ငံရေး သမားဟောင်း အားလုံးတို့သည် နိုင်ငံတော်တွင် ပကတိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများ အရ -

(၁) အမေရိကန် ပြည်ထောင်စု အပါအ၀င် EU နိုင်ငံများမှ ပိတ်ဆို့ထားသော စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ခဲ့ကြပြီး ၎င်း ပိတ်ဆို့မှု သည် အကျိုးမရှိကြောင်း ထုတ်ဖော်ခဲ့ကြသည်။

(၂) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးသည် နိုင်ငံရေးအရ မရှိမဖြစ် လိုအပ်သည်ဟု ယုံကြည်ခဲ့ကြသည်။

(၃) ၂၀၁၀ တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေး၏ ထွက်ပေါက်တစ်ခုဟု လက်ခံယုံကြည် ကြပါသည်။

(၄) အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်မှ ဦးဆောင် ပါဝင်မှုတွင် ဒီမိုကရေစီ လိုလားသော နိုင်ငံ အတွင်းရှိ ပြည်သူများ အတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုတို့ကို ပေးနိုင်လိမ့်မည်ဟု နားလည် သဘောပေါက် ကြပါသည်။

(၅) နိုင်ငံတော်နှင့် နိုင်ငံတော် အကြီးအကဲများပိုင်းကလည်း နိုင်ငံတော်အတွင်း “အပြု” နိုင်ငံရေး သမားများအပေါ် ကူညီ ပံ့ပိုးမှုများ ပေးလျက် ရှိသည်ကို နားလည်သဘောပေါက် လက်ခံပါသည်။

ထိုသို့ နားလည် သဘောပေါက် ကြသော်လည်း အဖွဲ့အစည်း တစ်ခုတွင် အဓိက ဦးဆောင်သည့် အရေးပါသည့် နေရာ (၃)ခု ဗဟို အလုပ် အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး ညီအစ်ကို အရင်းများဖြင့် ဖွဲ့စည်းထားပြီး ဗဟို ဦးစီး၊ ဗဟို အလုပ်အမှုဆောင် နေရာများတွင် အတွေ့အကြုံ မရှိသော ညီအစ်ကို ဝမ်းကွဲများ ထည့်သွင်းကာ ၎င်းတို့၏ ဆုံးဖြတ် ချက်ဖြင့်သာ ဗဟိုဦးစီးနှင့် ဗဟို အလုပ် အမှုဆောင်များက လိုက်လုပ်နေရခြင်းအပြင် -

(၁) ကုန်သည်ကြီးများ အဖွဲ့မှ လှူဒါန်းသော ငွေကျပ် (၉၃)သိန်းကို စာရင်း မပြနိုင်ခြင်း

(၂) ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးထံမှ ဖားကန့်တွင် လုပ်ကွက် ရရှိအောင် ဆောင်ရွက်ပေးမည်ဆို၍ ငွေကျပ်သိန်း (၂၀) လက်ခံ ရယူ ခဲ့ခြင်းကို ဗဟို အလုပ် အမှုဆောင် အဖွဲ့သို့ အသိမပေးခြင်း

(၃) ကိုဇော်ပိုင် ဆိုသူကား လုပ်ငန်းရှင် တစ်ဦးထံမှ ကားလုပ်ငန်း၊ ကားထုတ်လုပ်ခွင့်၊ တင်သွင်းခွင့် ရရှိအောင် ဆောင်ရွက် ပေးမည်ဟု ပြော၍ ကျပ်ငွေ သိန်း ငါးဆယ်ကို လက်ခံရယူပြီး အဖွဲ့သို့ လှူဒါန်းငွေ ဟုဆိုကာ ဂုဏ်ပြုလွှာ ပေးအပ်ခြင်း၊ ၎င်းကိစ္စကို ဗဟို အလုပ်အ မှုဆောင် အဖွဲ့မှ မသိရှိခြင်း

(၄) မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းမှ အပတ်စဉ် ထုတ်ယူ ရရှိသော စားအုန်းဆီ (၃) ပေပါအတွက် လချုပ်အမြတ် ၃/၄ သိန်း ခန့်ကို အဖွဲ့သို့ မတင်ပြဘဲ မိသားစုပိုင် ငွေကြေး အနေဖြင့် သုံးစွဲနေခြင်း

(၅) ပခုက္ကူ ဆေးပွဲစား တစ်ဦးထံမှ ရရှိငွေကျပ် (၁၂)သိန်းကို ဗဟိုအလုပ်အမှုဆောင်သို့ အသိမပေးဘဲ စာရင်းဖျောက် ရယူခြင်း

(၆) မန္တလေးတိုင်း စီးပွားရေး လုပ်ငန်းရှင် ဦးမိုးထံမှ တံငါဆီပုံးများ (ပါ) စားအုန်းဆီများ ယိုးဒယား နယ်စပ်မှာ တင်သွင်း ပေးမည်ဟု ဆိုကာ ကြိုတင် ငွေကျပ် (၁၀)သိန်း ရယူခြင်း

(၇) ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင် ကိုအောင်စီထံမှ မန္တလေးမြို့တွင် မြေကွက်ကိစ္စ ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ဆိုကာ ငွေကျပ် (၁၀)သိန်း ရယူခြင်း

(၈) တယ်လီဖုန်း ရရှိသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များထံမှ ရံပုံငွေကျပ် (၁)သိန်းငါးသောင်း ကောက်ယူပြီး စာချုပ်ကို အတင်း အကြပ် တောင်းယူခြင်း

(၉) ဗဟိုအလုပ်အမှုဆောင် ဗဟိုဦးစီးတိုင်း စည်းရုံးရေးမှူး စသည်တို့ထံမှ လစဉ်ကြေး (၃၀၀၀) ကျပ် ခရိုင်မြို့နယ် (၂၀၀၀)ကျပ် ရပ်ကွက် စည်းရုံးရေးမှူး (၁၀၀၀) ကျပ်နှင့် သာမန် အဖွဲ့ဝင် (၅၀၀)ကျပ် လစဉ်ကြေးများကို စားရင်း မပြခြင်းနှင့် အဖွဲ့ဝင် ကတ် များကို (၁၅၀၀) ကျပ်နှုန်း ကောက်ခံခြင်း

အဆိုးဆုံးမှာ အဖွဲ့ပိုင် ကားဖြစ်ကြောင်း စာရွက်စာတမ်း များနှင့် ယိုးဒယား နယ်စပ်မှ ကား(၅)စီးနှင့် ဆိုင်ကယ် သုံးစီးကို သယ်ဆောင် လာပြီး တစ်ဖက်လှည့်ဖြင့် အဖွဲ့ ဌာနချုပ်တွင် သုံးဖို့ဆိုကာ မွန်ပြည်နယ် ပြည်နယ် စည်းရုံးရေး အဖွဲ့ကို တစ်ပက်ရိုက်၍ တစ်ဖက်မှ ငွေးကြေး ရယူကာ ဌာနချုပ် အမှုဆောင်များကို လိမ်လည် လှည့်ဖြားခြင်းနှင့် ၎င်းတို့ ယိုးဒယား နယ်စပ်မှ တင်သွင်းလာသော ကားတစ်စီးဖြင့် အထွေထွေ အတွင်ရေးမှူး ဦးသန်းဦး မ/ဥက္ကလာပ မြို့နယ် အတွင်းရှိ လူတစ်ဦးကို တိုက်မိရာတွင် ဗဟိုဌာနချုပ် အမှုဆောင်များ အစည်းအဝေး ကျင်းပနေချိန် ဖြစ်ပါလျှက် CECကို မတင်ပြဘဲ ဖုံးဖိ၍ ထားခြင်း

အဖွဲ့၏စည်းရုံးရေးပေါ်လစီတွင် တရားဥပဒေဖြင့် ဆန့်ကျင်သောလူပုဂ္ဂိုလ်များ မပါဝင်ကြရန် သတ်မှတ် ထားသော်လည်း အဖွဲ့ဝင်ကြေး လစဉ်ကြေးရလျှင်ပြီးရောဟု သတ်မှတ်၍ ဒေသခံအဖွဲ့အစည်းများနှင့် ပြေလည်းသည် ဟုဆိုကာ ချဲထီလောင်းကစား ဒိုင်အကြီးစားများ နှင့် ဘောလုံးပွဲ လောင်းကစား ဒိုင်အကြီးစားများကို တိုင်းအဆင့် စည်းရုံးရေးအဖွဲ့တွင် ထည့်သွင်း၍ အဖွဲ့၏အကာအကွယ်ကို အသုံးချ နေခြင်း စသည့်လွဲမှားသော နှလုံးသွင်းခြင်းဖြင့် အဖွဲ့၏ ရေရှည်တည်တံ့ရေးတို့တွင် မကြည့်ရှု့ပါဘဲ မိသားစုစီးပွားရေး ပုံသဏ္ဍန်ဖြင့် ပြုလုပ် နေခြင်းသည် မှားယွင်းသော လုပ်ဆောင်ချက်များ ဖြစ်နေပါသဖြင့် မည်သည့်ဗဟိုအလုပ် အမှုဆောင် ဗဟိုဦးစီးအဖွဲ့ဝင်များမှ လက်ခံ နိုင်သည့် အကြောင်းတရားများ မဟုတ်ကြောင်းနှင့် ၎င်းတို့ ပြုမူ လုပ်ဆောင်ချက်များ အချို့ကိုသာ ထုတ်ဖော်ခဲ့ပြီး မပြောသင့် မပြောထိုက်သည့် အချက်ပေါင်း မြောက်မြားစွာ တို့ ကျန်ရှိ နေပါသေးသည်။

အဖွဲ့၏ အမျိုးသားရေး လှုပ်ရှားမှုများ စာရွက်စာတမ်းများ ဝေငှမှုများနှင့် တိုင်းရုံး ပြည်နယ်ရုံး ခရိုင်ရုံး စရိတ်များကို ဦးစီး ဦးဆောင် လုပ်သူများ၏ မိသားစု ချွေးနည်းစာ ထမင်းလုပ်မှ မျှဝေ ကျခံခဲ့သော်လည်း ၎င်းတို့မှ နားလည်မှု မရှိဘဲ လစဉ်ကြေး များကို အတင်းအ ကျပ် တောင်းဆိုမှုများ ပြုလုပ်၍ နေကြသော်လည်း ဘက်ပေါင်းစုံ ဌာန ပေါင်းစုံမှ ထောက်ပံ့မှု များကိုတော့ ဗဟို အလုပ်အမှုဆောင်နှင့် ဗဟို ဦးစီးတို့ မသိရ လေအောင် ဖုံးဖိထားခြင်း

အမျိုးသားရေး လှုပ်ရှားမှုတွင် ခေါင်းဆောင် ပါဝင်ခဲ့ကြသော လူပုဂ္ဂိုလ် အားလုံး စီးပွားရေး အကျပ်အတည်းများ ရင်ဆိုင် နေရချိန်တွင် ၎င်းတို့ ကိုယ်တိုင်ကတော့ အပြုံးမပျက် ငွေရ ပေါက်ရလမ်းကို ရှာဖွေနေတုန်း ဟန်ဆောင်၍ ကောင်းတုန်းပင် ဖြစ်သည်။

အထက်ဖေါ်ပြပါ အချက်အလက် များကြောင့် အဖွဲ့မှ နှုတ်ထွက်ရခြင်းသာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြ လိုက်ရပေသည်။ အမျိုးသား စည်းလုံး ညီညွတ်မှု ရှိရေးနှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး တိုးတက်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တို့တွင် ကျွန်ုပ်တို့သည် မလျှော့သော ဇွဲလုံ့လဖြင့် ဆက်လက်၍ ဆန္ဒတူ အလုပ်တူသူများ ပူးပေါင်း၍ ဆက်လက် လျှောက်လှမ်းပြ မည်ဟု အသိပေး ရှင်းလင်း တင်ပြပါသည်။

အဖွဲ့ဝင်များ ကျန်းမာ ချမ်းသာကြပါစေလို့ ပြောရုံမှလွဲ၍ ယခုအချိန်တွင် ကျွန်ုပ်တို့ ဘာမျှ မပေးနိုင်ပါ ယုံကြည်မှု တစ်ခုသာ ပေးနိုင် ပါသည်။

နှုတ်ထွက်အမျိုးသားရေးဦးစီးကော်မတီဝင်များ

၁၃၇၁- ခု၊ သီတင်းကျွတ်လပြည့်ကျော်(၁၀)ရက်
၂၀၀၉-ခု၊အောက်တိုဘာလ(၁၃)ရက်
မော်လမြိုင်မြို့

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ

ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင် မိန့် ခွန်းများ

အပြည့်အစုံသတင်းဖတ်ရန်....

ခိုးသားလေးဦး၏ ဇာတ်ပွဲသဘင်

အပြည့်အစုံသတင်းဖတ်ရန်....

ယနေ့ထုတ် ကြေးမုံ သတင်းစာ

သံတိုင် နောက်ကွယ်မှ ဘ၀ အမောများ

အပြည့်အစုံသတင်းဖတ်ရန်....

Friday, October 30, 2009

နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တိုးမြှင့်ထား

ညွန့်သက်ထားဦး | အမေရိကန် နိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်ဘဲလ် နှင့် အဖွဲ့ လာရောက် မည့် သီတင်း တစ်ပတ် အလိုက စပြီး နေပြည်တော်တွင် လုံခြုံရေးများ တိုးမြှင့် ထားသည်။ ကာကွယ်ရေး ၀န်ကြီးဌာန နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တို့၏ နေထိုင်ရာ အနီးတစ်ဝိုက်တွင် လက်မရွံ့ ကွန်မန်ဒို တပ်ဖွဲ့များ အများအပြား ချထားသည် ဟု သံချပ်ကာ ယန္တယား တပ်မှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။

လုံခြုံရေး အတားအဆီးများ ပိုမိုချထားသည့် နေပြည်တော်
သီတင်း နှစ်ပတ် အတွင်း သီရိလင်္ကာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးလည် ပတ်ရန် အစီအစဉ် ရှိသည့် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှာ ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် သွားရောက် နိုင်ခြင်း မရှိတော့ ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော် တွင် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ကိစ္စရပ် များ အတွက် သဘော ကွဲလွဲ မှုများ ဖြစ်ပေါ်နေပြီး ၀ ပြည်အား ထိုးစစ်ဆင်မည့် သဘောထား ရှိသူများ ဘက်မှ အားသာ နေကြောင်း သိရသည်။

နေပြည်တော် တွင် ဂျူနီယာ စစ်ဗိုလ်ချုပ် များအား စစ်ခေါင်းဆောင် များ၏ လုံခြုံရေး အဖွဲ့များက စောင့်ကြည့် မှုများ ရှိနေပြီး အချို့ စစ်ဗိုလ်ချုပ်များ၏ သွားလာမှု များကို ထိန်းချုပ် ကန့်သတ် ထားသည် ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာ နိုင်ငံသို့ သွားရောက် လည်ပတ်စဉ် ရက်များတွင် စစ်ဗိုလ်ချုပ် နှစ် ဒါဇင် ကျော်ခန့် အထူး စီမံထားသော တရား စခန်းတွင် ၀င်ရောက် နေထိုင်ရမည် ဖြစ်ပြီး ထို တရား စခန်း၏ အပြင်ဘက် တွင် ကွန်မန်ဒိုများက စောင့်ကြပ်ကာ အပြင် ထွက်ခွင့် နှင့် မိသားစု နှင့် တွေ့ဆုံခွင့်များ မရှိရဟု သိရသည်။

လာမည့်ရက် အနည်းငယ်အတွင်း အရေးပါသည့် ရာထူးနေရာ အပြောင်းအလဲများ ဖြစ်ပေါ်မည် ဟု လည်းသိရသည်။

သံချပ်ကာ ယန္တယားတပ်မှ အရာရှိ တစ်ဦးက အရေးပါသည့် စစ်လက်နက် ပစ္စည်းများအား နေရာ ရွှေ့ပြောင်း ထားရှိသည်ဟု ပြောသည်။ နေပြည်တော်ရှိ အရပ်ဘက် အစိုးရ အရာရှိ တစ်ဦးကမူ နေပြည်တော် ၏ သက်တမ်းလေး နှစ် အတွင်း ပထမဆုံး အကြိမ် မတည်မငြိမ် ဖြစ်မှုဟု ပြောကြားကာ အခြေအနေ အပြောင်းအလဲ တစ်ခု ဖြစ်ပွား နိုင်ကြောင်း သုံးသပ် ပြောကြားသည်။

source by : FREEDOM NEWS GROUP

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းအသီးသီးအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း။


ဂျပန်နိုင်ငံ၏ လက်ရှိအာဏာရ ပါတီလွှတ်တော်အမတ်နှင့် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ -အတွင်းရေးမှူး MR.SUEMATSU မှ ဂျပန်နိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ပါဝင်ကူညီဆောင်ရွက်ပေး ခဲ့ကြသော ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီ အင်အားစုအဖွဲ့အစည်းအသီးသီးအား ညစာဖြင့်ကျွေးမွေးဧည့်ခံ၍ မြန်မာ့အရေးကို ပိုမိုဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဥက္ကဌဦးသန့်ဇင်ဦးနှင့်အဖွဲ့ချုပ်အဖွဲ့ဝင် များတက်ရောက်ခဲ့ ကြပါသည်။

ဓာတ်ပုံ... သတင်း....ကိုလှမျိုး(NLD(LA)JB)။..။

အပြည့်အစုံသတင်းဖတ်ရန်....

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား


မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၅လ၊(၇၇)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၅၀ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

ဓါတ်ပုံ-ဗွီဒီယိုမှတ်တမ်း။ ။ကိုပွား, သတင်း။ ။ NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန

အပြည့်အစုံသတင်းဖတ်ရန်....

အောက်တိုဘာ ၃၀ ရက်သတင်းများ

30 Oct news

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, October 29, 2009

သာကူးတွေ ကို သတိထား

မြန်မာ Egress က ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး စည်းရုံး
မဇ္ဈိသတင်းဋ္ဌာန
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 28 ရက် 2009 ခုနှစ် 21 နာရီ 40 မိနစ်


နယူးဒေလီ။ ။ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်အခြေစိုက် လူမှုရေးအဖွဲ့ - မြန်မာ Egress က ရန်ကုန်ရှိ ရခိုင်အမျိုးသားများနှင့်တွေ့ဆုံ၍ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရန် ယခုလ ၁၈ ရက်နေ့တွင် ဟောပြောပွဲတရပ် ကျင်းပခဲ့ကြောင်း ဟောပြောပွဲ တက်ရောက်သူများ အဆိုအရ သိရသည်။

မြန်မာ Egress ရုံးခန်း တည်ရှိရာ သမ္မတဟိုတယ်တွင် ရန်ကုန်ရှိ ရခိုင်အမျိုးသားများကို ဖိတ်ကြားကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရေး အတွက် ''၂၀၁၀ နှင့် ရခိုင်လူမျိုးများ၏ အခန်းကဏ္ဍ'' ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့သည်။

“ဟောပြောပွဲကို တက်တာက ဗဟုသုတအနေနဲ့ တက်တာဖြစ်တယ်။ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မရှိဘူး။ ကျနော်တို့က ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုရေးကိစ္စတွေကို ကူညီတဲ့အသင်း ဖြစ်တယ်။ နိုင်ငံရေးအခြေအနေ ဘယ်လိုပဲ ပြောင်းပြောင်း၊ လူမှုရေး အဖွဲ့အစည်းအနေနဲ့ပဲ ရပ်တည်မှာ ဖြစ်တယ်” ဟု ရန်ကုန်အခြေစိုက် ရခိုင်သဟာယ အသင်းမှ အကြီးအကဲတဦးက မဇ္ဈိမကို ပြောသည်။

ဟောပြောပွဲ တက်ရောက်ရန်အတွက် မြန်မာ Egress က ရခိုင်အမျိုးသားများကို အီးမေးလ်မှတဆင့် ဖိတ်ကြားခဲ့ပြီး၊ စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်သည်ဟု ဖိတ်ခေါ်ခဲ့သည်။

ရခိုင်သဟာယအသင်းမှ အဖွဲ့ဝင်တဦးက “ရန်ကုန်မှာရှိတဲ့ ရခိုင်အားလုံးကို ဖိတ်တာ။ တက်တဲ့သူတွေကလည်း အသင်းကို ကိုယ်စားပြုပြီး တက်တာ မဟုတ်ဘူး။ တက်သင့်တဲ့ ဟောပြောပွဲတခုမို့ တက်ဖြစ်တာပါ။ ကျနော်တို့အရင် ကချင်နဲ့ ကရင် တိုင်းသားတွေကို ကျနော်တို့လို ဟောပြောပွဲ လုပ်ခဲ့သေးတယ်” ဟု ပြောသည်။

ဟောပြောပွဲတွင် မြန်မာ Egress ထူထောင်ရာတွင် ပါဝင်သူများဖြစ်သည့် ဒေါက်တာနေဝင်းမောင် (အမှုဆောင် အရာရှိချုပ် Living Colour မဂ္ဂဇင်းနှင့် The Voice ဂျာနယ်) နှင့် ဦးလှမောင်ရွှေ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များ အသင်း) အပါအဝင် အဖွဲ့တာဝန်ရှိသူများက ဦးဆောင်ခဲ့ကြသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများအနေဖြင့် စည်းလုံးညီညွတ်စွာ ပါဝင်အရွေးခံသွားရန် မြန်မာ Egress က တိုက်တွန်းခဲ့ကြောင်း ဟောပြောပွဲ တက်ရောက်သူများက ပြောဆိုသော်လည်း မြန်မာ Egress မှ တာဝန်ရှိသူများထံ ဆက်သွယ်၍ မရသဖြင့် အသေးစိတ် မေးမြန်းခွင့် မရခဲ့ပါ။

ရခိုင်သဟာယအသင်းကို ၁၉၄၆ ခုနှစ်တွင် Arakan Social Club အမည်ဖြင့် တည်ထောင်ခဲ့ပြီးနောက်၊ ၁၉၆၁ ခုနှစ်တွင် လက်ရှိ အမည်အတိုင်း ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

အသင်းသည် ရခိုင်လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ်တွင် ပညာရေး အကူအညီများ စတင်ပေးအပ်ခဲ့သည်။ ယခုထိ ရခိုင် တက္ကသိုလ်ကျောင်းသား ၂၀၀ ကျော်ကို ပညာသင်စရိတ် ထောက်ပံ့ပြီး ဖြစ်သည်။

မြန်မာ Egress က လာမည့်လ ၈ ရက်နေ့တွင် ဟောပြောပွဲတရပ် ထပ်မံပြုလုပ်မည်ဟု ရခိုင် အမျိုးသားများကို ကြေညာခဲ့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ဟောပြောပွဲကို ဖျက်သိမ်းလိုက်ကြောင်း အီမေးလ်မှတဆင့် နောက်ပိုင်းတွင် အကြောင်းပြန်ကြားခဲ့သည်။


(ခိုင်စု သတင်းပေးပို့သည်။ ရဲရင့်အောင် တည်းဖြတ်သည်။)

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံ တရားဥပဒေသည်..လူကောင်းများအားဖိနှိပ်ရန်သာဖြစ်သည်။

နာရေးကူညီမှု အသင်းကို စည်ပင်က တရားစွဲ Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ အောက်တိုဘာလ 29 ရက် 2009 ခုနှစ် 20 နာရီ 13 မိနစ်


နယူးဒေလီ ။ ။ အသုံးပြုခွင့် မပေးသေးသော အဆောက်အဦးကို အသုံးပြုသည်ဟုဆိုကာ နာရေးကူညီမှု အသင်းကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင်သာယာက ယနေ့ တရားစွဲဆိုလိုက်သည်။


နာရေးကူညီမှု အသင်းရှေ့တွင် ရေမြောင်းတူးရန် မြောက်ဒဂုံမြို့နယ် စည်ပင်ဌာနက ညွှန်ကြားခဲ့သည်ကို လိုက်နာမှု မရှိခြင်းကြောင့် သုံးစွဲခွင့် မပေးသေးသော အဆောက်အဦးကို အသုံးပြုသဖြင့် စည်ပင်က ယခုလို တရားစွဲ ဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အဆောက်အဦးရှေ့ လမ်းမကြီးဘေး အုတ်တံတိုင်းနားမှာ ၅ ပေကျယ်၊ ၅ ပေနက်တဲ့ မြောင်းမဖောက်တဲ့အတွက် သူတို့က အဆောက်အဦး သုံးခွင့်မပေးဘူး။ အသုံးပြုခွင့်မပေးဘဲ သုံးနေတဲ့အတွက် ကျနော်တို့ကို တရားစွဲမယ်ပေါ့ဗျာ” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြို့နယ်စည်ပင်က နာရေးကူညီမှုအသင်းကို တရားစွဲမည့်အကြောင်း စာဖြင့် အကြောင်းကြားသည့်အခါ ဦးကျော်သူက တရားစွဲမည်ဆိုလျှင် သူ့ကို စွဲဆိုရန် အမည်စာရင်း ပေးလိုက်ပြီးနောက် တောင်ဒဂုံတရားရုံးတွင် မြောက်ဒဂုံ စည်ပင်က တရားစွဲဆိုခြင်း ဖြစ်သည်။

တရားခံအဖြစ် စွပ်စွဲခံထားရသည့် ဦးကျော်သူသည် စာဖြင့်ဆင့်ခေါ်သော်လည်း တောင်ဒဂုံ တရားရုံးသို့ ယနေ့ သွားရောက်ခြင်း မရှိဘဲ၊ အသင်းမန်နေဂျာသာ သွားရောက်ခဲ့သဖြင့် စွဲချက်တင်နိုင်ခြင်း မရှိသေးပါ။

မြောက်ဒဂုံ မြို့နယ်စည်ပင်သို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ရှိသူတဦးက တရားစွဲရန် ပြုလုပ်ထားကြောင်း ပြောဆိုသော်လည်း၊ အသေးစိတ် အချက်အလက်များ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ရေမြောင်းမတူးသည့် အကြောင်းနှင့် ပတ်သက်၍ ဦးကျော်သူက “မတူးဖြစ်ဘူးဆိုတာက ကျနော်တို့ တကွက်ထဲကို လာတူးခိုင်းနေတာလေ။ ဘေးအကွက်တွေက တူးမှ မတူးတာ။ ဘေးအကွက်တွေ တူးမှ ရေစီးရေလာက ကောင်းမှာကိုး။ ဒီတကွက်ထဲ တူးတယ်ဆိုရင် ကျနော်တို့ရှေ့မှာ ရေလှောင်ကန် ဖြစ်သွားမှာပေါ့။ ရေလှာင်ကန်ဖြစ်ရင် ခြင်တွေဘာတွေ ပေါက်မယ်၊ ခြင်မွေးကန် ဖြစ်သွားမယ်။ အဲဒါက လူနာတွေအတွက်ပါ အန္တရာယ်ရှိတယ်” ဟု ရှင်းပြသည်။ လတ်တလောတွင် အဆောက်အဦးမှ ရေများကို အနောက်ဘက်ရှိ ငမိုးရိပ်ချောင်းအတွင်း စွန့်ပစ်နေသည်။

ကျပ်သိန်း ၂၀၀၀ ခန့် အကုန်ကျခံကာ တည်ဆောက်ထားသည့် အသင်းပိုင် အဆောက်အဦးတွင် ရန်ကုန် နာရေးကူညီမှုအသင်း ရုံးခန်းနှင့် သုခ ကုသိုလ်ဖြစ် ဆေးခန်းကို ပူးတွဲဖွင့်လှစ်ထားကာ၊ တနေ့လျှင် နာမကျန်းသူ လူနာ ဦးရေ ၁၅၀ မှ ၂၀၀ ဝန်းကျင်အထိ အခမဲ့ ကုသပေးနေသည်။

ဆေးခန်းတွင် မျက်စိ၊ အရိုးအကြော၊ သားဖွား-မီးယပ်နှင့် သက်ဆိုင်သည့် ရောဂါများ၊ ကလေးနှင့် အမျိုးသမီး အထူးကုသရေးတို့အပြင် အခမဲ့ ဓာတ်မှန်ရိုက်ပေးရာ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ သူနာပြုဆရာမများက ရက်သတ္တပတ်လုံး ပိတ်ရက်မရှိ ကုသပေးသကဲ့သို့၊ နိဗ္ဗာန်ယာဉ် ၁၆ စီးဖြင့် နာရေးကိစ္စ ၅၀ ခန့်ကို နေ့စဉ် အခမဲ့ ကူညီပို့ဆောင်ပေးနေသည်။

မြောင်းဖောက်မည်ဆိုလျှင် အဆောက်အဦး အသုံးပြုခွင့်အပြင် ဓာတ်မှန်ခန်းနှင့် အခြားအဆောက်အဦးများ ထပ်မံတည်ဆောက်ခွင့် ပေးဦးမည်ဟု မြို့နယ်စည်ပင်က ပြောဆိုခဲ့ကြောင်း ဦးကျော်သူက ပြောသည်။

အသုံးပြုခွင့်အတွက် ခရိုင်စည်ပင်က ဓာတ်ပုံရိုက်ယူထားပြီး အသုံးပြုခွင့် ချပေးရန် စောင့်ဆိုင်းနေစဉ် မြို့နယ်စည်ပင်က ယခုလို တရားစွဲဆိုရန် ကြိုးပမ်းခြင်း ဖြစ်သည်။ တရားစွဲဆိုမှု အထမြောက်ပါက နာရေးနှင့် အခမဲ့ ဆေးကုသရေး လုပ်ငန်းများ ရပ်ဆိုင်းခံရဖွယ် ရှိသည်။

“မပြောတတ်ဘူးဗျာ။ တရားစွဲလို့ ပိတ်ရမယ်ဆိုရင်တော့ အကုန်ပိတ်ရမှာပဲ။ ဆေးကုခွင့်လည်း ပိတ်ပစ်မှာပဲ။ နာရေးကူညီမှုတွေလည်း မလုပ်တော့ဘူး။ ဒါပဲ။ ကျနော်လည်း ထောင်ထဲဝင်ရုံပဲ။ ဒါပဲရှိတယ်။ လုပ်နိုင်တဲ့ အတိုင်းအတာထဲက ကျနော်တို့ လုပ်ပေးခဲ့ပါတယ်။ ဒီဟာကြီးက အဓိပ္ပာယ် မရှိတဲ့အတွက် မလုပ်တာပါ” ဟု ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း ဦးကျော်သူနှင့် စေတနာရှင်များက ဝိုင်းဝန်းတည်ထောင်ခဲ့ပြီး ဆင်းရဲချမ်းသာနှင့် လူမျိုးဘာသာမရွေးဘဲ နာရေးကိစ္စများအတွက် အခမဲ့ ပို့ဆောင်သဂြုင်္ိဟ်ပေးခဲ့ရာမှ နောက်ပိုင်းတွင် သုခကုသိုလ်ဖြစ် ဆေးခန်းကိုပါ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ဝိဟာရ ဘုန်းကြီးကျောင်းဝင်းအတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။

နာရေးကူညီမှုအသင်းပိုင် နိဗ္ဗာန်ယာဉ်များကို သင်္ဃန်းကျွန်းမှ မြောက်ဥက္ကလာပရှိ ရေဝေးသုသာန် နယ်နိမိတ်အတွင်း ပြောင်းရွှေ့ရန် ယခုနှစ် ဖေဖော်ဝါရီလတွင် ကျောက်တံတားမြို့နယ် စည်ပင်သာယာရုံးက ညွှန်ကြားခဲ့သည်။ ထို့ကြောင့် သုသာန်တွင် နာရေးကူညီမှုအသင်း ရုံးခွဲတခု ဖွင့်လှစ်ကာ နိဗ္ဗာန်ယာဉ်အားလုံးကို ပြောင်းရွှေ့ပေးခဲ့ရသေးသည်။

(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။ ရဲရင့်အောင် တည်းဖြတ်သည်။)http://www.mizzimaburmese.com/news/inside-burma/4104-2009-10-29-13-58-37.html

အပြည့်အစုံသတင်းဖတ်ရန်....

အော်..မရှိလည်း မနေရ..

Summary
မန္တလေးမြို့တွင်ဘုရားပွဲကြေးအတွက်ဘုရားလူကြီးများမှအလှူငွေများကိုအတင်းဓမ္မလိုက်လံကောက်ခံခြင်း။
10.29.2009

မန္တလေးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရပ်ကွက်ဘုရားပွဲများအတွက် သက်ဆိုင်ရာ ရပ်ကွက်သူ၊ ရပ်ကွက်သားများမှ စေတနာ ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းကြမြဲဖြစ်ပါသည်။ သို့သော် ယခုနှစ်တွင် ကုန်ဈေးနှုန်းမြင့်မားခြင်း၊ စီးပွါးရေးကျပ်တည်းခြင်းတို့ကြာင့် ရပ်ကွပ်သူ၊ ရပ်ကွပ်သားတိုင်းလိုလိုမှာ ယခင်နှစ်များကဲ့သို့ အလှူအတန်းပြုလုပ်ရန် အအခက်ခဲများ ရှိနေပေသည်။

သို့ရာတွင် ပြည်သူလူထု၏ အခက်အခဲကို မစာနာ၊ မထောက်ထားဘဲ မန္တလေးမြို့၊ ပြည်လုံးချမ်းသာရပ်ကွက်ရှိ၊ အရာတော်ဝင်း ဘုရားပွဲ အတွက် အကွက်(၅၇)မှဘုရားလူကြီးများသည် အလှူငွေများကိုအိမ်တိုင်းစေ့ မထည့်မနေရစနစ်ဖြင့် လိုက်လံကောက်ခံ လျက်ရှိသည်။ အဆိုပါရပ်ကွပ်သူတဦးက 'ကျနော်တို့ရပ်ကွက်မှာအရင်ကဒီလိုမဟုတ်ဘူးဗျ....အရင်ကဆို ကိုယ့်စေတနာ၊ သဒ္ဓါတရား အလျောက် ထည့်ရတာ။ မဖြစ်မနေ သဘောမျိုးဆိုရင်လည်း ထည့်ရတာနည်းတယ်..အခုဟာကအဲ့ဒီလိုမဟုတ်ဘူးဗျ...တစ်အိမ်ကိုဝေယာဝစ္စကြေး(၄၀၀၀)ကျပ်ထည့်ရတယ်..အဲ့ဒါမထည့်မနေရအိမ်တိုင်းထည့်ရတာ..ဒါကဘုရားသပိတ်ဖိုးမပါသေးဘူးဗျ..အရင်နှစ်တွေက ဘုရားဝေယာဝစ္စကြေးက(၁၀၀၀)၊သပိတ်ဖိုးက(၃၀၀၀)နဲ့ပြီးရော....အခုဟာကသူတို့ဝေယျာဝစ္စကြေးကြီးဘဲ ကိုကျနော်တို့ကပေးရတာ...မဖြစ်သင့်ဘူးလေဗျာ...လူအများစားဝတ်နေရေးကျပ်တည်းနေတဲ့အချိန်မှာ ဒီလိုအတင်းဓမ္မကောက်ခံတာဘယ်ကောင်းမလဲဗျာ.... အကုန်လုံးကို ကုသိုလ်တပဲ၊ ငရဲတပိဿာ ဖြစ်အောင်လုပ်တာနဲ့ အတူတူပဲ''ဟု ဆိုပါသည်။

ရပ်ကွပ်ထဲမှ အမျိုးသမီးကြီးတဦးကလည်း ''ကျွန်မတို့ဖြင့် တခါမှ မကြားဖူး ပေါင်.....တခါတည်း(၄၀၀၀)ကျပ်မထည့်နိုင်ရင် တပတ်ကို(၁၀၀၀) ခွဲထည့်ရမယ်တဲ့ ....မကြားဖူးပါဘူး တော်''လို့ပြောဆိုနေတာကိုလည်းကြားသိခဲ့ရပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဂျပန်နိုင်ငံသို့လာရောက်မည့် သိန်းစိန် အပေါ် ထုတ်ဖော်ဆန္ဒပြမှုများ ပြုလုပ်နိုင်ရန် ကြိုပမ်းနေ

နအဖဝန်ကြီးချုပ် သိန်းစိန်သည် မဲခေါင် အစည်းအဝေး အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် လာရောက်မည်ဟုသိရသည်။ အဆိုပါအစည်းအဝေးအပြင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း သတင်းရရှိသည်။ နအဖ လူသတ်တရားခံ နအဖဝန်ကြီးချုပ် သိန်းစိန် အပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ဆန္ဒသဘောထားအမှန်ကို ထင်ဟပ်စေမည့် ထုတ်ဖော်ဆန္ဒပြမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ကျန်ခဲ့သော စတင်ဘာလ၊ ၂၅ ရက်နေ့က အမေရိကန်သို့ သွားရောက်ခဲ့စဉ် အမေရိကန်ရောက် ဒီမိုကရေစီအင်အားစုများမှ ဖိနပ်နှင့်ပေါက်ကာ လူသတ်တရားခံ နအဖဝန်ကြီးချုပ် သိန်းစိန်အား အသိပေး ထုတ်ဖော်ဆန္ဒပြခဲ့ ကြသေးသည်။ ယခုဂျပန်နိုင်ငံခရီးစဉ်တွင် ထိရောက်သော ထုတ်ဖော်ဆန္ဒပြမှုများ ပြုလိုပ်နိုင်ရန် ဂျေအေစီမှ (Joint Action Committee of Burmese Community in Japan) ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။




ပေါက်လို့ကောင်းနိုင်သည့် ဖိနပ်များ ရောင်းအားတက်လာဖွယ်ရှိ


Mr.Creator ၏ဖန်တီးမှု




အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာဆိုတာ နအဖ ခြေထောက်အောက် တနေ့ တခြား ကြက်သရေတုန်းနေပြီ

နာဂစ်ကူညီရေး အသင်းဝင် လူငယ်များ အဖမ်းခံရ
hursday, 29 October 2009 19:08 အေးလဲ့ .
နာဂစ် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သော သတင်းထောက်များ အပါအဝင် လူငယ် ၁၂ ဦးခန့်ကို စစ်အစိုးရက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထားကြောင်း သိရသည်။

အဖမ်းအဆီးခံရလိုက်သူများမှာ ရန်ကုန်အခြေစိုက် သတင်းဌာနများမှ သတင်းထောက်လူငယ်တချို့နှင့် လူမှုရေး လုပ်ငန်းတွင် အကူအညီပေးနေသော လူငယ်များဖြင့် ဖွဲ့စည်းထားသည့် လင်းလက်ကြယ် အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများထဲတွင် အလွတ်သတင်းထောက် ကိုပိုင်စိုးဦးနှင့် Living Color မီဒီယာက အပတ်စဉ် ထုတ်ဝေနေသည့် Foreign Affairs ဂျာနယ်၏ ဘာသာပြန်အယ်ဒီတာ ကိုသန့်ဇင်စိုးတို့လည်း ပါဝင်ကြောင်း သိရသည်။

ကိုသန့်ဇင်စိုး အဖမ်းအဆီးခံရခြင်းလား၊ ပျောက်ဆုံးနေခြင်းလား ဆိုသည်ကို Living Color မီဒီယာမှ တာဝန်ရှိသူများက အတည်မပြုနိုင်သေးဟု ဆိုသည်။

ပြီးခဲ့သည့် ၂၆ ရက်နေ့မှ ယမန်နေ့အထိ စစ်အစိုးရ အာဏာပိုင်များ ဖမ်းဆီးနေသည်မှာ ၁၂ ဦးခန့် ရှိပြီဖြစ်ပြီး ၈ ဦးမှာ သတင်းထောက်များ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

၎င်းက “သူတို့က နာဂစ်ဒဏ်သင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ စာအုပ်လိုရင် စာအုပ်၊ ကျောင်းသားတွေ လိုအပ်တာတွေကို သူတို့တတ်နိုင်သလောက် အကူအညီပေးနေတဲ့သူတွေ။ သတင်းထောက်တွေကလည်း တတ်နိုင်တဲ့ဘက်က ကူညီပေးနေကြတာပါ” ဟု ပြောသည်။

အဆိုပါ လင်းလက်ကြယ်အဖွဲ့ကို ၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်းအပြီး လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်သော လူငယ်များ၊ သတင်းထောက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်လက်ပြီး အဆိုပါ သတင်းထောက်က “ ဒီရက်ပိုင်း စာပေဘက်က လူတွေကို ဖမ်းနေတယ်။ အဲဒီအတွက် ကျနော်တို့လည်း သတိထားနေရတယ်၊ သူတို့က နိုင်ငံရေး လုပ်နေတာမဟုတ်တော့ အသင်းအဖွဲ့ အနေနဲ့ မှတ်ပုံတင်မရှိလို့ပဲ ခေါ်ယူစစ်ဆေးတာလား၊ ဘယ်က အလှူငွေတွေရသလဲ ဆိုတာကိုပဲ ခေါ်ယူစစ်ဆေးတာလားဆိုတာတော့ မပြောနိုင်ဘူး” ဟု ဆိုသည်။

ယခုလ အစောပိုင်းကစတင်၍ သတင်းထောက်များကို ဖမ်းဆီးမှုများရှိနေကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်ကပြောသည်။

“ကျနော်တို့ ပြောနိုင်တာက ၉ ဦးထိန်းသိမ်းခံထားရတယ်၊ ဒီထက်လည်း များနိုင်တယ်၊ ဒီအဖမ်းအဆီးနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲပဲ” ဟု ကိုတိတ်နိုင်က ဆိုသည်။

နာဂစ်ဒုက္ခသည်များကို ကူညီကယ်ဆယ်မှုဖြင့် လူရွှင်တော် ကိုဇာဂနာနှင့် အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့အား စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည်။

စက်တင်ဘာလက စစ်အစိုးရတွင် အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးပါဝင်ခဲ့သည်။

AAPP ၏ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၂၁၁၉ ဦး ရှိပြီး ထိုအထဲတွင် သတင်းထောက် ၄၆ ဦးပါဝင်ကြောင်း သိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် စောင့်ကြည့်နေ

Thursday, 29 October 2009 19:48 ကိုထွေး .
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် မကြာမီ လာရောက်မည့် အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကို စောင့်ကြည့်လျက်ရှိကြောင်း သူ၏ရှေ့နေဖြစ်သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ဗဟိုတရားရုံးချုပ်သို့ တင်ရန်အတွက် ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့ သူ၏ နေအိမ်တွင် ယနေ့နေ့လယ်က ၁ နာရီ ၃၀ မိနစ်ကြာ သွားရောက်တွေ့ဆုံခဲ့ရာ၌ ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

“မစ္စတာ ကာ့တ် ကမ်းဘဲလ် လာမယ်ဆိုတာ ဘယ်တော့လာမှာလဲ၊ လာရင်ဘာတွေလုပ်မလဲဆိုတာ သူလည်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် က အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင် မည်ဖြစ်ပြီး စစ်အစိုးရ၏ သိပ္ပံနှင့်နည်းပညာ ၀န်ကြီး ဦးသောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်း သား ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိသည်ဟု သံတမန် သတင်းရပ်ကွက်မှ ကြားသိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် အရေးယူပိတ်ဆို့မှုအပါအဝင် ၂၀၁၀ ရွေးကောက်ပွဲကိစ္စရပ်များကို ဆွေးနွေးသွားနိုင်ဖွယ် ရှိသည်ဟု ယူဆရသည်။

ပြီးခဲ့သောလတွင် အမေရိကန် အစိုးရက မူဝါဒသစ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကာ့တ် ကမ်းဘဲလ် သည် ၀န်ကြီးဦးသောင်းနှင့် နယူး ယောက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့ဆုံရာတွင် ရှေ့နေဖြစ်သူ ၄ ဦးစလုံးကို ၀င်ရောက်ခွင့်မပေးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ကန့်သတ်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များထံ ထပ်မံ အရေး ဆိုရန် ရှေ့နေများကို ညွှန်ကြားခဲ့ကြောင်း၊ အယူခံကိစ္စကို အဓိကထား ဆွေးနွေးသော်လည်း ပြီးပြတ်ခြင်း မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့ ရေးသားသွားသော အယူခံလွှာမူကြမ်းကို ပြန်လည် လေ့လာဖတ်ရှုရန် ယူထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော စည်းကမ်း ၈ ချက်နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း ဦးကြည်ဝင်းက ပြောသည်။

“တချက်ချင်းတော့ မဆွေးနွေးဘူးဗျ။ ဧည့်သည် တွေ့ပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဘယ်သူ့ဆီကို တင်ပြရမလဲဆိုတာ ထပ်တောင်းထားတယ်”ဟု ဦးကြည်ဝင်းက ဧရာဝတီကို ပြောသည်။

မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖောက်ဖျက် သည် ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးသို့တင်ရာ ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် အယူခံဝင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2056:2009-10-29-12-49-21&catid=1:news&Itemid=2

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်အောင်ဆန်းစုကြည်၏ အမှု လျှောက်လဲချက် အတွက် ရှေ့နေနှစ်ဦးနှင့်သာ တွေ့ဆုံခွင်ရ

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဥာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့သည် ယနေ့နေ့လည် ၂နာရီမှ ၃နာရီခွဲခန့်အထိ တွေ့ဆုံ ခွင့်ရခဲ့ပြီး ဗဟို တရားရုံးချုပ်သို့ တင်မည့် သူမ၏ အယူခံလွှာအတွက် ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း သိရပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာသို့ ဒေါ်အောင်ဆန်းစုကြည်၏ အခြားရှေ့နေ နှစ်ဦးဖြစ်သော ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ ခွင့်ပြုချက် မရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောပြပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိုဖြစ်ရပ်နှင့် ပါတ်သက်ပြီး သူမအနေနှင့် သူမ၏ အမှုအတွက် ရှေ့နေ လေးဦးကို ငှားရမ်းထားခြင်း ဖြစ်ရာ အမှုအတွက် တိုင်ပင်ရာတွင် ရှေ့နေ ၄ဦးလုံးနှင့် တွေ့ဆုံခွင့် ရှိရမည် ဖြစ်သလို သူမရှေ့နေအားလုံး၏ အကြံပေးချက်များကို နား ထောင်လိုသည်ဟု ပြောဆိုခဲ့ပြီး ထိုအတွက်တာဝန်ရှိသူများထံ တောင်းဆိုစာတစောင် ရေးသားရန်ကိုပါ ညွှန်ကြားခဲ့သည်ဟုသိရပါသည်။

ထို့အတူ သူမ၏ နေအိမ်ကို ပြုပြင်ရန်အတွက် ဗိသုကာ ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးခွင့်ကိုပါ ထည့်သွင်း တောင်းဆို ပေးရန်ကိုညွှန်ကြား ခဲ့သည်ဟု ဦးဥာဏ်ဝင်းမှ ပြောပါသည်။
ဗဟိုတရားရုံးချုပ်သို့ အယူခံသည် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပါသည်။ သူမျက်မြင် တွေ့ရှိရသလောက် ဒေါ်အောင်ဆန်းစုကြည်၏ ကျမ်းမာရေး အခြေအနေမှာ ကောင်းမွန်နေပုံ ရသည်ဟု ဦးဥာဏ်ဝင်းက ပြောပြသွားပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) http://saffrontoward.blogspot.com/2009/10/blog-post_29.html

အပြည့်အစုံသတင်းဖတ်ရန်....

ရန်ကုန်မြို့ရှိ လူငယ်များအကြား အတူနေမှုများ ရှိနေ

"Living together ဆိုတာ အနောက်နိုင်ငံတွေမှာသာ ယခင်ကတည်းက ရှိခဲ့တာပါ။ သူတို့ရဲ့ ယဉ်ကျေးမှုလို့ပြောရင်တောင် ရပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ လက်မထပ်ဘဲ အတူနေတာမျိုး မရှိခဲ့ပါ။ ဒီလိုကိစ္စမျိုးကိုဘယ်မိဘဆွေမျိုး ညီအစ်ကိုမောင်နှမများကမှ လက်သင့်မခံကြလို့ ဒီလိုလက်မထပ်ဘဲအတူနေတာမျိုး မရှိခဲ့တာပါ။ ယခုအချိန်မှာတော့ ရန်ကုန်မြို့နေ လူငယ် များအကြားအကြောင်းအမျိုးမျိုးကြောင့် လက်မထပ်ဘဲ အတူနေကြတာမျိုးတွေ ရှိလာတယ်" လို့နယ်မှ မိတ်ဆွေတစ်ဦး
ကပြောပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သုံးမည်ဟုဆို

လာမည့်နှစ် ဇန်နဝါရီ လဆန်းတွင် လွှင့်တင်မည့် ရတနာပုံ တယ်လီပို့၏ ဝက်ဘ်ဆိုက်တွင် ကွန်ပျူတာသုံး မြန်မာစာရိုက်စနစ် ယူနီကုဒ် အဖြစ် ဇော်ဂျီယူနီကုဒ်ကို သုံးစွဲဖွယ်ရာ ရှိကြောင်း အမည်မဖော်လိုသူ မြန်မာအိုင်တီပညာရှင် တစ်ဦးက လျှပ်တစ်ပြက်သို့ ပြောသည်။့

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်တွင်းကစာပေသမားများရဲ့ စာစောင်-အလံတော်သစ်ဂျာနယ်(New Flag Journal)

မြန်မာပြည်တွင်းကစာပေသမားများရဲ့ စာစောင်-အလံတော်သစ်ဂျာနယ်(New Flag Journal)

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, October 28, 2009

ထောင်ဒါဏ် ၁၅ နှစ် ချမှတ်ခံထားရသူ သားစိုးလေးအတွက် ရဲဘော်/ဘက်တွေရဲ့ ပြောစကားများ

The Best Manure 007

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, October 27, 2009

မြတ်ဘုရား ရွှေတိဂုံ...

အပိုင်း (၁)

အပိုင်း (၂)

အပြည့်အစုံသတင်းဖတ်ရန်....

အဆိုးဆုံး အရာသာ ပြော..မြန်မာ မပါရင် လက်သီးနဲ့ အထိုးခံ လိုက်မယ်.

ဘာသာရေးလွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံတွေထဲ မြန်မာ ပါဝင် 27 October 2009

ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့်ကို အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ တရုတ်နဲ့ ကျူးဘားနိုင်ငံတို့ ပါဝင်ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၈ ခုနှစ် ဇူလိုင်လကနေ ၂၀၀၉ ခုနှစ် ဇွန်လအတွင်း ကမ္ဘာတ၀န်း နိုင်ငံအသီးသီးရဲ့ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေကို သုံးသပ်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်ပတ်လည် အစီရင်ခံစာကို တနင်္လာနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့် ရှိတယ်လို့ ဆိုပေမဲ့ ဘာသာရေး အဖွဲ့အစည်းတွေ အပါအ၀င် အသင်းအပင်းတွေ လွတ်လပ်စွာ မဖွဲ့စည်းနိုင်သလို စုရုံး စည်းဝေးခွင့်လည်း ကန့်သတ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး မြှင့်တင်ကြတဲ့ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတော် အရှင်ဂမ္ဘီရ အပါအ၀င် ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေကိုလည်း ထောင်သွင်း အကျဉ်းချထားတဲ့အကြောင်း၊ ထေရ၀ါဒ သာသနာ ပြန့်ပွားရေး လုပ်ဆောင်နေတယ်လို့ ပြောပြီး ကျောင်းသားတွေ၊ ဆင်းရဲတဲ့ လူငယ်တွေကို ဗုဒ္ဓဘာသာထဲ အတင်းအဓမ္မ သိမ်းသွင်းနေကြောင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အစိုးရ ၀န်ထမ်းတွေကို ရာထူးတိုးမပေးဘဲ ထားတဲ့အကြောင်း၊ မွတ်ဆလင်တွေနဲ့ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တခြားဘာသာ ကိုးကွယ်သူတွေကို ကန့်သတ်ချုပ်ချယ်တာတွေ ရှိနေဆဲ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံစာရင်းထဲမှာ ထည့်သွင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံ တို့ကလည်း ဘာသာရေး လွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်နေတယ်လို့ ထောက်ပြထားပါတယ်။

ဘာရိန်း၊ အိန္ဒိယနဲ့ ဆားဘီးယား နိုင်ငံတို့ကတော့ ဘာသာရေး လွတ်လပ်ခွင့် အထိုက်အလျောက် တိုးတက်လာကြောင်း၊ တရုတ်နဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံတို့ကလည်း ဘာသာရေး ကန့်သတ်မှု တင်းကျပ်နေဆဲ ဖြစ်ပေမဲ့ နောက်ဆုံး အစီရင်ခံစာနဲ့စာရင် မသိမသာ တိုးတက်လာတာ တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ http://www.voanews.com/burmese/2009-10-27-voa2.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ဒီခွေး လက်ပေးဖို့  ရှက်နေတယ်..


မဟုတ်တာ တွေ လိမ်ရတော့လည်း..ဒီလိုပေါ့.. ခေါင်းမွှေးတောင်မရှိတော့ဖူး..
ခုလည်းကြည့် သူများတွေ ကြား..ညာစားနေတဲ့သူ..၀န်ချီးချုပ်တဲ့ လက်တောင် ဂျိုင်းအောက်သျှိုမဆွဲတတ်ဘူး..ဒီလောက် တော်တယ်လေ.သိတယ် မဟုတ်လား.
သူက သူများထက်စာတော် လို့  နိုင်ငံဂျား အစည်းအဝေးတက်ခွင့်ရတာဗျ. .နအဖ မှာ သူ ထက်ညံ့တဲ့ သူတွေ ချည်းဘဲဘိုးတော်ကြီဆို.YES.. NO ..OK ကလွဲ..ဘာမှမသိဘူး. ခိုးတာဘဲတတ်တယ်...

အပြည့်အစုံသတင်းဖတ်ရန်....

ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေတဲ့ သူတွေအာလုံးကို ကျေးဇူးတင်ကြောင်း အမှာစကား ပြောကြား။( မနက်ဖြန်ကိုညီညီအောင် အသက်၄၀ပြည့်မွေးနေ့ပါ)။

NNA tw23
သတင်း...ဒီမိုဝေယံ

အပြည့်အစုံသတင်းဖတ်ရန်....

မျက်လှည့်ပြကောင်းတာ..နအဖ...

ဘယ်လောက်ကြည်ညိုစရာကောင်းလိုက်တဲ့ လေးဆူဓါတ်ပုံ..မြန်မာ့ကြက်သရေဆောင်ရွှေတိဂုံဘုရားရဲ့ ပုံတော်ပါ

ရွှေတိဂုံဘုရားကြီးမှာ ဗိုလ်ချုပ်ခင်ညွန့် လက် ထက်က လုံးတော်ပြည့် ရွှေပြား ကပ်ပြီး ကြောင်း ကြေငြာချက် ထုတ်ခဲ့ ပါသည်။ ဤပုံကိုကြည့်ပါ..
သစ်စေးရာမရှိ..ဆေးညိုရောင်မရှိသော စေတီတော်ကြီး၏ ပုံ (အထက်)
ယခုအခါ စေတီတော် ၏ အောက်ခြေ နေရာ ပတ်လည်တွင် အလှုရှင် နာမည် ကဗျည်း ရေးထိုးထားသော ရွှေပြားများ မရှိတော့ပါ။ ( န-အ-ဖ ) ဘာလုပ်လိုက်သလဲ ။ ဓါတ်ပုံ များအား ယှဉ်ကြည့်ပါ။ ရွှေပြားကပ်ထားသောနေရာတွင် မူလီစုပ်ထားခဲ့ဖူးသော အကွက်များ မူလီရာများ ကို သာ မြင်တွေ့ ရပြီး ။ အထက်ဘက်ရွှေပြားများ ကဲ့သို့  အလှူရှင် နာမည် ဆောက်ဖြင့် ကဗျည်း ရေးတိုး ထားသော ရွှေ ပြားများ မရှိ တော့ကြောင်း ကို ဓါတ်ပုံ များအား အနီးကပ် ပုံ ကြီး ချဲ့  ကြည့် လျှင် မြင်ရပါမည် ။
ဤ ခေါင်းလောင်းမှောက် အောက်ခြေ လုံးပတ်နေရာမှ ရွှေပြားအရေအတွက်သည်..အဆင့်တူ..အပေါ်ရှူးသွားသော စေတီတော်၏ရွှေပြားများထက် အရေအတွက် ပိုများပါသည်။ (ပင်မ အောက်ခြေဖြစ်သောကြောင့်)

အညို အနုရောင် အရစ်တွင် ရွှေပြား ၃ ဆင့်။ အညို အရင့်ရောင် အဆင့်တွင်ရွှေပြား ၄ဆင့် ထို အောက်အဆင့်တွင် ၆ဆင့် ထိုအောက်တွင်..ဒီထက် များသောရွှေပြားများ..အထက်ပစ္စယံ လူသွားစင်္ကြန်အထိ..ရွှေပြားတွေ ချထားပါသည်..???? (စာဖတ်သူများ..ကိုယ်တိုင် မျက်စေ့ဖြင့်ရေတွက်နိုင်ပါသည်)။ဤ တန်နဲ့ ချီသော..ရွှေပြားတွေ ဘယ်ရောက်သွားပါသနည်း.)


ဤနေရာအောက်ခြေ လူမြင်သောနေရာမှ.. ရွှေပြား အလှူရှင်များသည်.. ကြီးကြီးမာစတာများသာ (ဖြစ်နေဆဲ ။ ဖြစ်ခဲ့ဘူးသူများ) ဖြစ်ကြပါသည်။ (မိမိနာမည် သူများမြင်စေရန်..သူထက်နေရာဦးရခဲ့ ဘူးသူတွေဖြစ်ပါသည်)
မိမိ အလှုရွှေပြားမရှိတော့သောအခါ.. သူတို့ ဘယ်လိုခံစားရပါသလည်း..
အခု ရွှေပြားခိုးသော လုပ်ရပ်သည်..လက်တလောဖြစ်ပျက်သော အရေးအခင်းသာဖြစ်သည်။
ပြီးခဲ့သော လကမှ..စေတီတော်ကို လက်တလောငြမ်းဆင်ပြီး..ရွှေခွ့ာခြင်း ဖြစ်၏။ အောက်ပါ ဓါတ်ပုံများကို ဆက်ကြည့်ပါ။

စေတီပေါ်တွင် အလုပ်လုပ်နေသောလူများကို အဝေးကပင် မြင်နိုင်ပါတယ်။
အရင် တလောကလေးကမှ ရွှေရောင် တ၀င်းဝင်းနှင့် ရွှေအပြည့်စေတီကြီးမှာ မျက်လှည့်ပြလိုက်သလို ချက်ခြင်းဘဲ လုံးပတ်တော် တ၀ိုက်က ၀င်းလက်နေတဲ့ ရွှေပြားတွေ ရုတ်ချည်း ပျောက်သွားခဲ့ပြီး တောက..ဘုရားအိုကြီး လို စေတီအောက်ခြေတစ်ခုလုံး ညိုမဲ သွားတာပါ။.

အခုလတ်တလော မြင်ရတဲ့ပုံ..ကဒီလိုပါ။
ဒီလို ဘယ်သူလုပ်နိုင်ပါသလည်း...ဘယ်သူအာဏာရှိပါသလည်း.

ဘယ်သူက အများလှူသော အလှူကို ကြက်သရေ အယုတ်ခံ ခိုးရဲပါသလည်း..အဖြေက တခုဘဲရှိပါတယ်။

သူကလွဲ ဘယ်သူရှိမလည်း..

ဒေးဗစ်ကောပါးဖီး က ကမ္ဘာကျော်မျက်လှည့်ဆရာကြီးပါ. ကျွန်းတကျွန်းလုံး ဖျောက်ပြတယ်။ ဆင်ကြီးတကောင်လုံး ဖျောက်ပြတယ်။ ဂရိတ်ဝေါကို ဖောက်ဝင်ပြတယ်။ စွမ်းတယ်ပေါ့ဗျာ..
ဒေးဗစ်ကောပါဖီးက..လေယာဉ်ပျံကြီးတခုလုံးကို ကြည့်သူတွေ ရှေ့တင် ဘဲဖျောက်ပြဖူးပါတယ်..

နအဖကတော့.ရွှေတိဂုံက ရွှေပြားတွေ ဖျောက်ပြတယ်ခင်ဗျ။.

ဒေးဗစ် ကောပါဖီးက..လေယာဉ်ပျံကို ဖျောက်ပြပြီး ပြန်ဖော်ပြတယ်. နအဖ က ရွှေပြားတွေ ပြန်ခေါ်...ပြန်ဖော်မပြဖူး..
ရေအဆုံး..ကုန်းတစ်ဝက်ဆိုတဲ့ စကားမှားတယ်..ဘဲ.. နအဖဘုံးရင်...အဆုံးဘဲဗျို့ 
လုံးလုံးပျောက်သွားပြီ...
အို အို.... တယ်တော်တာလား..တယ်ရှော်တာလား တယ် ဆော်လှချည်လား..

မှတ်ချက်...ဒီရွှေပြားတွေ အရည်ပျော်..ဒေါ်လာဖြစ်ချင်လည်း ဖြစ်မည်။. ဘရူးနိုင်းစော်ဘွားကို အားကျ.ပြီး အီးအီးပါ တိုင်ရန် ကမုတ်ကို..ဘုရင်ရူးကြီး က ဒီရွှေနဲ့  လုပ်ချှင်လည်း လုပ်မည်။
အချို့ ကလည်း..သေပြည်တော်က..သန်းရွှေကောင်းမှု အမည်ခံ ရွှေတိဂုံ အတု မှာ..တတ်ထားရန်ဟု ပြောကြသည်။ သတင်းစာအစောင်စောင်တွေ အလှူခံသော်လည်း. သူ့ ဘုရားကို မည်သူမှ မလှူကြသောကြောင့်ဟု ဆိုပါသည်။

အချို့ ကလည်း..သန်းရွှေ၏ ရွှေတိဂုံ အတု ဘုရားကို မှာ..ရွှေတိဂုံ ဘုရားဓါတ်ကူုးရန် လူရူး ဘိုးတော်၏အကြံကို ယူပြီး လုပ်သည် ဟု ပြောကြသည်.
အသေးစိတ်အား.မည်သူမှ မသိပါ။
မည်သို့ ပင်ဖြစ်စေ..ခိုးမှု သည် ခိုးမှုသာ ဖြစ်၏
ရွှေပြားပျောက်သွားသည် ကအများမျက်မြင်သက်သေဖြစ်ပါသည်။ ရွှေပြားတချပ်သည်..အလေးချိန် ငါးကျပ်သား အနည်းဆုံးရှိပါသည်။
ရွှေပြားမည်မျှ ခွါသွားသည်..တန်ဘိုး မည်မျှ တန်ဖိုးရှိ ကြောင်း မိမိဖာသာတွက်ချက် ကြည့်ရှူကြပါကုန်။

အပြည့်အစုံသတင်းဖတ်ရန်....

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း

UDHR Booklet

အပြည့်အစုံသတင်းဖတ်ရန်....

လက်ပါးစေ အေးလွင်၏ နိုင်ငံရေးအဖွဲ့ချုပ်မှ အရှက်တရားမဲ့ တောင်းဆိုစာ

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် မှ တိုင်မှူးသို့ တောင်းခံစာကို လေ့လာနိုင်ရန် တည်ပြလိုက်ပါသည်။ aung lwin party
ကိုဗိုက်ပူ မှမျှဝေပေးသည်။

အပြည့်အစုံသတင်းဖတ်ရန်....

မဲဆောက်ရှိ ကရင်ခေါင်းဆောင် နေအိမ်များကို ထိုင်းက ဝင်စစ်

Tuesday, 27 October 2009 19:25 အေးလဲ့

ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များ၏ နေအိမ်သို့ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ KNU ဗိုလ်မှူးကြီး နာဒါးမြ၏ ဇနီး နေအိမ်၌ မိုင်းဗုံးနှင့် ပတ်သက်သည့် ခဲယမ်းမီးကျောက် တချို့ တွေ့ရသဖြင့် သူ၏ဇနီးကို ဖမ်းဆီးထားကြောင်း KNU သတင်းရပ်ကွက်က ပြောသည်။

“KNU ခေါင်းဆောင် အိမ်တွေကို မနက် ၆ နာရီမှာ ဝင်တယ်၊ အဓိက လက်နက်ခဲယမ်းမီးကျောက် ရှာတာ၊ ထိုင်းစစ်တပ်က အတိုက်အခံ ရုံးတွေပါ ဝင်စစ်မယ်လို့ ပြောတယ်” ဟု KNU အဖွဲ့ဝင်တဦးက ပြောသည်။

ဗိုလ်ချုပ် တာမလာဘော၊ ဒုဥက္ကဋ္ဌ စောဒေးဗစ် သာကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် နှင့် KNU စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များ၏ နေအိမ် ၁၀ အိမ်ခန့် ရှာဖွေခံရသည်ဟု ဆိုသည်။

KNU ခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီး နာဒါးမြသည် ယခုနှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း လက်နက် တရားမဝင် ကိုင်ဆောင်မှုဖြင့် ထိုင်းအာဏာပိုင်များက တရားစွဲဆိုခဲ့ဖူးသည်။

ဝင်ရောက် စစ်ဆေးမည့် သတင်းကို ကြိုတင် ကြားသိ ထားသဖြင့် ယမန်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့ တဘက်ကမ်းရှိ မဲဆောက်မြို့မှ စာသင်ကျောင်းတချို့ နှင့် မြန်မာာပြည်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတို့ ရုံးခန်းများ၊ ပိတ်ထားကြောင်း သိရသည်။

ယခုနှစ် အစောပိုင်းမှစ၍ ထိုင်းအာဏာပိုင်များက KNU စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာပြည်ရှိ ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေသို့ ပြန်ရန် ဖိအားပေးခဲ့သည်။

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသော KNU သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။

ပြီးခဲ့သည့် နှစ်များ အတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်း၊ KNU ထိန်းချုပ်သည့် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ် တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ဧရာဝတီ သတင်းမှ

အပြည့်အစုံသတင်းဖတ်ရန်....

Monday, October 26, 2009

ကျိန်စာသင့်နေသော မြန်မာ့ စွမ်းအင်.

Curse of Burma Energy 2

အပြည့်အစုံသတင်းဖတ်ရန်....

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိ လင်္ကာသို့ သွားမည်

မဇ္မျိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သီရိလင်္ကာနိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရှေ့လအတွင်း သွားရောက်လည်ပတ်မှာ ဖြစ်သည်ဟု စစ်အစိုးရ သတင်းရပ်ကွက်များအရ သိရသည်။

ခရီးစဉ် အသေးစိတ်နှင့် ပတ်သက်၍ စုံစမ်း၍ မရနိုင် သေးသော်လည်း ဝန်ကြီးများနှင့် အရာရှိ အများအပြား ပါဝင်မည့် ခရီးစဉ်ကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ဖွယ်ရှိပြီး အသစ်ဝ ယ်ယူထားသည့် မြန်မာ အဲယားဝေး အင်တာနေရှင် (အမ်အေအိုင်)၏ လေယာဉ်ဖြင့် သွားရောက်မှာဖြစ်ကာ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နေပြည်တော်သို့ ပြန်ရောက်ဖွယ် ရှိသည်ဟု သတင်း ရပ်ကွက်များက ပြောသည်။

ခရီးစဉ်သည် ဇွန်လအတွင်းက သီရိလင်္ကာသမ္မတ Mahinda Rajapaksa လာရောက် လည်ပတ်မှုနောက် အပြန်အလှန်အားဖြင့် သွားရောက်ရခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်အတွင်း သီရိလင်္ကာရှိ ဘာသာရေးဆိုင်ရာ နေရာများကိုလည်း ဘုရားဖူး သွားရောက်မှာ ဖြစ်သည်။

အသုံးအဖြုံး ကြီးလွန်းလှသည်ဟု နာမည်ကျော်သော စစ်ခေါင်းဆောင်၏ မိသားစုသည်လည်း ခရီးစဉ်တွင် ပါဝင်မည်ဟု သိရသည်။

source by : မဇ္ဈိမ

အပြည့်အစုံသတင်းဖတ်ရန်....

၁၉၈၉ က ဒေါ်အောင်ဆန်းစုကြည်အတွက် သုံးရောင်ချယ်ရဲ့ ကဗျာ


အပြည့်အစုံသတင်းဖတ်ရန်....

အပေါင်းအပါကြီးများ..

အပြည့်အစုံသတင်းဖတ်ရန်....

ဗုဒ္ဓဘာသာ ဆိုသည်မှာ

(၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်၊
အဲဒီနှီးနှောဖလှယ်ပွဲမှာ Ashin Tikkhanyanalinkara ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်းလေးကို
မျှဝေလိုက်ပါတယ်)
Theravada Buddhist Foundation

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, October 25, 2009

အနှိပ်စက်ခံ ပြည်သူတို့ ဘဝ

ဓါတ်ပုံပေါ် ကလစ် နှိပ်၍အကြီးကြည့်ပါ။

ယခု အဖြစ် အပျက်အား ကိုနစ်နေမန်း ဘလော့ဂ် မှ အများ ပြည်သူ ပိုမို သိရှိစေရန် အတွက် ထပ်ဆင့် ကူးယူ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည် ။ ယခု အဖြစ်အပျက်ကဲ့သို့သော အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး ဆိုင်ရာ ၀န်ထမ်းများ၏ မတရား အမှုဆင် ဖမ်းဆီး ထောင်ချခြင်း ၊ ကျေးလက် ဒေသရှိ ပြည်သူများ၏ အသိအမြင် အားနည်းမှု များကို အခွင့်ကောင်း ယူကာ မတရား ငွေတောင်းခံခြင်းတို့သည် မြန်မာပြည် အရပ်ရပ်တွင် တနေ့ထက် တနေ့ ပိုမို ဆိုးဝါးစွာ ပေါ်ပေါက်လျှက် ရှိနေပါသည် ။ ၎င်း အဖြစ်အပျက်များကို တတ်သိ နားလည် ကြသည် ပြည်သူများ အနေနှင့် လက်ပိုက် ကြည့်မနေကြပဲ မတရားမှု များကို ၀ိုင်းဝန်း ဖော်ထုတ်ကြပြီး ပြည်သူများ၏ နှိပ်စက်ခံ ဘ၀တို့ကို အမြန်ဆုံး ကယ်တင် ပေးကြပါလို့ တိုက်တွန်းလိုက် ပါရစေ ခင်ဗျား....။

အပြည့်အစုံသတင်းဖတ်ရန်....

Aung San Suu Kyi (On the road to Mandalay)


bdcburma မှ မျှပါသည်

အပြည့်အစုံသတင်းဖတ်ရန်....

U2 360° Walk On Aung San Suu Kyi Burma Myanmar


U2 360° Tour from Norman, OK, October 18, 2009. Excerpt of the song "Walk On" dedicated to Aung San Suu Kyi, the imprisoned leader of Burma (Myanmar) and 1991 Nobel Peace Prize recipient. Peace to all Peoples and Nations!

အပြည့်အစုံသတင်းဖတ်ရန်....

ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး (ရှားပါးသမိုင်းဝင်ဓာတ်ပုံ)


ဗမာပြည်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာပြည်၏ ထင်ရှားသော လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်၊ တောင်သူလယ်သမားအရေးတော်ပုံမှ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ သမီး ဒေါ်စိန်တို့ တွေ့ဆုံကြစဉ်ဖြစ်သည်။

၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ တောင်သူလယ်သမားနေ့ ချီတက်ပွဲသို့ ဆရာစံ၏ သမီး- ဒေါ်စိန်နှင့် ဆရာစံ၏ သား- ဦးအေး၊ မြေး- ကိုအောင်မောင်းတို့ လာရောက်စဉ်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အိမ်တွင် ဧည့်ခံစဉ် ကြုံတောင့်ကြုံခဲ ဆုံတွေ့ကြပုံ။

(၁၅၊ ၃၊ ၁၉၇၁) ထုတ် အိုးဝေဂျာနယ်၊ အိုးဝေမှတ်တမ်းတင် ဓာတ်ပုံသတင်းမှ ရယူမျှဝေသည်။


သူရဲကြီး
(Thanks a lot to my special friend, Tha Ye` Gyi (သူရဲကြီး) who give me the above photo to post in my blog)

Tags: arts, photo, news, politic, myanmar, daw aung san suu kyi, ideas
http://bigbbrown.blogspot.com/2009/10/heroes-daughters.html မှ

အပြည့်အစုံသတင်းဖတ်ရန်....

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း


အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အမျိုးသားလွတ်မြောက်ရေး ဆောင်ရွက်မှု အနေဖြင့် ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ လားရှိုးစသော မြို့များတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပို့စကဒ် များအား ကျောင်းများ ၊ ကားဂိတ်များတွင် လိုက်လံကပ်သည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ပါသည်။

ထိုသို့ လှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၊ နိုင်ငံတ၀ှမ်း သမဂ္ဂများပေါ်ပေါက်ရေး ၊ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေး နှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်ရေးတို့ ဖြစ်ပါသည်။

ထိုရည်ရွယ်ချက်များအတိုင်း ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အောင်မြင်သည် အထိ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကိုသန်းနိုင် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၊ UBST.BURMA@GMAIL.COM သို့ ဆက်သွယ်နိုင်ပါသည်။

" အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအောင်ရမည် "
နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
UBST Movement

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်