Tuesday, December 15, 2009

နအဖ၏ ဒို့တာဝန် အရေးသုံးပါး


ဒို့တာဝန် အရေးသုံးပါး

တရုတ်ပြည်သူ့ သမ္မတ မြန်မာ နိုင်ငံတော် မပြိုကွဲရေး… ဒို့အရေး
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး… ဒို့အရေး
ဗိုလ်ချုပ်မှုးကြီး အာဏာ တည်တံ့ခိုင်မြဲရေး… ဒို့အရေး

ပြည်သူ့သဘောထား
-တရုတ်အားကိုး ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ
-နိုင်ငံတော် တည်ငြိမ် မအေးချမ်းမှန်း သိသာစေရန် မေ့လောက်ရှိ ကိုယ့်ဟာကိုယ်ဗုံးထထ ဖောက်သူများအား ဆန့်ကျင်ကြ
-နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော (အနောက်) နိုင်ငံများအားဆန့်ကျင်ကြ

နိုင်ငံရေး ဦးတည်ချက် (၄) ရပ်
-နိုင်ငံတော် တည်ငြိမ်ရေး၊ ဧည့်စာရင်း မှန်မှန်တိုင်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး အမျိုးသား ပြန်လည် ငြိမ်ကုပ် ပိပြားရေး
-နှစ်၅၀ အချိန်ယူ ရေးဆွဲသင့်သော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြစ်ပေါ်လာရေး
-ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ ခေတ်မီ ဖွံ့ထွား တုတ်ခိုင်သော နိုင်ငံတော် သစ်တစ်ရပ် တည်ဆောက်ရေး

စီးပွားရေး ဦးတည်ချက် (၄) ရပ်
- ရှိတာအကုန် ရောင်းစားရေးကို အခြေခံ၍ တပ်မတော်ကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
- (ညဖက်မှ အလုပ်ဖြစ်သည့်) ဇီးကွက် စီးပွားရေးစံနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး
- ပြည်တွင်း အာရှမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ ကုန်ဈေးနှုန်း ပြန်မကျထိုးတက်အောင် တည်ဆောက်ရေး
- နိုင်ငံတော် စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် တပ်မတော်နှင့်စက်မှုလယ်ယာ ၀န်ကြီးဌာနတို့၏ လက်ဝယ်တွင် ရှိရေး

လူမှုရေး ဦးတည်ချက် (၄) ရပ်
- တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး အတွက် နယ်ချဲ့ တော်လှန်ရေး ဗီဒီယို
များများရိုက်၍ ယဉ်ကျေးမှု အမွေအနှစ်များ နောင် မပျောက်ပျက်ရန် အခုကတည်းက ထုံးသုတ်ပစ်ရေး
- မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရန် လူငယ်တိုင်း တပ်မတော်သို့ ၀င်ရေး
- တစ်မျိုးသားလုံး ပြည်တွင်းဖြစ်ကို အားပေးရင်း ကျန်းမာ ကြံ့ခိုင်ရေးနှင့် နိုင်ငံခြား ထွက်နိုင်သူများ ပညာရည် မြင့်မားရေး

ရွှေနန္ဒ shwenanda
http://shwenanda.blogspot.com/

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်