Monday, November 30, 2009

အိုဘဲ့မြန်မာတပ်မတော်သား...အဖေကျော် ပတွေးတော် လွမ်းနေတုန်းလား


ရုပ်ဆင်း ဥပဓိရုပ်ကလည်း ကွာပါ့ ဗျာ..ယှဉ်ပြမှ...ရွှေဖလားနဲ့  သေးအိုး ဂန်ဖလား ယှဉ်ချထားတဲ့အတိုင်း..
ဂုဏ်သတင်းကျော်ကြားသော ဗိုလ်ချုပ်အဖေ နဲ့  ဖာတန်းက ထလာတဲ့ အနုတ်စုတ်ကလေကချေ
မစ္စတာ ခရီရေတာ ခင်ဗျား..နောင်ကို ကျနော်တို့  ခေါင်းဆောင်ကြီးကို..ဒီ စုတ်စုတ်ပြတ်ပြတ်..ဖာဂေါင်းနဲ့  ယှဉ်မချပါနဲ့  ဗျာ..
သနပါတယ်။
ခွေးကြွေးတောင် ဟပ်မစားမဲ့  ရုပ်နဲ့  ထိုင်နေတဲ့ ဘီလူးကြီးဗျာ ကျွန်းခုံကြီးနဲ့ တောင်မတန်ဖူး..

အပြည့်အစုံသတင်းဖတ်ရန်....

နိုဝင်ဘာ (၃၀) ၂၀၀၉ သတင်းများ

30 Nov 2009 Diary

အပြည့်အစုံသတင်းဖတ်ရန်....

အမေမွေးထားတဲ့ မျက်စိပါတာတောင် ကြည့်ခွင့်မရတဲ့နေရာများ

35. ForBiddend Glimpses of Shan State Burmese

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ˝

Monday, 30 November 2009 19:26 ကေလတ်

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် သမ္မတစနစ်ကို အခြေပြုသည်ဟု လူအများက ယူဆကြသည်။ သို့သော် ဤအခြေခံဥပဒေ၌ အသုံးပြုထားသော သမ္မတစနစ်သည် ပုံစံအသစ် ဖြစ်ပြီး ကမ္ဘာတလွှား၌ အသုံးပြုနေကြသော အခြားသော သမ္မတစနစ်များနှင့် ကွဲပြားခြားနားသည်။

အခြေခံဥပဒေအရ သမ္မတ တဦးနှင့် ဒုတိယသမ္မတ နှစ်ဦးတို့ကို အစုအဖွဲ့ (၃)ဖွဲ့ ပါဝင်သာ သမ္မတ ရွေးချယ်တင်မြောက်ရေးအဖွဲ့က ရွေးချယ်တင်မြောက်ရမည်။ အခြားသမ္မတ စနစ်များတွင်ကဲ့သို့ သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခြင်း မဟုတ်ပါ။

ယေဘုယျအားဖြင့် ကမ္ဘာပေါ်တွင် အစိုးရအုပ်ချုပ်ပုံစနစ် (၃)မျိုး ရှိသည်။ ပါလီမန်စနစ်၊ သမ္မတစနစ်နှင့် တ၀က်တပျက်သမ္မတစနစ် သို့မဟုတ် ပေါင်းစပ်စနစ် ဟူ၍ ဖြစ်သည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာများ ခွဲဝေ ပိုင်းခြားပုံတို့သည် နိုင်ငံအလိုက် ကွဲပြားခြားနားမှုများ ရှိကြသည်။

ပါလီမန်စနစ်တွင် အုပ်ချုပ်ရေးအဖွဲ့ကို ပါလီမန်တွင် ရွေးချယ်ဖွဲ့စည်းကြသည်။ နိုင်ငံရးပါတီတခုသည် ပါလီမန်တွင် အများစု အနိုင်ရရှိပါက အစိုးရဖွဲ့ခွင့် ရှိသည်။ မည်သည့်ပါတီကမျှ အများစု အနိုင်မရပါက နိုင်ငံရေးပါတီများအကြား အစိုးရဖွဲ့ရန် အပေးအယူ လုပ်ရသည်။ အစိုးရအနေဖြင့် ပါလီမန်တွင် အများစု၏ယုံကြည်မှုကို ရရှိနေသရွေ့ အုပ်ချုပ်ခွင့်ရနေမည်ဖြစ် သည်။

ဖေါ်ပြပါစနစ်တွင် နိုင်ငံတော်အကြီးအကဲ၌ အုပ်ချုပ်ရေးအာဏာမရှိ၊ မြန်မာပြည်၏ ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်ပြီး ဂုဏ်ထူးဆောင် အကြီးအကဲသက်သက်သာ ဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော ၀န်ကြီးချုပ်၌သာ အုပ်ချုပ်ရေးအာဏာ ရှိသည်။ တချို့ကိစ္စများတွင်သာ သမ္မတသည် အုပ်ချုပ်မှုအာဏာကို အကန့်အသတ်ဖြင့် သုံးစွဲပိုင်ခွင့်ရှိသည်။

ပါလီမန်စနစ်ကို အသုံးပြုသောနိုင်ငံများတွင် အင်္ဂလန်နိုင်ငံ၊ ဥရောပရှိနိုင်ငံများနှင့် အာဖရိကတိုက်ရှိ ဗြိတိသျှကိုလိုနီဖြစ်ဖူးသော နိုင်ငံများ ပါဝင်သည်။ အစ္စရေး၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ နှင့် အာရှရှိ ဗြိတိသျှကိုလိုနီ ဖြစ်ဖူးသော နိုင်ငံများကလည်း ဤစနစ်ကို အသုံးပြုကြသည်။

သမ္မတစနစ်တွင်မူ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများကို ခွဲခြားထားသည်။ သမ္မတများသည် အစိုးရအဖွဲ့၏ အကြီးအကဲများ ဖြစ်ကြပြီး ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ကြသည်။ သမ္မတသည် အစိုးရအဖွဲ့ဝင်များကို သူ့စိတ်ကြိုက် ရွေးချယ်တာဝန်ပေးသည်။ အစိုးရအဖွဲ့ဝင်များသည် ပါလီမန်အမတ်များဖြစ်စရာ မလိုပေ။ သာမန်အားဖြင့် ပါလီမန်တွင် အယုံအကြည်မရှိအဆိုဖြင့် သမ္မတကို ဖြုတ်ချ၍မရပေ။ သမ္မတသည် နိုင်ငံတော်အကြီးအကဲလည်း ဖြစ်သည်။

သမ္မတစနစ်ကို အသုံးပြုသောနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုနှင့် လက်တင် အမေရိကရှိနိုင်ငံများ ပါဝင်ကြသည်။ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ အီရန်၊ တောင်ကိုရီးယားနှင့် သီရီလင်္ကာတို့လည်း ဤသမ္မတစနစ်ကို အသုံးပြုကြသည်။

"တ၀က်တပျက်သမ္မတစနစ်" ဟုခေါ်သော ပေါင်းစပ်စနစ်တမျိုးလည်း ရှိသေးသည်။ "သမ္မတ ပါလီမန်စနစ်" ဟုလည်း ခေါ်ကြသည်။ အကယ်၍ အခြေခံဥပဒေက သမ္မတ၏လုပ်ပိုင်ခွင့်များကို အလေးပေးပါက "သမ္မတ ပါလီမန်စနစ်" ဟုခေါ်ဝေါ်ကြပြီး၊ အကယ်၍ ပါလီမန်ကို အာဏာပိုမိုပေးအပ်ထားပါက "တ၀က်တပျက်ပါလီမန်စနစ်" ဟုခေါ်ဝေါ်ကြသည်။ ဤစနစ်တွင် သမ္မတနှင့် ၀န်ကြီးချုပ်နှစ်ဦးစလုံးက အုပ်ချုပ်ရေးအာဏာကို ခွဲဝေယူထားကြသည်။ များသောအားဖြင့် သမ္မတက ၀န်ကြီးချုပ်များကို ခန့်အပ်လေ့ရှိကြပြီး ၀န်ကြီးချုပ်များသည် သမ္မတများ၏ နိုင်ငံရေးပါတီဝင်များ ဟုတ်ချင်မှ ဟုတ်ကြသည်။

ပြင်သစ်အစိုးရသည် "တ၀က်တပျက်သမ္မတစနစ်" ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် သမ္မတသည် ၀န်ကြီးချုပ်ကိုခန့်အပ်ပြီး အစိုးရအဖွဲ့ဝင်များကိုလည်း သူကရွေးချယ်တာဝန်ပေးအပ်သည်။ သမ္မတသည် နိုင်ငံခြားရေးရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ပြီး တိုင်းပြည်၏ ပြည်တွင်းရေးရာ ကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ၀န်ကြီးချုပ်က တာဝန်ယူလေ့ရှိသည်။ ဤစနစ်ကိုကျင့်သုံးသော အခြားနိုင်ငံများမှာ အနောက်အာဖရိကရှိ ပြင်သစ်ကိုလိုနီ ဟောင်းများဖြစ်ကြသည်။ ကုတ်ဒီအိုင်ဗွာ၊ ဂါပွန်၊ မာလီနှင့် ဆီနီဂေါနိုင်ငံများ၊ ပိုလန်နှင့် ဘူဂေး ရီးယားကဲ့သို့သော အရှေ့ဥရောပနိုင်ငံများ ဖြစ်ကြသည်။

သမ္မတစနစ် သို့မဟုတ် တ၀က်တပျက် သမ္မတစနစ် အများစုတွင် သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်သည်။ သို့သော် တချို့နိုင်ငံများတွင် လွှတ်တော်က သမ္မတ နှင့် ၀န်ကြီးချုပ်ကို ရွေးချယ်ကြသည်။

တောင်အာဖရိကတွင် အမျိုးသားလွှတ်တော်က နိုင်ငံတော်၏ အကြီးအကဲလည်းဖြစ်၊ အစိုးရအဖွဲ့၏ အကြီးအကဲလည်းဖြစ်သော သမ္မတကို ရွေးချယ်သည်။ တောင်အာဖရိကနိုင်ငံ၏ ပါလီမန်တွင် "အမျိုးသားလွှတ်တော်” နှင့် "ခရိုင်အမျိုးသားကောင်စီ" များပါဝင်ကြသည်။ "အမျိုးသားလွှတ်တော်" တွင် နေရာ ၄၀၀ ရှိပြီး ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင် မြှောက်ကြသည်။ "ခရိုင်အမျိုးသားကောင်စီ”ကို ခရိုင်တခုချင်းစီမှ ပို့လွှတ်သော ကိုယ်စားလှယ် (၁၀)ဦးစီဖြင့် ဖွဲ့စည်းသည်။

“အမျိုးသားလွှတ်တော်" တွင် အများစုအနိုင်ရသောပါတီ သို့မဟုတ် ညွန့်ပေါင်းပါတီများ၏ ခေါင်းဆောင်သည် သမ္မတဖြစ်လာသည်။ သမ္မတနှင့် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သော အစိုးရအဖွဲ့ဝင်များသည် ပါလီမန်ကို တာဝန်ခံရသည်။

မြန်မာပြည်၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော သမ္မတစနစ်မှာ စစ်မှန်သော သမ္မတစနစ်မဟုတ်ပဲ အမေရိကန်ပြည်ထောင်စု၏ "သမ္မတစနစ်" သို့မဟုတ် ပြင်သစ်နိုင်ငံ၏ "တ၀က်တ ပျက်သမ္မတစနစ်" များ၏ စရိုက်လက္ခဏာများနှင့်လည်း ကိုက်ညီခြင်းမရှိပါ။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ သမ္မတကို သမ္မတရွေးချယ်အဖွဲ့ဖြစ်သော အစုအဖွဲ့ သုံးခုက ရွေးချယ်တင်မြှောက်သည်။

ပထမအစုအဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပြီး ဒုတိယအစုအဖွဲ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။ တတိယအစုအဖွဲ့တွင် ပထမနှင့် ဒုတိယ အစုအဖွဲ့များတွင် မပါဝင်သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။

အစုအဖွဲ့တခုချင်းစီက လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ၊ ဒုတိယသမ္မတဦးစီးကို ရွေးချယ် တင်မြှောက်ရမည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်အားလုံး ပါဝင်သော ထို သမ္မတ ရွေးချယ်ရေးအဖွဲ့က ဒုတိယသမ္မတ (၃) ဦးအနက်မှ သမ္မတတဦးကို ရွေးချယ် တင်မြှောက်ရမည်။

သမ္မတသည် နိုင်ငံတော်အကြီးအကဲဖြစ်ပြီး အစိုးရအဖွဲ့၏ အကြီးအကဲလည်း ဖြစ်သည်။ အစိုးရအဖွဲ့ဝင်များကို သမ္မတက ရွေးချယ်ခန့်အပ်သည်။ သမ္မတသည် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်သော်လည်း အုပ်ချုပ်ရေးအာဏာ အပြည့်ရှိသည်။ ဤစနစ်သည် သမ္မတရွေးချယ်ပုံ နည်းစနစ် အသစ် ဖြစ်ပြီး မြန်မာပြည်တခုတည်း၌သာ ရှိလာမည့် စနစ် ဖြစ်သည်။

ဤစနစ်တွင် ပြည်သူ့လွှတ်တော်၌ အများစုအနိုင်ရရှိသော နိုင်ငံရေးပါတီသည် အစိုးရဖွဲ့ခွင့်ရမည် ဟူ၍ မပြောနိုင်ပါ။ ပြည်သူ့လွှတ်တော်တွင် နေရာ (၄၄၀)ရှိသော်လည်း နေရာ (၁၁၀) သည် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သောနေရာများ ဖြစ်သည်။

နိုင်ငံရေးပါတီတခုသည် သမ္မတရွေးချယ်ရေးအဖွဲ့သို့ ဒုတိယသမ္မတ တယောက် ရွေးချယ်ခွင့်ရနိုင်သည်။ဤဒုတိယသမ္မတက လွှတ်တော်နှစ်ရပ်ပေါင်း ဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင် သမ္မတအဖြစ် အရွေးချယ်ခံရမှသာလျင် အစိုးရဖွဲ့ခွင့် ရမည်ဖြစ်သည်။

သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခံရပြီးချိန်တွင် သူတို့သည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ပါက ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ရမည် ဖြစ်သည်။ ၎င်းတို့သည် သက်ဆိုင်ရာနိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများနှင့်လည်း ကင်းကွာရမည်ဖြစ်သည်။ သူတို့ကို "အယုံအကြည်မရှိအဆို" ဖြင့် ဖြုတ်ချ၍မရပေ။ သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို အခြေခံဥပဒေ အရ စွပ်စွဲပြစ်တင်ခြင်းနည်းလမ်းဖြင့်သာ ဖြုတ်ချ သို့မဟုတ် အစားထိုးခန့်ထားနိုင်သည်။

လေ့လာသူအများက မြန်မာပြည်၏ အခြေခံဥပဒေသစ်ကို "မြန်မာ့နည်းမြန်မာ့ဟန်" ဖြင့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" ဟူသည့် စစ်အစိုးရ၏ အယူအဆကို အကောင်အထည် ဖော်ခြင်းဟု ယူဆကြသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များက ပထမဆုံးပါလီမန်ကို ဖွဲ့စည်းကြမည်ဖြစ်ပြီး အစိုးရ အသစ်တခု ပေါ်ပေါက်လာမည်ဖြစ်သည်။

ဤတွင် ဤအစိုးရအနေဖြင့် တိုင်းပြည်ကို မည်မျှ ထိရောက်စွာ အုပ်ချုပ်နိုင်မည်နည်း၊ ပြည်သူလူထု၏ အကျိုးစီးပွားကို မည်မျှ ထမ်းရွက်နိုင်မည်နည်း ဟူသော မေးခွန်းများ ဆက်လက် တည်ရှိနေမည် ဖြစ်သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2215:2009-11-30-12-27-22&catid=21:2009-10-08-04-58-47&Itemid=253

အပြည့်အစုံသတင်းဖတ်ရန်....

မထသ ဥက္ကဠ ဆက်ကြေးအတောင်းကြမ်း၍ ကားသမားများသည်းညူနေ

မထသ ဥက္ကဠ ဦးမိုးသီးခေါ် ဦးစံသွင်မှာ သက္ကန်းညီနောင်တပ်မ ဌာနချူပ်နေရာတွင် ဂိတ်ဖွင့်ကာ ၁၂ ဘီး၊ ၁၀ ဘီး၊၆ ဘီး၊ မှန်လုံကြီး၊ မှန်လုံသေး၊ ဟိုင်းလတ် ကားများကို မထသကြေး၊ ကျောက်ကြေး၊ကညနကြေး၊ အသက်အာမခံကြေးဆိုပြီး ကောက်ခံ ပါတယ်။ ဦးမိုးသီးကောက်ခံပုံမှာ ကားလေးတစ်စီး ၂၀၀၀ိ/ ကျပ် မှ ကားကြီး ၂၅၀၀၀ိ/ကျပ် အပြင် ညနေ ရောက်မှသွားရသော ဆယ်ဘီး ကား များမှာ ကိုလည်း တင်ထားသည့် ကုန်ပစ္စည်းကိုလိုက်၍ ၆ သောင်း မှ ၁ သိန်းအထိကောက်ခံနေပါသည်..

ကားသမားများ မှာ ဘယ်သူကိုမှလည်းမတိုင်ရဲ..တိုင်ရင်လည်း DKBA တပ်သားများ၏ ၀ိုင်းဝန်းထိုးခြင်းကို ခံရပါသည်…
ကားမောင်းသည့်ပိုက်ဆံမှာလည်း သူတို့ဝိုင်းညှစ်သည်နှင့် ကိုယ့်အတွက်ပင်မကျန်တော့ပါသည်….ဦးမိုးသီးသည် မြ၀တီမှ ဘားအံသို့သွားသော ကားတိုင်းကို အဲဒီလို ခြိမ်းခြောက် အလှုငွေတောင်းခံနေခြင်းမှာ အလွန်ကို မိုက်ရိုင်းကြောင်းကို အထိုးခံရသော ကားသမားတစ်ဦးမှပေးပို့လိုက်ပါသည်….ပြည်သူတွေသိအောင်ဖော်ပြပေးစေလိုပါသည်…………

အပြည့်အစုံသတင်းဖတ်ရန်....

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၆လ၊ (၇၈)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားဓာတ်ပုံမှတ်တမ်း


ဓာတ်ပုံ..... ကိုပွား။...။

အပြည့်အစုံသတင်းဖတ်ရန်....

သောက်ရှက်မရှိတဲ့ မျက်ခွက်နဲ့  အာပုပ်စော်နံ ပါးစပ်က လိမ်ပြန်ပြီ..

ကဲ ဒီရုပ်ကြီးဘဲကြည့်ပါဗျာ..လိမ်လား မလိမ်လား..ဘာတခုမှ..သမာဓိ ပြစရာ တစ်စေ့မှ မရှိတဲ့ မျက်ခွက်..ရင်ကော့ မပြောရဲမှတော့ ထမီရုတ်သူခိုးလို ညောင်နာနာနဲ့  ရုပ်ကြမ်းကြီးနဲ့  နွဲ့ နေပြန်ဘီ

တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Monday, 30 November 2009 18:31 ရန်ပိုင်
E-mail Print
လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု သောကြာနေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုလိုက်သည်။

[လာမည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ထပ်မံ ပြောဆိုလိုက်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Reuters)]

ထိုသို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သော်လည်း ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ဖွဲ့စည်းခွင့်၊ လွတ်လပ် စွာ စည်းရုံး ဟောပြောခွင့်မရရှိသေးကြောင်းနှင့် ရွေးကောက်ပွဲဥပဒေများကိုလည်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းကပြောသည်။
“ရွေးကောက်ပွဲ လုပ်မယ်သာဆိုတယ်၊ အခုအချိန်အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆိုရင် ရုံးချုပ်သာဖွင့်ခွင့်ပေး ထားတာ၊ နယ်ရုံးတွေ အပိတ်ခံထားရတာပဲ” ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုလျှင် ယခုအချိန်ကာလကတည်းက လွတ်လပ်စွာ စည်းရုံးခွင့် လွတ်လပ်စွာဖွဲ့စည်းခွင့်၊ ဟောပြောခွင့်၊ ဆွေးနွေးခွင့်၊ သတင်းမီဒီယာများ လွတ်လပ်စွာ ရေးသားခွင့် ပြုရမည် ဖြစ်ကြောင်း၊ ယခုအခါ စစ်အစိုးရ အနေဖြင့် ၎င်းတို့နှင့် နီးစပ်သည့်နိုင်ငံရေးပါတီများနှင့် စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့ကိုသာ ရွေးကောက်ပွဲ အတွက် နယ်လှည့် စည်းရုံးခွင့်များ ပေးအပ်ထားကြောင်း သခင်ချန်ထွန်းက ထောက်ပြဝေဖန်သည်။

ထို့အပြင် မကြာသေးမီက ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုသား ရင်ကြားစေ့ရေး တို့အတွက် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည့် စာကို နိုဝင်ဘာလ ၂၈ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူပြီးပေးပို့ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးပြောဆိုသည်မှာ ပြီးခဲ့သည့် တပ်မတော်နေ့တွင် တကြိမ်၊ စစ်မှုထမ်းဟောင်း ညီလာခံတွင်တကြိမ်နှင့် ယခု ကြံ့ခိုင်ဖွံဖြိုးရေးအသင်း နှစ်ပတ်လည် အစည်းအဝေးတွင်တကြိမ် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆို ခြင်း ကို လေ့လာခြင်းအားဖြင့် ရွေးကောက်ပွဲကိုပြုလုပ်မည်မှာ သေချာသည်ဟု အဓိပ္ပာယ်ရရှိကြောင်း ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းကဆိုသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို ဥပဒေမထုတ်သေးဘူးဆိုတာက သူတို့ဘက်က ကြိုတင်ပြင်ဆင်မှုက သိပ်မသေချာသေးလို့၊ အား နည်းနေသေးလို့ သူတို့ပါတီမနိုင်နိုင်သေးလို့” ဟု ၎င်းကပြောသည်။

ထို့အပြင် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံတကာမှ တောင်းဆိုနေသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်နိုင်ရန် အလားအလာနည်းပါးကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊ ကိုမင်းကိုနိုင် နှင့် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအား ဖမ်းဆီးထားခြင်းမှ ပြန်လွှတ် ပေးခြင်းမရှိသေးကြောင်း၊ ထို့အပြင် လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်မရှိသည်ကို လေ့လာခြင်းအားဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိလိမ့်မည်ဟု မထင်ကြောင်း ဦးဝင်းမင်းက သုံးသပ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “စစ်အစိုးရအနေနဲ့က လာမယ့် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလိမ့်မယ်၊ သူတို့အတွက် နိုင်ငံတကာက အသိအမှတ်ပြုဖို့ အရပ်သား ရုပ်ပြအစိုးရတခု လုပ်ပြရမယ်၊ နောက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကိုလည်း အသိအမှတ်ပြု ခံရဖို့ လိုမယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲကို NLD အား ၀င်ရောက်ယှဉ်ပြိုင်စေချင်ကြောင်း၊ သို့မှသာ ၎င်းတို့ပြုလုပ်သည့် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်ပြုမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရသကဲ့သို့ ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိသွားမည်ကို စိုးရိမ်သည့်အတွက် စည်းရုံးလှုပ်ရှားခွင့် အချိန်နည်းပါးစေရန် ရွေးကောက်ပွဲဥပဒေများကို အချိန်နီးကပ်မှသာ ပြဌာန်းပေးလိမ့်မည်ဟု ထင်ကြောင်း ဦးအေးသာအောင်က ပြောသည်။

တခြားသော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တိုင်းပြည်များတွင် ရွေးကောက်ပွဲတခုကို တိုတောင်းသော အချိန်ကာလတခုသတ်မှတ် ပြဌာန်းပြီး ပြုလုပ်နိုင်သော်လည်း၊ မြန်မာနိုင်ငံကဲ့သို့ ယခုမှ စတင်ပြီးပါတီစုံရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ခွင့်၊ စည်းရုံးခွင့် စသည်များကို ပြုလုပ်နိုင်ရန်အတွက် အချိန်ကာလ

အားဖြင့် အနည်းဆုံး ၁ နှစ် နှင့် ၁ နှစ်ခွဲခန့်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာလျှင် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် သန့်ရှင်း မျှတသည့် ရွေးကောက်ပွဲတခု ဖြစ်လာမည်ထင်ကြောင်း မြန်မာ့အရေးလေ့လာနေသူ ဦးအောင်နိုင်ဦးကလည်း သုံးသပ်သည်။

၁၉၉၀ ပြည့်နှစ် မေလတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီများဖွဲ့စည်းခွင့်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် စတင်ခွင့် ပြုခဲ့ပြီးနောက် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည့်အတွက် နိုင်ငံရေးပါတီများ အားလုံး အတွက် စည်းရုံးလှုပ်ရှားခွင့် အချိန်အားဖြင့် ၁ နှစ်ကျော်ခန့်ရရှိခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲ ကျင်းပရန် ၃ လခန့် အလို၌ ရုပ်မြင်သံကြားမှ စည်းရုံးခွင့်များ ပေးခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့ရေတပ်ဆင်းရဲလွန်း၍ ယူနီဖောင်းတောင် မ၀တ်နိုင်

ကိုယ့်နိုင်ငံမြေ ငါးလာခိုးတာ ဖမ်းလည်း..ယူုနီဖောင်းနဲ့ ခပ်တည်တည် သိက္ခာရှိရှိဖမ်းပေါ့။ အခုတော့ တေလေဂျပိုးသွားလုပ်တာ..မှန်ရင်တောင်မှ ကိုယ်ထိပြီ။ ရေတပ်သင်္ဘောတခုလုံးမှာ ၀န်ထမ်း..၇ဦးဘဲပါတာရော ဖြစ်နိုင်ပါ့မလား..ဖွဲ့ စည်းပုံက ဒီထက်များပါတယ်.
ကြားကား မှာ ထွက်ဆွဲတာများလား..စနေတနင်္ဂနွေလေး အကြံအဖန်..on duty မဟုတ်လို့ သာ ယူနှီဖောင်းမ၀တ်တာပေါ့ဗျာ။

သူများနိုင်ငံများ သူ့ နိုင်ငံသား သေမှာကျ တယ်ကြောက်တယ်။ သူ့ အမျိုးကို သူသိတတ်တယ်။
စစိတပ်ကို ငါးသူခိုးက လှမ်းခေါ်တာတောင် ပြေးလာတယ်.
မြန်မာသင်္ဘောသားတွေ မြန်မာရေပြင်နား သင်္ဘောမှောက်လို့ က..မိသားစုတွေ သရဏဂုံသာတင်ထားပေတော့
ဘယ်မြန်မာစစ်တပ်သင်္ဘောက မှ ထွက်ကယ်မယ်မထင်နဲ့ ...ဆီမရှိဖူး..ရေတပ်သားတွေ အိမ်မှာမယားဖက် အိပ်နေတယ်။
.သေဖို့ ဘဲပြင်..
ဘင်္ဂလားဒေ့ရှ် သီိရိလင်္ကာနား မှောက်တာကမှ အဖက်လုပ်လာဆယ်ဦးမယ်။
တရားကျတယ်ဗျာ..မြန်မာပြည်ကျ မုန်တိုင်းကျတာတောင် ပစ်ထား.." စားစရာမရှိ လယ်ပဒူ ခူးစား..ကိုယ့်ဖာသာ ဖားရိုက်စားကြ "တဲ့  တော်တော်ကောင်းတဲ့ မြန်မာအဆိုးရ..ကုတ်နဲ့ကော်ချဖို့ ကောင်းပြီ။

ထိုင်းရေတပ်ကပစ်သဖြင့် မြန်မာစစ်သားများ ဒဏ်ရာရ
Monday, 30 November 2009 17:16 သန်းထိုက်ဦး
E-mail Print
ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ စစ်သားများ သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့ တပ်မတော်မှ ဗိုလ်ကြီးတဦးနှင့် တပ်သား လေးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ စစ်သားများက မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်လာ သည့် ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးစဉ် ထိုင်းရေပိုက်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် နှစ်ဘက် စစ်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လိုက်လံ ဖမ်းဆီးသည့် မြန်မာစစ်သားများက စစ်ဝတ်စုံ ၀တ်ဆင်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုင်း ငါးဖမ်း သမားများက ၎င်းတို့ကို ပင်လယ်ဓားပြဟု ထင်မှတ်ပြီး ထိုင်းရေတပ်ကို အကြောင်းကြားခဲ့ပြီး နောက်ပိုင်း ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း မြန်မာ စစ်တပ်နှင့် နီးစပ်သူတဦးဖြစ်သည့် မောင်တူးက ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ တပ်စုမှူး လွင်မင်းသူ နှင့် တပ်သားများ ဖြစ်ပြီး ယခုအခါ ကော့သောင်းမြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ငါးခိုးဖမ်းသည့် လှေများကို လိုက်လံစစ်ဆေးစဉ် စစ်သားများက ကော့သောင်းမြို့မှ ပုဂ္ဂလိကပိုင် စက်လှေတစီးကို ချောဆွဲသွားခဲ့ ကြောင်း၊ စက်လှေတွင် လုပ်ကိုင်သူ လှေသမားတချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသတွင် နေထိုင်သူ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ထိုင်းရေတပ်မှ စစ်သည်အင်အား ၃၀ခန့်ရှိပြီး၊ မြန်မာ့တပ်မတော်ဘက်မှ ၇ဦးခန့်သာ ရှိသည်ဟု ဆိုသည်။
ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အာဏာပိုင်များက တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။ မြန်မာ့ရေပိုင်နက် သည် တခြားဒေသများထက် ငါးမျိုးစုံ ပိုမို ကျက်စားသဖြင့် ဒေသတွင်း နိုင်ငံများမှ ငါးဖမ်းလှေများက ၀င်ရောက်ပြီး ငါးဖမ်းလေ့ရှိသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, November 29, 2009

Gtalk virus

gtalk virus တစ်ကောင်တွေ့လိုက်လို့ပါ။ chrome ကိုပြောတာမဟုတ်ဘူး။ သတ်တာကလဲတော်တော်လေးလွယ်တယ်.
နောက် virus က gtalk ပုံစံအတုလုပ်ထားတာဆိုတော့တော်တော်များများကမရိပ်မိကြပဲ user name password တွေကိုရိုက်ထည့်တတ်ကြလို့ပါ။ virus နာမည်က googleserv.exe ဖြစ်ပါတယ်။
ဒီ virus အကူးစက်ခံရတဲ့စက်မှာဆိုရင် virus က \Program Files\Google\Google Talk ထဲက googletalk.exe ကိုဖျောက်ပြီး gtalk.exe(virus) တစ်ခုထားခဲ့ပါတယ်။ နောက် desktop ပေါ်က Google Talk shortcut ကိုလဲ target မှာ gtalk.exe ကိုညွှန်လိုက်ပါတယ်။ Shortcut ကိုနှိပ်တဲ့အခါ virus ကို runမိသွားပြီး Gtalk windows အတုပေါ်လာပါတယ်။ အဲ့ဒီမှာကိုယ်ရိုက်ထည့်လိုက်တဲ့ data တွေကိုမှတ်သွားပြီး pen drive ထဲကို sys/computername.nfo ဖိုင်အနေနဲ့ထည့်ပါတယ်။ အဲ့ဒါဘာကြောင့်လဲတော့နားမလည်ပါ။ nfo ကို edit လုပ်ကြည့်မယ်ဆိုရင်အထဲမှာ [username] နဲ့ set=0x(numbers) ဆိုတာမျိုးတွေ့ရပါတယ်။ password ကိုတော့ encrypt လုပ်ထားပုံပါပဲ. ဒါပေမဲ့ စာလုံးရေကိုတော့ခန့်မှန်းလို့ရနိုင်ဟန်တူပါတယ်။
User name password ရိုက်ပြီးသွားလို့ enter ခေါက်လိုက်ရင် connect လုပ်နေပုံပြပြီး error box ကျလာပါမယ်။ OK နှိပ်လိုက်ရင်တော့ သူ့ window ပိတ်သွားပြီး တကယ့် gtalk ပွင့်လာပါမယ်။
ဒါပေမဲ့နောက်ကွယ်မှာတော့ သင့် user name ကသူမှတ်ထားတဲ့စာရင်းထဲပါသွားပြီဆိုတာသတိပြုပါ။

virus ကိုဖွင့်မိထားတာလား ဘယ်လိုသိမလဲ?
လွယ်ပါတယ်။ Virus ကိုဖွင့်မိထားတာဆိုရင် taskbar က gtalk icon ဟာ sign-in မ၀င်ရသေးပဲနဲ့ အဖြူရောင်ဖြစ်နေပါမယ်။ pointer ထောက်ကြည့်ရင် Google talk လို့ပေါ်ရမယ့်အစား Gtalk.exe လို့ပေါ်ပါမယ်။ နောက်တစ်ခုအနေနဲ့ သူ့ window မှာ check box (remember password) တွေဘာတွေကအလုပ်မလုပ်ပါဘူး။ ပြီးတော့ user name password ရိုက်ထည့်ပြီး enter ခေါက်လိုက်တဲ့အခါမျိုးမှာ text area တွေက အညိုရောင်ပြောင်းပြီး connecting ပုံစံမျိုးဖြစ်နေပါမယ်။

ဘယ်လိုသတ်မလဲ
Desktop ပေါ်က shortcut မှာ gtalk.exe အစား googletalk.exe လို့ပြန်ပြောင်းရိုက်ပါ။
\Program Files\Google\Google Talk ကိုသွားပြီး Gtalk.exe ကိုဖျက်လိုက်ပါ။

ဒီ virus ကကူးစက်နှုန်းမမြန်ပါဘူး။ ဆိုင်တွေမှာလဲတွေ့ရခဲပါတယ်။ ဘာပဲဖြစ်ဖြစ်တွေ့ခဲ့တယ်ဆိုရင် ရှောင်ရှားနိုင်ကြစေဖို့ဆန္ဒပြုပါတယ်။ :)

Lin Lin Nge

အပြည့်အစုံသတင်းဖတ်ရန်....

နောက်တခါလိမ်တာ..ရိုးနေပြီပေါ့

အပြည့်အစုံသတင်းဖတ်ရန်....

တယ်လည်း မိုက်ရိုင်းထွားကျိုင်းတာ သန်းရွှေအမျိုး..

လင်နား မယားနားကပ်နေတဲ့ မိန်းမ ယောက်ျားတွေ ကို လခပေးနေရတာ ဒို့ ပြည်သူ

ရုံးမတက်ဘဲ စင်္ကာပူ မြန်မာသံရုံးမှာ တာဝန်ပြထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ရာထူးတိုး ပေးလိုက်တဲ့အတွက် ပြည်ပ မြန်မာသံတမန် အသိုင်းအဝိုင်းကြားဝေဖန်မှုတွေ ဖြစ်လာတယ်လို့ စုံစမ်းသိရပါတယ်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေရဲ့သမီးနှစ်ဦး ဖြစ်တဲ့ စင်္ကာပူ မြန်မာသံရုံး ပထမအတွင်းဝန်ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို နိုဝင်ဘာလ ၂၇ရက်နေ့ကစပြီး သံမှူးအဖြစ် တပြိုင်တည်း ရာထူးတိုးမြှင့် ခန့်ထားလိုက်တာဖြစ်တယ် လို့ အမိန့်စာ ဖတ်ရတဲ့ နေပြည်တော် သံတမန်တဦးကပြောပါတယ်။

ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ နှစ်ဦးစလုံးကို စင်္ကာပူ မြန်မာသံရုံးခေါင်းစဉ်နဲ့ ရာထူးတိုးပေးခဲ့ပေမယ့် အဆိုပါ
သမီးနှစ်ဦး စလုံးဟာ စင်္ကာပူမှာမရှိဘဲ နေပြည်တော်မှာသာ နေထိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောပါတယ်။ နေပြည်တော်မှာလည်း ရုံးမတက်ဘဲ အိမ်မှာနေပြီး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရှိတဲ့ နေ့မျိုးမှသာ ရုံးခဏ လာလေ့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီးနှစ်ဦးကို ရုံးမတက်ဘဲ ရာထူးတိုးပေးထားလို့ ဝန်ထမ်းတွေအကြား မကျေနပ်မှုတွေ ဖြစ်နေတယ်လို့
ဆိုပါတယ်။ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့နှစ်ဦးရဲ့ အမည်တွေဟာ ၂ဝဝ၉ ခုနှစ် အီးယူက ဒဏ်ခတ်ပြီး နာမယ်ပျက်စာရင်း သွင်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိသားစုဝင်စာရင်းမှာလည်း ပါဝင်နေပါတယ်။

တချိန်ထဲမှာဘဲ တရုတ်နိုင်ငံ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်
ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းစီးဖို့ Mercedes-Benz E-300 အမျိုးအစား နောက်ဆုံးပေါ် ဇိမ်ခံကားသစ်တစီးကို ဘေကျင်းမြို့
မာစီဒီးကုမ္ပဏီက တဆင့် မကြာခင်က မှာယူထားတယ်လို့ စုံစမ်းသိရပါတယ်။

သာမန်ဆိုရင် ကောင်စစ်ဝန်ချုပ်အဆင့်ကို မာစီဒီးကား စီးခွင့်ပေးလေ့မရှိဘဲ မြန်မာသံအမတ် အဆင့်တွေကိုသာ မာစီဒီးကား စီးခွင့်ပေးတာဖြစ်ပါတယ်၊ ဦးဇော်ဖြိုးဝင်းကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်ဖြစ်တဲ့အတွက် မာစီဒီးကား အသစ်ဝယ်စီးခွင့်ကို
နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးက ပြောပါတယ်။RFA သတင်း

အပြည့်အစုံသတင်းဖတ်ရန်....

စက်မှုနိုင်ငံထူထောင်တော့မည်။

အပြည့်အစုံသတင်းဖတ်ရန်....

အကျဉ်းအကျပ်ကြားမှ ရိုဟင်ဂျာ ဒုက္ခသည်များ

အာဇာနည်သို့ ရောက်လာတဲ့ ပေးစာလေးတစ်စောင်ပါ..သူရဲ့ အတွေးအမြင်ကို ရိုးသားစွာဘဲဖော်ပြထားပါတယ်။

သို့
အာဇာနည် ခင်ဗျား
၂၈.၁၁.၀၉ ရက်နေ့က ၀က်ဆိုက်တင်တဲ့ ဖော်ပြပါ သတင်းဆောင်းပါအတွက် မနေ့က ၂၉.၁၁.၀၉ နေ့မှာ ကွန့်မန့် ရေးပေးပါတယ်။ ဒါပေမဲ့ ယခု အချိန်အထိ ဧရာဝတီက ဖော်ပြခြင်း မပြုပဲ လွတ်လပ်စွာ ကွန့်မန့်ပေးပိုင်ခွင့်ကို ဒီမိုကရေစီ နည်းလမ်းမကျစွာ ကန့်သတ်ထားတာကို တွေ့ရပါတယ်။ ကျွန်တော်အနေနဲ့ မီဒီယာတွေက သတင်းဖော်ပြတဲ့အခါ ဘက်လိုက်မှုကင်းစွာနဲ့ မျှမျှတတ ဒီမိုကရေစီ နည်းလမ်းတကျ ဖော်ပြပေးစေချင်ရုံ သက်သက်ပါပဲ။
ကျေးဇူးတင်စွာဖြင့်
ကိုXXX.

အကျဉ်းအကျပ်ကြားမှ ရိုဟင်ဂျာ ဒုက္ခသည်များ
Saturday, 28 November 2009 15:03 အဲလက်စ် အဲလ်ဂီး

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2205:2009-11-28-08-05-26&catid=2:articles&Itemid=30
ဧရာဝတီ သတင်းဝက်ဆိုက်မှာပါရှိတဲ့ ဘာသာပြန်ဆောင်းပါးအတွက် ဒီ comment လေးကို ရေးပို့လိုက်ပါတယ်။
အတိဒုက္ခရောက်နေကြတဲ့ စစ်အစိုးရ ဖိနှိပ်ခံ ရိုဟင်ဂျာတွေကို လူသားချင်း စာနာသင့်တာ အမှန်ပါ။

ဒါပေမဲ့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူမျိုးစုတွေ အပေါ် မီဒီယာတွေရဲ့ ဝေါဟာရ သုံးစွဲမှုတွေ မမျှမတ ဖြစ်နေသလို ခံစားရပါတယ်။ ဥပမာ- ရိုဟင်ဂျာနဲ့ ကိုးကန့်ပါ။

ကိုးကန့် တရုတ်တွေကို မြန်မာအစိုးရက တိုင်းရင်းသား လူမျိုးလို့ အသိအမှတ်ပြုထားပေမဲ့ ရိုဟင်ဂျာတွေကိုတော့ နိုင်ငံသား အဖြစ် မသတ်မှတ်သလို မြန်မာ တိုင်းရင်းသားတွေ မဟုတ်ကြောင်း နအဖက တရားဝင်ကြေညာ ထားပါတယ်။ လူသားတိုင်း နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိသည် ဆိုတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို နအဖ ချိုးဖောက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ နအဖရဲ့လုပ်ရပ်ကို မီးမောင်းထိုးပြရင်း အခြားတစ်ဖက်ကနေ ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာရော သူတို့ အစိုးရတွေက ဒီလို အလားတူ ပြသနာမျိုးတွေကို ဘယ်နည်းဘယ်ပုံဖြေရှင်း နေကြသလဲ ဆိုတာ ပြည်သူလူထုကို အသိပညာ မျှဝေ ပေးသင့်ပါတယ်။
ရိုဟင်ဂျာတွေကို လူသားချင်း စာနာမှု မရှိပဲ ဖိနှိပ်နေတဲ့ နအဖရဲ့ လုပ်ရပ်ကတော့ အရမ်း ရှက်စရာကောင်းပါတယ်။

ကျွန်တော် အခု ပြောချင်တာကတော့ မီဒီယာတွေအနေနဲ့ ခုနက ပြောတဲ့ ရိုဟင်ဂျာနဲ့ ကိုးကန့်ကို မီးမောင်းထိုးဖော်ပြတဲ့နေရာမှာဝေါ ဟာ ရ သုံးစွဲပုံ မမျှမတ ဖြစ်နေတာကိုပါ။

ဟိုတစ်လော ဖုန်ကြားရှင်တို့ ကိစ္စဖြစ်တော့ နိုင်ငံခြားဘာသာစကားနဲ့ ရေးသားတဲ့ ၀က်ဆိုက်တွေမှာ ကိုးကန့်ကို Kokang Ethnic Chinese လို့ မီဒီယာ ၉၀% ခန့်က ဖော်ပြတာကို တွေ့ရပါတယ်။ အဲဒီတုန်းက ၀က်ဆိုက် သတင်းတွေကို ပြန်ရှာကြည့်ရင် တွေ့နိုင်ပါတယ်။
ဒါဟာ မှန်ကန်တဲ့ရေးသားချက် တစ်ရပ် ဖြစ်လို့ ထောက်ခံ ကြိုဆိုပါတယ်။
ဒါပေမဲ့...
အခု ရိုဟင်ဂျာတွေကို ကျတော့ ဘာဖြစ်လို့ Rohingya Ethnic Bengalis လို့ မဖော်ပြ ကြတာလဲ စဉ်းစားလို့ မရအောင် ဖြစ်ရပါတယ်။
ကိုးကန့်ဟာ တရုတ်ဖြစ်တယ်ဆိုတာ မငြင်းနိုင်သလို၊ ရိုဟင်ဂျာဟာ ဘင်္ဂလီ ဖြစ်တယ်ဆိုတာလဲ သူတို့ရဲ့ DNA တွေက အဆုံး အဖြတ် ပေးပြီးသား ဖြစ်ပါတယ်။ ဒါဟာ ငြင်းကွယ်လို့မရတဲ့ ကိစ္စလဲ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာလည်း မီဒီယာတွေ အနေနဲ့ တရုတ်လူမျိုး ဖြစ်တဲ့ ကိုးကန့်ကို Kokang Chinese လို့ အမှန်အတိုင်း ဖော်ပြရဲသလို ရိုဟင်ဂျာတွေကို လဲ Rohingya Bengali လို့ မျှမျှ တတ ဖော်ပြ ရေးသားစေချင်ပါတယ်ဗျာ။ ကျွန်တော့်အနေနဲ့ မီဒီတွေရဲ့ အသုံးအနှုန်း မျှတမှုကို လိုလားရုံ သက်သက်ပါ။ ဒီထက် ဘာမှ မပိုပါဘူး။
လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်တဲ့ နအဖကိုတော့ လုံးဝ ရှုံ့ချလိုက် ပါတယ်။

ကျေးဇူးတင်ပါတယ်။
မူးရင်း သတင်းက အောက်မှာပါ။


အကျဉ်းအကျပ်ကြားမှ ရိုဟင်ဂျာ ဒုက္ခသည်များ
Saturday, 28 November 2009 15:03 အဲလက်စ် အဲလ်ဂီး
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တက္ကနတ်ဖ် မြို့။ ။ "ကျမဘ၀မှာ ရှိသမျှအရာ အကုန်ဆုံးရှုံးခဲ့ပါပြီ။ အခုတော့ ကျမကို မြန်မာပြည် ပြန်မပို့ ဖို့ဘဲ ဆုတောင်းနေရတော့တယ်"ဟု အသက် ၂၇ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး ဟာဇီကွာ (Haziqah) က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တရားမ၀င် ဆောက်လုပ်ထားသည့် ကုတုပလောင်းဒုက္ခသည်စခန်းတခုအတွင်းရှိ တ၀က် တပျက် ဆောက်လုပ်ထားသည့် ရွှံ့မြေစေး အိမ်တွင် ထိုင်နေရင်း ဧရာဝတီမဂ္ဂဇင်းကို ပြောပြသည်။
ဤဒုက္ခသည်စခန်းသို့ မရောက်လာမီက ဟာဇီကွာသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ရိုဟင်ဂျာဒုက္ခသည် အများစု နေထိုင် လျက်ရှိသည့် မြောက်ဘက် မိုင် ၁၅၀ ခန့်အကွာရှိ ဘန်ဒါဘန်ကျေးရွာအုပ်စုတွင် နေထိုင်ခဲ့သေးသည်။ ထိုနေရာတွင် နေထိုင်ခဲ့စဉ် ကလေးမွေး ပြီးခါစ ဖြစ်သောကြောင့် အလုပ်လည်း မလုပ်နိုင်၊ ကြုံရာကျပန်း ရှာဖွေ၍ရသော အလုပ်များမှ သူ့ယောက်ျားရရှိလာသည့် ၀င်ငွေ အနည်းအကျဉ်းမျှဖြင့် သူတို့ အသက်ဆက်နေရခြင်း ဖြစ်သည်။
သို့သော်လည်း ပုံမှန်ဘ၀သဖွယ် စိတ်အေးရတော့မည်ဟု သူတို့မျှော်လင့်ထားသည့် အခြေအနေအားလုံး တမနက်ခင်းတွင် ပြိုကျ ပျက်စီးခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BDR) မှ စစ်သားများ ရောက်ရှိလာပြီး နံနက်ခင်းတခုတွင် သူတို့၏ ဒုက္ခသည်ရွာ ကလေးကို ၀င်ရောက်ဖျက်ဆီးကြသည်။ ခိုလှုံနေကြသည့် ရိုဟင်ဂျာဒုက္ခသည်ရွာသား အများအပြား ကို ဖမ်းဆီးခဲ့ပြီး နယ်စပ်သို့ ပြန်လည်နှင်ထုတ်ခဲ့သည်။
သူက ပြောရာတွင် လမ်းခရီးတလျှောက် သူ့ယောက်ကျားကို စစ်သားများက အပြင်းအထန်ရိုက်နှက်လာခဲ့ကြသလို၊ သူ့ကို လည်း အတင်းတွန်းထိုးခေါ်ဆောင်လာခဲ့သည်ဟု ဆိုသည်။ သူ့လက်ထဲက တပတ်မျှသာရှိသေးသော ကလေးငယ်ကို လည်း မငဲ့ညှာကြပါ။ မြန်မာနယ်စပ်နှင့် ကပ်နေသည့် နယ်စပ်တောင်ထိပ်သို့ ရောက်သည့်အခါ စစ်သားများက သူတို့ ထွက်ပြေးလာခဲ့ကြသည့် မြန်မာနိုင်ငံထဲသို့ အတင်းအကျပ် မောင်းနှင်တွန်းထုတ်ခဲ့ကြသည်။
ဤသို့ ရုန်းရင်းဆန်ခတ် အခြေအနေကြားတွင် သူ၏ယောက်ျားနှင့် လူချင်းကွဲခဲ့ရသည်။ နောက်ပိုင်းတွင်တော့ သူ့ ယောက်ျားကို ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားနေသော မြန်မာစစ်အစိုးရ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး(နစက) အဖွဲ့က ဖမ်းဆီးသွားသည်ဟု သတင်းကြားရသည်။ သူနှင့် တခြားအမျိုးသမီးတချို့တို့က လှေငှားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ပြန်လည် ထွက်ပြေးလာခဲ့ကြသည်။ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ခြေချမိတော့ သူ့ရင်သွေးလည်း လမ်းခရီး၌ သေဆုံးနေခဲ့ပြီဆိုသည်ကို သိလိုက်ရသည်။
အလားတူ ကြေကွဲဖွယ် ဖြစ်ရပ်များက အမြောက်အများ ရှိနေကြသည်။ ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ် သေနတ်ကိုင်တပ်များနှင့် နယ်ခြားစောင့် အရန်ပြည်သူ့စစ်တပ်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဒုက္ခသည်စခန်းတွင်း ရောက်လာသူမှန်သမျှ ခံစားကြရပြီး၊ သိရှိနေကြပြီး ဖြစ်သည်။ ဟာဇီကွာ ကဲ့သို့ပင် အမျိုးသမီးအမြောက်အများမှာ သူတို့ လင်သားခင်ပွန်းများနှင့် ကွဲကွာခဲ့ကြရပြီး၊ သူတို့၏ ကလေးများ ရှင်သန်အသက်ဆက်နိုင်ရေးအတွက် အစွမ်းကုန်ရှာဖွေ ကျွေးမွေးနေကြရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာစစ်အစိုးရအကြား ပြီးခဲ့သည့် သြဂုတ်လတွင် တင်းမာမှုများ ဖြစ်ပွားလာခဲ့ပြီးနောက် နယ်စပ် တွင် ခြံစည်းရိုး ကာရန်မှု၊ လူဖမ်းဆီးမှု နှင့် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်နှင်ထုတ်ပို့ဆောင်မှုများ သိသိသာသာ တိုးလာခဲ့သည်။
ရိုဟင်ဂျာ ဒုက္ခသည် အများစုနေထိုင်ရာဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ ကော့စ်ဘဇား (Cox’s Bazar) ခရိုင် တွင် ဤသို့ ဖမ်းဆီးမှုများ တိုးများလာရခြင်းနှင့် ပတ်သက်၍ ထင်ကြေးပေး ဝေဖန်ပြောဆိုမှု အမျိုးမျိုးရှိနေကြသည်။ ဤခရိုင်အတွင်းတွင် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီများက ထောက်ပံ့ထားသည့် တရားဝင်ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ ရှိနေသလို၊ တရားမ၀င် စခန်းများလည်း အများအပြား ရှိနေသည်။
သို့သော်လည်း အန်ဂျီအို လုပ်သားတဦးကမူ ထင်ရှားသည့် အချက်ကို ထောက်ပြသည်။
"အခု (မြန်မာအစိုးရဘက်က) နယ်စပ်မှာ ခြံစည်းရိုးကာတဲ့ရည်ရွယ်ချက်ကတော့ စစ်အစိုးရက သူတို့မသိဘဲ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေက ရိုဟင်ဂျာတွေကို မြန်မာပြည်ထဲပြန်မသွင်းစေနိုင်ဖို့ဘဲ။ သူတို့ ဂိတ်ကပဲ တဆင့် ဖြတ်ရမယ်လို့ လုပ်ချင်တာ ဖြစ်လိမ့်မယ်"ဟု သူက ရှင်းပြသည်။
"ဘင်္ဂလားဒေ့ရှ် အစိုးရက ကြောက်တယ်။ ခြံစည်းရိုးကာလို့ မပြီးခင် အချိန်ရသမျှအတွင်း တတ်နိုင်သမျှ ရိုဟင်ဂျာ အရေ အတွက် များများပြန်ပို့နိုင်ဖို့ အချိန်လု လုပ်နေသလို ဖြစ်နေတယ်"ဟုလည်း သူက ဖြည့်စွက်၍ ရှင်းပြသည်။
ဤသို့ ဖမ်းဆီးပြန်ပို့ခံရမည့်အရေး ကြောက်ရွံ့ကြသောကြောင့် ရိုဟင်ဂျာ အများအပြားက တရားမ၀င် ဒုက္ခသည်စခန်းများ ထဲ ပြေးဝင်ခိုလှုံလာကြသည်။ ဤစခန်းများသည် ကုလသမဂ္ဂက တရားဝင် အသိအမှတ်ပြုထားသည့် ဒုက္ခသည်စခန်းများ နှင့် ကွာခြားသည့်အချက်မှာ ရိက္ခာ ထောက်ပံ့မှု လုံးဝ မရရှိခြင်းပင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ၁၉၉၁ ခုနှစ် နောက် ပိုင်း ရောက်ရှိလာကြသည့် ရိုဟင်ဂျာလူမျိုးများကို ဒုက္ခသည်အဖြစ် တရားဝင် လက်ခံ အသိအမှတ်ပြုရန် ငြင်းဆန်နေပြီး ထိုသူ များကို တရားမ၀င် ရွှေ့ပြောင်းအခြေချလာသူများဟုသာ သတ်မှတ်ထားသည်။ မည်သည့် စောင့်ရှောက်မှုကိုမျှလည်း မရရှိ ကြချေ။ မိမိဘာသာ အသက်မွေးနေကြရသည်။
နှင်ထုတ် တွန်းပို့နေသည့် နေရာများမှ ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လည်ပြေးဝင်ခိုလှုံမှု တိုးများလာခြင်းကြောင့် ဒုက္ခသည် များ စားရေရိက္ခာ ပိုမိုကျပ်တည်းလာကြရပြီး ရှိသမျှ ရိက္ခာကို လများစွာဆန့်၍ စားသုံးနေကြရသည်။ စခန်း တွင်း၌လည်း လူမှုပြဿနာများ ပိုမိုများပြားလာစေသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက အသိအမှတ်မပြုသည့်အတွက်ကြောင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) များကလည်း ဒုက္ခသည်များထံ ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်း မရှိကြပါ။ သို့အတွက်ကြောင့် အနီးအနား ဒေသတ၀ိုက်တွင် အလုပ်အကိုင် ရှာဖွေ စားသောက်နေကြရသည်။ သို့သော်လည်း များမကြာမီက အလုပ်သို့ အသွားအပြန် စစ်ဆေးရေးဂိတ်များတွင် ဖမ်း ဆီးခံရမှု ပိုမိုများပြားလာသလို၊ လူအများက စခန်းအပြင် ထွက်ရမည်ကို ကြောက်ရွံ့စိုးရိမ်နေကြသည်။
ကုတုပလောင်းစခန်းကို ဦးဆောင်နေသည့် ရိုဟင်ဂျာခေါင်းဆောင်တဦး ဖြစ်သူ ဇော်ပီးက ဧရာဝတီသို့ ပြောပြရာတွင် ပြီးခဲ့ သည့်လက ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယခုလတွင်လည်း အနည်းဆုံး ၁၀၀ ခန့် ဖမ်းဆီးခံခဲ့ရ သည်ဟု ဆိုသည်။
"အဲသလို ဖမ်းနေတာကြောင့် စခန်းတွင်း အခြေအနေက အင်မတန်ဆိုးရွားနေတယ်။ လူတွေကလည်း အပြင်ထွက်ပြီး ရိက္ခာ ရှာဖို့ ကြောက်လန့်နေကြတယ်။ ရိက္ခာပြတ်လပ်မှုတွေက စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီ" ဟု သူက ဖြစ် ကတတ်ဆန်း ဆောက်ထားသည့် ရွှံ့မြေအိမ်စုများကို ဆီးမိုးမြင်နေရသည့် တောင်ပူစာတခုပေါ်တွင် ရပ်နေရင်း ရှင်းပြ သည်။
"အစိုးရက အန်ဂျီအိုတွေလာပြီး အစားအသောက်ပေးဖို့လည်း ခွင့်မပြုဘူး။ ကျနော်တို့ အစားအသောက်ရှာဖို့ အလုပ်လုပ် ခွင့်လည်း မပြုဘူး။ အခုတော့ ငတ်နေကြပြီ။ အခုနေ့လယ် ၁ နာရီရှိနေပြီ။ စခန်းထဲက လူအတော်များများ ဘာမှမစားကြရ သေးဘူး။ အခြေအနေကတော့ အဲသည်လိုပဲ၊ ဒီလိုဆိုရင် လူတွေသေကုန်ကြတော့မှာပဲ"ဟု ဇော်ပီးက ဆက်ပြောသည်။
ဝမ်းရေးပြဿနာ ရှိလာသောကြောင့်လည်း အချို့သော ယောက်ျားသားများက အလုပ်သို့ ခရီးဝေးသည့် လမ်းမှ လမ်း လျှောက်သွားကြရပြီး၊ ဖမ်းဆီး မခံရစေရန်အတွက် ညအချိန်ကျမှ တိတ်တဆိတ် လမ်းလျှောက်ပြန်လာကြသည်။ ဇော်ပီး၏ အဆိုအရ တချို့ဒေသခံ ရွာသားများက ဒုက္ခသည်များ ညအပြန်လမ်းကို သိရှိလာကြပြီး လမ်းတွင် လုယက်မှုများလည်း ရှိလာသည်ဟု ဆိုသည်။
"သိပ်မကြာခင်မှာအစားအသောက်ရှာဖို့တောင် လမ်းရှိတော့မှာ မဟုတ်ပါဘူး"ဟု ဇော်ပီးက ပြောဆိုသည်။
ဆောင်းဥတု ရောက်ခါနီးလာသည့် အခြေအနေတွင် ဒုက္ခသည်များက ပို၍ စိုးရိမ်လာကြသည်။ ရှည်လျားအေးခဲနေသည့် ဆောင်းညများကို သူတို့ ဖြတ်ကြရတော့မည်။
"ကျမတို့တော့ ဆောင်းရာသီမှာ ဘယ်လို အသက်ဆက်ရှင်နိုင်ကြမယ်ဆိုတာ မသိတော့ပါဘူး။ ကျမယောက်ျားလည်း ရှိနေတာ မဟုတ်ဘူး"ဟု အမျိုးသမီးတဦးက ငိုရှိုက်သံတ၀က်ဖြင့် ပြောသည်။ သူက မျက်ရည်များကျနေရင်း မြေစိုက်တဲ၏ ထောင့်တွင် ခွေ၍ လဲကျသွားသည်။
ဤမနက် စောစောပိုင်းကပင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များက သူ့ယောက်ျားအပါအ၀င် ရိုဟင်ဂျာယောက်ျား ၁၁ ဦးကို စစ်ဆေးရေးဂိတ်တခုတွင် ကားရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးသွားခဲ့သည်။ သူတို့ကို ရဲကားပေါ်တင်ခေါ်ပြီး ဘယ်ဆီ ဘယ်ဝယ်မသိ မောင်းထွက် သွားခဲ့သည်။
မြန်မာနိုင်ငံဘက်သို့ ပြန်လည် နှင်ထုတ်တွန်းပို့ခံရမည့်သူများအတွက် မည်သို့ ကံကြမ္မာတွေ့ကြံရခြိမ့်မည်ဆိုသည့် သတင်း ဖြစ်ရပ်အများကလည်း သက်သေရှိနေကြသည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က စစ်အစိုးရ၏ နစက တပ်ဖွဲ့ထံသို့ တိုက်ရိုက်လွှဲပြောင်း ပေးအပ်ခြင်း မဟုတ်သော်လည်း နှင်ထုတ်ခံရသူ အများအပြားမှာ ကင်းလှည့် တပ်ဖွဲ့များ၏ ဖမ်းဆီးခံကြရသလို၊ မြန်မာဘက် စခန်းများတွင် ထိန်းသိမ်းချုပ်နှောင်ထားခြင်း ခံကြရသည်။
ဒုက္ခသည်စခန်းအတွင်းရှိ ဖြစ်သလို ဆောက်ထားသော လက်ဖက်ရည်ဆိုင်တခုတွင် ထိုင်နေသည့် ယောက်ျားတဦးက ပြန် လည် ပြောပြရာတွင် သူ့ကို ဘင်္ဂလား နယ်ခြားစောင့်တပ်ဖွဲ့များက နှင်ထုတ်ခဲ့ပြီးနောက်ပိုင်း မြန်မာမြေပေါ်အရောက် နစက တပ်ဖွဲ့များ၏ ဖမ်းဆီးခံခဲ့ရပုံကို ပြောပြသည်။ သူ့ကို ဘင်္ဂလား နယ်ခြားစောင့်တပ်များက ပြင်းထန်စွာ ရိုက်နှက်ခဲ့ကြသလို၊ နစက တပ်များနှင့် တွေ့တော့လည်း ထပ်မံရိုက်နှက်ခံရပြန်သည်။ ရိုဟင်ဂျာ ဒုက္ခသည်များ ခိုး၍ နယ်စပ် ကူးမပြေးနိုင် စေရန်နှင့် ပြန်၍ ၀င်မလာစေရန် ကာရန်ထားသည့် ခြံစည်းရိုးကိုလည်း ပြင်ဆင်ပေးရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည် ဟု ပြောပြသည်။
တချို့နှင်ထုတ်ခံကြရသူများက ကြံဖန်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကိုယ်လွတ်ပြန်ပြေးလာနိုင်ခဲ့ကြသည်။ သူတို့ကို ရက်စက် ကြမ်းကြုတ်စွာ ပြုမူခံရပုံများကို ပြန်လည် ပြောပြကြသောကြောင့်လည်း လူအများကို ပို၍ စိုးရိမ်ထိတ်လန့်လာစေသည်။ ထို့ကြောင့် မိသားစုအတွက် အဓိက ၀င်ငွေရှာနေကြသည့် ယောက်ျားသားများလည်း စခန်းပြင်ပထွက်ရန် မစွန့်စား ရဲ ဖြစ်လာကြသလို၊ လူသူ ပြည့်သိပ်နေသည့် စခန်းများအတွင်း စားရေရိက္ခာ ပို၍ ကျပ်တည်းလာခဲ့သည်။
"အထောက်အပံ့ နည်းနည်းပဲ ရတဲ့ကြားကနေ ကုတုပလောင်းစခန်းမှာ လူဦးရေက တိုးလာနေတယ်။ ခုဆိုရင် ဒုက္ခသည် ၂၄,၀၀၀ ကျော် ရှိနေပြီ"ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ၏ တာဝန်ခံဒါရိုက်တာ ပေါလ် ခရစ်ချယ်လီ (Paul Critchely) က ရှင်းပြသည်။
ရိက္ခာကျပ်တည်းလာသည့်အတွက် အခြားစိုးရိမ်ဖွယ် အခြေအနေတခုမှာ ကလေးများကို မိသားစုနှင့် ဝေးရာစေလွှတ်၍ အလုပ်လုပ်ရန် ခိုင်းစေလာကြခြင်း ဖြစ်သည်။ ရိုဟင်ဂျာမိသားစု အများအပြားက ကလေးများကိုလည်း မကျွေးမွေးနိုင်၊ သူတို့ကိုယ်တိုင်လည်း ငတ်မွတ်လာကြသည့် အခြေအနေတွင် 'ကမ္ဘာမီးလောင် သားကောင်ချနင်း' ဆိုသကဲ့သို့ ကလေး များကို အိမ် ဖော်အဖြစ်ခိုင်းစေရန် ဒေသခံ ဘင်္ဂလားမိသားစုများထံ ထည့်လိုက်ကြရသည်။ ကလေးများအတွက် ပြန်ရ လာသည့် ရိက္ခာ နည်းနည်း၊ လစာနည်းနည်းနှင့် ကျေနပ်လိုက်ကြရသည်။
အလားတူ ကလေးများအား ခိုင်းစေရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သူ မိခင်တဦးကလည်း သူ့သမီးငယ် ၂ ဦးကို ငှားရမ်းလို သည့် မိသားစုတခု ကော့်စ်ဘဇားတွင် သူတွေ့ထားကြောင်း ပြောပြသည်။ ကလေးများက အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် မျှသာ ရှိသေးပြီး အိမ်ဖော်လုပ်ခအဖြစ် တလလျှင် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ၂၀၀ ခန့် (အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ မျှ) သာ ရရှိကြမည် ဖြစ်သည်။
"ကျမ တကယ်တော့ သူတို့ကို ဘယ်ခွဲချင်ပါ့မလဲ"ဟု သူက တိုးတိတ်ဖျော့တော့စွာ ရှင်းပြသည်။ အမှိုက်အိတ် ပလတ် စတစ် စ ကို အမိုးသဖွယ် လုပ်ထားရသည့် တဲအတွင်း နေရိပ်ခိုနေရင်း သူဆက်ပြောပြသည်။ "ဒါပေမယ့် ကျမတို့မှာ ရွေးချယ်စရာ မရှိဘူး။ ကျမယောက်ျားလည်း ပျောက်နေပြီ။ သူတို့ကို ကျွေးမွေးဖို့လည်း ကျမ မရှာဖွေနိုင်တော့ဘူး။ ကျမ ရင်ထဲမှာတော့ ကြေကွဲနေတာပေါ့။ ဒါပေမယ့်လည်း ကျမသူတို့ကို ပြောနေရတာက တနေ့နေ့တော့ အဆင်ပြေသွားပါလိမ့်မယ်။ ကျမတို့ အိမ်ပြန်လို့ ရပါလိမ့်မယ်လို့ ပြောနေရတယ်"ဟု သူက ဆိုသည်။
ကုတုပလောင်းစခန်းမှ ကားမောင်းသွားလျှင် ၂ နာရီ အကွာအဝေးတွင်ရှိသည့် လဲဒါး (Leda) တရားဝင်ဒုက္ခသည်စခန်း တွင်လည်း ဒုက္ခသည်များက အလားတူ ရှေ့လာမည့်လများအတွက် စိုးရိမ်ပူပန်နေကြသည်။ ခရီးသွားလာခွင့် ပိုမိုတင်းကျပ် လာ သလို၊ ဘင်္ဂလား နယ်ခြားစောင့်တပ်က အဖမ်းအဆီးများလည်း ပို၍စိပ်လာသည်။
ဤတရားဝင်စခန်းတွင် အခြေခံ အဆောက်အဦများက နည်းနည်းတော့ ပိုသာသည်ဟု ဆိုနိုင်သည်။ အင်္ဂလန်နိုင်ငံ အခြေ စိုက် အစ္စလမ် ကယ်ဆယ်ရေးအဖွဲ့ (Islamic Relief) က များစွာ ကူညီပေးထားသည်။ ယခင်က စခန်းရှိ ဒုက္ခသည်များကို လမ်းနှင့် ၁၀ မိနစ်အကွာ နတ်မြစ်(Naf river) ဘေးတွင် ကနဦး စခန်းချထားပေးခဲ့သည်။ ရေကြီးမှုဒဏ် ခံစားရဖွယ်ရှိနေ သောကြောင့် စခန်းအခြေအနေက ဆိုးရွားလွန်းလှသည်။ နောက်ဆုံး နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က အကြောက်အကန် တိုက်တွန်း၍သာ ပို၍ ကုန်းမြင့်ရာ နေရာသစ်သို့ ရွှေ့ပြောင်းခဲ့ကြရခြင်း ဖြစ်သည်။ အစိုးရခွင့်ပြုချက်ရ ထားသောကြောင့် ၎င်းဒုက္ခသည်များက ရေရှည်ခံမည့် အဆောက်အဦးများ ဆောက်လုပ်နေထိုင်နိုင်ကြသည်။
သို့သော်လည်း မြစ်ဘေးနားတွင် ရှိနေသောကြောင့် သူတို့အတွက် ရှာဖွေစားသောက်ရန် များစွာ အခွင့်အလမ်းသာစေ သည်ဟု ဆိုသည်။ မကြာသေးမီကာလ ခရီးသွားလာခွင့်များ မတင်းကျပ်မီအထိ သူတို့အဖို့ ပြဿနာမပေါ်ခဲ့ကြပေ။ ယခု တော့ ရိက္ခာ ရှာဖွေစားသောက်ရန် ပို၍ ခက်ခဲလာပြီဟု ဆိုကြသည်။

"ဒီနေရာမှာတော့ ခိုလှုံစရာ အမိုးအကာ ကောင်းကောင်း ရှိတာပေါ့။ ဒါပေမယ့် အပြင်ထွက်ပြီး ရိက္ခာရှာဖို့က သိပ်ခက် တယ်"ဟု လဲဒါး (Leda) စခန်းတွင် အင်္ဂလိပ်စာ သင်နေသည့် ဆရာတဦးက ပြောသည်။
"အရင်တုန်းက မြန်မာပြည်မှာနေတဲ့ဘ၀နဲ့ အခုနေရာ အဓိက ကွာခြားချက်က အရင်က ကျနော်တို့ လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ ဒါပေမယ့် အခုတော့ မြန်မာပြည်မှာလိုပဲ ခရီးသွားလာရတာ အခက်အခဲ အကန့်အသတ်တွေ ကြုံနေရပြီ" ဟု သူက ပြောပြသည်။
ဒုက္ခသည်များအဖို့ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာသည့် အခြေအနေလည်း ကြုံရပြန်သည်။ စခန်းတွင်း ဆေးကုခန်းဖွင့် လှစ် ကူညီပေးထားသည့် အစ္စလမ် ကယ်ဆယ်ရေးအဖွဲ့၏ အဆိုအရ ငှက်ဖျားရောဂါ ကူးစက်မှုများ အကြီးအကျယ်ရှိနေ သည်ဟု ဆိုသည်။ ပြီးခဲ့သည့်လက လူ (၄၀၄) ဦး ငှက်ဖျားရောဂါ ကူးစက်ခံစားခဲ့ရပြီး ယခုနိုဝင်ဘာလအတွင်း လူ (၃၀) ကျော်တိုးလာခဲ့သည်။ လူအများက ရိက္ခာအာဟာရ ချို့တဲ့၍ ချိနဲ့အားပျော့နေပြီး အသက်သေဆုံးစေနိုင်သည့် အန္တရာယ် ငှက်ဖျားရောဂါမျိုး ဖြစ်ပွားနေသည့် ၀န်းကျင်အနေအထားမှာ အထူးစိုးရိမ်ဖွယ်ပင် ဖြစ်တော့သည်။
ဖိုင်ဆယ် အစ္စလမ် (Faisal Islam) က အခန်း ၂ ခုပါတဲအတွင်း သူ၏ဇနီး၊ ကလေး ၃ ယောက်နှင့် ထိုင်နေရင်း ငှက် ဖျား တက်၍ တုန်နေသည်။ သူက ပြောပြရာတွင် ယခင်က သူတို့မိသားစုအတွက် အဓိက၀င်ငွေမှာ ငါးရှာဖွေ ဖမ်းဆီးပြီး အနီးရှိ ခရီးသွားတိုးရစ်များ ကျက်စားရာ စိန့် မာတင် (St. Martins) ကျွန်းတွင် သွားရောက်ရောင်းချ၍ ရှာဖွေနိုင်ခဲ့ကြောင်း၊ ယခု တော့ နယ်ခြားစောင့်တပ်များ၏ သင်္ဘောများက သူတို့ကို တွေ့ရှိပြီးနောက် မသွားနိုင်တော့ပြီ ဖြစ်ကြောင်း ပြောသည်။ အကယ်၍ ရေလမ်းတွင် တွေ့ရှိပါက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု သတိပေးထား ကြောင်းလည်း ပြောပြသည်။
"အခု ဖျားနေတော့ ကျနော်လည်း အလုပ် မလုပ်နိုင်တော့ဘူး။ မိသားစုကိုလည်း ရှာမကျွေးနိုင်တော့ဘူး"ဟု သူက ပြော သည်။
"နေ့လယ်စာအတွက်တော့ ထမင်းနဲ့ သကြားပဲ ရှိတယ်။ ကျန်တာ ဘာမှ မရှိတော့ဘူး။ ညစာတောင် ဘာစားရမှန်း မသိ ဘူး။ ကျနော် ပြန်ပြီးနေကောင်းလာရင်တောင် ဘာလုပ်စားရမယ် မသိဘူး။ ငါးမျှားတဲ့နေရာလည်း ကျနော် ပြန်မသွားရဲ တော့ဘူး"ဟုလည်း သူက ဆိုသည်။
ရိုဟင်ဂျာ ဒုက္ခသည်များ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီး ကော့စ်ဘဇားရှိ အန်ဂျီအိုလုပ်သားများကလည်း စားရေ ရိက္ခာ ပြတ်လပ်မည့်ဘေး ကြုံရနိုင်သည်ကို စိုးရိမ်ပူပန်နေကြသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ပြောဆိုဆွေးနွေးမှုများ ပြုနေပြီး၊ တရားမ၀င် ဒုက္ခသည်များ၏ အခြေအနေ တိုး တက်လာစေရန် ကြိုးပမ်းနေသည်။ သို့သော်လည်း လူအများက အပြောင်းအလဲများ ဖြစ်လာနိုင်ဖွယ် မရှိဟု အဆိုးမြင်နေ ကြသည်။
ကြီးမားသည့်ပြဿနာများ ကြုံတွေ့ခဲ့ကြရသလို၊ ဒုက္ခသည် လူဦးရေလည်းတိုးများလာနေသည်။ ထို့အပြင် ဒေသခံဘင်္ဂလား ဒေ့ရှ် လူထုနှင့် ရိုဟင်ဂျာ ဒုက္ခသည်များအကြား တင်းမာမှုများလည်း ရှိလာပြန်ရာ ရိုဟင်ဂျာဒုက္ခသည်များကို တိုး၍ လက်ခံ ရေးကိစ္စမှာ အတော် မျှော်လင့်ချက် နည်းလှသည်။ မူလကတည်းကမှ သယံဇာတ အရင်းအမြစ် ရှားပါးနေပြီဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ နောက်ထပ်လူများ ထပ်မံခိုလှုံလာမည့် ကိစ္စကိုလည်း ပူပန်နေကြသည်။ ရိက္ခာ ထောက်ပံ့မှု လည်းမရ၊ တရားဝင် အသိအမှတ်ပြုမှုလည်း မခံရဆိုလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားမ၀င် ခိုလှုံနေကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များအဖို့ လာမည့်လအနည်းငယ်အတွင်း၌ပင် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အကြီးအကျယ် စိုးရိမ်ဖွယ် ဖြစ်နေ ရတော့သည်။ အသက်ရှင်သန်မှုအတွက်ပင် ခြိမ်းခြောက်မှုကြီး ကြုံနေကြရပြီ ဖြစ်သည်။
အန်ဂျီအို လုပ်သားတဦးက"အခုအချိန်မှာ ဒုက္ခသည်တွေ တရားဝင် လုပ်နိုင်တာ တခုပဲ ရှိတော့တယ်။ အဲဒါကတော့ အငတ်အပြတ် ခံနေလိုက်ရုံပါပဲ"ဟု ပြောဆိုလိုက်ပါသည်။
ALEX ELLGEE ရေးသားသည့် The Vise Tightens on Rohingya in Bangladesh ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါ သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဗမာ့ကြယ် စာအုပ်စင်

ရောင်းရင်းများခင်ဗျား

“အလိမ္မာ စာမှာရှိ” ဆိုသမို့ အကြိမ်ြကိမ်အခါခါ လာကာကြည့်ဖို့ စိတ်ချမ်းသာရုပ်ရွှင်သမှု စာအုပ်စင်တခု ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

အလည်အပတ်ရောက်ခဲ့တဲ့ မြန်မာ့အီးစာကြည့်တိုက်၊ ချယ်ရီသစ္စာ၊ မြန်မာပြည်သား၊ မြန်မာ့သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့၊ မိုးမခမီဒီယာ၊ ရွှေစကား စတဲ့ ကွန်ယက်များနှင့် အီးမေးလ်တို့မှ မျှဝေထားတဲ့ အီးဘွခ်များကို စုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။

ပညာပန်းတွေဝေလို့ အနွမ်းတွေပြေဖို့ ‘ ဗမာ့ကြယ် စာအုပ်စင်’ကို အလည်အပတ်လာရောက်ပါရန် ၀မ်းမြောက်စွာ ဘိတ်ခေါ်ရပါတယ်။
ဒီကွန်ယက်ကို အလည်လာလှည့်ပါ -

http://bamakyel.wordpress.com/

အပြည့်အစုံသတင်းဖတ်ရန်....

နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - “Orphans of Burma Cyclone”Rory Peck ဆု

နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် - Orphans of BurmaCyclone” ကို ဒီဗွီဘီ (Democratic Voice of Burma – DVB) တီဗွီ သတင်းထောက်တီနဲ့ ဇက်တို့ မှ နအဖရဲ့ ဖိနှိပ်ချုပ်ချယ...်မှုတွေ ကြီးမားနေတဲ့အချိန်မျိုးမှာ စွန့်စွန့်စားစား သွားရောက်...ရိုက်ကူးခဲ့တာဖြစ်ပြီး၊ယခုအခါမှာ ဒီမှတ်တမ်းရုပ်ရှင်ဟာ Rory Peck ဆုပေးဖို့ လန်ဒန်ရှိဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်ပါတယ်။

နာဂစ်မုန်တိုင်းရဲ့ မိဘမဲ့ကလေးသူငယ်များ ရုပ်သံမှတ်တမ်းဟာ Rory Peck feature ရုပ်သံဆုကို ရရှိသွားပါတယ်။ ဒီရုပ်သံကို မှတ်တမ်းတင်ခဲ့တဲ့ ကင်မရာမင်းက သူရဲ့ အတွေ့အကြုံတွေကို လူငယ့်အသံကို ပြောပြသွားပါတယ်။
လူငယ့်အသံမှ
ပေးပို့ သူ ကိုမျိုး

အပြည့်အစုံသတင်းဖတ်ရန်....

ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ ရောက်ရှိမှု ဖြစ်စဉ် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ ဖြစ်ပေါ်မည်

ကမ္ဘာနှင့်နေ အနီးဆုံး နေရာသို့ မိုင်သန်းပေါင်း ၉၁ သန်းခန့် ကွာဝေးကာ ရောက်ရှိမှု ဖြစ်စဉ်လာမည့် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့၌ ဖြစ်ပေါ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဇေယျာကို က ပြောပါသည်။

ကမ္ဘာနှင့်နေသည် ပုံမှန်အားဖြင့် မိုင်သန်းပေါင်း ၉၄ သန်းခန့် ကွာဝေး လေ့ရှိပြီး ယခုကဲ့သို့ ပုံမှန်ထက် အနီးဆုံး နေရာသို့ ရောက်ရှိခြင်းမှာ နှစ်စဉ် ဒီဇင်ဘာလ နှောင်းပိုင်းနှင့် ဇန်န၀ါရီ လဆန်းပိုင်း တို့တွင် ဖြစ်ပေါ်လေ့ ရှိသည့် အပြင် အဝေးဆုံး နေရာ သို့လည်း ဇူလိုင်လ ပတ်ဝန်းကျင်တွင် ရောက်ရှိ တတ်ကြောင်း သိရှိ ရပါသည်။

''နေနဲ့ကမ္ဘာ အနီးဆုံး ရောက်ရှိမယ့်အချိန်မှာ နေကြတ် မှုဖြစ်စဉ် ဖြစ်ပေါ်မယ်ဆိုရင် အရစ်ကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ် မှာ ဖြစ်ပါတယ်။ နေကြတ်တာက ပုံစံအမျိုးမျိုးနဲ့ ကြတ် နေကြတဲ့အနက် နေနဲ့ကမ္ဘာ အနီးဆုံးနေရာ ရောက်နေကြ တဲ့အချိန်မှာ အရစ်ကြတ်မှု ပုံစံနဲ့ပဲ ဇန်န၀ါရီလ၁၅ ရက်နေ့မှာကြတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နေအရစ်ကြတ်နေတဲ့ အချိန်မှာ နေရဲ့ အလင်းရောင်ကို ကွင်းပုံစံနဲ့ပဲ မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။ ကမ္ဘာနဲ့ နေအနီးဆုံး ရောက်ရှိနေတဲ့ ကာလမှာ အာရှတွင်းမှာ ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေ ပေါ်လာနိုင်ပါတယ်။အထူး သဖြင့် ဥရောပတိုက်နဲ့ အမေရိကတိုက် တို့ကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း တွေပါ''ဟု ဦးဇေယျာကိုက ရှင်းပြပါ သည်။

ထို့အပြင် ကမ္ဘာနှင့်နေ အနီးဆုံးကာလသို့ ရောက်ရှိနေ ချိန်တွင် လေထုဖိအားသည် ပြောင်းလဲ လျင်မြန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါသည်။

source by : Eleven Media Group

အပြည့်အစုံသတင်းဖတ်ရန်....

ဝါရင့် နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်များ အဖွဲ့ (သခင်သိန်းဖေ ဦးဆောင်သောအဖွဲ့)မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံသို့ ပေးသောစာ

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်
ရက်စွဲ - ၂၀၀၉၊ နိုဝင်ဘာလ၊ ၂၈ရက်။

အကြောင်းအရာ။        ။မြန်မာနိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့် ပါတ်သက်သော ကိစ္စ။

(၁) မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံ ပြည်သူ တစ်ရပ်လုံး စည်းလုံး ညီညွတ် ရေးပြိုကွဲခဲ့ရာမှ အလွန်နာကျည်း မနှစ်မြို့ ဖွယ်ရာ ပြည်တွင်းစစ် ဖြစ်ခဲ့ရာ ယနေ့ မြန်မာနိုင်ငံ အခြေ အနေကို ဓမ္မဒိဌာန် ကျကျ သုံးသပ်ကြည့်ရှုလျှင် အဖက်ဖက်မှယိုးယွင်းနိမ့်ကျလျက်၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ အဖြစ်မှ ရုန်းမထွက် နိုင်သေးသည်ကို ထင်ထင်ရှားရှား တွေ့နိုင်မည်

(၂) ယင်းသို့သော အခြေအနေမှ လွတ်မြောက်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်၍ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ "အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး" "အမျိုးသား ညီညွတ်ရေး"ကို အမြန်ဆုံး မဖြစ်မနေ တည်ဆောက်ရန် ဖြစ်သည်ဟု နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနှင့်လည်း အလေးထားယုံကြည်သည်ကို ၄င်း၏ နိုင်ငံရေး ဦးတည်ချက်(၄) ရပ်တွင် အောက်ပါ အတိုင်း ထင်ထင်ရှားရှား ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ "နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး" ဟု ပါရှိပါသည်။

(၃) ကျနော်တို့ သက်ကြီး ရွယ်အို နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် များကလည်း ကျနော်တို့ ဖြတ်သန်း တွေ့ကြုံ ကိုယ်တိုင် ဆင်နွှဲခဲ့သည့် တိုက်ပွဲသင်ခန်းစာများအရ လွန်ခဲ့သော ၁၉၉၅ခုနှစ် နိုဝင်ဘာလ ၂၄ရက် နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ပန်ကြားစာ တစ်စောင် ပေးပို့ခဲ့ရာ၌ အောက်ပါ အတိုင်း မေတ္တာ ရပ်ခံ ပန်ကြား ခဲ့ပါသည်။

(၁) ရရှိပြီးသော မြန်မာနိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရေးနှင့် ငြိမ်းချမ်း သာယာသော ဒီမိုကရေစီ ကျသော၊ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံသစ်ကြီး တည်ဆောက်ရေး အတွက်၎င်း၊
(၂) တစ်တိုင်း တစ်ပြည်လုံး ရဟန်းရှင် လူ ပြည်သူ တစ်ရပ်လုံး သွေးစည်းညီညွတ်ရေး အတွက် ဆောင်ရွက်သွားမည်ဟု၎င်း၊
(၃) ယနေ့ မြန်မာနိုင်ငံ လက်ရှိ အခြေအနေမှာ "တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ရေး တည်ဆောက်ရန် အလိုအပ်ဆုံး အခြေအနေ ဖြစ်နေပါသည်" ဟု၎င်း ဖော်ပြ ခဲ့ပါသည်။ အလားတူပင် ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၁၇ရက်နေ့စွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးအတွက် အကြံပြု စာတမ်း တစ်စောင်ကို ရေးသားကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ၎င်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့၎င်း ပေးပို့ခဲ့ရာ ယင်းစာတမ်း၌ ကျွုန်ုပ် တို့၏ ရည်ရွယ်ချက် ဟူသော ခေါင်းစဉ် အောက်တွင် အောက်ပါ အတိုင်း ဖော်ပြခဲ့ပါသည်။
(၁) အမျိုးသား သွေးစည်း ညီညွတ်ရေး တည်ဆောက်ရန်၊
(၂) လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်ရန်၊
(၃) ငြိမ်းချမ်းသော ဒီမိုကရေစီကျသော ပြည်ထောင်စုကြီး တည်ဆောက်ရန် ဟု ဖော်ပြခဲ့ပါသည်။

ဆက်လက်၍လည်း ကျနော်တို့ စတင် အကြံပြုခဲ့သည့် ၁၉၉၅ခုမှ ယနေ့အထိ ၁၄နှစ် တိုင်တိုင် အဆိုပါ သဘောထား အတိုင်း အကြိမ်ကြိမ် အကြံပေး ပန်ကြား မေတ္တာရပ်ခံခဲ့ပါသည်။ ကျနော်တို့ အကြံပြုခဲ့ချက် များမှာ ရက်ရှည် လများစွာ အကြောင်း အမျိုးမျိုးကြောင့် အကောင်အထည် မဖော် နိုင်ခဲ့သော်လည်း ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူ၍ပေးပို့သောစာတွင် "မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ ထားမှုများကို ရုပ်သိမ်းရေး" နှင့် ပတ်သက်၍ ပေးပို့သောစာတွင် အောက်ပါ အတိုင်း ဖော်ပြပါရှိသည်ကို တွေ့ရပါသည်။ အပိုဒ်(၂) "မြန်မာနိုင်ငံ အပေါ် ချမှတ်ခဲ့သော အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားရေး အတွက် ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း" ဟူ၍၎င်း၊ အပိုဒ်(၃) "နိုင်ငံတော် အတွက် အကျိုးရှိမည့် လုပ်ငန်းများ ကိုလည်း ကျွန်မ အနေဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက် နိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။" ဟုဖော်ပြသည်ကို တွေ့လိုက်ရ ဖတ်လိုက်ရသောအခါ ကျနော်တို့ တိုင်းပြည်တွင် လွတ်လပ်ရေးရပြီးစ အချိန် မှစ၍ နိုင်ငံရေး သဘောထားကွဲလွဲမှုများမှ အခြေခံကာ နယ်ချဲ့သမားတို့ကို အတူ လက်တွဲ၍ အသက်ပေး တိုက်ခိုက်ခဲ့သူများ အချင်းချင်း ဂိုဏ်းဂဏ၀ါဒ၊ အတ္တ ၀ါဒတည်း ဟူသော မာန်မာနတို့၏ လွှမ်းမိုးမှုကို မလွန်ဆန် ခံနိုင်ခဲ့ကြ သဖြင့် အမျိုးသား ခေါင်းဆောင်ကြီးများ (အာဇာနည် ခေါင်းဆောင်ကြီးများ) အသက်ပေး တည်ဆောက်ခဲ့သည့် အမျိုးသား ညီညွတ်ရေး ပြိုကွဲကာ နိုင်ငံတော်၏ အခြေအနေ အဖက်ဖက်မှ ယိုယွင်းမှုများ အားလုံး အဆုံးသတ် တော့မည့် လမ်းစ ပေါ်လာခဲ့ပြီဟု ကျနော်တို့ ယူဆမိပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား -

ကမ္ဘာကြီး၏ လက်ရှိ အခြေအနေမှာ ဗိုလ်ချုပ်မှူးကြီး သိရှိထားပြီး ဖြစ်သည့် အတိုင်း
  • - နိုင်ငံကြီးငယ် အားလုံး စီးပွားပျက် ကပ်ဒဏ်ကို အလူးအလဲ ခံနေရရာ ယခုတိုင် နလန် မထူနိုင်ကြသေးခြင်း
  • - နိုင်ငံကြီး အချို့တို့၏ လက်နက်ပြိုင်ဆိုင်မှု စစ်အေး တိုက်ပွဲ ပြင်းထန်လာ နေခြင်း၊
  • - အစွန်းရောက် ၀ါဒသမားများ၏ အကြမ်းဖက်မှုအန္တရာယ်တစ်နေ့တခြား ကြီးမား လာခြင်း၊
  • - အနုမြူ အန္တရာယ်၏ ခြိမ်းခြောက်မှုခံနေကြရခြင်း စသည်တို့ကြောင့်
တတိယ ကမ္ဘာစစ်၏ အန္တရာယ်သည် အေးချမ်းစွာ နေလိုသော ကျနော်တို့ ပြည်သူ တစ်ရပ်လုံးအား ခြိမ်းခြောက်လျှက် ရှိသည်ဟု ယူဆ မိပါသည်။ ယင်းကဲ့သို့သော အခြေအနေ အရပ်ရပ်တွင် ဗိုလ်ချုပ်မှူးကြီး ပြောကြားခဲ့သည့် မိန့်ခွန်း အသီးသီး၌ လည်း "အမျိုးသား ညီညွတ်ရေး အရေးကြီးပုံ" ဆိုသည့် စကားရပ် မပြတ် ပါရှိခဲ့ သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၈၉ကြိမ်မြောက် အမျိုးသားနေ့ ကြေညာချက်တွင်လည်း "တိုင်းပြည်နှင့် ပြည်သူ လူထု အကျိုးစီးပွား ကို ဆောင်ရွက် နိုင်ရန် အမျိုးသား ညီညွတ်ရေးကို တည်ဆောက် ကြရမည်" ဟု ဖော်ပြထားပြီး ဥက္ကဌကြီး ထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာတွင် "တိုင်းပြည်နှင့် ပြည်သူ လူထု အကျိုးရှိမည့် လုပ်ငန်းများကိုလည်း နိုင်ငံတော် အေးချမ်း သာယာရေး ဖွံ့ဖြိုးရေး ကောင်စီနှင့် အတူ ပူးပေါင်း ဆောင်ရွက် လိုကြောင်း" ဖော်ပြ ထားပါသည်။ ထို့အတူ ပြည်သူ တစ်ရပ်လုံးကလည်း နှစ်ရှည် လများ နိုင်ငံကို ဦးဆောင် ခဲ့ကြသည့် မည်သည့် ခေါင်းဆောင် တစ်ယောက်ကမှ မတည်ဆောက် နိုင်ခဲ့သည့် "အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး" တစ်နည်းအားဖြင့် "အမျိုးသား ညီညွတ်ရေး" တည်ဆောက် နိုင်တော့မည်၊ စစ်မဲ့ဘေး အန္တရာယ် အသွယ်သွယ် တို့မှ၎င်း အကြပ်အတည်း ပေါင်းစုံတို့မှ၎င်း ညီညွတ်ရေး လက်နက်နှင့် ခုခံ ဖြိုခွင်းနိုင်တော့မည်။ ငါတို့ မြန်မာနိုင်ငံ ခေတ်ဆန်း ချိန်ရောက် တော့မည်ဟု ၀မ်းမြောက် ၀မ်းသာ ရှိနေကြပါသည်။ ဤသို့သော ဆန္ဒနှင့် ပြည်သူ့သဘောထားကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဦးဆောင်ကာ ပတ်သက်သူ အားလုံးနှင့် ဗုဒ္ဓမြတ်စွာ ဘုရား၏ အဆုံးအမနှင့် အညီ အတိတ်ကို သင်ပုန်းချေ၊ ခန္တီတရား လက်ကိုင်ထား၍ မေတ္တာတရားရှေးရှုကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တို့ကို ကြိုးပမ်း ပေးပါရန် နိုင်ငံတော်နှင့် အားလုံးသော ဆင်းရဲ ချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ညီညွတ်ရေးကို အာသာငမ်းငမ်း တောင့်တ နေကြသည့် ပြည်သူများ၏ ကိုယ်စား မေတ္တာ ရပ်ခံလိုပါသည်။

ဗိုလ်ချုပ်မှူးကြီး ခင်ဗျား -
ကျနော် တို့သည် အသက်အရွယ် ကြီးရင့် နေကြပါပြီ။ သေမင်းထံ ခြေတစ်ဖက် လှမ်းနေ သူများလည်း ဖြစ်ပါသည်။ "တို့တစ်တွေ ညီညွတ်ရေး ရခဲ့လျှင်" ဟူသော ခံစားချက်ဖြင့်သာ ဤစာကို ရေးသား ပေးပို့ခြင်း ဖြစ်ပါသည်။ ဥက္ကဌကြီးသည် နိုင်ငံတော်ကို ဦးဆောင်နေသူ တစ်ယောက် အဖြစ် ဂါရ၀တရား "ဂုဏ၀ုတ္တိ" ထား၍ နိုင်ငံ အကျိုး ရှေးရှုကာ မိမိတို့ ဉာဏ်မီ သလောက် ရေးသား တင်ပြ ရခြင်းကို ခွင့်လွှတ်စေ လိုပါသည်။ ဖြစ်ပါသည်။

"ကျန်းမာချမ်းသာကြပါစေ"

(သခင်သိန်းဖေ)
(၀ါရင့်နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များ ကိုယ်စား)

အပြည့်အစုံသတင်းဖတ်ရန်....

သမိုင်းအမှန်ကို သိစေဖို့၊ အပြောနဲ့ လက်တွေ့ ယှဉ်ကြည့်စို့


ဆောင်းပါးရှင် – ဒုဗိုလ်မှူးကြီး အေးမြင့်

မနေ့က တပ်မတော်ခေတ် ၁၉၈၈ ခုနှစ်အထိ ရာထူးအဆင့်များဟာ ကျစ်လစ် သိပ်သည်းမှု ရှိသေးတယ်လို့ ဆိုရပါမယ်။ ဒါပင်လျှင် ၁၉၅၀-၁၉၆၀ ခုနှစ်များကဲ့သို့ မဟုတ်တော့ပါ။ ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများကို လက်ချိုးရေတွက်လို့ ထိုစဉ်က ရခဲ့ပါသေးတယ်။ ဗိုလ်ချုပ် ဒုဗိုလ်ချုပ်ကြီးဆိုတာကြားပင် မကြားခဲ့ဘူးပါ။ ၁၉၈၈ ခုနှစ်အထိ စစ်ဦးစီးချုပ်ရဲ့  အဆင့်ဟာ ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးဆိုတာ ဒုချုပ် (ကြည်း၊ ရေ၊ လေ) တို့သာ ရကြတာပါ။ စစ်တိုင်းမှူး (၉) ယောက်ဟာ ဗိုလ်မှူးချုပ်အဆင့်သာ ရကြပြီး ကစထမှူးနှစ်ဦးနဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်တို့သာ ဗိုလ်ချုပ်အဆင့်တွေ ရကြတာ ရှိပါတယ်။ ၈၈ နောက်ပိုင်းကာလ ရောက်တော့မှပဲ ဒုဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ မှိုလိုပေါက်အောင် ဖောင်းပွပေါများလာခဲ့သလို စစ်ဦးစီးချုပ်ရဲ့  အဆင့်ဟာလည်း ဗိုလ်ချုပ်မှူးကြီး ရယ်လို့ ဖြစ်လာပါတော့တယ်။ ဒါဟာလည်း စစ်အာဏာရှင်စနစ်ကြီး အဓွန့်ရှည် တည်တံ့ရေးအတွက် စစ်အာဏာရှင် လက်ဟောင်းကြီးများက ရာထူးအဆင့်များ အကြံအဖန် တိုးမြှင့်ပေးကာ သာယာစွဲလမ်းမှု ရှိစေရန် စနစ်တကျ တပည့်မွေး သစ္စာခံ ခိုင်းခဲ့တာလို့ ဆိုရပါမယ်။

မနေ့က တပ်မတော်မှာ ထိပ်ပိုင်းရောက် အရာရှိကြီးများ ၀န်ကြီးဖြစ်လာတဲ့ စစ်ဗိုလ်ကြီး တချို့ သာ မြိုကွက် ဆို့ကွက် (မြေကွက်) ရကြတာ တွေ့ရပါတယ်။ တိုင်းမှူး၊ တပ်မမှူးများပင်လျှင် မတော်မတရား ၊မြိုလို့ ဆို့လို့ မရ ကြသေးပါ။ ၈၈ နောက်မှာမှ စစ်တိုင်းမှူးမျာဟာ နယ်စားပယ်စား စစ်ဘုရင်လေးများ ဘ၀ကို ရောက်ခဲ့ကြရပြီး စားကွက်၊ ဆို့ကွက်တွေ နယ်မြေအလိုက်ရလာကြတာ တွေ့ရပါတယ်။ ဒီနေ့ တပ်မတော်မှာတော့ ခေါင်က စလို့ ပျက်လာတာမို့ တပ်ရင်းမှူး အဆင့်များပင်လျှင် သူ့နည်းသူ့ဟန်နဲ့ စားကွက်၊ မြိုကွက်တွေ ဖန်လာနေလေရဲ့။ စစ်မလိုင်၊ အဲမ်အိုင်တို့ဆိုရင် တပ်ကြပ်ကြီး အဆင့်များပင်လျှင် သိန်းနဲ့ချီကာ မြိုဆို့ခွင့်ရသည် အထိ ပျက်စီးလာခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ တပ်မတော်ဟာ မနေ့ကတပ်မတော်လို ကျစ်လစ်ခိုင်မာ သိပ်သည်းမှု မရှိတော့ဘဲ စည်းမဲ့၊ ကမ်းမဲ့၊ အထိန်းအကွပ်မဲ့ ဘ၀ကို တစတစ ရောက်ရှိလာကာ စစ်အာဏာရှင်တွေကြောင့် စစ်တပ်နဲ့ မတူတော့တဲ့ အနေအထားမျိုး တွေ့လာရပါတယ်။

မနေ့က တပ်မတော်မှာ စစ်အာဏာရှင်ခေတ် မဆလရဲ့  အမာခံ မိန့်တော်ခံ စစ်တပ်ဘ၀ ကျရောက်နေပေမဲ့ ဒီနေ့ တပ်မတော်ရဲ့  အနေအထားလောက် စည်းလွတ်ဝါးလွတ် အထိန်းအမဲ့ ကင်းလွတ်နေတဲ့ အခြေအနေမျိုး မရှိခဲ့တာ ကျွန်တော် သတိထားမိပါတယ်။ ကွပ်ကဲမှုအဆင့်ဆင့် Chain of Command ဟာ ဖရိုဖရဲ မနိုင်လှသေးပါ။ သမိုင်းမှန်ကို သိတန်သလောက် သိရှိ နားလည်ကြပါသေးတယ်။ ပြည်သူအပေါ် အထိုက်အလျောက် တန်ဖိုးထား လေးစားရမှန်း သိကြပါသေးတယ်။ တပ်နဲ့ ပြည်သူဟာ အတိုင်းအတာ တခုအထိတော့ ဆက်စပ်မှု ရှိသေးတယ်လို့ ရေးရမှာပဲ၊ ဟိုစဉ်ကလို တသားတည်း တဆက်တည်း မရှိဘူး ဆိုရင်တောင်မှ သိသိသာသာ ကင်းကွာတဲ့ အနေအထားမျိုး မရှိခဲ့တာ အမှန်ပါ။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေဒေသတွေမှာ ဒီနေ့ တပ်မတော်လို ထင်ရာစိုင်း ရိုင်းပျလို့ မရခဲ့ဘူး ခင်ဗျ။ ဒေသဆိုင်ရာ တိုင်းရင်းသား သွေးချင်း ပါတီ၊ ကောင်စီဝင် လူကြီးများရဲ့ ၀ိုင်းဝန်းထိန်းကျောင်း ပဲ့ပြင်ပေးမှုက ရှိနေပါသေးတယ်။ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ရမ်းချင်တိုင်း ရမ်း ၊ကြမ်းချင်တိုင်း ကြမ်း လို့ မရပါဘူး။ ပါတီ၊ ကောင်စီတို့က တရားလွန် ဥပဒေမဲ့ ပြုကျင့်မှုတွေ့လျှင် အထက်ကွပ်ကဲမှု အဆင့်ဆင့်ကို တိုင်ကြား အသိပေး အရေးယူခြင်းမျိုး ရှိခဲ့ပါတယ်။

မနေ့က တပ်မတော်ကာလက နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးအေးကိုရဲ့ တပည့်အရင်း ရတခ လက်အောက်ခံ တပ်ရင်းမှူး တစ်ဦးဆိုရင် ဇမိ မြစ်ထဲ အရပ်သား တစ်ဦးကို ပစ်သတ်ခဲ့လို့ ကရင်ပြည်နယ် ဒေသ ပါတီကောင်စီက တိုင်ကြားတာကြောင့် ခုံရုံးဖွဲ့ကာ တပ်က ထုတ်ပြစ်ခြင်း ခံရပါတယ်။ ဖာပွန် အခြေပြု ခလရ-၁၃ က တပ်စိတ်တစိတ်ရဲ့ ဒါးကွင်း၊ လက်ထိုးရွာတို့မှ တိုင်းရင်းသူ ကရင်လုံမပျိုတို့အား မတော်မတရား မုဒိမ်းကျင့်ကာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တရားနည်းလမ်း တကျ အရေးယူကာ တပ်စိတ်မှူးနဲ့ စစ်သည်အချို့ကိုပါ သေဒဏ်ချ အပြစ်ပေးခဲ့တာ မှတ်မိနေပါတယ်။ ခလရ-၁၃ ကိုပါ ထိုဒေသမှ တပ်ရင်းအလိုက် ရွှေ့ပြောင်းပေးခဲ့ဘူးပါတယ်။

၁၉၉၃-၉၄ မာနယ်ပလော စစ်ဆင်ရေး ကာလတုန်းက ဆက်သွယ်ရေး ကြားဖြတ်စက်ပေါ်က တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်ရဲ့ ကာယကံမြောက် ကွပ်ကဲမှုအောက် တပ်မှူးငယ်များကို အမိန့်ပေး ညွှန်ကြားနေတာကို ကျွန်တော် ကိုယ်တိုင် နားနဲ့ ဆတ်ဆတ် ကြားခဲ့ဖူးလို့ ရေးရခြင်း ဖြစ်ပါတယ်။ အေးကျော်က သူ့ကွပ်ကဲမှုအောက် စစ်ဆင်ရေး ၀င်နေတဲ့ တပ်ရင်းများကို “ဟေ့ကောင်တွေ၊ ငါ ကရင်မကို (..) လာတာ အနှစ် ၃၀ ရှိပြီ။ မင်းတို့ တွေ့သမျှ ကရင်မ ပျိုပျိုအိုအိုကို ချမ်းသာ မပေးနဲ့၊ အားလုံး (..) ပစ်” ရယ်လို့ စစ်ဆင်ရေး အမိန့်ပေးတာကို ကြားခဲ့ဘူးပါတယ်။ အဲဒီတုန်းက ကျွန်တော်က ABSDF ကို စစ်ပညာသင်ပေးရင်း တောတွင်းမှာ KNLA စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး လောဝါဒီတာဂူးနဲ့အတူ ရှေ့တန်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနမှာ ရှိနေစဉ်က နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာပါ။ ကျွန်တော် အတော့ကို မျက်နှာပူပြီး ဒေါသပါ ဖြစ်မိခဲ့ရပါတယ်။

အေးကျော်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဗိုလ်သင်တန်းကျောင်း အပါတ်စဉ် (၂၈) မှ ဗိုလ်ဖြစ်ပြီး ဖာပွန် ခလရ – ၁၉ ကို ရောက်ရှိကာ တပ်ခွဲမှူးအထိ စစ်မှုထမ်းခဲ့သူ ဖြစ်ပါတယ်။ ထိုစဉ်က ဖာပွန်သူနဲ့ အိမ်ထောင်ကျခဲ့ပြီး တပ်မ(၆၆) တပ်မမှူးဘ၀နဲ့ ကရင်ပြည်နယ်ကို စစ်ဆင်ရေးဝင်ခဲ့တာပါ။ နောက် တပခ တိုင်းမှူးမှတဆင့် ပြန်ကြားရေးဝန်ကြီးဘ၀ အရောက်မှာ ကင်ဆာရောဂါဖြစ်ပြီး သေချင်းဆိုးနဲ့သေသွား ခဲ့သူပေါ့ဗျာ။ ကျွန်တော်တို့ခေတ် မနေ့က တပ်မတော်က အထက်ကွပ်ကဲမှု အဆင့်ဆင့်က တပ်မှူးကြီးများဟာ အေးကျော်လို မလျော်မကန်၊ မတော်မှန်တဲ့ စစ်မိန့်ပေးမှုများ တခါမှ အောက်သို့ မပေးခဲ့ဘူးပါ။ မပေးကောင်းတဲ့ စစ်မိန့်မျိုးပါ။ ဒီနေ့ တပ်မတော် န၀တ/နအဖတို့ခေတ်မှာမှ ကြားဘူးခဲ့တာပါ။ ဒီလို အခြေအနေမျိုးမှာ ဖင်က လိပ်ခေါင်း ထွက်အောင် ကြွေးကြော်အော်ဟစ်နေတဲ့ “တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး” ဆိုတာဟာ ဘာအဓိပ္ပာယ် ရှိပါတော့မလဲဗျား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲအောင် စစ်အာဏာရှင်တွေကသာ လုပ်စား နေကြတာ ဖြစ်ပပါတယ်။

ဒီနေ့ တပ်မတော်မှာ အေးကျော်လို စစ်သူတောင်းစား တပ်ဗိုလ်၊ တပ်မှူးများ တချို့ရှိနေလို့သာ န၀တ တဖြစ်လဲ နအဖတို့ရဲ့ ဒီနေ့တပ်မတော်ကို တပ်မတော်ရယ်လို့တောင် ပြည်သူတို့က အသိအမှတ် မပြုကြတာပါ။ မနေ့က တပ်မတော်ရဲ့ အစဉ်အလာနဲ့ ဂုဏ်သိက္ခာတွေဟာ စစ်အာဏာရှင် တွေကြောင့် တစက်ကလေးမှတောင် မရှိတော့တာကို သတိပြုမိပါတယ်။ တပ်မတော်ရဲ့ ကျင့်ဝတ်စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ ကိုလည်း တိတိပပ ဖောက်ဖျက်နေကြတာ တွေ့ရပါတယ်။

မနေ့က တပ်မတော်က “ပြည်သူသာလျှင် အမိ ပြည်သူသာလျှင် အဖ” လို့ ခံယူခဲ့ကြပါတယ်။ ဒီနေ့ တပ်မတော်ကတော့ “တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖ” ဆိုပဲဗျ။ အာဏာရှင်တွေက သူတို့ကို မိဘလို သဘောထားခိုင်းပြီး အဘ အမေတို့လို စကားလုံးများနဲ့ အစားထည့်နေပါပြီ။ ဒီနေ့ တပ်မတော်ကတော့ နိုင်ငံရေးအာဏာကို သည်းခြေခိုက် အကြိုက်တွေ့နေပြီး အတင်းအဓမ္မ ဖက်တွယ်ထားလို့ ပြည်သူတို့နဲ့ ကင်းကွာ သွားခဲ့ရပါပြီ။

ဒီနေ့ တပ်မတော်ကတော့ အာဏာရှင်ရဲ့ အပေါင်းအပါ တစ်စုရဲ့ အသုံးချခံ ကိရိယာဘ၀ထဲမှာ ထဲထဲဝင်ဝင် ခံယူသွားရတာ တွေ့ရပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပြန်လည်စောင့်ထိန်းစေဖို့ မကောင်းတဲ့ စစ်အာဏာရှင်တွေကို ရှင်းလင်းဖယ်ရှား သန့်စင် သွားကြပါလို့သာ ဆန္ဒပြု တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

--
Thanks for reading the message,
Although some mails are sent several time.
If you could get something good or bad from this group,
It is the meaning of existing this group.
Best regards.

မျှဝေပေးသူ ကိုမိုးပွင့်အား ကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, November 28, 2009

လုနိုင်မှစားတဲ့ နအဖ သူတောင်းစားဖြစ်နေတာက ပြည်သူ

ရန်ကုန် မြို့ လည်လမ်းများ အတွင်းရှိ မွတ်ဆလင် ဘာသာဝင်တို့  ၏ အစ် နေ့  တွင် စွန့်  ပစ်သော အမဲ ရိုးများအား ရန်ကုန် မြို့ လည်လမ်းများ အတွင်းရှိ မွတ်ဆလင် ဘာသာဝင်တို့  ၏ အစ် နေ့  တွင် စွန့်  ပစ်သော အမဲ ရိုးများအား ရန်ကုန် မြို့  အနီးအနားရှိ ဒလ ၊ဆိပ်ကြီး ခနောင် တို ၊ ရွှေပြည်သာ အစရှိသည် မြိုံ နယ် များမှ မရှိဆင်းရဲသားများမှာ အလုအယှက် လာရောတောင်းယူနေကြပြီး...ရရှိလာ သောအမဲရိုးများ ၊ ခေါင်းခွံ များ တွင်ကပ်လျှက်ကျန်ရစ်နေသော အသား အနည်းငယ်အား ခြစ်ယူ နေကြသည် ကို ယနေ့  တွေ့  မြင် ကြရ ပါသည် ။အချို့  မှာ မိသားစု လိုက် လာ ရောက် ကြသည် ။ ထိုသို့  လာရောက် ကြသူများတွင် မြန်မာ အများစု ပါဝင်ကြ ပြီး..ကျောင်းနေအရွယ် ကလေးသူငယ်များ ၊ သက်ကြီးရွယ်အိုများ ပါဝင်ကြသည်ကို မြင် တွေ ကြရ ပါသည် ။ ယခုနှစ် တွင် လာရောက်ယူငင်သူများမှာ ယခင် နှစ် များထက် ပိုမို များပြားလာ သည် ကိုကြည့်ခြင်းအားဖြင့်  အောက်ခြေ လူတန်းစား ပြည်သူများမှာ ပိုမိုငတ်မွတ်ခေါင်းပါးလာသည်ကို
မြင်တွေ့ နိုင်ပါသည် ။

ရန်ကုန် မြို့  တွင်း နေရာစုံ မှာ ပုံများ......





ကိုရွှေနန္ဒက share တာပါ

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, November 26, 2009

ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှ ပြည်သူများ၏ တိုင်ကြား စာများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, November 25, 2009

မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာရေးရန်ပုံငွေ တည်ငြိမ်မှုရှိစေရန်

မိမိတို့အနေဖြင့် ရန်ပုံငွေတည်ငြိမ်မှုရှိစေရန် အတွက် ‘Globalgiving’ Website တွင် ကြော်ငြာခွင့်ရရန် ကြိုးစားခဲ့ပါသည်။ အဆိုပါ Website တွင် အမြဲတမ်း ကြော်ငြာခွင့်ရရန်၊ လူဦးရေ (၅၀) မှ $ (၄၀၀၀) (ဒေါ်လာလေးထောင်) တိတိကို တစ်လအတွင်း လှူဒါန်းမှ သာလျှင်အမြဲတမ်း အဖွဲ့ဝင် ဖြစ်နိုင်မည် ဖြစ်ပါသည်။

၎င်းတို့၏ သတ်မှတ်ချက်မှာ $ ၄၀၀၀ ကို အနဲဆုံး လူဦးရေ(၅၀)မှ လှူဒါန်းရမည်ဖြစ်ပြီး၊ လူဦးရေ ပြည့်ပြီး သတ်မှတ်ငွေကြေး မပြည့်ပါက အဖွဲ့ဝင်မဖြစ်နိုင်သလို၊ သတ်မှတ်ငွေကြေး ပြည့်စုံပြီး သတ်မှတ်လူဦးရေ မပြည့်စုံပါကလည်း အမြဲတမ်းအဖွဲ့ဝင် မဖြစ်နိုင်ပါ။

၎င်းတို့၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်စေရန်အတွက် မိမိတို့အနေဖြင့် နိုဝင်ဘာ (၂၄)မှ ဒီဇင်ဘာ (၂၃)ရက်နေ့အတွင်း ကြိုးစားရမည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာရေးကို စိတ်ဝင်စားသူတိုင်း မိမိတို့ကိုယ်တိုင် ထည့်ဝင်ပေးကြပါရန်နှင့် မိမိတို့၏ မိတ်ဆွေ အပေါင်းအသင်းများအား လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

Dear Friends,

FED-GHRE has been accepted to participate in the Global Giving Challenge that runs from November 24th – December 23rd 2009. GHRE needs to raise $4000 through at least 50 separate donors to gain a permanent place on the Global Giving Website so we can gain further support in all our worthwhile projects! Check out our website for more information: www.ghre.org

Many donors are now pulling out of Phang Nga and Thailand as a whole as Tsunami funds all but dry up and the Global Economic Crisis persists. This has resulted in decreased funds for GHRE, putting pressure on the sustainability of our projects. However, the problem of access to education still remains for marginalized Burmese migrant children in Southern Thailand so we must find a way to continue to support their development, fulfill their Right to Education and empower them to break the cycle of poverty in the future.

Please help us by following this link and donating a minimum of $10 / to our education project in the Khuk khak area that currently supports 265 students.

http://www.globalgiving.com/projects/burmese-migrant-children-go-to-school/

On behalf of everyone at FED-GHRE and the local migrant community,
thank you for your support!

Ms Zurine Santander,
Fundraising Officer FED-GHRE

ﱢﱟﱞﱡ۩ﱡﱞﱟﱢ ပေးပို့ပေးသူ - ကိုတေ ﱢﱟﱞﱡ۩ﱡﱞﱟﱢ
004522838096

အပြည့်အစုံသတင်းဖတ်ရန်....

ဦးခွန်မြင့်ထွန်းနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအကြား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်

(ညာအစွန်) ဦးခွန်မြင့်ထွန်း ဂျပန်နိုင်ငံ ရွှေဂုံတိုင်စာတမ်း နှီးနှောဖလှယ်ပွဲ တက်ရောက်လာစဉ်
သို့ 
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ

၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ (၂၉) ရက် နေ့  တွင် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွှန့် ပေါင်းအစိုးရ (NCGUB) အလုပ်သမားဝန်ကြီးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) အတွင်းရေးမှူးအဖွဲ့ဝင် ဦးခွန်မြင့်ထွန်းနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအကြား တွေ့ဆုံဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသောကြောင့် မည်သူမဆို တက်ရောက်နိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ ရက် - ၂၉-၁၁-၂ဝဝ၉ (တနင်္ဂနွေနေ့ )
အချိန် - နံနက်-၀၉ နာရီမှ ၁၁ နာရီခွဲအထိ
နေရာ - တာကာဒါနိုဘာဘာ ဘူတာအနီး- RECYCLE CENTER ၏နောက်တိုက်

ဆက်သွယ်ရန် -
Ko Than Swe – ၀၉၀-၄၉၆၄၉၇၁၈, Ko Mai Kyaw Oo –၀၉၀-၉၈၃၁၇၁၉၂, Ko Hla Aye Maung –၀၉၀-၂၅၂၅၁၉၆၆, Ko Ko Aung –၀၉၀-၁၅၀၆၂၈၉၃, Ko Lwin Aung Soe – ၀၉၀-၆၅၀၅၆၈၅၈, Ko Phone Hlaing - ၀၉၀-၅၃၁၈၅၀၅၄

လေးစားစွာဖြင့်
ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ လိုလားသည့် မြန်မာနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ဂျပန်)
ဂျေအေစီ
JAC- Information

အပြည့်အစုံသတင်းဖတ်ရန်....

သင့်သွေးလှူခြင်းဖြင့် အသက်ကယ်ပါ။

အေဘီသွေးလိုအပ်နေပါတယ်။
၁၁ နှစ် သမီးလေး..ကစ်ကစ် ဟာသွေးကင်ဆာရောဂါခံစားနေရသူပါ.
သွေးလိုအပ်နေတဲ့အတွက် AB သွေးလှူရှင်ကို ရှာနေပါတယ်
အေဘီသွေးဖြစ်တဲ့အတွက် အရမ်းကိုရှားနေလို့ပါ..သင့်သွေးတစက်ဖြင့်အသက်ကယ်ပါ...(သွေးလှူဒါန်းခြင်းဖြင့်ကုသိုလ်
ယူပေးကြပါ)

အမြန်ဆုံး အကောင်းဆုံးကူညီပေးမယ်လို့မျှော်လင့်ပါတယ်...
ဆက်သွယ်ရန် မအေးအေးမြင့် (မိခင်) ( 01-586672 ).
တကယ်ကိုလိုအပ်နေလို့ ကူညီပေးကြပါခင်ဗျား..

အပြည့်အစုံသတင်းဖတ်ရန်....

ရိုက်စားတွေချည်းနဲ့ မြန်မာပြည်.

မောင်ခိုင်လမ်းက အစိုးရဖုန်းရုံးရဲ့ဂုတ်သွေးစုတ် လုပ်စားချက်များ..

မြန်မာပြည်တွင် မိုဘိုင်းဖုန်း(ဟမ်းဖုန်း)ကိုင်သူများတွေရဲ့ ကိုယ်တွေ့ ဒုက္ခလေးတစ်ခုပါ။ ဖုန်းကိုင်နိုင်တဲ့ လူတန်းစားမို့ ပိုက်ဆံရှိလို့ ကိုင်တယ် စောဒက တက်နိုင်ပေမဲ့ အမှန်က လူမှူရေး စီးပွါးရေး..ပညာရေး ဆက်သွယ်ရေး။ အလုပ်အကိုင်ဆက်သွယ်ရေး ကျန်းမာရေး လိုအပ်ချက်များကြောင့် သာ ဟမ်းဖုန်း ကိုင်ကြခြင်းဖြစ်ပါတယ်
မောင်ခိုင်လမ်းရှိ အစိုးရ ဖုန်းရုံးရဲ့လုပ်စားချက်ကတော့ လက်လန်ပါတယ်။ ။ နိုင်ငံခြားမှ ပြန်ရောက်လာသူ သူငယ်ချင်းတယောက်ရဲ့ ခံရတဲ့ အတွေ့ အကြုံလေးပေါ့ဗျာ..
ဒီလိုပါ သူ့ဖုန်းက ပထမပိုက်ဆံ ဆောင်ဖို့ကျန်လို့ ဖုန်းဖြတ်ထားပါတယ်။ သူပြန်ရောက်ပြီး ပိုက်ဆံ ငါးသောင်း(၅၀၀၀၀) သွားသွင်းလိုက်ပါတယ်။ လက်ကျန်ငွေ ၆၀၀၀ ခြောက်ထောင်နဲ့ဆို ၅၆၀၀၀ ပါ ၁၀ ရက်လောက်ပဲ ပြောရသေးတယ်။ ၂၇၀၀၀ ကုန်သွားလို့ ပိုက်ဆံ ၅၀၀၀၀ မကျန်တဲ့ အတွက် ဖုန်းလိုင်းဖြတ်မယ်လို့ massage ပို့ပါတယ်။ ၁၀ ရက်အတွင်း
သူဒီလောက် မသုံးတဲ့ အတွက် ဒီလောက် ကျစရာမရှိဘူးလို့ ပြောပြီး ဖုန်းဘေလ်အသေးစိတ်တွက်ခိုင်းပါတယ် ယနေ့ ထိ ( ၃ ရက်ရှိပါပြီ) မတွက်ပေးပဲ ရူးချင်ယောင်ဆောင်ကာ ယောင်ဝါးဝါး လုပ်နေပါတယ်။

သူက “ဖုန်းလိုင်းဖြတ်မည်ဆိုးသောကြောင့် နောက်ထပ် ၅သောင်း သွားသွင်းလိုက်ရပါတယ်။ အနိမ့်ဆုံးလက်ကျန် ၅ သောင်းရှိရမည်ဟု
ပြောပါတယ် မရှိရင် ဖုန်းလိုင်းဖျက်မယ်လို့ပြောပါတယ်။ ဖုန်းဘေလ်ကို သက်သက်ဆောင်ရပါတယ်
၅ သောင်းထဲက မလျှော့ပါဘူး။ ဒီတော့ ဖုန်းတစ်လုံးကိုင်ရန်ငွေ ၅သောင်း စပေါ်ပြီး.ကိုင်နေရသလိုဖြစ်နေတာပါ။ သူက အခြေအနေ မသိလို့ ဘေးဘီ လိုက်စုံစမ်းကြည့်တော့ တခြားသူတွေလည်း သူ့လိုပဲ ဆိုတာ သိရပါတယ်။ ကားပွဲစား ၁ ယောက်ကို ဆို အသားတင် ၁ သိန်းသွင်းခိုင်းပါတယ် ဖုန်းဘေလ်ကျသလောက် သက်သက်ဆောင်ရပါတယ်။ ဟိုတယ်လုပ်ငန်းရှင် အမျိုးသမီးတဦးကို ဆို ၁
သိန်းခွဲဆောင်ခိုင်းပါတယ် ဖုန်းဘေလ်ကျသလောက်သက်သက်ဆောင်ရပါတယ်။နောက်တခုက ဒီလ ဘေလ် ၂ သောင်းဖိုး(သို့) ၃သောင်းဖိုး ပြောဆိုပါက (များများ ကြာကြာပြောသူ ဆို နာပြီသာ မှတ်ပေတော့ )။
နောက်လတွင် အပေါင်ငွေ တိုးလာပြီး..၁ သိန်းသွင်းခိုင်းပါတယ် မသွင်းလျှင် ဖုန်းလိုင်းဖြတ်မည်ဟု ပြောဆိုပါတယ်။ သာမန် ဖုန်းပြောတဲ့ လူဟာ လတိုင်းပြောတဲ့ အချိန်ကာလ တူချင်မှတူမှာပါ.။ ဒီလ ၂ သောင်း(သို့)၃ သောင်းဖိုးပြောပေမယ့် နောက်လ အရင်လလောက်ပြောချင်မှပြောမှာပါ။ ပြောမိတိုင်း ပေးရမယ်ဆိုရင် ခက်ရချေရဲ့ဗျာ။. နားညီးတဲ့ ရည်းစားထားမိတဲ့သူ..စိတ်ဆိုးမှာစိုးလို့ ဖုန်းမဖြတ်ရဲတာနဲ့ ...ပြောချိန်တွေ တိုး ဖုန်းအပေါင်ငွေ ထပ်တိုးလာမယ်ဆို...တွေးကြည့်ပေါ့ဗျာ..
ဒီဥပဒေဟာ နားမလည်နိုင်စရာပါဘဲ။ နိုင်ငံခြားတွင် ဆို အပေါင်ပေးရတာထုံးစံမရှိပါဖူး. prepaid ဖုံးကလွဲလို့ ပေါ့။ ကိုယ်ပြောသလောက်သာ ဖုန်းခကျပါတယ်။ ဒီလို အပို တောင်းတာမျိုးမရှိပါ။ ရှိတဲ့အပြင် အခါကြီးရက်ကြီးများတွင် နာရီ free မိနစ်သုံးခွင့် အပိုပေးတာမျိုးတောင်ရှိပါတယ်။

ဖုန်းမကိုင်တော့လျှင် ဒီ စပေါ်သဘောမျိုး သွင်းထားရသော ၅ သောင်း ၊ ၁ သိန်းကိုလည်း ပြန်ပေးမပေးကိုတော့ သူလည်း
ရှင်းရှင်း လင်းလင်း မသိဘူးဟု ပြောဆိုပါတယ်။ ဒီမြန်မာပြည်ဥပဒေကိုတော့ သူနားမလည်တော့ဘူး ဒီအစိုးရ လုပ်ပုံကိုတော့
နားမလည်နိုင်အောင်ဖြစ်မိကြောင်းပြောပါတယ်။တီဗီထဲ သတင်းစာထဲတွင်အကောင်းများပြနေသလောက် အပြင်တွင် တကယ်ဖြစ်ပျက်နေတာကိုတော့ စိတ်ပျက်မိကြောင်းပြောဆိုပါတယ်။ဒီလို ခံရတဲ့လူတွေ မရေမတွက်နိုင်အောင်..အများကြီးရှိကြောင်းပြောဆိုပါတယ်။
အစိုးရနဲ့ ဌာနဆိုင်ရာ..တွေက ပြည်သူလူထုကို အနုနည်းနှင့် အမျိုးမျိုး သွေးစုတ် နှိပ်စက်နေတာတော့ အမှန်ပါဘဲ။ ခံလိုက်ရသော ပြည်သူလူထုမှ မကျေမနပ်ဖြစ်နေကြပြီး ဘယ်ကိုဘယ်လိုမေးမြန်း တိုင်တမ်းရမှန်းမသိဖြစ်နေပါတယ်။ ဖုန်းလိုင်းဖြတ်လိုက်လျှင်လည်း
ဒုက္ခရောက်မည်ဆိုး၍ သီးခံနေကြရပါတယ်။နောက်ထပ်ကြားရသည့် သတင်းကတော့ နောက်နှစ်(၂၀၁၀)တွင် အိမ်ဖုန်းများပါ ယခု ကဲ့သို့
စပေါ်သဘောမျိုးသွင်းရမည်ဟု ကြားသိနေရလို့ စိတ်အတော်ညစ်မိသည်ဟုပြောဆိုပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, November 24, 2009

ကျေးဇူးတော်အရှင် ဖြုးဆရာတော် ၏ အန္တိမအဂ္ဂိ ဈာပန အခမ်းအနား

http://www.phyusayadaw.com/ သို့  ဆရာတော်ကြီး၏ ကိုယ်ရေးအထ္ထုပ္ပတ္တိအကျဉ်းဖတ်ရန် ကြွပါ။




ပေးပို့ သူ အဘယပါ..

အပြည့်အစုံသတင်းဖတ်ရန်....

မိုးမခ အထောက်တော် အမှတ် ၀၀၄

24th NOV 2009 - MoeMaKa Daily

အပြည့်အစုံသတင်းဖတ်ရန်....

လူကြားတောင် မကောင်းတဲ့ မြန်မာ့သတင်း..

Summary

မိုးလေဝသသတင်း သိလိုက ငွေပေးဝယ်ယူရမည်
Tuesday, 24 November 2009 17:59 အောင်သက်ဝိုင်း
E-mail Print
စစ်အစိုးရက ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ကို ၀င်ငွေရှာရမည် ဟူသော ညွှန်ကြားချက်ကြောင့် ယခုအခါ အဆိုပါဌာနက မိုးလေ၀သသတင်း များကို အခမဲ့ မဖြန့်ဝေတော့ဘဲ အခကြေးငွေနှင့်သာ ရောင်းချနေသည်ဟု သတင်းရရှိသည်။

မိုး/ဇလ ဌာနသည် စစ်အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားလိုင်းများသို့ မိုးလေ၀သ သတင်းနှင့် ခန့်မှန်းချက်များ အခမဲ့ ဆက်လက်ပေးပို့နေသော်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိအဖွဲ့အစည်းများအနေနှင့် ရာသီဥတု ဆိုင်ရာ အချက်အလက်များ သိရှိလိုပါက အဆိုပါဌာနမှ အခကြေးငွေပေး ၀ယ်ယူရမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မိုး/ဇလ ဌာန အရာရှိတဦးက ပြောကြားသည်။

မိုး/ဇလ ဌာနကို ၀င်ငွေရှာရန်အတွက် ၀န်ကြီးရုံး၏ ညွှန်ကြားချက်အရ ပို့ဆောင်ရေး ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေကိုယ်တိုင် ပြောဆိုခိုင်းစေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဌာနသည် မိုးလေ၀ သသတင်းကိုသာ ဦးစားပေးထုတ်ပြန်သော ဌာနဖြစ်သည့်အတွက် ၀င်ငွေရှာနိုင်သော အခွင့်အလမ်း မရှိသောကြောင့် မိုးလေ၀သ ဆိုင်ရာ အသေးစိတ် သတင်းအချက်အလက်များကို အခကြေးငွေ ယူ၍ ရောင်းချရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

“တီဗီနဲ့ သတင်းစာမှာ နေ့စဉ်ပါတဲ့ မိုးလေ၀သ သတင်းနဲ့ ခန့်မှန်းချက်ထက်ပိုပြီး သိချင်တဲ့ ရာသီဥတုသတင်း အသေးစိတ် အချက်အလက်တွေကို အရင်ကလို အလကားမပေးတော့ဘူး။ ဌာနမှာ လာဝယ်ရမှာပါ” ဟု နေပြည်တော် မိုး/ဇလ လက်ထောက်ညွှန်ကြားရေးမှူး တဦးက ဆိုသည်။

ရာသီဥတုဆိုင်ရာ မိုးလေ၀သသတင်း အသေးစိတ်အချက်အလက်များကို ၀ယ်ယူရာတွင် ဈေးနှုန်း သတ်မှတ်ထားခြင်းမရှိဘဲ မိမိသိရှိလိုသော သတင်းအပေါ်မူတည်ပြီး ကုန်ကျစရိတ် အနည်းအများ ကျသင့်မည်ဟုလည်း သိရသည်။

“အခုနောက်ပိုင်း ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး ပြောကြဆိုကြတယ်။ ကျနော်တို့ဌာနကိုလည်း အဲဒါနဲ့ ပတ်သက်ပြီး မေးကြ၊ မြန်းကြတယ်။ ဒါကြောင့် ဌာနက ရာသီဥတုဆိုင်ရာ သတင်း အသေးစိတ်အချက်အလက်တွေပါတဲ့ ကွန်ပျူတာ CD နဲ့ ရောင်းပေးဖို့ရှိတယ်” ဟု အဆိုပါ လက်ထောက် ညွှန်ကြားရေးမှူးက ရှင်းပြသည်။

ကမ္ဘာ့နိုင်ငံများတွင် မိုးလေ၀သနှင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို အခမဲ့ဖြန့်ချိပြီး အင်တာနက်ပေါ်တွင် အလကားရရှိနိုင်ချိန်၌ စစ်အစိုးရ၏ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အခကြေးငွေယူ၍ ရောင်းချသည်မှာ ရှက်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်ဟု ပြည်တွင်း သတင်းစာဆရာကြီးတဦးက သုံးသပ်သည်။

“ရာသီဥတု သတင်းဆိုတာက နိုင်ငံတနိုင်ငံအတွက်တင်မကဘူး၊ တကမ္ဘာလုံးအတွက်လည်း အရေးကြီးပါတယ်။ လူသားတွေရဲ့ စားဝတ်နေရေး၊ သေရေး ရှင်ရေးတွေက မိုးလေ၀သသတင်းတွေပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတကာမှာ မိုးလေ၀သသတင်းတွေ အလကားရနေတာကို မြန်မာနိုင်ငံမှာ ပိုက်ဆံပေးဝယ်ရမယ်ဆိုတော့ လူရယ်စရာကြီးပဲ” ဟု
ထိုသတင်းစာဆရာကြီးက ဆိုသည်။

မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနတွင် မိုးလေ၀သအခြေအနေများ စမ်းသပ်တိုင်းတာနိုင်သည့် ခေတ်မီ စက်ပစ္စည်းများ တပ်ဆင်ပေးရန် တင်ပြခဲ့သော်လည်း အာဏာပိုင်များက တပ်ဆင်ပေးခြင်းမရှိကြောင်း၊ ထိုဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကို တာဝန်မှ အနားပေးခဲ့ခြင်းသည် ဌာနတွင် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ရန် တင်ပြသည့်ကိစ္စ၊ မိုးလေ၀သ သတင်းများကို အခကြေးငွေယူ ထုတ်ပြန်ရန် ငြင်းဆိုသည့် ကိစ္စများနှင့် ဆက်စပ်နေကြောင်းလည်း ကြားသိရသည်။

၂၀၀၈ခုနှစ် မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက် တိုက်ခတ်စဉ် မြန်မာနိုင်ငံ မိုး/ဇလ ဌာနသည် မုန်တိုင်းသတင်း ကို အချိန်မီ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိသည့်အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေကြေပျောက်ဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာ အိုးအိမ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အငြိမ်းစားပေးခြင်းခံရသည့် ဦးထွန်းလွင်နေရာတွင် ဒေါက်တာသိန်းထွန်းက ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင် နေပြီး မိုးလေ၀သ သတင်းများ ရောင်းချခြင်း လုပ်ငန်းကို အသေးစိတ် ကိုင်တွယ်နေရသည်ဟု သတင်းရရှိသည်။ www.irrawaddy.org/bur/index.php?option=com_content&view=article&id=2183:2009-11-24-11-01-10&catid=1:news&Itemid=2

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်အထက်ပိုင်း ဘိန်းစိုက်မှု များပြားလာ တရုတ်လုပ်ငန်းရှင်များ ငွေကြေးစိုက်ထုတ်ပေးမှုရှိ

ခိုင်လင်း / ၂၄ နိုဝင်ဘာ ၂၀၀၉
မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်တလျှောက်၌ ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေပြီး အချို့ဒေသတွင် တရုတ်နိုင်ငံဘက်မှ လုပ်ငန်းရှင်များက ငွေကြေးစိုက်ထုတ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မိုးကောင်း၊ နမ္မတီးမြို့နယ်အတွင်းမှ အချို့သော ဒေသခံများကို တရုတ်လုပ်ငန်းရှင်များက ငွေကြေးများ စိုက်ထုတ်ပေး ကာ တနိုင်းမြို့အနောက်ဘက်ဒေသရှိ တနိုင်းခချောင်းနှင့် တဂါးခချောင်းတလျှောက် စစ်ကိုင်းတိုင်းနယ်စပ်နှင့် တနိုင်းမြို့၏ တောင်ပိုင်း ဒေသတလျှောက်တွင် စိုက်ပျိုးနေကြသည်ဟု မကြာသေးမီက အဆိုပါဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့သည့် ကချင် အန်ဂျီအို အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “မိုးကောင်း၊ နမ္မတီးဘက်က နယ်ခံတွေ တဦးကို ဧက ဆယ်ချီ၊ ရာချီ လုပ်နေတာ။ နေ့စားအလုပ်သမားတွေကိုလည်း အများကြီး ငှားပြီး လုပ်နေတာ။ လုပ်အားခက တရက်ကို ကျပ် သုံးထောင်ကနေ သုံးထောင့်ငါးရာ ရှိတယ်။ လုပ်အားခရှင်းတာကို တရက် တရက် သိန်းပိုင်းရှိလို့ ငွေအားများများနဲ့ အကြီးအကျယ် လုပ်နေတာ။ သိရတာက သူတို့တွေက ငိုစား ရယ်စားပဲ။ တရုတ်တွေက ငွေစိုက်ထုတ် ပေး ထားတယ်။ ဘိန်းထွက်လာရင် ဝေစုထဲကနေ ထပ်ရဦးမယ်” ဟု ပြောသည်။

နမ္မတီးနှင့် တနိုင်းမြို့ ဆက်သွယ်ထားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လဝကျေးရွာမှစ၍ တနိုင်းအထိ လမ်းဘေး တောတောင်များတွင် စိုက်ပျိုးနေကြပြီး လမ်းတလျှောက်ရှိ ကျေးရွာအာဏာပိုင်များက ဘိန်းစိုက်တောင်သူများထံမှ ငွေကြေးကောက်ခံကာ နယ်မြေခံ စစ်တပ်များ ကို ဆက်ကြေးပေးဆောင်နေရသည်ဟု ကျေးရွာအာဏာပိုင်များနှင့် နီးစပ်သူ တနိုင်းဒေသခံတဦးက ပြောသည်။

၎င်းက “လီဒို လမ်းတလျှောက်မှာ စိုက်တာက လမ်းဘက်က မမြင်ရအောင်တော့ စိုက်ရတာပေါ့။ ကျေးရွာလူကြီးတွေက သူတို့ ရွာနား စိုက်တဲ့ သူတွေဆီက ငွေကောက်ပြီး၊ တနိုင်း ဒကစ (ဒေသကွပ်ကဲရေး စစ်ဌာနချုပ်)၊ မိုးကောင်း စကခ (အမှတ်-၃ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်) တို့က တပ်တွေကို ငွေပေးရတယ်၊ သူတို့လည်း နည်းနည်းပါးပါးတော့ ရမှာပေါ့။ အခုက စိုက်တောင်ပြီးနေပြီ။ ဘိန်းခြစ်တဲ့အ ချိန်ကျရင် ငွေပြန်ကောက်ပြီး ထပ်ပေးဖို့ ရှိသေးတယ်” ဟု ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးဒေသတွင် ဘိန်းခင်းအများအပြား စိုက်ပျိုးထားပြီး တရုတ်နိုင်ငံသား ကျပန်းအလုပ်သမားများ မြန်မာပြည် ဘက် သို့ ယခုနှစ် မိုးတွင်းပိုင်းက သွားရောက်ကာ နေ့စားလုပ်ခ စရိတ်ငြိမ်း တရုတ်ငွေ (၅ဝ) ယွမ် (ယခုငွေလဲနှုန်းအရ မြန်မာငွေ ကျပ် ၇,ဝဝဝ) ဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ လာမည့် ဘိန်းခြစ်ရာသီတွင် ထပ်မံသွားရောက်ရန် အားခဲနေကြကြောင်း တရုတ်ပြည်၊ ထိန်ချုံးဒေသခံတ ဦးက ပြောသည်။

၎င်းက “ထိန်ချုံးခရိုင်ထဲက ကူရုံးနယ်သားတွေ သွားလုပ်တာများတယ်၊ စားပြီးသောက်ပြီး ယွမ် (၅ဝ) ဆိုတော့ လုပ်အားခ မဆိုးဘူးလို့ ပြောရမှာပေါ့။ ဘိန်းစိုက်တဲ့အချိန်ဆိုရင် တောခုတ်၊ မီးရှို့၊ မြေပေါက်၊ မြေသြဇာထည့်နဲ့ တလလောက်လုပ်ရတယ် ပြောတယ်။ အစေးခြစ်တဲ့အခါလည်း အဲလို (၁၅) ရက်၊ တလလောက်ထိ လုပ်ရတယ်တဲ့။ အဲဒါကြောင့်မို့ ဘိန်းစိုက်ချိန်၊ အစေးခြစ်တဲ့အချိန်ဆိုရင် ဒီဘက်မှာလည်း အလုပ်သမားတွေ ရှားသွားလို့ လုပ်အားခတွေတောင်ဈေးတက်တယ်၊ နှစ်တိုင်းပဲ အဲလို ဖြစ်နေတာ” ဟု ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ၏ အကူအညီဖြင့် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက် ရေးဆောင်ရွက်နေ၍ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းလာသည်ဟု ပြောဆိုနေချိန်တွင် ယခင်က ဘိန်းစိုက်ပျိုးမှု နည်းပါးသည့် ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု များပြားလာခြင်းဖြစ်သည်။
http://www.khitpyaingnews.org/news/Nov09/241109a.php

အပြည့်အစုံသတင်းဖတ်ရန်....

မတရားဥပဒေ ကျင့်သုံးတဲ့တိုင်းပြည်

အောင်ကျော်ခင် (ဝေဖန်သုံးသပ်ချက်) ၂၄ နိုဝင်ဘာ ၂၀၀၉

နအဖခေတ်မြန်မာပြည်မှာ ဒီမိုကရေစီသမားကို ကြံ့ဖွံ့က၀ိုင်းရိုက်ပြီး အရိုက်ခံရသူကို အပြစ်ပေးတာဟာ ထုံးစံလိုဖြစ်နေတယ်။ အစိုးရကိုယ်တိုင် အကြမ်းဖက်သမားဖြစ်နေတော့ တရားသူကြီးကလည်း အကြမ်းဖက်သမားအမိန့်ကို နာခံရတဲ့သဘောပဲ။ မတရားစီရင်ချက်တွေကတော့ အများကြီးပဲ။ ၂၀၀၇ ခုနှစ်က ဟင်္သာတမြို့နယ်မှာ လူ့အခွင့်အရေးသင်တန်းပို့ချဖို့ ကြိုးစားသူ (၂) ဦးကို ကြံ့ဖွံ့တွေဝိုင်းရိုက်လို့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတင်လိုက်ရတယ်။ ဒါပေမယ့် သူတို့ (၂) ဦးစလုံး ထောင် (၈) နှစ်စီ ကျ သွားပြီး သူတို့ကိုကူညီတဲ့ ရွာသား (၅) ဦး ထောင် (၄) နှစ်စီ ကျသွားတယ်။ ၀ိုင်းရိုက်တဲ့ကြံ့ဖွံ့ကို အရေးမယူဘူး။ ရိုက်တဲ့လူက အပြစ်မရှိ အရိုက်ခံရသူသာ အပြစ်ရှိတယ်လေ။

ဘုရားကို မှန်မှန်ရှိခိုးရင်လည်း အဖမ်းခံရနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ရွှေတိဂုံစေတီမှာ အင်္ဂါနေ့တိုင်း ဘုရားရှိခိုးပြီး ဆုတောင်းနေတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် နော်အုန်းလှနဲ့ အပေါင်းပါအမျိုးသမီး
(၃) ဦးကို အောက်တိုဘာလ (၃) ရက်နေ့က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာထားတယ်။ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီးအပြန် သင်္ကန်းကျွန်းမြို့နယ် စံပြဈေးမှာ အဖမ်းခံရတာတဲ့။ ပုဒ်မ ၅၀၅(ခ) အရ ဖမ်းတယ်ဆိုပဲ။ “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုလည်းကောင်း ကြောက်ခြင်း ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်” ထိုသူကို ထောင်ဒဏ် (၂) နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ဥပဒေမှာ ဖော်ပြထားတယ်။

လက်ဖက်ရည်ဆိုင်မှာ စကားပြောသူကို ဖမ်းနိုင်တဲ့ဥပဒေပဲ။ တရားသူကြီးတွေရဲ့တာဝန်က ထောင်ဒဏ် (၂) နှစ် ပေးရမယ့်အမှုကို (၁၀) နှစ်ဖြစ်အောင် ကြံဖန်ပြီး အပြစ်ရှာဖို့ဖြစ်တယ်။ အရှင်သခင်ကျေနပ်အောင် ဒီမိုကရေစီသမားတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နေတာ တရားသူကြီးတွေရဲ့ တာဝန်လိုဖြစ်နေတယ်။ ဒီလိုမတရားတဲ့ စီရင်ချက်တွေကို လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ထုတ်နေပေမယ့် ဒီတရားသူကြီးတွေကို ဘယ်လိုအရေးယူမလဲဆိုတာကို အလေးအနက် စဉ်းစားဖို့လိုလာပြီ။ မတရားသူကြီးတွေကို ဖော်ထုတ်ဖို့လိုတယ်။ နအဖလုပ်ရပ်ကို မတရားဥပဒေနဲ့ ကာကွယ်နေတဲ့ မတရားသူကြီးတွေပဲ။

တရားစီရင်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၅/၂၀၀၀ ကို ၂၀၀၀ ပြည့်နှစ် ဇွန်လ (၂၇) ရက်ထုတ်ပြန်ချိန်ကစပြီး တရားသူကြီးတွေဟာ စစ်အစိုးရအလိုဆန္ဒအတိုင်း တရားစီရင်နေရတယ်။ နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေက လက်မှတ်ထိုးထုတ်ပြန်တဲ့ တရားစီရင်ရေးဥပဒေဖြစ်လို့ ကြပ်ပြေးကြီး အလိုကျအတိုင်း တရားစီရင်ရတယ်လို့ ဆိုနိုင်တယ်။ နအဖခေတ် မြန်မာ့ဥပဒေဟာ ကြပ်ပြေးကြီးရဲ့ အမိန့်ပါ။ တရားရုံးချုပ်နဲ့ လက်အောက်ခံ တရားရုံးများရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကြပ်ပြေးကြီးက သတ်မှတ်လိုက်တဲ့ တရားစီရင်ရေးဥပဒေပင်ဖြစ်တယ်။ နအဖခန့်အပ်တဲ့ မတရားရုံးချုပ်မှာ မတရားသူကြီးပဲရှိတယ်။ နအဖအစိုးရရဲ့ မတရားလုပ်မှုကို မတရားသူကြီးတွေက မှန်ကန်အောင် မလုပ်နိုင်ပါ။

အခြေခံဥပဒေရေးဆွဲပြီး အတည်ပြုလိုက်ပြီဆိုရင် တိုင်းပြည်အခြေအနေ ကောင်းသွားပြီဟု သာမန်အားဖြင့် ယူဆတယ်။
၁၉၄၇ အခြေခံဥပဒေကို ရေးဆွဲဖို့ပြင်ဆင်ရာမှာ တိုင်းရင်းသားစည်းလုံးရေးကို တစုံတခုသောအတိုင်းအတာအထိ ရယူနိုင်ခဲ့လို့ ပြည်တွင်းပြည်ပ ရိုသေလေးစားကြတယ်။ မလေးစားတဲ့ အုပ်စုတွေက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကြတယ်။ မဆလခေတ် ၁၉၇၄ မှာ အတည်ပြုတဲ့ ဆိုရှယ်လစ်အခြေခံဥပဒေဟာ အာဏာရှင်စနစ်ကို ဆိုရှယ်လစ်အရေခြုံတဲ့ ဥပဒေဖြစ်ပေမယ့် နိုင်ငံတကာအသိအမှတ်ပြုမှုကို ခံရတယ်။ မဆလအစိုးရကို နိုင်ငံခြားငွေကြေး အကူအညီဝိုင်းပေးကြတယ်။

၂၀၀၈ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီအရေခြုံပေးဖို့ ရည်ရွယ်တယ်။ တိုင်းရင်းသားစည်းလုံးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မကြိုးပမ်းဘဲ တဖက်သတ်ရေးဆွဲတဲ့ အခြေခံဥပဒေဟာ ရိုသေလေးစားမှု မရနိုင်ပါ။ အရေးပေါ်အခြေအနေကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အခြေခံဥပဒေမျိုး မြန်မာပြည်မှာသာ ရှိမယ်ထင်တယ်။ အများသဘောတူတဲ့ သဘောတရားအပေါ် အခြေပြုတဲ့ အခြေခံဥပဒေကသာ ပြည်တွင်းပြည်ပလေးစားမှုကို ရရှိနိုင်တယ်။

မတရားတဲ့ အခြေခံဥပဒေဆိုတာကို ကမ္ဘာကသိပေမယ့် ဥပဒေရှိတာကို တိုးတက်မှုအဖြစ် သတ်မှတ်တဲ့အစိုးရလည်းရှိတယ်။ တရားသူကြီးတွေဟာ စစ်ဗိုလ်အမိန့်နာခံပြီး အရပ်သားလောကမှာ လာဘ်စားတယ်။ ငွေရှိရင် ရဲနှင့်တရားသူကြီးကို ကြိုက်သလို ခိုင်းနိုင်တယ်။ ဖမ်းဝရမ်း Arrest Warrant ကို ရောင်းစားတဲ့ခေတ်ဖြစ်တယ်။ အတိုက်အခံကို အရေးယူအပြစ်ပေးတဲ့ ဥပဒေဖြစ်တယ်။ တရားရုံးကို အင်းစိန်ထောင်ဝန်းထဲမှာ ထားတာဟာ ဒီရည်ရွယ်ချက်ကို ပြသရာရောက်တယ်။ အကျင့်ပျက် တရားသူကြီတွေဟာ နအဖစစ်ဗိုလ်ရဲ့ အမိန့်အတိုင်း စီရင်ချက်ချနေတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူကို ထောင်ဒဏ်အနှစ် (၅၀) ကျော်ချမှတ်တဲ့ တရားဌာနဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ အမိန့်နာခံတဲ့ တရားစီရင်ရေးစနစ်ကို ကမ္ဘာက သိသွားတယ်။ မတရားစီရင်ချက် အများအပြားရှိတဲ့အနက် ထင်ရှားတဲ့အမှု
(၂) မှုကိုသာ တင်ပြပါတယ်။ ဗိုလ်ချုပ်နေ၀င်းနဲ့ဗိုလ်ချုပ်သန်းရွှေတို့ရဲ့ သမားတော်ကြီး ဗိုလ်ချုပ် ဒေါက်တာကျော်ဝင်းရဲ့သား ဆေးကျောင်းသားထွန်းကျော်ဝင်း မောင်းနှင်တဲ့ ကားကတိုက်တဲ့အတွက် စီးပွားရေးတက္ကသိုလ်ကျောင်းသား မောင်ရဲဝင်း သေဆုံးသွားတယ်။ ဒါပေမယ့် ထွန်းကျော်ဝင်းဟာ ခေတ္တသာအထိန်းသိမ်းခံရပြီး လွတ်မြောက်သွားတယ်။ ဆရာဝန်ဖြစ်လာတဲ့အခါ ဖခင်ဖြစ်သူဒေါက်တာကျော်ဝင်း သံအမတ်လုပ်တဲ့ အင်္ဂလန်ကိုလိုက်လာပြီး လီဘာပူးဆေးရုံမှာ အမှုထမ်းတယ်။

ဒါပေမယ့် ဗြိတိသျှဆေးကောင်စီစည်းမျဉ်းဥပဒေအရ ရာဇ၀တ်ပြစ်ဒဏ်ကျခံဖူးသူဟာ ဆရာဝန်လုပ်ပိုင်ခွင့်မရှိဘူး။ ကားတိုက်မှုနဲ့ ခေတ္တထောင်ကျတာကို ဖုံးကွယ်နိုင်ရင် အင်္ဂလန်မှာ အလုပ်ရနိုင်တယ်လို့ ထွန်းကျော်ဝင်းက ထင်တယ်။ အင်္ဂလိပ်တရားဥပဒေနဲ့ နအဖ၏ မတရားဥပဒေထိပ်တိုက်တွေ့မှာကို စဉ်းစားမိဟန်မတူဘူး။ ဒေါက်တာထွန်းကျော်ဝင်းအမှုကို ကင်ဘာလေမြို့ အခြေစိုက် မြန်မာအမျိုးသား မျက်စိအထူးကုဆရာဝန်တဦးက ဗြိတိသျှဆေးကောင်စီသို့ အကြောင်းကြားတဲ့အခါမှာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်လာရတယ်။ စစ်ဆေးခံရရင် ဆရာဝန်လိုင်စင်ရုပ်သိမ်းခံရပြီး နာမည်ပျက်မှာစိုးရိမ်တာနဲ့ ဒေါက်တာထွန်းကျော်ဝင်း အမေရိကန်သို့ ရွှေ့ပြောင်းသွားတယ်။ နှလုံးအထူးကုဆရာဝန် ဒေါက်တာထွန်းကျော်ဝင်းဟာ ဆေးပညာမှာတော်ပေမယ့် ဥပဒေအထက်က စစ်ဗိုလ်လူတန်းစား အခွင့်ထူးခံတဦးပဲဖြစ်တယ်။

နောက်တမှုက တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ဦးစောလှိုင် မောင်းနှင်တဲ့ကား ဆိုက်ကားတစီးကို တိုက်မိတယ်။ ဆိုက်ကားသမားနဲ့ ဆိုက်ကားစီး ခရီးသည် (၂) ဦး မပြောပလောက်တဲ့ ဒဏ်ရာရရှိသွားတယ်။ လျော်ကြေးပေးလို့ နှစ်ဦးနှစ်ဘက် ကျေနပ်ခဲ့ကြပေမယ့် ဦးစောလှိုင်ကို သက်ဆိုင်ရာအာဏာပိုင်က စွဲချက်တင်ပြီး တောင် (၅) နှစ်ချလိုက်တယ်။ ဦးစောလှိုင်ဟာ ရှေ့နေငှားခွင့်မရလိုက်ပါ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် လုံးဝဆန့်ကျင်တဲ့ လုပ်ရပ်ပဲ။ ဒီလိုအမှုတွေ မြန်မာပြည်မှာ အများကြီးရှိနေတာကို တရားရုံးချုပ်က ဒေါက်တာဘွဲ့ရ ဥပဒေပညာရှင်တွေ ဘာမှမတတ်နိုင်ပါ။ ဥပဒေဒေါက်တာဘွဲ့ယူပြီး နအဖစနစ်မှာ အမှုထမ်းနေတာဟာ မိမိကိုယ်မိမိ လိမ်လည်လှည့်ဖြားနေတာသာဖြစ်တယ်။

စစ်အာဏာရှင်တွေ မတရားလုပ်နေတာကို ဥပဒေကြောင်းအရ မှန်ကန်ကြောင်း တရားရေးဌာနက ဆုံးဖြတ်နေတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့နဲ့ ဆုံးဖြတ်ဖို့အတွက် အခြေခံဥပဒေခုံရုံးထားရှိကြောင်း ၂၀၀၈ အခြေခံဥပဒေပုဒ်မ (၃၂၁) မှာ ဖော်ပြထားတယ်။ သူများတိုင်းပြည်မှာ တရားမျှတအောင် အခြေခံဥပဒေဆိုင်ရာခုံရုံးကို ထားရတာဖြစ်တယ်။ ဒီမိုကရေစီကျင့်စဉ်ကို အာဏာရအစိုးရလိုက်နာအောင် အခြေခံဥပဒေခုံရုံးကို ထားတာပါ။ မြန်မာပြည်မှာတော့ အခြေခံဥပဒေရဲ့ခုံရုံးဟာ အစိုးရလက်အောက်ခံဌာနဖြစ်လို့ မတရားဥပဒေကျင့်သုံးနိုင်အောင် ဖွဲ့စည်းထားသလို ဖြစ်နေတယ်။

ဗမာစစ်အုပ်စုရဲ့ ဆွေမျိုးပေါက်ဖော်ကြီးကလည်း သူ့နည်းသူ့ဟန်နဲ့ မတရားလုပ်နေတာပဲ။ မတရားအလုပ်ခံရတာကို မကျေနပ်လို့ မြို့ကိုတက်ပြီး တိုင်ကြားဖို့ ကြိုးစားသူတွေကို တရုတ်ကြံ့ဖွံ့နဲ့လုံခြုံရေးဝန်ထမ်းတွေက ဖမ်းဆီးပြီး လျှို့ဝှက်စခန်းတွေမှာ ထိန်းသိမ်းထားတာ (၆) နှစ်လောက်ရှိနေပြီလို့ နိုဝင်ဘာလ (၁၁) ရက်နေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ (၅၃) မျက်နှာအစီရင်ခံစာမှာ ဖော်ပြထားတယ်။ အရှက်မရှိတဲ့ ဗမာတရားသူကြီးတွေက မတရားတဲ့ စီရင်ချက်ကို ဗြောင်ချမှတ်နေပေမယ့် တရုတ်ပြည်မှာတော့ ဒီလိုမတရားသူကြီးမျိုး ရှာရခက်ပုံရတယ်။ ဒါကြောင့် လူမသိအောင် လျှို့ဝှက်စခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပုံရတယ်။ http://www.khitpyaing.org/articles/Nov09/241109.php မှ

အပြည့်အစုံသတင်းဖတ်ရန်....

Monday, November 23, 2009

ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲမှ ထုတ်ပြန်ကြေငြာချက်

Shwegondai Statement

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ့အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

Shwegondai News

အပြည့်အစုံသတင်းဖတ်ရန်....

ငါသာ အမိ ငါသာအဖ..

အပြည့်အစုံသတင်းဖတ်ရန်....

ကချင်ပြည်နယ် လိမ္မော်ခြံတွေ တရုပ်ပိုင်ရွှေမိုင်းတွေ ဖြစ်ကုန်ပြီ

Orchards being converted to Chinese gold mines
Written by KNG
Monday, 23 November 2009

Orchards famous for its oranges in Burma's northern Kachin State is being converted to Chinese-owned gold mines by Zahkung Ting Ying, leader of a former Kachin armed group, who is loyal to the repressive Burmese junta, said local sources.
.
112309-gold-mine-mandawng

A bulldozer in a gold field in Mandawng village, Kachin State, northern Burma.
Mandawng orange fields in Waingmaw Township are located about 20 miles east of Myitkyina, the capital of Kachin State. Local orchard owners have been pressurized to sell their orange fields to Chinese gold mining companies by former New Democratic Army-Kachin (NDA-K) leader Ting Ying since October, said villagers of Mandawng.


On October 29, over 10 orchard owners in Mandawng sold about 90 acres to Chinese gold mining companies for over 50 million Kyat (over US$52,083) on Ting Ying’s say so, said Mandawng's villagers. Ting Ying is also a land contractor for all gold mines, added locals.

Currently, gold mining activities are undertaken with large sophisticated machines in Kachin State such as bulldozers, power-shovels, trucks and modern gold filtering equipment, said Salang Tsa Ji, General Secretary of Kachin Development Networking Group (KDNG), who recently visited the gold fields.


Relatives of Ting Ying and dozens of Chinese gold mine workers are stationed in the areas known as Chaung Sone and Hka Wan, on the riverbank of N'Mai Hka in several plastic-fibre-roof tents, said local eyewitnesses.

112309-mandawngEarlier in October, Ting Ying warned owners of orange and paddy fields in Kachin villages along the east riverbanks of N'Mai Hka---Mandawng, Hka Wan, Sha-ngaw, Chaung Sone and other small villages that the villages are in the flood zone of the Myitsone dam project on the Irrawaddy River, according to villagers.

Ting Ying also told them that mining gold early in the orchards and crop fields will be more beneficial to them instead of allowing the land to be gobbled up by floods caused by the Myitsone dam, villagers added
Tsa Ji told KNG today, "The owners of orange and crop fields in the villages were psychologically tricked by Zahkung Ting Ying to sell their land to the Chinese gold company".

There are thousands of acres of orchards and paddy-fields in Mandawng and the areas close to it is. Now the area is threatened with conversion to gold mines, said local villagers.

In Kachin State, oranges are mainly produced in Mandawng and Ga Ra Yang in Waingmaw Township, Puta-O district and Hukawng valley. It tastes unusually good and is sought after by people in the country.http://www.kachinnews.com/index.php/news/1232-orchards-being-converted-to-chinese-gold-mines.html

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်