Saturday, January 31, 2009

အကြောက်တရားမှကင်းလွတ်ခြင်း (Freedom from fear)

အပြည့်အစုံသတင်းဖတ်ရန်....

နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ


ဓာတ်ပုံ - ကိုလတ်
KNLA tw23

အပြည့်အစုံသတင်းဖတ်ရန်....

Burma VJ ရုပ်ရှင်ကား နမူနာ




ရွှေဝါရောင်တော်လှန်ရေးကို ဂုဏ်ပြုတဲ့အနေနဲ့  ဖြစ်ရပ်မှန်မှတ်တမ်းများကို ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ Burma VJ ရုပ်ရှင်ကားအား နမူနာကြည့် နိုင်ပါပြီ။ ဒီ Burma VJ ရုပ်ရှင်ဟာ World Cinema Documentary Editing Award ရရှိခဲ့ပါတယ်။
AWARDS: CPH:DOX award, Copenhagen november 2008 JORIS IVENS AWARD, Amsterdam november 2008 Amnesty Award, Copenhagen november 2008 Movies That Matter Award, Amsterdam november 2008 www.dox-on-whee...

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်ကာကွယ်မည် တပ်မတော်ညာနေသည်

ကိုယ်ပေါင်ကိုယ်လှန် ထောင်းရမည့်အဖြစ်။ မတတ်နိုင်။ ပြောရေးရှိကပြောရမည်။ သည်နေ့ အလုပ်ခွင်ထဲ၌ မထင်မှတ်ပဲ အရှက်ကွဲ ရသည့်အဖြစ်။ ဘာမှကို ပြန်မပြောနိုင်။ ၀မထင်ခဲ့။ ကျွန်တော် မသတ်ချင်သော၊ မပတ်သက်ခဲ့သော စစ်တပ်နှင့် ပတ်သက်၍ ကျွန်တော် အရှက်ကွဲရလိမ့်မည်ဟု ဘယ်တုန်းကမျှ စိတ်ထဲမတွေးခဲ့ဘူးပါ။ သို့သော်တကယ် ပင် ပက်ပက်စက်စက် အရှက်ကွဲခဲ့ပါသည်။
စင်ကာပူနိုင်ငံတွင် ဘင်္ဂလားလူမျိုးများသည် အောက်ခြေသိမ်း အလုပ်သမားများသာ လုပ်ကြရသည်ကို လူတိုင်းသိပါသည်။ ကျွန်တော်လုပ်ရသော အလုပ်တွင်လည်း ဘင်္ဂလားများရှိသည်။ ကျွန်တော့်လက်အောက် အလုပ်သမားများ၊ ကျွန်တော်ခိုင်းသမျှ လုပ်ပေးကြသူများ။ သူတို့နှင့် ကျွန်တော်ခင်ပါသည်။ ယခုပြောမည့် ကိစ္စမှာလည်း ဘင်္ဂလားမုန်းတီးရေး ကိစ္စမဟုတ်။ မြန်မာစစ်တပ်၏ လုပ်ရပ်နှင့် စွမ်းရည်ကို ဝေဖန်လိုသောကြောင့်ဖြစ်ပါသည်။

ထိုနေ့ ညနေပိုင်း အလုပ်သမားများ လက်ဖက်ရည်သောက်ချိန်တွင် စကားမမြည်း ပြောဖြစ်ကြသည်။ ပြောနေရင်း လွန်ခဲ့သော လပိုင်းများက မြန်မာစစ်တပ် နှင့် ဘင်္ဂလားစစ်တပ် ဓာတ်ငွေ့ကိစ္စနှင့် ပတ်သက်ပြီး ရင်ဆိုင်တွေ့ကြသည့် အကြောင်းရောက်သွားသည်။ ကျွန်တော်က နားထောင်သည့် အကျင့်သာများသူဖြစ်သည့် အလျှောက် သူပြောသမျှ အလိုက်သင့် နားထောင်နေမိသည်။

"ဟိုတလောက ဘင်္ဂလားစစ်တပ်နှင့် မြန်မာစစ်တပ် ချမလိုဖြစ်ကြတယ်။ ဘင်္ဂလားနယ်မြေထဲမှာ ဓာတ်ငွေ့လာခိုးလို့လေ။ ဘင်္ဂလားစစ်တပ်က ဒီနေ့ပြန်သွား မပြန်ရင် ချမှာဆိုပြီး။ စစ်သင်္ဘောတွေလွတ်လိုက်တော့ မြန်မာစစ်တပ် နောက်ဆုတ်သွားတာ။ ဘင်္ဂလားစစ်တပ်က အင်အားကြီးတယ်။ မြန်မာစစ်တပ်လောက်မကဘူး။ စွမ်းအားရှိတယ်လေ"
ရုတ်တရက် ကျွန်တော်ငိုင်သွားသည်။ တကယ်လည်း မြန်မာစစ်တပ်ပြန်ဆုတ်ပြေးခဲ့သည်။ လေသံမာမာပင် မပြောခဲ့ဟု ထင်ပါသည်။ အဖြစ်ခဲ့ ထိုသို့ဖြစ်ခဲ့သည်။ ကျွန်တော်မည်သည့် ဆင်ခြေဖြင့် ပြန်ပြောရမှန်းမသိ။ အမှန်ကိုတော့ လက်ခံရမည့် အဖြစ်။ သူက သူ့ဘင်္ဂလား စစ်တပ်အတွက် ဂုဏ်ယူစွာပြောသွားသည်။ သူသည် မြန်မာတို့ကို မုန်းသူမဟုတ်။ အဖြစ်က သူ့ခွေးနှင့် ကျွန်တော့ခွေးပြိုင်ကိုက်ရာ ကျွန်တော့်ခွေး ကြောက်၍ ပြေးသည်ကို မြင်သောအခါ သူ့ခွေးက သာကြောင်းပြောသလောက်သာ။ ကျွန်တော်သည် လူသားတစ်ယောက်။ မြန်မာနိုင်ငံသား။ မြန်မာအတွက် ဂုဏ်ယူလိုပါသည်။ သို့သော် ထိုအချိန်တွင် ကျွန်တော်တကယ်ရှက်သွားသည် မြန်မာစစ်တပ်၏ အခြောက်ဆန်သော လုပ်ရပ်ကြောင့်။

ထပ်စဉ်းစားသည်။ မြန်မာစစ်တပ်သည် မြန်မာပြည်ကို အမှန်ကာကွယ်နိုင်ပါသလား။ လေလုံးထွားတာလား။

သမိုင်းတွင်သင်ခဲ့ရဘူးသည်။ မြန်မာနိုင်ငံ ဗြိတိသျှလက်အောက် ကျရောက်သည်မှာ

(၁) ခေတ်နောက်ပြန်ဆွဲခြင်း
(၂) ပဒေသရာဇ်စနစ်ကို အသက်သွင်းခြင်း
(၃) ခေတ်မီလက်နက်များမတတ်ဆင်နိုင်ခြင်း
ကြောင့်ဟု ….လွန်ခဲ့သော အနှစ် ၆၀ ကျော်က ဒုတိယ ကမ္ဘာစစ်ကို ခဏသွားကြည့်ကြမည်။ ထိုအချိန်က ဂျပန် လေယာဉ်၊ သေနတ်၊ အမြောက်၊ သင်္ဘော ကိုယ်တိုင်လုပ်၍ တိုက်ခဲ့သည်။ ဂျာမနီ ကိုယ်ပိုင် ဒုံးကျည်များဖြင့်တိုက်ခဲ့သည်။ သို့သော် သူတို့ စစ်ရှုံးခဲ့သည်။ ဘာ့ကြောင့်နည်း …

ယခုမြန်မာ ..လေယာဉ် ကိုယ်တိုင်မလုပ်တတ်ပါ။ သင်္ဘော အင်ဂျင်ပင် ကောင်းကောင်း မလုပ်နိုင်သေးပါ။ တာဝေးပစ်ဒုံပျံများ … စသည် …စသည် … သူများထံမှ ၀ယ်ယူထားသည်များကို မပြောပါနှင့်။ ရောင်းသူများက သေနတ်ကိုင် နိုင်၍ လေးခွလောက် အဆင့်ကို ရောင်းခြင်းဖြစ်ပါသည်။ ဤတပ်မတော်သည် အမှန် တိုင်းပြည်၏ ရန်စွယ်ကို ကာကွယ်ရန် အင်အားရှိပါ၏ လော။ အီရတ်ကို အမေရိကန် ၀င် တိုက်စဉ်က ရွာများမြို့များတွင် ပြည်သူ့စစ် သင်တန်းများပေးသည်ကို သတိရသည်။
တကယ်တိုက်ကြမယ်လည်း ဆိုရော။ ပြည်သူက အမိလား။ ပြည်သူက အဖလား။ ပြည်သူကို လာအားကိုးပြီ။ ပြည်သူကို ချနင်းတော့မည်။ သေကြပစေပြည်သူ။ သတ်ကြပစေပြည်သူလား။ လခစား။ တိုင်းပြည်ရတနာ သယံဇာတတွေစားတော့ သူတို့။ ချဖို့လည်းရောက်ရော။ ပြည်သူကို မြှောက်။ လေးခွလောက်ရှိသည့် သေနတ်နှင့် စစ်ဖက်ပြိုင်ပြီး တိုက်ခိုင်းသည်။
မိုက်ရိုင်းလိုက်သည့် သူများ။ အသံထက်မြန်သော လေယာဉ်ကို ရိုင်ဖယ်နှင့် ပစ်ချ၍မရ။ တူမီးသေနတ်ဖြင့် မပစ်နိုင်။ မြန်မာစစ်တပ် လေယာဉ် ဘယ်နှစ်စင်းရှိသနည်း။ ရှိသည့် လေယာဉ်များ ပျက်ပြီဟု ထားပါ။
အဘယ်မြန်မာ လေယာဉ်စက်ရုံက ထုတ်ပေးပါမည်နည်း။ သူတစ်ပါး လေယာဉ်ကိုရောပစ်ချနိုင်ပါ့မလား။
အီရတ်သည် ရေနံဖြင့် ကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း လူတိုင်းသိသည်။ အမေရိကန်ဝင်တိုက်တော့ လေယာဉ်တစ်စင်းပင် ကျအောင် မပစ်ချနိုင်။ တင့်ကားတစ်စီပင် ကွဲအောင် မဖျက်နိုင်။ နည်းပညာ၏ အစွမ်း။

ယခုခေတ် ကိုလိုနီခေတ်ကုန်သွား၍သာ ကံကောင်းသည်။ မဟုတ်လျှင် မြန်မာတွေ သမိုင်းကောက်ချက် ပြန်ရေးရဦးမည် …

၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ တိုင်းတစ်ပါးအောက် ကျရောက်သည်မှာ
(၁) ခေတ်နောက်ပြန်ဆွဲခြင်း
(၂) ပဒေသရာဇ်စနစ်ကို အသက်သွင်းခြင်း
(၃) ခေတ်မီလက်နက်များမတတ်ဆင်နိုင်ခြင်း
ကြောင့် ဟု ….
ကဲခုမြန်မာစစ်ဗိုလ်ချုပ်ကြီးများလုပ်ပုံ … ဘင်္ဂလားကုလားလေးကပင် ဟား နေပြီ။ မြန်မာစစ်တပ်သည်။

အလကား။ သတ္တိမရှိ စွမ်းရည်မရှိဟု။ ၂ နိုင်ငံစစ်ဖြစ်စေလို၍ ဤစာကို ရေးသည်မဟုတ်။ တကယ် မကာကွယ်နိုင်သော တပ်မတော်၏ ဖြီးလုံးညာလုံးကို တင်ပြလိုရင်သာ။ ကျွန်တော် ပြောလိုက်ချင်သည်။
"မြန်မာပြည် ကာကွယ်မည် တပ်မတော်ညာနေသည်" ဟု။
.\.
မယုံကြည်သူ

အပြည့်အစုံသတင်းဖတ်ရန်....

NLD ၏ထုတ်ပြန်ကျေငြာချက်အား ထောက်ခံဆန္ဒပြပွဲ ဖိတ်ကြားခြင်း

သို့ 
့ 

နယူးဒေလီရောက် မြန်မာပြည်ဒီမိုကရေစီအင်အားစုများခင်ဗျား၊

ဒေါ်အောင်ဆန်းစုကြည်။ ဦးတင်ဦး။ ဦးခွန်ထွန်းဦး။ မင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) နှင့် နိုင်ငံရေးပါတီ (၇) ဖွဲ့ တို့ မှ ဇန်န၀ါရီလ (၂၉) ရက်နေ့ တွင် ထုတ်ပြန်ကျေငြာချက်ဖြင့် တောင်းဆိုထားပါသည်၊ ထိုထုတ်ပြန်ချက်တွင် ဗမာပြည်သူတရပ်လုံးကိုလည်း ထောက်ခံကြရန် တောင်းဆိုထားသည်ဖြစ်၍ မိမိတို့ နယူး ဒေလီရောက် ဒီမိုကရေစီအင်အားစုများ အားလုံးကလည်း ထောက်ခံကြောင်းပြသသည့် အနေဖြင့် ဆန္ဒပြပွဲတရပ် ကို ပြုလုပ်သွား မည်ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း တက်တက်ကြွကြွပါဝင်ကြရန် ဖိတ်ကြားအပ်ပါသည်၊

နေ့ ရက်၊ ၊ ၂၀၀၉-ခု ဖေဖေါ်ဝါရီလ(၂)ရက်-တနင်္လာနေ့ ။
at Jantar Mantar on 2nd Feb, 2009 at 11: 00 AM.

မြန်မာ့ဒီမိုကရေစီအင်အားစုများ၊
နယူးဒေလီ(အိန္ဒိယ)၊

အပြည့်အစုံသတင်းဖတ်ရန်....

On 6 February 2009, the United Nations Postal Administration will issue three commemorative stamps on the theme “100th Anniversary U Thant”, in the denominations of US$ 0.94, CHF 1.30 and € 1.15.




The year 2009 marks the centenary of the birth of U Thant, who served as Secretary-General of the United Nations from 1961 to 1971. He was selected to head the world body when Secretary-General Dag Hammarskjöld was killed in an air crash in September 1961.

U Thant was born at Pantanaw, Myanmar (formerly called Burma), on 22 January 1909, and was educated at the National High School in Pantanaw and at University College Yangon (formerly called Rangoon). Prior to his diplomatic career, U Thant’s experience was in education and information work.

At the time of his appointment as Acting Secretary-General of the United Nations, U Thant had been Permanent Representative of Burma to the United Nations, with the rank of Ambassador (1957-1961). During that period, he headed the Burmese delegations to the sessions of the General Assembly, and in 1959, he served as one of the Vice-Presidents of the Assembly’s fourteenth session. In 1961, U Thant was Chairman of the United Nations Congo Conciliation Commission and Chairman of the Committee on a United Nations Capital Development Fund. During his diplomatic career, U Thant served on several occasions as Adviser to Prime Ministers of Burma.

U Thant began serving as Acting Secretary-General on 3 November 1961, when he was unanimously appointed by the General Assembly, on the recommendation of the Security Council, to fill the unexpired term of the late Secretary-General, Dag Hammarskjöld. He was then unanimously appointed Secretary-General by the General Assembly on 30 November 1962 for a term of office ending on 3 November 1966.

U Thant was re-appointed for a second term as Secretary-General of the United Nations by the General Assembly on 2 December 1966 on the unanimous recommendation of the Security Council (resolution 229, 1966). His term of office continued until 31 December 1971.

U Thant retired at the end of his second term in 1971 and he died on 25 November 1974 after a long illness. He was 65 years old.

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာရှင်ရဲ့ဖိနှိပ်မှုကို မိသားစုလိုက် ခံစားနေရတဲ့ ဒီငြိမ်းလင်းတို့  အာဇာနည်မိသားစု

အပြည့်အစုံသတင်းဖတ်ရန်....

8888 People Power News Bulletin ဖေဖေါ်ဝါရီ စာစောင်

8888 People Power January 2009[1].Pdf01

အပြည့်အစုံသတင်းဖတ်ရန်....

လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်

ရဲဘော်ဖိုးသံချောင်း / ၂၈ ဇန်န၀ါရီ ၂၀၀၉

တလောက ရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးကို သူတို့မှာ ဘာအစီအစဉ် တွေရှိ သလဲလို့ မေးတော့ သူက သူတို့ရဲ့ အစီအစဉ်တွေ ကို ပြောပါတယ်။ ဒီနောက် မေးတဲ့သူက အဲဒီ အစီအစဉ်တွေ အောင်မြင် မယ်လို့ ယူဆပါသလားလို့ထပ်မေးတော့ အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာ ပဲ၊ လူထုကို စောင့်ကြည့်ရမှာပဲလို့ ဖြေတာ ကြားလိုက်ရပါတယ်။

သူပြောပုံက သူ့ဘက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုကလိုက်လုပ်ရင် အောင်မြင်မှာပဲ၊ မအောင်မြင် ရင် လူထုရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။ လုပ်ငန်းစဉ်တခု၊ လမ်းစဉ် တရပ်ကို လူထုက လိုက်နာအကောင်အထည် ဖော်တာမလုပ်ရင် ဒါဟာ လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာ မျိုးကို အရင် သခင်စိုးပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။ ပြောတဲ့လေသံချင်းတော့ မတူဘူးလို့ ပြောနိုင် ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်က အတူတူပါပဲ။ တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေးမကြီး၊ လိုက်လုပ်တဲ့ လူမှာ စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ဆိုတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာသံဃာ့အရေးအခင်းပြီးတဲ့နောက်ပိုင်း အတော်ကြာကြာမကြားရတဲ့ “ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်” ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါတယ်။ တချို့များဆိုရင် အနောက်နိုင်ငံသားတွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊ တခြားနိုင်ငံက လူထုသာ ဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့
စကားမျိုးတွေတောင် ပြောကြပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းကအသံတချို့ကတော့ လူတွေဟာ သေမထူး၊ နေမထူး ဖြစ်နေပြီ၊ ဘာမှမကြောက်တော့ဘူး၊ ခေါင်းဆောင်မှုမရှိလို့လို့ ပြောတာ ကြားရ ပါတယ်။
အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ် တင်လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါ တယ်။ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ပြည်သူ လူထုကိုအပြစ်တင်တာကျတော့ မဝေဖန်လို့မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆန်မပြောနဲ့ ဒုံးပျံနဲ့လှမ်းပစ်တောင် မထိနိုင်တဲ့ နေရာမှာနေပြီး ဟိုမှာ သေနတ်ပြောင်းထိပ် နေရသူတွေကို ကြောက်တယ် လို့ ပြောတာဟာ မတရားလွန်းရာကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။

ခေါင်းဆောင်မှုအတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထုလက်ခံနိုင်တဲ့၊ လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ်ချမှတ်ဖို့ ဖြစ်ပါတယ်။ လူထုက အကောင် အထည်မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပျူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထု လှုပ်ရှားမှုကြီး ကို ထိန်းချုပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊
လူထုနဲ့အတူတိုက်ပွဲဝင်ရပါမယ်။ ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေ အင်အား အဖြစ်မြှုပ်နှံ၊ အချိန်တန်ရင်တိုက်ပွဲဖော် စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်းဆိုတာ ငွေရှိရင်ဖြစ်တာ ပဲဆိုတာမျိုး သဘောထားလို့မဖြစ်ပါ။ ငွေလိုအပ်ပါတယ်။ များလေကောင်းလေပါ။ ဒါပေမယ့် ငွေနဲ့ဝယ်ရတဲ့ မြေ အောက် ကေဒါနဲ့ တွဲလုပ်ဖို့ဆိုရင်တော့ လူတိုင်းအနည်းဆုံး နှစ်ခါ စဉ်းစားကြမှာပါပဲ။

တချို့သော ခေါင်းဆောင် (လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေသူ) တွေဟာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့ ထင် နေကြ ပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ နိုင်ငံ ခေါင်း ဆောင်ဖြစ်လာရင် လူထုရဲ့အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ် ပိုကောင်းတာအမှန်ပါပဲ။ ဒါပေမယ့် ဒီလို ကြောင့်မို့ လူထုကို အနုံအ-အတွေလို့ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံးအချက်က အရာ ကိစ္စတွေ၊ အထူး သဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်တယ် ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။

လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့ အောင်ပွဲကို ပြည်ပအကူအညီကယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံက လူထုကိုတော့ စမ်းသပ်ခန်း ထဲက ယုန်လို၊ ပူးလိုသဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူအဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင် ဖြစ်သွားနိုင်ပါတယ်။

လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့ လူတွေမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ စားဝတ်နေ ရေးအတွက် လုံးပန်းရသလို ကျောင်းသားဆိုရင်လည်း ပညာရေးအတွက်လုံးပန်းရ စသဖြင့် အဓိကလုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေး သမား၊ နိုင်ငံရေးခေါင်းဆောင်ဆို တာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူများထက် နိုင်ငံရေး အသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့ လူထုကို ကေဒါ၊ နိုင်ငံ ရေးသမား၊ နိုင်ငံရေး ခေါင်းဆောင်တို့လို အချိန်မရွေး ထတိုက်နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့တာဝန်ဟာ လူထုရဲ့ အခြေအနေကို သိရှိပြီး လူထုလိုက်ပါနိုင်မယ့်အချိန်၊ အဆင့်၊ တိုက်ပွဲ သဏ္ဌာန်တို့ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။

ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့မဟုတ်ပါ။ ကိုယ်က လူထုထက်ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူထုမှာလည်း ကိုယ့်ထက်သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကို သူတို့ကသိဖို့ထက် ကိုယ်က သူတို့ကိုသိဖို့က ပိုအရေးကြီးတယ်၊ ပိုလိုအပ်တယ်ဆိုတာလည်း သတိ ထားသင့်ပါ တယ်။ သူတို့ကို ဆရာမလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။
သူတို့ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့ လူရဲ့ ညွှန်ကြားချက်ကို လက်မခံ ပါဘူး။

နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာ သတိပြုပါ) ဟာခေါင်းဆောင် ရမယ့် အချိန်မှာ ခေါင်းဆောင်ရမယ့်နေရာကို သင့်တော်တဲ့သဏ္ဌာန်နဲ့ ရောက်ရှိနေဖို့ဖြစ်ပါတယ်။ ခေါင်းဆောင်မှု ဟာ နည်းသဏ္ဌာန်မျိုးစုံနဲ့ လူထုဆီကို ရောက်ပါတယ်။ ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်မယ်၊ ကိုယ်က တာဝန် ပေးထားသူ လည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားနည်းနာ တွေနဲ့လည်း
ဖြစ်ချင်ဖြစ်မယ်၊ လူထုလိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ်အချိန်မီ ရောက်သွားဖို့ အရေးကြီးပါတယ်။

ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ(၂၉) ရက်နေ့မှာ အရေအတွက် ထောင်ပေါင်း များစွာ ရှိတဲ့ လူထုကြီးဟာ ဒိအရင်နေ့တွေ တုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း လမ်းတို့မှာ စုဝေးရောက်ရှိနေကြပါတယ်။ ဒါပေမယ့် အခြေအနေက အဲဒီအရင်တညကပဲ သံဃာတော်တွေကို ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီး ခဲ့လို့ သူတို့ဟာ ဆန္ဒပြထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း (၁) နာရီ၊ (၂) နာရီလောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်းဖြစ်သွားပါပြီ။ တကယ် လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှုပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ (၄-၅) ယေက်ကနေ သံဃာ တော်တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊ လူတွေဆက် တိုက်ပွဲဝင်ကြစို့ဆိုတာမျိုး လှုံ့ဆော်ဦးဆောင်ခဲ့ရင် လူထုကြီး ဟာ မုချနောက်က ပါလာမှာပါပဲ။ ဒါပေမယ့် အခုတော့ ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့ ပြန်သွားခဲ့ကြပါတယ်။

ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထု ဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာဖြေရှင်း ရမယ်ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဘက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့ လုံးချာလိုက် နေ တဲ့လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြားအချက် အလက်တွေလည်း မရှိပါဘူး။ ဒါတွေ ကို မဖြေရှင်းဘဲ လူထုကိုပဲ မေးငေါ့အပြစ် တင်နေလို့ကတော့ နီရိုဘုရင်ရဲ့လုပ်ရပ်နဲ့ ကွာလှမှာ မဟုတ်ပါဘူး။

အပြည့်အစုံသတင်းဖတ်ရန်....

ဘင်္ဂလာဒေ့ရှ် နှင့် ထိုင်းနိုင်ငံကို သတိထားစောင့်ကြည့်ရန် တိုင်းမှူးပြော

မုံပီး
စနေနေ့၊ ဇန်နဝါရီလ 31 2009 01:35 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ) – နိုဝင်ဘာလအတွင်းဖြစ်ပွါးခဲ့သောရေကြောင်းပိုင်နက် အငြင်းပွါးမှုအပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို သတိနှင့် စောင့်ကြည့်ကြရန် မြန်မာစစ်ဗိုလ်ချုပ်များက တပ်မှူးများနှင့်စစ်အရာရှိများကို အစည်း အ ဝေးတရပ်တွင်သတိပေးပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံက ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရန်လိုသော အိမ်နီးချင်းနိုင်ငံအဖြစ်ယူဆထားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်ရေး လှုပ်ရှားမှုများကို သတိထားစောင့်ကြည့်ရန် တပ်မှူးများနှင့်စစ်အရာရှိများအား မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက မကြာသေးခင်က ကျင်းပခဲ့သော အစည်းအဝေးတရပ်တွင် သတိပေး ပြောကြား သွားခဲ့ခြင်းဖြစ်ပါသည်။

မဇ္ဈိမ ကရရှိထားသော အစည်းအဝေးမှတ်တမ်းအရ မြန်မာနိုင်ငံသည် မိမိရေပိုင်နက် အတွင်းနှင့် စီးပွါးရေးဇုံအတွင်း ရေနံဓါတ်ငွေ့ရှာဖွေ နေခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အပြင်းအထန်ကန့်ကွက်၍ မြန်မာနိုင်ငံ ကဆုတ်ခွါပေးခဲ့ရကြောင်း ဖော်ပြထားပါသည်။

"ပြောရမယ်ဆိုရင်တော့ ဒါဟာဘင်္ဂလာဒေ့ရှ်က ရန်စတာပဲ" ဟု ဗိုလ်ချုပ်စိုးဝင်းကပြောသွားပြီး ဗိုလ်ချုပ်ကြီးများ ကိုစီးပွါးရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော အမေရိကန်နိုင်ငံကိုလည်း ဤသို့ရေနံဓါတ်ငွေ့ ရှာဖွေမှုများကို ဆန့်ကျင်ရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံကို နောက်မှ ထောက်ခံအားပေး၍ လှုံ့ဆော်ပေးခဲ့သည်ဟု စွပ်စွဲပြောဆို ထားပါသည်။

ထို့ပြင်ဗိုလ်ချုပ်၏စိုးရိမ်စိတ်လွန်ကဲသံသယဖြစ်မှုကိုထုတ်ဖော်ပြသသည့်အနေနှင့် အမေရိကန် ရေတပ်ဖွဲ့သဘောင်္များ သည် ထိုင်းနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့၏ရေပြင်ပိုင်နက်ကို အခြေခံစခန်း အဖြစ်အသုံးပြုကာ လှုပ်ရှားနေကြောင်း တပ်မတော်မှ သတင်းများရရှိထားသည် ဟုလည်း ဗိုလ်ချုပ်စိုးဝင်း ကပြောဆိုလိုက်ပါသည်။

"ဒါကြောင့်အားလုံးနားလည်ထားရမှာက နိုင်ငံခြားကျူးကျော်မှုရှိနိုင်တယ်၊ စစ်ရေးလှုပ်ရှားမှုတွေကို ငါတို့သတိ ထားပြီး စောင့်ကြည့် နေရ မယ်" ဟု စိုးဝင်းကဆက်လက်ပြောဆိုပါသည်။ ရှေ့တန်းစစ်အရာရှိများ နှင့် တပ်မှူးများတက်ရောက်သော ထိုအစည်းအဝေးအတောအတွင်း ဗိုလ်ချုပ်စိုးဝင်းက နိုင်ငံခြား တိုင်းပြည်များ မှဝင်ရောက် ကျူးကျော်နိုင်သည့် အန္တရာယ်ရှိသည့်အတွက် နယ်စပ်တလျှောက် သတိဝီရိယနှင့် နေထိုင်ကြရန် သတိပေးပြောကြားခဲ့ပါသည်။

ဤသို့ဗိုလ်ချုပ်စိုးဝင်း၏ စိုးရိမ်ထိတ်လန့်နေမှုကို အတည်ပြုနိုင်သည့် အခြားအချက်အလက်ရှိပုံမရသော်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ နှင့်နယ်နိမိတ်ချင်းဆက်စပ်နေသော ရခိုင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့မှုများ ကိုဗိုလ်ချုပ်ကြီးများ ကပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မြန်မာ ဘင်္ဂလာဒေ့ရှ်နယ်စပ်အခြေစိုက် မြန်မာသတင်းသမားတဦး၏အဆိုအရ စစ်အစိုးရသည် စစ်အင်အား တိုးမြှင့် ချထားမှုများကိုလုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် မောင်းတော မြို့နယ် တွင် အမြောက်တပ်ရင်းများ ချထား မှု ကိုလုပ်ဆောင်လျက်ရှိကြောင်း ပြောပါသည်။

"စစ်အစိုးရက မောင်တောစစ်အခြေစိုက်စခန်းသစ်ကို တပ်ရင်းတွေအများအပြားထပ်ပို့နေတယ်၊ အထူးသဖြင့် အမြောက်တပ်ရင်း တွေပို့ နေ တယ်" ဟု အမည်မဖော်ပြပါရန် မေတ္တာရပ်ခံချက်ဖြင့် သတင်းသမားတဦးက မဇ္ဈိမ ကို ပြောပါသည်။

မြန်မာစစ်တပ်သည် တောင်တန်းများကိုအကာအကွယ်ယူ၍ ရှည်လျားသောတောင်ကြားချိုင့်ဝှမ်းတလျှောက် တပ်များ ချထားလျက် ရှိကြောင်းဖြင့် အဆိုပါ သတင်းသမား က အဆိုပါဒေသရှိ ဒေသခံများကို ကိုးကားပြောဆိုသွားခဲ့ ပါသည်။

"ကျနော်ထင်တာ စစ်တပ်က မကြာခင်ဖြစ်တော့မဲ့စစ်ပွဲတပွဲ၊ ဒါမှမဟုတ် ပဋိပက္ခတခုခုအတွက် ကြိုတင်ပြင်ဆင် နေ တဲ့ပုံဘဲ" ဟု သူကဆက်လက်ပြောဆိုပါသည်။

ထို့အတူ ဒါကာအခြေစိုက် မြန်မာသတင်းဌာနတခုဖြစ်သော နေရဉ္ဓရာသတင်းဌာန၏ အယ်ဒီတာ ဦးခိုင်မြတ် ကျော် ကလည်း မကြာသေး ခင် လများအတွင်း မြန်မာစစ်တပ်သည် အနည်းဆုံးတပ်ရင်း ၁၃ ရင်းကို ရခိုင်ပြည်နယ်မြောက် ပိုင်း မောင်တောမြို့နယ် သို့ပြောင်းရွှေ့ချ ထား ခဲ့ကြောင်း မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

"မောင်တောမြို့နယ်ထဲမှာ မြန်မာစစ်တပ်ကလေတပ်အခြေစိုက်စခန်းတခုတည်ဆောက်နေတာလဲ ကျနော်တို့ အတည် ပြုလို့ရပါတယ်" ဟု ဦးခိုင်မြတ်ကျော်ကဆိုပါသည်။

ထို့ပြင် စစ်အစိုးရ၏ဒုတိယအဆင့်အမြင့်ဆုံးစစ်အရာရှိ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့သည် မကြာ သေးခင် ရက်သတ္တပတ်များက ရခိုင်ပြည်နယ်သို့လာရောက်၍ ဆောင်ရွက်နေသောလုပ်ငန်းများ၏တိုးတက်မှု အခြေအနေကို လာရောက် စစ်ဆေးကြည့်ရှု သွားခဲ့ကြောင်းဖြင့်လည်း သူကဆက်လက်ပြောဆိုပါသည်။

"ဒါကိုကြည့်ရင် ပြင်ဆင်မှုတခုခုလုပ်နေတာ ထင်ရှားတယ်၊ ကျနော်ထင်တာ စစ်အစိုးရက ဓါတ်ငွေ့ရှာဖွေရေး လုပ်ငန်း တွေဆက်လုပ်ဘို့ ဘင်္ဂလားပင်လယ်အော်ကို ပြန်လာချင်နေတယ်နဲ့တူတယ်" ဟု ဦးခိုင်မြတ်ကျော် ဆိုသည်။

"ပြီးခဲ့တဲ့ ဘင်္ဂလာဒေ့ရှ်နဲ့ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ သူတို့အတော်အခံရခက်သွားပုံရတယ်" ဟု ဦးခိုင်မြတ်ကျော်က မှတ်ချက်ပေးပါသည်။

တောင်ကိုရီးယားနိုင်ငံဒေဝူးကုမ္ပဏီက မြန်မာရေတပ်သင်္ဘောများလိုက်ပါလျက် ဘင်္ဂလားပင်လယ်အော်တွင် ရေနံဓါတ်ငွေ့ရှာဖွေမှု များပြုလုပ်သည်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံကကန့်ကွက်ခဲ့ပြီးနောက် နိုဝင်ဘာလဆန်းတွင် ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနှစ်နိုင်ငံ အကြားတင်း မာမှုများ ပေါ်ပေါက်ခဲ့ပါသည်။

မြန်မာရေတပ်နှင့်ဒေဝူးသင်္ဘောများအစမ်းတွင်း တူးဖော်နေသောလုပ်ကွက်သည် မိမိတို့ ရေပိုင်နက်အတွင်းကျရောက် နေသည်ဟုဆိုကာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ယင်းတို့၏ရေတပ်သင်္ဘော ၂ စီးကို အဆိုပါနေရာသို့ချက်ချင်းစေလွှတ်ခဲ့ပါ သည်။

အဆိုပါနေရာသည် မြန်မာနိုင်ငံ၏စီးပွါးရေးဇုံအတွင်းကျရောက်နေကြောင်း တုံ့ပြန်ပြောဆိုခဲ့သော်လည်း မြန်မာဗိုလ် ချုပ်ကြီးများသည် နောက်ပိုင်းတွင် အဆိုပါဒေသမှ မိမိတို့၏သင်္ဘောများကို ထွက်ခွါစေခဲ့ပါသည်။

ဤသို့တင်းမာမှုများဖြစ်ပေါ်နေစဉ်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံက ရေတပ်သင်္ဘော ၂ စီးချထားခဲ့ပြီး နယ် စပ်လုံခြုံရေးကိုလည်း အင်အားဖြည့်တင်းထားခဲ့ပါသည်။ သို့သော် မြန်မာ နိုင်ငံ ကမူ ထိုသို့တပ်ကူ ပေးပို့မှုများကို အချိန်မီ လုပ်ဆောင် နိုင်ခြင်းမရှိခဲ့ဟု ဦးခိုင်မြတ်ကျော်က ပြောပါ သည်။

"ကျနော်ထင်တာ ဒါကြောင့်ဘဲသူတို့အခု စစ်အခြေခံစခန်းတွေဆောက်နေတာ၊ တပ်တွေ အချိန်မရွေးလျင်လျင် မြန်မြန် ရွှေ့ပြောင်းနိုင် အောင် ရထားလမ်းတွေ၊ ကားလမ်းတွေတောင်ဖောက်နေတာ" ဟု ဦးခိုင်မြတ်ကျော်က လေ့လာ သုံး သပ်ပြောကြားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် စနေနေ့နံနက်က မြန်မာနိုင်ငံသို့ နောက်တကြိမ် လာရောက်လည်ပတ်ရာ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကြားဝင်ဆောင်ရွက်နေသော ကိုယ်စားလှယ်တော် ကြီး ၏ ခုနှစ်ကြိမ်မြောက် ခရီးစဉ်ဖြစ်လာသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းရှင်း လင်းလင်း မသိရသေးပါ။

အေအက်ဖ်ပီသတင်းတရပ်တွင်တော့ မစ္စတာဂမ်ဘာရီသည် ခရီးစဉ်တခုလုံးတွင် ရန်ကုန်တွင်သာနေမှာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဟု ရေးသားထားသည်။

ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်များအနက် ယခင်နှစ် သြဂုတ်လနှင့် မတ်လ ခရီးစဉ်များတွင် စစ်အစိုးရရုံးစိုက်ရာ နေ ပြည်တော်သို့ ပင့်ဖိတ်ခြင်းမခံရသလို နေအိမ်အကျယ်ချုပ်ကျခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

စစ်အစိုးရနှင့် အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာအောင် မစွမ်းဆောင်နိုင်သေးသည့်အတွက် ဂမ်ဘာရီမှာ ဝေဖန်ခံ နေရပြီး ခရီးစဉ်နှင့်ပတ်သက်ပြီး တိုးတက်မှုရနိုင်ခြေ မျှော်လင့်ထားသူ နည်းပါးလှသည်။

လွန်ခဲ့သည်နှစ့် သြဂုတ်လအတွင်းက မြန်မာနိုင်ငံလာရောက်လည်ပတ်စဉ်အတွင်း နိုင်ဂျီရီးယားလူမျိုး ကုလသံကို တွေ့ခွင့်မပြုနိုင်ဟု ဒေါ် အောင်ဆန်းစုကြည်က ငြင်းဆန်လိုက်ရာ ကုလသမဂ္ဂ၏ လုပ်ငန်းစဉ် ကျဆုံးမှုအဖြစ် ရှု့မြင်ကြသည်။

ကုလသမဂ္ဂချမှတ်ထားသော ဂမ်ဘာရီ၏ လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက် လာစေရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် အတိုက်အခံများကိုပါ ထဲ့သွင်းလာစေရေးဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

Voice of Burma စာစောင်

VOB693


VOB694

အပြည့်အစုံသတင်းဖတ်ရန်....

ဝန်ကြီးများ၏ ညီလာခံ ဖလားလုပွဲ အဖြစ်သနစ်မှန် ဖြေရှင်းချက်

=========================================
Clarification about vile rumours on MPU Congress
(http://burmadigest.info/2009/01/30/clarification-about-vile-rumours-on-mpu-congress/)

Clarification: The news of MPU Dublin Congress

30-1-09

There was a false rumour that a brawl broke out in the MPU Congress held in Dublin. I would like to clarify that it is not true.

I am the first person called for first aid care. I am also the closest colleague of the persons reported in the news.

No one knew the true nature of cut at first. However it became very clear that it was merely an accident. There is no complaint registered by any parliamentarian to the MPU Steering Committee.

Dr. Tint Swe

NCGUB/MPU

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အုပ်ချုပ်သူ သောက်သုံးမကျလို ကိုယ့်လူတွေ လူကုန်တွေ အကူးခံရတာ ၀န်ခံနေပြီ။



"လွယ်လွယ် မယုံပါနဲ့" တဲ့၊ ဒီစကားလေးဟာ ဆန်းတော့ မဆန်းပါဘူး၊ ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ Immigration Office မှာ ဒီစာတန်းနဲ့ ပိုစတာကို ချိန်ဆွဲထားတာတော့ အရမ်းကို ဆန်းကြယ်နေပါတယ်၊

ကျွန်တော် ဒီနေ့ ဗီဇာသက်တမ်းနောက်တစ်နှစ်သွားတိုးပါတယ်၊ ရုံးထဲကို ၀င်စဉ်က အခြားပေါက်ဝင်တာမှို့ ပိုစတာကို မတွေ့မိခဲ့ပါဘူး၊ ပြန်အထွက်မှာတော့ တွေ့ခဲ့ပါတယ်၊ ဒါ့ကြောင့် ပါလာတဲ့ ကင်မရာလေး နဲ့ တကူးတက ရိုက်ခဲ့ပါတယ်၊ ကျွန်တော် သတိမထားမိစဉ်မှာပဲ နောက်က ပုလိပ်တွေကူ ကျွန်တော့်ကိုကြည့်ပြီး ပြုံးစိစိလုပ်နေကြပါတယ်၊ ဒီကနဲကတော့ ဧကန္တ ရွှေဗမာပဲလို့ သိလို့ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် အခြား မမြင်နိုင်တဲ့ အကြောင်းတွေ ရှိလို့လည်း ဖြစ်နိုင်ပါတယ်၊

သူများနိုင်ငံမှာ ပြီး........ ကမ္ဘာအနှံ့က နိုင်ငံခြားသားတွေ နေ့စဉ် သောင်းနဲ့ချီပြီး ၀င်ထွက်နေတဲ့နေရာမှာ အခုလို ကိုယ့်ရဲ့ မိခင်ဘာသာနဲ့ရေးထားတဲ့ ပိုစတာကိုတွေ့မိတော့ စိတ်ထဲမှာ နားမလည်နိုင်တဲ့ ခံစားမှု့မျိုး တကယ်ခံစားခဲ့ရပါတယ်၊ အဲဒါဟာ ကောင်းတဲ့ခံစားမှု့မျိုးလား၊ ခါးသီးတဲ့ ခံစားမှု့မျိုးလားဆိုတာ ကိုယ်ကိုတိုင်တောင် အခုထိမသေချာပါဘူး၊ ဒါပေမဲ့ ကျွန်တော် အကောင်းဘက်ကတော့ တွေးကြည့်မိပါတယ်၊ ဒို့လူမျိုးတွေ အလိမ်အညာမခံရအောင် သူတို့က ဂရုတစိုက်နဲ့ နိုးဆော်ပေးတယ်ပေါ့၊

ခက်တာက သူငယ်ချင်းတို့ရေ...ကျွန်တော်တို့လူမျိုးတွေ ထိုင်းနိုင်ငံမှာ တစ်သန်းကျော်ရှိရာမှာ အဲဒီနေရာကိုသွားတာက တစ်သောင်းတောင် ပြည့်မယ် မထင်ပါဘူး၊ ဒီတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ အခုလို သတိပေးပိုစတာတွေ ဒီလို ရုံးကြီးမှာ ကပ်ထားကြပါလဲ၊ ကျွန်တော့် အတွေးတွေ လက်လှမ်းမမှီပါဘူး၊ ဘော်ဒါတို့ဆက်တွေးပေးကြပါ၊

ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံမှာ အောက်ဆုံးက ဆက်သွယ်ဖို့ အရေးပေါ်ဖုံးနံပတ် ကျန်ခဲ့ပါတယ်၊ အဲဒီအတွက် ဒီမှာ ရေးပေးလိုက်ပါတယ်၊ ဆက်သွယ်ချင်ပါက--၁၁၇၈ ပါတဲ့၊ လူကုန်ကူးတာတွေ၊ မတရားဖိနှိပ်ခံရတာတွေ အတွက် တိုင်ကြားဆက်သွယ်ချင်တယ်ဆိုယင်ပေါ့၊

ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့လူမျိုးတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ညှင်းပန်းခံရ၊ အဖိနှိပ်ခံရ၊ မတရားပြုမူခံရတာ တွေ နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်၊ ဟိုတလောကဆိုယင် အဖမ်းခံရတဲ့ စက်ရုံတစ်ရုံမှာ အလုပ်သမားတွေ အများကြီးစုရုံးစေပါတယ်၊ ပြီး ပုလိပ်တွေပြောတာက "ကမ္ဘောဒီယားတွေ လာအိုတွေမလိုဘူး၊ သွား၊ ဗမာပြည်သား တွေပဲ လိုတယ်" တဲ့၊ ကျွန်တော် ဘာပြောရမှန်း မသိအောင် ဆွံ့အခဲ့ရပါတယ်၊ အဲဒါကို နား နဲ့ ဆတ်ဆတ်ကြားခဲ့တဲ့ သူငယ်ချင်းက ပြန်ပြောပြတာပါ၊

ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ ??? http://www.newbosom.co.cc/2009/01/blog-post_30.html မှ

အပြည့်အစုံသတင်းဖတ်ရန်....

ကလိမ်ကကျစ် အေးလွင်..

ယနေု့ 29.1.09 နေ့ လယ်ပိုင်းတွင် ခင်ထွန်း NLD ပါတီ ကနှုတ်ထွက်သူ ဆိုသူနှင့် အေးလွင် ယခင် 88 ကျောင်းသားဟောင်းတို့  ယနေ့ နေ့ လည် ပိုင်းတွင်ခင်ထွန်းတို့အေးလွင်ေ နာက်သူ့ညီရဲထွန်းတို့ဒီနေ့ပုလဲ ကွန်ဒိုမှာအခန်း103 မှာတွေ့ ဆုံခဲ့ ကြကြောင်းကို သတင်း ရရှိပါသည်.။ ခင်ထွန်းသည် ၄င်းအား နေရာမပေးတော့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားလူငယ်အသစ်များအား (မသိနားမ လည် သူများအား) စည်းရုံးကာ အဖွဲ့မှနှုတ်ထွက်ကြောင်းကို နိုင်ငံတကာသတင်းဌာနများတွင် ကြေငြာ၍ အဖွဲ့ချုပ် ပျက်စီးရာ ပျက်စီး ကြောင်းကို လိုက်လံလုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်ကြောင်းကြားသိရပါသည်။

ထို့ ပြင် ဦးဝင်းတင်အား လဲသူတို့ ၏ ဆရာသဖွယ် သတင်းထဲတွင်ပါအောင် ဗီဒီယိုရိုက်၍ ဒီဗီဘီတွင်ထုတ်လွှင့်ခြင်းဖြင့် တဖွဲ့တည်းသဖွယ် လုပ်ဆောင်၍ နောက်ဆုံးဦးဝင်းတင်မှလက်မခံသည့် အခါတွင်မင်းသားခေါင်းဆောင်းထား သော ဘီလူးရုပ်ကိုဖွင့်ပြခဲ့ ပါသည်။ နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ခင်ထွန်း ထွန်းဇော်ဇော် တို့ အားလက်မခံသည့်လူများပြားနေပြီး ၄င်း၏ နောက်လိုက်ဆိုသူ များအားလဲ ဒီမိုကရေစီ အရေးကိုချစ်မြတ်နိုး သူတိုင်း က လဲလက်သင့်မခံ တော့သည်မှာကြာပြီဖြစ်ပါသည်။သို့ သော် အာဏာပိုင်များမှ ၄င်းတို့ အား မဖမ်းပဲ လွှတ်ထားသည်ကိုကြည့်ြ ခင်းအားဖြင့် သူတို့ နှင့်ချိတ်ဆက်ထားသည်မှာလဲ ရှင်းနေပါသည်။ အဘယ့်ကြောင့် ဆိုသော် ၄င်းတို့ သတင်း ဌာနများ တွင် ဗီဒီယိုထုတ်လွှင့်ပြသနိုင်ရင် ကင်မရာဖြင့်ရိုက်သည်မှာထင်ရှားေ သ်ာလဲ အာဏာပိုင် များမှ မည်သို့ မှ အရေးယူ ဆောင်ရွက် ခြင်း မရှိသည် ကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါ သည်။ ယနေ့ လုပ်ရပ်သည် သူတို့ ၏ တကယ့်သဘောထားကို ပြသလိုက်ခြင်း ဖြစ်ပါသည်။ ထို့ ကြောင့်ထိုကဲ့ သို့ သောလူများကို ဒီမိုကရေစီလိုလားသူတိုင်းက ကန့် ကွက်ဆန့် ကျင်သင့် ကြောင်းကိုသတိပေးအပ်ရပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Friday, January 30, 2009

နအဖ စစ်တပ် က မုဒိန်းကျင့်၊ လူသတ်၊ ဒါးမြတိုက် ဒါတွေဘဲတတ်တယ်


Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ငတ်သေတော့မဲ့ မသာ ပေါတော့မဲ့ ရွှေမြေ..နအဖတွေ ဘာလုပ်နေကြပါလိမ့် 

သာလွန် မင်းတရား အစစ်ကြီးသာ အခု အသက်ထင်ရှားရှိနေမယ်ဆို သာလွန်မင်းတရားအတု အရုးကြီးကို ဖနောင့်နဲ့ တက်ပေါက်မှာသေချာတယ်..မင်းလက်ကျမှ ညံ့လွန်းပါကလားဆိုပြီး..
ဦိးသန်းရွှေရေ..တိုင်းပြည် တိုးတက်တယ်ဆို ပြောပြောနေ..ဘယ်မလဲဗျ..ရှက်လို့ လဲသေဖို့ သာကောင်းတယ်..

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာနိုင်ငံ တိုင်းရင်းသားမျိုးနွယ်စုများ

Nationality



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

မောင်တောတွင် ဗမာလူငယ် ၃ ဦး စစ်ယူနီဖေါင်းနှင့် အတူ ဖမ်းဆီးခံရ

1/30/2009

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဗမာလူငယ် ၃ ဦးကို နစက တာဝန်ရှိသူများက စစ်ယူနီဖေါင်း တစုံနှင့် အတူ ဖမ်းဆီး လိုက်သည်။

ဖမ်းဆီးခံရသူများမှာ ရန်ကုန်တိုင်း လိုင်သာယာမြို့နယ်မှ ဦးတင်သိန်းသား ကိုမင်းကိုကို( ၂၁ နှစ်)၊ မကွေးမြို့မှ

ဦးသန်းလိုင်သား ကိုနိုင်လင်းဌေး (၂၆ နှစ်)နှင့် ပဲခူးမြို့မှ ဦးသန်းလွှင်သား ကိုရာဇာလွှင် (၂၂ နှစ်) တို့ ဖြစ်သည်။

အမည်မဖေါ်လိုသူ တဦးအပြောအရ ကိုမင်းကိုကိုအား နစက တပ်ဖွဲ့မှ ဗုဒ္ဓ္ဓဟူးနေ့ နေ့လည်က သူတည်းခိုနေထိုင်ရာ မောင်တောမြို့ မောင်နီကျေးရွာမှ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ကိုနိုင်ဌေးလင်းနှင့် ကိုရာဇာလွှင်တို့ကို အဆိုပါ ညဉ့်တွင် မောင်တောမြို့ရှိ ကျော်တည်းခိုရိပ်သာမှ ဖမ်းဆီးခဲ့သည်။

ကိုနိုင်ဌေးလင်းနှင့် ကိုရာဇာလွှင်တို့အား ဖမ်းဆီးစဉ်သူတို့ထံမှ စစ်ယူနီဖေါင်း တစုံနှင့် စစ်တပ် ဘတ်တံဆိပ်များနှင့် ကြယ်ပွင့်များရရှိသည်ဟု နစကနှင့် နီးစပ်သူ တဦးက ပြောသည်။

အစပိုင်းတွင် ကိုမင်းကိုကိုအား ယာဘားဆေးပြား ရောင်းဝယ်မူနှင့် မသင်္ကာ၍ ဖမ်းရာမှ သူ၏ သူငယ်ချင်း နှစ်ဦးထံမှ စစ်ယူနီဖေါင်းကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ယခုအခါ သူတို့ကို နစက ဌာနချုပ်တွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေသည်ဟု သိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

DKBA တပ်ရင်း (999) လုံခြုံရေးဖြင့် လူလတ်ပိုင်းနှစ်ဦး လောင်းကစားဝိုင်း ဖွင့်နေ

Fri 30 Jan 2009, လွတ်လပ်သောမွန်သတင်းအေဂျင်စီ

DKBA မှ လုံခြုံရေးတာဝန်ယူပြီး သံဖြူဇရပ်မြို့နှင့် ကျုံကြုပ်ကျေးရွာကြားရှိ ရာဘာခြံတွင် ကစားဝိုင်းများ ဖွင့်နေသည်ဟု ကျုံကြုပ်ရွာသားတစ်ဦးထံမှသိရသည်။

DKBA တပ်ရင်း (999) အသင်းမှ လုံခြုံရေးတာဝန်ယူပေးပြီး သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေး ရပ်ကွက် နေ ဦးဟုတ်ရှိန် ၊

မောင်အကျုပ် နှင့် DKBA (999) အဖွဲ့ဝင်များ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အနီထောင် ဝိုင်းများကို ဦးဆောင်ပြီး သံဖြူဇရပ်မြို့နှင့် ကျုံကြုပ်ကျေးရွာကြားရှိ ရာဘာခြံတစ်ခြံတွင် ကစား ဝိုင်းများဖြင့် စီးပွားရေးလုပ်စားနေကြောင်း အနီးနားမှ ရွာသားတစ်ဦးက ဆိုသည်။

“အနီထောင်ဝိုင်းက မနက် ၁၀ နာရီကနေ ညနေ ၄း၃၀ အထိရှိတယ်၊ အနီထောင် တစ်ဝိုင်းက တစ်နေ့ ၂၅၀၀၀ ကျပ် အခွန်ဆောင်ရပြီး ငွေတစ်သိန်းဆိုရင် အကောက်ခွန်အတွက် တစ် သောင်းကျပ်ကို DKBA အဖွဲ့ကိုပေးရတယ် ’’ ဟု လောင်းကစားသမားတစ်ဦးက ပြောသည်။

အနီထောင်ကစားသော လူအများစုမှာ လူကြီးပိုင်း ၈၀ ရာခိုင်နှုန်း လောက်ရှိပြီး ၂၀ ရာခိုင်နှုန်း လောက်မှာ လူငယ်များဖြစ်ပြီး ကစားသောလူများဖြင့် နေ့တိုင်းပြည့်နှက်နေသည်ဟု ၄င်းရွာသားက ဆက်ပြောသည်။

“ကြက်ဝိုင်းက ညနေ့စောင်း (၁) နာ၇ီကနေ ညနေ ၄ နာရီခွဲအထိ ရှိတယ၊် တချို့နေ့တွေဆိုရင် ကြက်ဝိုင်းက (၃) ဝိုင်း ( ၄ ) ၀ိုင်းအထိရှိတတ်ပြီး နည်းတဲ့နေ့တွေဆိုရင် (၁) ၀ိုင်းလောက်က တော့ နေ့တိုင်းရှိတယ်’’ ဟု ကြက်ဝိုင်းကစားသမားတစ်ဦးက ပြောသည်။

DKBA အဖွဲ့မှ ၄င်းကစားဝိုင်းအတွက် ခွင့်ပြုချက်ကို နေပြည်တော်ကနေ တိုက်ရိုက်ရရှိထားခြင်း အကောက်အခွန်အတွက် သံဖြုဇရပ်မြို့နယ်မှ ရဲစခန်းမှူးကို တစ်လဆိုရင် ငါးသောင်းကျပ် ပေးထားခြင်းကြောင့် သံဖြူဇရပ်မြို့မှ နယ်ထိန်း နှင့်ရဲများ လာရောက်စစ်ဆေးခြင်း အလွန်နည်းသည့်အတွက် ကစားဝိုင်းတွင် လောင်းကစားသမားများဖြင့် ပြည့်နေသည်ဟု DKBA တပ်ရင်း ၉၉၉ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ ကရင်နှစ်သစ်ကူးရန်ပုံငွေအတွက် ဒီကစားဝိုင်းတွေကို ဖွင့်တယ်၊ ဒီနှစ် မိုးကျချိန်ထိ ဖွင့်သွား မယ်” ဟု လည်းကောင်း DKBA (999) နီးစပ်သူတစ်ဦးကလည်း “ တစ်နေ့ ကောက်ခံရရှိငွေ မှာ သုံးသိန်း လေးသိန်း အထိ ၀င်နေတယ်’’ ဟုဆက်ပြောသည်။

ကစားဝိုင်းများလာခြင်းကြောင့် ရွာအတွင်းရှိ သူခိုးများပေါလာခြင်း၊ ဆိုင်ကယ်လုခြင်း၊ အနီး အနားရှိကျေးရွာများမှ လူငယ်များပျက်စီးလာခြင်းစသည့် ဆိုးကျိုးများ များပြားလာ သော်လည်း ကစားဝိုင်းတွင် DKBA တပ်ရင်း (999) စစ်သားများ လုံခြုံရေးယူထားခြင်းကြောင့် ရန်ပွဲများဖြစ်ပွားခြင်းမရှိဟု ရွာသားတစ်ဦးကဆိုသည်။

“ဆိုင်ကယ်ပေါင်ဖို့အတွက် အဲဒီကစားဝိုင်အနီးအနားမှာ ပွဲစားတွေအဆင်သင့်စောင့်နေတယ်၊ (၁၀) သိန်းတန်ဆိုရင် (၆) သိန်းပဲရတယ်၊ တကယ်လို့ တစ်လပြည့်လို့သွားမရွေးဘူးဆိုရင် အဲဒီဆိုင်ကယ်အဆုံးခံရမယ်” ဟု သံဖြူဇရပ်မြို့ အောင်ကုသိုလ်ရပ်ကွက်မှ လူငယ်တစ်ဦးက ဆိုသည်။

ဒါ့အပြင် ကြာကန်ဘောလုံးကွင်းတွင်လည်း တစ်နှစ်တစ်ကြိမ် ရပ်ကွက်ဖွံ့ဖြိုးရေးရန်ပုံငွေ အတွက် ပွဲသွင်းရာတွင်လည်း ကစားဝိုင်းများဖွင့်ပြီး မယက၊ ရယက တို့မှ အကောက်အခွန် များကို ကောက်ခံလေ့ရှိသည်ဟု အောင်သုခရပ်ကွက်မှ လူငယ်တစ်ဦးကဆိုသည်။

၎င်းတို့တွင်သာမက အောင်ဇေယျ ကျောက်မောင်းရပ်ကွက်တွင်းရှိ လမ်းများတွင်လည်း ရပ်ကွက်ဖွံဖြိုးရေးအတွက် ကစားဝိုင်းများကို ရယက ဦးဆောင်ပြီး သုံးနေ့သုံးည ဆက်တိုက် ဖွင့်လေ့ရှိသည်ဟု ထိုလူငယ်က ဆက်ပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဗာမာစစ်အစိုးရသည် လေကြောင်းကာကွယ်ရေးစနစ်အတွက် လက်နက်အသစ် ဝယ်ယူအသုံးပြုနေ

.
သောကြာနေ့၊ 30 ဇန်န၀ါရီ 2009 သျှမ်းသံတော်ဆင့်

ဗမာစစ်အစိုးရသည် ရုရှားနိုင်ငံထုတ် အိုင်ဂျီအယ်လ်အေ ခေါ် လေယာဉ်ပစ်အမြောက်စနစ်(လူအားဖြင့် သယ်ယူ ပို့ဆောင် နိုင်သောလက်နက်) တရပ်ကို နေပြည်တော်တွင် သင်တန်းပေးလေ့ကျင့်နေကြောင်း ၀ါရင့်နယ်ခြားစောင့်ကြည့်သူများက ပြောသည်။

ထိုသင်တန်းကို ကြီးကြပ်လေ့ကျင့်ပေးသူမှာ လေကြောင်းကာကွယ်ရေးဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင် ယခင်

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း ဒေသကွပ်ကဲရေးဌာနချုပ်၏ တိုင်းမှူးဟောင်းကြီးဖြစ်ကြောင်း သိရသည်။
“ဒီဥစ္စာက နောက်ဆုံးပေါ်စနစ်အသစ်လား စနစ်အဟောင်းလားဆိုတာ ကျနော်တို့ စုံစမ်းထောက်လှမ်းနေပါတယ်” ဟု အသက် ၅၈ နှစ်အရွယ်အရာရှိတဦးကပြောသည်။

၎င်းအိုင်ဂျီအယ်လ်အေလက်နက်ကို ၁၉၇၁ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် စတင်အသုံးပြုလာခဲ့သည်။ နောက်ဆုံးပေါ် စနစ်ဖြစ်သည့် အိုင်ဂျီအယ်လ်အေ-အက်စ် သည် ယူအက်စ် (US) ထုတ် လူဖြင့်သယ်ယူပြောင်းရွှေ့ နိုင်သော စတင်းဂျား စနစ်ထက် ပိုမို ယုံကြည်စိတ်ချရကြောင်း ၀ီကီပီးဒီးယား (wikipedia) မှလေ့လာသိရှိရသည်။ ထိုစနစ်ကိုဝယ်ယူ အသုံးပြု သည့်နိုင်ငံများထဲတွင် အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုးရီးယား နှင့်ဗီယက်နမ် စသည့်နိုင်ငံများ လည်းပါဝင်သည်။

ဇယားကွက်မီတာများမှတဆင့် ရန်သူတပ်များ၏ တည်ရှိရာနေရာများကို အလွန်တိကျမှန်ကန်စွာ ဖေါ်ထုတ်နိုင်စွမ်း ရှိသော ယူတီအမ်မ် UTM ခေါ် မြေပုံအညွန်းပြ စနစ်တရပ်ကိုလည်း နအဖက စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းသံတော်ဆင့်သတင်းစဉ်မှ ဖေါ်ပြခဲ့ပြီးဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော

ကြာသပတေးနေ့၊ 29 ဇန်န၀ါရီ 2009 သျှမ်းသံတော်ဆင့်

ယခုလ ဆန်းပိုင်း၌ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ကြီးမှူး၍ဌာနပေါင်းစုံ ၀န်ထမ်းများအစည်းအဝေး ဆင့်ခေါ် ကျင်းပရာ “အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြား/ ရက်ပြောင်းနိုင်ဖွယ်ရှိကြောင်း" ထည့်သွင်း ပြောကြား

သွားသည်ဟု ထိုအစည်းအဝေးတက်ရောက်သူ ၀န်ထမ်းတဦးကဆိုသည်။

ယခုလ ၂ ရက်နေ့ကသျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီးတင်မောင်ရွှေမှ ကွန်ဟိန်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ မြေတိုင်း၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ပညာရေး၊ မိခင်ကလေးများအသင်းမှအစ မော်တော်ယာဉ်လိုင်း ပါမကျန် ၀န်ထမ်းများစုံညီ အစည်းဝေးဆင့်ခေါ်ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေး၌ - “၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ချင်မှဖြစ်တော့မယ်၊ အစီ အစဉ်ပြောင်းရွှေ့ရင်ပြောင်းမယ်” ဟုထည့်သွင်းပြောဆိုသွားခဲ့သည် ဟုဆိုသည်။

အသက် ၄၀ ကျော် ၀န်ထမ်းတဦးက - “၂၀၁၀ ရွေးကောက်ပွဲဖြစ်ချင်မှဖြစ်မယ်ဆိုတာက အကြောင်းရပ် ၄ ခုရှိတယ်လို့ ပြောတယ်။ (၁) ပြည်တွင်းပြည်ပ အဖျက်အမှောင့်/သောင်းကျန်းသူတွေ စီမံကိန်းနဲ့ ၀င်ရောက်နှောင့်ယှက်မယ်လို့သတင်း ရထားလို့၊ (၂) ရခိုင် ဘက်က ဂက်စ်ကြောင့်ဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျ နဲ့ နယ်ခြားပြဿနာ၊ (၃တိကျတဲ့လူဝင်ထွက်/ သန်းခေါင် စာရင်း မှတ်ပုံတင်မပြီးပြတ် နိုင်သေးတာရယ် (၄) မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက် မပြီးပြတ်သေးတဲ့ပြဿနာကြောင့် ဆိုဘဲ”- ဟု ပြန်လည်ပြောပြ၏။

ယခုလ ၂၀ ရက်နေ့တွင်လည်း ဗျူဟာမှူးကြီး ဒုဗိုလ်ကြီးတင်မောင်ရွှေက ကွန်ဟိန်းမြို့ တာကော်အုပ်စု ဟန်နားရွာ နှင့် ဖန်လန်းရွာ မှ ပြည်သူ့စစ်ခေါင်းဆောင်များကိုဆင့်ခေါ်၍ သျှမ်းသူပုန်ချေမှုန်းရန်အတွက် နအဖ စစ်ကြောင်း နှင့်အတူ ရှေ့တန်းတက်ဖို့ ပြည်သူ့ စစ်များအားစစ်ရေး လေ့ကျင့်ခိုင်းပြီး အော်တိုသေနတ်လည်းထုတ်ပေးမည်ဟုဆို၏။

ကာလိကျေးရွာအုပ်စုမှ အသက် ၂၀ ကျော် မော်တော်ဆိုင်ကယ်ရောင်းဝယ်သူတဦးက - “ကျနော်တို့ကတော့ရွေးကောက်ပွဲ ဖြစ်ဖြစ် မဖြစ်ဖြစ် စိတ်မ၀င်စားဘူး။ အဲဗျူဟာမှူးလည်းသိပ်မခေပါဘူး - သူရောက်လာကတဲ့က အိမ်အလုပ်ကိုကောင်း ကောင်း မလုပ်ရဘူး၊ ပြည်သူ့စစ်ဆို တကဲ့စစ်သားအတိုင်း စစ်ရေးအဆက်မပြတ်လေ့ကျင့်ခိုင်းတယ်။ နောက်ပြီး ရွှေတိဂုံ ပုံတူ စေတီပြုပြင်မွမ်းမံဖို့ ကျနော်တို့အုပ်စုကို ၀ါးလုံးအလုံးရေ ၁၀၀၀ ဆင့်ခေါ်ထားသေးတယ်” - ဟုဆို၏။

အပြည့်အစုံသတင်းဖတ်ရန်....

အမျိုးသမီး ၇ ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲကာ ဓာတ်ပုံများဖြင့် ကြော်ငြာ

ပေခန့်ရှိသည့် အမျိုးသမီးများရုပ်ပုံပါ ပိုစတာများကို ယမန်နေ့ နံနက်ပိုင်းကမှ တရုတ်နိုင်ငံနှင့်နယ်နမိတ်ထိစပ်နေသော ကချင်ပြည်နယ် လိုင်ဇာမြို့ အမှတ် (၂) ကုန်စိမ်းဈေးအနီးတွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။ လိုင်ဇာမှာ ငြိမ်းချမ်းရေးရယူထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ ထိန်းချုပ်ရာဒေသဖြစ်သည်။

'' ကချင်စာနဲ့ ထိပ်က တခုတော့ ရေးထားတယ်။ ကျန်တဲ့ သူတို့အမည်နာမ၊ အသက်လည်း တခုမှမပါဘူး။ သူတို့ရဲ့ မျက်စိကို ကွန်ပြူတာနဲ့ ဖျက်ထားပေးတယ်။ လိုင်ဇာရဲက ဖမ်းမိတဲ့ဟာတွေလား၊ အဲဒီလိုမျိုး ဘာမှမသိရဘူး။ 'Masha Dut Sha Ai Ni' တဲ့၊ လူရောင်းစားတဲ့ ပုဂ္ဂိုလ်တွေလို့။ အဲလိုပဲ ကြေညာထားပေးတယ်'' ဟု လိုင်ဇာဒေသခံ မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံ ကချင်အမျိုးသားတဦးကလည်း ''လူရောင်းစားတဲ့သူတွေ ဖြစ်ပါတယ်ပေါ့။ မျက်စိကိုတော့ တိတ်နဲ့၊ ကွန်ပြူတာနဲ့ ဖျက်ပြီးတော့ ကာလာနဲ့ ဆိုင်းဘုတ်အကြီးကြီးနဲ့ ကပ်ထားတယ်လေ။ အမျိုးသမီးရုံးနားမှာရော၊ အ၀ိုင်းနားမှာရော အဲဒီလူတွေက အမျိုးသမီးတွေကို ရောင်းစားတဲ့သူတွေ ဖြစ်ပါတယ်လို့ အဲလိုပဲ ရေးထားတယ်'' ဟု ပြောသည်။

လိုင်ဇာရဲစခန်း တာဝန်ကျစခန်းမှူးက အသေးစိတ် ဖြေကြားရန် ငြင်းဆန်လိုက်ပြီး" ကျနော်ကတော့ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်ဆိုတာ မသိရပါဘူးခင်ဗျ။...အဲဒါ လုပ်တာ အထက်က လူကြီးတွေလုပ်တယ်ဆိုတော့ ဘာမှ မသိရပါဘူး ခင်ဗျ'' ဟု သူက ပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၈)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား


၃၀.၁.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၈)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၀၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

2003年5月30日夜、ビルマ北部ザガイン管区の小さな町ディぺーイン附近の田舎道で、最大政党・国民民主連盟(NLD)の地方遊説隊が、USDA(連邦団結発展協会)メンバーを中心とする暴徒グルプに襲われ、この大事件に因り100人の死者が出ました。軍政府はこの暴行事件に対して捜査もしないまま、民主化の指導者や党員さん達や参加者が逮捕されました。 国民民主連盟の副議長ウーティンウー氏、総書記長ドウアウンサンスーチー氏は自宅軟禁状態で現在も釈放には至ってません。 ディペーイン日を国民民主連盟(解放地域)日本支部が執り行いました。
ဓါတ်ပုံ ။ ထွဏ်းမြင့်

အပြည့်အစုံသတင်းဖတ်ရန်....

အကြွင်းမဲ့ ဥဿုံ ထောက်ခံပါသည်။

Abfsu Fac Statement for Nld Statement

အပြည့်အစုံသတင်းဖတ်ရန်....

စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း

လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်)
NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉

voice(ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အန်အယ်ဒီ၏ လူထုပန်ကြားချက်ကိစ္စနှင့် ပတ်သက်ပြီး အန်အယ်ဒီ ဦးဝင်းတင်နှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက်)



ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက

အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။

လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။

၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူးအာမခံ

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ဖြည့်စွက်ခြင်းများ မလုပ်ဆောင်ပါလျှင် ၎င်းတို့ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်နက်ကိုင် အပစ်ရပ်အဖွဲ့အစည်းကြီးတဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ အပါအဝင် မွန်တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီတို့က ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ယခုလ (၁၇) ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံ၌ ၂၀၁၀

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ခဲ့ရာတွင် မွန်ပြည်သူတို့အတွက် အကျိုးရှိသည့် ရွေးကောက်ပွဲ မဟုတ်သောကြောင့် မိမိပါတီအနေဖြင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားမဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

၎င်းက “ကျနော်တို့ပါတီက ဒီအခြေခံဥပဒေမူကြမ်းကို ဖြည့်စွက်တာတွေ၊ ပြင်ဆင်တာတွေ အဆိုပြုတာလည်း နအဖတို့က လျစ်လျူရှုခဲ့တယ်၊ ပယ်ချခဲ့တယ်။ ပြီးတော့ ဒီဥပဒေမူကြမ်းဟာ မွန်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ ကျနော်တို့ သုံးသပ်ဆွေးနွေးကြပြီး ပါတီရဲ့ညီလာခံမှာ ရွေးကောက်ပွဲ မဝင်ရေး ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်တယ်။ နအဖ အနေနဲ့ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးမယ်ဆိုရင် ကျနော်တို့ ပါတီက ဒါကို ပြန်စဉ်းစားပေးမယ်” ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားအခွင့်အရေးအတွက် မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက်နှင့် (၃၆) နှစ်ကြာ စစ်ခင်းတော်လှန်ခဲ့ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် လွန်ခဲ့သော (၁၄) နှစ်ခန့်က အပစ်အခတ်ရပ်စဲထားသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့၏ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုလည်း စစ်အစိုးရလက်အောက်ခံတပ်အဖြစ် ဝင်ရောက်ခိုင်းသည်ဖြစ်စေ၊ လက်နက်ချခိုင်းသည်ဖြစ်စေ လက်ခံလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့၏ ညီလာခံမှ ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ် (၅) နေရာ အနိုင်ရရှိခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း မွန်ပြည်သစ်ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပြီး အကယ်၍ နအဖအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး ဥပဒေမူကြမ်း အသစ်တစ်ရပ် ပြန်လည်ရေးဆွဲမည်ဆိုပါက ပူးပေါင်းပါဝင် မည်ဟု အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငွေသိမ်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

“မွန်ပြည်သစ်ပါတီရဲ့ ယခုလို ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်ချက်ကို ကြိုဆိုတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေမူကြမ်းကို မသုံးဘဲ ဥပဒေမူကြမ်းအသစ်တရပ်အတွက် တိုင်းရင်းသားတွေနဲ့၊ ဒီမိုကရေစီအင်အားစုတွေနဲ့ နအဖတို့က ဆွေးနွေးပြီး ပြန်လည်ရေးဆွဲကြရင် ကျနော်တို့အဖွဲ့ကလည်း ဝင်ရောက်ပူးပေါင်းမယ်။ ဒီ ၂၀၀၈ ဥပဒေမူကြမ်းကို မပြင်ဆင်သရွေ့တော့ ကျနော်တို့လည်း ၂၀၁၀ မှာ ဝင်ရောက်အရွေးခံမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။

ထို့အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) နှင့် မွန်သံဃာတော်အရှင်သူမြတ်တို့ကလည်း မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်ကို ကြိုဆိုထောက်ခံကြသော်လည်း ယင်းရပ်တည်ချက်သည် မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြနေ သည့် ပြည်သူအများစုလည်း ရှိကြကြောင်း သိရသည်။

မွန်ပြည်သူတို့၏ လေးစားကြည်ညိုခြင်း ခံရသော မွန်ပြည်နယ်မှ ဆရာတော်တပါးကမူ “မွန်ပြည်သစ်ပါတီရဲ့ ယခုလိုရပ်တည်ချက်ကို ထောက်ခံတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ပျက်သွားတဲ့အထိ ဖြစ်သွားရင်တော့ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံပညာရေးဆိုင်ရာ အခွင့်အရေးတွေကိုတော့ ပြန်လည်ဆုံးရှုံးမှာ သေချာတယ်” ဟု မိန့်ကြားသည်။

သို့သော် မွန်ပြည်သစ်ပါတီကမူ အပစ်အခတ်ရပ်စဲရေးကို မိမိတို့ပါတီဘက်မှ အရင် ဖျက်ဆီးရန် အစီအစဉ်မရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ပေါ်လစီ(မူဝါဒ)က မွန်လူမျိုးတွေအတွက် အာမခံချက် တခုခု မရမချင်း လက်နက် မဖျက်သိမ်းဘူး၊ လက်နက်မချဘူး၊ ပါတီကို အဖျက်သိမ်းမခံဘူး။ စစ်အစိုးရဘက်က လက်နက်ဖျက်သိမ်းခိုင်းတာပဲဖြစ်ဖြစ်၊ လက်နက်ချခိုင်းတာပဲဖြစ်ဖြစ် ဖိအားပေးလာရင် အခြားမွန်အဖွဲ့အ စည်းတွေနဲ့ မွန်သံဃာတော်တွေ၊ မွန်ပြည်သူလူထုတွေဆီက အကြံဥာဏ်တွေကို တောင်းခံပြီး အဲ့ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ပါတီက ဆုံးဖြတ်ချက်ချမယ်” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီအား လက်နက်ချရန်၊ လက်နက်အပ်ရန် ဖိအားပေးမည်မဟုတ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင်းက ယင်းပါတီနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ကတိပေးခဲ့ကြောင်း ကြားသိရသည်။

အပစ်ရပ်တိုင်းရင်းသားပါတီအသိုင်းအဝန်းများမှ လာသောသတင်းအရ ၎င်းတို့တောင်းဆိုနေသော အခွင့်အရေးတို့ကို နောက်တက်လာမည့် အစိုးရတွင်သာ တင်ပြကြရန် လက်ရှိစစ်အစိုးရက ပြန်လည် အကြောင်းပြန်ခဲ့သည်ကို ထောက်ရှုခြင်းဖြင့် စစ်အစိုးရအနေဖြင့် အပစ်ရပ်အဖွဲ့အစည်းများကို ဤအတိုင်း ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မဖျက်ဆီးလိုကြောင်း ဆိုကြသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ ကြီးမှူးကျင်းပသော အမျိုးသားညီလာခံသို့ ဗဟိုကော်မတီဝင်အဆင့် တက်ရောက်ခဲ့ရာမှ ၂၀၀၅ ခုနှစ်ကစ၍ လေ့လာသူအဆင့်သာ ဆက်လက်စေလွှတ်ခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, January 29, 2009

Rohingya victims of abuse speak out - 29 Jan 09


There have been new claims of abuse against a group of muslim Rohingya migrants.
They were part of boat people who fled Myanmar, where they face persecution, and ended up in Indonesia after being expelled from Thailand.
Al Jazeera's Step Vaessen has spoken to a group of Rohingyas in Indonesia's Aceh province.

အပြည့်အစုံသတင်းဖတ်ရန်....

လေးစား ဂုဏ်ယူမိပါသည်..

Nld

အပြည့်အစုံသတင်းဖတ်ရန်....

CHAIN Than Shwe


Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ကရင် အမျိုးသားတော်လှန်ရေး..နှစ် ၆၀ အတွက် ဂုဏ်ပြု သ၀ဏ်လွှာများ

AASYC Felicitation Letter for 60th Karen Revolution Day


Felicitation Letter to 60 Th Anniversary of Karen Revolution Day by FDB

60th Karen Rvltn Anniversay Message _Bur

knu 60th

အပြည့်အစုံသတင်းဖတ်ရန်....

NLD Statement for Free DASSK and all political prisoner

အပြည့်အစုံသတင်းဖတ်ရန်....

သူခိုးပြေးမှ ထိုးကွင်းထတယ်ဆိုတာ ဒါမျိုးပေါ့

ဘူးသီးတောင်တွင် အမြှောက်တပ်ရင်း တခု တိုးချဲ့ချ

1/28/2009

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် အမြှောက် တပ်ရင်း တခုကို များမကြာမှီက တိုးချဲ့ ချထားလိုက်သည်။

အသစ်ချထားလိုက်သော အမြောက်တပ် တပ်ရင်း နံပတ်မှာ ၃၇၈ ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းတွင် အခြေစိုက် ချထားကြောင်း သိသည်။

ယခုအခါ စစ်အာဏာပိုင်များက တမိုင်ပတ်လည် မြေနေရာ အကျယ်အ၀န်းအား ဘာဝါယာများဖြင့် ခြံစည်းရိုးများ

ကာရံနေသည်ဟု သိရသည်။

၎င်းအပြင် အဆိုပါ နေရာအတွင်း အဆောက်အဦးများကိုလည်း ဆောက်လုပ်နေပြီး အမြှောက်များနှင့် အမြှောက်တင် ကားများကို အဆိုပါ ကွင်းပြင်တွင် ရပ်ထားသည်ဟု မျက်မြင်များက ပြောသည်။

အဆိုပါ အမြှောက်တပ်ရင်းကို လွန်ခဲ့သောနှစ် ဒီဇင်္ဘာလအတွင်းက ရန်ကုန်တိုင်းမှ ပြောင်းရွှေ့ယူလာသည် သိရပြီး တင့်ကားများလည်း ပါဝင်သည်ဟု အရပ်ဘက် သတင်းများ အရ သိရသည်။

နအဖ စစ်အာဏာပိုင်များ အနေဖြင့် ရခိုင်ပြည်နယ် မြှောက်ပိုင်းတွင် စစ်ရေးအင်အားများ တိုးချဲ့ တည်ဆောက် နေခြင်းမှာ ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများကို နှိမ်နှင်းရန်ထက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို စစ်ရေးအရ ချိန်ရွယ်ပုံရသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။

လွန်ခဲ့သောနှစ် နိုဝင်္ဘာလက မြန်မာနှင့် ဘင်္ဂလာ နယ်စပ် အငြင်းပွားမူ ပြဿနာ ပေါ်ပေါက်ပြီးနောက် မြန်မာဘက်က ရခိုင်ပြည်နယ် မြှောက်ပိုင်းတွင် ယခုကဲ့သို့ စစ်ရေး တိုးချဲ့ တည်ဆောက်လာခြင်း ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ တရုတ်ပြည်သို့ သယ်ယူရေးနှင့် ပတ်သက်၍ ရခိုင်ပြည် အမျိုးသားကောင်စီမှ သဘောထားထုတ်ပြန်

1/28/2009

မောင်ရမ္မာ (နိရဉ္စရာ) ရခိုင်ပြည် အမျိုးသားကောင်စီမှ ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သယ်ယူရန်အတွက် ပိုက်လိုင်းတည်ဆောက်ရေးကို ဆန့်ကျင်ကန့်ကွက်သောအနေဖြင့် ဇန္န၀ါရီလ ၂၇

ရက်နေ့စွဲဖြင့် ကြေငြာချက်တစောင် ထုန်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရန် နအဖ စစ်အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးခြင်းသည် စစ်အာဏာရှင် နအဖကို ဗမာပြည်တွင် သက်ဆိုးရှည်ရေးအား ထောက်ခံပေးရာကျသည်သာမက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် တိုက်ပွဲဝင်နေကြသော ဗမာပြည်သူတရပ်လုံးနှင့် ဒီမိုကရေစီကို ချစ်မြတ်နိုးသော ကမ္ဘာပြည်သူတရပ်လုံးအား မထီမဲမြင် လုပ်နေခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

၎င်းအပြင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဓါတ်ငွေ့သယ်ယူရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆန့်ကျင်ကန့်ကွက်သည့်နေ့တွင် ရခိုင်ပြည်သူများအနေဖြင့် မိမိတို့၏စွမ်းရည်သတ္တိများကို ယုံကြည်၍ မိမိတို့၏ တိုင်းပြည် သယံဇာတများကို ကာကွယ်နိုင်စေရန် ရခိုင်ပြည်၏ အတွင်းအပြင်ရောက်ရှိနေကြသော ရခိုင်ပြည်သူများသည် စုပေါင်းညီညွတ်၍ တိုင်းရင်းသားညီအစ်ကိုများနှင့် လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းဖေါ်ပြထားသည်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် ရခိုင်ပြည်သူများထံမှ သိမ်းပိုက်ထားသော လယ်မြေများကို ပြန်လည်ပေးအပ်ရန်၊ ရခိုင်ပြည်သူ၏ သဘောထားမပါဘဲ သယံဇာတများကို ထုခွဲရောင်းချနေမှုအား ချက်ချင်းရပ်တန့်ပေးရန်၊ ရခိုင်မြေပေါ်တွင် စစ်တပ်များ အဆမတန်တိုးချဲ့နေမှုအား ချက်ချင်းရပ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်း လွတ်ပေးရန်လည်း တောင်ဆိုထားသည်။

ရခိုင်ပြည်အမျိုးသားကောင်စီမှာ ရခိုင်အမျိုးသားပါတီ အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းပြီး ဖွဲ့စည်းထားသော ရခိုင်အမျိုးသားကိုယ်စားပြု အဖွဲ့အစည်းကြီးတခုဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ထူး မခြားနား နိုင်ငံရေး ပွဲစားများ

¨စိန်ဝင်း မှတပါး တခြားလူမရှိ¨
“ ဒီခေတ်၊ ဒီအခြေ၊ သည်မင်း၊ သည်စိုး၊ သည်သူခိုး နဲ့  သည်မိုး၊ သည်လေ၊ သည် လူတွေ” ကို လက်ပိုက်ကြည့် နေရင်တော့ တိတ်ဆိတ်နေခြင်းဟာ ၀န်ခံရာ ရောက်တယ် ဆိုတဲ့ စကားပုံ ဆိုရိုးအတိုင်း ကျုပ်တို့ ကိုယ်တိုင် “စစ်စနစ် သက်ဆိုးရှည်လာခြင်း နဲ့ တိုင်းပြည် ပျက်သွားခြင်း”ကို သွယ်ဝိုက်ပြီး ထောက်ခံနေတဲ့ အလိုတူ အလိုပါများ ဖြစ်သွားလိမ့်မယ်။

alt

လို့ ဆောင်ပုဒ် တွင်လောက် တဲ့ ထူးမခြားနား နိုင်ငံရေး ပွဲစားများ နဲ့ ထပ်မံဖွဲ့ စည်းလိုက်ကြတဲ့ လူတစုဂိုဏ်းရဲ့ ထုတ်ပြန် ကြေငြာချက် ကို အွန်လိုင်း စာမျက်နှာ တခုပေါ်မှာ ဖတ်လိုက်ရတယ်။

အပြင်ပန်း အားဖြင့် လူတစု အပေါ်မှာပဲ အခြေတည် ထားပါစေ ပြည်ပ အစိုးရ ဖြစ်လာတာ ကိုက အငြင်းပွါး စရာမရှိပေမဲ့ အနှစ်သာရ အားဖြင့်တော့ အစိုးရ တရပ်ရဲ့ အင်္ဂါရပ်များ နဲ့ ကိုက်ညီ ပြည့်စုံမှု မရှိတဲ့ ထိုကဲ့သို့သော အဖွဲ့အစည်းများဟာ

အနာဂါတ် ကာလမှာ စိန်ခေါ်မှုများ စွာနဲ့ ရင်ဆိုင်ကြုံတွေ့ လာနိုင်တာတော့ သေချာတယ်။ ဝေ့လည်ကြောင်ပတ် နိုင်တဲ့ နိုင်ငံရေး ပွဲစားဥာဉ် နဲ့ တာဝန်ခံ တာဝန်ယူမှု ကင်းမဲ့ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းများကြောင့် လူတွေရဲ့ ယုံကြည်မှုများ ပျောက်ရှနေချိန်မှာ အခုလို ခေါက်ရိုးကျိုးနေတဲ့ မဲပြာပုဆိုးကို ထပ်ပြီး ၀တ်ပြလိုက်တော့ ပြောစရာ နည်းနည်းရှိလာတယ်။
alt

ဆောင်းပါးသရုပ်ဖေါ်

ဖြစ်သင့်တာက

* ပြည်ပလူထုကို အခြေပြုတဲ့ ဒီမိုကရက်တစ် အစိုးရပီသတဲ့ ပြည်ပအစိုးရ နိုင်ငံတကာအဖွဲ့ အစည်းများရဲ့ အချက်အလက်တွေ အရ ပြည်ပမှာ မြန်မာနိုင်ငံသား ၅ သန်းကျော်လောက် ပုံစံ အမျိုးမျိုးနဲ့ ရောက်ရှိနေထိုင် နေကြတယ်။ ဒီ လူတွေထဲမှာ ၉၀ ခုနှစ် ရွေးကောက်ပွဲ ကာလတုန်းက မဲ မပေးခဲ့ဖူးတဲ့ လူတွေ လည်းအများကြီး ပါဝင်နေတယ်။ ၁၉၉၀ ကာလနဲ့ ၂၀၀၉ ကာလဟာ ထပ်တူမကျဘူး ဆိုတာတော့ မျက်နှာသစ်များနဲ့ ကမ္ဘာ့ အခင်းအကျင်း အပြောင်းအလဲများ ကို ကြည့်ရင် သိနိုင်တယ်။ တကယ်လို့ ဒီလူတွေကို ကိုယ်စားပြုတဲ့ အစိုးရမျိုး ဖွဲ့စည်းမယ် ဆိုရင်တော့ ပြည်ပရွေးကောက်ပွဲ လုပ်ရလိမ့်မယ်။ အိုင်တီနည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူဦးရေ ငါးသန်းလောက်ရဲ့ သဘောထား ဆန္ဒများကို ကောက်ခံယူဖို့ ဆိုတာ သိပ်ပြီးတော့ မခဲယဉ်းပါဘူး။ လူထုဆန္ဒကို အမှီသဟဲ ပြုတာကြောင့် လူထုရဲ့ ပံ့ပိုးမှုနဲ့ ထိရောက်ခိုင်မာတဲ့ အစိုးရမျိုး ဖြစ်လာနိုင်တယ်။ လူထု၊ နိုင်ငံရေးနဲ့ နိုင်ငံရေးသမား များကြားမှာ အရင်ဆုံး အမျိုးသားရင်ကြားစေ့ရေး လုပ်ခြင်းမျိုး ဖြစ်လာနိုင်ပြီး သွေးစစ်တဲ့ ညီညွတ်ရေး အင်အားကြောင့် တချိန်ချိန်မှာ စစ်အုပ်စုနဲ့ စစ်စနစ်ကို အပြီးသတ် နိဂုံးချူပ် ဇာတ်သိမ်း ပေးလာနိုင်မယ်။

* ဒီမိုကရေစီ အနှစ်သာရနဲ့ ကိုက်ညီတဲ့ ဦးဆောင်နိုင်စွမ်း တာဝန်ယူ တာဝန်ခံ နိုင်စွမ်းနဲ့ ပြည်စုံတဲ့ အစိုးရ NCGUB၊ NCUB၊ MPU၊ NLD-LA စတဲ့ ပါတီ အဖွဲ့အစည်းတွေ ကြားမှာ စစ်ပထွေး မသေခင် အမွေတောင်းပြီး အချင်းချင်း လူချဖို့ စုပေးထားတဲ့ ပုံစံမျိုးမဟုတ်ပဲ လက်ရှိ လူထုက ရွေးကောက်တင်မြှောက်တဲ့ လူထုထဲက လာတဲ့ ခေါင်းဆောင်မှု အရည်အချင်းများ ရှိခြင်းကို အခြေခံထားတဲ့ လူပုဂ္ဂိုလ်များနဲ့ အစိုးရမျိုး ဖွဲ့စည်းခြင်းဖြင့် မြန်မာလူမျိုးများရဲ့ ပြည်ပနိုင်ငံရေး ပုံစံသစ် တခုအဖြစ် ကမ္ဘာ့အသိုင်းအ၀ိုင်း ကပါ လေးစား တန်ဖိုးထား ထောက်ခံ လာနိုင်တယ်။ အပြောင်းအလဲကို လိုချင်ပေမဲ့ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲရမှာ ကြောက်နေတဲ့ တနပ်စာ အတွေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုကို မှီခိုပြီး ဘ၀ရပ်တည် နေကြတဲ့ နိုင်ငံရေးပွဲစားများကို အနားပေးပြီး တကယ် အနစ်နာခံ ကိုယ်ကျိုးစွန့်မယ့် လူသစ်များနဲ့ အနာဂါတ်ကို မျှော်ကာ မျိုးဆက်သစ်ကို လက်တွဲခေါ်ရဲတဲ့ အကျင့်ကို ကျင့်သုံးနိုင်မှသာ ဒီမိုကရေစီ ရှင်သန် ဖြစ်ထွန်းလာနိုင်သလို လူမဆန်တဲ့ န.အ.ဖ စစ်အုပ်စု ကိုလည်း ပြတ်ပြတ်သားသား နိုင်ငံရေးအရ စိန်ခေါ်နိုင်တဲ့ အဆင့်ကို ရောက်လာ နိုင်မယ်။

ဖြစ်လာတာက

* လူဦးရေ (၂၀) ၀န်းကျင်ခန့် တက်ရောက်တဲ့ လူတစု အစည်းအဝေးမှာ ထုံးစံအတိုင်း ကိုယ့်ကိုကိုယ် ဆန္ဒခံမဲပေးပြီး အစိုးရ ဖွဲ့လိုက်ကြတယ်။ နိုင်ငံရေး ပွဲစားအများစု က တလကို ဒေါ်လာ နည်းနည်းပါးပါး မဆွတ်မပွတ် ရနေခြင်း၌ ခုံမင် နေကြသောကြောင့် ဒီမိုကရေစီ မျက်နှာကို မမြင်ချင်ယောင် ဆောင်ပြီး ပရောဂျက် ရှာပေးနေကျ လူကိုပဲ နေရာထပ် ပေးထားလိုက်ကြ တယ်။ လူထုနဲ့ အဆက်ပြတ်ပြီး အထီးကျန် ဖြစ်နေပါစေ လူတစု အဆင်ပြေရင် ကျေနပ်တယ်ဆိုတဲ့ မိရိုးဖလာ ဗမာပဒေသရာဇ် ဥာဉ်ဆိုးက ၂၁-ရာစုတိုင် အသက်ဝင် နေဆဲပဲ ဆိုတာ ဒီနေရာမှာ သက်သေခံ ပြနေတယ်။

* ထုံးစံအတိုင်း NGOs များကို အခြေပြုတဲ့ အစိုးရ ဖြစ်လာသောကြောင့် နေရာတိုင်းမှာ ကန့်သတ်မှုတွေ ရှိနေမယ်။ လူအများရဲ့ ဆန္ဒကို မျက်ကွယ်ပြုသောကြောင့် တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပြီး နောက်ဆုံး လူတောမတိုးတဲ့ အဆင့်အထိ ရောက်သွားနိုင်တယ်။ ပိုဆိုးတာက ဒီမိုကရေစီ တော်လှန်ရေး မအောင်မြင်ရတာ ဒီလို ဒီမိုကရေစီ မျက်နှာကို အိုးမဲ သုတ်နေတဲ့ နိုင်ငံရေးပွဲစားများရဲ့ ပယောဂ မကင်းဘူးဆိုပြီး နောင်တချိန်မှာ သမိုင်း တရားခံဘွဲ့ပါ အဆစ် ရလာနိုင်သေးတယ်။ သေချာတာက စစ်အုပ်စုကို ဖြုတ်ချဖို့ အရေအတွက်ရော အရည်အချင်းပါ လိုနေသေးတယ်။ သွေးသစ်လောင်းရမယ့် ကာလ မှာ လက်ပန်းကျနေတဲ့ မျက်နှာဟောင်းတွေနဲ့ပဲ ကျိတ်ဝိုင်းဖွဲ့ပြီး နိုင်ငံရေး ကစားနေတာကို ရပ်သင့်တယ်။

ပြည်တွင်းမှာ ဗိုလ်သန်းရွှေက မသေမချင်း သမတ လုပ်သွားဖို့ တာစူ နေတယ်။ တဘက်မှာ မ.ဆ.လ လူထွက် ဘောင်းဘီချွတ်များကလည်း မသေမချင်း ဗဟိုကော်မတီဝင် လုပ်နေချင် ကြတယ်။ တချိန်တည်းမှာ ပြည်ပရောက် ထူးမခြားနား နိုင်ငံရေးပွဲစား များကလည်း နှစ် (၂၀) လွန်လာပေမဲ့ ဒီမိုကရေစီ တော်လှန်ရေးကြီးကို အရင်ပုံစံဟောင်း အတိုင်းပဲ အ ရောင်းအ၀ယ်လုပ်ဖို့ ကြိုးပမ်းနေကြတယ်။ မျက်မမြင် ပုဏ္ဏားခြောက်ယောက် ကြားမှာ ဒုက္ခရောက်ခဲ့ရတဲ့ ဆင်ကြီးတကောင်ရဲ့ ပုံပြင်လို ကိုယ့်စိတ်ကူးနဲ့ ခင်းထားတဲ့ လမ်းမထက် လက်တည့် စမ်းသွားနေကြတဲ့ လူတွေကြားမှာ တိုင်းပြည် နာတာပဲ အဖတ်တင် နေတယ်။ တပ်မှူးဟောင်းကြီး ဦးအောင်ရွှေ ကတော့ ပြောတယ် “အနာဂါတ်မှာ ဘာ...မျှော်လင့်ချက်မှ မရှိဘူး” တဲ့။ သေချာတယ်။ မျှော်လင့်ချက်ကို သူ...ကိုယ်တိုင် အသေသတ် လိုက်မှတော့ ရက်လည် ဆွမ်းသွတ် အနုခြွေ ကြွေကြေ ပြီးသား ဖြစ်သွားတာပေါ့။

ဒါပေမဲ့ ဒီနေရာမှာ ဆုံးဖြတ် ပေးနိုင်တာက နိုင်ငံရေးရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ လူထုပါပဲ။ လူထုထဲက ခင်ဗျားတို့ ကျနော်တို့ နဲ့ မျိုးဆက်သစ်တွေ ဘယ်လို နိုင်ငံရေး အပြောင်းအလဲမျိုးကို လိုချင်တာလဲ? လတ်ဆတ် လန်းဆန်းတဲ့ ခေတ်ရနံ့ နဲ့ နိုင်ငံရေးသစ်လား ? ဒါမှမဟုတ် ပြန်ဆိုတေးကိုပဲ ထပ်ကာတလဲလဲ နားထောင် နေလိုခြင်းလား? တခုခုကိုတော့ ရွေးချယ်မှ ရလိမ့်မယ်။

မော်ဒန် ကဗျာဆရာကြီး မောင်သာနိုး ရဲ့ ထင်းရူးပင်ရိပ် စာအုပ်ထဲက ဘာသာပြန် စာသားလေးလို

“ ဒီခေတ်၊ ဒီအခြေ၊ သည်မင်း၊ သည်စိုး၊ သည်သူခိုး နဲ့  သည်မိုး၊ သည်လေ၊ သည် လူတွေ” ကို လက်ပိုက်ကြည့် နေရင်တော့ တိတ်ဆိတ်နေခြင်းဟာ ၀န်ခံရာ ရောက်တယ် ဆိုတဲ့ စကားပုံ ဆိုရိုးအတိုင်း ကျုပ်တို့ ကိုယ်တိုင် “စစ်စနစ် သက်ဆိုးရှည်လာခြင်း နဲ့ တိုင်းပြည် ပျက်သွားခြင်း”ကို သွယ်ဝိုက်ပြီး ထောက်ခံနေတဲ့ အလိုတူ အလိုပါများ ဖြစ်သွားလိမ့်မယ်။ ။ ။

ညီညီထွေး (နယ်သာလန်)

၂၆.၀၁.၂၀၀၉
http://www.peoplemediavoice.com/shoot-article/no-different-political-brokers.html

အပြည့်အစုံသတင်းဖတ်ရန်....

ှရှက်ဖွယ်လိလိ..အာဏာ မျက်နှာကြည့်သော အာဏာမရှိသေးသည့် ၀န်ကြီးများ

ဘာတွေ လည်းဗျာ..
ုပြည်သူတွေ ကို အားနာပါဦး..
ဘုန်းကြီးသွေးတွေ မသွေ့ သေးပါဘူး..


သွေးမြေကျသည့် အိုင်ယာလန်ညီလာခံ အမတ်အချင်းချင်း နဖူးကွဲအောင် တိုက်ပွဲဝင်ပြီးမှ စင်ပြိုင် အစိုးရတိုးချဲ့နိုင်
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးပျက်အောင် ၀န်ကြီးရာထူးနှင့် ကန့်ကွက်မဲဝယ်ဟု စွပ်စွဲ

NEJ / ၂၉ ဇန်န၀ါရီ ၂၀၀၉

မကြာခင်က အိုင်ယာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ညီလာခံ၌ စင်ပြိုင်အစိုးရကို တိုးချဲ့နိုင်ခဲ့သော်လည်း စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စမဲခွဲရာ၌ ၀န်ကြီးရာထူးပေးပြီး ကန့်ကွက်မဲဝယ်ယူမှုများ ရှိခဲ့သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌက ခေတ်ပြိုင်သို့ ပြောသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ညီလာခံတွင် မဲခွဲရာ ကန့်ကွက်မဲ (၁၈) မဲ၊ ထောက်ခံမဲ (၁၅) ဖြင့် ဒေါက်တာစိန်ဝင်း ခေါင်း ဆောင် သည့် ကန့်ကွက်သည့်အုပ်စုဘက်က အနိုင်ရသွားသည်ဟု အမတ်တဦးက ပြောသည်။ ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်နှင့် စိုင်းဝင်းဖေတို့ကလည်း ရာထူးမှထွက်မည်ဆိုပြီး ခြိမ်းခြောက် ခဲ့သည်ဟု ဆက်ပြောသည်။

သို့သော် မူလက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကို အားတက်သရော ထောက်ခံခဲ့သည့် အမတ်အချို့ကို တိုးချဲ့သည့် စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးပေးလိုက်သည့်အတွက် ဘက်ပြောင်းသွားသည့် ထိုအမတ်များ၏ ကန့်ကွက်မဲကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ပြောသည်။

တချိန်က စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကမ်ပိန်းကို အားတက်သရော ထောက်ခံခဲ့သူများဖြစ်ပြီး အိုင်ယာ လန်ညီလာခံကျမှ ဘက်ပြောင်းပြီး ကန့်ကွက်မဲပေးခဲ့သူ အမတ် (၂) ဦးမှာ တိုးချဲ့စင်ပြိုင်အစိုးရတွင် ပူပူနွေးနွေး ၀န်ကြီးရာထူးသစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည့် အမတ် ဦးဝင်းလှိုင်နှင့် အမတ် ဦးထွန်းဝင်းတို့ ဖြစ်သည်ဟု အမည်မဖော်လိုသည့် အမတ်တဦးက ပြောသည်။ အဆိုပါ ဘက်ပြောင်းသွားသည့် အမတ် ၂ ဦးမဲက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စ အနိုင်အရှုံးကို ဆုံးဖြတ်သွားသည်ဟု ဒေါ်စန်းစန်းက ယူဆသည်။ ဘက်ပြောင်းသွားသည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် အမတ် ဦးထွန်းဝင်းအား ဆက်သွယ်ခဲ့ သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီအစဉ်ကို ဒေါက်တာ စိန်ဝင်းခေါင်းဆောင်သည့် ယခင် (၅) ဦး စင်ပြိုင်အစိုးရ (ဟောင်း) က မထောက်ခံခဲ့ပေ။ ထို့ကြောင့် ညီလာခံ မတိုင်မီ် အုပ်စုအားပြိုင်မှုများ၊ မဲဆွယ်မှုများ၊ မဲဝယ်မှုများ ရှိနေသည်ဟု စုံစမ်းသိရသည်။ ညီလာခံမစခင်ကပင် ဒေါက်တာစိန်ဝင်းအုပ်စုက မည်သည့်ကိစ္စ ဆွေးနွေးမည်၊ မည်သည့်ကိစ္စ ကန့်ကွက်မည်ကို ထောက်ခံသူများနှင့် ကြိုတင် စည်းဝါးရိုက်ထားပြီးဖြစ်သည်ဟု ဒေါ်စန်းစန်းက စွပ်စွဲသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး ထောက်ခံသည့် အမတ်အချို့ ၀န်ကြီးဖြစ်တော့မည်ဆိုသည့်သတင်းမှာ ညီလာခံမသွားခင်ကပင် မဲဆောက်နိုင်ငံရေးလောကတွင် သတင်းပျံ့နှံ့နေသည်။ ၀န်ကြီးဖြစ်မည့်သူ တဦးကဆိုလျှင် ဒေါက်တာစိန်ဝင်းကျေနပ်အောင် စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စကို ကန့်ကွက်မှ ဖြစ်မည်ဟုပင် လာပြောကြောင်း ဒေါ်စန်းစန်းက ပြောသည်။

အိုင်ယာလန်တွင် ကျင်းပခဲ့သည့် အမ်ပီယူညီလာခံကာလအတွင်း အမတ်အချင်းချင်း စကားများပြီး ထိုးကြိတ်သတ်ပုတ်ကြသည့်အတွက် သွေးထွက်သံယို နဖူးကွဲပြီး ချုပ်ရသည်ထိ ဖြစ်ခဲ့ကြောင်း ဒေါ်စန်းစန်းက အတည်ပြု ပြောသော်လည်း မည်သည့်အမတ်များဖြစ်ကြောင်း ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

သို့သော် ညီလာခံ၌ အမတ် ဦးအောင်ထွန်းစိန်နှင့် အမတ် ဦးထွန်းဝင်းတို့နှစ်ဦး ထိုးကြိတ်မည့် အခြေအ နေများထိ ရောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း မည်သည့်ကိစ္စအတွက် ခိုက်ရန်ဖြစ် သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အပြည့်အစုံသတင်းဖတ်ရန်....

အသံတွေ ကြားနေရတယ်...အဟက်..အဟက်

အရည်အတွက်သာ ရှိ..အရည်အချင်း မရှိသော အာဏာရှင် ခြံစောင့် ခြတပ်မတော်ကြီး
တပ်မတော် စွမ်းရည်ကျ ခြစားမှုပိုလာဟု တိုင်းမှူးပြောကြား
ဇာနည်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 19:08 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့တပ်မတော်သည် စွမ်းရည်ကျဆင်းလာပြီး၊ စည်းကမ်းပျက်ကာ ခြစားမှုများ ပိုလာ နေကြောင်း ထိပ်တန်း စစ်ခေါင်းဆောင်တဦးက ၀န်ခံ ပြောဆိုထားချက်ကို တပ်တွင်း ထိပ်တန်း လျှို့ဝှက် မှတ်တမ်း တခုအရ သိရသည်။

အရာရှိများ ဆက်ဆံရေး ညံ့ဖျင်းကာ အရက် အလွန်အကျွံသောက် မူးယစ်ရမ်းကားခြင်း၊ ရိက္ခာလောက်အောင် ထုတ်မပေးခြင်း၊ မတန်တဆ ခိုင်းစေခြင်းနှင့် ငွေအလွဲသုံးစားပြုလုပ်မှု များပြားလာနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အကြီးတန်း စစ်အရာရှိများ၏ အစည်းအဝေး တခုတွင် ပြောကြား သွားခဲ့သည်။

စစ်ဦးစီး၊ ရေး၊ ထောက် အစည်းအဝေးတွင် တပ်ပြေးများအကြောင်းနှင့် တိုက်ပွဲများတွင် အကျအဆုံး များပြား လာနေကာ စစ်သား စု ဆောင်းရေး အခက်အခဲများ ရှိလာနေကြောင်း တိုင်းမှူးက မကြာသေးခင်က ပြောကြား သွားသည်ကို မဇ္ဈိမက အတည်ပြုနိုင်ခဲ့သည်။

ထိုသို့အင်အားကျဆင်းလာသောတပ်ကို အားဖြည့်ရန် အတွက် တပ်သားသစ်များစုဆောင်းရေးကိုမဖြစ်မနေ၊ မရ မက အကောင် အထည် ဖော်ရမည်ကို ခေါင်းဆောင်တိုင်း၏ အဓိက အဖြစ် ခံယူထားရမည် ဟု ဗိုလ်ချုပ်စိုးဝင်းက ပြောဆိုခဲ့သည်။

ထို့အပြင် တပ်မတော်ကို နိုင်ငံခြား စစ်တပ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော တပ်ဖြစ်ရန် တည်ဆောက်သွား လိုသော စစ်အစိုးရ၏ ရည်မှန်းချက်ကိုလည်း ထုတ်ဖော်ပြောဆိုသွားသည်။

"တပ်မတော်၏ အစဉ်အလာကောင်းများသည် တဖြည်းဖြည်း လျော့နည်းလာရာမှ အရည်အသွေးများ ကျ ဆင်းလာသည်။ တပ်မတော်ကို နိုင်ငံတကာနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ရန်လိုသည်" ဟု မှတ်တမ်းတွင် ပါရှိသည်။

အစဉ်အလာအားဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက တပ်မတော်သည် စည်းကမ်းသေ၀ပ်ပြီး ခေတ်မီသော တပ်ဖြစ်ကြောင်း ထိန်းချုပ် ထားသော မီဒီယာများမှတဆင့် တိုင်းပြည်သို့ ပြောကြားလေ့ ရှိသည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက စစ်အစိုးရအနေဖြင့် လက်ရှိ တပ်သားအင်အား ၄ သိန်းကျော် ရှိနေသော တပ်ကို အင်အား ၅ သိန်းအထိ တိုးမြှင့်လိုဖွယ် ရှိနေကြောင်းနှင့် အရမ်းကာရော လူသစ် စုဆောင်းနေမှုများ ရှိနေ ကြောင်း ပြောသည်။

မြန်မာနိုင်ငံရှိ ကျေးရွာ ၆ သောင်းကျော်မှ တရွာလျှင် တဦးကျ တပ်သား စုဆောင်းရေးကို လုပ်ဆောင်ရန် စစ်အစိုး ရမှ ၂၀၀၆ ခုနှစ် က တည်း က စီမံချက်ချထားသည်ဟု သူက ပြောသည်။

"သူတို့က တရွာကို တယောက်နှုန်းဆိုရင် တနှစ်အတွင်း တခေါက်ပဲ လိုက်ကောက်အုံးတော့ တပ်သား အနည်း ဆုံးတော့ ၆ သောင်းရမယ် ပေါ့။ သူတို့ ဒီလို စီမံကိန်းချထားပြီး လုပ်တာရှိတယ်။ ဒီမှာတင် အောက်ပိုင်း အဆင့် အဆင့်က လူရပြီးရော လုပ်တာတွေ ဖြစ်လာတယ်" ဟု နှစ်ပေါင်းများစွာ မြန်မာစစ်တပ်ကို အကဲခတ် စောင့် ကြည့် လေ့လာနေခဲ့သူ ဦးအောင်ကျော်ဇောက ပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

၂ဝဝ၉ နဲ့ မြန်မာ့စီးပွားရေး အကြပ်အတည်း

2009 mm tw23



http://moemaka.com/index.php?option=com_content&task=blogcategory&id=17&Itemid=84

အပြည့်အစုံသတင်းဖတ်ရန်....

ဖမ်းဆီးခံ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလ တွေ့ခွင့်ရပြီ

rj tw23

http://www.voanews.com/burmese/2009-01-29-voa7.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ဒိန်းမတ်ဝန်ကြီး မြန်မာခရီးစဉ်

DM tw23

အပြည့်အစုံသတင်းဖတ်ရန်....

HIV/AIDS ဝေဒနာသည်များကို ရန်ကုန်မြို့မှ နှင်ထုတ်

ကိုဝိုင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆေးကုသမှု ခံယူနေသည့် အိတ်ခ်ျအိုင်ဗီ - အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ရန်ကုန် မြို့တွင်း နေထိုင်ခြင်း မပြုရန် ကျန်းမာရေးဌာနက ကန့်သတ်ခဲ့သည်ဟု ဝေဒနာရှင်များ အပြောအရ သိရသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံတွင် တက်ရောက်ကုသမှု ခံယူပြီးသူများကို သက် ဆိုင်ရာ နယ်မြေများသို့ ပြန်ရန် ဖိအားပေးနေခြင်း ဖြစ်သည်။


"ဒီမှာ ဆင်းလို့ရပြီး မဆင်းနိုင်သေးတဲ့ သူတွေရှိတယ်။ ဆင်းပြီး နယ်ကို ပြန်ရမယ်လို့ (ဆေးရုံက) ပြောတယ်။ ထိုးဆေးတင် နေတဲ့လူလည်းရှိတယ်။ အေအာဗီ ဆေးစောင့်နေတဲ့လူလည်း ရှိတယ်။ ရန်ကုန်မှာပဲ ထိုးမှရမှာလို့ ပြောတာကို မရဘူး။ သူတို့ က ရန်ကုန်မှာကို နေခွင့်မပေးတာ။ ကျနော်တို့က အိမ်ငှားနေမယ် ဆိုတာလည်း မရဘူး။ သူတို့ကို အထက်က ညွှန်ကြားထားတဲ့ အနေအထားပေါ့" ဟု အာဏာပိုင်များ၏ လက်တုံ့ပြန်မှာကို စိုးရွံသည့် အတွက် အမည်မဖော်လိုသည့် ဝေဒနာသည်တဦးက မဇ္ဈိမသို့ ပြောသည်။

နယ်မြို့များရှိ ကျန်းမာရေးဌာနများမှာ အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းထားနိုင်သော အေအာဗီဆေးနှင့် အဆုတ်နာရောဂါအတွက် ကုသဆေးရရှိရေး အခက်အခဲ ရှိသည့်အတွက် မပြန်လိုကြကြောင်း ဝေဒနာ သည်များက ပြောသည်။

အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုးရှိ၍ ဆေးကုသမှုခံနေရသူများမှာ အဓမ္မ ရွှေ့ပြောင်းမှု ပြုခံရခဲ့ပြီးနောက် ယခုတဖန် နယ်ပြန်ရန် ညွှန်ကြားခံရခြင်းလည်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကူညီစောင့်ရှောက်မှုကို ရရှိနေသောကြောင့် ဝေဒနာသည်များကို စစ်အစိုးရ က ပစ်မှတ်ထားနေခြင်းဟု ယုံကြည်ရသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့က သတင်းရဲတပ်ဖွဲ့များ ပါဝင်သော ကျန်းမာရေးဌာနမှ အရာရှိများက မြောက် ဥက္ကလာရှိ အာသောကရာမ ရွှေဟင်္သာ ရေလည်ကျောင်းသို့ ရောက်လာပြီး ကျောင်းတိုက်တွင် တည်းခိုနေ သူ ဝေဒနာ သည်များကို မျက်နှာချင်းဆိုင်ရှိ ဝေဘာဂီ ဆေးရုံသို့ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ရေလည်ကျောင်းတွင် ဝေဒနာသည်များ တည်းခိုနေခဲ့သည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်သည်။

ဝေဘာဂီဆေးရုံသို့ရွှေ့ပြောင်းခံခဲ့ရသူ စုစုပေါင်း (၂၄) ဦးရှိပြီး အမျိုးသား (၁၁) ဦး၊ ကလေး (၆) ဦးနှင့် အမျိုး သမီး (၇) ဦးတို့ဖြစ်ပြီး အချို့ကတော့ ဆေးရုံသွားရန် ငြင်းဆန်ခဲ့ကြသည်။

အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များကို ပညာပေးခြင်း၊ နှစ်သိမ့် အကြံဥာဏ်ပေးခြင်း၊ နေရေးထိုင်ရေး စီစဉ် ပေးခြင်းနှင့် ဆေးကုသမှု ရရှိအောင် ကူညီပေးသူ မဖြူဖြူသင်းမှာ ဒီချုပ်ပါတီ၏ အိတ်အိုင်ဗွီ-အေအိုင်ဒီအက်စ် ကာကွယ်ရေးနှင့် ကုသရေးဌာနခွဲမှ အဖွဲ့ဝင်တဦး ဖြစ်သည်။ သူမကို မေလ ၂၀၀၇ ခုနှစ်က အာဏာပိုင်များက ဖမ်းဆီးမှုပြုရာ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များက ဆန္ဒပြခဲ့ကြသည်။

မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝန်း၏ လျစ်လျူရှုမှုကြောင့် (၂၀၀၇) ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အိတ်အိုင်ဗီ-အေအိုင်ဒီအက်စ်နှင့် သေဆုံးသူ (၂၅,၀၀၀) ရှိခဲ့ကြောင်း၊ အေအာဗီဆေး အရေးပေါ်လိုအပ်နေသူ ပျမ်းမျှ (၇၅,၀၀၀) ဦးရှိကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသို့ အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရန် အကူအညီပေးနေမှုကို Global Fund အဖွဲ့ကြီး က ၂၀၀၅ ခု သြဂုတ်တွင် ရပ်ဆိုင်းလိုက်သည်။ ထို့နောက် ဥရောပကော်မရှင်၊ ဆွီဒင်၊ နယ်သာလန်၊ ယူကေ၊ နော်ဝေး၊ သြစတြေးလျတို့ ပါဝင်သည့် 3 D Fund အစီအစဉ်က အမေရိကန်ဒေါ်လာ သန်း (၁၀၀) ဖြင့် အကူအညီများ ဆက်ပေးနေခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်