Thursday, December 31, 2009

မြက်ရိတ်နေရင်တောင် ခက်ဦးမယ်

ရိတ်မြဲ ရိတ်ဆဲ။
ရှင်းရှင်းဖတ်မလား ပုံကိုနှိပ် ကြီးကြီးပေါ်မယ်

အပြည့်အစုံသတင်းဖတ်ရန်....

အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်ဝင်စားမှုရရှိလာ

တိုကျို၊ ဒီဇင်ဘာ(၃၁)
သန့်မျိုးထွေး | ၂၀၀၈ ခုနှစ် မေလအတွင်းက ဧရာဝတီနှင့်ရန်ကုန်တွင် တိုက်ခတ်သွားခဲ့သည့် နာဂစ်မုန်တိုင်းအခြေပြု ရိုက်ကူးနေသည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားကို ဂျပန်နေ့စဉ်ထုတ် အဆာဟိသတင်းစာတွင် ဖော်ပြခဲ့ပြီးသည့်နောက်ပိုင်း ဂျပန်လူမျိုးများပါ စိတ်ဝင်စားမှုရှိလာကြောင်း သိရှိရသည်။

ယခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ ရိုက်ကူးနေသည့် ဒါရိုက်တာသစ်သား(ဋ္ဌေးသစ်)၏ ဒုတိယခြေလှမ်းဖြစ်သည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားကို ချီးဘခရိုင် အဲ့ဒိုဂါဝမြစ်အနီးတွင်ရိုက်ကူးနေပြီး ဇတ်လမ်းတွင်ပါဝင်သည့် ကျေးရွာသူကြီးနှင့်ရွာသားများ စကားပြောဆိုခန်းများ၊ ဘာကြောင့်ရိုက်ကူးရသည်ဆိုသည့် အချက်အလက်များကို ဒီဇင်ဘာ(၅)ရက်နေ့ထုတ် အဆာဟိသတင်းစာတွင် စာမျက်နှာဝက်ခန့် ရေးသားဖော်ပြထားသည်။`ဒါရိုက်တာသစ်သား`ဟု မြန်မာပြည်အနုပညာအသိုင်းအ၀ိုင်းတွင် လူသိများသော ဦးဋ္ဌေးသစ်မှာ ၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားဆန္ဒပြမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး စစ်အစိုးရ၏၀ါဒဖြန့်ဇတ်ကားများတွင် ပါဝင်ရန်ငြင်းဆန်မှုဖြင့် ထောက်လှမ်းရေး၏ စောင့်ကြည့်မှုကိုခံခဲ့ရသည်။

အနုပညာသမားတဦးအနေနှင့် ပြည်တွင်းတွင် ဆက်လက်နေထိုင်ရန်မသင့်တော်သောကြောင့် ၁၉၉၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး လွန်ခဲ့သော(၃)နှစ်ခန့်မှစ၍ ဂျပန်တွင် နိုင်ငံရေးခိုလှုံခွင့်ရခဲ့သူတဦး ဖြစ်ကြောင်း ယင်းသတင်းစာတွင် ရေးသားဖော်ပြထားသည်။

"ကျနော်တို့နိုင်ငံမှာတိုက်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ဘယ်လောက်အထိဆိုးရွားပြီး လူတွေကိုထိခိုက်ခဲ့တယ်၊ ဒါဆိုနအဖက လစ်လျူရှု မသိကျိုးကျွံပြုလုပ်ခဲ့တယ်။ ကိုယ်တိုင်လဲ အကူအညီထိရောက်စွာမပေးခဲ့ဘူး၊ နိုင်ငံခြားက လူသားချင်းစာနာပြီး ပံပိုးပေးလာတဲ့ အကူအညီတွေကိုလဲပိတ်ပင်ခဲ့တယ်၊ ဒါ့ကြောင့်ပြည်သူတွေပိုမိုဆိုးရွားစွာ ဒုက္ခတွေခံစားခဲ့ရတယ်။ နောက်ပြီး နာဂစ်မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီပေးခဲ့သူတွေကို လည်း အကြောင်းပြချက်မရှိပဲ ဖမ်းဆီးတယ်။ နှစ်ရှည်ထောင်ဒဏ်တွေ မတရားချမှတ်တယ်။ ဒါကို ဂျပန်မှာရှိတဲ့ မြန်မာလူမျိုးတွေသာမကပဲ ဂျပန်အစိုးရနဲ့ ဂျပန်လူမျိုးတွေရောသိအောင် နောက်ပြီး တကမ္ဘာလုံးကပါသိအောင်လို့ ဂျပန်လိုရော၊ အင်္ဂလိပ်လိုပါစာတမ်းထိုးပြီး ပြသမှာဖြစ်တယ်"ဟု ဒါရိုက်တာသစ်သားက မိုးသောက်ကြယ်သို့ ရှင်းလင်းပြောပြသည်။

ပထမအကြိမ် ၂၀၀၇ ခုနှစ်အတွင်းက ရိုက်ကူးဖြန့်ချိခဲ့ပြီးဖြစ်သော `စစ်ကျွန်မခံ ခွပ်ဒေါင်းအလံ`ဇာတ်ကားကဲ့သို့ ပရိသတ်လက်ခံနိုင်သော ဇတ်ကားမျိုးတခုဖြစ်ရန် ကြိုးစား၍ရိုက်ကူးနေကြောင်းနှင့် ယခုဇာတ်ကားတွင် ဂျပန်နိုင်ငံရှိ `မင်္ဂလာဒိုးအနုပညာအင်အားစု`အပါအ၀င် တိုင်းရင်းသားများကလည်း အင်တိုက်အားတိုက် ကူညီပံ့ပိုးပေးခဲ့ကြသည်။

ယခင်က ဇတ်လမ်းနှင့်ရိုက်ကူးချိန်ကို ၄၅ မိနစ်ခန့်နှင့် ယခုနှစ် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ဖြန့်ချိပြသရန် ရည်ရွယ်ခဲ့သော်လည်း ဇတ်လမ်းတွင်စိတ်ပါဝင်စား၍ ပါဝင်သရုပ်ဆောင်လာသူများ ပြားလာခဲ့ခြင်းကြောင့် ပြန်သချိန် ၁ နာရီ မိနစ် ၃၀ အထိရှိလာပြီး သရုပ်ဆောင်ကလေးငယ်များ၏ ကျန်မားရေးအခြေအနေနှင့် ရာသီဥတုဆိုးရွားခြင်းကြောင့် ဇတ်သိမ်းပိုင်းရိုက်ကူးမှု နောက်ကျဖွယ် ရှိနိုင်သည်ဟုလည်း ဆက်လက်ပြောဆိုသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်တွင်နေထိုင်နေသည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာမင်္ဂလာပွဲ ကျင်းပချိန်တွင် မုန်တိုင်းတိုက်ခတ်သွားသည့်အတွက် သတိုးသားအပါအဝင်၊ မိဘဆွေးမျိုးမိတ်ဆွေများအားလုံးကို တပေါင်းတစည်းတည်းခေါ်ပြီး သတ်လိုက်မိသလိုခံ စားမိသွား၍ ရူးသွပ်သွားသည့်က ရင်မိန်းကလေးငယ်တဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်တို့နှင့် မုန်တိုင်းကျပြီးနောက် ကူညီရန်ရောက်ရှိလာသည့်အနုပညာရှင်များကို အာဏာပိုင်များမှ အဓိပ္ပါယ်မဲ့ဖမ်းဆီးထောင်ချလိုက်သည့် အဖြစ်အပျက်များနှင့် မုန်တိုင်းကြောင့် ကယ်သူမဲ့သေဆုံးသွားကြသည့် အလောင်များအား ကောက်ယူမီးသဂြိုလ်ပေးသူများကို စစ်အာဏာပိုင်များမှ ဥပဒေမဲ့စွာဖမ်းဆီးခဲ့ပုံတို့ကို တကမ္ဘာလုံးမှမမေ့မပျောက်ပဲ အမှတ်ရစေရန် သဘာဝကျကျရိုက်ကူး တင်ဆက်ကြိုးစားထားကြောင်းသိရသည်။

နောက်ကျမှုနှင်ပါတ်သတ်၍ ဒါရိုက်တာသစ်သားက "အကူဒါရိုက်တာအနေနဲ့ ကိုအောင်လင်းနိုင် (မြိတ်ကလာတဲ့ ငံပြာရည်၏မြေး)က ကူညီပြီး ရှေ့ကရိုက်ပြီးထားတာတွေ ကားကူးကားဆက်နဲ့ စာတမ်းထိုးတဲ့အပိုင်းကို ကြိုးစားပြီးလုပ်နေပါတယ်။ သိတဲ့အတိုင်းပဲ ဂျပန်မှာ နေစားရိတ်၊ စားစရိတ်ကလည်း ဈေးကြီးတော့ တဖက်ကလည်း ကိုယ့်စားဝတ်နေရေးအတွက် အလုပ်လုပ်ရသေးတယ်လေ။ အလွန်ဆုံး နာဂစ် ၂ နှစ်ပြည့် နှစ်ပါတ်လည်အချိန်လောက်မှာ အားလုံးအပြီးအစီးအချောသတ် ထုတ်ဝေဖြစ်မယ်လို့ ထင်ပါတယ်"ဟုလည်း ရှင်းပြသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြည်တွင်းနှင့်ပြည်ပတွင် Documentary အနေနှင့်ရိုက်ကူး ထုတ်လုပ်မှုသာရှိပြီး ရသမြောက်စွာရိုက်ကူးသည့် အထိမ်းအမှတ် ဇာတ်လမ်းအနှေနှင့် ယခုဇာတ်ကားသည် ပထမဦးဆုံးဖြစ်လာမည်ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, December 30, 2009

၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်နှင့်အတူပြေး၍ ခွေးနှင့်အတူလိုက်မည့်သူများ နာမည်နဲ့ ဖုန်းနံပါတ်....

1. ဦးကိုကို 064-50410 / 09-2165036
2. ဦးကိုကိုနိုင် 01-580480
3. ဦးကျော်စိုးလင်း 01-244924
4. ဦးခင်မောင်ထွေး တဆင့် 064-24751
5. ဦးစိုးကြွယ် တဆင့် 01-629463
6. ဦးညိုမင်းလွင် 01-578503
7. ဦးညွန့်မောင် 01-244924
8. ဦးဌေးဝင်း တဆင့် 01-710553
9. ဦးတင်မောင်အေး 01-243633 / 09-5073452

10. ဦးတင်လှ တဆင့် 01-593259
11. ဦးတင်ဟန် တဆင့် 064-24751
12. ဒေါ်နန်းရွှေကြာ တဆင့် 02-57618 / 02-57109
13. ဦးနေမျိုးဝေ 09-8610719
14. ဦးမျိုးခိုင် တဆင့် 01-611272 / 01-610083
15. ဦးမြင့်အောင် 01-645001
16. ဦးရဲမင်း တဆင့် 02-57618 / 02-57109
17. ဦးလှမြင့် 068-21398

18. ဦးဝင်းဇော် 064-24259 / 09-2201141

19. ဦးသန်းမင်းစိုး တဆင့် 01-291375

20. ဦးသန်းအေး တဆင့် 09-8590990

21. ဦးသိန်းတင်အောင် 01-682581

22. ဦးအုန်းလွင် 01-296693 / 09-5197648

23. ဦးအောင်ဘွား 01-296693 / 09-5197648

24. ဦးအောင်မျိုးဥိး 01-500610

25. ဦးအောင်သန်းတင့် တဆင့် 063-50642

26. ဦးကျော်မြင့် 09-5333193

27. ဦးသုဝေ 09-5084963

28. ဦးကြည်ဝင်း 01-637076

29. ဦးရဲထွန်း ( အငယ် ) 01-556554

30. ဦးသိန်းကြည် 063-50641

31. ဦးထွန်းအောင်ကျော် 01-504882 / 01-505307

32. ဦးလှသိန်း 01-504882

33. ဦးငြိမ်းမောင် 01-504882

34. ဦးရဲထွန်း ( အကြီး ) 09-5185511 / 01-538669

35. ဦးတင်ထွန်းမောင် 01-540987

36. ဦးဌေး 09-8534539

37. ဦးရွှေအုံး 01-510541 /01-510764

38. ဦးတင်အုံး တဆင့် 01-662461

39. ဦးတင်ဝင်း 045-48321

40. ဦးဘိုမောင်း တဆင့် 01-553869

41. ဦးမျိုးသန့် တဆင့် 09-6570445

42. ဒေါ်ချိုချိုကျော်ငြိမ်း 09-5161173

43. ဦးတင်စိုး 01-504882
1 ဦးကိုကို 064-50410 / 09-2165036
2. ဦးကိုကိုနိုင် 01-580480
3. ဦးကျော်စိုးလင်း 01-244924
4. ဦးခင်မောင်ထွေး တဆင့် 064-24751
5. ဦးစိုးကြွယ် တဆင့် 01-629463
6. ဦးညိုမင်းလွင် 01-578503
7. ဦးညွန့်မောင် 01-244924
8. ဦးဌေးဝင်း တဆင့် 01-710553
9. ဦးတင်မောင်အေး 01-243633 / 09-5073452
10. ဦးတင်လှ တဆင့် 01-593259
11. ဦးတင်ဟန် တဆင့် 064-24751
12. ဒေါ်နန်းရွှေကြာ တဆင့် 02-57618 / 02-57109
13. ဦးနေမျိုးဝေ 09-8610719
14. ဦးမျိုးခိုင် တဆင့် 01-611272 / 01-610083
15. ဦးမြင့်အောင် 01-645001
16. ဦးရဲမင်း တဆင့် 02-57618 / 02-57109
17. ဦးလှမြင့် 068-21398

18. ဦးဝင်းဇော် 064-24259 / 09-2201141

19. ဦးသန်းမင်းစိုး တဆင့် 01-291375

20. ဦးသန်းအေး တဆင့် 09-8590990

21. ဦးသိန်းတင်အောင် 01-682581

22. ဦးအုန်းလွင် 01-296693 / 09-5197648

23. ဦးအောင်ဘွား 01-296693 / 09-5197648

24. ဦးအောင်မျိုးဥိး 01-500610

25. ဦးအောင်သန်းတင့် တဆင့် 063-50642

26. ဦးကျော်မြင့် 09-5333193

27. ဦးသုဝေ 09-5084963

28. ဦးကြည်ဝင်း 01-637076

29. ဦးရဲထွန်း ( အငယ် ) 01-556554

30. ဦးသိန်းကြည် 063-50641

31. ဦးထွန်းအောင်ကျော် 01-504882 / 01-505307

32. ဦးလှသိန်း 01-504882

33. ဦးငြိမ်းမောင် 01-504882

34. ဦးရဲထွန်း ( အကြီး ) 09-5185511 / 01-538669

35. ဦးတင်ထွန်းမောင် 01-540987

36. ဦးဌေး 09-8534539

37. ဦးရွှေအုံး 01-510541 /01-510764

38. ဦးတင်အုံး တဆင့် 01-662461

39. ဦးတင်ဝင်း 045-48321

40. ဦးဘိုမောင်း တဆင့် 01-553869

41. ဦးမျိုးသန့် တဆင့် 09-6570445

42. ဒေါ်ချိုချိုကျော်ငြိမ်း 09-5161173

43. ဦးတင်စိုး 01-504882

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံမှတ်တမ်း....

အပြည့်အစုံသတင်းဖတ်ရန်....

နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း

“တချို့လူတွေ တချို့လူတွေကို အားကျပြီး........ အားကျပြီးရှိစုမယ့်စုတွေ ရောင်းချပြီး.......လေယာဉ်ပျံပေါ်တတ်တော့ ကျွန်တော် ခန့်ခန့်ကြီးတဲ့ဗျ.................။”
ကိုအရိုးသီချင်းလေးက နားထဲမှာ အားအင်အပြည့်နဲ့ ဝင်ရောက်လာတယ်။ ကျွန်တော်တွေးထင်ထားတယ်........ အိမ်မက်တွေ မက်ဘူးတယ်။ ကိုအရိုးသီချင်းလိုပဲတချို့လူတွေကို အားကျတယ်။ စင်္ကာပူကိုရောက်အောင်လာတယ်။ဖာတစ်လုံးခေါင်းကြားနဲ့ပေါ့။ တောသားမြို့ရောက်ပါပဲ။ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ပြောတယ် သူ့အိမ်က ကလေးလေးကပြောတယ်တဲ့ “ဦးဦးရယ် သမီးက
နိုင်ငံခြားဆိုတာ ဟိုးနတ်ပြည်ကြီး ရောက်သွားတယ်ထင်တာ။ ခုတော့လဲမြေကြီးပေါ်မှာပဲနော်တဲ့”။ ဟုတ်ပါတယ် ကျွန်တော်လဲ
နိုင်ငံခြားမရောက်ခင်ကတော့ ကလေးတွေးသလောက်တော့ မဟုတ်ပါဘူး ကျွန်တော့်အတွေးက နိုင်ငံခြားဆိုတာကိုရောက်တာနဲ့ အဲ့ဒိလူရဲ့ ဘဝဟာ အရှင်လတ်လတ်နတ်ရေကန်ထဲ ကျသွားသလိုပဲနေမှာနော်လို့ တွေးမိတယ်။ နိုင်ငံခြားမှာအလုပ်လုပ် အိမ်က မိဘ၊ မိသားစု၊ မိန်းမနဲ့ကလေး ဒါတွေကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ထားနိုင်တယ်ပေါ့လေ။ အိုးအိမ်မရှိရင် ဝယ်ပေးမယ်
ကားမရှိရင်ကားဝယ်ပေးမယ် စတာတွေပေါ့ဗျာ။ အားလုံးပြီးပြည့်စုံတယ်ဆိုပါတော့။ ကျွန်တော် ကိုယ့်အတွေးနဲ့ ကိုပါပဲ။ ကျွန်တော်တင် ဒီလိုတွေးတာလား။ မဟုတ်ပါဘူး။ ခိုင်ခိုင်မာမာ ပြောနိုင်တာက အခုနိုင်ငံရပ်ခြားကို ရောက်နေတဲ့ သူတွေအားလုံးရဲ့ ၉၅% အထက်ဟာ ဒီလို တွေးကျတာပါပဲ။ ဒီလိုတွေးလို့လဲ ဒီနေရာကိုရောက်လာကျတာပေါ့။
နိုင်ငံခြားကို သွားတာ တွေထဲမှာ အမျိုးမျိုး ရှိပါတယ်။ တချို့က အလုပ်လာလုပ်တယ်၊ တချို့ကတော့ ကျောင်းလာတတ်တယ်၊ တစ်ချို့ကတော့ မိမိယောက်ကျား (သို့မဟုတ်) မိန်မ တစ်ယောက်ယောက်က အဆင်ပြေလို့ မိသားစုလိုက်နေရန် လိုက်လာကြတယ် စသည်ဖြင့်ပါပဲ။
အားလုံး ထင်ထားသော ထင်မြင်ချက်တစ်ခုဖြစ်သည့် နိုင်ငံခြားရောက်လျင် အားလုံးအဆင်ပြေပြီဆိုသော ထင်မြင်ချက်လုံးဝမှားယွင်းပါ တယ်။ ဟုတ်ပါတယ် ရဲရဲဝံ့ဝံ့ ကြီးကို ကျွန်တော် ပြောရဲပါတယ်ဗျာ။ ကျန်တဲ့ နိုင်ငံတွေရဲ့ ဒေတာတွေကို ကျွန်တော်မသိပါဘူး။ အဲ့ဒိတော့ ကျွန်တော်ခုနေနေတဲ့ စလုံးခေါ် စင်္ကာပူက အကြောင်းတွေကိုပဲ ကျွန်တော်ပြောမယ်ဗျာ။ စလုံးမှာ S'pass ကိုင်တဲ့
ဝန်ထမ်းတစ်ယောက်ဆိုပါတော့။ သူ့ရဲ့တရားဝင်လစာဟာ S$၁၈၀၀ ပါ။ အများကတော့ ရမယ်ထင်တာပါပဲ။ ဒါပေမယ့် လစာ အပြည့် မရသူတွေမရှိဘူးဆိုရင် အနည်းဆုံး ၁၅ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ အခုလို စီးပွားရေးကျနေချိန်မှာ ပိုလို့တောင်ဆိုးပါသေးတယ်။ တစ်ချို့များ အင်ဂျင်နီယာပါ လစာ S$၉၀၀ ပဲရပါတယ် S'pass ကိုင်ရပါတယ်။ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေဆိုရင်
တစ်နေ့ကို S$၁၈ ပဲရပါတယ်။ တစ်ပတ်တစ်ရက်နား တစ်လမှ S$၄၇၀ နီးပါးပဲရကျပါတယ်။ S'pass သမားက အလုပ်က နေစရာ မပေးပါဘူး။ အိမ်ငှားနေရပါတယ်။ အိမ်လခက အနည်းဆုံး S$၂၈၀ မှ S$၄၀၀ ထိကုန်ပါတယ်။ သွားလာရတဲ့ ကားခ၊ စားစရိတ်၊
အထွေထွေ အသုံးစရိတ် အားလုံးပေါင်း အနည်းဆုံး လူတစ်ယောက်ဟာ S$၆၀၀ ကုန်ပါတယ်။ နောက်တော့ သံရုံးမှာ အခွန်က တစ်လကို S$၈၀ ပါ။ အဲ့ဒိတော့ S'pass နဲ့ အလုပ်လုပ်သူ တစ်ယောက်ဟာ လွန်ရောကျွန်ရော တစ်လကို အသားတင် S$၁၀၀၀
သာကျန်ပါတယ်။ တစ်လကို ၇သိန်းခွဲနဲ့ ၈သိန်းကြားပေါ့ဗျာ။ ရန်ကုန်မှာ မိသားစု ရှိမယ်။ တစ်ချို့ဆို မိန်းမတင်မဟုတ် ကလေးပါရှိတယ်။ ကိုယ့် မိဘရှိတယ်။ မိဘနဲ့ မိမိ မိသားစု နှစ်စု ရန်ကုန်မှာ တစ်လ တစ်လ အထွေထွေ အသုံးစရိတ်က တစ်အိမ်ထောင်ကို ၄သိန်း မလောက်ပါဘူးဗျာ။ အဲ့ဒိကြားထဲ အိမ်က မိန်းမက ဟိုဟာလေး လိုချင်တယ် ယောက်ကျားရေ နင်က စင်္ကာပူမှာ S'passနဲ့
အလုပ်လုပ်နေပြီး ငါက ဒီမှာ လူတန်းစေ့မနေနိုင်ဘူးလား။ သူများသားသမီး ယူထားပြီး ရှာမကျွေးနိုင်ဘူးလား ဆိုပြီး ရန်ရှာသေးတယ်။
အဲ့လိုတွေဝင်လာပြီဆိုရင် ဒီကယောက်ကျား သေပြီသာမှတ်။ နောက်ရှိသေးတယ် ယောက်ကျားရေ ကျုပ်တို့ အိုးပိုင် အိမ်ပိုင်လေးနဲ့နေချင်လှပြီတော် ရှင်လဲ နိုင်ငံခြားသွားတာ ကြားလှပြီ ကျုပ်ကို အိမ်လေး တစ်လုံးလောက်ဝယ်ပေးပါလား
ဆိုတာ ပါသေးတယ်။ ဒီက ယောက်ကျား လုပ်တဲ့ သူ ဓါးပြထွက်တိုက်ရတော့မယ်။
ဘယ်လိုရှင်းပြရှင်းပြ နားမလည်တဲ့ သူတွေ များပါတယ်။ နိုင်ငံခြားရောက်တယ် လစာ S'pass S$၁၈၀၀ ရတယ်။ ငါ့ကို ၄၀၀၀၀၀ ပဲပို့တယ်။ ဒင်း ဘယ်မယားငယ်ကိုထောက်ပံ့နေလဲ မသိဘူး။ ဒီလိုပဲတွေးနေကျပါတယ်။ ပြီးတော့ ပြောလိုက်သေးတယ် ရှင့်တစ်ယောက်ထဲ သုံးတာ မြန်မာငွေ ၆၀၀၀၀၀ နီးပါးကုန်သလားတဲ့။ ကျုပ်တို့ တစ်မိသား စုလုံး သုံးဖို့ ရှင်ပို့တာတောင်
၄၀၀၀၀၀ ထဲတဲ့။ ကဲ စဉ်းစားကျပါအုံး အရပ်ကတော်တို့ ရေ။ တစ်လကို ၃ခါလောက်မှ ဖုန်းမဆက်ရင်လဲ ရန်တွေ့ခံရသေးပါတယ်တဲ့နော်။ အော်အော် ဒါနဲ့ ဒါတောင် မိန်းမပဲရှိသေးတာနော်။ တစ်ချို့ မိဘတွေများ ပါပါသေးတယ်။ မိဘကို စော်ကားတာ မဟုတ်ပါဘူး။ မိဘတွေနားလည်ပေးနိုင်အောင် ထည့်ရေးပေးတာပါ။ မိဘတွေကလဲ ထင်တာပဲ။ သားလေး နိုင်ငံခြား သွားအလုပ်လုပ်တယ် တစ်လ မြန်မာငွေ ၁၃၅၀၀၀၀ လောက်ရတယ် ငါတို့ ဆီပို့တာ ၄၀၀၀၀၀၊ သူ့မိန်းမဆီပို့တာ ၄၀၀၀၀၀ အင်း ငါ့သားလေးတော့ တော်တော် စုမိမှာပဲလေ ဆိုပြီး ဟိုဆွေမျိုးလာ ထောက်ပံ့ချင်တာနဲ့ ဒီဆွေမျိုးတာ ပေးကမ်းချင်တာနဲ့။ မင်းဦးလေး ဘာဖြစ်လို့၊
မင်းအကို ဘယ်နှစ်ဝမ်းကွဲမှန်းမသိ ဆုံးလို့၊ မင်းတူလေး ဆယ်တန်းတတ်လို့၊ မင်းဘကြီး ဆေးရုံတတ်လို့ အားပါးပါး စုံလို့ပါဗျာ။ ဒီက သားကတော့ မိဘ စိတ်ဆင်းရဲမှာ ဘယ်နေနိုင်ပါမလဲ လုပ်ပေါ့ အမေ အဖေတို့ သဘော ပါလို့ပဲ ပြန်ပြောရတာပေါ့။ ဒါက S'passသမားတွေ ဒုက္ခပါ။
အော်ခုတစ်ခါ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ကလဲ သူတို့ ရင်ဆိုင်ရတဲ့ ဒုက္ခ မသေးလှပါဘူးနော်။ နေစရာ ကို အလုပ်ကပေးပါတယ်။ တစ်ချို့အလုပ်တွေက ခရီးသွားလာရေးအတွက် မထောက်ပံ့ပါဘူး။ ခရီးစရိတ်ကုန်ပါတယ်။
စားစရိတ်ကုန်ပါတယ်။ သူတို့တွေက အိုတီကို မြော်ကိုးပြီး အလုပ်လုပ်ရတာပါ။ ခုလို အလုပ်ပါးတဲ့ အချိန်ဆိုတော့ အိုတီ မရပါဘူး။ ခရီး စရိတ်၊ စားစရိတ် အထွေထွေ အသုံးစရိတ် အားလုံးပေါင်းရင် စုစုပေါင်း S$၂၅၀ နဲ့ S$၃၀၀ ကြားမှာ ရှိပါတယ်။ ပိုငွေက S$၁၇၀ ပါ မြန်မာငွေ အလွန်ဆုံး ၁၅၀၀၀၀ လောက်ပါပဲ။
ဘယ်လိုမှ အိမ်က မိသားစုကို လုံလောက်အောင် မပို့နိုင်ပါဘူး။ ဒီကြားထဲ သူတို့မှာ အင်မတန် ဒုက္ခရောက်တာက အလုပ်ရှင်က ပတ်စ်စပို့ သိမ်းထားပါတယ်။
ပြန်ချင်တိုင်း ပြန်လို့မရပါဘူး။ အလုပ်ကမကောင်း အိမ်ကမိသားစုက အဆင်မပြေ အိမ်ပြန်လို့မရ သူတို့ဘဝ အင်မတန် သနားစရာကောင်းပါတယ်ဗျာ။ ဒီကြားထဲ အိမ်က မိန်းမတို့ ခုဏကလို မိဘတို့က အပူကပ်ရင် အဲ့ဒိလူခမျာ ကိုယ့်ကိုကို
သက်သေချင်လောက်အောင် စိတ်ဓါတ်ကျပါတယ်။ ဒါကတော့ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ရဲ့ ဒုက္ခပေါ့။
ခုပြောခဲ့တာ နှစ်မျိုးစလုံး အလုပ်သမားတွေချည်းပါပဲ။
အမျိုးသားများတင်မဟုတ်ပါဘူး အမျိုးသမီးများပါ ပါဝင်ပါတယ်။
နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းလာနေကျ မိသားစုနဲ့ ဝေး။ ကြင်နာမဲ့သူမရှိနွေးထွေးမဲ့သူမဲ့ မိသားစုကပေးတဲ့ Pressure နဲ့ အလုပ်က ရတဲ့ Pressure နဲ့တော်တော် မလွယ်ပါဘူးဗျာ။

နောက်တစ်မျိုးကတော့ ကျောင်းလာတတ်ကျသူတွေပါ။ ကျောင်းတတ်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။ တချို့ကတော့ Poly တတ်တယ်၊ တချို့ကတော့ ITE တတ်တယ် တချို့ကတော့ NUS တို့ NTU တို့လို တက္ကသိုလ်တွေတတ်ကျတယ်။ ဒါတွေကတော့
အစိုးရကျောင်းတွေပေါ့။ Part Time လုပ်လို့ရကျတယ်။ Part Time ဆိုတာတောင် တရားဝင်ဆိုရင် တစ်နေ့ကို ဘယ်နှစ်နာရီ ဆိုတဲ့ သက်မှတ်ချက်ရှိတယ်။
ပိုလုပ်လို့မရဘူး။ အားလုံး ခိုးလုပ်ကျတာပဲ။ ရတယ်သိပ်ပြဿနာ မရှိဘူးလုပ်နိုင်သလောက်လုပ်။ ဒါပေမယ့် ပြဿနာက လုပ်ချင်တာတောင် အလုပ်ကမရှိပါဘူး။ ဒီလို စီးပွားရေးကျနေချိန်မှာ အလုပ်တွေက Part Time ခိုင်းရလောက်အောင် မကောင်းလို့ပါပဲ။ အဲ့ဒိတော့ အိမ်ကပြန်တောင်းရတော့တာပေါ့။ တချို့ကတော့ ပိုက်ဆံချေးကြတယ်။ ဒါက အစိုးရကျောင်းတတ်သူများရဲ့ ဒုက္ခပေါ့။
နောက်တစ်မျိုးကျပြန်တော့ Private ကျောင်းတတ်သူများပါ။ အခြေအနေ အမျိုးမျိုးကြောင့် စင်္ကာပူမှာ Private ကျောင်း လာတတ်ကျပါတယ်။ တစ်ချို့က တကယ်ကို ကိုယ်အထူးပြုချင်တဲ့ ဘာသာရပ်ကို တကယ်ကြိုးစားပန်းစား လာတတ်တာပါ။
တချို့ကျတော့လဲ အလုပ်လာရှာပါတယ် အလုပ်မရလို့ ကျောင်းအပ်ပြီး အလုပ်ဆက်ရှာကျရင်း တတ်ကျတာပါ။ ဒါပေမယ့် ကျောင်းတတ်တာက Private ဆိုတော့ Part Time လုပ်လို့မရပါဘူး။ အလုပ်ခိုးလုပ်ရပါတယ်။ မိရင်ဖမ်းတယ် ရဲက
သတိပေးတာ နှစ်ကြိမ်လောက်ထိတော့ လုပ်တယ်။ အဲ့ဒါမှ ထပ်မိရင် ကိုယ့် အထုပ် ကိုဆွဲ ရွာပဲပြန်တော့ပေါ့။ ရင်ဆိုင်ရတဲ့ ဘဝ ကြမ်းပါတယ်။ မိဘဆီက ပိုက်ဆံ ပြန်တောင်းဖို့ကလဲ ခတ်တော့ ရတဲ့ အလုပ်ကို လုပ်ရတာပေါ့။ အရင်ကတော့
မဆိုးဘူးလို့ပြောတာပဲ ခုချိန်မှာတော့ Part Time က အစိုးရကျောင်းတောင် မသေချာတာ Private ဆိုတော့ စဉ်းသာ စဉ်းစားကြည့်ပါတော့ဗျာ။ အလုပ်က မလွယ် ကျောင်းလခက သွင်းရ၊ အိမ်လခပေးရ၊ စာမေးပွဲကြေးပေးရနဲ့ ကျောင်းတတ်ရင်း
ရပ်တည်ဖို့ ဘယ်လို ရင်ဆိုင်မလဲ။ ဒီတော့ ကျောင်းသားတွေကတော့ သိပ်ကြာကြာ မခံပါဘူး ရပ်တည်လို့မရ ပြန်ကျတာပဲ။ ကျောင်းသူတွေ ခင်ဗျာမှာတော့ ပြန်တဲ့ သူရှိသလို အရပ်အခေါ် စပွန်စာရှာကျသူများလဲရှိလာပါတယ်
။ စလုံးမှာ ရပ်တည်နိုင်အောင် အိမ်က တောင့်တောင့်တင်းတင်း ထောက်နိုင်ရင်ထောက် မထောက်နိုင်လို့ကတော့ မိန်းကလေး ဆိုရင် ဒီစပွန်စာ ရှာတဲ့ သံသရာထဲ ရောက်သွားကျတာ က ၅၀ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။
ကျွန်တော် ဟိုတလောက အိုင်တီရှိုးမှာ အဒေါ်ကြီးတစ်ယောက် နဲ့ စကားပြောရင်းကနေသူ့အနေနဲ့ စပွန်စာရှာတဲ့ ကျောင်းသူတွေကို မြင်တဲ့ အမြင်ကို ကျွန်တော့်ကိုပြောတာများ ကျွန်တော် ခုချိန်ထိ နားထဲ ကြားနေတုံးပဲဗျာ။
သူပြောတာက ကျောင်းသူလေးတွေ ဒီမှာ အဆင်မပြေကျ စပွန်စာတွေရှာကျ နောက်တော့ ရန်ကုန်ကိုပြန်ပြီး ရေဆေးကျတယ်တဲ့။ တော်တော် ရင့်သီးတဲ့ စကားလုံးပါနော်။ ဒါတွေကတော့ ကျောင်းလာတတ်သူတွေရဲ့ ဒုက္ခပါပဲ။

ကဲနောက်ဆုံးကျတော့ ကျွန်တော်တို့ အိမ်မက်ထဲမှာ ပုံဖော်ထားတဲ့ နိုင်ငံခြားဆိုတာ ဟိုကလေးလေး ပြောသလို နတ်ပြည်လဲမဟုတ်ပါဘူး။ ကျွန်တော် တွေးထားသလို နတ်ရေကန်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာ
အားလုံးကို မဟုတ်ပါဘူး။ နိုင်ငံခြားမှာ တော်တော် အဆင်ပြေနေကျတဲ့ မိသားစုတွေ ရှိပါတယ်။ အဆင်ပြေနေတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။ အားလုံးကို သိမ်းကြုံးပြီး ဝါးလုံးနဲ့ သိမ်းရိုက်တာမဟုတ်ပါဘူးနော်။
ကျွန်တော် ဒီပိုစ်လေးမှာ ပြောချင်တဲ့ အဓိက အကြောင်းက မြန်မာပြည်က မိဘ၊ ဆွေမျိုး၊ မိသားစု(အထူးသဖြင့် မိန်းမပေါ့နော်) အဲ့ဒါတွေကို ပြောချင်တာပါ။ နိုင်ငံခြားကို ထွက်သွားတိုင်း အဆင်မပြေနိုင်ပါဘူး။ ပိုက်ဆံရှာနေတဲ့ သူကို စိတ်ဆင်ရဲအောင် မလုပ်ကျပါနဲ့။ အခြေအနေမှန်ကို သိအောင် သေသေချာချာ မေးကျပါ။ ဘာဖြစ်လို့ ငွေမပို့နိုင်တာလဲဆိုတာကို နားလည်ပေးနိုင်အောင်
ကြိုးစားကျပါ။
နောက်တစ်ခုက ကျောင်းလာတတ်သော သူများပါ။ မိမိသားသမီး နိုင်ငံခြားမှာကျောင်းတတ်နေတယ် Part Time လုပ်ရင်းတတ်တာ အဆင်ပြေနေတယ်ဆိုပြီး တရားသေ မတွေးပါနဲ့။ အရင်တချိန်ကတော့ ဖြစ်နိုင်မယ်ထင်ပါတယ် ကျွန်တော်
မရောက်သေးလို့ မသိပါဘူး။ ဒီအချိန်မှာတော့ ဘယ်နိုင်ငံမှာမှ မဖြစ်နိုင်တော့ပါဘူး။ အဲ့ဒိတော့ မိမိသားသမီးကို တကယ်
ကျောင်းတတ်စေချင်တယ်ဆိုရင် လုံလောက်အောင် ထောက်ပံ့ပါ၊ ဒါမှမဟုတ် အလုပ်ရှာရအောင် သက်သက်ဆိုလဲ အချိန်အတိုင်းအတာ တစ်ခုထိ အခွင့်အရေးပေးပြီး မိမိမတတ်နိုင်တော့ရင် ပြန်ခေါ်နိုင်အောင် ကြိုးစားပါ။ ဒီလိုမှမဟုတ်ရင် မိမိသားသမီးများ ကျွန်တော် ဆုံဖူးသော မိန်းမကြီးပြောသလို ရေဆေးနေရပါအုံးမယ်။
ကျွန်တော် ခရောင်း ရေးချင်တာကြာလှပါပြီ။ ရေးသင့် မရေးသင့် စဉ်းစားနေတာပါ။
ခုတော့ အမိမြန်မာပြည်မှ ကျန်နေသေး သောသူများ သိစေရန် ရေးသားလိုက်ရပါသည်။

ကို..ရီး..ဆိုဒ်ထဲကပါ။
ကိုတေက သိသင်တယ်ထင်လို့ဝေမျှတာပါ။

http://chocolatemyotaw.ning.com/profiles/blogs/3019402:BlogPost:711231

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, December 29, 2009

ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်

တော်လှန်ရေးခေါင်းဆောင်ဆရာစံပုန်းအောင်း ခဲ့သော ကျောင်းဆောင် အိုကြီး သည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ် ကို ဖော်ဆောင်နေ

မကြာမီက ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချို မြို့နယ် သို့ ရောက်ရှိခိုက် တောင်သူ လယ်သမား ခေါင်းဆောင် ဆရာစံ ပုန်းအောင်း နေထိုင် ခဲ့ရာ နောင်ချိုမြို့နယ် မျက်ချင်းနု ကျေးရွာ ကျောင်း လေ့လာရေး ခရီး ရောက် ခဲ့သည်။ ဆရာစံ သင်္ကန်း ဝတ်ဖြင့် အင်္ဂလိပ် စစ်တပ်အား ပုန်းအောင်း ခဲ့ရာ ပြာသာဒ်ဆောင် ကျောင်းဆောင် သည် ယခုတိုင် မပျက်မစီး ထားရှိသည်။ ပြသာဒ်ဆောင် ပေါ်တွင် လှေကား မရှိတော့ပေ။ နှစ်(၁ဝဝ)ကျော် သက်တမ်းရှိ ဆရာစံ နေထိုင်ခဲ့သော ကျောင်းဆောင်၏ နံရံတွင် ပန်းပု လက်ရာများ တွေ့ရသည်။

ဆရာစံသည် မျက်ချင်းနု ကျေးရွာတွင် လုံခြုံမှု မရှိတော့ သဖြင့် နောင်ချိုမြို့နယ်၊ ဟိုခိုရွာဘက် ရွှေ့ပြောင်း သည်။ လမ်းတွင် ငုတ်စူး မိသဖြင့် ဟိုခိုရွာတွင် ဖျားနာပြီး ပုန်းအောင်း နားခို နေရ သည်။ မသမာသူ တစ်ဦး၏ သစ္စာဖောက် သတင်းပေးမှုကြောင့် ဆရာစံသည် ဟိုခိုရွာတွင် အင်္ဂလိပ်စစ်တပ် ဖမ်းဆီးခြင်း ခံလိုက်ရသည်။ ဆရာစံသည် ဂဠုန်တပ်ဖွဲ့ ခေါင်းဆောင် လည်းဖြစ် သည်။ (၁၉၃၁)ခုနှစ် ၊သြဂုတ်လ(၂) ရက်တွင် အင်္ဂလိပ်တို့ ဖမ်းဆီးခြင်း ခံရသည်။ ဆရာစံအရေး တော်ပုံတွင် ပါဝင်ခဲ့သော ဂဠုန်တပ်ဖွဲ့ ဝင်များကို နယ်ချဲ့ အင်္ဂလိပ် အစိုးရက အပြစ်ပေးခဲ့ရာ ဆရာစံ အပါအဝင် ကြိုးဒဏ် ခံရသူပေါင်း(၃ဝ၂)ဦးနှင့် တစ်သက် တစ်ကျွန်း ဒဏ်ခံရသူပေါင်း (၈၉ဝ)ရှိသည်။

ဆရာစံသည် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန် အရှေ့ ရွာ ဇာတိတောင် သူလယ်သမားကြီး ဦးကျေး၊ ဒေါ်ဖက်တို့၏ သားသမီး(၅)ယောက်အနက် အငယ်ဆုံး သားဖြစ်သည်။ သာယာဝတီ ခရိုင်သို့ ဆရာစံ ရောက်ရှိ နေချိန်တွင် တောင်သူ လယ်သမား ထုကြီး တစ်ရပ်လုံးမှာ နယ်ချဲ့အစိုးရ၏ ဖိနှိပ်မှု မျိုးစုံကြောင့် ဆင်းရဲ ဒုက္ခ ရောက်နေချိန်ဖြစ် သဖြင့် နယ်ချဲ့အစိုးရအားတော်လှန်ရန် သာယာဝတီမြို့နယ်၊ အင်းရွာအနီး၊ မန်ကျည်း ကုန်းကျောင်းတွင် နေထိုင်ကာ ဂဠုန်တပ်ဖွဲ့များကို စတင်ဖွဲ့စည်းခဲ့သည်။ (၁၉၃ဝ)ခုနှစ်၊ ဒီဇင်ဘာ(၂၃)ရက်နေ့တွင် ရာဇဝတ်ဝန်မစ္စတာ ရေးနိုးက ဖားရွှေကျော် ကျေးရွာသို့ စေလွှတ်လိုက်သော ပုလိပ်တပ်ဖွဲ့ကို ဂဠုန်တပ်က စတင်တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာ(၂၅)ရက်နေ့တွင် ဖားရွှေကျော် ရွာ၌ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားသည်။ ပုလိပ် အဖွဲ့ ခေါင်းဆောင် ဦးမောင်ကလေး ကျဆုံးသည်။ ဒီဇင်ဘာ(၃ဝ၊၃၁)ရက်နေ့များ တွင် ဆရာစံ၏ ဂဠုန်ဌာနချုပ် တည်ရှိရာ အလံတောင်ကို နယ်ချဲ့ အင်္ဂလိပ် တပ်များက တိုက်ခိုက် သိမ်းပိုက် လိုက်ကြသည်။ အလံတောင်မှ ဆရာစံ ရှောင်တိမ်း ထွက်သွား သောကြောင့် တောင်သူလယ် သမားအရေးတော်ပုံ အေးငြိမ်းသွားပြီဟု အင်္ဂလိပ်အစိုး ရကယူဆ သော်လည်း ထိုအရေး တော်ပုံသည် ဖျာပုံ၊ ဒေးဒရဲ၊ ဟင်္သာတ၊ အင်းစိန်၊ ပဲခူး၊ ပြည်၊ သရက်၊ မင်းဘူး၊ တောင်ငူ၊ ရမည်းသင်း၊ မြင်းခြံ၊ မိတ္တီလာ၊ မန္တလေး၊ ရေနံချောင်း၊ ရွှေဘို စသည့် ခရိုင် နယ်ပယ် များစွာ အထိ ကူးစက် ပျံ့နှံ့ သွားသည်။ ဆရာစံကို နောင်ချိုမြို့နယ် တွင် သစ္စာဖောက် သတင်းပေး မှုကြောင့် ဖမ်းမိ ခံရပြီး သာယာဝတီ ထောင်တွင် ကြိုးပေး ခံခဲ့ရသည်။ ဆရာစံကို သတိရစေရန် ဆရာစံ ပုန်းခိုခဲ့သော မျက်ချင်းနုဓနုကျေးရွာ မှ ရှေးကျောင်း ဆောင်အိုသည် နောင် မယိမ်း မယိုင် ပြိုလွဲ မသွားစေ ရအောင် ထိန်းမတ်ခြင်း၊ ရေနံ သုတ်ခြင်းဖြင့် ပြုပြင် ထားသင့်သည်။

ဓနုကျေးရွာ များတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်ကိုလည်း ပြဆိုနေသည့် ရှေးဟောင်း ကျောင်းဆောင်တစ်ခုဖြစ်သလို ဆရာစံစည်းရုံးရရှိခဲ့သော ဓနုတိုင်းရင်းသားတောင်သူများ ကိုလည်း ထိုနယ်မှ သတိရစေမည့်ကျောင်းအိုဖြစ်ပေလိမ့်မည်။

မန်းကြီး
http://www.hanthawaddy.org/2009/12/blog-post_4318.html မှ တဆင့်ဖောက်သည်ချပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီးမျိုးတွေ

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်