Tuesday, June 30, 2009

တုံးလုံးကြီး ဗျ..လဲနေတာ.တရုတ်အစွမ်းဂုဏ်ယူစရာ

တရုတ်အားကိုးမယ်ကြံ၊သတိချပ်စေရန်...

ဆယ်.သုံးထပ်တိုက်ကြီးရဲ.အံ.မခန်းအောက်ခံတိုင်များ
Exposed pilings lie in the remains of the building's foundations


ဒီလိုဒီလိုပြိုတယ်နေချင်စဖွယ်
Crash: The newly built block of flats lies flat on its side after tumbling down in Shanghai leaving one person dead

တရုတ်နိုင်ငံရှန်ဟိုင်းမြို.တွင်အသစ်ဆောက်လုပ်ပြီးစီးသွားသော ၁၃ ထပ်တိုက်တစ်ခုအလုံးလိုက် ဘေးသို့ လဲကျခဲ့တယ် လို့ မနေ.ကသတင်းထဲမှာပါလာပါတယ်...


ခေတ်မှီဖွံ.ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကိုအမြန်တည်ဆောက်နေတဲ.တရုတ်တွေအနေနဲ.ဆောက်လုပ်ရေး စီမံကိန်းတွေမှာစံချိန်မမှီတာတွေကိုစည်းကမ်းတကျကြပ်မတ်ထိန်းသိမ်းခြင်းမရှိဘူးလို.လည်းအခုဖြစ်ခဲ.တဲ့ဖြစ်အပျက်ကစိုးရိမ်စရာအဖြစ်သက်သေပြခဲ.ပါတယ်...
လဲကျသွားတဲ.အဆောက်အဦးဟာပြတင်းပေါက်မှန်တွေကပ်တာ၊ကြွေပြားကပ်တာတွေကအစအားလုံးပြီးစီးသွားပုံပေါ်ပြီး၎င်းနဲ.ပုံစံတူတိုက်များကတော.အနီးအနားမှာထိုးထိုးထောင်ထောင်နဲ.ရှိနေဆဲတွေ.မြင်နေရပါတယ်...
တရုတ်ဆောက်လုပ်ရေးလုပ်ငန်းရဲအရည်အသွေးစံချိန်မမှီမှုကအခုတိုက်ပြိုတာတင်မဟုတ်သေးပါဘူး၊မနှစ်ကလည်းမီးရထားလမ်းပေါ်ကတံတားတစ်ခုရဲ.သံမဏိဘောင်တစ်ခုပြိုလဲကျခဲ.လို.လူ ခုနှစ်ယောက်သေဆုံးခဲ.ရပြီး၊ကလေးထိန်းကျောင်းတစ်ကျောင်းနားက ကရိန်းတစ်ခုကလည်းအဲဒီကျောင်းပေါ်ကိုပြိုလဲကျခဲ.လို. ငါးဦးသေဆုံးခဲ.ရပြီးပါပြီ....
လွန်ခဲ.တဲ.နှစ်က နာဂစ်နဲ.ပြိုင်တူဖြစ်ခဲ.တဲ.စီချွမ်ငလျင်မှာလည်းကျောင်းတွေတော်တော်များများပြိုကျခဲ.တာဟာ ဆောက်လုပ်ရေး စံချိန်စံညွှန်းတွေကိုမလိုက်နာလို.ဖြစ်ရတယ်ဆိုတာသတင်း ထုတ်ပြန်ခဲ.လို.တရုတ်ပြည်သူတွေအနေနဲ.သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ.ဆောက်လုပ်ရေးကုမ္ပနီတွေကိုဒေါသထွက်စိတ်ဆိုးမှုတွေကိုဖော်ထုတ်ရေးသားပြောဆိုခဲ.ပါတယ်တဲ.ခင်ဗျား....
ငွေကြေးနဲ.စီးပွားရေးကိုသာအဓိကဦးနှောက်ထဲမှာထည်.ထားတဲ.တရုတ်တွေအနေနဲ.နေရာပေါင်းစုံဒေါင်.ပေါင်းစုံမှာ ညစ်ကျယ်ကျယ် လုပ်နေတာ ကတော.မကြာသေးခင်ကမှကမ္ဘာကျော်ခဲ.တဲ.မသန်.ရှင်းတဲ.နှို.မှုန်.အဖြစ်အပျက်က ပူပူနွေးနွေး သက်သေခံနေပါတယ်...
အဲဒီလိုအရည်အသွေးမပြည်.တဲ.ပစ္စည်းတွေ၊နည်းပညာတွေကိုနွားမရွှံ.ပိတ်ရောင်းချတာကိုဝမ်းသာအားရ၀ယ်ယူဖို.ကတော.ကျွန်တော်တို.ရဲ.ရွှေပြည်ကြီးကဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးနဲ.အမြဲတံခါးဖွင်.ကြိုဆိုလျက်ရှိနေပါတယ်...
ဒါကြောင်.မိမိတို.ရဲ.တစ်ဦးချင်းအသိတရားနဲ.သာတရုတ်လုပ်ပစ္စည်းတွေကိုချင်.ချိန်ဝယ်ယူသုံးစွဲနိုင်ဖို.အကြံပေးအပ်ကြောင်းပါခင်ဗျာ...
A newly built 13-storey residential building collapsed in Shanghai yesterday, killing one worker.


The block of high-rise flats toppled onto its side in the muddy construction site raising concerns that building safety standards are being overlooked in favour of fast construction in China's rush to modernise.

The building appeared to be almost complete with fitted windows and a finished, tiled facade. Other similar-looking blocks in the same property development were still standing nearby.

Residents gather to take photos of the collapsed building from across the river
Shoddy construction and the use of sub-standard materials is a concern in China's construction sector as the country scrambles to build out cities and finish massive infrastructure projects to keep pace with fast economic growth.

Construction-related accidents last year included the collapse of a steel arch on a new railway bridge, which killed at least seven and a crane which fell on a nursery school killing five.

The collapse of dozens of schools during last year's Sichuan earthquake also led to a wave of public outrage about corrupt officials and construction firms.
Posted by peter kyaw at 1:14 AM http://kopeter.blogspot.com/ ကပါ..သိစေချင်လို့  ဝေမျှပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ဒဂုံ (၁) မှ တော်ပါပေတဲ့ ဆရာများ..

ပေface mask

အပြည့်အစုံသတင်းဖတ်ရန်....

တကယ်ဖြစ်ချင် တကယ်လုပ်..အဟုတ်ဖြစ်ရမည်။

ကုလ အတွင်းရေးမှူးချုပ် မြန်မာခရီးစဉ်အတွင်း အရေးပါသူ အားလုံးနဲ့ တွေ့ဆုံသွားမည်
30 June 2009

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲတိုးတက်မှုတွေ ရှိလာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ လာမယ့် သောကြာနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးစားသွားမယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဘက်က ဘယ်လို မျှော်လင့်ထားတယ်၊ ဒီမျှော်လင့်ချက်တွေကရော ဘယ်လောက်အထိ ဖြစ်နိုင်မလဲဆိုတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံကို အခု ဇူလိုင် ၃ ရက်နဲ့ ၄ ရက်မှာ သွားရောက်မယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ဒီကနေ့ပဲ အတည်ပြု ပြောလိုက်တာပါ။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အချိန်အတော်ကြာကတည်းက စိုးရိမ်ပူပန်နေတဲ့ ကိစ္စရပ်တွေကို မြန်မာ အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံဖြေရှင်းနိုင်ဖို့ အတွင်းရေးမှူးချုပ် အနေနဲ့ မျှော်လင့်ထားတယ်လို့ ပြောခွင့်ရသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က ပြောပါတယ်။

မြန်မာနိုင်ငံ အနာဂတ်အတွက်တော့ မဖြေရှင်းလို့ မဖြစ်တဲ့ အချက် ၃ ချက် ရှိတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယူဆထားတယ်လို့ ဆိုပါတယ်။

“အနာဂတ်အတွက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့ လမ်းဆုံလမ်းခွမှာ မဖြေရှင်းဘဲ ထားခဲ့လို့ မဖြစ်တဲ့ အရေးကြီးဆုံး အချက် ၃ ခု ရှိတယ်လို့ အတွင်းရေးမှူးချုပ်က ယူဆပါတယ်။ ဒါတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မရှိမဖြစ် အစိတ်အပိုင်းတရပ် အနေနဲ့ အစိုးရနဲ့ အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စဖို့နဲ့ အများလက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်မယ့် အခြေအနေကောင်းတွေ ဖန်တီးဖို့ ဆိုတာတွေပါ။”

မြန်မာနိုင်ငံက မကြာခင်က ပြန်ရောက်လာတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ (Mr. Gambari) ဟာ ဒီမနက်ပိုင်းမှာ သူ့ခရီးစဉ်ရလဒ်ကို အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံရှင်းပြပြီးတဲ့နောက်မှ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီမနက်ပိုင်းကြမှ မြန်မာနိုင်ငံကိုသွားဖို့ တရားဝင် ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ အရင်ကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်ဖို့ စီစဉ်နေတယ်၊ ဒါပေမယ့် သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါကို ရွေးနေတယ်လို့ ဆိုထားပါတယ်။ အခု ဂျပန်နိုင်ငံ ခရီးစဉ်ကအပြန် မြန်မာနိုင်ငံကို ၀င်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပြဿနာရပ်တွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ အတွင်းရေးမှူးချုပ်က မျှော်လင့်ထားတယ်လို့ ပြောရခွင့်ရသူ မစ်ရှဲလ် မွန်းတပ်စ်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီကိစ္စရပ်တွေကို မြန်မြန်ဖြေရှင်းနိုင်လေလေ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီ ပြည့်ဝတဲ့၊ ဖွံ့ဖြိုးကြွယ်ဝတဲ့ တိုင်းပြည်အဖြစ် စောစောရောက်နိုင်လေလေ ဖြစ်မယ်လို့ အတွင်းရေးမှူးချုပ်က ယုံကြည်ပါတယ်။ ဒါကြောင့် ဒီ့အတွက် ကုလသမဂ္ဂအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို အရေးကြီးပုဂ္ဂိုလ် အားလုံးနဲ့ ဆွေးနွေးနိုင်ဖို့ သူ မျှော်လင့်ထားပါတယ်။”

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ၂၀၀၈ မေလတုန်းက တကြိမ် သွားရောက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ ပေးနိုင်ရေး သွားရောက်ဆွေးနွေးခဲ့တာပါ။ အဲဒီနောက် နိုင်ငံတကာ အကူအညီတွေ အတော်အတန် ထောက်ပံ့ခွင့် ရခဲ့တယ်ဆိုပြီး မစ္စတာဘန်ကီမွန်း ခရီးစဉ်ကို နိုင်ငံတကာက အသိအမှတ် ပြုခဲ့ကြပါတယ်။ အခုတခေါက်မှာလည်း အဲဒီအဆက် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေအတွက်လည်း ဆွေးနွေးဖို့ရှိတယ်လို့ ကုလသမဂ္ဂရုံးက ပြောပါတယ်။

မစ္စတာဘန်ကီမွန်း အနေနဲ့ အခုလို နှစ်ရက်တာ ခရီးစဉ်ကာလ အတွင်းမှာ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးဖို့ အချိန်လုံလောက်ပါ့မလား၊ တွေ့ဆုံသင့်သူ အားလုံးနဲ့ တွေ့ဆုံနိုင်ပါ့မလား ဆိုတာကတော့ စဉ်းစားစရာပါ။ USCB အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်ဒင်ကလည်း မစ္စတာဘန်ရဲ့ ခရီးစဉ် ရက်တိုတောင်းမှုအပေါ်မှာ အားမရဖြစ်ပါတယ်။

“အားလုံး စိတ်ပူနေကြတာက သူ့ကို သွားလည်း သွားစေချင်တယ်၊ သူသွားပြီးရင်လည်း တိကျသေချာတဲ့ ရလဒ်တခု ထွက်စေချင်တယ်။ အဲဒီမှာ အားလုံးမျှော်လင့်တာကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးပေါ့။ သူကိုယ်၌ကလည်း သူသွားတဲ့ခရီးစဉ်က အဲဒီလိုမျိုး အောင်မြင်မှု တစုံတရာရှိတဲ့ ခရီးစဉ် ဖြစ်ချင်တယ်။ ဒါကြောင့် ဂမ်ဘာရီကို အရင်လွှတ်ပြီး သွေးတိုးစမ်းတယ်။ ဆိုတော့ သူ့အနေနဲ့ တကယ်ကိုပဲ နအဖဘက်က သူ့ရဲ့ခရီးစဉ်ကို အပြုသဘော တုံ့ပြန်မယ်လို့ မျှော်လင့်ချက်ပေးလို့များ သူသွားသလား၊ အဲဒီလိုတော့ တွေးထင်စရာ ရှိတာပေါ့ဗျာ။ ဒါပေမယ့် တဖက်ကကြည့်တော့လည်း ဒီလောက်အရေးကြီးတဲ့ ကိစ္စကြီးတွေကို ဆွေးနွေးဖို့သွားတဲ့ ပုဂ္ဂိုလ်က ၂ ရက်ထဲနေမယ်ဆိုတော့လည်း သိပ်ပြီး သဘာဝမကျသလို ဖြစ်တယ်။”

ဒါပေမယ့် ကုလသမဂ္ဂ အကြီးအကဲ တဦးအနေနဲ့ အခုလိုသွားရောက်တယ်၊ စစ်ခေါင်းဆောင်တွေကို ပြောဆို နားချနိုင်တယ်ဆိုရင် တစုံတရာ ပိုပြီး ထိရောက်မှုရှိမယ်လို့ရော မယူဆနိုင်ဘူးလားခင်ဗျ။

“ကျနော်တို့ကတော့ သူသွားလို့ အောင်မြင်မှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူလုပ်ရမယ့် နောက်အလုပ်ကို ရဲရဲရင့်ရင့် ဆက်လုပ်နိုင်ဖို့ပဲ ကျနော်တို့က တိုက်တွန်း မျှော်လင့်ပါတယ်။ နောက်အလုပ်ဆိုတာကတော့ သူ့ရဲ့ တောင်းဆိုချက်တွေကို နအဖက အပြုသဘော မတုံ့ပြန်ဘူးဆိုရင် ပြန်လာပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရေးကိစ္စကို အရေးယူပါဆိုပြီး သူကိုယ်တိုင်က တိုက်တွန်းလှုံ့ဆော်ဖို့ပါပဲ။”

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ရောက်မယ့် ဇူလိုင် ၃ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်ကို ပြန်စ စစ်ဆေးဖို့ ရုံးချိန်းထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့ လုပ်သင့်တယ်လို့ တောင်းဆိုမှုတွေ ရှိထားသလို အချို့လှုပ်ရှားသူတွေကတော့ ရလဒ်ကောင်း မရဘဲနဲ့ မြန်မာနိုင်ငံကို သွားရောက်တာ မဖြစ်သင့်ဘူးလို့လည်း ယူဆမှုတွေ ရှိပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ဇွန် ၃၀ သတင်းများ

June All News

အပြည့်အစုံသတင်းဖတ်ရန်....

“ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ ”

Monday, June 29, 2009
စိုးနေလင်း

နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီရေးဟာ အဲဒီနိုင်ငံမှာ ချမှတ်အကောင်အထည်ဖော်တဲ့ အခြေခံစီးပွားရေးစနစ်ပေါ်မှာ အများကြီးမှီ တည်ပါ တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ မှီတည်တယ်လို့ ပြောလို့လည်းရပါတယ်။ ဒီမိုကရေစီ ရေရှည်တည်တံ့ခိုင်မာရေး အလားအ လာဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကြီးမားများပြားလာတာနဲ့အမျှ ပိုပြီးအားကောင်း ခိုင်မာလာမယ်လို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံသားတွေရဲ့ အရည်အသွေးတွေနဲ့ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုကို အများကြီးသက်ရောက်မှု ရှိနေလို့ပါပဲ။ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ကျယ်ကျယ် ပြန့်ပြန့် စာတတ်မြောက်မှုနဲ့ ပညာရေးက နိုင်ငံသားပြည်သူတွေကို ပိုပြီးရင့်ကျက်လာစေပြီး မဲဆန္ဒရှင် ပြည်သူတွေကို ပိုပြီး သိမြင်နားလည် လာစေပါတယ်။ နောက် ကျယ်ပြန့်လာတဲ့ လူလတ်တန်းစားတွေရဲ့ ပညာရပ်နယ်ပယ်နဲ့ အသက်မွေးဝမ်း ကြောင်းမှု နယ်ပယ်တွေက လှုပ်ရှား ဆောင်ရွက်မှု တွေကြောင့် အာဏာရှင်ဆန်တဲ့ အစိုးရမျိုးဖြစ်ပေါ်မလာအောင် ပိုပြီးကြီး မားတဲ့ ကာကွယ်တားဆီးမှု ဖြစ်ပေါ်လာစေ ပါတယ်။ ပြီးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်က အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့ အစည်းကို ပိုမိုများပြားစွာ ပေါင်းဖွဲ့ လာစေပြီး အစိုးရရဲ့ မှားယွင်းဖောက်ပြန်မှုတွေကို ခုခံကာကွယ်ဖို့ ယုံကြည်မှု အပြည့် အဝရှိတဲ့ ကိုယ်တိုင်ဖွဲ့စည်းတည်ထောင်ထားတဲ့ အုပ်စုတွေနဲ့ အသင်းအဖွဲ့တွေကို ပိုပြီး ဖွံ့ဖြိုးအားကောင်း လာစေပါတယ်။

ဒါပေမယ့် ဒီမိုကရေစီဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု မြင့်မားတဲ့အခြေအနေတရပ်မှာပဲ ရှင်သန်ဖြစ်တည်နိုင်တယ်ဆိုတဲ့ ကောက်ချက် ချမယ်ဆိုရင်တော့ မှားယွင်းသွားပါလိမ့်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်တွေထဲမှာ ဂျီအင်ပီ (GNP) နိမ့်ကျတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အဆင့်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့ပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးနေနိုင်ခဲ့တဲ့ နိုင်ငံတွေလည်း ရှိနေကြတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် အိန္ဒိယ၊ ဂျမေကာ၊ ဘော့ဆွာနာ စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ တကယ်တော့ အားလုံးစာ တတ်မြောက်ရေးကို အားပေးထောက်ပံ့တဲ့ အစိုးရရဲ့မူဝါဒတွေဟာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု အဆင့် တခုထက် ပိုပြီးအရေးပါနိုင်ပါတယ်။ ဖွံ့ဖြိုးစ ဒီမိုကရေစီနိုင်ငံတွေမှာ တခြားဟာတွေထက် ပိုပြီးလို အပ်နေတာက သူတို့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်ရဲ့ ဘယ်အဆင့်ကပဲစတင်စတင် ခံသာတဲ့စီးပွားရေးဖွံ့ဖြိုးကြီး ထွားမှုပဲ ဖြစ်ပါတယ်။ ဒီလိုမှပဲ လူ့အဖွဲ့အစည်းရဲ့ အမျိုးမျိုးသောအစိတ်အပိုင်းတွေဟာ တိုးတက်မှုကို မျှဝေခံစားနိုင်မှာဖြစ်ပြီး ခွဲဝေမှုဆိုင်ရာ ပဋိပက္ခပြင်းထန်မှုကို သက် သာလျှော့နည်း သွားစေနိုင်ပါတယ်။ အဓိက အပြည်ပြည်ဆိုင်ရာ စီးပွားရေးအေဂျင် စီကြီးတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက စီးပွားရေးအေဂျင်စီကြီးတွေဆိုရင် ဒီမိုကရေစီဖြစ်စဉ်ကို အရေးပါတဲ့အကူအညီ အ ထောက်အပံ့ဖြစ်စေနိုင်သလို အဟန့်အတားလည်း ဖြစ်နေနိုင်ပါတယ်။

ဒီမိုကရေစီဟာ စီးပွားရေးမညီမျှမှုနဲ့ သဟဇာတဖြစ်လာနိုင်ပါသလား ဆိုရင်တော့ ဒီအဖြေကိုဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတဲ့ ရိုးရိုးအဖြေမျိုးပေးလို့ မရနိုင်ပါဘူး။ ဒါက အဆင့်အခြေအနေကိစ္စဖြစ်ပါတယ်။ တကယ်လို့ လူ့အဖွဲ့အစည်းတခုမှာ စီးပွားရေး မညီမျှမှုတွေ ပိုပြီးကြီးမားလာပြီဆိုရင် ဥစ္စာဓန စီးဆင်းစုပုံလာမှုကို နိုင်ငံရေးအကျိုးရလဒ်များရဖို့ အဆုံးအဖြတ်ပေးတဲ့ နေ ရာမှာ အရေးကြီးတဲ့ထောက်ပင့်ပံ့ပိုးမှုတခုအဖြစ် အသုံးပြုလာကြတဲ့အတွက် ထိထိရောက်ရောက်အကျိုးသက်ရောက်မှုရှိတဲ့ နိုင်ငံရေးသာ တူညီမျှမှု ရရှိနိုင်ဖို့ ပိုပြီး ခက်ခဲသွားတတ်ပါတယ်။ တချို့လွန်ကျွံတဲ့ဖြစ်ရပ်တွေမှာ ချမ်းသာကြွယ်ဝသူတွေဟာ မရှိဆင်းရဲသားတွေရဲ့ မဲဆန္ဒကို သူတို့ရဲ့အကျိုးစီးပွားအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို လိုသလို ကိုင်တွယ် ထိမ်းချုပ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးပစ်ဖို့လုပ်ဆောင်တဲ့ လုပ်ရပ်တွေအပေါ်မှာ အားကောင်းတဲ့ ခြိမ်းခြောက်မှုတခုလို့ ရှုမြင်ကြ ပါတယ်။ တခြားတဖက်မှာတော့ တကယ်လို့ မရှိဆင်းရဲသားတွေဟာ ဒီမိုကရေစီနည်းနာတွေအားဖြင့် သူတို့ရဲ့ကံကြမ္မာကို တိုးတက်မြင့်မားလာနိုင်တဲ့ အလားအလာ ကိုမတွေ့ရဘူးဆိုရင် ဒီမိုကရေစီဟာ သူတို့အနေနဲ့ ထောက်ခံအားပေးထိုက်တဲ့ အရာလို့ ထင်မြင်ယူဆကြလိမ့်မယ်မဟုတ်ပါဘူး။ ခုတင်ပြနေတာတွေဟာ ဒီမိုကရေစီရဲ့အရည်အသွေးဆိုင်ရာ ပြဿနာ သာမဟုတ်ပဲ ဘယ်လိုပုံသဏ္ဍာန်အနေအထားမျိုးမှာမဆို ဒီမိုကရေစီ မပျောက်မပျက် တည်ရှိနေနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒီအတွက် စီးပွားရေးဆိုင်ရားဌာနတွေ၊ အဖွဲ့အစည်းတွေမှာ ဌာနတွင်း အဖွဲ့အစည်းတွင်းဒီမိုကရေစီရှိသင့်ပါတယ်။ တချို့ ဒီမိုကရေစီ လိုလား သူတွေကတော့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုကို လိုလားတယ်ဆိုရင် လူတွေအလုပ် လုပ်တဲ့နေရာ တွေ ဟာ သူတို့ဘဝတွေရဲ့ စရိုက်လက္ခဏာကို အဆုံးအဖြတ်ပေးတဲ့နေရာမှာ အရေးအကြီးဆုံးအချက်တွေထဲမှာ ပါဝင်ပြီး လုပ်ငန်းခွင်တွေမှာ ဒီမိုကရေစီနည်းလမ်းတကျရှိအောင် ပြုလုပ်ခြင်းဟာ အမြင့်ဆုံးဦးစားပေးရမယ့် အရာတခု ဖြစ်တယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးအဆင့် အလုပ်သမားတွေ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတွေအပေါ်မှာ အလုပ်ရှင် တွေက လုပ်ဆောင် လာနိုင်တဲ့ အနှောက်ယှက်အဟန့်အတားတွေကို တားဆီးကာကွယ်နိုင်လာပါလိမ့်မယ်။ သူတို့နေနဲ့ သူတို့ ရဲ့လူနေမှုအဆင့်အတန်း၊ လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်နေရာတွေအတွက် တိုးတက်မှုရှိအောင် ဒါမှမဟုတ် ခုခံကာကွယ် မှုရအောင် စုစည်းဆောင်ရွက် လာ နိုင်ပါလိမ့်မယ်။ ပိုပြီး ရည်ရွယ်ချက်ကြီးမားတဲ့ ဦးတည်ချက်တွေမှာဆိုရင်တော့ လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်းတခု လုံးအ နေနဲ့ အောင်မြင်မှုရနိုင်ဖို့ အလုပ်သမားအားလုံးကို တချို့ တာဝန်ရှိမှုတွေနဲ့ လုပ်ငန်းဆောင် ရွက်မှုတွေ ပေးအပ်နိုင်တဲ့အမြတ်ခွန် ခွဲဝေ ရေးနဲ့ ပူးတွဲအဆုံးအဖြတ်ပေးရေး စီမံချက်တွေလည်း ပါဝင်လာပါတယ်။ အဲဒီလို စီမံချက်တွေဟာ အလုပ်ရှင်တွေ အတွက် အလုပ်သမားတွေကို အလုပ်ထုတ်ပစ်ဖို့ ပိုပြီးခက်ခဲသွားစေပြီး အလုပ်သမားစည်း ကမ်းကိုလည်း ပိုပြီး အာမခံလာ စေပါ တယ်။ အဲဒီလို လုပ်ငန်းတွေ ကုမ္ပဏီတွေဟာ အလုပ်သမားအားလုံးရဲ့ ဖန်တည်းမှုစွမ်း အားတွေကို အားပေးတဲ့ခေတ်သစ်စီးပွားရေး တခုထဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသနေတဲ့ အထောက် အထားတွေ အများကြီးရှိပါတယ်။

နောက်ပြီး အလုပ်သမားတွေကို ပြဋ္ဌာန်းသတ်မှတ်ခံတွေအဖြစ်ထတ် နိုင်ငံသားတယောက်အဖြစ် ဆက်ဆံကိုင်တွယ်ခြင်း အားဖြင့် အကောင်းဆုံးအကျိုးရလဒ်ရရှိနိုင်ပါတယ်။ တနည်းပြောရရင် ဒီမိုကရေစီနဲ့ အကျိုးရလဒ်ဖြစ်ထွန်းမှုဟာ တကယ် တော့ တခုနဲ့တခု ဆန့်ကျင်ဖက်မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်တခုမှာ ဒီမိုကရေစီကျင့်သုံးမှုဟာ စီမံကွပ်ကဲမှုနဲ့ အလုပ် ခွင်ကြား လုပ်ခလစာနဲ့ အခြေအနေတွေပေါ်မှရှိတဲ့ ကြီးမားတဲ့သဘောထား ကွဲလွဲမှုကို လျှော့နည်းသက်သာသွားအောင် လုပ် ဆောင်ဖို့ ဖိအားပေးနိုင်တယ်လို့လည်း မျှော်လင့်လို့ရပါတယ်။

ခု ကျနော် တင်ပြနေတာဟာ ဒီမိုကရေစီဘယ်နေမှန်းမသိခင်၊ နှုတ်ခမ်းနာနဲ့ တည့်ပါမလား လုပ်နေတာမဟုတ်ပါဘူး။ ကျနော် တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကျနော်တို့ သိရှိနားလည်းထားကြပြီး ဖြစ်ပါတယ်။ ပြောချင်တာက ဒီမိုကရေစီဖြစ်စဉ်ဟာ စီးပွားရေး အခြေအနေနဲ့ပတ်သက်ဆက်နွယ်မှုရှိနေပြီး စီးပွားရေးဖွံဖြိုးအားကောင်းလာမှုက နိုင်ငံသားပြည်သူလူထုကို အရည် အသွေးမြင့်မား လာစေသလို အရပ်ဖက်ဆိုင်ရာအဖွဲ့စည်းတွေ တိုးများဖြစ်ထွန်းလာအောင် ကူညီပံ့ပိုးနိုင်တယ်။ ပြည်သူလူထု ရဲ့အရည်အသွေး မြင့်မား လာမှုနဲ့ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်း တိုးများလာမှုက အစိုးရတရပ်ရပ်ကို အာဏာရှင်မဆန်အောင် ဖောက်ပြန်မှားယွင်းမှု တွေ မကျူးလွန်နိုင်အောင် ထိမ်းချုပ်တားဆီးနိုင်တယ်ဆိုတာကို တင်ပြတာပါ။

ကျနော်တို့ တိုင်းပြည်က စစ်အစိုးရက ဒီအချက်နှစ်ခုစလုံးကို ဖွံဖြိုးတိုးတက်လာမှာစိုးတဲ့အတွက် အမျိုးမျိုးဖျက်ဆီးနှောက် ယှက် ကန့်သတ်ချုပ်ချယ်နေတယ်ဆိုတာ အားလုံးသိမြင်နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါမှပဲ သူတို့အနေနဲ့တိုင်းပြည်ကို အာ ဏာရှင်စနစ်နဲ့ ထင်သလို မင်းမှုအုပ်ချုပ်ခွင့်ရနိုင်မယ်ဆိုတာ အာဏာသိမ်းဗိုလ်ချုပ်တွေက ကောင်းကောင်းသိရှိနားလည်း ထားကြပါတယ်။ တိုင်းပြည် တပြည်ရဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ အရေးအကြီးဆုံးက အစိုးရ ဖြစ်ပါတယ်။ အစိုးရကချမှတ်တည်ဆောက်လိုက်တဲ့ အခြေခံစီးပွားရေးစနစ် ကောင်းမွန်မှန်ကန်မှ တိုင်းပြည်ရဲ့စီးပွားရေးဟာ ဖွံဖြိုးတိုးတက်လာ နိုင်ပါတယ်။ အလုပ်သမား လယ်သမားတွေရဲ့ ကြိုးစားအားထုတ်မှု တခုတည်းနဲ့တော့ တည်ဆောက်လို့ မရနိုင်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေက တိုင်းပြည်ရဲ့နိုင်ငံရေး စီးပွားရေး၊ တရားစီရင်ရေး၊ ပညာ ရေး၊ ယဉ်ကျေးမှုစတဲ့ ရှိသမျှကဏ္ဍ အားလုံးကို အာဏာနဲ့လွှမ်းမိုးချုပ်ကိုင်ထားတဲ့ နိုင်ငံမျိုးမှာတော့ မေးခွန်းထုတ်နေစရာ အကြောင်းတောင်မရှိပါဘူး။ ဒါပေမယ့် တို့တွေဘာမှလုပ်လို့မရပါဘူး။ ဒါတွေဟာ အစိုးရကလုပ်ရမှာဆိုပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေးအတွက် ဘယ်လိုမှ စေတနာမရှိတဲ့ စစ်အစိုးရလုပ်သမျှ ခေါင်းငုံခံနေရင်လည်း စစ်ကျွန်ဘဝက ဘယ်လိုမှလွတ်မြောက်နိုင်စရာ၊ ဒီမိုကရေစီအခွင့်အရေး တွေ ကို ခံစားခွင့်စရာအကြောင်းရှိမယ် မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံပြည်သူလူထုအနေနဲ့ ဆိုးဝါးနိမ့်ကျတဲ့ စီးပွားရေး အခြေအနေအောက်က၊ ရတတ်သမျှအခွင့်အရေးတွေနဲ့ အခြေ အနေအောက်ကပဲ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းလေးတွေကို တိုးများလာအောင်လုပ်ပြီး အာဏာရှင်တွေရဲ့ ဖောက်ပြန်မှား ယွင်းတဲ့ အတွေးခေါ်နဲ့ ဖိစီးနှိပ်စက်မှုတွေကို ခုခံကာကွယ်ရင်း တပြိုင်နက်ထဲမှာပဲ တိုက်ဖျက်ခြေမှုန်းပစ်ဖို့ ကြိုးစားကြ ရပါလိမ့်မယ်။ မသဒ္ဒါရေစာပေးအပ်ထားတဲ့ အခွင့်အရေးမဖြစ်စလောက်နဲ့ စီးပွားရေးအခွင့်အလမ်းလေးတွေအောက်ကပဲ၊ ပြည်သူလူထုတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ခုခံဆန့်ကျင်ဖို့ ကျားကုတ်ကျားခဲ ကြိုး စားကြရပါလိမ့်မယ်။ ဒီနေရာမှာ ဂျပန်လူမျိုးတွေရဲ့ ကိုယ်ခံပညာဖြစ်တဲ ‘ကရာတေး’ ပညာရဲ့ သင်းကြားချက်တရပ်ကို ကိုးကားတိုက်တွန်းလိုက်ပါတယ်။ 'Defensive is offensive' “ခုခံကာကွယ်ခြင်းသည် ထိုးနှက်တိုက်ခိုက်ခြင်း” ဖြစ်ပါသတဲ့။

Ref: Introducing Democracy 80 Questions and Answers (David Beetham and Kevin Boyle)
စိုးနေလင်း


http://www.naytthit.com

အပြည့်အစုံသတင်းဖတ်ရန်....

Myanmar Orphans Support Network (Myanmar-OSN)

မိဘမဲ့ နှင့် ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များ စာတတ်မြောက်စေရေး နှင့် စိတ်ဓာတ်မြှင့်တင်ပေးရေးအတွက် Myanmar-OSN ကိုကူညီကြပါ။

မင်္ဂလာပါ......
Myanmar Orphans Support Network (Myanmar-OSN) ဆိုတဲ့ အဖွဲ့လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

Myanmar-OSN ဆိုတာ မိဘမဲ့ကလေးငယ်တွေကို ထောက်ပံ့ဖို့ဖွဲ့ထားတဲ့ ကွန်ရက်လေး တစ်ခုပါ။ ဒီအဖွဲ့လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များ စာတတ်မြောက်စေရေး နှင့် စိတ်ဓာတ်မြှင့်တင်ပေးရေးတို့ ဖြစ်ပါတယ်။ ရေအိုင်ထဲမှာ ဖားသူငယ်လေးတွေလို ဖြစ်နေတဲ့ ဒီမိဘမဲ့ ဆင်းရဲနွမ်းပါးကလေးတွေကို ရေအိုင်ရဲ့ တစ်ခြားတစ်ဘက်က ကမ္ဘာကြီးအကြောင်းကို ပြသပေးချင်တာ ဒီအဖွဲ့လေးရဲ့ ဆန္ဒပါဘဲ။ သူတို့လေးတွေရဲ့ သိမ်ငယ်စိတ်တွေကို လျော့ချပြီး ယုံကြည်မှုတွေခိုင်မာလာစေကာ နောင်တစ်ချိန် သူတို့ရဲ့ဘဝတူ မောင်နှမများရှေ့မှာ သူတို့ရဲ့ ကြိုးစားမှုရလဒ်တွေကို မျှဝေပေးနိုင်တဲ့ ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်တာလဲ ဒီအဖွဲ့လေးရဲ့ ရည်ရွယ်ချက်ပါဘဲ။ ဒီလို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ အဖွဲ့လေးကို Inforithm-Maze ဆိုတဲ့ ကုမ္ပဏီနဲ့ သူ့ရဲ့ ဝန်ထမ်းများကနေ ၂၀၀၉ ခုနှစ် ဇွန်လ မှာ စဖွဲ့ခဲ့တဲ့အဖွဲ့လေးပါ။ ဒီအဖွဲ့လေးရဲ့ ပထမဆုံးခြေလှမ်းအဖြစ် ကျောင်းတစ်ကျောင်းကို ရွေးချယ်ပြီး လုပ်ဆောင်ရန် ဖြစ်ပါတယ်။ အခုလို စဉ်းစားပြီး ရှာကြည့်လိုက်တဲ့အခါ မင်္ဂလာဒုံ၊ ထောက်ကြန့်နားက ဆင်းရဲနွမ်းပါးတဲ့ သီလရှင်သင် အမျိုးသမီးကျောင်း တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီကျောင်းကို Myanmar-OSN ရဲ့ ထောက်ပံ့ပေးမှုလုပ်ဆောင်ရန် ပထမဆုံး ကျောင်းအဖြစ် ရွေးချယ် သတ်မှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒီကျောင်းလေးကို သွားရောက်လေ့လာဖြစ် ခဲ့ကြပါတယ်။

(၂၁.၆.၂၀၀၉) တနင်္ဂနွေနေ့က ကာယ (၁၂)လမ်း၊ ဒေါ်ငိုတံတားလမ်း၊ သင်္ဃန်းကျွန်းကြီးအနီး၊ မင်္ဂလာဒုံမြို့နယ်က မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်သင် အမျိုးသမီးပညာရေး၊ ပရဟိတကျောင်း) ကို Myanmar-OSN အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့ မှ သွားရောက် လေ့လာခဲ့ပါတယ်။ ကျောင်းက အမှတ် (၃) လမ်းမကြီးကနေ ဝင်ရင် (၂၀) မိနစ်လောက် ကားမောင်းဝင်ရပါတယ်။ ကျောင်းက လမ်းမတန်းမှာလည်းမဟုတ်သလို လွယ်လွယ်ကူကူသွားရောက်လို့ရနိုင်တဲ့ နေရာလေးလည်းမဟုတ်ပါဘူး.... လမ်းတလျှောက်လုံးမှာ ၀ါးပင်တန်းလေးတွေနဲ့ တမျိုးတဖုံ တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်... အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေနဲ့ ပတ်ဝန်းကျင်ဟာ ပညာသင်ကြားပေးရန် အများကြီးလိုအပ်နေသေတဲ့ အနေအထားတွေကိုတွေ့ရပါတယ်... လူနေမှုစရိုက် ပညာလိုချင်မှု စိတ်နေစိတ်ထား ထောက်ပံ့မှုနဲ့ စာနာမှုတွေ အများဆုံးလိုအပ်နေတဲ့ နေရာတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်... ဒီလိုနေရာမှာ ဒီလိုစွန့်လွှတ်စွန့်စားတဲ့စိတ်ကူးနဲ့ စာသင်တိုက်တစ်ခုကို ရဲရဲဝင့်ဝင့် တည်ထောင်ထားတဲ့ သီလရှင်ဆရာကြီးတွေရဲ့ စိတ်နေစိတ်ထားကတော့ အဖွဲ့ဝင်များကိုယ်တိုင် ကြောက်ခမန်းလိလိ လေးစားခဲ့ရတဲ့ နေ့ရက်တစ်ရက်ပဲဖြစ်ပါတယ်...ကလေးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့အတွက် သဒ္ဒါစိတ်တွေ အလိုလိုပေါ်ထွန်းလာခဲ့ပါတယ်...


မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်နှင့် အမျိုးသမီးများ သင်ကြားပေးနေသော ပရဟိတကျောင်း) ကျောင်းထိုင်သီလရှင်ဆရာကြီးရဲ့ ဘွဲ့အမည်ကတော့ ဒေါ်သီလဝတီပါ။ အသက်ကတော့ (၄၀) နှစ် ဝါတော် (၂၈) နှစ် ဖြစ်ပါတယ်။ ကျောင်းကို ၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့တယ်။ အဆိုပါကျောင်းတွင် ကျောင်းသားကျောင်းသူများ လက်ခံရာ၌ (၃) မျိုး လက်ခံပါတယ်။ အတိုကောက် အနေနဲ့မှတ်ရမယ်ဆိုရင်တော့ " စုံ ၊ ပဲ့ ၊ မဲ့ " လို့သတ်မှတ်ထားကြောင်း သိရပါတယ်.... မိဘစုံလင်ပေမယ့် ဆင်းရဲနွမ်းပါးနေတဲ့ ကလေးတွေ၊ မိဘ နှစ်ဦးမှာ တစ်ဦးဦးပဲ့နေတဲ့ ကလေးတွေနဲ့ မိဘလုံးဝမဲ့နေတဲ့ကလေးတွေ အားလုံးကို ပညာသင်ကြားပေးနေသော၊ ထိုက်သင့်သလောက် ကျွေးမွေးစောင့်ရှောက် ပေးနေတဲ့ ကျောင်းတစ်ခုဖြစ်ကြောင့် လေ့လာသိရှိရပါတယ်.. လက်ရှိအခြေအနေမှာ " စုံ ၊ ပဲ့ ၊ မဲ့ " ကလေးစုစုပေါင်း (၅၇၃) ယောက် ကို စာသင်ကြားပေးနေပြီး ကျောင်းမှာ သီလရှင် နဲ့ မိဘမဲ့ကလေး အရေအတွက် (၈၀) ကျော် နေထိုင်ပါတယ်။ သူငယ်တန်းကနေ အဌမတန်းအထိ စာသင်ကြားပေးတဲ့ ဒီကျောင်းလေးကို ၂၀၀၂ ခုနှစ်ကစပြီး အစိုးရက တရားဝင် အသိအမှတ်ပြုဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ်။ ကျောင်းပိတ်ရက်ကတော့ အဖိတ်နေ့နဲ့ ဥပုသ်နေ့ တွေကို သတ်မှတ်ထားပါတယ်။ မနက်ပိုင်းတွင် ကလေးငယ်များ လိမ္မာယဉ်ကျေးလာစေရန်အတွက် အဘိဓမ္မာနှင့် ဓမ္မာစရိယတန်းများဖွင့်လှစ်သင်ကြားပေးပီး နေ့လည်၁၂ နာရီမှ ညနေ (၅)နာရီအထိ ကိုတော့ စာပေအတန်းပညာကို သင်ကြားပေးနေတာကို တွေ့ရပါတယ်..။

ဒီကျောင်းလေးက ကားလမ်းမနဲ့ တော်တော်လေးအလှမ်းဝေးတဲ့ကျောင်းလေးတစ်ကျောင်းပါ .. စာနာထောက်ထားမှု နဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုကို လိုလားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လှူချင်တယ်ဆိုရင် လှူသင့်တဲ့ စာသင်တိုက်လေးတစ်ခုဖြစ်ပါတယ်... နေ့စဉ်စာသင်ကြားနေတဲ့ကလေးတွေကို ကျွေးမွေးမှုစရိတ် ၊ ပညာသင်ကြားမှုစရိတ်နဲ့ လူတန်းစေ့ဝတ်စားနိုင်ရေးအတွက် ထောက်ပံ့နေရတဲ့စရိတ်တွေက မသိသာပေမယ့် မလွယ်ကူတဲ့ စရိတ်တွေပဲဖြစ်ပါတယ်.. အလှူငွေ သိပ်မရှိတဲ့ကျောင်းဖြစ်သလို ရတဲ့အလှူငွေနဲ့လုံလောက်အောင် အသုံးပြုလုပ်ဆောင်နေရတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်... ။ လက်ရှိမှာ အလိုအပ်ဆုံးဖြစ်နေတဲ့အရာကတော့ အလျား ပေ (၉၀) အနံ ပေ (၃၀) ရှိတဲ့ ကျောင်းဆောင်တစ်ဆောင်ဆောက်ဖို့ ပဲဖြစ်ပါတယ်.. အနီးပတ်ဝန်းကျင်ကနေ ကျောင်းလာတက်တဲ့ကလေးတွေက ပိုပြီးတိုးလာတဲ့အခါ စာသင်ဆောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်... ခန့်မှန်း တန်ဖိုးငွေ သိန်း (၃၀၀) ဝန်းကျင်ဖြစ်ပြီး။ တနင်္ဂနွေလိုနေ့မျိုးတွေမှာလည်း အချိန်ပိုသင်တန်းများကို သဒ္ဒါတရားထက်သန်သော အစိုးရစာသင်ကျောင်းမှ ဆရာမများကိုယ်တိုင် ဒါနအဖြစ် စာသင်ကြားပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ နောက်လဆန်းမှာ ဒီကျောင်းလေးကို စာအုပ်တွေ သွားလှူမှာ ဖြစ်ပါတယ်။ ကလေးများအတွက် စာအုပ်စာတမ်း၊ အင်္ကျီ၊ အလှူငွေများ လူဒါန်းလိုပါက မသွားမီ လာရောက်လှူဒါန်းနိုင်ပါတယ်။ လူမှုရေး ၊ ကျန်းမာရေး နဲ့ ပညာသင်ကြားရေးအတွက် လိုအပ်တဲ့ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်.....

Myanmar-OSN ရဲ့ ပထမဆုံးသော ဒီလှုပ်ရှားမှုလေးမှာ ပါဝင်ချင်တဲ့ စာနာတတ်သူတွေကို Myanmar-OSN အဖွဲ့မှ ကြိုဆိုပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်တဲ့ လိပ်စာကတော့ -

Khin Myat Myat Naing
Humanitarian Project Coordinator
Inforithm-maze Company Limited, 10th floor, Lapyaewon Plaza, Dagon Township, Yangon.
Telephone :+95 1 243542, 386 459, 373629
Email : khinmyat2naing@gmail.com

Website : http://www.facebook.com/topic.php?uid=88745803980&topic=8871&ref=mf#/topic.php?uid=88745803980&topic=8871

အပြည့်အစုံသတင်းဖတ်ရန်....

အသိပေးချက်.

အမျိုးယုတ်သန်းရွှေ နောက်လိုက် အလိုကျ ဘက်လိုက် တရားစီရင်ပေးနေသော အကုသိုလ် အမှိုက် တရားသူကြီးချုပ် ဦးအောင်တိုးနှင့် နောက်လိုက်တရားသူကြီးများ သိစေရန် နှင့် နအဖ နောက်လိုက် လူမိုက်ရမ်းကား ဓားမနောက်ပိတ်များ သိစေရန်

ဒီရေမှ မျှဝေသည်။

အပြည့်အစုံသတင်းဖတ်ရန်....

သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို့ဝှက်အစီရင်ခံစာ

Thura Shwe Mann Visit to N. Korea - Photos ကျေးဇူးတင်ပါတယ် မင်္ဂလာဒိုးဘလော့ ကပါ

အပြည့်အစုံသတင်းဖတ်ရန်....

UNICEF က ထုတ်တဲ့ တုပ်ကွေးရောဂါ ရှောင်ရန် ဆောင်ရန် ပညာပေး လက်ကမ်း စာစောင်။




အပြည့်အစုံသတင်းဖတ်ရန်....

မြောက်ကိုရီးယား သင်္ဘောတော့ ပြန်လှည့်သွားပြီ

(အာသေ၀နာစ ဗာလာနံ) ကိုယ်တိုင်ကလည်းလူမိုက်၊ ပေါင်းနေတာတွေကလည်း လူမိုက်။ ဘယ်တော့မှ လူမွေးလူရောင် မပြောင်မယ့်သန်းရွှေ။ ဘိုသန်းရွှေတစ်ယောက် မြောက်ကိုရီးယားကို မနည်းတောင်းပန်၊ ရှိခိုးဦးတင်ပြီး ပြန်လွှတ်လိုက်ရလို့ အနည်းဆုံး ဆီဖိုးလေးတော့ ကန်တော့လိုက်ရမယ်ထင်တယ်။ နို့ မို့ ဆို ဘိုသန်းရွှေလည်း တစ်ကမ္ဘာလုံးက၀ိုင်းထောင်းတာ ခံရတော့မယ်။

01 July 2009
တရားမ၀င် လက်နက်တွေ သယ်ဆောင်လာတယ်လို့ သံသယရှိပြီး အမေရိကန် ရေတပ်သင်္ဘော နောက်ယောင်ခံလိုက်နေတဲ့ မြောက်ကိုရီးယားသင်္ဘော အခု ပြန်လှည့်သွားပြီ ဖြစ်ပါတယ်။

အဲဒီ ကမ်နမ်သင်္ဘောကို ဇွန်လ ၁၇ ရက်နေ့ မြောက်ကိုရီးယားဆိပ်ကမ်းက ထွက်လာကတည်းက အမေရိကန် သင်္ဘောတွေက စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ မြန်မာနိုင်ငံကို ဦးတည်ခုတ်မောင်း သွားနေတယ်လို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။
Summary

Rest of your post
အခုဆိုရင် ဒီသင်္ဘောဟာ ဗီယက်နမ် ရေပိုင်နက်ထဲမှာ ရောက်ရှိနေပြီး မူရင်းနိုင်ငံကို ပြန်လှည့်သွားပုံ ရပါတယ်။

မြောက်ကိုရီးယားအနေနဲ့ လက်နက်တွေနဲ့ နျူကလီးယားနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ ရောင်းဝယ်မှုကို ကန့်သတ်တားမြစ်တဲ့ ကုလသမဂ္ဂရဲ့ အရေးယူမှုအောက်မှာ ဒီသင်္ဘော ပထမဆုံး စောင့်ကြည့်ခံရတာ ဖြစ်ပါတယ်။

တကယ်လို့ ဒီသင်္ဘောသာ လှည့်ပြန်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ အရေးယူမှုဟာ ထိရောက်မှုရှိတယ်၊ မြောက်ကိုရီးယားဟာ သူ့ခြေလှမ်းကို နောက်ပြန်လှည့်ရတာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ကာကွယ်ရေးဆိုင်ရာ သုံးသပ်သူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြောက်ကိုရီးယား သံတော်ဆင့်သတင်းမှာ ဖော်ပြခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက စလို့ ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်မှုတခုကို ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့မှာ မြောက်ကိုရီးယားက လုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ကုလသမဂ္ဂက ချမှတ်ခဲ့ပါတယ်။
http://www.voanews.com/burmese/2009-07-01-voa1.cfm

အပြည့်အစုံသတင်းဖတ်ရန်....

MoeMaKa Daily e Newspaper - 29th June 2009

MoeMaKa Daily e Newspaper - 29th June 2009

အပြည့်အစုံသတင်းဖတ်ရန်....

ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို

Monday, 29 June 2009 17:00 ကြည်ဝေ .မြန်မာနိုင်ငံတွင် A (H1N1) ရောဂါနှင့် ပတ်သက်ပြီး အသိပညာ အားနည်းလျက်ရှိသည်ကို တွေ့မြင်ရသောကြောင့် လူအများအတွက် စိုးရိမ်ဖွယ် ဖြစ်ကြောင်း အထွေထွေရောဂါ အထူးကု ဆရာဝန်များ အသင်း မှ တာဝန်ရှိသူ ဆရာဝန်ကြီးတဦးက ပြောကြားသည်။

“တုပ်ကွေးလို့ သံသယရှိတဲ့ လူနာဆိုရင် ဘယ်လိုတုပ်ကွေးမျိုးပဲ ဖြစ်ဖြစ်၊ ဒီအချိန်မှာ သတိထားပြီး ကုသပေး ရမယ်၊ သူတို့လာတာနဲ့ နှာခေါင်းစည်းပေးရမယ်၊ အဲဒီလူနာကို သီးသန့်ထားပြီး ကုသပေးရမယ်၊ ဒါ့အပြင် တခြားလူတွေဆီကို ကူးစက်မှု မရှိအောင်လည်း ကာကွယ်ပေးရမယ်၊ သူများနိုင်ငံတွေမှာ ဘယ်လိုကုသတယ် ဆိုတာ လေ့လာပြီး အတုယူရမယ်” ဟု အဆိုပါ ဆရာဝန်ကြီးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရပ်ကွက်ဆေးခန်းများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် အစိုးရဆေးရုံများ၌ တုပ်ကွေးရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေရသူ အများအပြား ရှိသည်ကိုတွေ့မြင်ရပြီး ထိုလူနာများ၏ သလိပ်၊ နှာရည် စသည်တို့ကို ဓာတ်ခွဲစစ်ဆေးခြင်းများ မပြုလုပ်ဘဲ၊ အများစုကို ရိုးရိုးတုပ်ကွေးဟုသာ ခပ်လွယ်လွယ် သတ်မှတ်၍ ကုသနေခြင်း က အန္တရာယ်ရှိသည်ဟု အဆိုပါ ဆရာဝန်ကြီးက ဆက်ပြောသည်။

ထို့အပြင် ပြင်ပဆေးခန်းများတွင်လည်း တုပ်ကွေးလက္ခဏာဖြင့် ရောက်လာသော လူနာများအား ပေါ့ဆစွာ တခြားလူနာများနှင့် ရောနှောကုသလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ တုပ်ကွေးလူနာများအား သီးသန့် ခွဲထုတ် ကုသရန် လိုအပ်လျက်ရှိကြောင်း၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းအားလုံး ကျင့်ဝတ်ပိုင်း ဆိုင်ရာ အတွေး အခေါ်ရှိရန် လိုအပ်နေသည်ကို တွေ့မြင်ရကြောင်း သူက ဆက်လက်ပြောဆိုသည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီး ဖျားနာဆောင်တွင် တုပ်ကွေးရောဂါဖြင့် ဆေးဝါးကုသမှုခံနေသော လူနာများ
ရှိနေပြီး ထိုလူနာများထဲမှ တချို့ကို A (H1N1) ဟု သံသယရှိနေကြသည်။ ထိုသို့ သံသယရှိသူများကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ ဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း ကြားသိရသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များကို မေးမြန်းရာ ဖြေကြားခြင်းမရှိဘဲ သိလိုပါက ကျန်းမာရေးဦးစီးဌာန သို့ တိုက်ရိုက်မေးရန် ပြောဆိုသည်။

မြန်မာနိုင်ငံရှိ လူ ၁၀ ဦးတွင် ၂ ဦးခန့် ကသာ A (H1N1) ဆိုသည်ကို သိရှိပြီး အများစုမှာ မသိကြကြောင်း ဝက်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် ဟောပြောပွဲတွင် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ယဉ်သန္တာလွင်က ပြောကြားခဲ့သည်။

သာမန်လူများထဲတွင် စာဖတ်သူတချို့သာ ၎င်းရောဂါအကြောင်း ကြားဖူးကြပြီး လူအများစုမှာ မသိရှိကြသဖြင့် ကူးစက်ရောဂါအတွက် အန္တရာယ် ကြီးမားသည်ဟု အဆိုပါ ဆရာဝန်က ဆိုသည်။

ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကလည်း ပညာတတ်အသိုင်းအ၀န်း တချို့ကသာ နှာခေါင်းစည်း၍ ကာကွယ်သင့်ကြောင်း နားလည်ထားပြီး လှိုင်သာယာ၊ ရွှေပြည်သာ အစရှိသည့် ရန်ကုန် ဆင်ခြေဖုန်းဒေသမှ လူအများစုမှာမူ A (H1N1) ရောဂါနှင့်ပတ်သက်၍ ကြားဖူးခြင်းမရှိကြောင်း ပြောသည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတဦးက “လူထုကြားထဲကို ရောက်ဖို့အတွက် ရုပ်မြင်သံကြားတို့၊ ရေဒီိယိုတို့ကို အားကိုးမှ ဖြစ်မယ်၊ ကိုရီးယားကား လွှင့်နေတဲ့ အချိန်မျိုးမှာ ကြော်ငြာပုံစံ လွှင့်ပေးသင့်တယ်၊ အစိုးရသတင်းစာကို လူတွေက သိပ် မဖတ်ကြတော့ သတင်းစာမှာ ဖော်ပြရုံနဲ့ မလုံလောက်ဘူး။ ဂျာနယ်တွေမှာ ဖော်ပြပေမယ့် ဈေးကြီးတော့ လူတိုင်း ဘယ်ဖတ်နိုင်မလဲ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်လေဆိပ်အ၀င်၌ ဖျားနာမှုရှိ၊ မရှိ ဆေးစစ်ခြင်း ပြုလုပ်သော်လည်း ဆိပ်ကမ်းများနှင့် နယ်စပ်များမှ ရောဂါမ၀င်ရောက်နိုင်အောင် ကာကွယ်ဆောင်ရွက်ခြင်း ပြုလုပ်သည်ကို မတွေ့ရကြောင်း ပြည်တွင်း ကျန်းမာရေးဂျာနယ်မှ သတင်းအယ်ဒီတာ တဦးက ဆိုသည်။

ဇွန်လ ၂၂ ရက်နေ့က ရန်ကုန်ဆေးရုံကြီးတွင် A (H1N1) ရောဂါခံစားနေရသည်ဟု သံသယရှိသည့် လူနာ အမျိုးသား တဦးကို စစ်ဆေးကုသခဲ့ပြီး ရိုးရိုးတုပ်ကွေးဟု သတ်မှတ်ကာ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင်လည်း A (H1N1) ဟု သံသယရှိသော လူနာ အမျိုးသားတဦးအား ရန်ကုန်ဆေးရုံကြီးမှ ဆင်းကာ စစ်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီး ကျန်းမာရေး ၀န်ထမ်းများထံမှ ကြားသိရသည်။

ဇွန်လ ၂၇ ရက်နေ့က စင်ကာပူနိုင်ငံမှ ပြန်လာသော အသက် ၁၃ နှစ်အရွယ်ကျောင်းသူ တဦးထံ၌ A (H1N1) ရောဂါပိုး စတင်တွေ့ရှိခဲ့သ ဖြင့် ၎င်းမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဝက်တုပ်ကွေး ဖြစ်ပွားသူအဖြစ် သတ်မှတ် ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ် လွှင့်ခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

အဆိုပါ A (H1N1) ရောဂါသည် ဧပြီလ ၁၇ ရက်နေ့တွင် မက္ကဆီကိုနိုင်ငံမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့အထိ ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့ ကူးစက်ပျံ့နှံ့ခဲ့ကာ ရောဂါဖြစ်ပွားရက် ၇၁ ရက်အကြာတွင် မြန်မာနိုင်ငံ၌ စတင်တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတွင်း တူးဖော်

Monday, 29 June 2009 16:25
သန်းထိုက်ဦး .ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့အနီးတွင် မြန်မာ စစ်အစိုးရနှင့် ရှရှားနိုင်ငံပိုင် (Tyazhpromexport) ကုမ္ပဏီ တခုက ပူးပေါင်း၍ သတ္တုတွင်း တူးဖော်ရန် ပြင်ဆင်နေသည်ဟု ပအို့ဝ်(ပအိုဝ်း) လူငယ်အစည်းအရုံး (PYO)က ယနေ့ ပြောဆိုလိုက်သည်။

အဆိုပါ PYO အဖွဲ့အစည်း က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် International Center - IC ခန်းမ၌ ယနေ့ ကျင်းပ သည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း”ဟူသော ခေါင်းစဉ်ဖြင့် ထုတ် ပြန်သော အစီအရင်ခံစာ သတင်းစာ ရှင်း လင်းပွဲတွင် ဤသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သတင်းထုတ်ပြန်မှု မရှိသောကြောင့် ယခုကဲ့သို့ သတ္တုတွင်း တူးဖော်ရေးနှင့် ပတ်သက်ပြီး လူ့ အခွင့်အရေး ချိုးဖောက်မှု ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို အဓိကထားပြီး ထုတ်ပြန်ထားခြင်း ဖြစ်သည် ဟု PYO မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ဧရာဝတီသို့ ပြောသည်။

ယင်း အစီရင်ခံစာတွင် စက်ရုံသွားရာလမ်းဖောက်လုပ်ရန် ဒေသအာဏာပိုင်များက ရွာ ၃ ရွာမှ လူ ၅၅ ဦးကို ၎င်းတို့၏ အိုးအိမ်များမှ အတင်းအကျပ် ဖယ်ရှားပြောင်းရွှေ့စေခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၁၀၀၀ ခန့်ကို သိမ်းပိုက် ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ခရီးသွားလာခွင့် အတင်းအကျပ် ကန့်သတ်နေခြင်း၊ ၎င်း စီမံချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု မရှိခြင်းကြောင့် ဒေသခံများက အနုမြူ စီမံကိန်းနှင့် ဆက်စပ်နေမည်ဟု သံသယရှိနေကြကြောင်းလည်း ရေးသား ထားသည်။

“ကျနော်တို့ အဓိက သဘာဝ ပတ်ဝန်းကျင်နဲ့ ကွင်းဆင်းလေ့လာတော့ ဒေသခံလူထုကို တွေ့တဲ့အခါမှာ သူတို့က အဲဒီနေရာ သတ္တုတူးဖော်ဖို့အတွက် မကဘူး၊ အနုမြူဓာတ်ပေါင်းဖို ကိစ္စလည်းပါတယ်လို့ပြောတယ်။ နောက် အဲဒီ ကိစ္စကိုလည်း စိုးရိမ်နေကြတယ်”ဟု ခွန်ချန်ကီက ပြောသည်။

ရှရှားနိုင်ငံ အနုမြူစွမ်းအင် အေဂျင်စီက၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက် မည်ဟုကြေညာထားသောကြောင့် ဒေသခံပြည်သူများက ပို၍သံသယကြီးထွားနေကြခြင်းဖြစ်ကြောင်းသိရသည်။

တည်ဆောက်နေဆဲ သံရည်ကြိုစက်ရုံသည် မြန်မာ စစ်တပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ၁၀ ကီလိုမီတာ ခန့် အကွာအဝေးတွင် တည်ရှိပြီး ယခုနှစ်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးမည်ဟုယူဆရသည်။ ၎င်း စက်ရုံ တွင်လည်း မြေအောက် ဥမင်များတည်ရှိပြီး ၁၀ ပေကျော် အုတ်နံရံ ၂ ထပ်နှင့် သံဆူးကြိုး တစ်ထပ်ဖြင့် ကာရံ ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“သူတို့က နံရံတွေ၊ အတားအဆီးတွေနောက်မှာ သူတို့ဘာလုပ်နေတယ်ဆိုတာ လျှို့ဝှက်ထားကြတယ်။ ဒါပေမယ့် အခုစီမံကိန်းကြောင့် နစ်နာရမယ်ဆိုရင်တော့ ကျနော်တို့က ရှေ့ဆုံးက နစ်နာကြရလိမ့်မယ်။ မြန်မာပြည်မှာတရား ဥပဒေ မရှိတာကို နိုင်ငံခြား ကုမ္ပဏီတွေက အခွင့်ကောင်းယူပြီး ကျနော်တို့ သယံဇာတတွေကို လာအမြတ်ထုတ် ယူနေကြတယ်။ ကျနော်တို့ အနာဂတ်ကို လာပြီးလုယက်ဖျက်ဆီးနေကြတယ်”ဟု ထုတ်ပြန်ချက်တွင် ပြောဆို ထားသည်။

သတ္တုတွင်း တူးဖော်မှုကြောင့် မြေတိုက်စားမှုများ၊ အနယ်အနှစ်များကို စွန့်ပစ်မှုကြောင့်ဤလွင်ပြင်ရှိ ပင်မရေ အရင်း အမြစ်ဖြစ်သည့် သဘက်ချောင်းသည်လည်း ညစ်ထေးရဖွယ်ရှိသည့်အပြင် ယင်းဒေသတလျှောက် ရှိ လူဦးရေ ၃၅၀၀၀ ခန့်သည် ထိခိုက်နစ်နာရဖွယ်ရှိကြောင်း ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း ပြီးခဲ့သည့် ရက်များအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့ကြသည်။

ယင်းထုတ်လွှင့်ချက်များအပြီး အဆိုပါမှတ်တမ်းများသည် စစ်အစိုးရ၏ နိုင်ငံနှင့် တ၀န်းတွင် တည်ဆောက်နေ သော ရေအားလျှပ်စစ် စီမံကိန်းများမှ မှတ်တမ်းများ ဖြစ်နိုင်မည်လား ဟူသည့် ပြည်တွင်း၊ပြည်ပရှိ အင်ဂျင်နီယာ အများစုက မေးခွန်များ ထုတ်နေကြသည်ဟုလည်း သိရသည်။ http://www.irrawaddy.org/bur/2009-06-29-09-26-51.html

အပြည့်အစုံသတင်းဖတ်ရန်....

ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု

ကျွန်းနိုင်ငံငယ်ကလေးတခုတွင် အစိုးရ၏ငွေကြေးသုံးစွဲမှုကိုစာရင်းစစ်ဆေးသောအဖွဲ့မှ စစ်ဆေးကြည့် ရာတွင် သန်းပေါင်း မြောက်များ စွာ စာရင်းအင်းမရှိ၊ မှတ်တမ်းမှတ်ရာမရှိပဲပြောက်ဆုံးနေကြောင်းရှာဖွေ တွေ့ရှိခဲ့ကြသည်။ စစ်ဆေးသောအဖွဲ့သည်လဲ အစိုးရ အဖွဲ့ အစည်းပင်ဖြစ်သော်ငြားလည်း တွေ့ရှိမှု ကို ဘက် မလိုက်ပဲ ဖေါ်ပြခဲ့သည်။ အစိုးရနှင့်အစိုးရအဖွဲ့တွင်ပါဝင်နေသောဝန်ကြီးများ၏ တုံ့ပြန်မှုက လည်း မှတ်သား လောက်ပါသည်။ အထက်တန်းနှင့်တက္ကသိုလ်ကျောင်းများတွင် စာရင်းအင်းနှင့်စာရင်းစစ်ဘာသာကို မသင် မနေရသင်ကြရန်ပြဋာန်းဘို့လိုအပ်သည်ဆုံးဖြတ်ကြောင်းဖြစ်သည်။ အစိုးရ နှင့်ဝန်ကြီးများ ၏အကြောင်းပြချက်က သူတို့သာ စာရင်း အင်း နိုင်ခဲ့လျှင်ထိုသို့ငွေများပြောက်ဆုံး ဘုန်း ခံခဲ့ရမည်မဟုတ်၍ ထိုလိုအပ်ချက်ကိုပြည့်ရန် ဤဘာသာရပ် မသင်မနေရ ပြဋာန်း ရန် လိုခြင်းဖြစ်သည်ဟု သတင်းတွင် ကြေညာပါသည်။ ခဏလေးညိမ်၍ပြန်စဉ်းစားကြည့်ပါဦး။ အစိုးရငွေကြေးများကို အလွဲ သုံးစား လုပ် နေသည်မှာ အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများမဟုတ်ကြပါ။ ထိုကျောင်းသားများက နိုင်ငံ၏ ငွေ ကိုစီမံခန့် ခွဲရန်လည်း လုပ်ပိုင်ခွင့်မရှိပါ။ လုပ်ပိုင်ခွင့်ရှိပြီး မလျှော်မကန်လုပ်နေ၊ ပစ်စလက်ခဖြုန်းတီးနေ၊ ဘုန်း နေသူတို့မှာ အစိုးရနှင့် ၀န်ကြီးများပင်ဖြစ်ပါသည်။ ၀န် ကြီးများအနေနှင့် ဋ္ဌာနဆိုင်ရာအလိုက် ရလာသော အခွင့်အရေးများကို အသုံးပြု၍ကိုယ်ကျိုးရှာများ သွားသဖြင့် ထိုနိုင်ငံငယ်လေး၏ နိုင်ငံပိုင်ငွေ သန်းပေါင်းများ စွာ ပျောက်ဆုံး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ခေါင်းဆောင်မှုကောင်း၏ မိမိလုပ်ကိုင်မှုအပေါ်တာဝန်ယူမှုကို ပြသ သည့်ပုံစံကောင်းလောဆိုသည်ကို အားလုံးစဉ်းစား မိကြလိမ့် မည်ဖြစ် သည်။

အာဏာရှင်ဦးနေ၀င်း၏အထွက်မိန့်ခွန်းတခုတွင် တိုင်းပြည်မှာဖြစ်နေတာသူဘာမှမသိပါဘူး။ အောက်ကလူ တွေမရိုးမသား၊ ခိုးစားကြလွန်း၍တိုင်းပြည်ကမောက်ကမဖြစ်ရသည်ဟု နိုင်ငံ့ခေါင်းဆောင်ပီပီ ၎င်း၏ ခေါင်း ဆောင်မှုတာဝန်ကို မျက်နှာပြောင်တိုက်၍ ငြင်းဆိုခဲ့ဘူးသည်ကို အားလုံးမှတ်မိကြပါလိမ့်မည်။ တိုင်း သူပြည် သားများငတ်မွတ်ဒုက္ခရောက်နေချိန်တွင် ဦးနေ၀င်းတို့ကတော့ ကမ္ဘာ့ အချမ်းသာဆုံးသူများ စာရင်းတွင်ဝင်ခဲ့ သည်။ လန်ဒန်တွင်ဆေးသွားကုသည့်အခါ သူတက်သည့်ဆေးရုံမှဝန်ထမ်း အားလုံးကို ကျောက်မျက်ရတနာ များလက်ဆောင်ပေးခဲ့လေ့ရှိသည်။ လူထုဗိုက်မှောက်၍ တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံနေရချိန်တွင် သူကတော့ ဝေသံသယာလုပ်နေခဲ့သည်။ သူ၏ခေါင်းဆောင်မှု အရည် အချင်းကို ပိုမိုပြသရန်အတွက် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းကိုပင် တိုင်းပြည်အတွက်ဂုဏ်ယူ စရာနှင့် တိုင်းပြည်ပို၍ အကျိုးအမြတ်ရှိစေသယောင်ပင် လေသံ လွှင့်ခဲ့သေးသည်။

မဆလ၊ နအဖတို့၏ဥာဉ်ဆိုးများတို့ကို အော့နှလုံးနာလာ၍ ဆန့်ကျင်တော်လှန်ကြသည့် ကျွန်တော် တို့တွင် ထိုသို့သောအကျင့်ဆိုး မျိုးကိုပါ အသွေးအသားထဲ၊ မသိဥာဉ်ထဲမှဖေါက်ထုတ်ပြောင်းလဲကြ ရန်လိုလိမ့်မည်ဟု အားလုံးတွေးမိကြပါလိမ့်မည်။ ထိုသို့ပြောင်းလဲမှု မလုပ်ပဲ တွန်းလှန်ရန်ကြိုးစား သည်ဆိုပါက အာဏာမက်မော၍သာတွန်းလှန်တိုက်ခိုက်ခြင်းဖြစ်ပါလိမ့်မည်။ စံနစ်ကိုပြောင်းလဲနိုင် လိမ့်မည် မဟုတ်ပါ။ ကျွန်တော်တို့တတွေတွင် ထိုသို့သော ဥာဉ်ဆိုးများမည်မျှကင်းရှင်းပါပြီနည်း။

စီဘောက်တခုတွင်မဟာဥာဏ်ကြီးရှင်တယောက်က အထွန့်တက်သည်။ နအဖသူ့ဘာသာသက်ဆိုး ရှည်ပြီး မတရားလုပ်နေတာတွေနှင့် အန်စီဂျီယူဘီဘာသက်ဆိုင်ပါသနည်းတဲ့။ ထိုသူ့အတွက်ပြောစ ရာစကားတလုံးတည်းရှိသည်မှာ စဉ်းစားပေါ့ဆိုတာပင်ဖြစ်သည်။ မစဉ်းစားလျှင် ထိုသူအနေနှင့်စင်း ထားတာ စားနေရသည့်သတ္တ၀ါဖြစ်သွားပေလိမ့်မည်။ ပထမဦးစွာလွတ်မြောက်နယ်မြေဟုဆိုသော ဒေ သမှ ခေါင်း ဆောင်မှုများနှင့် တာဝန်ယူမှုများအကြောင်းဆွေးနွေးလိုပါသည်။ တချိန်ကနယ်စပ်ကျောင်း သား တပ်မတော်တပ်ရင်းတခုတွင် ယခုအချိန်ထိခေါင်းဆောင်နေရာကို ဖင်တွင်ဆင်ကော်ကပ်၍ အ တင်းတွယ်ကပ်နေသူတဦးက ဟိုတုန်းကကျွန်တော်တို့ ငှက်ပျောပင်ပဲ စားရတယ်၊ အခုကျွန်တော်တို့ ပဲဟင်းစားနေရပြီ။ တော်လှန်ရေးတော်တော်တိုးတက်လာပြီဟု တပ်တွင်းဆွေးနွေးပွဲတခုတွင် မှတ် သား အတုယူဘွယ်ပင် မိန့်ကြားခဲ့သည်။ ထိုသို့သောဆင်ခြင်စဉ်းစားမှုမျိုးနှင့်ဆိုလျှင် ဤစကားပြော ခဲ့သောမဟာ ဂေါင်းရှောင်ကြီး အနေဖြင့် ဟိုအရင်က မိုးမလုံတဲ့သက်ကယ်တဲမှာပဲနေရတယ်၊ အခု တိုက် ခန်းအကြီးကြီးတွေ မှာ လင်မယား၂ယောက်ထဲနေရပြီ၊ အရင် က လမ်းလျှောက်သွားရ- စုံထောင်ဆို သောလိုင်းကားစီးရပေမဲ့ အခု တော့ ကိုယ်ပိုင် လေးဘီးမောင်းတိုယိုတာဟိုင်းလက်စ်ကားကြီးများစီးနိုင် နေပြီဆို တော့ တော်လှန်ရေး အလွန့်အလွန်တိုးတက်လာပြီ၊ အကောင်းဆုံးအခြေအနေရောက်လာပြီ ဟုပင် ကောက်ချက်ချဦးမည် ထင် သည်။ လူထုကတော့ မဆလခေတ်ကထက်ပင် ပိုငတ်မွတ်လာနေ ကြသည်။ ယခင်က မိသားစုရှင်သန်ဘို့အတွက် သမီး မိန်းကလေး များကို မကောင်းသည့်နေရာတို့ တွင်ခန္တာကိုယ်ရင်းပြီး လုပ်စားစေရန်မလိုခဲ့ကြသော်လည်း ယခုတော့ ကမ္ဘာမီးလောင်သားကောင်ချ နင်းနေရပေပြီ။ ဂေါင်း ရှောင်ကြီးများတို့၏တိုးတက်မှုပေတံကတော့ တိုးတက်မှု၂၀၀ရာခိုင်နှုန်းပင်က မည်မထင်အောင် တိုးတက် နေဆဲပဲဖြစ်သည်။ သူများသားမယားကိုခိုးလျှင် ငယ်သားများအနေဖြင့် သေဒါဏ်ပေးခံရသောအခြေအနေမှ ဂေါင်းရှောင်ကြီးများ အ နေဖြင့် ထိပ်မှစသူများမယားကြာခိုလိုက်ပြီး မတရားသော အပြစ်ဒါဏ်ကို နောက်ထပ်မသုံးနိုင်အောင်ပယ်ဖျက်အောင်လုပ်ခဲ့ပြီးပြီ။ နည်းနည်းနော နောအောင်မြင်မှုမဟုတ်ပါလော။

ထိပ်တွင်ဖေါ်ပြခဲ့သောကျွန်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့မှလွဲ၍ စံချိန်ပြည့်ဝသော နိုင်ငံအတော်များများ၊ အဖွဲ့အစည်းတော်တော်များများတွင် အဖွဲ့အစည်း၏ဆုံးရှုံးမှု၊ အားနည်းလာမှုတို့ကို သက်ဆိုင်ရာ တာဝန်ယူထားသည့်ခေါင်းဆောင်များက တာဝန်ယူကြရသည်။ တာဝန်သိ တတ်မှုရှိကြောင်းလဲ အ လုပ်ဖြင့်ပြကြလေ့ရှိသည်။ ၎င်းတို့မလုပ်နိုင်၍ အကျိုးထိရောက်မှုနဲလျှင် တာဝန်မှနှုတ်ထွက်ကြခြင်း ဖြင့် မိမိ၏ တာဝန်သိမှုကိုပြသလေ့ရှိကြသည်။ နောက်လူများပိုလုပ်နိုင်ရန် လမ်းဖွင့်ပေးလေ့ရှိသည်။ ကျွန်တော်တို့တော်လှန်ရေးတွင် နေရာတခုရ လိုက်လျှင်သေသည်အထိဖင်မြဲအောင် လုပ်ကြလေ့ရှိ သည်။ ခေါင်းဆောင်နေရာတို့မှာ တာဝန်ထက်ရာထူးအခွင့်အရေးကိုသာ ပိုအာရုံ ထားကြကာ ရာ သက်ပန်ယူထားရမည့်ပိုင်ဆိုင်မှုများဟုသတ်မှတ်လေ့ရှိကြသည်။ ပို၍ရှက်စရာကောင်းသည်မှာ လူထု ကရွေးချယ်သည် မဟုတ်ပဲ အချင်းချင်းအပြန်အလှန်နေရာခွဲကြကာ (ရွေးချယ်သည်ဟုပြောလျှင်ရှက်စ ရာကောင်းပါသည်) ရွေးကောက်ခံရသည့်ပုံစံဖြင့် မရှက်မကြောက် မိမိကိုယ်ကော၊ အများကိုပါလိမ်ကြ သည်။

အနှစ်၂၀ကြာခဲ့ပြီဖြစ်သော်လည်း နယ်စပ်တွင်ခေါင်းဆောင်များသည် ဤလူဤလူများသာဖြစ်နေကြ သည်။ အနှစ်၂၀ကြာပြီး တိုးတက်မှု မရှိသည့်အတွက် (ပိုမှန်မှန်ကန်ကန်ရေးရလျှင် ပိုမိုဆုတ်ယုတ်လာ ရသည့်အတွက်) ထိုခေါင်းဆောင်များမှ တာဝန်ယူပြမှုမရှိကြသည် မှာလည်း ညင်း၍မရပေ။ အခွင့်အ ရေးတွေနှင့်နေရာယူဂုဏ်ယစ်နေကြပြီး တော်လှန်ရေး၊ နိုင်ငံပြောင်းလဲရေးအတွက် မည်သည့်နေရာ တွင်မျှခေါင်းဆောင်မှုအရည်အချင်းပြသနိုင်ခဲ့ခြင်းမရှိသည်မှာလဲ အံ့သြစရာကောင်းလှသည်။ အလုပ် မရှိကြောင်သန်းရှာတာကိုပဲ အဟုတ်လုပ်၍အချိန်ဖြုံးကြသည်။ ဥပမာများပြောရလျှင်လဲကုန်မည်မ ဟုတ်သလို အားလုံးလဲသိပြီးဖြစ်သဖြင့် ပြောစရာ မလိုအပ် တော့ပါ။ လက်မှတ်ထိုးခြင်းက နောက်ဆုံး သောအချိန်ဖြုံးမှုတခုဖြစ်သည်။ သူတို့ပြောနေသောစကားများလုပ်ငန်းများအားလုံးကို လေ့လာကြည့် လျှင် ကမ္ဘာနှင့်အပြည်ပြည်ဆိုင်ရာကို မည်သို့အကူအညီတောင်းမည်၊ အခြားလူများလုပ်ကြသည်ကို သောက်ရှက်မရှိကြွားဝါကြမည်တို့မှလွဲ၍ မိမိတို့အစီအစဉ်၊ မိမိတို့လုပ်ဆောင်မှုဖြင့် ဘာလုပ်မည်၊ မည်သို့ပြောင်းလဲအောင်စီမံမည်ဟူ၍မရှိပါ။ မည်သည့် အ တွက်ကြောင့်မျိုးစဉ်ဘောင်ဆက် သူတောင်း စားစိတ်ဓါတ်သာပါလာသူများက ခေါင်းဆောင်များအဖြစ်နေရာယူနေကြခြင်းဖြစ်သည်မှာ နားလည်ရန် ခက်ခဲသောပြသနာတခုဖြစ်သည်။ ဘိုးစဉ်ဘောင်ဆက်ကသွေးပြသည့်အတိုင်း ထိုသူများတို့က မည် သို့အသနားခံ တောင်း ဆို၊ နားပူနားဆာလုပ်ရန်သာသိကြသည်။ ကိုယ့်အားကိုယ်ကိုးရကောင်းမှန်းမ သိတတ်ကြပေ။ တော်လှန်ရေးတွင် ကင်းမဲ့နေ သေးသော ညီညွတ်ရေး၊ စံနစ်ကျသောတည်ဆောက်မှု နှင့်အင်အားရှိရေး၊ လက်တွေ့ကျ သောနည်းဗျူဟာနှင့် အစီအစဉ်များ ရှိရှိ လုပ်ဆောင်နေရေး၊ ပြည်တွင်း ပြည်ပပေါင်းစည်းလုပ်ကိုင်မှုပိုမိုတိုးမြှင့်လုပ်ကိုင်နိုင်စေရေး၊ နည်းပညာသစ်များရှာဖွေစုဆောင်းဖြန့်ဖြူး ရေးနှင့် လူထုကို ကူညီစည်းရုံးရေးများတွင် မည်သို့သောဖြည့်ဆီးဆောင်ရွက်မှုကိုမှ ဤခေါင်းရှောင် များတို့၏ ဦးဆောင်မှုနှင့် မလုပ် နိုင်ခဲ့ကြသည်မှာလဲ အထူးအဆန်းမဟုတ်တော့ပေ။ နောက် အနှစ်တ ရာရှိလျှင်လည်း ထိုကိုယ်ကျိုး ထိပ်ထားသော ဦးဆောင်မှုများ နှင့် မည်သည့်ပြောင်းလဲမှုများမှဖြစ်လာ လိမ့်ဦးမည်မဟုတ်ပေ။ ထိုသူများက သောက်သောက်လဲအသုံးမကျပါပဲနှင့် မည်သည့် အတွက် ကြောင့် တော်လှန်ရေးကို သူတို့ဦးဆောင်မှဖြစ်မည်ဟုယူဆနေရာလုနေကြခြင်းဆိုသည်ကိုတော့ ယုတ္တိရှိရှိ အ ဖြေရှာလျှင် အခြားတ ဘက်မှ နေ၍လူထုကို ငရဲတွင်းထဲတွန်းပို့နေသော စစ်အာဏာရှင်၎င်းတို့၏အဖေ ကြီးများသက်ဆိုးရှည်အောင် လုပ်ပေးဘို့ ရာအတွက် ဖန်တီးနေခြင်းမှတပါး အခြားအဖြေမရှိသမျှပင် ဖြစ်သည်။ နအဖ၏အောက်ဆွဲခွေးများက မိမိတို့ဘက်တွင် ဂေါင်းရှောင်တာဝန်များလာ ထိမ်းချုပ်ကာ သူတို့သခင်နအဖသက်ဆိုးရှည်အောင်လုပ်ပေးနေခြင်းလားဆိုသည်ကို မေးစရာဖြစ်လာပြီဖြစ်၏။

လူထုကမည်သည့်အခါမျှသူတို့၏ခေါင်းဆောင်များကို ရွေးချယ်ခွင့်မရခဲ့ကြပေ။ လူထုမြတ်နိုးစွာ တင် မြှောက်ထားသော ခေါင်းဆောင် များမှာလည်း ထောင်ကျသူကကျ၊ ထိမ်းသိမ်းခံရသူကခံရဖြင့် အများစု မှာ လူထုအတွက်အလုပ်လုပ်ရင်း အန္တရာယ်များကို ရင်ဆိုင် ပေး ဆပ်နေကြသူများဖြစ်သည်။ အပြင်၌ လွတ်မြောက်နေသေးသူအနဲငယ်ကသာ အမှန်တကယ်ခေါင်းဆောင်မှုတာဝန်ယူ၍ သူတို့၏တာဝန်ကို သူတို့ရဲရဲရင့်ရင့်လုပ်နေကြသည်။ အများစုက နေရာတွေသာယူကာ ခုံမြဲအောင်ထိုင်၍ငြိမ့်နေကြခြင်း ဖြင့် လူထုစိတ်ပျက်အောင်၊ လုပ်နေသူများစိတ်ဓါတ်ကျအောင်၊ လုပ်ရင်းပေးဆပ်နေသူများမျက်ရည်ကျ အောင် ရန်သူ့အားပေးသစ္စာဖေါက်နေကြသည်။ ထိုသူများ တို့က လုပ်လဲလုပ်မည်မဟုတ်၊ နေရာလဲ ဖယ်မည်မဟုတ်ပဲ မသေမချင်း နအဖသစ္စာခံကာ နအဖအာဏာရှင်စံနစ်တည်မြဲနေအောင်၊ သက်ဆိုး ရှည်နေစေအောင် လုပ်ကြလိမ့်မည်ဖြစ်သည်။ ထိုသူများကိုမှ သစ္စာဖေါက်မခေါ်လျှင် မည်သူတို့ကို သစ္စာဖေါက်သတ်မှတ်ကြ ပါ မည်လဲ။

မြန်မာဘာသာနှင့်လွှင့်သောအသံလွှင့်ဋ္ဌာနများကလဲ နအဖကြာရှည်ရှိလျှင်သူတို့အလုပ်ကြာရှည်ရှိနေ မည်ကိုတွက်၍ပဲလားမသိ-ဂေါင်း ရှောင်များကိုသာအားပေးအားမြှောက်ပြုကြသည်။ သူတို့အလိုရှိသူ များကိုသာ ဂေါင်းရှောင်များအဖြစ်တွန်းတွန်းပို့တတ်ကြသည်။ သတင်းများ၊ အင်တာဗျူးများလုပ်ရာ တွင် ဂေါင်းဆောင်ကြီးမည်သူက၊ မည်ဝါကဟုဆိုကာ အတင်းတွန်းတင်တတ်ကြသည်။ သတင်းစာ နယ်ဇင်းသမားများ၏ကျင့်ဝတ်ဆိုသောစကားလုံးနှင့်ကိုင်တွယ်ကာ အကုန်ရှောက်ဖေါ်ကြသည်။ အ မှန်တကယ် တော်လှန်ရေး နယ်ပယ် အတွင်း ဂေါင်းရှောင်များ၏ ဖေါက် န်ြမှုများ၊ မထိရောက်မှုများ၊ လူ့ အခွင့်အရေးချိုးဖေါက်မှုများနှင့် ကျူးလွန်မှုများကိုတော့ ရေငုံနှုပ်ပိတ်
နေခဲ့ကြသည်။ မည်သို့သောဖေါ် ထုတ်မှု ရှိခဲ့ပါသနည်းဆိုသည်ကို လေ့လာကြည့်လျှင်သိနိုင်ကြပေမည်။ တစက်မှမရှိပါ။ နအဖ၏ ဖေါက်ပြန်မှုများသာမက။ တော်လှန်ရေးဂေါင်းရှောင်များ၏ သရုပ်မှန်များကိုလည်း အမှန်အရှိကို ရှိ သည့်အတိုင်းဖေါ်ထုတ်တင်ပြ၍ လူထု ကိုအသိပေးသင့်သည်မှာ သတင်းကျင့်ဝတ်ကိုနားလည်သော သတင်းသမားကောင်းတို့၏တာဝန်ဖြစ်သည်။ ထိုသို့မလုပ်ပဲ ယခုပုံစံသာ သွားနေကြပါက နအဖ၏ လက်ပါးစေသတင်းဋ္ဌာနများနှင့် အတူတူသာဖြစ်နေလိမ့်မည်။ သတင်းသမားများအနေဖြင့်ဘက်မရှိ သင့်ပဲ အမှန်ကိုအမှန်လေ့လာဖေါ်ထုတ်၍လူထုကို အသိပေးရန်တာဝန်ရှိသည်။ ငွေရရန်လုပ်နေကြ သောသတင်းသမားများဆိုလျှင်တောင်မှ မိမိရယူထားသောလခအတွက် ထိုသို့လုပ်ရန်တာဝန်ရှိ၏။

ဂေါင်းရှောင်များအနေဖြင့် လက်မှတ်ထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပိုဒုက္ခရောက်အောင်တွန်းပို့ပြီး နောက်တွင် အခုတခါ အိုင်စီစီ အော် နေကြပြန်ပြီဖြစ်သည်။ အိုင်စီစီကိုသာတကယ်လုပ်နိုင်လျှင် ကောင်းမည်ဖြစ်သည်။ အိုင်စီစီအနေဖြင့် နအဖတွင်သာမကပဲ တော် လှန် ရေးဘက်မှ လူ့အခွင့်အရေး ချိုးဖေါက်မှုများကိုလည်းမျက်စိပိတ်ထားလိမ့်မည်ဟု ယူဆကြလျှင်တော့မှားမည်ဖြစ်သည်။ ကလေး စစ်သားကိစ္စ၊ ကချင်ပြည်နယ်ရှိသတ်ဖြတ်မှုကိစ္စ၊ အခြားလူ့အခွင့်အရေးချိုးဖေါက်မှုကိစ္စနှင့် ယခင်နိုင် အောင်ဘက်မှရှိခဲ့သော စစ်ကြော ရေးစခန်းများကိစ္စတို့ကိုလည်း အိုင်စီစီကလုပ်ရလိမ့်မည်ဖြစ်သည်။ ထိုသို့လုပ်လျှင်ကော မည်မျှပူးပေါင်းဆောင်ရွက်မှု ပေးကြပါမည် နည်း။ ရှေ့နေအစစ်မဟုတ်ပဲရှေ့ နေ ယောင်ဆောင်နေသူအနေဖြင့်လည်း လေ့လာသင့်သည်။ မိမိလက်များကကော စွန်းနေသော သွေးများ ဆေးကြောထားပြီလောဆိုသည်ကို ကြည့်၍သတ္တိရှိရှိလုပ်သင့်သည်။ တကယ်ရဲရဲဝန့်ဝန့်လုပ်ရဲကြ လျှင်တော့ ကောင်းမည်ဖြစ် သည်။ ရဲဝန့်သည့်သတ္တိဆို၍ အချို့ရှေ့နေများက ယုံကြည်ချက်အတွက် အသက်ပေးရန်ဝန်မလေးတတ်ကြ။ ထိုင်းနိုင်ငံမွတ်ဆလင်များ ကိစ္စကိုလိုက်ပါပေးခဲ့သောရှေ့နေအနေ ဖြင့် အသတ်ခံရမည်ကိုသိလျှက်နှင့် သူ့ရပ်တည်ချက်အတွက် ရဲရဲဝန့်ဝန့်လုပ်ခဲ့ သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေအယောင်ဆောင်ကြီးကတော့ ဘန်ကောက်တွင် အိုင်စီစီကိစ္စအစည်းအ ဝေးတွင် ရန်သူ ထောက်လှမ်းရေးထိုးဖေါက်ဝင်လာသည်ဆိုကာ မျက်ဖြူလန်နေကြောက်သွေးကန်နေခဲ့ သည်မှာ ပါခဲ့သည့်သူများအားလုံး အသိ ပင်ဖြစ် သည်။ အမှန်တရားအတွက် အလွန်မားမားမတ်မတ်ရပ် တည်မည့်ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။ ဘန်ကောက်တွင် သူ့အား မည်သူမျှ လာ သတ် မည်မဟုတ်သည်ကို သိနိုင်ရက်နှင့် ကြောက်သေးပါခဲ့သည်။ ရောင်မှားပြီး သူတို့ဘာသာလုံခြုံရေးအတွက်ခေါ်ထားခဲ့သော ထိုင်း ထောက်လှမ်းရေးများကို ဗမာထောက်လှမ်းရေးများထင်ပြီး မောင်းထုတ်ခဲ့သည်။ တော်လေစွ။

ခေါင်းဆောင်မှုဆိုသည်မှာ နေရာနှင့်ထင်ပေါ်ကြော်ကြားမှုချည်းသာလာသည်မဟုတ်ပါ။ ထိုနေရာနှင့် ထိုက်တန်သော စွန့်လွှတ် အနစ်နာ ခံမှု၊ တာဝန်ရှိမှုများနှင့် လုပ်ဆောင်ရန်လိုအပ်မှုများလည်း အတူတကွ ဒွန်တွဲပါလာလေ့ရှိသည်။ ကျွန်တော်တို့တော်လှန်ရေးမှ လက်ရှိရှိ နေသော မည်သူများထိုအရည် အချင်းများနှင့်ပြည့်စုံကြပါသနည်း။

ငြိမ်းချမ်း

အပြည့်အစုံသတင်းဖတ်ရန်....

ဇွန် ၂၉ ၂၀၀၉ သတင်းများ

June All News

အပြည့်အစုံသတင်းဖတ်ရန်....

Shepard Fairey Unveils Icon in Support of Aung San Suu Kyi

Proceeds from the sale of this print will benefit the U.S. Campaign for Burma and our partner organization, the Human Rights Action Center. You can purchase your print from Shepard Fairey’s website at http://obeygiant.com/store/product.php?productid=132&cat=1&page=1.

Noted Obama Portrait Artist Aids Human Rights Action Center, US Campaign for Burma in Fight To Free The Rightful Leader of Burma

“Freedom to Lead” Campaign Enlists Ryan Kavanaugh, Relativity Media‘s Rogue andCausecast to Rally International Support

fairey

LOS ANGELES, JUNE 24, 2009 – Breakthrough American artist Shepard Fairey has released a striking new image today, in support of the plight of Aung San Suu Kyiand the oppressed nation of Burma. Fairey, who drew international acclaim during the 2008 American presidential election for his stirring red, white, and blue “HOPE” portrait of Barack Obama, has applied his bold style to create an iconic piece in support of Suu Kyi, the rightful leader of Burma, who has been held under house arrest by a military junta for the past 13 years. Fairey’s illustration serves as a public support of the work of the Human Rights Action Center and the U.S. Campaign for Burma to engage the international community in the struggle to free Aung San Suu Kyi, and establish democracy in her nation. For more information, visit http://uscampaignforburma.org/take-action.

“This Human Rights cause is something I believe in strongly,” said Fairey. “I created this portrait of Aung San Suu Kyi to raise awareness of her on-going house arrest and the oppressive nature of the military regime ruling Burma.”

Utilizing the striking color palette of the Campaign, the image depicts Aung San Suu Kyi’s hopeful face, with dove imagery at her heart. With “FREEDOM TO LEAD” as her banner, the portrait incites a bold movement, to ensure that the world’s only imprisoned Nobel Peace Prize recipient will soon be released from prison and usher in an era of human rights and democracy that her people desire.

“Aung San Suu Kyi is the Nelson Mandela of Asia,” said Jack Healey, the head of theHuman Rights Action Center. “Shepard’s tribute to her will remind the world she is the rightful leader of Burma in a powerful way.. I always felt it was his image that galvanized the Obama movement, God willing, it will do the same for Aung San Suu Kyi and those fighting for human rights in her name.”

”In a world in which we all too often focus on differences, Aung San Suu Kyi is a unifying figure that people of all political persuasions can work to support. Shepard’s image encapsulates that very point beautifully,” said Jeremy Woodrum, director of the U.S. Campaign for Burma. “The Burmese people have appealed for our help – let’s give it to them.”

The Human Rights Action Center and the U.S. Campaign for Burma are stepping up their efforts to draw attention to human rights abuses being committed by Burma’s dictator Than Shwe, as well as the movement for democratic change in the country. The organizations are looking to stage a concert in Los Angeles in late fall to heighten awareness and support Burma’s movement for democracy. Renowned entertainment producer and financier, Ryan Kavanaugh, along with his companies Relativity Media and Rogue, are actively supporting The U.S. Campaign for Burma and the Human Rights Action Center and their efforts to bridge creative talent and the plight of the Burmese people.

The “Freedom To Lead” campaign has partnered with Causecast, an online global community and social action network; a leader for online cause marketing campaigns, for all social media development and offline grassroots building campaigns. In effort to get more people aware of Aung San Suu Kyi and the situation in Burma and keep people connected, Causecast will be providing easy to read daily updates on Causecast.org and through Twitter (@Causecast) about Aung San Suu Kyi by aggregating all related content. Causecast will be using the @Causecast to communicate the most up to date news feeds from all around the world. www.twitter.com/causecast

Causecast will build a website dedicated to being the single resource for all things Aung San Suu Kyi, which upon launch can be found at freedomtolead.causecast.org. The site will house information and facts, exclusive articles, graphical assets, and ideas for coalition members to show their support on Twitter, Facebook, Myspace, Bebo, and personal blogs, empowering anyone with a presence online to make a difference. In addition, Causecast will have guest contributors highlighting user generated blog posts, and releasing original op-ed articles from respected writers and influencers in the human rights space. Causecast is also directing people to www.uscampaignforburma.org to take additional actions including signing the petition to free Aung San Suu Kyi.

Causecast leader and activist Maggie Q who saw the Burmese refugee camps firsthand, will be writing about her travels over to the border of Thailand, had this to say,”The fight for Human Rights in Burma, and the struggle for democracy led by Aung San Suu Kyi, can no longer be ignored. I pray that this incredibly important image will create much needed awareness and inspire a whole generation to raise their voices in support of Burma’s rightful leader.” Maggie’s Causecast profile can be found at http://www.causecast.org/leader/maggie-q.

Aung San Suu Kyi, who turned 64 on June 19th, is not just a human rights leader. She led her political party, the National League for Democracy, to win 82% of parliamentary seats in Burma’s last nationwide election. The NLD’s elected members, including Aung San Suu Kyi, were never permitted to take their rightful position as l
eaders of the country, and 2,100 political prisoners – including members of parliament — remain locked up in prison.

Aung San Suu Kyi’s has been held under house arrest for 13 of the past 19 years, but her detention was set to expire in late May. However, she was removed from her home and placed in Burma’s notorious Insein prison (pronounced: Insane) in advance of that date after an American broke into her home. Even though she did nothing wrong, she was charged with breaking the terms of her house arrest. The charges, which Suu Kyi vehemently denies, have no merit. President Obama publicly condemned the recent arrest of Suu Kyi and has called for her release. Likewise, the Senate Women’s Caucus on Burma – which includes every single female member of the U.S. Senate and is chaired by senators Dianne Feinstein (D-Calif.) and Kay Bailey Hutchison (R-Texas), recently called for Than Shwe’s military junta to immediately release Aung San Suu Kyi, as well as all other political prisoners.

Aung San Suu Kyi has appealed to people throughout the world to support the struggle for human rights in Burma, stating “Please, use your liberty to promote ours.” Suu Kyi and the NLD have also appealed for countries around the world to impose sanctions on Burma until there is a transition to democracy, stating that business only benefits the military regime.

The Burmese military regime is among the world’s most brutal, destroying over 3,300 ethnic minority villages, forcing at least 1.5 million people to flee their homes as refugees and internally displaced, recruiting tens of thousands of child soldiers, and employing modern-day slave labor.

The country burst into international headlines in September 2007 when tens of thousands of Buddhist monks marched in the streets calling for an end to military dictatorship. Than Shwe’s regime crushed the uprising, killing scores of monks and civilians.

About Shepard Fairey
Shepard Fairey is the man behind OBEY GIANT, the graphics that have changed the way people see art and the urban landscape. What started with an absurd sticker he created in 1989 while a student at the Rhode Island School of Design has since evolved into a worldwide street art campaign, as well as an acclaimed body of fine art. In 2003, Shepard founded Studio Number One, a creative design firm dedicated to applying his ethos at the intersection of art and enterprise. Shepard’s art reached a new height of prominence in 2008, when his “HOPE” portrait of Barack Obama became the iconic image of the presidential campaign and helped inspire an unprecedented political movement. Shepard is currently the subject of a 20-year career survey at the ICA Boston. The show’s next stop is the Andy Warhol Museum in Pittsburgh, PA and will continue to tour museums across the U.S. in 2010. For more information, visit www.obeygiant.com.

ABOUT THE HUMAN RIGHTS ACTION CENTER

The five primary goals of Human Rights Action Center are campaigning to include the Universal Declaration of Human Rights in citizen’s passports, supporting growing human rights groups all over the world, creating innovative, forceful, effective solutions to assist victims in protecting themselves, to rightfully restore Aung San Suu Kyi to power in Burma, and to create a fund to get people out of harm’s way in exceptional human rights abuse cases. Jack Healey heads the Human Rights Action Center in Washington, DC. Jack has been called “Mr. Human Rights” by U.S. News & World Report. He was named Person of the Week at ABC by Peter Jennings and his music tours of 1986 and 1988 both won ‘tour of the year honors’ by MTV. Jack marched with Dr. Martin Luther King Jr. on the March on Washington in 1963, pioneered the World Hunger Run with Dick Gregory, and was Director of the Peace Corps Lesotho in Africa for four years. Becoming the executive director of Amnesty International USA in 1981, he made Amnesty International a household name with his pioneering of four successful musical tours including the Conspiracy of Hope and Human Rights Now! Tours.
http://www.humanrightsactioncenter.org

ABOUT U.S. CAMPAIGN FOR BURMA

Citizens who want to get involved with the campaign for Aung San Suu Kyi and Burma can sign up at www.uscampaignforburma.org The United States Campaign for Burma is a U.S.-based membership organization dedicated to empowering grassroots activists around the world to bring about an end to the military dictatorship in Burma. USCB works with people in all 50 U.S. states on human rights in Burma, as well as in the U.S. Congress and at the United Nations. USCB staff have testified at the Senate Foreign Relations Committee and House Committee on Foreign Affairs, as well as at governmental bodies throughout the world. USCB’s work has been covered in over 50,000 news articles, and USCB directors have spoken about Burma on NBC, ABC, CBS, CNN, BBC, etc. USCB co-founder Jeremy Woodrum was nominated for the Reebok Human Rights Award and has spoken on Burma in 25 U..S. States. USCB co-founder Aung Din
served as a political prisoner in Burma for over four years after participating in his country’s 1988 uprising that nearly toppled decades of military rule. Both have written extensively about the situation in Burma.
http://uscampaignforburma.org

ABOUT RELATIVITY MEDIA

Relativity Media, LLC (”RML”) is a media and entertainment company which focuses on creating, financing and distributing first class, studio quality entertainment content and intellectual property across multiple platforms, as well as making strategic partnerships with, and opportunistic investments in media and entertainment related companies and assets. Relativity also owns and operates Rogue, a company that specializes in the production and distribution of lower-budget genre films, as well as the label’s entire library of films. Under Relativity’s new ownership, Rogue has had particular success within the horror genre including The Unborn and The Last House On the Left.

To date, Relativity has financed and/or produced over 60 films that have seen wide release and have accumulated $7.4 billion in worldwide box office revenue. Fifty of those films are “Top 10″ box office releases from the past two years. Relativity’s recent films include Fast and Furious, Step Brothers, Hancock, Wanted, Burn After Reading, Death Race, The House Bunny, Mamma Mia!, You Don’t Mess With the Zohan, Pineapple Express, The Mummy: Tomb Of the Dragon Emperor, and Hellboy Ii: The Golden Army.

Relativity’s 2008 slate included five of the top twelve highest-grossing films of the year; eighteen of the company’s films have opened at #1 at the box office, and eighteen of RML’s nineteen summer releases landed in the top three highest earners in their respective opening weekends. Their films have earned 29 Oscar® nominations, including nods for Frost/Nixon, Atonement, American Gangster, and 3:10 To Yuma. Twenty-nine of RML’s films have each generated over $100 million in worldwide box office receipts. This past summer, Relativity Media, LLC announced an extensive international distribution program, which included thirteen output deals covering 100+ territories.

ABOUT CAUSECAST

Dubbed “a one stop philanthropy shop” by TechCrunch, Causecast is an online global community and social action network that connects, promotes and empowers individuals, celebrities, activists, businesses and nonprofits with media and tools that transform interest into action and directly influence positive change. Based on the understanding that all causes are inherently connected, Causecast believes that in order to change the course of history we must not only act as individuals but through collaboration. People want to do good, want to be inspired, and want to inspire others to join them in giving back. Causecast makes this easy by providing users with means to CONNECT with people, local and world leaders, charities, nonprofit organizations, and brands that inspire them. Causecast has already partnered with Google in the All For Good Campaign, Global Green, Kiva, and the Human Rights Action Center as well as celebrity activists such as Jennifer Lopez, Maggie Q, and Jenny McCarthy. This summer, Causecast will be launching the public BETA version 2.0 of its website with even more capabilities to empower its users. http://www.causecast.org.

အပြည့်အစုံသတင်းဖတ်ရန်....

Monday, June 29, 2009

အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်

အကောင်းဆုံး မြေသြဇာ အဖွဲ့မှ အရေးပေါ် သတင်း ထုတ်ပြန်ကြေငြာချက်

အပြည့်အစုံသတင်းဖတ်ရန်....

လွတ်မြောက်ရေး ကဗျာ နှင့် သွေးစည်းစို့

လွတ်မြောက်ရေး
ပြည်သူတွေရဲ့ စားဝတ်နေရေး
ဘယ်လိုတွေးလဲ ဒါတွေ အားလုံး
မင်းလက်ထဲမှာ
ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလို
ထောက်ခံဖို့လည်း လက်နက်တွေက
မင်းလက်ထဲမှာ
ဒို့လွတ်မြောက်ရေး အသက်ပေးမယ့်
ဒို့ရဲ့ခေါင်းဆောင် အန်တီစုလည်း
မင်းလက်ထဲမှာ

မတ်လ ( ၂၉ ) ရက် ၂၀၀၆ ရက်နေ့က ဖမ်းဆီးထောင်ချခံရတဲ့ ဥပဒေ နောက်ဆုံးနှစ် ကျောင်းသား ကိုဇေယျာအောင် (စတေးခံ အမှတ်-၀၀၀၃) ရဲ့ ကဗျာ အပိုင်း အစ လေးပါ။

သွေးစည်းစို့


မတ်လ ( ၂၉ ) ရက် ၂၀၀၆ ရက်နေ့က ဖမ်းဆီးထောင်ချခံရတဲ့ ဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုဇေယျာအောင် (စတေးခံ အမှတ်-၀၀၀၃) ရဲ့ လက်ရေး မူရင်းကဗျာ လေးပါ။

source by : အကောင်းဆုံး မြေသြဇာ

အပြည့်အစုံသတင်းဖတ်ရန်....

ရှပ်နီတွေ ဘန်ကောက် ဦးတည်နေပြီ

ဥက္ကဋ္ဌ Kwanchai Praiphana ဦးဆောင်တဲ့ ခွန်ရတ်ဥဒေါင် (ဥဒေါင်ကိုချစ်ပါ) လို့ အမည် ပေးထားတဲ့ ရှပ်နီအဖွဲ့ဝင် ၅၀၀ လောက်ဟာ စနေနေ့ ညနေက အရှေ့မြောက်ပိုင်း ဥဒေါင် ထနီပြည်နယ်ကနေ ဘန်ကောက်ဘက် ဆီကို ဘတ်စ်ကားတွေနဲ့ ထွက်ခွာသွားကြပါပြီ။

တခြား ပြည်နယ်တွေကလာတဲ့ ရှပ်နီတပ်ဖွဲ့ တွေနဲ့ ဆနမ်လွမ်းကွင်းကြီးမှာ ဆုံစည်းပူး ပေါင်းဖို့အတွက် ဘန်ကောက်ကို ညနေ ၄ နာရီ လောက်မှာ ဆိုက်ရောက်ဖို့ အဖွဲ့သားတွေက မှန်းဆထားပါတယ်လို့ ကွမ်ချိုင်း ကပြော ပါတယ်။ ရှပ်နီ အဖွဲ့သားတွေက ရွေးကောက်ပွဲသစ်အတွက် လမ်းဖွင့်ပေးတာဖြစ်တဲ့ ပါလီမန် ဖျက်သိမ်းရေးကို ၀န်ကြီးချုပ် အဘီဆစ် ကို တောင်းဆိုမယ်၊ အစိုးရသစ်တခု ရွေးချယ်ခွင့်ပေးဖို့ အတွက် အစိုးရအနေနဲ့ ပြည်သူလူထုကို အာဏာပြန်ပေးသင့်တယ် လို့ သူက ရှင်းပြ ပါတယ်။

ဒေသအသီးသီးက ရှပ်နီအဖွဲ့သားတွေ အထူးသဖြင့် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ပြည်သူတွေဟာ ဒီကနေ့ ညနေ ၅နာရီ၊ ဆနမ်လွမ်းကွင်းကြီးမှာ ကျင်းပမယ့် အစိုးရ ဆန့်ကျင်ရေး လူထုအစည်းအဝေးကြီးကို တက်ရောက်ဖို့ အတွက် အခုအခါ ဘန်ကောက်ကို ဦးတည်ချီတက်နေကြပါတယ်။

ဒီကနေ့ညနေ ၈ နာရီခွဲမှာ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာက ဖုန်းထဲကနေတဆင့် မိန့်ခွန်း ပြောကြားမှာ ဖြစ်တယ် ဆိုတာ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု (UDD) က အတည်ပြုပြောဆိုပါတယ်။ ရှပ်နီ အဖွဲ့သားတွေဟာ ဆနမ်လွမ်း ကွင်းကြီးမှာ စုစည်းပြီး တနင်္ဂနွေမနက်မှာ လူစုခွဲပါမယ်။ လို့ UDDရဲ့အဓိက ခေါင်းဆောင် Jatuporn Promphan က ဒီကနေ့စနေမှာ ထပ်မံပြောဆို ပါတယ်။ လူအတော်များများက အဓိကကျတဲ့ အစိုး ရရုံးတွေ၊ ဘုရင့်အတိုင်ပင်ခံ ပရင်တင်ဆူလာနွံဒါ ရဲ့အိမ်နဲ့ အစိုးရ အိမ်တော်တွေ ၀ိုင်းမှာကို ကြောက်နေကြတယ်။ ကျနော်တို့ ဒါတွေကို မလုပ်ပါဘူးလို့ သူ ရှင်းပြပါတယ်။

source by : နေ့သစ်

အပြည့်အစုံသတင်းဖတ်ရန်....

အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း

ဟိန်းခိုင်ထွန်း | ပြီးခဲ့သော စာသင်နှစ်က လျှပ်စစ်မီး ပုံမှန်မလာ၍ ကျောင်းစာများ လေ့လာ၍ မရသော်လည်း စာမေးပွဲ ဖြေဆိုပြီးနောက် အောင်စာရင်း ထွက်ရှိသည့် အခါတွင် ဖြေဆိုသော ကျောင်းသားများ၏ နာမည် များပါရှိလာ သောကြောင့် ယခုနှစ် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား အများစု မှာ ကျောင်းတက်ရန်အတွက် စိတ်အား ထက်သက်မှု မရှိတော့ဟု သိရသည်။

အခြေခံပညာ အထက်တန်း အဆင့် တက်နေသည့် ကျောင်းသား အများစုမှာ ကျောင်းတက်ချိန်တွင် စာသင်ခန်း အတွင်းတွင် မရှိဘဲ အင်တာနက် ဆိုင်များ နှင့် ဂိမ်းဆိုင်များတွင်သာ အချိန်ဖြုန်းကြသည်ဟု အထက ၁ လသာမှ ဆရာမ တစ်ဦးက Freedom News Group သို့ ပြောသည်။

အင်တာနက်ဆိုင်များ၏ ၀န်ဆောင်မှုသစ် တစ်ခုဖြစ်သည့် ၀က်ဘ်ဂိမ်းများ ခေတ်စားလာမှုကလည်း စာသင်ခန်းထက် ပို၍ ဆွဲဆောင် နိုင်ဖွယ်ရာ အချက်ဖြစ်ခဲ့သည်ဟု ယောမင်းကြီးလမ်းတွင် ဖွင့်လှစ်ထားသည့် အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ “ဆိုင်မှာ ဆို အင်တာနက် ၀က်ဘ်ဆိုက် ကြည့်တဲ့သူက နည်းနည်း ဂိမ်း၊ ချတ် နဲ့ ဗီဒီယိုကြည့်သူတွေက ခပ်များများဟု ထိုသူက သူ့ဆိုင်သို့ လာရောက် သည့် စားသုံးသူများ၏ သဘောကို ပြောပြသည်။

စစ်အစိုးရ၏ တစ်နှစ်တန်း အအောင်ပေးရေး ပညာရေး စနစ်ကြောင့် ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းစာ အပေါ် စိတ်ဝင်စားမှု နည်းလာ ခြင်းဖြစ်သည် ဟု ကျောင်းသား မိဘတစ်ဦးက သုံးသပ်ပြီး ကျောင်းဆရာမ တစ်ဦးကမူ “စာသင်လည်း အပိုပဲ တက္ကသိုလ်က ဘွဲ့ရလည်း ဒီလက်မှတ်နဲ့ ဘယ်နိုင်ငံမှာမှ အလုပ်မရဘူးဆိုတာ သူတို့ သဘောပေါက် နေကြပြီ ထင်တယ်" ဟု
ပြောသည်။

Facebook ဟုခေါ်သည့် Social Networking Website မှ Mafia Wars ခေါ်သည့် အဆင့် အလိုက် ပြိုင်ဘက်များဖြင့် ဆော့ရသည့် ဂိမ်းမှာ မြန်မာ နိုင်ငံတွင် လူကြိုက်များ နေသည်။ ထို ဂိမ်းမှာ နေ့စဉ် ရက်ဆက်ဆော့ ရပြီး နိုင်ငံတကာတွင်လည်း လူကြိုက် များသော ဂိမ်းတစ်ခု ဖြစ်နေ သည်။

ကျောင်းမတက်ပဲ အင်တာနက်ဆိုင်တွင် အချိန်ဖြုန်းသော ကျောင်းသား အများစုမှာ Face Book ရှိ Mafia Wars ကို အဆော့များ ကြသည်ဟု Spider Web မှ ၀န်ထမ်း တစ်ဦးက ပြောသည်။

source by : Freedom News Group

အပြည့်အစုံသတင်းဖတ်ရန်....

မာယာရှင်လား အာဏာရှင်လား


Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, June 28, 2009

ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးပါ..



သူ စစ်တွေထောင်မှာတုန်းက စပ်ထားတဲ့ ကဗျာပေါ့.. ထောင်ထဲမှာ စာရွက်တို့ ဘောပင်တို့ မရှိတော့ ကဗျာလေးကို အလွတ်ကျက်၊ မိသားစု လာတော့ ရွတ်ပြ၊ အစ်မက မှတ်ပြီး ယူသွားပေါ့။ အင်း စိတ်ဆင်းရဲစရာပါပဲ။

ကိုမင်းကိုနိုင်ရဲ့ ဒီကဗျာလေးဟာ သူထောင်ထဲမှာ စိတ်ဘယ်လောက် ဆင်းရဲလဲဆိုတာ ပေါ်လွင်တဲ့ကဗျာလေးပါ။ သူဟာ အင်မတန်ကို ကဗျာရေးရာမှာ ပါရမီပါသူမို့ ကဗျာကြိုက်တဲ့ ကျနော် အင်မတန် လေးစားမိပါတယ်။ တကယ်ပါ။ ထောင်ကျတယ်ဆိုတာလဲ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်ပါစေ၊ စိတ်ဆင်းရဲရတာပဲဗျာ.. စဉ်းစားသာကြည့်ပါတော့။ အခုနေများ ဗိုလ်ချုပ်တစ်ယောက်ရဲ့ သားသမီး တစ်ယောက်ယောက် ထောင်တောင် မဟုတ် အချုပ်များ ကျရင် သူတို့တွေ ဘယ်လောက် ပြာယာခတ်လိုက်မလဲနော်။

တခု စဉ်းစားမိလို့ ပြောချင်တာက.. ဒီအခု နိုင်ငံ့ခေါင်းဆောင်လုပ်နေသူတွေဟာ ကိုယ်ချင်းစာစိတ်မရှိဘူးဆိုတာပါပဲ။ ဒါကြောင့် ဒီမိုကရေစီအားပေးသူများအနေနဲ့လဲ သူတို့အပေါ် ခွင့်လွှတ်စိတ် မထားစေချင်ဘူး။ နောက် အမြဲ သတိထားပြီး နေထိုင်သင့်ပါတယ်။ သူတို့ဟာ တရားတာ မတရားတာ ကြည့်တာမဟုတ်ဘူး။ အခုလို ပြောတာဟာ ကြောက်တာမဟုတ်ပါဘူး။ ဒါဟာ ရေရှည်အကျိုးကို ကြည့်ပြီး ပြောခြင်းပါ။ ရှေ့ဆက်လုပ်စရာတွေအတွက်၊ မြန်မာပြည် ရေရှည်အကျိုးအတွက်ပါ။

ကျောင်းသားခေါင်းဆောင်များပြောတဲ့ အန်အယ်လ်ဒီကပြောတဲ့ သင်ပုန်းချေတယ်၊ ဆိုတာတွေ.. ကျနော်တော့ ဒါဟာ အင်မတန်ကို လျှော့ပစ်လိုက်ရတဲ့ အချက်ပဲ ဆိုတာ သိစေချင်ပါတယ်။ အန်အယ်လ်ဒီက အစွမ်းကုန် လျှော့ပြီးပါပြီ။ ဒီ့ထက် လျှော့လဲ အောက်ခံဘောင်းဘီပဲ ကျန်ပါတော့တယ်ဗျာ။

ကဲ ကိုမင်းကိုနိုင် (ဦးမင်းကိုနိုင်) ရဲ့ ရင်နင့်ဖွယ် ကဗျာလေးပါဗျာ။ ကျနော်တော့ ဖတ်တိုင်း စိတ်ထိခိုက်ရပါတယ်
ရဲရင့်ခ

ကံခေသူ

မြတ်နိုးသမျှ ဆုံးရှုံးသူဟာ ကံဆိုးသမား (— ဆိုရင်)
ကျနော် အချစ်ရေးမှာ ကံခေသူ
ဆုံးရှုံးမှ တန်ဖိုးသိသူဟာ လူမိုက် (— ဆိုရင်)
မိသားစုဘ၀မှာ ကျနော် မလိမ္မာခဲ့
လူမိုက်ဟာ ကံကောင်းနေမှန်း မသိလို့ မခံစားပေမဲ့
လူလိမ္မာဟာ ကံဆိုးနေမှန်းသိလို့ ခံစားရပေတယ်။
လူမိုက်ကံဆိုးတော့ ကြုံပြီးပြီ။
လူလိမ္မာကံကောင်း ဇာတ်ပေါင်းခန်းတော့ မျှော်ရီရီ။

မင်းကိုနိုင်
(စစ်တွေထောင်တွင်းစပ်ကဗျာ)
ပေးပို့သူ နိုင်နိုင် (ALD)

အပြည့်အစုံသတင်းဖတ်ရန်....

NLD တိုးတက်ပြောင်းလဲဖို.လိုကြောင်း လူထုဦးစိန်ဝင်း ဝေဖန်ပြောကြားချက်


B0627KMS.mp3 (audio/mpeg Object) - ကျနော်ကတော့ ဂမ် ဘာရီဟာ သူ့ကို စွဲချက်တောင်မှ (၂) ခုပဲ ကျနော်က တင်ချင်တယ်” လို့ ပြောလိုက်တဲ့ လူထုစိန်ဝင်းနဲ့ အင်တာဗျူး (RFA)

ဟုတ်ကဲ့ ဆရာဦးစိန်ဝင်းခင်ဗျာ၊ အခု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကတော့ မြန်မာပြည်က ပြန်သွားပြီလို့သိရပါတယ်။ သူလာခဲ့တဲ့ ခရီးစဉ်နဲ့ အကျိုးဆက်တွေ ပေါ့၊ ဆရာ ဘယ်လိုမြင်ပါသလဲခင်ဗျာ။
ဒီအကြောင်းကိုတောဗျာ့ ကျနော် အရင်ကလည်းပဲ ဂမ်ဘာရီလာခဲ့တဲ့ အကြိမ်တွေမှာလည်း ကျနော် ခဏခဏ ပြောဖူးပါတယ်။ ဂမ်ဘာရီပဲ လာလာ၊ ဘန်ကီမွန်းပဲ လာလာ ဟုတ်လား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် တွေ တခုလုံးပဲ လာလာ၊ အခြေအနေတွေကတော့ ဘာမှထူးခြားမယ်လို့ ကျနော်ကတော့ မယူဆဘူးဗျ။ ဘာ ဖြစ်လို့လဲဆိုတော့ကာ ဒီကုလသမဂ္ဂကလည်းပဲ သူ့မှာက ဘာမှ တကယ်တမ်း သူက လုပ်ပေးနိုင်တဲ့ အခွင့်အာ ဏာ သူ့မှာ ဘာမှမရှိဘူး။ အရင်တုန်းက ဦးသန့်ပြောခဲ့ဖူးတဲ့ စကားလေးတခွန်း ရှိတယ်။ ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်နဲ့ ရှိနေစဉ်တုန်းက ဦးသန့်က ပြောခဲ့ဖူးတယ်။ သူ့မှာ ဘာမှ လုပ်ပိုင်ခွင့်အာဏာတွေ မရှိပါဘူးတဲ့။ သူ့အလုပ်ဟာ တကယ်တော့ ဂုဏ်ထူးဆောင် စာရေးတော်ကြီးအလုပ်ပါပဲတဲ့။ ဆိုတော့အခုလည်း ပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ ဘာတို့မှာက ဘာမှလုပ်ပိုင်ခွင့်တွေ၊ အခွင့်အာဏာတွေ မရှိဘူး။ ဒီလိုအခွင့် အာဏာတွေ မရှိတဲ့အတွက် ဒီအစိုးရကလည်း သူတို့ကို သိပ်ပြီးတော့ လေးစားမှု၊ အထင်ကြီးမှု မရှိဘူးခင်ဗျ။

နောက်ပြီးတော့ ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်အပေါ်မှာလည်း ပုဂ္ဂိုလ်ရေးအရကို ကျနော်က ဂမ်ဘာရီကို မယုံကြည် ဘူးဗျ။ သူဟာ စစ်မှန်တဲ့ ကုလသမဂ္ဂရဲ့ကိုယ်စားလှယ်လို့ ကျနော်က မယူဆတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူအရင်တုန်းက (၇) ကြိမ်လောက်လာခဲ့တယ်။ လာခဲ့တဲ့ အကြိမ်တိုင်းမှာလည်း သူက တိုးတက်ပါတယ် ပြော သွားတာပဲရှိတယ်။ တကယ်တမ်းတော့ ဘာမှ တိုးတက်တာတွေ ဖြစ်မလာဘူး။ အဲတော့ ကျနော်ကတော့ ဂမ် ဘာရီဟာ သူ့ကို စွဲချက်တောင်မှ (၂) ခုပဲ ကျနော်က တင်ချင်တယ်။ ပထမစွဲချက်ကတော့ လိမ်လည်မှု။ သူက ဟုတ်လား ဘာမှမတိုးတက်ဘဲနဲ့ အခြေအနေတွေက ဆိုးနေတာပဲရှိတယ်။ ဆိုးနေတာတွေကို ကောင်းပါတယ်၊ ကောင်းပါတယ်၊ တိုးတက်ပါတယ်ဆိုပြီး လိမ်ညာပြီးတော့ လုံခြုံရေးကောင်စီကို အစီရင်ခံနေတယ်။ ဒါတချက် ပေါ့။

နှစ်အချက်ကတော့ ဂမ်ဘာရီဟာ သူ့ကို လုံခြုံရေးကောင်စီက ပေးအပ်ထားတဲ့ အခွင့်အာဏာတွေမရှိဘဲနဲ့ အာ ဏာကို သူအလွဲသုံးစာလုပ်တယ်လို့ ကျနော်က ယူဆတယ်။ လုံခြုံရေးကောင်စီက အခွင့်အာဏာ ပေးထားတာ က၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြန်မာပြည်နိုင်ငံရေးမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ် လာစေဖို့ အဲဒီအတွက် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ ဒါကိုလုံးပမ်းဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထား တာ။ အခု ဂမ်ဘာရီတို့ ဘန်ကီမွန်းတို့က ဂမ်ဘာရီက ဘာတွေလုပ်ခဲ့လဲဆိုတော့ သူက ဒီဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေကို အသိအမှတ်ပြုပြီးတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲမှာ တရားမျှ တမှုဖြစ်ဖို့၊ နိုင်ငံတကာ ကြီးကြပ်သူတွေ လာဖို့တို့ ဒီအကြောင်းတွေကို သူက ပြောပြတယ်။ ဒါဟာ သူ့အခွင့်အာ ဏာထဲမှာ မပါဘူးဗျ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်း မထားဘူး၊ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်းမထားဘူး။ ဒါကြောင့်မို့ ကျ နော်ကတော့ ဂမ်ဘာရီကို ခုနက လိမ်ညာမှုရယ်၊ အာဏာအလွဲသုံးစားလုပ်မှုရယ်နဲ့ စွဲချက်တင်ပြီးတော့ ဒီနေ ရာကနေပြီးတော့ ဖယ်ရှားပစ်သင့်တယ်လို့ ကျနော်က ယူဆတယ်။

လက်ရှိ အဲတော့ဆရာ မြန်မာ့နိုင်ငံရေးမှာ ဒီကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေက ဘာမှ ထိရောက်မှုမရှိဘူးလို့များ ပြောနေတာလားခင်ဗျ။

ဟုတ်ကဲ့ ဘာမှထိရောက်မှု မရှိပါဘူးခင်ဗျ။ ဘာမှထိရောက်မှု မရှိပါဘူး။ ကုလသမဂ္ဂက အခုနက ဦးသန့်ပြောခဲ့ တဲ့အတိုင်းပါပဲ။ ဘာအခွင့်အာဏာမှမရှိတဲ့ toothless tiger ပါပဲ။

ဟုတ်ကဲ့ အဲဒါဆို မြန်မာပြည်သူလူထုအကျိုးအတွက်က ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲ ဖြစ်လာနိုင်မလဲ။

မြန်မာပြည်သူလူထု နော် တိုင်းပြည်အတွက်ကတော့ ကျနော်တို့ မြန်မာပြည်သူလူထုကိုယ်တိုင်ပဲ ဘယ်သူ့ကိုမှ အားမကိုးဘဲနဲ့ ကုလသမဂ္ဂကိုလည်း အားမကိုးဘဲနဲ့ အမေရိကန်ကိုလည်း အားမကိုးနဲ့ အီးယူကိုလည်း အားမ ကိုးနဲ့ ကိုယ့်ပြည်သူ့အားကိုပဲ ကိုယ်အားကိုးပြီးတော့ ကိုယ့်အချင်းချင်းပဲ ညှိနှိုင်းတိုင်ပင်ဆောင်ရွက် လုပ်သင့် တယ်လို့ ကျနော်က ယူဆတယ်။ အန်အယ်လ်ဒီအဖွဲ့အစည်းနဲ့ ဒီအစိုးရနဲ့ တိုင်းရင်းသားတွေနဲ့ အတူရှိနေကြတဲ့ သုံးပွင့်ဆိုင်တွေပေါ့ဗျာ။ ဒီလူတွေအချင်းချင်းကိုပဲ ကိုယ့်ဟာကိုယ် တွေ့ဆုံညှိနှိုင်းပြီးတော့ ဖြေရှင်းသင့်တယ်လို့ ကျနော်က ထင်တယ်။ ဒီကုလသမဂ္ဂတို့ ဘာတို့ကို အားကိုးပြီးတော့ အချိန်တွေက ကြာနေပြီ။ အနှစ် (၂၀) ရှိပြီ။ တိုင်းပြည်က နာသထက်နာနေပြီ။ လူတွေက ဒုက္ခရောက်သထက်ရောက်နေပြီ။

ဟုတ်ကဲ့ဆရာ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို အခုအချိန်အထိ လုံးဝ လက်မခံသလို လက်ခံမယ့် အလားအလာလည်း မတွေ့ရဘူးခင်ဗျ။ အဲတော့ ဒီကိစ္စက ဖြစ်နိုင်ခြေရှိ ပါ့မလား။

ဟုတ်ကဲ့ ဖြစ်နိုင်ခြေမရှိတာ၊ အခု အနှစ် (၂၀) လုံး ရေစုန်မျောနေတာက စစ်အစိုးရကလည်းပဲ ဒီ တွေ့ဆုံဆွေး နွေးရေးကို လက်မခံဘူး ငြင်းပယ်နေတာက ရှင်းရှင်းပြောရရင်တော့ အန်အယ်လ်ဒီကို သူတို့က လေးစားစရာ အဖွဲ့အစည်းလို့ မယူဆတော့လို့ပဲဗျ။ အန်အယ်လ်ဒီကို လေးစားစရာအဖွဲ့အစည်းတခုလို့ယူဆရင် သူတို့ဒီလို ငါတကောမကောရဲပါဘူး။ အန်အယ်လ်ဒီကလည်း လေးစားစရာအဖွဲ့အစည်းလို့ မယူဆတာဟာ သူတို့အစိုးရရဲ့ အမှားလည်း မဟုတ်ဘူးဗျ။ ကျနော့်အမြင်ကလည်း အန်အယ်လ်ဒီ ကိုယ်နှိုက်က လေးစားစရာ အဖွဲ့အစည်းတ ရပ်လို့ လှုံ့ဆော်မှုပေါ့ဗျာ activities အနှစ် (၂၀) အတွင်းမှာ ဘာမှမရှိဘူးဗျ။ ရှင်းရှင်းပြောရရင် အန်အယ်လ်ဒီ ဋ္ဌာနချုပ်ကို သွားပြီးတော့ ကြည့်လိုက်လို့ရှိရင်လည်းပဲနိုင်ငံရေးပါတီဌာနချုပ်နဲ့ မတူဘူး။ နိုင်ငံရေးပါတီအဖွဲ့အ စည်းတခုဆိုတာ သဘောတရားတွေ၊ လမ်းစဉ်တွေ ဆွေးနွေးနေရမယ်၊ ငြင်းခုံနေရမယ်၊ နေ့စဉ်နဲ့အမျှ ငြင်းခုံ ဆွေးနွေးပွဲတွေနဲ့ ရှုပ်ယှက်ခတ်နေရမယ်။ အခု အန်အယ်လ်ဒီဌာနချုပ်က ငြိမ်သက်ပြီးတော့ ဘာမှ ပြောသံဆို သံလည်း မရှိဘူး ဘာမှ လှုပ်ရှားမှုလည်းမရှိဘူး။ ဘာနဲ့တူလဲဆိုတော့ နိုင်ငံရေးပါတီဌာနချုပ်နဲ့ မတူဘဲနဲ့ ဆွံ့အ နားမကြားကျောင်းတခုလို ဖြစ်နေတယ်။

ဆရာ မရိုမသေ တခုဖြတ်မေးပါရစေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောက်လျှောက်ဆောင် ရွက် တောင်းဆိုပြောကြားချက်တွေကကော ထိရောက်မှုမရှိဘူးလို့ ပြောတာလားခင်ဗျ။

ဟုတ်ပါတယ်ခင်ဗျ။ ထိရောက်မှုမရှိပါဘူး။ ပါးစပ်နဲ့ ပြောနေတာပဲရှိတယ်။ အလုပ် လက်တွေ့မပါဘူးဗျ။ နော် ဟိုနေ့ဒီနေ့ကျရင် ကြေညာချက်ကလေးတွေ ထုတ်မယ်၊ နော် နအဖဥက္ကဌဆီကို စာပို့မယ်၊ ဒီဟာကလွဲလို့ နိုင်ငံ ရေးမလုပ်တတ်တော့ဘူးလို့ ကျနော်က ယူဆတယ်။

ဟုတ်ကဲ့ အဲဒါဆိုလို့ရှိရင် အန်အယ်လ်ဒီအနေနဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ ပေါ်လာအောင် ပထ မဦးဆုံးခြေလှမ်းအနေနဲ့ဆို ဘယ်လိုဟာမျိုးတွေ ဘယ်လိုလုပ်ငန်းမျိုးတွေ ဆောင်ရွက်သင့်ပါသလဲ ခင်ဗျာ။

အခုအန်အယ်လ်ဒီမှာရှိနေတဲ့ ခေါင်းဆောင်မှုက ခုနကကျနော်ပြောသလိုပဲ ဆွံ့အနားမကြားကျောင်းလို ဖြစ်နေ တယ်။ နော် ဘာမှလှုပ်ရှားမှုမရှိဘူး၊ နောက် အသက်တွေကလည်းပဲ လူတွေက ရှစ်ဆယ်ကျော်တွေ ကိုးဆယ် ကျော်တွေ ဖြစ်ကုန်ပြီဗျ။ သူတို့ ကျန်းမာရေးအခြေအနေအရရော အန်အယ်လ်ဒီကို စွမ်းစွမ်းတမံ ဦးဆောင်နိုင် တဲ့ အခြေအနေ မရှိတော့ပါဘူး။ ဆိုတော့ အန်အယ်ဒီမှာ အင်မတန်တော်တဲ့လူတွေ အောက်ခြေမှာ အများကြီး ရှိပါတယ်။ ဥပမာ အမျိုးသမီးတွေထဲကတောင်မှ ကျနော် လူချင်းမတွေ့ဖူးပါဘူး။ နာမည်တွေ ကျနော်မှတ်မိ တယ်။ မန္တလေးက ဒေါ်ဝင်းမြမြတို့၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးတို့၊ ဘားအံက ဒေါ်နန်းခင်ထွေးမြင့်တို့၊ ရေနံ ချောင်း မကွေးဘက်က ဒေါ်အုန်းမြတို့၊ ဒေါ်ခင်စောဋ္ဌေးတို့ တကယ့်အမျိုးသမီးတွေဟာ အင်မတန် တက်တက် ကြွကြွနဲ့ လုပ်နေတယ်။ အင်မတန်လည်း သတ္တိကောင်းကြတဲ့ အမျိုးသမီးတွေပါ။

ဒီလိုအောက်ခြေမှာရှိတဲ့ လူငယ်တွေနဲ့ ခုနက ခေါင်းဆောင်မှုကို ၀ိုင်းရံရမယ်။ လူငယ်တွေကို နေရာပေးရမယ်။ လူငယ်တွေကို လုပ်ကိုင်ခွင့်တွေ ပေးရမယ်။ အဲလိုဆိုရင် အန်အယ်လ်ဒီဟာ စွမ်းစွမ်းတမံ လုပ်နိုင်လိမ့်မယ်။ လုပ်နိုင်လို့ရှိရင် အစိုးရကလည်း လေးစားပြီးတော့ လာမှာပါပဲ။ ကျနော်မြင်တာကတော့ အန်အယ်လ်ဒီဟာ ပြည်သူလူထုက မန်းဒိတ်ပေးထားတဲ့ ပါတီအဖွဲ့အစည်းဖြစ်တယ်။ အဲတော့ကာ ဘာမှမလုပ်ဘဲနေရင် ပြည်သူ လူထုမန်းဒိတ်ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ရုံတင်မကဘူး ပြည်သူလူထုကို သစ္စာ ဖောက်ရာလည်းရောက်တယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီဟာ တက်တက်ကြွကြွ စွမ်းစွမ်းတမံ လုပ်ဆောင်နိုင် အောင် လူငယ်တွေကို ပြောခွင့်ပေးပါ၊ လုပ်ခွင့်ပေးပါ၊ လူငယ်တွေနဲ့ ၀န်းရံပါလို့ ကျနော်ကတော့ နောက်ဆုံး ပြောလိုက်ချင်တယ်။

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

အပြည့်အစုံသတင်းဖတ်ရန်....

ပုံပြင် မဟုတ်..တကဲ့ ဖြစ်ရပ်မှန်


1976 Nobel Peace Laureate, Betty Williams, recounts her experience from visiting the children in a Refugee Camp for Burmese. Honest, Graphic, Real.
Aung San Suu Kyi Is Not Alone

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ဒါမျိုး နွားတပ်မတော်နဲ့တော့ ကွာပ

ပြည်သူ.တပ်မတော်

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ.ရှ်ပြည်နယ် အလာဟာဘက် တွင်တပ်မတော်မှ တပ်သားသစ် စုဆောင်းရာတွင် ပါဝင်နိုင်ခွင်.ရရှိရန် လူငယ်များအလုအယက်ဖြင်. စာရင်းပေးသွင်းခံရန် လက်ဖျံတွင် တံဆိပ်တုံးထုပေးနေသော စုဆောင်းရေးအရာရှိထံ ၄င်းတို.၏လက်များ ဖြန်.ထိုးပေးနေပုံ ဖြစ်သည်။ သူများနိုင်ငံတွင်တော. တပ်မတော်ကိုအဲဒီလောက်ချစ်ကြပါသည်မို. တပ်မတော်အတွင်းသို. ၀င်ရောက်အမှုထမ်းခွင်.ရရန် အခုလိုအလုအယက်တောင်းခံစာရင်းသွင်း ရကြောင်းပါခင်ဗျား...

http://kopeter.blogspot.com/2009/06/blog-post_28.html
ကိုပီတာ၇ဲ.အတွေးပုံ၇ိပ်များမှကူးယူဖော်ပြပါသည်။
Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, June 27, 2009

မြန်မာပြည်မှာ ၀က်တုပ်ကွေး စဖြစ်ပါပြီ။



မြန်မာပြည် ၀က်တုပ်ကွေးစဖြစ်၊ ရောဂါပိုးရှိသူနဲ့ သီးခြား နေရန်လို

28 June 2009
VOA/တကမ္ဘာလုံးက ထိတ်လန့်နေတဲ့ H1N1 ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ၀က်တုပ်ကွေးရောဂါ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စ ဖြစ်နေပါပြီ။ ဒါကို နိုင်ငံပိုင် မီဒီယာတွေကလည်း စနေနေ့ က အတည်ပြု သတင်းပေးခဲ့ကြပါတယ်။

ဒါ နဲ့ ပတ်သက်ပြီး ဦးတင်မောင်သန်း က ဘာများ ကြားပါသေးလဲ။ -

"လူနာ က အသက် ၁၃ နှစ် အရွယ် ကလေးဖြစ်ပြီး၊ စင်္ကာပူနိုင်ငံ က သောကြာနေ့ နေ့လည် မှာ ပြန်လာခဲ့တာပါ။ ဒီ ကျောင်းသူလေး ကို ဆေးရုံကြီး က သီးသန့် အထူးခန်း မှာ တင်ထားတယ်လို့ သတင်း က ဆိုပါတယ်။"

ဝက်တုပ်ကွေး ကို ကူးစက်တတ်တဲ့ ရောဂါလို့ ပြောကြပါတယ်။ မကူးစက်ရအောင် ဘယ်လိုများ ကာကွယ်နိုင်မလဲ ဆိုတာ ကို ဦးတင်မောင်သန်း မေးမြန်းကြည့်ထားတာများ ရှိပါသလားရှင်။ -

"ဟုတ်ကဲ့ ရှိပါတယ်။ အဓိက က တော့ တုပ်ကွေးမိတဲ့ လူနာပါပဲ။ သူတို့ ကနေ တခြားသူတွေ ကို ကူးစက်တတ်တာမို့ သူတို့ နေထိုင်ပုံ က အဓိက ကျလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး၊ အင်္ဂလန်နိုင်ငံ က ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မျိုးမြတ်လွင် ကို မေးကြည့်တဲ့အခါ၊ သူ က အခုလို ပြောပါတယ်။"

ဦးမျိုးမြတ်လွင်။ ။ ဒီရောဂါ ရရှိတယ် ဆိုတာ စမ်းသပ်ပြီးတော့ သေချာတယ် ဆိုရင် အကောင်းဆုံးကတော့ ကျောင်းမသွား အပြင်မသွားဘဲ အိမ်မှာနေတာ အကောင်းဆုံးပါပဲ။ ဒီရောဂါ လက္ခဏာ မရှိတော့တဲ့အထိ အိမ်မှာ ဘယ်သူနဲ့မှ အဆက်အသွယ်မ လုပ်ဘဲ နေရမယ်။ အိမ်မှာလည်း ကိုယ့်မိသားစုကို မကူးအောင်လို့ အထူးသတိထားရမှာပေါ့။ ချောင်းဆိုးတယ်၊ နှာချေတယ် ဆိုလို့ရှိရင် တစ်ရှူး စက္ကူလလေးတွေနဲ့ အုပ်ပြီးတော့ လွှတ်ပစ်ရမယ်။ ပြီးတော့ လက်ကို သေချာ ဆေးကြောရမယ်။ အဲဒါ သိပ်အရေးကြီးပါတယ်။

ဟုတ်ကဲ့။ အဲဒီ ကျောင်းသူလေး ဟာ မြန်မာပြည်ပြန်ရောက်ပြီးတော စာသင်တဲ့ အတန်း သွားတက်သေးတယ်လို့လည်း ပြောပါတယ်။ တခြား ကျောင်းသူကျောင်းသားတွေ အတွက် စိုးရိမ်စရာ မရှိနိုင်ဘူးလားရှင်။ -

"ဟုတ်ကဲ့။ စိုးရိမ်စရာ ရှိပါတယ်။ အဲဒီ အတန်း မှ မဟုတ်ပါဘူး။ သူ နဲ့ လေယာဉ်တခရီးတည်း စီးလာခဲ့တဲ့ သူတွေ အနေနဲ့လည်း တုပ်ကွေးမိမှာ စိုးရပါတယ်။ ဒါကြောင့်လည်း ဒီ ကလေး နဲ့ ထိတွေ့မှုရှိတဲ့ သူ့မိသားစု၊ အတန်းတက်ဖော် သူငယ်ချင်းတွေ နဲ့ လေယာဉ် တခရီးတည်း သွားခဲ့တဲ့ သူတွေကိုလည်း ကျန်းမာရေး ဌာန က စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ သူတို့ အနေနဲ့ ဘာဂရုစိုက်သင့်သလဲ ဆိုတာ ကို မေးကြည့်တဲ့အခါ၊ ဆရာမျိုးမြတ်လွင် က အခုလို ပြောပါတယ်။

ဦးမျိုးမြတ်လွင်။ ။ ရောဂါကတော့ တပတ် နှစ်ပတ်လောက်အထိ ပေါ့နော်။ နှစ်ပတ်လောက်အထိကတော့ လက္ခဏာ နောက်ပိုင်းမှာ ပေါ်လာနိုင်တယ်။ အဲဒီအတွင်းလောက် အထိကတော့ စောင့်ကြည့်ဖို့ လိုပါတယ်။ ဒီ လေယာဉ်ပျံပေါ်မှာ အတူပါလာတဲ့သူတွေ ရော၊ အတန်းထဲက နီးစပ်တဲ့သူတွေရော သူတို့ကတော့ ကိုယ့်ဟာကိုယ် သတိထားပြီး နေရမှာပေါ့လေ။ ကိုယ့်ရဲ့ ရောဂါ လက္ခဏာ စပေါ်လာတာနဲ့ ဆရာဝန်နဲ့ တွေ့ရမယ်။ တွေ့ပြီးတော့ ဒီရောဂါ ဟုတ်မဟုတ်ကို စစ်ဆေးပြီးတော့ ကုသရမယ်ပေါ့လေ။ အရေးကြီးဆုံးကတော့ ဆက် မပျံ့ဖို့ပဲ ဆိုတော့ လူတွေလည်း တတ်နိုင်သလောက် အိမ်မှာပဲ နေသင့်တာပေါ့လေ။ တကယ်လို့ ဒီ တပတ်နှစ်ပတ်လောက် ရောဂါ လက္ခာ မရှိတော့ဘူး ဆိုတဲ့ အချိန်ကျမှပဲ လွတ်လပ်စွာ အပြင်မှာ ထွက်သွားဖို့ ပိုကောင်းပါတယ်။ ထပ်ပြီးတော့ ပြောရမယ်ဆိုရင်တော့ လက်ဆေးတာနဲ့ ချောင်းဆိုတယ် ဆိုရင် ပါးစပ်နဲ့ မျက်နှာကို အုပ်ထားဖို့ အရေးကြီးပါတယ်။

ဦးတင်မောင်သန်း။ ။ ခုနကပြောတဲ့ နီးစပ်တဲ့သူတွေပေါ့လေ။ စဖြစ်မဖြစ် ဘယ်လို ရောဂါ လက္ခဏာတွေနဲ့ သိနိုင်ပါသလဲ။ -

ဦးမျိုးမြတ်လွင်။ ။ ပုံမှန် တုပ်ကွေးရောဂါသဘောမျိုးပါပဲ။ ဖျားမယ်၊ အဖျားကြီးမယ်၊ ခေါင်းကိုက်မယ်။ နှာဆေးမယ်၊ ချောင်းဆိုးမယ်။ တချို့မှာလည်း ၀မ်းသွားတယ်လို့ ကျနော်တို့ တွေ့နိုင်ပါတယ်။ ဆိုတော့ ရောဂါ လက္ခဏာ တွေ့တိုင်းလည်း ၀က်တုပ်ကွေးတော့ မဟုတ်ဘူးပေါ့လေ။ တခြား ဟာတွေလည်း ဖြစ်နိုင်ပါတယ်။ ပြောရတာကတော့ နည်းနည်းတော့ ခက်တယ်ပေါ့လေ။ တွေ့တော့မှပဲ သေချာ ပြောနိုင်မှာပဲ။

ဒါနဲ့ ဦးတင်မောင်သန်းရေ .. တခြား နိုင်ငံတွေ မှာကော ဘယ်လို စီစဉ်လုပ်ဆောင်တတ်ကြပါသလဲရှင့်။ -

"ဟုတ်ကဲ့ .. အင်္ဂလန်နိုင်ငံ မှာ လုပ်ကိုင်ပုံ ကို ဆရာ က အခုလို ဆက်လက် ပြောပြပါတယ်။"

ဦးမျိုးမြတ်လွင်။ ။ ဒီမှာတွေကတော့ အဲဒီလိုမျိုး ရောဂါ လက္ခဏာ တွေ့တယ်ဆိုရင်တော့ ဆေးရုံကို တန်းပြီး မသွားဖို့ အကြံပေးတယ် ပေါ့လေ။ ဖြစ်နိုင်ရင်တော့ အကောင်းဆုံးကတော့ မိသားစု ဆရာဝန်ကို လှမ်းပြီးတော့ အကြောင်းကြား။ မိသားစု ဆရာဝန်က အိမ်မှာ လာကြည့်ပြီးတော့ စမ်းသပ်မှုတွေဘာတွေ အိမ်မှာပဲ လုပ်ပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က စိတ်ပူပြီးတော့ ဆေးရုံ ဆေးခန်း သွားတယ် ဆိုရင် တခြားသူတွေကို ပိုပြီးတော့ ပျံ့ပွားနိုင်တာပေါ့။

ဦးတင်မောင်သန်း။ ။ အင်္ဂလန် မှာ ကျောင်းတွေ ဘာတွေ ပိတ်တာတွေရော ရှိလား ဆရာ။

ဦးမျိုးမြတ်လွင်။ ။ ဒါကို အခု အငြင်းပွားချက် ရှိနေပါတယ်။ ဒါပေမယ့် အခုလောလောဆယ် ကတော့ ဖြစ်တယ်ဆိုတာနဲ့ ကျောင်းကို တခါတည်း ပိတ်လိုက်တယ်။ နောက် ကျောင်းက ကလေးတွေကို အကုန်လုံး စစ်လိုက်တယ်ပေါ့လေ။ တကယ်လို့ စစ်လို့ ရောဂါ မရှိတဲ့ကလေးတွေ အတွက် ကျောင်းပြန်ဖွင့်ပေးမယ်။ ရောဂါ ရှိတဲ့ ကလေးတွေကတော့ အိမ်မှာပဲ နေရတာပေါ့လေ။

ဝက်တုပ်ကွေး စဖြစ်ခါစတုန်းကတော့ မက္ကဆီကို မှာ အသေအပျောက် တော်တော်များပြီး၊ အထိတ်တလန့် ဖြစ်ကြပါတယ်။ ဒီ တုပ်ကွေး က တော်တော်ကြောက်စရာများ ကောင်းပါသလား ဦးတင်မောင်သန်းရေ။ -

"ဒီလောက်တော့ ကြောက်စရာမဟုတ်ပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်၊ မေလ ၁၂ ရက်ကတည်းကဆိုရင်၊ ၀က်တုပ်ကွေးဖြစ်တဲ့ လူနာ ၁၂၀၀ ကျော်ရှိခဲ့ပြီး၊ အသေအပျောက် ၂ ယောက် ရှိခဲ့ပါတယ်။ ကျွန်တော် က ဆရာမျိုး ကို အခုလို ဆက်မေးကြည့်ခဲ့ပါတယ်။"

ဦးတင်မောင်သန်း။ ။ WHO ကလည်း သိပ်ပြီး လူတွေကို အထိတ်တလန့် မဖြစ်စေချင်ပါဘူး။ ဆိုတော့ ခုနက အန္တရာယ် ဖြစ်လောက်အောင် အထိ ဖြစ်သွားတာက ဘယ်လိုအခြေအနေမျိုးမှာမှ ဒီ တုပ်ကွေးရောဂါက ပိုပြီး ဆိုးရွားသွားနိုင်တဲ့ အနေအထား ရှိပါသလဲ ဆရာ။

ဦးမျိုးမြတ်လွင်။ ။ အခု ကျနော်တို့ တွေ့ရှိသလောက်ကတော့ ကိုယ့်မှာ နဂို ရောဂါ ရှိတယ်ပေါ့လေ။ အထူးသဖြင့် အဆုပ်ရောဂါ တို့၊ ရင်ကျပ် ရောဂါတို့၊ ကိုယ်ခံအားနည်းတဲ့ ရောဂါတို့၊ အေအိုင်ဒီအက်စ် တို့၊ ဒါမှမဟုတ် နှလုံးရောဂါ တို့၊ ဆီးချို ရောဂါတို့ ဒါမျိုး ရောဂါ အခံ ရှိတဲ့သူတွေက ပိုပြီးတော့ ဆိုးရွားတတ်တာ တွေ့ရပါတယ်။ တော်တော်များများ ကတော့ ထောင်နဲ့သောင်းနဲ့ချီပြီး ဖြစ်ကြပေမယ့် အကုန်လုံး ပြန်ကောင်းသွားကြပါတယ်။ အများသောအားဖြင့်ပေါ့လေ။ အထူး စိတ်ပူဖို့တော့ မလိုဘူး။ ဒါပေမယ့် အထူးသဖြင့်ကတော့ ကိုယ်ကိုယ်တိုင်က ရောဂါ တခု ရှိတယ်ဆိုရင်တော့ သတိထားရမယ်၊ တကယ်လို့ အသက်ရှူကျပ်တယ်။ အသက်ရှူမ၀ဘူး၊ အဖျား သိပ်ကြီးတယ် ဆိုရင်တော့ ဒါ ဆေးရုံ ဆေးခန်းမှာ သွားပြီးတော့ တက်ရင်လည်း တက်ရမယ်။ အထူးကုနဲ့ အရေးပေါ်သွားရမယ်။ အထူးကု အနေနဲ့ နေရင်နေရမယ်။ အဲဒါမျိုးလေးတွေ တော့ ရှိတာပေါ့လေ။ သတိတော့ ထားရမှာပေါ့လေ။

ဒါကတော့ အင်္ဂလန် က ကလေးအထူးကု ဆရာဝန်ကြီး ဆရာမျိုးမြတ်လွင် ကို ဆက်သွယ်မေးမြန်းထားတာပဲ ဖြစ်ပါတယ်။


အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်