Sunday, December 13, 2009

လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း

တပ်မဟာ (၁) သထုံ

၈/၁၂/၂ဝဝ၉ နေ့တွင် ဘီးလင်း၊ ထီးဖဒိုထာ မှာ ဒီကေဘီအေ တပ်ဖွဲ့များ ရွာသားများထံမှ ဆန်နဲ့ ဆိတ် အတင်းတောင်းစားသည်။ ၉/၁၂/၂ဝဝ၉ နေ့မှာလဲ ထီးဖဒိုထာ၊ ကောဖိုး တို့မှာလဲ ဆန်တောင်၊ ဒီကေဘီအေ ၃၃၃ တပ်မှလဲ ရွာများမှ ဆန်တောင်းတဲ့အပြင် တာအုနီး ကျေးရွာမှ (၂) ယောက် နှင့် ဘောပေါထာ ကျေးရွာမှ (၅) ယောက် အား အတင်းအာဓမ္မ လုပ်အားပေးခေါ်ခိုင်းသည်။

၈/၁၂/၂ဝဝ၉ နေ့မှာ ခမရ (၂၁၆)မှ ကျော်မင်းဦး ဝါပူကျေးရွာမှ ဝါး အလုံး (၂ဝဝ) နှင့် နဲဖိုးဒါ ဝါးအလုံး(၂ဝဝ) အတင်းတောင်း။

၁ဝ/၁၂/၂ဝဝ၉ နေ့တွင် ဒီကေဘီအေ မှ ထီးဖဒိုထာခီး ရွာထဲဝင်၍ ကြက် (၃) ပိဿာ အတင်း တောင်းစားသည်။



တပ်မဟာ (၂) တောင်ငူ

၉၊ ၁၂၊ ၂၀၀၉ နေ့  ၀၁း၃၀ အချိန်၌ ကေအဲန်အဲလ်အေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၂) တပ်ဖွဲ့ များ ကရင်ပြည်နယ် သံတောင်မြို့ နယ်ရှိ “ဘုရင့်နောင်တပ်မြို့ P.37 ရေဒါ” .4420 ကုန်း ရှိ “နေပြည်တော်လေကြောင်းကာကွယ်ရေးရေဒါ” အား ၀င်ရောက်ပစ်ခတ်ရန် “ရေဒါ” တခြမ်းပြိုကျ ပျက်ဆီးသွားသည်။

၁၀၊ ၁၂၊ ၂၀၀၉ မှ ၁၂၊ ၁၂၊ ၂၀၀၉ အထိ နအဖ ဗမာ့တပ်မတော် ကလော်မီးဒါး အခြေစိုက် စကခ(၅) ဗမာ့တပ်များသည် ကလော်မီဒါး ရွာသား ကျား(၅၀) မ(၃၀) အား ပလဲဝ မှ ကလော်မီဒါး နအဖ စစ်စခန်းဆီသို့  ပေါ်တာ အဖြစ်ရိက္ခာပို့ ခိုင်းသည်။

၁၁၊ ၁၂၊ ၂၀၀၉ ကရင်ပြည်နယ် သံတောင်မြို့ နယ် ဘောဂလိကြီး အခြေစိုက် စကခ(၅)မှူး ခင်မောင်ဆင့်မှ ရွာသားကား ၆ စီးနှင့် စစ်ကား အစီး ၄၀ အား ဘောဂလိကြီးမှ နော်စိုး၊ ဘူဆာခီး ဒေသများသို့ ရိက္ခာပို့ ခိုင်းသည်။



တပ်မဟာ (၃)

ရွာတွေဖျက်ခိုင်းပြီး ရေလှောင်တမံအတင်း ဆောက်တဲ့ အဖွဲ့ကို ဝင်ရောက်ဆုံးမကာ ဒိုင်နမို (၃) လုံး၊ စက်သုံးဆီ ပေပါများနှင့် အခြား အခြားအရာများဝင်ရောက်ဖျက်စီးခဲ့သည်။



တပ်မဟာ (၆) ဒူးပလား

ဒီကေဘီအေ ၉ဝ၈ မှ သစ်စက်တစ်လုံး (၂ဝဝဝဝဝ) ကျပ်ဖြင့် သစ်စက် ပိုင်ရှင် ငါးဦးထံမှ ပိုက်ဆံတောင်း။

စကားချပ် - ဒီလောက် ဒီကေဘီအေတွေ တောင်းစားနေပုံထောက်တော့ ဦးသုဇန ဆွမ်းခံမကျွေးနိုင်တော့ဘူးထင်တယ်။ ဒီကြားထဲ ဟိုတလောက နအဖ ဝါဒ ဖြန့်တဲ့ကောင်တွေ က ဒီကေဘီအေလို ငြိမ်းချမ်း ရေးယူထားကာ နအဖ နဲ့အတူ အမိန့်ရ ဓါးမြ တွေကို ဘဲ ကရင်ပြည်သူတွေကလိုးလားပါတဲ့ ဆိုပြီး ဝါဒဖြန့် အီးမေလ်းပို့လိုက်သေးတယ်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်