မြန်မာပြည်မှ ရာဇဝတ်မှုများကို စုံစမ်းရန် ကုလကို တောင်းဆို
Friday, 11 December 2009 16:51 ဧရာဝတီ
မြန်မာအစိုးရ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စစ်ဆေးနိုင်ရေး အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံတကာ လက်နက်တင်ပို့မှုများ ရပ်ဆိုင်းနိုင်ရေးကိုလည်း အကောင်အထည် ဖော်ရန် တိုက်တွန်းလိုက်သည်။
[ဒီဇင်ဘာ ၁ဝ ရက်နေ့က ကျရောက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့၌ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဆန္ဒပြနေသော မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ။ ထိုနေ့တွင် နိုင်ငံတကာမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၄၂ ဦးကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ စာတစောင် ပေးပို့ပြီး မြန်မာပြည်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် တောင်းဆိုလိုက်ကြသည်။ (ဓာတ်ပုံ - AP)]
ဒီဇင်ဘာ ၁ဝ ရက်နေ့က ကျရောက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့၌ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဆန္ဒပြနေသော မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ။ ထိုနေ့တွင် နိုင်ငံတကာမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၄၂ ဦးကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ စာတစောင် ပေးပို့ပြီး မြန်မာပြည်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် တောင်းဆိုလိုက်ကြသည်။ (ဓာတ်ပုံ - AP)
ထိုတောင်းဆိုချက်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၏ ရုံးမှ လည်းကောင်း၊
အလှည့်ကျ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံမှ လည်းကောင်း တုံ့ပြန်ချက်များ မရှိသေးပေ။ ယခုလအတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ တာဝန်ယူထားသူမှာ အာဖရိကနိုင်ငံတခုဖြစ်သည့် ဘာကီနာဖာဆိုမှ သံအမတ်ကြီး မစ္စတာ မိုက်ကယ် ကာဖန်ဒို ဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စ ဆူဇန်ရိုက်စ်က အမေရိကန် အစိုးရ အနေဖြင့် ထိုတောင်းဆိုမှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂတွင် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု သတင်းထောက်များကို ပြောသည်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သည့် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင်လည်း ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။ ဖြစ်နိုင်ချေရှိသည့် အရေးယူ ဆောင်ရွက်မှုများအကြောင်းကို ဆွေးနွေးမည်ဟု ဆိုသည်။
စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် လုံခြုံရေးကောင်စီသို့ ပေးပို့သည့် တောင်းဆိုမှုကို လက်မှတ်ထိုးထားသည့် နိုင်ငံတကာမှ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၄၂ ဦးရှိသည်။ ယမန်နေ့က ကျရောက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ထိုတောင်းဆိုစာ ဖြစ်မြောက်ရေးအတွက် ကမကထပြုသူများမှာ ဂျပန်နိုင်ငံ အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ် ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့် မစ္စတာ အာဇူးမား ခွန်နို နှင့် မစ္စတာ တာဒါရှီ အီနူဇူကာ တို့ ဖြစ်သည်။
တောင်းဆိုစာထဲတွင် မြန်မာ အစိုးရက မြန်မာပြည်သူလူထုအပေါ် တိုက်ခိုက် သတ်ဖြတ်မှုများကို ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။ ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးများတွင် ထည့်သွင်း ဆွေးနွေးရန် လုံခြုံရေးကောင်စီကို တိုက်တွန်းထားသည်။
ထိုတောင်းဆိုချက်နှင့် စပ်လျဉ်း၍ အမေရိကန် အောက်လွှတ်တော်အမတ် တဦးဖြစ်သူ မစ္စတာ ဂျိုးဇက်ပစ်က ကြေညာချက် တစောင် ထုတ်ပြန်ထားသည်။
“နိုင်ငံတကာက မြန်မာနိုင်ငံကို စောင့်ကြည့်နေကြောင်း ဤတောင်းဆိုစာက ပြသနေသည်။ စစ်အစိုးရက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အာရုံစိုက်မှုများ ရရှိစေရန် ကျွန်ုပ်တို့က ဆက်လက် တောင်းဆိုသွားမည် ဖြစ်သည်” ဟု သူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ကျေးရွာများကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသားများအား သတ်ဖြတ်နေခြင်းတို့ကို ရပ်ဆိုင်းရမည် ဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။
“ကမ္ဘာအနှံ့အပြားမှ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် အများအပြားနှင့် အတူတကွ ရပ်တည်ပြီး မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးကို လေးစားရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် စစ်အစိုးရအား တောင်းဆိုရသည့်အတွက် ဂုဏ်ယူမိပါသည်” ဟုလည်း သူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ် ဇွန်လကလည်း အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း အလားတူ တောင်းဆိုစာတစောင်ကို တင်သွင်းခဲ့ဖူးသည်။
ထိုသို့ တောင်းဆိုစဉ်က လွှတ်တော်ကိုယ်စားလှယ် ၅၅ ဦး ပါဝင်ခဲ့သည်။ ၎င်းတို့က အမေရိကန် သမ္မတ မစ္စတာ အိုဘားမားကို မြန်မာပြည်မှ ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင် ပေါ်ပေါက်ရေးအတွက် ကုလသမဂ္ဂသို့ မေတ္တာရပ်ခံပေးရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
မြန်မာအစိုးရက ထိုလှုပ်ရှား တောင်းဆိုမှုများနှင့် ပတ်သက်ပြီး တရားဝင် တုံ့ပြန်ခြင်း မရှိသေးပေ။
Friday, December 11, 2009
အသားနူ ပျားတုတ်ခံနေရသော နအဖ..အီးအီးတွင်းထဲတော့ ကျတော့မယ်..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
December
(180)
- မြက်ရိတ်နေရင်တောင် ခက်ဦးမယ်
- အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်...
- ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုတဲ့ ယုန်...
- ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမကြီး(၇၉)လပြည့် ဝမ်းနည်...
- နတ်ပြည်ပေါ်မှဒုက္ခများ....စင်္ကာပူက အကြောင်း
- ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်
- ကြီးလေချာလေ.. ကြီးလေ မိုက်လေတဲ့ ခိုးစားတတ်တဲ့ ကျီး...
- ကောင်မလေးတွေသာ ချွတ်တာမဟုတ်ဖူး..သူတို့ လည်း ကျွတ်က...
- ဘု ရင် ရူး ကြီး သန်း ရွှေ
- လေးစားထိုက်ပါသည်။ ရွက်ပုန်းသီး အာဇာနည် စစ်သည်များ
- သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ ရှာဖွေပွဲ
- နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားေ...
- သူတို့ ကျ တယ်ဟုတ်နေပါလား...
- ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း
- အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို
- နိုင်ငံခြားသားကျ ဖင်တုန်အောင်ကြောက်တာ နအဖ
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် န...
- The Voice Weekly JournalNo.8, Vol 6, December 28, ...
- မသေမချင်း..အမှုထပ်တတ်မယ်..နင်အကောင်ကြီးတယ် နှစ်ခါေ...
- ရွှေထက်ရှားတဲ့ ဆရာဝန်
- ညောင်မြစ်တူးမိလို့  ပေါ်ရတဲ့ ပုတ်သင်ညိုဥ (ဘယ်သူများ...
- သားဦး...စောက်ရူး
- လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ
- ပြည်သူ့ သဘောထားအမှန်
- ကျနော် လူကြမ်းမင်းသား
- New perspective of Myanmar ( plastic Problem)
- People & Power - Myanmar: Beneath the surface
- နတ်ကိုးကွယ်မှုနဲ့  မြန်မာပြည်
- တိုးတက်နေသော မြန်မာပြည်ကြီး..
- UNICEF: Tsunami 5: Myanmar battles repeat disasters
- New Year Countdown
- စတားလုံး ရဲ့..မှိုင်းလုံးမိနေသူ..ဘယ်သူတုန်း..
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျ...
- အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
- ရာဇ၀င် မတွင်ခဲ့တဲ့သား
- သတင်းမှောင်ချထားမှု
- အာဇာနည် ဘလော့ခ်မှ ပြည်တွင်းရှိ ညီအစ်ကို များအတွက် ...
- အရှက်မရှိပါတဲ့.. မြန်မာစစ်အစိုးရ
- နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းေ...
- မြန်မာတို့ရဲ့ ရွေမြန်မာ (ကောင်းလိုက်တဲ့ အစိုးရ အလွ...
- ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း
- ဇီးစေ့နဲ့  ပေါက်ခံရတောင် မြင့်မိုရ်တောင်က မပြိုနို...
- ၀တို့  ဘိန်းတိုးချဲ့  စိုက်နေရသော အကြောင်းရင်း..
- ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမ...
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည်
- သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်
- ဗုဒ္ဓေါဝါဒကျောင်းဖွင့်ပွဲနှင့် ကျောင်းရေစက်ချပွဲ ဖိ...
- နာဇီ ဆရာဝန်တွေလိုဘဲ လက်စွမ်းထက်သော မြန်မာ အထူးကုဆရ...
- AAPP(Burma) ၏ သတင်းထုတ်ပြန်ချက်
- တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့
- ဖြူမလား မဲမလား..ဗိုလ်ချုပ်မှူးကြီး သန်းရွှေ..
- ဒီဇင်ဘာ ၂၂ ၂၀၀၉ သတင်းများ
- အမှန်တရားသည် သေဒဏ်နှင့် အမိ မြန်မာပြည်
- ဒါ အောင်ဆန်း သားကွ...
- လေယာဉ်စုတ်တွေ အသစ်ဈေးနဲ့ ရောင်းမယ်..
- ပြောပြန်ရင်လည်း စိန်ဝင်း လွန်ရာကျဦးမယ်..
- ၂၀၁၀ ရွေးကောက်ပွဲအား သုံးသပ်ချက်
- ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့ အခမ်းအနားဓာတ်ပုံမှ...
- လူ့အခွင့်အရေးချိုးဖောက်မှု့နှင့် တိုက်ပွဲသတင်း
- ၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မ...
- အင်တာနက် သီချင်းဆိုတိုင်း ကွန်ပြူတာနဲ့ ဖွင့်မကြည့်...
- ရန်ကုန်က အမြင်မတော်စရာ နိုင်ငံခြားသူ
- ဗဟိုတရားရုံးချုပ်ရဲ့အထက်..နအဖ ရှိနေသလား..???
- မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများ...
- Credit Suisse to pay $536 mn to US for bursting sa...
- အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင...
- အလင်းပျိုးမယ့် လက်များ…
- သတိပေး လျှောက်ထားအပ်ပါသည်။
- အသိပညာနှင့်ပြည်သူ့ အင်အား
- နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဥ...
- ဖြူဖြူကျော်သိန်း တင်ဆက်ပေးထားတဲ့ လူကုန်ကူးမှုတိုက်ဖ...
- သံဃာ့တပ်ပေါင်းစု ၏ ၃၀ . ၁၂. ၂၀၀၉ အထွေထွေသပိတ်ဆင်နွှ...
- ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ
- ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်...
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၄၈ နှ...
- ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထ...
- ကွဲပြန်ပြီဟဲ့ ဗုံး
- နိင်ငံတော်ခေါင်းဆောင်၏ သားသမီးများကို နှိုင်းယှဉ်ြ...
- အမှန်ကို ၀န်မခံရဲတဲ့ စစ်သား
- ယခုနှစ် လျှပ်တပြက် နာမည်ကြီးသူ ဆယ်ဦးတွင် ယက်ထော ပ...
- ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ၀န်ကြီး ကလင်တန် ကြားဝင်...
- မြန်မာ့ အနာဂတ်မျိုးဆက် အန္တရာယ်ရှိနေ ဟု ITUC ပြော
- နအဖ ခွင့်ပြုချက်ဖြင့် NLD ခေါင်းဆောင် ၃ဦးကို ဒေါ်ဆ...
- MIAMI 2009 Recap
- Invitation Letter to Burma Conference in London
- တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
- ၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ ၄၊ အမှတ် ၆၊ ဒီဇင်ဘာလ၊ ၂၀၀၉
- ကျမတော်တော်ညံ့ခဲ့ပါတယ် (ဟောပြောသူ- ဂျူး)
- မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးေ...
- FREE NYI NYI AUNG ( KYAW ZAW LWIN ) NOW!
- နအဖ၏ ဒို့တာဝန် အရေးသုံးပါး
- အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး
- သီပေါ စော်ဘွား စပ်ကြာဆိုင် နဲ့ စ၀်ဒေ၀ီ သြစတြီးယားသ...
- ဒါ..မြန်မာကွ..
- KNU နှင့် နအဖ တိုက်ပွဲသတင်း
- ပိဋကတ်ရွတ်ဆိုပွဲ (International Tipitaka Chatting)...
- Generation wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)...
- မေမေ မမြင်ဖူးရသေးတဲ့ သမီးငယ်လေးရဲ့ မျက်နှာလေး..
- မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆ...
- နောက်ကြည့်မှန်
-
▼
December
(180)
No comments:
Post a Comment