Saturday, December 26, 2009

သတင်းမှောင်ချထားမှု

အမှန်တရားအတွက် မီဒီယာတွေဖေါ်ထုတ်ကြပါစို့

အာရှတော်ဝင်ဆေးခန်းမှာ သမားတော်ဆရာဝန်ကြီးနှင့် သွားဆရာဝန်အကြားသေဆုံးသွားခဲ့တဲ့ ဒေါ်ခင်ကြည် အကြောင်းလေးကို
အများသူငါသိအောင်တင်ပြပေးစေလိုပါတယ်။ ကူညီပေးစေလိုပါတယ်၊ ပြည်တွင်း ဂျာနယ်တွေကလည်း အမှန်တရားဖက်ကို တစ်ချက်တစ်ချက်မျက်ကွယ်ပြုသလိုဖြစ်နေတာလဲ ပါပါတယ်။

သေဆုံးသူ ဒေါ်ခင်ကြည် (အသက် ၆၈နှစ်) ဟာ အထက်တန်းပြဆရာမ (ငြိမ်း)ဖြစ်ပြီးအမှတ် ၂၁၊ ၁၃၄ လမ်း၊ မအူကုန်း၊ ရန်ကုန်မြို့မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ သူက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ များရှိပြီး ရှင်ပါကူဆေးခန်းမှာ တက်ရောက်ကုသနေကျဖြစ်ပါတယ်။

နောက်ဆုံးတစ်ကြိမ်မှာတော့ ခြေ၊ လက် နှင့် ကိုယ်တွေပါရောင်လာလို့ကျောက်ကပ်ဆရာဝန်ဆီမှာ ပြသရန် refer လုပ်ပေးခဲ့ပါတယ်။
ကျောက်ကပ်အထူးကုဆရာဝန် ဒေါက်တာ ဒေါ်ခင်သီတာသွင်က အာရှတော်ဝင်ဆေးခန်းကိုတက်ခိုင်းပါတယ်။ လွှဲပြောင်းတက်ရောက်တဲ့နေ့ကတော့ (၇.၁၁.၂၀၉) ၇က်နေ့ဖြစ်ပါတယ်။ ထို့နောက် တစ်ရက်ခြား ကျောက်ကပ်ဆေးနေရပါတယ်။ စုစုပေါင်း(၅) ကြိမ်ဆေးပြီးသွားပါပြီ။

လူနာမှ လျှာ နှင့် သွားတွင် နာကျင်ကြောင်း ပြောသည့်အတွက် အာရှတော်ဝင်ဆေးခန်းကြီးမှာထိုင်သည့် ဒေါ်ကြူကြူဝင်းဆွေမှ လာကြည့်ပါတယ်။
လျှာမှာအနာတွေ့သောကြောင့် biopsy ယူမှရမည်၊ သွားများကိုလည်းစစ်ဆေးပေးမည်ဟုဆိုသောကြောင့် (၂၁.၁၁.၂၀၉) ရက်နေ့ နံနက်
(၇)နာရီတွင် operation theater သွင်းပြီး လျှာတွင် biopsy ယူတဲ့အပြင် သွား (၁၁)ချောင်းကို နှုတ်လိုက်ပါတယ်။ (၁၀)နာရီတွင် operation theater မှ ပြန်ထုတ်လာခဲ့ပါတယ်။

ထုတ်လာသည့်အချိန်မှစပြီး သတိပြန်လည်လာခြင်းမရှိပါ။ (၂)နာရီတွင် ICU ဌာနသို့ခေါ်ဆောင်သွားခဲ့ပါတယ်။ သတိပြန်ရလာခြင်းမရှိဘဲ (၂၂.၁၁.၂၀၀၉) ရက်နေ့တွင် နံနက် (၄း၅၀)မှာ သေဆုံးခဲ့ပါတယ်။

Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဟုရေးသားဖော်ပြခဲ့ပါသည်။

လျှာ biopsy results မှာ ကင်ဆာမဟုတ်ကြောင်း ဓါတ်ခွဲခန်းမှအကြောင်းပြန်စာကို နောက်ပိုင်းတွင်းသိ၇ပါသည်။

စဉ်စားမိသည့်အချက်များမှာ -

(၁) အခြားရောဂါများရှိပြီး ကျောက်ကပ်ဆေးနေရတဲ့လူနာကို တစ်ကြိမ်တည်းသွား (၁၁)ချောင်းနှုတ်သင့်ပါသလား

(၂) Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဆိုသည်မှာ ဘာကိုဆိုလိုတာလဲ

လက်ရှိကြုံတွေ့နေရသောပြသနာများ

(၁) True Journal မှအသေးစိတ်လာရောက်သတင်းယူမေးမြန်းသွားပါသည်။ ဂျာနယ်တွင်မပါသောကြောင့် မေးမြန်းစုံစမ်းရာ အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန်ပိတ်ပင်ထားကြောင်း
(၂) 7 Days News Journal မှအသေးစိတ်လာရောက်သတင်းယူမေးမြန်းသွားပါသည်။ ဂျာနယ်တွင် မပါသောကြောင့် မေးမြန်းစုံစမ်းရာ အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန် ပိတ်ပင်ထားကြောင်းတို့ကို သိရှိရပါသည်။
(၃) ယခုအခါ သေဆုံးသူကာယကံရှင် မိသားစုအား အာရှတော်ဝင်ဆေးရုံကြီးမှ ယခုအကြောင်းအား အပြင်သို့မပြောရန်၊ မဖော်ရန် အကြိမ်ကြိမ် ဖိအားပေးဆောင်ရွက်နေကြောင်းသိရှိရပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်