Wednesday, September 30, 2009

အနာဂတ်မဲ့နေသော ကျနော်တို့ ၏သွေးချင်းများ

Future ကို wai khan က မျှဝေတာပါ

အပြည့်အစုံသတင်းဖတ်ရန်....

ဒီလူတွေ ကိုသတိထား ( လောက်ကောင်များ..)

စစ်အစိုးရနဲ့ဆက်စပ်နေသူများ ထိုင်းနိုင်ငံထဲ ရောက်ရှိနေ

(၁) အောင်ကျော်မိုး (ကျောက်ဖြူ) - အသက် ၃၀- ၃၅ ခန့်။ စီးပွါးရေးသမား
(ရေနံတူး) ထိုင်းတွင် နေထိုင်လျက်ရှိ။ (ရခိုင်လူမျိုး)

(၂) သန်းနိုင် (စစ်တွေ၊ အိုးတန်း)ဗိုလ်တစ်ထောင်မြို့နယ်မှ - အသက် ၄၀
ခန့် - အရပ် ၆ ပေခန့်။ ခပ်၀၀ (SB 2) မှဖြစ်။ (ထိုင်းသို့ လာလိုက်
ပြန်လိုက်။)(ရခိုင်လူမျိုး)
ဆက်ဖြန့်ပေးကြပါခင်ဗျား။

အပြည့်အစုံသတင်းဖတ်ရန်....

အသျှင် ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ္တမဆု ချီးမြှင့်


နိရဉ္စရာသတင်းမှ

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်) မှ ရွှေဝါရောင်တော်လှန်ရေး အတွင်း မြန်မာပြည်သူလူထု လွှတ်မြှောက်ရေးအတွက် စွန်းစွန်းတမံ ဆောင်ရွက်ခဲ့သူ အသျှင်ဦးဂမ္ဘီရနှင့် အသျှင် စန္ဒြာမုနိတို့အား ဦးဥတ္တမဆုချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆုအား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်)မှ ကြီးမှူးကျင်းပသော ဆရာတော် ဦးဥတ္တမနေ့ နှစ် (၇၀) ပြည့်မြောက်နေ့ အထိမ်း အမှတ် အခမ်းအနားတွင် စက်တင်္ဘာလ ၂၇ ရက်နေ့က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အသျှင်ဦးဂမ္ဘီရနှင့် ဦးစန္ဒြာမုနိတို့အား ဆုချီး မြှင့်ခြင်းကို ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ဒုဥက္ကဋ္ဌ ဦးထွန်းအောင်ခင်မှ အခမ်း အနားတွင် ကျေညာခဲ့ပြီး ရဟန်းတော် နှစ်ဦး၏ မြန်မာနိုင်ငံ စစ်ကျွန် ဘ၀မှ လွတ်မြှောက်ရေး အတွက် ကြိုးပမ်းနေပုံများကို အခမ်းအနား တွင် ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြိ့ IKEBUKURO KUMI CENTER တွင် ကျင်းပခဲ့ပြီး ရခိုင် အမျိုးသားများနှင့် မြန်မာ့ တိုင်ရင်းသား ၁၇၀ ကျော် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဋ္ဌ ဦးလှအေးမောင်မှ ဆောင်ရွက်ပြီး အခမ်းအနားမှုးများ အဖြစ် အထွေထွေ အတွင်းရေးမှုး ဦးပေါ်ထွန်းအောင်နှင့် တွဲဖက် အထွေထွေ အတွင်းရေမှုး (၁) ဦးကျော်သန်းလှိုင် တို့မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အလံတော်အား အလေးပြုပြီး ဆရာ တော်ဦးဥတ္တမအား လွမ်းသူပန်းခွေချ ပူဇော်ပသခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဦးလှအေးမောင်၊ ဦးထွန်း အောင်ခင်၊ ဂျပန် လူမျိုးဦးရွှေဘ၊ သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်း၊ ညီညွတ်သော တိုင်းရင်း သားများ အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) နာယကလည်း ဖြစ်သော ဦးဇော်မင်းခိုင်၊ NLD (LA-JAPAN) ဒုဥက္ကဋ္ဌ ဦးလှဟန်၊ SND (JAPAN) ဥက္ကဋ္ဌ ဦးစိုင်းစီဝမ်း၊ PMNS ဥက္ကဋ္ဌ ဦးမင်းမျိုးချစ်၊ PNS ခေါင်းဆောင် ဦးမိုင်ကျော်ဦး တို့မှ ဆရာတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုများကို ဟောပြော ခဲ့ကြသည်။

ဆရာတော်၏ အတ္ထုပ္ပတိအား ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) တွဲဖက် အမျိုးသမီးရေးရာမှုး ဒေါ်စောမြက ဖတ်ကြား ပြီး ကိုသန်းထွဋ်ဦးမှ ဦးခိုင်အောင်ကျော် ရေးသား ဂုဏ်ပြုထား သော ၀ီညာဉ် နိုးထဗျာလ်လေ ကဗျာကို ရွတ်ဖတ် ပူဇော်ခဲ့သည်ဟု သတင်းရရှိသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကျွန်ခံကြမလား..တော်လှန်ကြမလားဟေ့

Beware of Slave Merchants

အပြည့်အစုံသတင်းဖတ်ရန်....

အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်

၁။ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ် အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ
(ယာယီလိပ်စာ) အမှတ် - ၈ - ရှင်စောပုဘုရားလမ်း၊ စမ်းချောင်း၊ရန်ကုန်မြို့။
၂။ အန်အယ်ဒီ ဗဟို အပါအဝင် မြို့နယ်၊တိုင်း ရုံးခွဲများ
၃။ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီး များ
၎။ တပ်ရင်း တပ်ဖွဲ့များ/တိုင်း စစ်ဌာနချုပ်များ
၅။ ဝန်ကြီး ဌာနများ

ဦးဝင်းနိုင်၊ ဦးသုဝေ၊ ဦးအောင်ရွှေ၊ ဦးခင်မောင်ဆွေ၊ ဦးဥာဏ်ဝင်း၊ သခင်ချန်ထွန်း တို့ပါ မကျန် စာအိပ်ပေါင်း(၇၅) အိပ် တိတိကို စာတိုက်မှ တဆင့် ဝေငှ ဖြန့်ဖြူး ကန့်ကွက် ရှုတ်ချ လိုက်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံကျော် သူတောင်းစားများ..

သူလည်း အဓိပ္ပါယ် အကုန်မသိဖူး..ဟီးဟီး အထင်ကြီးနဲ့ တူညား ရေးပေးဒါ။
Statement by Thein Sein

အပြည့်အစုံသတင်းဖတ်ရန်....

စက်တင်ဘာ ၃၀ ရက် သတင်းများ..၂၀၀၉

30 September News

အပြည့်အစုံသတင်းဖတ်ရန်....

နယူးယောက်မြန်မာ သင်္ကြန်က ကော်ဖီရည်နဲ့ ပက်တယ်ဂျ..

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာငွေ..ဘယ်လောက်မာသလည်း

090930_u_sein_htay ကိုရဲရင့် မျှပါတယ်ဗျ

အပြည့်အစုံသတင်းဖတ်ရန်....

သာသနာ့ကျိန်စာ


သံဃာတော်များ၊ကျောင်းသားများ၊ပြည်သူများကို ညှင်းပန်းနှိပ်စက်နေသောန အ ဖ စစ်အုပ်စုနှင့်တကွနောက်လိုက်အလိုတော်ရိ
ကြံ့ဖွတ်၊စွမ်းအားရှင်ဝန်ထမ်းများအားလုံး ကို သာသနာ့ကျိန်စာတိုက်လိုက်သည်။

စစ်အုပ်စုနှင့်တကွနောက်လိုက်အလိုတော်ရိများသည် သံဃာတော်များကိုသေနတ်နှင့် ပစ်သတ်ဝါးရင်းဒုတ်နှင့်ရိုက်ကာ မတရားဖမ်းဆီး ထောင်ချနှိပ်စက်သတ်ဖြတ်နေသည် မှာတကယ်မှန်ပါသည်။
အေးချမ်းစွာဖြင့်ဗုဒ္ဓ၏အရိပ်အောက်တွင်နေထိုင်ကြသောပြည်သူပြည်သားများကို ဖမ်းဆီးထောင်ချ မတရားနှိပ်စက်ခြင်း၊ မိန်းကလေး များအားမုဒိန်းကျင့်ခြင်း၊အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ တိုင်းပြည် ဘဏ္ဍာများကိုမတရားခိုးယူခြင်းဖြင့် တနေ့တခြား ဆိုးရွား ယုတ်လာသည်မှာတကယ်မှန်ကန်ပါသည်။

ဤမှန်ကန်သောသစ္စာစကားကြောင့် န အ ဖ စစ်အုပ်စုနှင့်တကွ နောက်လိုက်အလိုတော်ရိကြံ့ဖွတ်၊စွမ်းအားရှင်မိသားစုများအားလုံးသည် ဆင်းရဲဒုက္ခများချက်ချင်းခံစားကြရပါစေသတည်း။တစ်ကမ္ဘာပတ်လုံး မဟာအ၀ိစိငရဲမှာ ခံနေကြရပါစေသတည်း။

တစ်ကမ္ဘာပတ်လုံးဆင်းရဲမွဲတေငတ်ပြတ်ကာလိုက်တောင်းစားနေကြရပါစေသတည်း။
တစ်ကမ္ဘာပတ်လုံးဆင်းရဲဒုက္ခအ၀၀ကိုအမြဲမပြတ်ကာလပတ်လုံးခံစားနေကြရပါစေသတည်း။
တစ်ကမ္ဘာပတ်လုံးချမ်းသာဟူသောအသံကိုမကြားကြရစေသတည်း။

မှတ်ချက်။
။မိမိလုပ်ရပ်များကိုချက်ချင်းရပ်၍သံဃာတော်များကိုဝန်ချတောင်းပန် မည်ဆိုလျှင်၎င်းကျိန်စာမှလွတ်ငြိမ်းချမ်းသာခွင့်ရနိုင်ပါသည်။

သံဃာတော်များရဲ့အမိန့်

အပြည့်အစုံသတင်းဖတ်ရန်....

ဝန်မင်းတို့ ၏ ဇာတ်သိမ်း..

ညကြီးသန်းခေါင်..နယူးယောက်
East Gate ဟိုတယ် အပေါ်က အခန်းတခန်း
တီးတိုးသံနဲ့  ဒီပုံပြင်က စတယ်။

“ညီလေးဥာဏ်ဝင်းရေ…ထ..ထ..
ရှူးတိုးတိုး..အသံမထွက်စေနဲ့ .
အပြင်ဘက်မှာ.အဘ လူယုံတွေရှိတယ်..
အကိုကြီးပြောစရာရှိတယ်.”


“အင်..အကိုကြီး..ညကြီးသန်းခေါင်..
ဘာကိစ္စ..အထိတ်တလန့် ရှိလှပါ့ ကိုကြီးစိန်”


“အကိုကြီး အိပ်မရ..
ငါတို့  ဘယ်လို လုပ်ရပါ့..
တိုင်ပင်ချင်လို့ပါ..ကွာ..
အမေရိကန် visa ဖွင့်..အစည်းဝေးတက်ခွင့်ရကတည်းက..
လှုပ်လှတဲ့မျက်ခုံး..အိပ်မက်ထဲတောင်.အမြင့်ကပြုတ်ကျ..
နိမိတ်မကောင်းရတဲ့အထဲ..
မနက်လင်း ကျီးမနိုးခင်.အရောက်
ဟိုတယ်ရှေ့ လာလာ အော်နေတဲ့ လူတွေ..
ငါတို့  အပြင်ထွက်တိုင်း
လမ်းသွားလမ်းလာတွေ ကကြည့်
အတင်းပြောကြတာ..စစ်အစိုးရ အရှက်မရှိတဲ့..
ငါတော့ စိတ်ကုန်လာပြီ..
သွားလေသူ..၀န်ကြီးချုပ်စိုးဝင်းရေ
သေရွာက ထပြီးသာ ပြန်အုပ်ပါစေတော့
ငါ..၀န်ကြီးချုပ်လည်း မလုပ်ချင်တော့ဖူး..
ရှေးက ဗန္ဓုလဘ၀က မှ ရွှေထီးမိုးပေးမဲ့သူရှိသေးတယ်..
ငါ့နာမည်သာ ၀န်ကြီးချူပ်..
တွေ့ တယ်မဟုတ်လား ဓါတ်ပုံထဲ
ထီးမိုးမဲ့သူမရှိလို့ 
ငါ့ထိပ်ပြောင်သထက်ပြောင်နေဘီ။

မင်းအဘ ကတော့.အဖြစ်မရှိ..
ဘင်ကီမွန်းလာရင် ဘန်ကာထဲပုန်းနေ
ငါတို့ ကတော့ နိုင်ငံတကာလှည့်ဖိနပ်စာတွေ
အပြင်က လူအုပ်က..ငါ့အမေ ငါနှမ..
ဆဲဆိုကြတာ..ရစရာမရှိဖူး..
သူတောင်းစားလုပ်တာကမှ မေတ္တာရဦးမယ်.
နအဖ ၀န်ကြီးချုပ်..တော်တော်မျက်နှာငယ်တယ်.”


" အော် မငိုပါနဲ့ ကိုကြီးစိန်..
ကျနော်လည်း မျက်နှာပူတာဘဲ..
နီးရာသေနတ် ကြောက်လို့ သာ
နိင်ငံခြား အစည်းအဝေး လာတက်ရ..
ဘာမှ လည်း မြက်မြက်မရပါဖူး..
နိုင်ငံခြားရေးဝန်ကြီး ဘယ်က မှ လာဘ်မရဘူး.
မောင်သောင်း အောင်သောင်း..
မောင်အေး ရွှေမန်း..
ဒင်းတို့  အပြင်မထွက်ဘဲ ဒီထက်ပိုရတယ်..
မတရားပါဘူးဗျာ..
ကျနော်တို့ သာ အမြဲ ထိုးကြွေးခံရတယ်…

အဘထက်စာ ကျနော် အင်္ဂလိပ်စာ သာတယ်ဆိုပေတဲ့..
ငပိသံဝဲ၀ဲမို့ ..အင်တာဗျူးတိုင်းသောက်ရှက်ကွဲ..
မိန့် ခွန်းရေးသူကို လာဘ်ပေး..
တိုတိုတုတ်တုတ်ရေးခိုင်းရတယ်။
ရှည်ရင်..ကျနော်မဖတ်နိုင်ဘူး..
ဒူးတုန် ဖင်တုန်..မိန့် ခွန်းဖတ်တိုင်း နှလုံးရောဂါဖြစ်။
အိမ်က ဂန်းမ က ၀န်ကြီးကတော် ဖြစ်ဂုဏ်ယူနေ..
ကျနော်ကတော့ ကြာကြာနေ သေမှာဘဲ.
ဒီရာထူးလည်း ကျနော် မလိုချင်တော့ဘူး..
ဘယ်လိုလုပ်မလည်း အကိုကြီးရယ် ကြံစည်စမ်းပါဦး”


“အေးကွာ ညီလေး..အဘက..ငါတို့ ဖိနပ်ထိတာ
မင်္ဂလာမရှိဘူးတဲ့..နာမ်နှိမ်ခံရတဲ့သူ..
နအဖမှာ ကျက်သရေတုန်းသတဲ့..
ပြန်ရင် ဖမ်းဘဲဖမ်းမလား..
ထောင်ဘဲကျ
ကိုကြီးခင်ညွန့် လိုဘဲ..ဇာတ်သိမ်းမလား..
အဘတို့  မိသားစုက ဘိုးတော်ကြောင်
ငါတို့  အပြန်သိက္ခာတင်ဖို့ ..
ပန်ထွာမင်းသမီးရူးနေတဲ့ ကြိုင်ကြိုင်ထမီနဲ့ အုပ်မတဲ့ 
ငါ့တို့  ရှိသမျှ ဘုန်းတွေတော့ ပြုတ်ရချည်ရဲ့…
မပြေလည်..ရွာပြန်မလာနဲ့တဲ့ အဘကမှာတယ်
အမေရိကန်ရဲ့အခြေအနေ မမှန်ရင်
ငါတို့ အပြန်..ဇက်ပြုတ်ရချည်ရဲ့..
ညီလေးရေ..ထွက်ပြေးမလား..
အမေရိကမှာ.တရားမ၀င်နေသူတွေ ရှိပါတယ်.
မင်းနဲ့  ငါ ရှိတဲ့ ဒေါ်လာတွေ..အတွင်းခံဘောင်းဘီထဲထည့်..
ရုပ်ဖျက်ပြေးမလား..ငါကြံထားတယ်။”


“ ဖြစ်ပါ့မလားအကိုကြီး..
ကျနော်က ဘိုလို သိပ်မမှုတ်တတ်ဖူး..
ဝန်ကြီးသာလုပ်..ဘာမှအဖြစ်ရှိတာမဟုတ်ဘူး..
အမေရိက..ဘာလုပ်စားမလဲဗျ…
နှမ်းဖြူးတာဘဲ ကျနော်တတ်တယ်..
ဘတ်တာဘဲ ကျနော်တတ်တယ်..
လက်ကျောမတင်း..
ကျနော် အပျင်းကလည်းကြီးသေးတယ်”


“ ဖြစ်ပါတယ်ကွာ..NY ပလက်ဖောင်းတလျှောက်
ဖာဆွယ် လုပ်လူရှာပေး..၀မ်းရေးတော့ ရမှာပါ
ယုတ်စွ အဆုံး ပုလင်းခွံကောက်
ပြန်သွင်းရင် ၅ ဆင့်တော့ ရသေးတယ်။။
ကြောက်ပါနဲ့ကွာ..
သေတာထက်စာ ရှင်နေတာက ကောင်းသေးတယ်..
မင်းအရွယ် ရှိသေးတာ..လုပ်စားစမ်းပါရဲရဲ
ဖြစ်ပါတယ်.. ယောက်ျား ချွတ်ကတဲ့ ပွဲ..
ငါသာ အဖိုးကြီး..
သူများနို်င်ငံ ဘာလုပ်စားရမလည်း
သေဘေးကြောက်လို့ သာ ထွက်ပြေးရမယ်..
မျက်ခုန်းတော့ လှုပ်လှုပ်ရယ်.
ဝဋ္ဋ်တော့ တကယ်လည်ပြီထင်တယ်.”


“ ကောင်းပြီ..အပြင်က အဘကောင်တွေ မသိစေနဲ့ ..
ကျနော်နဲ့  အကိုထွက်ပြေးကြရအောင်.”


ဒီလိုနဲ့ ဘဲနောက်တစ်ရက်..
UN အစည်းအဝေး ဆက်မတက်..
ဟိုတယ်က ၀န်ကြီး ၂ပါး ပျောက်သွားတယ်။
အမေရိကန် ရဲတွေ ရှာ..ဘယ်မှာမှ မတွေ့ ဘူး။

နောင် နှစ်များမကြာ..
မှောင်ရိပ်ခို ပြည်တန်ဆာမှုနဲ့ ထောင်ကျ..
ထောင်သား အမည်မသိ.
DNA စစ်ကြည့်မှ..မြန်မာပြည်က ၀န်ပြေး ၀လုံး.၂လုံး..
အမေရိကန် ထောင်ထဲမှာ အမဲတွေ နဲ့  တွေ့ သွားတယ်။
“ အော်နေရတယ်…အမေ..အဘရယ် ကယ်..”

မသဒ္ဓါ ( ၉။၃၀။၂၀၀၉)
မသဒ္ဓါ..ဟိုတယ်ရှေ့ မှာ..လာမအော်ရဲတာ သတ္တိမရှိတာ..၀န်ခံပါတယ်။ သို့ ပေမဲ့ အများအတွက် ဟာသ ပုံပြင်လေးတစ်ခုတော့ ပြောပြနိုင်ပါတယ်။ အမေ နှမ အဆဲခံရတဲ့ လူတယောက်ရဲ့ သိမ်ငယ်မှူနဲ့ ထွက်ပေါက် အရေး တွေးမိတာပါ။ သူတို့  ၀န်ကြီး လုပ်နေရတာ့ စိတ်ထဲ ပျော်မယ်ထင်ပါသလား။ စားတော့ တပြုံလုံးစားပြီး..ခံရတော့ သူတို့ ချည်းဘဲ။ ဘယ်တရားမလည်းတွေးမိရင်း.ဒီပုံပြင်ကိုရေးပါတယ်။
ဖတ်သူ နည်းနည်း လေးဘဲ ပြုံးရင် ဖြစ်ဖြစ်..ရေးရကျိုးနပ်ပါတယ်။ :)

အပြည့်အစုံသတင်းဖတ်ရန်....

နှလုံးသားထဲက ရွှေဝါရောင် ၂၀၀၇ ခုနှစ် စက်တင်ဘလ ၂၆ ရက် ၂ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်

Article of 2007 Saffron Revolution Base on True
အရှင်ထာဝရ မှပေးပို့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, September 29, 2009

နယူးယောက် မြို့ ဆန္ဒ ပြပွဲ ဓါတ်ပုံများ

ဓါတ်ပုံများပေါ် ကလစ်နှိပ်၍ အကြီး ကြည့်ရှုနိုင်ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်