Monday, December 21, 2009

မြန်မာအမျိုးသမီး ၅၀ ကျော်ကို အဓ္ဓမပြုကျင့်ခဲ့သူများအား ဖမ်းဆီး

ဒီဇင်ဘာ ၂၁
ကိုတီး RDJ

ပြီးခဲ့သော ရက်ပိုင်း အတွင်းက မြန်မာအလုပ်သမား အမျိုးသမီးများအား ရဲအယောင်ဆောင်၍ အဓ္ဓပြုကျင့် နေသော လူဆိုးဂိုဏ်းတစ်ခု အား ထိုင်းရဲများက နုံထဘူရီခရိုင် ပါကေမြို့တွင် ဖမ်းဆီးလိုက်ကြောင်း ဒေလီနယူး တွင် ဖေါ်ပြထားသည်။

အမည်ဖေါ်ပြမထားသည့် အသက် ၁၃နှစ်အရွယ် မြန်မာအလုပ်သမား သမီးငယ်အား ထိုင်းလူမိုက် ၅ဦးက တလှည့်စီ ၀ိုင်းဝန်းပြီး အဓမ္မပြုကျင့်သဖြင့် ကလေးငယ်မှာ မေ့မျောသွားခဲ့ပြီးဆေးရုံတွင် ဆေးဝါးကုသမှု ခံနေရ သည်။

ဒီဇင်ဘာ ၁၈ရက်နေ့ ည၁နာ၇ီးအချိန်ကားအမှတ် ၄/၇၇၂၁ (ဘန်ကောက်လိုင်စင်)ကားအား ရပ်ကွက်လူကြီး ရုံးနှင့် မနီးမဝေးတွင် ရပ်နားထား စဉ် လုံခြုံရေး ရဲကင်းများက တွေ့ရှိခဲ့သည်။ ရဲစခန်းတွင် တိုင်ကြားခံဖူးထားသော ကားနံပတ်ဖြစ်သဖြင့် မသင်္ကာသဖြင့် စစ်ဆေး ရာ ခေါင်းဆောင်ဖြစ်သူ အသက်၄၁နှစ်ရှိသူ စီယတလောင်က ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ဖမ်းဆီးမိသူများမှာ(ပုံ) နိုင်စုရန် ထောင်းမွန် ၅၀ နှစ်၊ နိုင်ပဝေ့ ကျစ်ချေ ၄၃ နှစ်၊ နိုင်ဖဖုမ်း ၃၆နှစ်နှင့် နိုင်နာလုံး ကျန်အင် ၃၂ နှစ် ဆိုသူတို့ အား လက်ရဖမ်းဆီးမိခဲ့သည်။ နုံထဘူရီ၊ ပထုံဌာနီ၊ ၀နခွန်စီ၊ နကပထုံ၊ အယုဒယ၊ ခြုံဘူလီ၊ နခွံနာယု တို့တွင် လိုက်လံအဓ္ဓပြုကျင့်နေသော လူဆိုးဂိုဏ်း တစ်ခုဖြစ်သည်။

နယ်မြေအေးချမ်း သာယာရေးနှင့် လုံခြုံရေးတို့ ကို အန္တရာယ်ဖြစ်စေနိုင်သော အဆိုပါ လူဆိုးဂိုဏ်းအား ၀ိုင်းဝန်း ဖမ်းဆီးပေးခဲ့သော ရဲတပ်ဖွဲ့ ဝင်များနှင့် လူမှုဝန်ထမ်း ဆယ်ဦးခန့်အား ခရိုင်အာဏာပိုင် အဖွဲ့ အစည်းများက ဆုတံဆိပ်များနှင့် အတူ ဆုငွေများဖြင့် ဂုဏ်ပြုပွဲ ပြုလုပ် ချီးမြှင့်ခဲ့သည်။

ထိုကဲ့သို့ မုဒိမ်းကျင့်ခဲ့သည့် အမှုပေါင်း ၅၀ကျော်ရှိခဲ့သည်။ မြန်မာအလုပ်သမားများ ရှိတတ်သည့် ပန်းရံ လုပ်ငန်းခွင်တို့ သို့ ညအိပ်ချိန် တွင် သွားရောက်ပြီး မိန်းကလေးငယ်များအား နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရှိ၊ မရှိ ထိုင်းရဲ အယောင်ဆောင်ပြီး အထက်ပါ ကားအနီးသို့ ခေါ်ယူကာ အဓ္ဓမ ပြုကျင်လေ့ရှိသည်။ သတင်းစာတွင် ကလေးငယ်၏ အသက်နှင့် တက်ရောက်ကုသနေသော ဆေးရုံအမည်ကိုမူ ဖေါ်ပြထားခြင်းမရှိပါ။
http://saffrontoward.blogspot.com/2009/12/blog-post_9193.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်