Monday, December 21, 2009

အစောင့် ယမ်းများ၏ ဥပဒေမဲ့ လူသတ်မှုကြောင့် စက်ရုံတွင်း ဆူပူမှုဖြစ်ပွ့ါး

အစောင့် ယမ်းများနှင့် အဖေါ်များ၏ တရားဥပဒေကင်းမဲ့စွာ သတ်ဖြတ် အလောင်းဖျောက်မှုပြုရာမှ စက်ရုံ အလုပ်သမားများ ဆူပူအုံကြွမှုတခု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖြစ်ပွါးခဲ့ပါသည်။
သောင်ရင်းမြစ်ကမ်းပါးရှိ မြန်မာ အလုပ်သမားများက တပ်မဟာကြီးဟု ခေါ်ကြသော မယ်ဆောင် ဇာဘော်လီ စက်ရုံတွင် စက်ရုံအိုဗာတိုင် ဆင်းချိန်တွင် အမဖြစ်သူကို လာရောက်ကြိုဆိုသော မောင်ဖြစ်သူနှင့် အဖေါ် အဖြစ်လိုက်လာသူ တဦးကို စက်ရုံ အစောင့် ယမ်းများက ငြင်းဆန်နေသည့် သူခိုးဟု စွပ်စွဲကာ ရိုက်သတ် ခဲ့ကြပြီး အလုပ်သမားများ အော်ဟစ် တားမြစ်နေသည့် ကြားမှ ပင် သောင်ရင်းမြစ်ထဲသို့ ပစ်ချပြီး အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့ပါသည်။

အလုပ်သမားများမှာ စက်ရုံတခါး ပိတ်ထားသည့် အတွက် အခင်းဖြစ်ရာနေရာသို့ သွားရောက်ခွင့် မရခဲ့သော်လည်း စက်ရုံထဲတွင် ဆူပူအော်ဟစ် ကြွေးကြော်မှုများ လုပ်ခဲ့ကြပါသည်။ ထိုအခြေအနေတွင် ထိုစက်ရုံ၏ မြေပိုင်ရှင် ဆိုသူ ထိုင်းအမျိုးသားမှ သေနတ်ကို ထုတ်၍ ပစ်ခတ်ရန် ကြိုးစားခဲ့သော်လည်း များပြားလှသော အလုပ်သမား အင်အားကြောင့် နောက်ပြန်ဆုတ်သွားခဲ့ပါသည်။ ထိုဖြစ်ရပ်မှာ အလုပ်သမားများ၏ ဒေါသကို ဆွပေးသလို ဖြစ်စေခဲ့ပြီး စက်ရုံအတွင်း လှည့်လည် အော်ဟစ်ခြင်း မှန်ပြူတင်းများကို ရိုက်ခွဲခြင်း များကို ဆက်လက် ပြုလုပ်ခဲ့ကြရာတွင် ရဲနှင့် ဒေသဆိုင်ရာ တာဝန်ရှိ သူများပါ ရောက် ရှိဖြေရှင်း ပေးခဲ့ရသည်ဟု သိရပါသည်။
ထိုသို့ ထိမ်းသိမ်းခဲ့ရာတွင် အလုပ်သမား အချို့ ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု သိရသော်လည်း ဆေးရုံသို့တင် ပို့ခြင်း မရှိပဲ အလုပ်ရှင်၏ အစီအစဉ်ဖြင့် စက်ရုံတွင်ပင် ဆေးဝါးကုသမှု လုပ်ဆောင်ပေးနေပါသည်။ မနေ့ည ၁၀နာရီ ကျော်မှ စတင်ဖြစ်ပွါးခဲ့သော ထိုဖြစ်ရပ်သည် နံနက်လင်းအားကြီး အချိန်မှ အေးဆေးတည် ငြိမ်သွား ခဲ့ကြောင်း သိရပါသည်။ အလုပ်သမားများ မှာ ယခု အချိန်အထိ စက်ရုံဝင်း အတွင်းတွင် ရှိနေဆဲဖြစ်ပြီး ထိုင်းလူမှုရေး အဖွဲ့များ ၊ အလုပ်သမားရေး ဆောင်ရွက်သူများ လာရောက် ပြီး သတင်းအချက်အလက်များ မေးမြန်းစုံစမ်းမှုများ ပြုလုပ်နေကြကြောင်းနှင့် ညဘက်က သိရှိသမျှ ဖုန်းနံပါတ်များကို ဆက်သွယ် အကူအညီ တောင်းခဲ့သော်လည်း မည်သည့် အဖွဲ့အစည်းမှ လာရောက် အကူအညီ ပေးခြင်းမရှိသည့် အတွက် လွန်စွာ အားငယ်မိသည် ဟု အမျိုးသမီး အလုပ်သမား တဦးက ပြောသွားခဲ့ပါသည်။
အမေရိကန် နိုင်ငံသား တဦးပိုင်ဆိုင်သော ထို အထည်ချုပ် စက်ရုံတွင် အလုပ်သမားဦးရေ ၃၀၀၀ ကျော် ရှိသည့် အနက် အမျိုးသမီး အလုပ်သမား ၃၂၀၀ ခန့်ရှိပြီး အမျိုးသား ၁၀၀ ခန့်ရှိပါသည်။ စက်ရုံမှ တနေ့လုပ်ခ ၁၅၁ ဘတ်ရရှိပြီး၊ ထိုအထဲမှ ၆၁ ဘတ်ကို နေစားရိတ်၊ထမင်းဘိုးနှင့် လုံခြုံရေး စားရိတ်အဖြစ် ပြန်ပေးရသည့် အတွက် ၉၀ ဘတ်သာ ရရှိကြောင်းနှင့် နေ့စဉ် ည ၁၁ နာရီ အထိ အိုဘာတိုင် ဆင်းရသဖြင့် အနီးပါတ်ဝန်းကျင် သို့ ပြန်ရသော အမျိုးသမီး အလုပ်သမားများ အတွက် လုံခြုံမှု မရှိကြောင်း ထို့ကြောင့် မိဘ ညီအကို မောင်နှမများ ကလာရောက် စောင့်ကြိုရရာ ယခု အခြေအနေကြောင့် လာကြိုခိုင်းရန်ပင် အခက်တွေ့နေရပြီ ဖြစ်ကြောင်း အခြား အလုပ်သမ တဦးက ဆက်လက် ပြောပြသွား ပါသည်။
ထိုစက်ရုံသည် မြန်မာဘက်ကမ်း မြ၀တီနှင့် လွန်စွာ နီးကပ်သဖြင့် မြ၀တီဘက်မှ အမျိုးသမီးငယ်များလဲ လာရောက် အလုပ်လုပ်ကိုင် နေလျှက်ရှိရာ ထိုသို့ အခင်းဖြစ်ပွါးချိန် ဆူညံ သံများကြောင့် မြ၀တီ ဘက်ကမ်း မှလည်း လူရာနှင့် ချီ၍ စောင့်ကြည့်နေခဲ့ကြပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်