Wednesday, December 9, 2009

ကျောင်းမတက်ဘဲ day club ထဲရောက်နေကြသူကလေးများ

Day Club များသို့ ၁၈ နှစ်အောက်လူငယ်များ သွားရောက်နေမှုအပေါ် မိဘများစိုးရိမ်

Day Club များ ရန်ကုန်မြို့ လူစည်ကားရာနေရာများ၌ လွန်ခဲ့ သော၂၀၀၀ပြည့်နှစ်ဝန်းကျင်၌ စတင်ပေါ်ပေါက်လာခဲ့ပြီး ၂၀၀၄ ခုနှစ်ဝန်းကျင်တွင် Day Club များ အားလုံးရပ်ဆိုင်းပိတ်ပစ်ခဲ့ ရကာ ၂၀၀၈ခုနှစ် နိုဝင်ဘာလ၀န်းကျင်မှ စတင်၍ ပြန်လည်ဖွင့်လှစ်လာ ကြောင်း စုံစမ်းသိရှိရသည်။

Day Club များမှာ ရန်ကုန် မြို့လူစည်ကားရာနေရာဖြစ်သည့် ဗဟန်းမြို့နယ်၊ကန်တော်ကြီး ဥယျာဉ်အတွင်း၌လည်းကောင်း၊ ဒဂုံမြို့နယ် ပြည်သူ့ဥယျာဉ်အတွင်း၌ လည်းကောင်း ဖွင့်လှစ်ထားကြောင်းသိရှိရသည်။

ဖွင့်လှစ်ထားသော Day Club များမှာ နံနက် ၁၀နာရီမှ ညနေ ၅နာရီဝန်းကျင်အထိဖွင့်လှစ်ထားသ ဖြင့် ကျောင်းတက်ကျောင်းဆင်းချိန် နှင့်တိုက်ဆိုင်နေသဖြင့် သွားရောက်သူ လူငယ်၊ လူရွယ်အများစုမှာလည်းကျောင်းနေအရွယ်များဖြစ်ကြောင်း အဆိုပါ Day Club များသို့သွားရောက်ဖူးသူလူငယ်တစ်ဦးကပြောကြားခဲ့ပါသည်။

''ကျွန်တော်ကတော့ Day Club ကို သူငယ်ချင်းတွေနဲ့စုပြီးတစ်လတစ်ခါလောက်တော့သွားဖြစ် ပါတယ်။ လာတဲ့အရွယ်တွေ အများ စုက လည်း မိဘအုပ်ထိန်းမှုအောက် ကမလွတ်သေးတဲ့ အသက် ၁၂နှစ် ကနေ ၁၈နှစ်အရွယ်ကျောင်းနေအ ရွယ်လူငယ်လူရွယ် တွေများ ပါတယ်'' ဟုအသက်၂၀အရွယ်ရှိ လူငယ်တစ် ဦးက ပြောပါသည်။အဆိုပါ Day Club များသို့ သွားရောက်သူ ကျောင်းသား ကျောင်းသူ များ မှာ ကျောင်းမတက်၍ သော်လည်းကောင်း၊ အပန်းဖြေဥ ယျာဉ်များ၌ သွားရောက်ဆော့ကစား ခြင်းစသည့် အကြောင်းပြချက် အမျိုး မျိုးဖြင့်အုပ်ထိန်းသူမိဘများကို အကြောင်းပြကာ သွားရောက်လေ့ ရှိနေကြောင်းသိရှိရသည်။ထို့အတူ သွားရောက်လေ့ရှိ သည့် ကျောင်းနေအရွယ်လူငယ်များနှင့်စည်းကမ်းကြီးသော အုပ် ထိန်းသူမိဘများ၏ သားသမီးများ မှာ Day Club ပိတ်ချိန်အိမ်ပြန်ရာ ၌ အ၀တ်အစားတစ်စုံစီအပိုယူလာ ပြီး အ၀တ်အစားလဲလှယ်၍အိမ် သို့ပြန်လေ့ရှိကြောင်းသိရှိရသည်။

Day Club ကိုလာတဲ့ လူငယ်တွေက Club ဖွင့်ချိန်၁၀ နာရီ တောင်မထိုးသေးဘူး၊ အောက်မှာ စုရုံးစုရုံးနဲ့ အစောကြီးရောက်ရှိနေ ပါတယ်။
တချို့လူငယ်တွေကြတော့ လည်း မွန်းတည့်၁၂ နာရီကနေ ၁နာရီအတွင်းအများဆုံးလာကြပါ တယ်။ ကျောင်းကနေ Club ကိုလာ တဲ့
လူငယ်တွေဆိုရင် တစ်နေရာရာ မှာ အပြင်အကျီလဲပြီး Club ထဲကို လာကြပါတယ်။ ပြန်တော့လည်းသူ တို့က မူလအတိုင်းဝတ်လာတဲ့အ ၀တ်အစားတွေကို အိမ်သာထဲနဲ့ကားထဲတွေမှာပြန်လဲပြီးအိမ်ကိုပြန်ကြပါတယ်။


အချို့မိန်းကလေးတွေဆို ရင်လာတုန်းက မိန်းကလေးသူငယ် ချင်းစုစုပေါင်း၅ယောက်လာတယ်။ Club ထဲမှာအချိုရည်(သို့မဟုတ်)စိတ် ရစ်ထွေပြားစေတဲ့အခြားအရည် တွေသောက်ပြီးပျော်မြူးကြတယ်။ တချို့ကြတော့လည်း စီးကရက် လေးတွေဖွာပြီး ပျော်မြူးနေကြပါ တယ်။ အဲဒီအထဲမှာပဲပျော်မြူးနေရင်းနဲ့တခြားသူစိမ်းအမျိုးသားတွေ နဲ့ရင်းနှီးပြီးပြန်တဲ့အခါ မှာ မိန်းက လေးသူငယ်ချင်းစုစုပေါင်း ငါးယောက် ကနေ စုစုပေါင်း၁၀ယောက်ဖြစ် သွားပြီး
Club ကနေအပြန် အခြား နေရာတွေကို ဆက်လက်ခြေဆန့် တဲ့သူတွေလည်းရှိပါတယ်''ဟုအသက် ၂၇အရွယ်ရှိအမျိုးသားတစ်ဦး က ဆက်လက်ပြောကြားခဲ့သည်။ အလားတူ Day Club များ အပြန်၌ သူစိမ်းမိန်းကလေးနှင့် သူ စိမ်းအမျိုးသားတို့ခင်မင် ရင်းနှီးမှု များဖြစ် ခဲ့ပြီး club အတွင်း၌အခန်းငယ်လေးများတွင်ရင်းရင်းနှီးနှီးပွေ့ဖက်ခြင်းလည်းကောင်း၊အပြန်၌အခြားနေရာများသို့ ခြေဆန့်ခြင်း လည်းကောင်း၊ အချို့မှာမူ ဆက် သွယ်ရန်email, phone နံပါတ် များရယူ၍ နောက်ပိုင်းတွင်ခင်မင်မှု ရရှိကာအခြားနေရာများတွင်ချိန်း ဆို၍ မိမိအသက်အရွယ်နှင့် မသွားသင့်သည့်နေရာမျိုး သွားသူများ လည်းရှိနေကြောင်း သိရှိရသည်။ ''ကျွန်တော်ကတော့ ကန် တော်ကြီး အ၀င်အထွက်ပေါက်မှာအငှားယာဉ်မောင်းပြီးစီးပွားရှာနေတာပါ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကဆို ရင်ကောင်လေးတစ်ယောက်က အိမ်ပြန်ဖို့ Taxi ငှားတယ်။ ပြီးတော့ အဲဒီကောင်လေးကကားပေါ်မှာပဲ ဆေးလိပ်သောက်တယ်။ သူ့ကို ကျွန် တော်က ဘယ်နှစ်တန်း ရောက်ပြီလဲမေးတော့ ၆တန်းတက်နေတယ်လို့ ဖြေပါတယ်။ နောက်တစ်ခါကြုံရ တာကမိန်းကလေးက ၁၆နှစ်အရွယ် လောက်ပဲရှိ သေးတယ်။ သူနဲ့တွဲလာ တဲ့ကောင်လေးက ၁၈နှစ်လောက်ပဲ ရှိသေးပါတယ်။ ပြီးတော့ သူတို့နှစ် ယောက်စလုံးကမူးနေကြတယ်။ ပို့
ခိုင်းတဲ့နေရာကလည်း ဖိုးစတား၊ ဖိုက်စတားအဆင့်ရှိတဲ့ နေရာတစ်နေရာပို့ပေးပါလို့ ပြောပါတယ်။ ကျွန် တော်က အငှားယာဉ်မောင်းဖြစ် တယ်။ Customer သွားချင်တဲ့နေရာ ကိုပို့ပေးရတာပါ။ တားပိုင်ခွင့် လည်းမရှိပါဘူး။
နောက်ဆုံးပြော ချင်တာကတော့ အုပ်ထိန်းသူမိဘ တွေလိုအပ်ချက်ရှိသလို လူငယ် လူ ရွယ်တွေအနေနဲ့လည်း ခေတ်နဲ့အညီ အတုယူ ပြောင်းလဲသင့်တဲ့ ရေစီး ကြောင်းတွေမှားနေတယ်လို့ ထင်ပါ တယ်''ဟုတက္ကစီယာဉ်မောင်းတစ် ဦးကပြောကြားခဲ့သည်။

Day Club အများစုသည် စီပွားရေး ပြုလုပ်နေခြင်းဖြစ်သော် လည်း လူမှုရေးအရကိုက်ညီမှုမရှိ သည့် ၁၈နှစ်အောက်ကျောင်းသား၊ လူငယ်များကို ၀င်ရောက်ခွင့်မပြု သင့်ကြောင်း ကျောင်းသားမိဘများ က ဆိုပါသည်။
''ကျွန်မတို့က အပြင်ကိုသွား ရင်းနဲ့ ကျောင်းနေအရွယ်ကလေး တွေကဟော့ရှော့ဒီဇိုင်းတွေနဲ့ အဲဒီ အဆောက်အအုံကို အ၀င်အထွက် ပြုနေတာတွေ့ရလို့ အနားပတ်ဝန်း ကျင်ကလူတွေကို မေးကြည့်တော့ အဲဒီဟာက Day Club လို့ပြော တယ်။
တချို့လူငယ်မိန်းကလေး တွေဆိုရင် အရမ်းကိုပေါ်လွင်စေတဲ့ အ၀တ်အစားဒီဇိုင်းတွေကို တွေ့ရ တယ်။ ဒီအခြေအနေတွေကိုမြင် လိုက်တော့ အရမ်းစိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီအရွယ်တွေရှိတဲ့ ကလေး၂ ဦးရဲ့ အုပ်ထိန်းသူဖြစ်နေ လို့ပါ။
ကျွန်မတို့ရဲ့မျက်ကွယ်မှာ ဒီလိုနေရာတွေမျိုးသွားနေမှာကို အရမ်းစိုးရိမ်မိပါတယ်။ ဒီလိုနေရာ မျိုးတွေများလာလို့ ကလေးတွေကို
ထိန်းမနိုင်ဘူးဆိုရင် ဘယ်လိုလုပ် ရမလဲ။ ကလေးတွေရဲ့အနာဂတ်စိုးရိမ်စရာနေရာတစ်ခုလို့မြင်မိ ပါ တယ်''ဟု အသက် ၁၀ နှစ်အရွယ် နှင့်၁၇နှစ်အရွယ်ရှိ ကျောင်းသား၊ ကျောင်းသူတို့၏မိခင်တစ်ဦးကပြောကြားခဲ့သည်။

အ.ထ.က(၄)အလုံမှ ကျောင်း အုပ်ဆရာမကြီးဒေါက်တာသက်သက်စံက ''၁၈နှစ်အောက်ကလေးတွေဆိုတာ သူတို့ကိုသူတို့ control မလုပ်နိုင်သေးတဲ့အရွယ်တွေပါ။
ကလေးတွေအနေနဲ့ ခေတ်ရဲ့ရေစီး ကြောင်းတွေအရ အချိန်မရွေးပျက်စီးမှုလမ်းကြောင်းပေါ်ရောက်ရှိသွား နိုင်ပါတယ်။ သူတို့တွေအနေနဲ့ထူးဆန်းတာတွေ့ရင်သွားချင်မယ်။ ဒီ လိုမျိုးသွားတဲ့အခါမှာ ခေတ်ရေစီးကြောင်းအရမကောင်းတဲ့ အကျင့် စရိုက်တွေ အရင်ဆုံးကူးစက်လာ မယ်။ ဒီလိုမျိုးမဖြစ်အောင် ကျောင်း မှာ ကလေးတွေအတွက် ခွင့်တိုင် မယ်ဆိုရင်
မိဘတွေ ကိုယ်တိုင်ခွင့် တိုင်မှခွင့်ပေးပါတယ်။ ဒီလိုမှမလုပ် ရင်မိဘတွေကလည်း ကလေးတွေ ကျောင်းသွားတယ်ဆိုပြီး စိတ်ချနေ ကြမှာပဲ။ ဒီပုံစံမျိုးက ကလေးတွေ ကိုကျောင်းကနေတစ်ဆင့်မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီမှုမရှိတဲ့နေရာတွေကို ရောက်ရှိမသွားအောင် ထိန်းသိမ်းတဲ့သဘောပါ''ဟုပြောကြားခဲ့သည်။


အလားတူ အ. ထ.က (၁) ဒဂုံ ကျောင်းအုပ်ကြီးဖြစ်သူဒေါက်တာ ကိုကိုအောင်ကလည်း Day Club ဖွင့်တဲ့သူတွေအနေနဲ့ ဘာလုပ်ပေးရ မလဲဆိုရင် ကျောင်းသား ကျောင်းသူ အရွယ်တွေကိုဝင်ခွင့်မပြုဖို့လုပ်ပေး ရမယ်။ သူတို့ရဲ့စီးပွားရေးကိုတော့ ဘာမှမပြောလိုပါဘူး။ ကျွန်တော် တို့ကျောင်းသူကျောင်းသားတွေရဲ့ တာဝန်ရှိသူတွေအနေနဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ကအစည်း
အဝေးတစ်ခုလုပ်ခဲ့တယ်။ အဓိက ကကျောင်းကိုမလာဘူးဆိုရင်အတန်း ပိုင်ဆရာမအနေနဲ့ဘာကြောင့်လဲဆိုတာ မိဘတွေဆီကိုဆက်သွယ်စုံစမ်းမေးမြန်းရမယ်။ တချို့ကျတော့ လည်းခွင့်တိုင်ပြီးပျက်တာရှိတယ်။
တချို့ကျတော့လည်းခွင့်မတိုင်ဘဲပျက် တာရှိတယ်။ တချို့မိဘတွေကျ တော့လည်းဆက်သွယ်မေးမြန်းရ တာခက်တယ်။ ကျွန်တော်တို့အခု လုပ်မယ့်အစီအစဉ်က ကျောင်းတက် ရမယ့်အချိန်တွေမှာ ပြင်ပမှာ ကျောင်းသူကျောင်းသားလို့ထင်ရ
တယ်ဆိုရင်သက်ဆိုင်ရာပညာရေးမှူး ကနေတစ်ဆင့် ဒီကျောင်းသားကျောင်းသူနောက်ကို လိုက်ရမယ်။စစ် ဆေးမှုတွေပြုလုပ်ပါမယ်။ဒီ Day Clubတွေကြောင့်လည်း ကျောင်းသူ ကျောင်းသားတွေ လမ်းမှားမရောက်ဖို့ အတတ်နိုင်ဆုံးဆောင်ရွက်သွား ပါမယ်။ မိဘတွေအနေနဲ့ကလည်း မိမိရဲ့ကလေးကိုထိန်းကြပ်မှုပိုလုပ် သင့်ပါတယ်''ဟုပြောကြားခဲ့ပါသည်။
ဥပဒေပညာရှင်တစ်ဦးက ''အခု Day Club တွေကိုသွားနေတဲ့ အရွယ် တွေထဲမှာကျောင်းနေအရွယ်ကလေး တွေပါနေတယ်လို့သိရတယ်။ ဒါက
ဥပဒေနဲ့ငြိစွန်းနိုင်တယ်။ ဘယ်လို ငြိစွန်းနိုင်သလဲဆိုရင် အသက်၁၆ နှစ်မပြည့်သေးတဲ့ ကလေးသူငယ် တွေကို အရက်ရောင်းချတဲ့ အရက် ဆိုင်မှာ ကလေးတွေကို အလုပ် လုပ်ခိုင်းတာ(သို့မဟုတ်)အရက်သောက် ဖို့ ခွင့်ပြုတာတွေက ကလေးသူငယ် ဥပဒေအရ ထောင်ဒဏ်ရောငွေဒဏ် ပါကျခံရနိုင်တယ်။နောက်ပြီး ဒီ Day Club တွေထဲမှာ အရက်ရောင်းနေ တာတွေကြားသိရတယ်။ အဲဒီတော့ သွားတဲ့ ကလေးငယ်တွေအနေနဲ့ အနည်းနဲ့အများသောက်မိဖို့ ရာခိုင် နှုန်းများတယ်။ အဲဒီလိုသောက်နေ တာကိုသိသိနဲ့ ခွင့်ပြုထားသူတွေ
အနေနဲ့အရေးယူခံရနိုင်ပါတယ်။ ပြီးတော့ ကလေးသူငယ်တွေအကျင့် စာရိတ္တပျက်ပြားစေတာတွေကို လုပ် ခွင့်ပြုတာတွေကလည်း ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။ အဲဒီလိုမျိုး တွေကို ကလေးသူငယ် ဥပဒေပုဒ်မ ၆၅အရထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံ နိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ကျောင်းသားမိဘတစ်ဦးက ''ဒီလိုမျိုးနေရာမျိုးတွေမှာ လူငယ် တွေအကျင့်စာရိတ္တပျက်ပြားစေ မယ့် အရာတွေ အများကြီးရှိပါတယ်။ ကလေးတွေကတော့ လူများတကာ တွေသွားနေတဲ့အသံတွေကိုအဆင့် ဆင့်ကြားပြီးတော့ စူးစမ်းကြပါ တယ်။ ဒါပေမယ့်လည်း လူငယ်တွေ အနေနဲ့သောက်စားမူးယစ်ပျော် မြူး ရင်းနဲ့နောက်ဆက်တွဲပြဿနာတွေ ထပ်ဖြစ်မှာစိုးရိမ်ပါတယ်။ ကျွန်မ တို့အနေနဲ့ လည်း သား၊ သမီးတွေ အပေါ်ထိန်းသိမ်းမှုက အပြည့်အ၀မလွမ်းခြုံနိုင်ပါဘူး။ ကလေးတွေကို Day Club တွေအနေနဲ့ ပေးမ၀င်ဖို့လိုပါတယ်'' ဟုပြောကြားခဲ့သည်။

ယင်းကဲ့သို့ခေတ်ရေစီးကြောင်း အရဖြစ်ပေါ်လာသည့် Day Club များအပေါ် လူငယ်များမျောပါစီး ၀င်မှုနည်းပါးလာစေရန် မိဘများ အနေဖြင့် စိုးရိမ်ပူပန်စွာစောင့်ကြည့် ထိန်းသိမ်းမှုများ လိုအပ်သလို အုပ်ထိန်းသူကျောင်းဆရာ၊ ဆရာမ များအနေဖြင့်လည်း မိမိတပည့် များ၏ အခြေအနေ အမှန်ကို စဉ်ဆက် မပြတ်စောင့်ကြည့်အကဲခတ်ရန် လို အပ်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခုကိစ္စရပ် အပေါ်အားလုံးက၀ိုင်းဝန်းအဖြေရှာ ဆောင်ရွက်သွားသင့်သလို လူငယ် လူရွယ်များအနေဖြင့်လည်း
ခေတ် ၏ တိုးတက်ပြောင်းလဲလာမှုအပေါ် မှ မိမိဘ၀အတွက် မည်သည်က အကျိုး၊မည်သည်ကအပြစ်ဆိုသည် များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင် ရန် စဉ်းစားချင့်ချိန်သွားကြရန် အလဲဗင်းဂျာနယ်မှကောက်နုတ်ဖော်ပြလိုက်ပါသည်။

Source : Eleven journal

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်