Thursday, April 30, 2009

NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ လက်ငင်းနိုင်ငံရေးအ ခြေအနေ ဆုံးဖြတ်ချက်များ

NLD Meeting (28-29-April-2009)

http://www.mingalardoegroup.blogspot.com/ မျှဝေတာပါ

အပြည့်အစုံသတင်းဖတ်ရန်....

(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား


၃၀.၄.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၂၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
ဓါတ်ပုံ-ကို ထွဏ်းမြင့် သတင်း-NLD(LA)JB လူငယ်ဌာန

အပြည့်အစုံသတင်းဖတ်ရန်....

ဝမ်းနည်းကြေကွဲခြင်း

ဲပြည်တွင်း သတင်း
ဦးထင်ကျော် NLD ဒုဥက္ကဌ အလုံမြို့ နယ်၊ ၅၇နှစ်၊ တီဗီ ရောဂါမှ ပျံ့ နှံ့ သွားပြီး အသဲရောင်ရောဂါဖြင့် ကွယ်လွန်သည်၊ ၁၉၉၀ ခုနှစ် ကတည်းက ပါတီတာဝန်များကို ကျေပွန်စွာဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ ကွယ်လွန်ခြင်း အတွက် မိသားစု နှင့်ထပ်တူ ၀မ်းနည်း ကြေကွဲမိပါကြောင်း

အပြည့်အစုံသတင်းဖတ်ရန်....

ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမင်းကိုနိုင်

2009 Gwangju HR Prize[1]


http://flyingpeacock.blogspot.com/2009/04/blog-post_2164.html

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, April 29, 2009

တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..

ဒုတိယေ့ ရှနေချုပ် ဗိုလ်မှုးကြီးထွန်းထွန်းဦး နေပြည်တော် အဝေးပြေးလမ်းမှာ ကားမှောက်လို့ ဆေးရုံတင်ရပါတယ်။ အခြေအနေဆိုးပါတယ်။ ကတော်က နံရိုး၃ချောင်းကျိုးပါတယ်။ သတိမရသေးပါဘူး။
ရဲရင့် cbox မှ

အပြည့်အစုံသတင်းဖတ်ရန်....

ကိုညီညီထွေး ၏ အင်တာဗျူး

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 17:51 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံတော်က ပေးအပ်ခဲ့သည့် ဥပဒေဘွဲ့ဖြင့် ရှေ့နေလိုက်ခဲ့သူ တဦးသည် ပြစ်ဒဏ်စေ့သဖြင့် အကျဉ်းထောင်က ပြန်လွတ်လာသော်လည်း ရှေ့နေလိုင်စင် ရုပ်သိမ်းခံလိုက်ရသဖြင့် ဝမ်းမသာနိုင်ကြောင်း ယနေ့ ပြောဆိုသည်။

တရားရုံးအား မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၆ လ ချခံရသူ ၃၃ နှစ်အရွယ် လူငယ်ရှေ့နေ ကိုညီညီထွေးသည် လွတ်ရက်စေ့သဖြင့် ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွတ်လာခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းသူ ကြည့်မြင် တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦးအတွက် တရားခွင်တွင် ခုခံကာကွယ်ပေးရာမှ မြောက်ပိုင်းခရိုင် တရား ရုံး က ရုံးတော် မထီမဲ့မြင်မှုဖြင့် ပြစ်ဒဏ်ချခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် ထောင်ဒဏ် ချခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ စတင်ကာ အမှုလိုက်လာခဲ့သော်လည်း ယခုအခါ ရှေ့နေ လိုင်စင်ပါ အသိမ်းခံလိုက်ရသည်။

သူ၏ ထောင်တွင်း အတွေ့အကြုံနှင့် ခံစားချက်၊ အတွေးအမြင်တချို့ကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

ဘယ်တုန်းက ပြန်လွတ်လာတာလဲရှင်။

ကျနော် မနေ့က ပြန်လွတ်လာပါတယ်ခင်ဗျာ။ မနက် ၁ဝ နာရီလောက်က ထွက်လာခဲ့တာပါ။ ရိုးရိုးအရပ်ဝတ်နဲ့ပဲ ထွက်လာခဲ့ပါတယ်။ ဘာဝန်ခံလက်မှတ်မှ မထိုးခဲ့ရပါဘူး။ ရောက်ကတည်းကနေ ပြန်ထွက်တဲ့ အချိန်အထိ အင်းစိန်ထောင်မှာပဲ နေရတာပါ။

ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲရှင့်။

ကျန်းမာရေးကတော့ သိပ်မကောင်းဘူးခင်ဗျာ။ ကျနော်က အပြင်မှာ ကတည်းက ဖြစ်တာပါ။ ကျနော်က နှလုံး သိပ်မကောင်းဘူး။ အခုတော့ ဆေးစားဆေးသောက် နေရတယ်ပေါ့လေ။

အခုလို ထောင်ဒဏ် ချမှတ်ခံရတဲ့ အမှုအကြောင်းကို ရှင်းပြပေးပါလား။

အဲဒီ အမှုကတော့ လှိုင်သာယာမြို့နယ် တရားရုံးမှာ ကျနော် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ သန့်ဇင်ဦး အပါအဝင် ၁၁ ဦး အမှုကို ပထမဦးဆုံး ရောက်သွားတဲ့ ရုံးချိန်းပါပဲ။ ကျနော် စစ်ဆေးရမယ့် အချိန်မှာ စစ်တယ်။ ကျနော့် စစ်ဆေးမှု မတိုင်ခင်မှာ ကျနော့် အမှုသည် မဟုတ်တဲ့ ကိုရန်နိုင်ထွန်းက သူ့အလှည့်မှာ ပြောတာက လက်ရှိ တရားစီရင်ရေးကို သူ့အနေနဲ့ လက်မခံနိုင်ဘူး။ အယုံအကြည် မရှိဘူးလို့ ပြောပါတယ်။ ဒါကို တရားသူကြီးက ကျနော် တရားခံတွေ ပြောဆိုတာကို ထိန်းသိမ်းပေးပါလို့ ပြောတယ်။ ထိန်းပေးပါပေါ့။ ကျနော်နဲ့ ဦးစောကျော်ကျော်မင်းကို ပြောတယ်။ အဲဒီအချိန်မှာ ကျနော် ပြောလိုက်တယ်၊ ကျနော်တို့ဟာ အမှုသည်တွေရဲ့ တင်ပြလျှောက်ထားချက်အရ လိုက်ပါဆောင်ရွက်ရတာ ဖြစ်ပါတယ်။ သူတို့ကို ဒါတွေကို မလုပ်နဲ့ဆိုပြီး တင်ပြ ပိတ်ပင်ခွင့် မရှိဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီအပေါ်မှာ တရားသူကြီးက သူတို့အမှုသည်တွေကို တာဝန် မယူဘူး ဆိုပြီးတော့ မှတ်တမ်းတင်ပါတယ်။ အဲဒါကို နေ့ချင်းပဲ အမှုတိုင်တမ်းပြီးတော့ ဖမ်းလိုက်တာပါ။

အခုလို ပြစ်ဒဏ် ချတဲ့အပေါ် ရှေ့နေ တယောက်အနေနဲ့ ဥပဒေအကြောင်းအရ ဘယ်လို မြင်လဲရှင့်။

တရားခွင်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အမှန်မဟုတ်ဘူးခင်ဗျာ။ တချို့ အစိတ်အပိုင်းတွေ မှန်သော်လည်း တချို့ အစိတ်အပိုင်း မှာ မမှန်ဘူး။ ဒါပေမဲ့ ဒီတရားခွင်မှာ ပေါ်နေတဲ့ မှတ်တမ်းတွေအရ ကျနော်တို့ကို တိုင်တာ စတင်မှတ်တမ်းတင် ကတည်းကိုက မမှန်ဘူး။ ကျနော်တို့ တာဝန်မယူဘူးလို့ မပြောဘူး။ ဒါပေမဲ့ တာဝန်မယူပါဘူးလို့ ပြောတယ်ဆိုပြီး မှတ်တမ်းနဲ့ အမှုစွဲခဲ့ပါတယ်။

ကျနော့်အမှုက အာမခံ ရတဲ့ အမှုပဲ။ အဲဒါကို ကျနော် အာမခံ လျှောက်ဖို့ မပြောလိုက်ရဘူး။ ကျနော် အပြင်ထွက်မယ် လုပ်တော့ ကျနော့် ကို ရဲက ဖမ်းဆီးသွားတယ်ဗျာ။ ကျနော် လျှောက်ထားခွင့် ရှိတယ်။ အဲဒီ အခွင့်အရေး ရှိတယ်။ မရခဲ့ပါဘူး။

နောက်တရက်မှာလည်း ရုံးပြန်ထုတ်ပါတယ်။ လုံခြုံရေးတွေနဲ့ ပိတ်လိုက်ပြီးတော့ အမှုဖြစ် အကြောင်းအရာကို မေးတယ်။ တရားသူကြီးက တယောက် ၆ လ ချလိုက်တယ်။ ခုခံ ချေပခွင့် မရဘူး။ ကျနော် ပြန်ထွက်လာတဲ့ အချိန်မှ ကျနော် အမှုတွဲ ပြန်လေ့လာကြည့်တဲ့အခါမှာ ကျနော်တို့ဟာ အပြစ်ရှိကြောင်း ဝန်ခံထားတာကို ဒီမှတ်တမ်းတင် စာအုပ်မှာ တွေ့ရတယ်ခင်ဗျာ။ အမှန်က ကျနော် အပါ ၄ ယောက်ဟာ လုံးဝ ဝန်မခံခဲ့ပါဘူး။ ဒါဟာ ကျနော်တို့အနေနဲ့ ခုခံချေပခွင့် မရခဲ့ဘူး။ အခွင့်အရေး ချိုးဖောက်ခံရတာပါဗျာ။

ထောင်ထဲမှာ နေထိုင်စားသောက်ခဲ့ရပုံကို ပြောပြပါအုံး။

စရောက်ရောက်ချင်း ထောင်ထဲမှာ တခြားအကျဉ်းသားတွေလိုပဲ ကျနော့်ကို ထားတယ်ဗျာ။ တိုက်ခန်းတွေလိုမှာ နေရတယ်။ ကျနော့်ကို တပတ်လောက်ကြာတဲ့အခါ အထက်က ညွှန်ကြားစာ ဝင်လာတဲ့အတွက် ကျနော့်ကို ပြန်ပိတ်ထားရမယ်လို့ ပြောတယ်။ အချုပ်သားတွေလိုပဲ ထားပါတယ်။ အချုပ်သားတွေ နေရတာကတော့ မနက် ၇ နာရီ မထိုးခင် ၁၅ မိနစ်လောက် အပြင်ထွက်ခွင့် ရတယ်။ ပြန်ပိတ်တယ်။ နေ့လယ် ၁၂ နာရီ ပြန်ဆင်းခွင့် ရှိတယ်။ နောက် ၁ နာရီကနေ ၅ နာရီထိ တိုက်ထဲ ပြန်နေရတယ်။ အဲဒီနောက် ၆ နာရီမှာ ပြန်ဝင်ရပါတယ်။ တနေ့ ၂ နာရီ ၁၅ မိနစ်လောက် အပြင်မှာ နေခွင့် ရှိပါတယ်။ ကျန်တဲ့ ၂၂ နာရီ နီးပါး တိုက်ထဲမှာ နေရပါတယ်။

စားတာကတော့ ကျနော်တို့ နိုင်ငံရေးအမှုနဲ့ အကျဉ်းသားတွေကိုတော့ ဆန်ကြမ်းထမင်း ကျွေးပါတယ်။ ပဲဟင်း ပေးပါတယ်။ ဆား မပါ ဘူး။ အချိုမှုန့် မပါဘူး။ ဒါပေမဲ့ တပတ်တကြိမ် ဆား ပေးပါတယ်။ တာလပေါ ခေါ်တဲ့ ဟင်းရွက်နဲ့ ချက်ထားတဲ့ ဟင်း ပေးပါတယ်။ တရက်ကို ထမင်းက မနက်တကြိမ်၊ ညတကြိမ် ကျွေးပါတယ်။ ဟင်းကတော့ တရက်ကို တကြိမ်ပဲ ကျွေးပါတယ်။ အသားဟင်းက တပတ်ကို နှစ်ကြိမ် ပေးတယ်။ အမဲသားစားသူ အမဲသား ကျွေးတယ်။ အမဲသား မစားသူကို ကြက်ဥ ကျွေးပါတယ်။

အချုပ်ထဲ မရောက်ခင်က ဘယ်လို အမှုမျိုးတွေ လိုက်ပါဆောင်ရွက်ခဲ့လဲ။

ကျနော်က စက်တင်ဘာ အရေးအခင်း မတိုင်ခင် ကတည်းကနေ သာမန်အမှုတွေ လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအမှုတွေ ရှိလာတဲ့ အချိန်ကျတော့ နိုင်ငံရေးအမှုတွေ၊ အကြမ်းဖက်မှုတွေ ကျနော် လိုက်ခဲ့ပါတယ်။ အရပ်ဘက် အမှုတွေ လိုက်ပါနေတဲ့အခါမှာ မြင်တွေ့လာတဲ့ နိုင်ငံရေးအမှုမှာ ရှေ့နေ တော်တော်များများက မလိုက်ကြပါဘူး။ ဘယ်လိုသဘောနဲ့ မလိုက်ကြဘူး ဆိုတာကိုတော့ ကျနော် မပြောလိုပါဘူး။ အဲဒီမှာ ရှေ့နေ ရှေ့ရပ်တွေရဲ့ ရသင့်ရထိုက်တဲ့ ခုခံချေပခွင့်တွေ ဆုံးရှုံးနေတာကို တွေ့ရတဲ့အတွက် ကျနော် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။

ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ စိတ်ကူးထားပါသလဲ။

ကျနော် ရှေ့ဆက်လုပ်ဖို့ လိုင်စင် သိမ်းလိုက်ပါပြီ။ သိမ်းတာက ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ ကျနော် ထောင်ထဲ ရောက်နေတုန်း ကျနော့်အိမ်ကို စာပို့လိုက်တယ်။ ဘယ်လိုစာလဲဆိုတော့ ကျနော်ဟာ ပြစ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ၂၂၈ အရ အလုပ်ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခြင်း ခံရပြီးတော့ အဲဒီအမိန့်ဟာ ယနေ့တိုင် အတည်ဖြစ်တယ် ဆိုပြီးတော့ ဖော်ပြထားတာ တွေ့တယ်။ ကျနော် ရှေ့နေ ဦးညီညီထွေး ကို ရှေ့နေလိုက်ခွင့် မရသည့် ဥပဒေ ပုဒ်မ ၁၃ (စ) အရ ဒီထုတ်ပြန်သည့်နေ့မှ စ၍ ရှေ့နေ လိုက်ပါဆောင်ရွက်ခွင့် ရပ်ဆိုင်းလိုက်သည် ဆိုပြီး အမိန့်ထုတ်လိုက်ပါတယ်။

အခုလို ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး တခြား ဘာပြောချင်သေးလဲရှင့်။

ကျနော် ပြန်လွတ်လာတာကိုတော့ ဝမ်းမသာနိုင်ပါဘူးခင်ဗျာ။ ငယ်ကတည်းကနေ ကျနော် ကြိုးစားခဲ့ရသမျှ၊ အားထုတ်ခဲ့ရသမျှ၊ ရင်းနှီးခဲ့ရသမျှ ကျနော် ရရှိခဲ့တဲ့ ရပ်တည်ချက်လေးတခု အထက်တန်း ရှေ့နေ တယောက်၊ ဥပဒေ ပညာရှင်တယောက် အဖြစ်က ကျနော် ရပ်ဆိုင်းခံလိုက်ရပါတယ်။ ကျနော်တို့ ရှေ့နေ လူငယ်တွေကို အညွန့်ချိုးခံရတာပါ။ ဒီ့ထက် ကျနော် ဘာမှ မလုပ်နိုင်ပါဘူးခင်ဗျာ။

ကျနော်က နိုင်ငံတော်က ပေးအပ်တဲ့ ဥပဒေဘွဲ့နဲ့ ကျောင်းပြီးထားတာပါ။ နိုင်ငံတော်က ပေးထားတဲ့ ဥပဒေ၊ ရှေ့နေလိုင်စင် ပေးထားတဲ့ ဥပဒေ အတတ်ပညာရှင် တယောက်ဖြစ်တဲ့အတွက် နိုင်ငံတွင်းမှာ ရှိနေတဲ့ သာမန်အမှုတွေ လိုက်ခဲ့တယ်။ ခွဲခြားခြင်း မရှိခဲ့ပါဘူး။

အပြည့်အစုံသတင်းဖတ်ရန်....

ဧပြီ ၂၉ ၂၀၀၉ သတင်းများ

29043009 News

အပြည့်အစုံသတင်းဖတ်ရန်....

မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်

အပြည့်အစုံသတင်းဖတ်ရန်....

မင်း ကိုနိုင် မဲ့ မင်းကိုနိုင်

အပြည့်အစုံသတင်းဖတ်ရန်....

NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း




Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်

အပြည့်အစုံသတင်းဖတ်ရန်....

NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉


သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉

၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များ၌ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အထူး အစည်း အဝေးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေး အဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင် ကိုယ်စား လှယ်များ၊ အမျိုးသားဒီမိုကရေစီပါတီ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ် လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၆ ဦး တက်ရောက်ခဲ့ကြပြီး၊ ဤအစည်း အဝေး သည် အနှစ် ၂ဝ အတွင်း ပါတီက ကျင်းပခဲ့သည့် အလားတူ အစည်းအဝေးများထဲတွင် စတုတ္ထမြောက် အစည်း အဝေး ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ဝင်များနှင့် အလုပ် အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီပါတီ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ် စားလှယ်များ၊ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ။

(၁) ဗဟို အလုပ်အမှုဆောင် အဖွဲ့က တင်ပြသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြမ်းအား သုံးသပ်ချက် အစီရင်ခံစာ၊ စည်းရုံးရေး အစီရင်ခံစာနှင့် နိုင်ငံရေး အစီရင်ခံစာများကို ဆွေးနွေး သုံးသပ်ကြပြီးနောက် အတည်ပြုကြောင်း သဘောတူဆုံးဖြတ်သည်။
(၂) အဖွဲ့ချုပ်၏လက်ရှိရပ်တည်ချက်(၄)ရပ်ကို အခြေခံ၍တင်ပြထားသော နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များ အ ကောင် အထည်ဖော်ရေးဆက်လက်ကြိုးပမ်းရန်သဘောတူဆုံးဖြတ်သည်။

(၃) တိုင်းပြည်အကျိုးကို ရှေ့ရှုလျက် အဆုံးပေးနိုင်မည့် ခေါင်းဆောင်များ၏ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားရှိသော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားရန် သဘောတူ ဆုံးဖြတ်သည်။

(၄) အဖွဲ့ချုပ်၏ နိုင်ငံရေးရည်ရွယ်ချက်ကို ပြည်သူလူထုက တစ်ခဲနက်ထောက်ခံမှုရရှိရေးအတွက် စည်းရုံးရေး လုပ်ငန်းများအားအရှိန်မြှင့်ဆောင်ရွက်ရန်သဘောတူဆုံးဖြတ်သည်။

(၅) နောင်လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးကိစ္စကို နိုင်ငံရေးအစီရင်ခံစာတွင် ဖော်ပြထားသော ရပ်တည်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် သဘောတူ ဆုံးဖြတ်သည်။
အောက်ပါစရင်းမှာ အစည်းအဝေး တက်ရောက်လာသော ပြည်နယ်၊ တိုင်း၊ အသီးသီး လူငယ် အမျိုးသမီးနှင့် မဟာမိတ်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီမှ ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် တိုင်း ကော်မတီများ လူငယ် အမျိုးသမီး ခေါင်းဆောင်များဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် (လွတ်မြောက်နယ်မြေ ) သြစတေးသျဌာနခွဲ
သတင်းနှင့် ပြန်ကြားရေးဌာန

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (ယာယီ) အဖွဲ့ဝင်များ
၁။ ဦးစိန်လှဦး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၂။ ဒေါက်တာသန်းငြိမ်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၃။ ဦးလှမင်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၎။ ဦးဟန်ဇော် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၅။ ဦးဥာဏ်ဝင်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၆။ ဦးသိန်းညွန့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၇။ ဦးအုန်းကြိုင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၈။ ဒေါက်တာမေ၀င်းမြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၉။ ဦးဟန်သာမြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၀။ ဦးထွန်းထွန်းတိန် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၁။ ဦးဝင်းမြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၂။ ဒေါက်တာဝင်းနိုင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်

ရှမ်းပြည်နယ်
၁။ ဦးထွန်းရွှေ ပြည်နယ်စည်းရုံးရေးကော်မတီ
၂။ ဦတင်ဇော် ပြည်နယ်စည်းရုံးရေး ကော်မတီ
၃။ ဦးဖိုးသာ ပြည်နယ်စည်းရုံးရေးကော်မတီ
၎။ ဒေါ်မိုး ပြည်နယ်စည်းရုံးရေး ကော်မတီ
၅။ ဦးသန်းဌေး ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်

ဧရာဝတီတိုင်း
၁။ ဦးမင်းဆွေ ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၂။ ဒေါက်တာမျိုးညွန့် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၃။ ဒေါက်တာဇော်မြင့် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၎။ ဦးကျော်မြင့် တိုင်းစည်းရုံးရေးကော်မတီ
၅။ ဒေါက်တာအေးကြူ တိုင်းစည်းရုံးရေးကော်မတီ
၆။ ဦးကြည်ဝင်း တိုင်းစည်းရုံးရေးကော်မတီ
၇။ မန်းညွန့်စိန် တိုင်းစည်းရုံးရေးကော်မတီ
၈။ ဦးသန်းတင် တိုင်းစည်းရုံးရေးကော်မတီ
၉။ ဦမန်းလျှော်နီ တိုင်းစည်းရုံးရေးကော်မတီ
၁၀။ ဦးလေးလွင် တိုင်းစည်းရုံးရေးကော်မတီ
၁၁။ ဦးတင် တိုင်းစည်းရုံးရေး ကော်မတီ
၁၂။ ဦးကျော်ဟိုး တိုင်းစည်းရုံးရေးကော်မတီ
၁၃။ ဦးလှိုင်မြင့်ထွန်း တိုင်းစည်းရုံးရေးကော်မတီ

မွန်ပြည်နယ်
၁။ ဦးမောင်မောင်ကြီး ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၂။ နိုင်သောင်းညွန်. ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၃။ ဦးအောင်ကြည်ညွန်. ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၎။ ဒေါ်ခင်ဌေးကြွယ် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၅။ ဦးစိုးမြင့် ပြည်နယ်စည်းရုံးရေးကော်မတီ
၆။ ဦးဖေတင် ပြည်နယ်စည်းရုံးရေးကော်မတီ
၇။ ဦးတင့်နိုင် ပြည်နယ်စည်းရုံးရေးကော်မတီ
၈။ ဦးသိန်းဌေး ပြည်နယ်စည်းရုံးရေးကော်မတီ
၉။ ဒေါ်အိအိခင် ပြည်နယ်စည်းရုံးရေးကော်မတီ

ရန်ကုန်တိုင်း
၁။ ဒေါက်တာသန်းဝင်း ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၂။ ဦးလှသိန်း ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၃။ ဦးဘဆွေ ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၎။ ဦးသာဆိုင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၅။ ဦးသိန်းမြင့် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၆။ ဒေါက်တာမျိုးအောင် တိုင်းစည်းရုံးရေးကော်မတီ
၇။ ဦးတင်ရှိန် တိုင်းစည်းရုံးရေး ကော်မတီ
၈။ ဦးမြင့်အောင် တိုင်းစည်းရုံရေးကော်မတီ
၉။ ဦးချစ်ခင် တိုင်းစည်းရုံးရေးကော်မတီ
၁၀။ ဦးခင်သောင်း တိုင်းစည်းရုံးရေးကော်မတီ

မန္တလေးတိုင်း
၁။ ဦးသိန်းတန် တိုင်းစည်းရုံးရေးကော်မတီ
၂။ ဦးမျိုးနိုင် တိုင်းစည်းရုံးရေးကော်မတီ
၃။ ဦးကိုကြီး တိုင်းစည်းရုံးရေးကော်မတီ
၎။ ဒေါ်သန်းသန်းအေး တိုင်းစည်းရုံးရေးကော်မတီ
၅။ ဦးထင်ကျော် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၆။ ဦးတင်အောင်အောင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၇။ ဦးမောင်မောင်သန်း ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၈။ ဒေါက်တာဇော်မြင့်မောင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၉။ ဦးတင်ထွဋ်ဦး ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၁၀။ ဒေါ်အုန်းကြည် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၁၁။ ဦးမောင်မောင်ဝင်း ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၁၂။ ဦးပေါခင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၁၃။ ဦးသိန်းအောင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၁၄။ ဒေါ်မေနှင်းကြည် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၁၅။ ဒေါက်တာသိန်းလွင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်

ရခိုင်ပြည်နယ်
၁။ ဦးမြမောင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၂။ ဦးမောင်ကြွင်းအောင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၃။ ဦးကျော်ခိုင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၎။ ဦးသိန်းလှိုင် ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်
၅။ ဒေါ်ညိုအေး ပြည်နယ်စည်းရုံးရေးကော်မတီ
၆။ ဦးစိုးလေး ပြည်နယ်စည်းရုံးရေးကော်မတီ
၇။ ဦးစိန်ကျော် ပြည်နယ်စည်းရုံးရေးကော်မတီ
၈။ ဦးတင်သိန်းအောင် ပြည်နယ်စည်းရုံးရေးကော်မတီ

မကွေးတိုင်း
၁။ ဦးကျော်တင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၂။ ဦးအောင်ဆန်းမြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၃။ ဦးဗိုလ်ထွေး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၎။ ဦးကြည်လွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၅။ ဦးတာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၆။ ဦးကံဦး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၇။ ဦးစိုးမြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၈။ ဦးသာအောင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၉။ ဦးညွှန့်လှိုင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၀။ ဦးညွှန့်လှိုင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၁။ ဒေါက်တာအောင်မိုးညို ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၂။ ဦးမြင့်သိန်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၃။ ဦးစိုးဝင်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၄။ ဦးကြည်တိုး တိုင်းစည်းရုံးရေးကော်မတီ
၁၅။ ဦးမြင့်ဝေ တိုင်းစည်းရုံးရေးကော်မတီ
၁၆။ ဦးခင်ဝင်း တိုင်းစည်းရုံးရေးကော်မတီ
၁၇။ ဒေါ်ခင်စောဋ္ဌေး တိုင်းစည်းရုံးရေးကော်မတီ

ပဲခူးတိုင်း
၁။ ဦးမြတ်လှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၂။ ဦးအုန်းမောင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၃။ ဦးအောင်စိန်ထွန်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၎။ ဦးထွန်းကြွယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၅။ ဦးပိုက်ခြုံ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၆။ ဦးအောင်စိုးမြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၇။ ဦးညွှန့်ဝေ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၈။ ဦးသိန်းထွန်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၉။ ဒေါ်လှလှမိုး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၀။ ဦးမြအေး တိုင်းစည်းရုံးရေးကော်မတီ
၁၁။ ဦးကျော်စိန် တိုင်းစည်းရုံးရေးကော်မတီ
၁၂။ ဦးအောင်အောင် တိုင်းစည်းရုံးရေးကော်မတီ
၁၃။ ဦးခင်မောင်ဝင်း တိုင်းစည်းရုံးရေးကော်မတီ
၁၄။ ဦးညွှန့်ရွှေ တိုင်းစည်းရုံးရေးကော်မတီ
၁၅။ ဦးတင်ဦး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၆။ ဦးတင်ရွှေ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၁၇။ ဦးထွန်းအောင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်

စစ်ကိုင်းတိုင်း
၁။ ဦးဘာဘာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၂။ ဦးစောအောင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၃။ ဦးတင်ငွေ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၎။ ဦးမင်းသွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၅။ ဦးသိန်းစံ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၆။ ဒေါက်တာမြင့်နိုင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၇။ ဦးသိန်းဖေ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၈။ ဦးဗလ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၉။ ဒေါ်ခင်သန်း တိုင်းစည်းရုံးရေးကော်မတီ
၁၀။ ဒေါ်သန်းဝင်း တိုင်းစည်းရုံးရေးကော်မတီ
၁၁။ ဦးကျော်ဝင်း တိုင်းစည်းရုံးရေးကော်မတီ
၁၂။ ဦးမြင့်ကြည် တိုင်းစည်းရုံးရေးကော်မတီ
၁၃။ ဦးရဲခိုင် တိုင်းစည်းရုံးရေးကော်မတီ

တနင်္လာရီတိုင်း
၁။ ဦးတိုးပို ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၂။ ဦးကြည်ရွှေ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၃။ ဦးအောင်စိုး တိုင်းစည်းရုံးရေးကော်မတီ
၎။ ဦးဘစိန် တိုင်းစည်းရုံးရေးကော်မတီ
၅။ ဦးစိုးရီ တိုင်းစည်းရုံးရေးကော်မတီ
၆။ ဦးသီးလှ တိုင်းစည်းရုံးရေးကော်မတီ
ရ။ ကိုမြင့်မောင် တိုင်းစည်းရုံးရေးကော်မတီ


ကချင်ပြည်နယ်
၁။ ဒေါ်ဒါရှီလဆိုင်း ဥက္ကဋ္ဌ
၂။ ဦးထွန်းကြည် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၃။ ဦးတင်ဝယ် အတွင်းရေးမှုး
၎။ ဦးမြသိန်း ပြည်နယ်စည်းရုံးရေးကော်မတီ
၅။ ဦးအောင်စိုး ပြည်နယ်စည်းရုံးရေးကော်မတီ
၆။ ဦးလှစိုး ပြည်နယ်စည်းရုံးရေးကော်မတီ

ချင်းပြည်နယ်
၁။ ဦးတီလ်ဆန်း ပြည်နယ်စည်းရုံးရေးကော်မတီ
၂။ ဦးဇိုဘွဲ ပြည်နယ်စည်းရုံးရေးကော်မတီ

ကရင်ပြည်နယ်
၁။ ဒေါ်နန်းခင်ထွေးမြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၂။ ဦးမင်းထွန်းချစ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၃။ ဦးစိန်ဘို ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၎။ ဦးစောတင်ဝင်း ပြည်နယ်စည်းရုံးရေးကော်မတီ
၅။ ဦးရဲမြင့် ပြည်နယ်စည်းရုံးရေးကော်မတီ
၆။ ဦးစောမြင့် ပြည်နယ်စည်းရုံးရေးကော်မတီ
၇။ ဦးချစ်တင် ပြည်နယ်စည်းရုံးရေးကော်မတီ
၈။ ဦးသိန်းဝင်း ပြည်နယ်စည်းရုံရေးကော်မတီ

အမျိုးသမီးအဖွဲ့
၁။ ဒေါ်မြင့်မြင့်စိန် ဗဟိုအမျိုးသမီးအဖွဲ့ဝင်
၂။ ဒေါ်လဲ့လဲ့ ဗဟိုအမျိုးသမီးအဖွဲ့ဝင်
၃။ ဒေါ်အေးအေးမာ ဗဟိုအမျိုးသမီးအဖွဲ့ဝင်

လူငယ်
၁။ ကိုမျိုးညွှန့် တာဝန်ခံ (၁) ဖေါ်ဆောင်ရေး
၂။ ကိုလှဦး တာဝန်ခံ (၂) ဖေါ်ဆောင်ရေး
၃။ ကိုအေးထွန်း တာဝန်ခံ (၃) ဖေါ်ဆောင်ရေး

အမျိုးသားဒီမိုကရေစီပါတီ
၁။ ဦးစိုးဝင်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
၂။ ဦးသိန်းဦး ပြည်သူ့လွတ်တော်ကိုယ်စားလှယ်

အပြည့်အစုံသတင်းဖတ်ရန်....

တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေါင်းဖို စတင်တည်ဆောက်


စန်မင်း၊ တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၌ အခြေစိုက်သည့် West-inghouse ကုမ္ပဏီက တီထွင်ထားသော AP-1000 နည်းပညာများအသုံးပြု သည့် ယင်း၏တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေါင်းဖိုများ အနက် ပထမဦးဆုံးဓာတ်ပေါင်းဖိုကို စတင်တည်ဆောက်ခဲ့ကြောင်း ဆင် ဟွာသတင်းဌာနက ဖော်ပြသည်။
အဆိုပါ Sanmen နျူကလီးယား ဓာတ်အားစက်ရုံကို အဆင့်သုံးဆင့်ထား ၍ တည်ဆောက်မည်ဖြစ်ပြီး ပထမ အဆင့်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ၈၈ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ မည်ဖြစ်သည်။
ပထမအဆင့်စီမံချက်တွင် ယူ နစ်တစ်ခုလျှင် လျှပ်စစ်အား ၁ဒသမ ၂၅သန်းကီလိုဝပ်ထုတ်ပေးနိုင်သည့် ယူနစ်နှစ်ခုပါဝင်မည်ဖြစ်သည်။

Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ကွေးဗိုင်းရပ်စ်ပိုး တားဆီးနိုင်သည့် ဒြပ်ပေါင်းတွေ့ရှိ


ဟောင်ကောင်နှင့် ကနေဒါမှ သုတေသနပညာရှင်များက H5N1တုပ် ကွေးဗိုင်းရပ်စ်ပိုးအား ကာကွယ်တားဆီးနိုင်သည့် ဒြပ်ပေါင်းကို တွေ့ရှိခဲ့ကြ သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ သုတေသနပညာရှင်တို့က ကွန်ပျူ တာဖြင့် အသုံးပြုသော မော်လီကျူးဆိုင်ရာသိုလှောင်မှုကိုမကြာသေးမီက ပူးပေါင်းသုတေသနပြုခဲ့ကြရာတွင် ဒြပ်ပေါင်း ၂၃၀၀၀၀ခန့်ကို စစ်ဆေးခဲ့ကြ ခြင်းဖြစ်သည်။ ထိုအထဲမှ ဒြပ်ပေါင်း ၂၀ခန့်သည် H5N1 ဗိုင်းရပ်စ်ပိုးအား တားဆီးနိုင်သည့်အလားအလာကို တွေ့ရှိခဲ့ကြရခြင်းဖြစ်သည်။ ဒြပ်ပေါင်း ၂၀အား စမ်းသပ်ခဲ့ရာတွင် "ဒြပ်ပေါင်း(၁)"သည် Neuraminidase ဗိုင်းရပ်စ် အား တားဆီးနိုင်သည့် အရည်အသွေးရှိကြောင်း ပြသခဲ့သည်ဟု ဆိုသည်။ ယင်းသည် လတ်တလောတုပ်ကွေးရောဂါတိုက်ဖျက်ရာတွင် အသုံးပြုသော ဆေးဝါးနှင့်တူညီမှုရှိကြောင်း တွေ့ရှိခဲ့ရသည်။
Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ရွေးကောက်ပွဲ ၀င်ဖို့ စဉ်စားမည်

29 April 2009

NLDရဲ့ ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ရွှေဂုံတိုင် ကြေညာချက်ထဲမှာ စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ မဆန်တဲ့အချက်တွေ ကို ပြုပြင်ပေးရမယ်လို့ တောင်းဆို ထားတာတွေ့ရပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာက ဦးဝင်းတင်ကို ဆက်သွယ် မေးမြန်းထား ပါတယ်။

ဦးဝင်းတင်။ ။ ဒီမိုကရေစီ မဆန်တဲ့အချက်တွေ ဆိုတာက အရပ်တွေး တွေး၊ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အကုန်လုံးဆိုပါတော့။ ထား ပါတော့။ တပ်မတော်သည် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ ပါဝင်သည်ဆိုပြီးတော့ ပြည်သူတွေက ရွေးကောက်တင်မြှောက် တဲ့ လွှတ်တော်မှာ သူတို့က ထိပ်ဆုံးကနေ စီးပြီးတော့ လုပ်တဲ့ ပုံသဏ္ဍန်မျိုး။ အဲဒါမျိုးတွေပေါ့။ တပ်မတော် သမ္မတတို့၊ ဒုတိယ သမ္မတတို့ရဲ့ အရည်အချင်းတို့မှာ စစ်ရေး အတွေ့အကြုံတွေ ပါရမယ်ဆိုတာမျိုးတွေ၊ အဲဒီကနေမှ ၀န်ကြီးတွေ ခန့်တဲ့ ကိစ္စ၊ တပ်မတော်က ၀န်ကြီးတွေ ခန့်တာတွေ၊ ဟိုးအောက်ခြေ ခရိုင်တွေအထိပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ တပ်မတော်သားတွေက စည်းရုံးနေတာမျိုးတွေ၊ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ၇၅%ရမှသာ ပြင်ခွင့်ရမယ်ဆိုတာမျိုးတွေ၊ နောက်ဆုံးပိတ် ကုန်ကုန်ပြောရရင် စစ်တပ်ကနေပြီး အချိန်မရွေး အာဏာသိမ်းနိုင်ခွင့် ရှိတဲ့ သဘောမျိုးတွေ ပေးထားတဲ့ ကိစ္စမျိုးတွေက ဒီမိုကရေစီမဆန်သော အချက်များပေါ့။

ဦးကျော်ဇံသာ။ ။အချက် ၃ချက်ရှိပါတယ်။ ပထမအချက်က တပ်မတော်ဟာ အမြဲတမ်း နိုင်ငံရေး ဦးဆောင်မှုမှာ ပါဝင်ရမယ်ဆိုတဲ့ အချက်အပါအ၀င် စစ်တပ်က ရာထူးတွေ အများကြီး ယူထားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒီဟာတွေကို ဘယ်လို ပုံစံမျိုး ပြင်ရင် ဆရာတို့ဘက်က လက်ခံနိုင်မယ့် အဆင့်ရှိတယ်ဆိုတာကို အကြမ်းဖျင်း ပြောပါခင်ဗျ။
ဦးဝင်းတင်။ ။အဲဒါတွေကို ပြောရရင် ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးဆိုတာကို တင်ထားပါတယ်။ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြပါ။ ကျွန်တော် ဘယ်လောက်အထိတောင် ပြောသလဲဆိုရင် အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်များ၊ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို ပုဂ္ဂိုလ်မျိုးတွေ၊ ဒီလို ပုဂ္ဂိုလ်မျိုးတွေနဲ့ ရှင်းရမှာပေါ့။ တထိုင်းတည်းနဲ့ ပြောလို့ မရဘူးဗျာ။ တခုတည်း ကောက်ကာငင်ကာ ပြောလို့မရဘူး။ ဒါဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ ရှင်းရမှာပဲ။ ကျွန်တော်ပြောချင်တာက ဒီတွေ့ဆုံဆွေးရေးကို နှစ်ဘက်စလုံး စေတနာမှန်နဲ့ လုပ်ကြမယ်ဆိုရင် အကုန်လုံး ချောချောမွေ့မွေ့ ဖြစ်နိုင်တဲ့ အလားအလာရှိတယ်လို့ အဖွဲ့ချုပ်က သဘောရတယ်။ ဒီလို လိုက်လျောချက်တွေကို ပြောတာပဲ။ ပြင်ရင်ပြင် မပြင်ရင် မ၀င်ဘူးဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ ကြားထဲမှာ NLDပါတီက ရွေ့လာပြီးတော့ ပြင်ပါ။ ဒါတွေပြင်လာပြီးရင် ၀င်ဖို့အတွက် ရည်ရွယ်တယ်ဆိုတာကို ထုတ်ပြောလာတယ်။ ဒါဟာ အလွန်ကို လိုက်လျောချက်ပေါ့ဗျာ။

ဦးကျော်ဇံသာ။ ။ လိုက်လျောချက်တွေထဲမှာ အရင်တုန်းက တောင်းဆိုချက်တွေထက် လျော့သွားတာကို မတွေ့ရသေးဘူး။ ပြင်ရင် ၀င်ဖို့ စဉ်းစားမယ်ဆိုတာ ဆရာတို့ဘက်က ပိုပြီး လိုက်လျောလာတာ တွေ့ရပါတယ်။ ဟုတ်ပါသလားခင်ဗျ။

ဦးဝင်းတင်။ ။ ဟုတ်ပါတယ်ခင်ဗျ။ အရင်ဟာတွေနဲ့ ကွဲတယ် မကွဲဘူးဆိုတဲ့ အခြေခံက ကျွန်တော်တို့ရဲ့ မူလ မူဝါဒတွေပါ။ ဒါတွေကို လက်လွှတ်စပယ်တော့ မစွန့်လွှတ်နိုင်ဘူး။ ဒါတွေအကုန်လုံးဟာလဲ ခုနပြောတဲ့ တွေ့ဆုံဆွေးနွေးပွဲကိုပဲ ပြန်ရောက်မှာပဲ။ တွေ့ဆုံဆွေးနွေးကြလို့ရှိရင် ကျွန်တော်တို့တွေ မူဝါဒတွေနဲ့ ပတ်သက်လို့ အလျော့အတင်းတွေ ရှိမယ်။ ပြုပြင်ပြောင်းလဲမှုတွေ ရှိနိုင်မယ်။ ဒါတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထားတွေ အပျော့အပြောင်းတွေ ဖြစ်လာနိုင်တယ်။ အတိုချုပ်လိုက်ရင် ကျွန်တော်တို့က လိုက်လိုက်လျောလျော လုပ်မယ့် စေတနာရှိတယ်။ ပြဿနာကို ဖြေရှင်းချင်ကြတယ်။ လိပ်ခဲတည်းလည်း နှစ်ပေါင်း ၂၀လောက် ဖြစ်လာတဲ့ ပြဿနာကြီးကို ရှင်းချင်တဲ့ စေတနာ ရှိတယ်။ အဲဒါကြောင့် လိုက်လိုက်လျောလျောလုပ်တယ်။ ပြဿနာတွေကို ဟိုပြဿနာ ပြောစရာတွေ အများကြီးရှိတယ်။ ပြင်စရာတွေ အများကြီး ရှိမယ်။ အဲဒီ ကိစ္စတွေ အားလုံးအတွက်က တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ်မှာ ရှင်းကြမယ်။ ဒါပဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ ဆရာတို့ဘက်က အစကတည်းက ဒီသဘောထားပဲလို့ ထင်ပါတယ်။ စစ်အစိုးရဘက်ကရော NLDဘက်ကရော ပိုပျော့ပြောင်းလာတယ်လို့ ယူဆနိုင်တဲ့ အချက်တော့ အထွေအထူး ဘာမှ မပါဘူးပေါ့ ဆရာ။

ဦးဝင်းတင်။ ။ အချက်အနေနဲ့ကတော့ မပြောနိုင်ဘူး။ သဘောထားက အရေးကြီးတာကိုး။ ကျွန်တော်တို့ရဲ့ စိတ်ထားပေါ့။ ကျွန်တော်တို့ရဲ့ ATTITUTE က ရွေ့လာပြီခင်ဗျ။ ပြေပြေလည်လည်ဖြစ်ချင်တယ်။ လိုက်လိုက်လျောလျောလုပ်ချင်တဲ့ စိတ်ထားက အရေးကြီးပါတယ်။ အချက်တွေကတော့ ဘယ်ဟာ မပြောင်းသေးဘူး။ ဘယ်ဟာက ပြောင်းတယ်ဆိုတာတွေက ပညာရှင်များလည်း ဥပဒေပညာရှင်များနဲ့ ဆွေးနွေးလည်း ရပါတယ်။ ဒါတွေက ရှင်းလို့ ရပါတယ်။

ဦးကျော်ဇံသာ။ ။ ဆရာတို့က ဟိုဘက်က ဘယ်လို တုန့်ပြန်မယ်လို့ မျှော်လင့်ချက် ထားပါသလဲခင်ဗျ။

ဦးဝင်တင်။ ။ ဒါကတော့ ကျွန်တော့် စကားဆိုတာထက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ပြောသွားတဲ့ စကားကို ကိုးကားပြီးတော့ ပြောချင်ပါတယ်။ သူက မျှော်လင့်ချက်ရှိလို့ ကျွန်တော်တို့ ဒီလို လုပ်တာပေါ့။ ကျွန်တော်တို့မှာ ဘာမှာ မျှော်လင့်ထားတာ မရှိဘူးဆိုရင် ဒီလို ဘယ်ပြောပါ့မလဲလို့ ဆိုပါတယ်။ ကျွန်တော် ဒီစကားကိုပဲ ပဲ့တင်ထပ် ထပ်ဆင့်စကား ပြောချင်ပါတယ်။
http://www.voanews.com/burmese/2009-04-29-voa9.cfm

အပြည့်အစုံသတင်းဖတ်ရန်....

အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း

ကိုဝိုင်း ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 21:32 - မြန်မာစံတော်ချိန်


ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့များနှင့် အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုက ရေစီပါတီ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စား လှယ်များ တက်ရောက်သည့် စုံညီအစည်းအဝေးအပြီး ထွက်ပေါ်လာသည့် အန်အယ်ဒီ၏ ရွှေဂုံတိုင်လမ်း အမည်ရှိ ကြေညာစာတမ်းကို တင်ပြ လိုက်ပါသည်။

စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင်ရေးဆွဲ တင်သွင်းသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်း အဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမသတင်းထောက် ကိုဝိုင်းကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။

-------------------------------

ယနေ့ စုံညီအစည်းအဝေးအပြီးတွင် တက်ရောက်သူအားလုံးမှ အများဆန္ဒနှင့်အညီ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ဖော်ပြထားသော - ရွှေဂုံတိုင်ကြေငြာစာတမ်း -

ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူလူထုအပေါင်း မျှော်မှန်းထားသည့်အတိုင်းဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျတ်အတည်းများ အားလုံးကို ဖြေရှင်းနိုင် ရန် ရည်ရွယ်လျက် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ဝင်များ၊ ယနေ့ထက်တိုင် အဖွဲ့ချုပ်နှင့်အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင် ရေး အဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်တင်ပြခြင်း၊ အခြေအနေ အရပ် ရပ်ကို တွေ့ဆုံဆွေးနွေးညှနှိုင်းခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည်သွားစေရေး အကောင်းဆုံးနည်းလမ်းဖြစ် သော တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသ ဘောတူ ညီကြသည့်အလျောက် ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာလိုက်သည်။

အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်းများဖြစ်သည့် ဦးတင် ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန် လည် သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေးတန်းတူညီမျှမှုကို အခြေခံသည့် စစ်မှန်သော ပြည်ထောင် စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြု ရေးတို့သည် လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများဖြစ်သည်ဟု ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး။

ဒီမိုကရေစီနိုင်ငံတော်အသစ်တရပ် တည်ဆောက်ရန် ဒီမိုကရေစီမူများအပေါ် အခြေခံသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အာဏာတည်ခြင်းမရှိသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) တွင် ဒီမိုကရေစီအခြေခံမူဝါဒများနှင့် မကိုက်ညီသည့်အချက်များ ပါဝင်နေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် ပြည်သူ အပေါင်း (…..) ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရန် အထူးလိုအပ်သည်။

(ဂ) စည်းရုံးရေး။

တိုင်းရင်းသားလူမျိုးများတစ်စုတစ်ဝေးတည်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံး အခွင့်အ ရေး တန်းတူညီမျှမှု၊ တဦးပေါ်တဦး ဖြူစင်သောစေတနာ ထားနိုင်မှုတို့ကို အခြေခံသော ညီညွတ်မှု တည်ဆောက်ရမည်။ (…..) ရေခံ မြေခံကောင်းတွင်သာ စစ်မှန်သော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ပေမည်။ ထို့ကြောင့် နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့် ရှိရမည်။ သို့ဖြစ်ရာ ၂ဝဝ၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ကာ ယာယီဟုဆိုပြီး ချိတ်ပိတ်ထားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ ရုံးများ၊ မြို့နယ်စည်းရုံးရေး အဖွဲ့ရုံးများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ (ရုံး) များကို အမြန်ဆုံးဖွင့်ပေးရန် လိုအပ်သည်။

(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။

ယနေ့ကာလတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့ လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်။ သို့မှသာ ဒီမိုကရေစီ၏ အစဉ်အလာ ကောင်း များကို ထိန်းသိမ်းရာ ရောက်ပေမည်။ သို့မဟုတ်ပါက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အနေဖြင့် မိမိ ပြဋ္ဌာန်း ထားသော ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်ရှိနေပေလိမ့်မည်။

(င) တွေ့ဆုံဆွေးနွေးရေး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို (၁၉၈၈) ခု ကတည်းကစ၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးလိုအပ်ချက်အရ ပြောင်း လွယ်ပြင်လွယ် သဘောထားဖြင့် ဆောင်ရွက်နိုင်စွမ်းရှိသည်ဆိုသော အချက်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြား ထားခဲ့ပြီးဖြစ်သည်။

“မြန်မာပြည်သူလူထုအတွက် အကျိုးပြုမယ့် ရလဒ်ကောင်းရဖို့ဆိုရင် ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်သာ ပြောင်းသာစွာနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မကြာခဏ ပြောထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို တွေ့ဆုံဆွေးနွေးတာဟာ အဖွဲ့ချုပ်ကောင်းစားဖို့ ဦးတည်ဆွေး နွေးမှုမျိုး မဖြစ်သင့်သလို အာဏာပိုင်များကောင်းစားဖို့ ဦးတည်ဆွေးနွေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ မြန်မာပြည်သူလူထု ကောင်း စား ရေးအတွက် ဦးတည်ရလိမ့်မယ်” ဟု ပြောထားပြီးဖြစ်သည်။

သို့ဖြစ်ရာ လက်ငင်းကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရေး စီစဉ်ဆောင်ရွက် ပါရန် အဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ စိတ်ကောင်းစေတနာဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။

အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကြိုတင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန် အလှန်လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပရန်

(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေးများရရှိရေး၊ ဒေါ်အောင် ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ပြန်လည် သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများအရေး၊ လက်ရှိပြည်သူလူထု ဘဝအခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရာရောက်အောင် စီစဉ်ရမည်။

(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတိုင်း သက်ဆိုင်သူများအားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက်ဖော်ဆောင်သွားရန် တို့ ဖြစ်သည်။

(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။

အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည်တည်တံ့မည့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာမမူဘဲလျက် နောင်လာမည့် ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည်ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည်ဖြစ်သည်။

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုက ရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသားတည်း ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက -

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စ တရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။ http://www.mizzimaburmese.com/research/2863-2009-04-29-15-15-26.html

အပြည့်အစုံသတင်းဖတ်ရန်....

ဝက်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး

29 April 2009

ဝက်တုပ်ကွေး ရောဂါကြောင့် အမေရိကန် နိုင်ငံမှာ ပထမဆုံး လူတယောက် သေဆုံးသွားပါပြီ။ တကမ္ဘာလုံးကို အချိန်တိုအတွင်း ပျံ့နှံ့နေတဲ့ ၀က်တုပ်ကွေး ဗိုင်းရက်စ် ရောဂါပိုးနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေနဲ့ တွေ့ရှိသေဆုံးသူဟာ မက္ကဆီကို အနောက်ပိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တက္ကဆက်စ် ပြည်နယ်က ၂၃လသား ကလေးငယ်လေး ဖြစ်တယ်လို့ ရောဂါ ထိန်းချုပ်ရေးနဲ့ တားဆီးကာ ကွယ်ရေး ဌာန ယာယီ ညွန်ကြားရေးမှူး ဒေါက်တာ Richard Besser က ပြောပါတယ်။ ဒါဟာဖြင့် ၀က်တုပ်ကွေး ရောဂါ စတင် ဖြစ်ပွားပြီး လူ ၁၅ယောက်အထိ သေဆုံး ခဲ့ရပြီဖြစ်တဲ့ မက္ကဆီကို နိုင်ငံ ပြင်ပမှာ ပထမဆုံး သေဆုံးမှုပါ။

ရောဂါဖြစ်ပွားတယ်လို့ အတည်ပြုနိုင်တဲ့အရေအတွက် ၂၆ ခုရှိခဲ့ပြီး အဲဒီထဲမှာ သေဆုံးသွားတဲ့ဖြစ်ရပ်က ခုနစ်ခုရှိတယ်လို့ မက္ကဆီကို ကျန်းမာရေးဝန်ကြီး Jose Cordova က အင်္ဂါနေ့နှောင်းပိုင်းမှာ သတင်းထောက်တွေကိုပြောပါတယ်။ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထား ရသူပေါင်း ၁၃၀၀ ကျော် ဆေးရုံတင်ကုသထားရတယ်လို့ လည်း သူကပြောပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ၀က်တုပ်ကွေးဖြစ်ပွားတဲ့ဖြစ်ရပ် သုံးခုတွေ့ရတယ်လို့ ဒီကနေ့အစောပိုင်းမှာ ကြေညာခဲ့တာကြောင့် ဗိုင်းရပ်စ် ပိုး ကူး စက်တဲ့ ထဲမှာ နောက်ဆုံးပေါ်လာတဲ့နိုင်ငံဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၀က်တုပ်ကွေးဖြစ်ပွားတဲ့အရေအတွက်က ၆၅ ယောက်ထက်မနည်းတဲ့ အရေအတွက်ထိ တိုးသွားပါ တယ်။ နယူးယောက်မြို့တော် ကက်သလစ်ဘုရားကျောင်းတခုက ဒါဇင်နဲ့ချီတဲ့ကျောင်းသားတွေဟာ မက္ကဆီကိုခရီးစဉ်တခုကနေ ပြန်လာခဲ့ကြပြီး တဲ့နောက် ၀က်တုပ်ကွေးရောဂါသင့်လာခဲ့ပြီး ရောဂါပိုးဟာ အဲဒီကျောင်းထဲမှာတင်မဟုတ်တော့ဘဲ ကျောင်းအပြင် ဘက်ထိ ပြန့်နှံ့သွား ပုံရပြီလို့ အာဏာပိုင်တွေကပြောပါတယ်။ တခြားကျောင်းနှစ်ခုက ကျောင်းသားတွေလည်း နေမကောင်းဖြစ်ခဲ့ ကြပါတယ်။

လော့စ်အိန်ဂျလိစ်မြို့မှာ တုပ်ကွေးရောဂါနဲ့ သေဆုံးရသူနှစ်ဦးဟာ ၀က်တုပ်ကွေးရောဂါနဲ့ ဆက်စပ်ပုံမရဘူးလို့ ဒေသတွင်း သေမှုသေခင်း စစ်ဆေးရေး အရာရှိကပြောကြောင်း Los Angeles Times သတင်းစာကပြောပါတယ်။ မက္ကဆီကိုနိုင်ငံနဲ့ နယ်နမိတ်ထိစပ် နေတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာ ရောဂါကူးစက်မှု ၁၁ ခုရှိသွားပြီဖြစ်ပြီး အခြေအနေကိုကိုင်တွယ်ဖို့ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ http://www.voanews.com/burmese/2009-04-29-voa7.cfm

အပြည့်အစုံသတင်းဖတ်ရန်....

နေပြည်တော်တွင် လေဆိပ်အသစ်တဲ့

မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့တော်သစ်ဖြစ်သော နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကြီးကို ဇန်နဝါရီလမှ စတင် ဆောက်လုပ်နေပြီဟု သိရသည်။

တစ်နှစ်လျှင် ခရီးသည် ၁၀.၅ သန်းခန့် အဝင်အထွက် ပြုလုပ်နိုင်မည့် လေဆိပ်အသစ်ကို ပုဂ္ဂိလ ကုမ္ပဏီတစ်ခုဖြစ်သည့် Asia World ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်သည်ဟု ပြည်တွင်းသတင်းစာ တစ်စောင်ကို ကိုးကား၍ AFP သတင်းများက ဖော်ပြကြ သည်။ Asia World ကုမ္ပသည် ရန်ကုန်လေဆိပ်အသစ်ကို တည်ဆောက်ခဲ့သည့် ကုမ္ပဏီလည်းဖြစ်သည်။ နေပြည်တော်လေဆိပ်ကို အ ဆင့် ၃ ခုခွဲ၍ တည်ဆောက်မည်ဖြစ်ပြီး ပထမအဆင့်အပြီးတွင် တစ်နှစ်လျှင် ခရီးသည် ၃.၅ သန်းခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး တတိယ အဆင့်ထိ ပြီးစီးသွားပါက ၁၀.၅ သန်းခန့် အသုံးပြုနိုင်မည်ဟု သိရသည်။

Asia World မှ Project Director ဦးနေလင်းက လေဆိပ်အသစ်ကြီးကို ခေတ်မီပုံစံများဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း၊ခရီးသည်များ အနေဖြင့်လည်း လွယ်ကူပြီး သက်တောင့်သက်သာ သွားလာနိုင်အောင် စီမံထားကြောင်း၊ လေဆိပ်တစ်ခုတွင် ရှိသင့်ရှိအပ်သည့် အဆင် အပြင်နှင့် ခေတ်မီစက်ကိရိယာများကိုလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သတင်းစာကို ရှင်းပြခဲ့သည်။ လေဆိပ်တည်ဆောက်ရေး သည် အကြမ်းအားဖြင့် ၂ နှစ်ခွဲခန့် ကြာမြင့်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသော်လည်း ကုန်ကျစရိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

အစိုးရရုံးစိုက်ရာမြို့ကို ရန်ကုန်မြို့မှ ပျဉ်းမနားရှိ နေပြည်တော်သို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပြီး ဝန်ကြီးဌာနအားလုံး လည်းနေပြည်တော် တွင် ရုံးထိုင်ကြရသည်။

Source : AFP
http://www.thanlwin.com/new/index.php?option=com_content&view=article&id=946:2009-04-26-02-50-47&catid=1:latest-news&Itemid=105

အပြည့်အစုံသတင်းဖတ်ရန်....

တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ

သတိထားကြပါ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 19:04 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ထူးကဲစွာ ဝက်သေဆုံးမှုများ ဖြစ်ပေါ်နေရာ ဝက်တုပ်ကွေးရောဂါ စိုးရိမ်မှုကို မီးထိုးပေးလိုက်သည်။

တပိုင်တနိုင် ဝက်မွေးမြူးရေး လုပ်ငန်းများ လုပ်နေသည့် တွံတေးမြို့ အုတ်ဖို အနောက်ပိုင်းရပ်ကွက်၊ တံခွန်တိုင်နှင့် ဇီးဖြူကုန်းရွာတွင် ဝက်ကောင်ရေ ၂၅ ကောင်ခန့် ဧပြီ ၂၆ ရက်နေ့ကတည်းက သေဆုံးခဲ့သည်။

“မသေခင်မှာ ပါးစပ်ထဲက အမြှုပ်တွေ ထွက်တယ်။ ဆန့်တငင်ငင် ဖြစ်တယ်။ ၂ နာရီ လောက်ကြာရင် သေသွားတယ်။ သေသွားတဲ့ ဝက်တွေကို ဖော်လိုက်တဲ့အခါ အသားတွေက မဲပုပ်ပုပ် ဖြစ်နေတယ်။ အဲဒီ ဝက်တွေကို ကြည့်လိုက်ရင် ရေဓာတ် ခမ်းခြောက်တဲ့ အနေအထား ရှိတယ်။ ” ဟု တွံတေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် တွံတေးမြို့ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာဌာန ဝန်ထမ်းများသည် ဒေသတွင်းသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ရောဂါဖြစ်သည်ကို အမည်တပ်နိုင်ခြင်း မရှိကြောင်းနှင့် အခြား ကျေးရွာများတွင်ပါ ယခုလို ဝက်သေဆုံးမှုများ ပေါ်ပေါက်လာပါက အကြောင်းကြားရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ဇီးဖြူကုန်း ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဝက်မွေးမြူရေး လုပ်တာတွေ ရှိတယ်။ တပိုင်တနိုင် မွေးမြူးရေးလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင် တယောက်ဟာ ဝက်အကောင်ရေ ၅ဝ လောက် မွေးထားရာမှာ အခုဆို ၂၂ ကောင်ပဲ ကျန်တော့တယ်။ ' ဟု မဇ္ဈိမကို ပြောသည်။

ယခုအခါ တွံတေးမြို့ ဝက်သားဆိုင်များတွင် ဝက်သား အရောင်းအဝယ် ထိုင်းမှိုင်းသွားသည်။

မက္ကဆီကိုနိုင်ငံမှ စတင်ခဲ့သည့် ဝက်တုပ်ကွေးသည် ကမ္ဘာ့နိုင်ငံ အချို့သို့ ကူးစက်မှုရှိနေပြီး စိုးရိမ်သောက များနေချိန်တွင် ဝက်များ ယခုကဲ့သို့ အစုလိုက် သေဆုံးခြင်းက လူအများ အာရုံစိုက်စရာ ဖြစ်လာစေခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု


၂၆.၀၄.၂၀၀၉နေ့ တွင်
( NAGOYA-JAPAN)ရှိမြန်မာ့ဒီမိုကရေစီအင်းအားစုများမှနိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးလက်မှတ်ရေးထိုးထောက်ခံပွဲကိုဆောင်ရွက်ခဲ့ကြသည်..။ ။
ပေးပို့ သူ(ကိုကျော်စီုး)
L.D.B(NAGOYA-BRANCH).

အပြည့်အစုံသတင်းဖတ်ရန်....

နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြစ်ဆဲ


သောက်သုံးရေ အခက်အခဲဖြစ်နေသောဘိုကလေးမြို့ တစ်နေရာ
NEJ /၂၉ ဧပြီ ၂၀၀၉
လာမည့် မေလ (၂) ရက်တွင် နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ (၁) နှစ် ပြည့်တော့မည်ဖြစ်သော်လည်း ဧရာဝတီတိုင်းအတွင်း သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သောက်သုံးရေ အခက်အခဲအတွက် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရေကန်များကို စေတနာရှင်များက လာရောက် ရှင်းလင်းပေးခဲ့ကြသော်လည်း အဆိုပါရေကန်များမှ ရေကို သောက်သုံး၍မရကြောင်း ဘိုကလေးမြို့ နယ် ဘုရားကျောင်းကျေးရွာသားတဦးက ပြောသည်။

၎င်းက “ဒီမှာက ကန်ရေကိုပဲ အားထားပြီး သောက်ရတာပါ။ နာဂစ်ဖြစ်ပြီးတော့ အလှူရှင်တွေ ရေကန်တွေ လာဆယ်ပေးကြတယ်။ ပြီးခဲ့တဲ့ မိုးတွင်းကတော့ သုံးလို့မရမှန်းသိကြတယ်။ ဒီနှစ်မိုးတော့ ရမယ်ထင်တာပေါ့။ ဒါနဲ့  သင်္ကြန်မတိုင်ခင်က မိုးတွေရွာတော့ မိုးရေတွေ ရတယ်၊ ၀မ်းသာကြတာပေါ့။ ဒါပေမယ့် ရေကသုံးလို့ မရဘူး၊ ငန်နေတယ်၊ ရေပေါ်မှာ အဆီတွေတက်နေတယ်။ တချို့ မတတ်နိုင်သူတွေကတော့ ဒီအတိုင်းသောက်ကြတယ်။ တချို့လည်း အဲဒီရေကို ကျိုသောက်ကြတယ်။ ကျနော်တို့မိသားစုကတော့ မသောက်ဘူး။ ရှိတာလေးနဲ့ ရေသန့် ၀ယ်သောက်တယ်။ အခက်အခဲကတော့ အများကြီးပဲဗျာ” ဟု ပြောသည်။

ဘိုကလေးမြို့နယ်၊ မစိမ်းရွာသားတဦးကလည်း သောက်သုံးရေ မရရှိသေးသည့်အတွက် ရေသန့်ဝယ်ယူ သောက်သုံးရသည့် စရိတ်က ပိုလာကြောင်း ပြောသည်။

ယမန်နှစ်မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဧရာဝတီတိုင်းရှိ လပွတ္တာ၊ မော်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ဟိုင်းကြီးကျွန်း စသည့် မုန်တိုင်းဒဏ်ခံရသောဒေသများမှ သောက်သုံးရေကန်များ ရေငန်ဝင် ပျက်စီးမှုများ ရှိခဲ့သည်။

“နာဂစ်မုန်တိုင်းပြီးတော့ ရေကန်တွေကို ရှင်းမယ့်သူ မရှိဘူး။ နှစ်လလောက်နေမှ ရန်ကုန်ကလူတွေ လာပြီးတော့ ရှင်းထုတ်ပေးတယ်။ ကျနော်တို့ရွာမှာ ကန် (၂) ကန်ရှိတယ်။ အိမ်ခြေက အရင်တုန်းက (၈၀) ကျော်လောက်ပဲ ရှိတယ်။ အခုတော့ အိမ်တွေတိုးလာလို့ (၁၆၀) ကျော်လောက် ဖြစ်လာတယ်။ ရှိတဲ့ကန်နဲ့ မလောက်လို့ ကန်အသစ် တခုလည်း တူးထားသေးတယ်။ အခု အသစ်ရော၊ အဟောင်းရော အားလုံးရေမရဘူး” ဟု ဖျာပုံမြို့နယ် အချာလေး ကျေးရွာအုပ်စုမှ ဦးမြင့်ကျော်က ပြောသည်။

အချာလေးကျေးရွာအုပ်စုတွင် အချာလေးရွာ အပါအ၀င် ခြောက်အိမ်တန်းရွာ၊ စက်ဝရွာ၊ အဖောင်ရွာတို့ပါဝင်သည်။
ဧရာဝတီတိုင်း နာဂစ်သင့်ဒေသများတွင် ရေကန်များ မသန့်ရှင်းသည့်အတွက် သောက်သုံးရန်မသင့်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လေ့လာချက်တွေ့ရှိချက်ကို ကိုးကားပြီး ဒေသခံ ကြက်ခြေနီအရာရှိတဦးက ပြောသည်။

၎င်းက “အမှိုက်တွေကို ရှင်းလင်းဆေးခပ်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့ အသင်းအနေနဲ့ နာဂစ်သင့်ဒေသ အားလုံးကို နှံ့စပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အစိုးရအနေနဲ့ သောက်ရေသန့်ရရှိရေးအတွက် ဦးဆောင်လုပ်သင့်ပါ တယ်” ဟု ပြောသည်။

နာဂစ်ဒဏ်ခံခဲ့ရသော ဒေးဒရဲမြို့နယ်အတွင်း ကံဆိပ်ကျေးရွာ၊ စွယ်တော်ကုန်းကျေးရွာ၊ ကံစုကျေးရွာ၊ ကျုံဇမင်းကျေးရွာ၊ ဖိုးချမ်းကြီးကျေးရွာ၊ သောကြာကျေးရွာ၊ ငပုတောမြို့နယ်တွင်းရှိ သက်ကယ်သောင်ကျေးရွာ၊ အုန်းချောင်း ကျေးရွာတို့တွင် ယခုအခါ သောက်ရေရှားပါးသည့် အခက်အခဲကို ရင်ဆိုင်နေရသည်။

နာဂစ်မုန်တိုင်းအပြီးတွင် နအဖစစ်အစိုးရက ရေကန်များကို ပြန်ပြုပြင်ပေးခြင်းမရှိဘဲ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ မြန်မာ့ကြက်ခြေနီ၊ အိုင်စီအာစီ၊ ယူနီဆက်နှင့် ကုလသမဂ္ဂအဖွဲ့များ၊ ပုဂ္ဂလိကအလှူရှင်များက ရေသန့်စက်များ တပ်ဆင်ပေးကြောင်း ဒေသခံများက ပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ

ကြည်ဝေ
မုန်တိုင်းလာဦးမည်ဟု သတင်းကြားရပြီးကတည်းက ဒေါ်သူဇာ ဆောက်တည်ရာ မဲ့နေသည်။ အချိန်တိုင်း အိမ်ရှေ့ထွက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၊ အိမ်ထဲဝင်ကာ ပစ္စည်းသိမ်းလိုက် ၊ ဆော့ကစား နေသော မြေးဖြစ်သူကို တကြော်ကြော်ခေါ်ရင်း သူ့စိတ်ထဲ မဖော်ပြနိုင်အောင် ရှုပ်ထွေး နောက်ကျိ လျက်ရှိကာ မအိပ်နိုင်တော့။


နာဂစ်ကြောင့် သားနှင့် ချွေးမသေဆုံးသွားသဖြင့် စိတ်ဒဏ်ရာ ခံစားနေရသည့် အသက် ၆၂ နှစ်အရွယ် ဒေါ်သူဇာကို ၎င်း၏ တဲတွင်ထိုင်နေစဉ် ဤသို့မြင်တွေ့ရသည်
နို့ဆီဘူး တလုံးသာသာ ဆန်ကိုလည်းကောင်း၊ ယူနီဆက်ဖ် အမှတ်တံဆိပ်နှင့် ကျောပိုးအိတ် အပြာရောင်လေးကို လည်းကောင်း၊ “သိမ်ကြီးဈေး အလှူရှင်များက လှူဒါန်းသည်” ဟူသည့် အမှတ်အသားပါသော မိုးရေကာ ပလတ် စတစ်စ တစကိုလည်းကောင်း၊ ပလတ်စတစ် ရေခွက် အနီတလုံး၊ အပြာရောင် ပလတ်စတစ် ထမင်းပန်းကန် လေး ၂ ချပ်နှင့် စတီးဇွန်း တချောင်းကို လည်းကောင်း ကြွပ်ကြွပ်အိတ် အမည်းကြီးထဲ စုထည့်ထားကာ မုန်တိုင်း လာပြီဆိုပါက ဘေးလွတ်ရာပြေးနိုင်ရန် အဆင်သင့်ပြင်ထားကြောင်း သူကပြောပြသည်။

“နာဂစ်မုန်တိုင်း တိုက်တုန်းက အမေက အိပ်ပျော်နေတာ။ မြေးကလေး နိုးနေလို့သာ အသက်မသေတာပေါ့။ ဒီတခါတော့ အိပ်ပျော်နေလို့ မဖြစ်ဘူးဟဲ့ ဆိုပြီး ထိုင်စောင့်နေတာပဲ။ သားနဲ့ ချွေးမကတော့ နာဂစ်ကြောင့် သေရှာပြီ” ဟု အသက် ၆၂ နှစ်အရွယ် ဒေါ်သူဇာက မျက်ရည်ကျရင်း ပြောပြသည်။

၂၀၀၈ ခုနှစ်မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ငါးဖမ်းထွက်နေသော ဒေါ်သူဇာ၏ သားမှာ တခြားသော ရေလုပ်သားများနှင့်အတူ သေဆုံးခဲ့ပြီး ဒေါ်သူဇာ၏ ချွေးမမှာလည်း ကျန်လှေတစင်းနှင့်
ယောကျာ်းဖြစ်သူကို လိုက်ခေါ်ရာမှ လှေမှောက် သေဆုံးခဲ့ရသည်ဟု သိရသည်။

ထို့ကြောင့် ဒေါ်သူဇာမှာ မုန်တိုင်းလာဦးမည်ဟု အသံကြားကတည်းကပင် သူ၏ တဦးတည်းသော သွေးသား မြေးဖြစ်သူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း ဆောက်တည်ရာမဲ့ နေရကြောင်း သူ့အိမ်နီးချင်းများက ပြောပြကြသည်။

“တော်ပုလဲ တရပ်ကွက်လုံးက မုန်တိုင်းမှာ ထိပြီး လူမသေတဲ့ အိမ်ဆိုတာ မရှိသလောက် ဖြစ်သွားတော့ မုန်တိုင်းဆိုရင် ကြောက်ကြတာပဲ။ ကျနော့် မိန်းမဆို ရေဒီယိုကို လက်က မချတမ်း နားထောင်နေပြီး ကြောက် နေတာ” ဟု တော်ပုလဲ ရပ်ကွက်သားတဦးက ပြောဆိုသည်။

တော်ပုလဲ ရပ်ကွက်သည် ရေလုပ်သားအများဆုံးနေထိုင်သော ရပ်ကွက်ဖြစ်ပြီး နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ငါးဖမ်းစက်လှေ ထွက်ကြသူများအားလုံး နီးပါး သေဆုံးခဲ့သောကြောင့် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ သုံးပုံ ၁ ပုံခန့် သေဆုံးခဲ့သော ရပ်ကွက်ဖြစ်ကြောင်း၊ နာဂစ်မုန်တိုင်းပြီးကတည်းက ရေဒီယိုလှူသော စေတနာ အလှူရှင်တချို့၏ ကျေးဇူးကြောင့် လူတိုင်းနီးပါး ရေဒီယို နားထောင်လာကြကြောင်း ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့က ဘစ်ဂျလိမုန်တိုင်းနှင့် ပတ်သက်ပြီး အစိုးရမိုးလေ၀သဌာန၏ မုန်တိုင်းသတိပေးချက် ထွက်ရှိပြီးကတည်းက နာဂစ်မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ကြရသူများမှာ ကြောက်လန့် နေကြရကြောင်း သိရသည်။

“အဲဒီသတင်းထွက်ကတည်းက နာဂစ်လာဦးမယ်တဲ့ ဆိုပြီး အော်ငိုတဲ့သူက ငို၊ ရန်ကုန်တက်မယ်၊ ရန်ကုန် တက်မယ် ဆိုပြီး ကြောက်အားလန့်အားနဲ့ အထုပ်ဆွဲတဲ့သူက ဆွဲပေါ့။ တလောကလုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တာပဲ ဘုန်းဘုန်းကြီးက လော်စပီကာနဲ့ အော်ပြီး တရားချတာတောင်မှ မရဘူး၊ အားလုံး ကြောက်နေကြတာ” ဟု ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရေတိမ်ကျေးရွာသူ တဦးက ပြောဆိုသည်။

အဆိုပါ ရေတိမ်ကျေးရွာမှာ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်သွား ကားလမ်းနဘေး လှေဆိပ်မှ စက်လှေနှင့် မိနစ် ၂၀ ကျော်ကြာအောင် သွားရသော ကျေးရွာဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ကြရပြီး ရွာရှိလူ၏ ထက်ဝက်ခန့်မှာ နာဂစ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ဒေါ်သူဇာလိုပင် မုန်တိုင်းလာဦးမည်ဟု သတင်းကြားကတည်းက ကြောက်ရွံ့စိတ်ဖြင့် သံသေတ္တာထဲ ၀င်ပုန်းနေခဲ့သော အသက် ၇ နှစ်အရွယ်ကလေးငယ်တဦးလည်း ရှိသည်။

အဆိုပါ ကလေးငယ်မှာ ရေလုပ်သားမိသားစုမှ မွေးဖွားလာခဲ့သူဖြစ်ပြီး နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့သော ကျေးရွာသား ၂၀၀ ကျော်တွင် ကလေး၏ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု သိရှိရသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က သူ့အဘိုးဖြစ်သူမှာ သူ့ကို သေတ္တာထဲ ၀င်ခိုင်းပြီး သေတ္တာထဲတွင်နေမှ အသက်ရှင်မယ်ဟု ပြောခဲ့ကာ ထိုကလေးကို သေတ္တာထဲ ထည့်ပေးခဲ့သည့်အတွက် ကလေးမှာ မုန်တိုင်း တိုက်ခတ်နေစဉ် ကာလ တလျှောက်လုံး သေတ္တာထဲမှ နေပြီး အသက်ရှင်ခွင့်ရခဲ့သည်။

သူ့ကို သေတ္တာထဲ ထည့်ပေးခဲ့သူ အဘိုးကတော့ မုန်တိုင်းကြောင့် သေဆုံးသွားခဲ့ပြီး ကလေးမှာ မိုးရွာသည့် အခါနှင့် ယခုလို မုန်တိုင်းလာမည် ဟု သတင်းကြားသည့်အခါများတွင် သေတ္တာထဲ ၀င်နေလေ့ရှိကြောင်း ကလေး၏ အဒေါ်တော်စပ်သူ တဦးက ပြောပြခဲ့သည်။

ယာယီတဲများနှင့် နေနေရဆဲ နာဂစ်ဒုက္ခသည်များ
“ရေဒီယိုက သတင်းလာပြီးကတည်းက ၀င်နေတာ၊ တော်တော်နဲ့ မထွက်တော့ဘူး။ မုန်တိုင်း မလာတော့ဘူးလို့ သတင်းတွေထွက်တဲ့ ၁၉ ရက်နေ့ ညနေပိုင်းမှာ သူ့ကို မနည်းချော့ပြီး အပြင်ထုတ်ရတယ်။ အဲဒါတောင် ညကျတော့ အဲဒီသေတ္တာထဲ ၀င်အိပ်နေသေးတယ်” ဟု ကလေး၏ အဒေါ်က ဆိုသည်။

မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့အတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းရှိ လူပေါင်း ၈၄၅၃၇ ဦးသေဆုံးခဲ့ပြီး ၅၃၈၃၆ ဦး ပျောက်ဆုံးဆဲဖြစ်ကာ အဆိုပါ ဒေသများမှ အဆောက် အအုံများ၊ စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။

ယခုအခါ နာဂစ်ကြောင့် အသက်မသေဘဲ ကျန်ရစ်သူများမှာ မုန်တိုင်းလာမည်ဟု သတင်းကြား ကတည်းက ကြောက်လန့် နေခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ကစ၍ မိုးသည်း၊ လေထန်သည်နှင့်ပင် ကြောက်လန့်တကြား အော်ငိုသူက ငို၊ ပလတ်စတစ်ဂါလန်ပုံးဆွဲသူက ဆွဲ၊ သွေးရူးသွေးတန်း လှေပေါ်တက်သူက တက်နှင့် သွေးပျက်ခဲ့ကြကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ၊ ချောင်းကြီးကျေးရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တဦးကလည်း မိုးကြိုကာလဖြစ်သည့် မုန်တိုင်းကာလအတွင်း မုန်တိုင်းအနည်းဆုံး ၆ ခုခန့် ၀င်ရောက် နိုင်သည် ဆိုသည့် သတင်းကြောင့် မုန်တိုင်းကို ကြောက်ကာ ချောင်းကြီးရွာတွင် မနေရဲတော့ဘဲ ရန်ကုန်မြို့ရှိ မိတ်ဆွေ တဦးနေအိမ်တွင် ခေတ္တခဏလာရောက် ခိုအောင်းနေကြောင်း သိရသည်။

သူ့လိုပင် မုန်တိုင်းကြောက်သောကြောင့် ပြင်စလူတွင် နေထိုင်သူများနှင့် ပင်လယ်ဝနှင့် နီးသော ကျေးရွာများတွင် နေထိုင်ကြသူများမှာ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ၎င်းတို့နှင့် နီးစပ်ရာ လပွတ္တာ၊ မြောင်းမြ၊ ကျိုက်လတ်စသည့် ဆွေမျိုးများရှိရာ မြို့များသို့ ပို့ထားကြသည်။

ရွာတွင် နေခဲ့သူတချို့ကလည်း ပလတ်စတစ် ဂါလန်ပုံးလွတ်များကို လိုက်လံ စုဆောင်းထားကြပြီး ရာသီဥတုကို အရင်ကထက် ပိုမို သတိထား စောင့်ကြည့်လာကြသည်ဟု အဆိုပါ အမျိုးသမီးက ပြောဆိုသည်။

“ကျမတို့ ရေဒီယိုလည်း နားထောင်တယ်၊ ပြီးတော့ မိုးရွာတာ လေတိုက်တာကအစ ဘယ်လိုနေလဲ၊ မုန်တိုင်း လာနိုင်သလား ဆိုတာ ဂရုတစိုက်ကြည့်တယ်၊ ခုချိန်မှာ မုန်တိုင်းဆိုတဲ့အသံ ဘယ်သူမှ မကြားချင်ဘူး၊ မုန်းတယ်၊
ကြောက်တယ်၊ ကျမ အကိုတွေ မောင်တွေ သေခဲ့တာလည်း မမေ့ဘူး၊ လူတွေအများကြီး သေခဲ့တာကိုလည်း မေ့မရပါဘူး” ဟု သူက စကားပြောနေရင်း ငိုသည်။

မုန်တိုင်းဆိုသည့် အသံကြားလျှင် ဦးတည်ရာမဲ့ ပြေးကြ၊ လွှားကြနှင့် သူတို့၏ အဖြစ်မှာ မြင်ရသူများအဖို့
စိတ်မကောင်းဖွယ်ရာဖြစ်ကြောင်း ဧရာဝတီတိုင်း၊ လပွတ္တာဒေသအတွင်း နာဂစ်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်လျက်ရှိသော
ကိုကျော်ကိုကိုက ပြောပြသည်။

“မုန်တိုင်းဆိုရင် သူတို့က ပြေးဖို့ ပြင်တော့တာပဲ၊ အဲလိုဖြစ်တာလည်း အပြစ်မပြောနဲ့ သူတို့အဖြစ်အပျက်တွေက တော်တော်ကို ဆိုးရွားခဲ့တာ။ အဲဒါတွေထဲကနေ သူတို့ နဂိုအတိုင်းပြန်ဖြစ်ဖို့ ဆိုတာ သိပ်မလွယ်ဘူး။ ပြီးတော့ ကျနော်တို့ ဆီမှာ သူများနိုင်ငံတွေလို စိတ်ဒဏ်ရာ ကုပေးတာမျိုးတွေလည်း မရှိတော့ ပိုဆိုးတာပေါ့” ဟု သူက ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် မိသားစုဝင်များ ဆုံးရှုံးခဲ့သူများ၏ စိတ်ဒဏ်ရာကို လိုက်လံ ကုသပေးသော အဖွဲ့အစည်းတချို့ရှိသည်ဟု သိရသော်လည်း လူနာဦးရေနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးလှသည်ကို တွေ့ရှိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ တချို့ဒေသများသို့ စိတ်ဒဏ်ရာ လိုက်လံကုသပေးခဲ့သော ငြိမ်း ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း လူငယ်တဦးက ၎င်းတို့အဖွဲ့အနေနှင့် နာဂစ်ဖြစ်ပြီး နောက်ပိုင်း ကျေးရွာများအထိ ကွင်းဆင်း ကုသပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ရွာတရွာတွင် နှစ်ပတ်မျှ နေထိုင်၍ ဒေသခံများနှင့် စကားပြော ကုသခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုသည်။

“ကျနော်တို့အဖွဲ့က တော်တော်များများက စေတနာ့ဝန်ထမ်းတွေ ဆိုတော့ လုပ်ပေးနိုင်တဲ့ အချိန်ကာလကလည်း အတိုင်းအတာ ရှိတာပေါ့နော်။ တောက်လျှောက် လိုက်ကုပေးဖို့ ကျတော့လည်း ကျနော်တို့မှာ တခြား အခက်အခဲ တွေ ရှိတော့ လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့တဲ့ အနေအထားပဲ ရှိပါတယ်” ဟု သူက ဆိုသည်။

တနှစ်ကြာသည်အထိ အမိုးအကာ အတည်တကျ မရှိသေးသော မြစ်ဝကျွန်းပေါ်ဒေသ နာဂစ် ဒုက္ခသည် တံငါသည်များ
၎င်းတို့အဖွဲ့အနေနှင့် နေရာဒေသတခုတွင် အချိန် ၂ ပတ်ကြာ နေထိုင်ပြီး ကုသပေးခဲ့သော်လည်း ထို ၂ ပတ် ဆိုသည့်အတိုင်းအတာမှာ ကုသမှုအနေနှင့် မပြောပလောက်ကြောင်း၊ ကုသမှုပေးသည့် အဖွဲ့အစည်းမှာလည်း နာဂစ်ကြောင့် ထိခိုက်ခဲ့သူ လူဦးရေနှင့်စာပါက အလွန် နည်းပါးသည်ကို တွေ့ရကြောင်း၊ ကုသမှု များကိုလည်း အချိန်အတိုင်းအတာ တခုထိသာ ဆောင်ရွက်ကြသည်ကို တွေ့ရပြီး ယခုကဲ့သို့ မုန်တိုင်း ကာလများတွင် ပိုမို ကုသမှု ပေးရန် လိုအပ်ကြောင်း သူက ပြောဆိုသည်။

မုန်တိုင်းဒဏ်သင့် ဒေသများသို့ ရွှေ့ပြောင်း ဆေးခန်းအနေနှင့် လိုက်လံ ဆေးကုသပေးလျှက်ရှိသော ရန်ကုန်မြို့မှ ဆရာဝန်တဦးကလည်း ၎င်း သွားရောက်ကုသခဲ့သော ဒေသများမှ လူနာအများစုသည် မုန်တိုင်းပြီးစဉ်က လှူဒါန်း ထားကြသည့် တာပေါ်လင်မိုးအောက်၌ မလုံမခြုံနေထိုင်နေရဆဲ ဖြစ်သည့်အပြင် အ၀တ်အထည်၊ အစား အသောက် စသဖြင့် ချို့တဲ့နေဆဲဖြစ်သည့်အတွက် စိတ်ပူရသည့် အခြေအနေမျိုးဖြစ်ကြောင်း ပြောဆိုသည်။

“စိတ်နဲ့ ရုပ်ဆိုတာ တွဲနေတာပါ။ စိတ်ကျန်းမာမှ လူကျန်းမာနိုင်သလို လူကျန်းမာမှလည်း စိတ်ကျန်းမာလာအောင် ကုသနိုင်မယ်၊ သူတို့တွေမှာ ကျနော် မြင်ရသလောက် လိုအပ်နေတာတွေက အများကြီးပဲ။ နေထိုင်စရာ အမိုး အကာ လုံလုံခြုံခြုံ၊ စားစရာ အစားအစာ၊ အ၀တ်အထည် အားလုံး လိုအပ်နေသေးတယ်၊ အဲဒါတွေကို ပြည့်စုံ အောင် မဖြည့်ဆည်းပေးနိုင်သရွေ့ သူတို့တွေ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး” ဟု အဆိုပါ ဆရာဝန်က သုံးသပ်ဝေဖန်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ

NEJ /၂၉ ဧပြီ ၂၀၀၉
နိုင်ငံခြားတင်ပို့ရန် ဆန်ဝယ်ယူနေမှုများကြောင့် ဆန်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာနေကြောင်း ဘုရင့်နောင် ဆန်ပွဲရုံတခုမှ ကုန်သည်ကြီးတဦးက ပြောသည်။

၎င်းက “ဒီနေ့ ဧပြီ (၂၉) ရက်ဆို ဆန်ကြမ်းဈေးက တအိတ် ကျပ် (၁၃,ဝဝဝ) ကိုရောက်လာပြီ။ တချို့ တအိတ် (၁၃,၅ဝဝ) လောက်နဲ့ စရောင်းနေပြီ။

ဆန်ကြမ်းဈေးတက်တော့ ထုံးစံအတိုင်း ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းမွှေး ဈေးနှုန်းလည်း တအိတ်ကို ကျပ် (၃,ဝဝဝ-၄,ဝဝဝ) အထိ လိုက်တက်လာတယ်။ အဓိကကတော့ ဆန်စပါးကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက နိုင်ငံခြားပို့ဖို့ (၂၅) မှတ် ဆန်တွေ သိမ်းကျုံးဝယ်နေလို့ဖြစ်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက ပြီးခဲ့သည့်နှစ် စပါးပေါ်ချိန် စပါးဈေး၊ ဆန်ဈေး အလွန်အမင်း ကျဆင်းနေသည့်အချိန်မှစပြီး ဆန် နိုင်ငံခြားတင်ပို့ခွင့်ပြုခဲ့ကာ စည်းကမ်းချက်နှင့် ကိုက်ညီပါက မည်သူမဆို ဆန်တင်ပို့ခွင့်ပါမစ် ချပေးမည်ဟု ကြေညာခဲ့သည်။

လက်တွေ့တွင်မူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ဆန်စပါး ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့ကဲ့သို့ စစ်အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူများသာ ပါမစ် လွယ်လွယ်ကူကူရပြီး အလျင်အမြန် တင်ပို့နိုင်ကာ အကျိုးအမြတ် များစွာရရှိခဲ့ကြောင်း ဆန်ကုန်သည်များကပြောသည်။

ဆန်တင်ပို့မှုနှင့် ပတ်သက်၍ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်၌ တန်ချိန် (၃) သိန်း (၆) သောင်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ၂ဝဝ၈- ၂ဝဝ၉ ခုနှစ်တွင်မူ အဆိုပါ ပမာဏထက် ပိုမိုများပြားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာအထိ တန်ချိန် (၂) သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

နာဂစ်မုန်တိုင်း ကာလအတွင်း သိုလှောင်ထားသည့် ဆန်စပါးပျက်စီးမှု၊ လယ်ယာပျက်စီးမှုတို့ ရှိခဲ့သော်လည်း ကူညီထောက်ပံ့ရေးအတွက် လိုအပ်သည့်ဆန်များကို နိုင်ငံခြားက တင်သွင်းခဲ့ခြင်း၊ ဆန်တင်ပို့ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့ခြင်း၊ ဆန်လုပ်ငန်းရှင်များနှင့် ပြည်သူများကလည်း ဆန်စပါး မသိုလှောင်ကြတော့ခြင်း စသည့်အချက်များကြောင့် ဆန်စပါးဈေးနှုန်းများ ကျဆင်းသွားကာ နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း ကော်မတီဝင် ဆန်ကုန်သည်တဦးက ပြောသည်။

“ဒါပေမယ့် အစိုးရနဲ့ တခြားမည်သူတစုံတယောက်မှာမှ မြန်မာနိုင်ငံ ဆန်စပါးထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှု စတဲ့ ကိန်းဂဏန်း တိတိကျကျ မရှိတာကြောင့် တန်ချိန်ဘယ်လောက် နိုင်ငံခြားတင်ပို့နိုင်မယ် ဆိုတာကို မဆုံးဖြတ်နိုင်ကြဘူး။ ဈေးတက်ပြီး ဈေးကွက်ထဲ ဆန်ပြတ်လတ်တဲ့ ပြဿနာတွေပေါ်လာမှ ဆန်တင်ပို့မှုကို ရပ်ဆိုင်းလိုက်ရတာမျိုး အကြိမ်ကြိမ် ကြုံရဖူးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နအဖစစ်အစိုးရ စီမံဘဏ္ဍာဌာန အရာရှိများကမူ လာမည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် (၁) သန်းခွဲအထိ တင်ပို့မည်ဟု ပြီးခဲ့သည့် ဧပြီ (၂၄)၊ ဆန်ကုန်သည်များနှင့် တွေ့ဆုံသည့် အစည်းအဝေးတခုတွင် ထုတ်ဖော်ပြောဆိုသည်။

ယခုကဲ့သို့ လက်ကားဈေးကွက်တွင် ဆန်ဈေးများ တက်လာသော်လည်း လက်လီဈေးကွက်တွင်မူ ပြည်သူများ ဝယ်မစားနိုင်လောက်သည့် အခြေအနေထိ ရောက်မလာသေးကြောင်း စုံစမ်းသိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Postcard from Beijing ဆိုပြီး attachment file နဲ့ mail လာရင်မဖွင့်ပါနှင့်

CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း
(အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment
file နဲ့ mail လာပါလိမ့်မယ်။ မေးက
ပုံကအရမ်းလှတယ်တဲ့။အဲ့တာကိုဖွင့်လိုက်ရင် Hard disk Drive sector ကိုburn
တဲ့ virus ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။
ဝင်လာလို့ကတော့ပြင်လို့မရဘူးနော်။ ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus
ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာက mckafee
company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsing out
လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပြစ်ပါ။
အဲ့တာဆို OK သွားပါလိမ့်မယ်။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်

အပြည့်အစုံသတင်းဖတ်ရန်....

NLD News

NLD News

အပြည့်အစုံသတင်းဖတ်ရန်....

ဧပြီ ၂၈ ၂၀၀၉ သတင်း

28042009 News

အပြည့်အစုံသတင်းဖတ်ရန်....

ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ

27042009 News

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, April 28, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအဝေးဓါတ်ပုံများ

အပြည့်အစုံသတင်းဖတ်ရန်....

အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်

RFA | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကမ်းလှမ်းထားတဲ့ တွေ့ဆုံဆွေးနွေးရေးကို လစ်လျူရှုပြီး စစ်အစိုးရက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို အတင်းအကြပ် ပြုလုပ်မယ်ဆိုရင် အချက်သုံးချက်ကို စစ်အစိုးရက လိုက်လျော မှသာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ကြောင်း ဧပြီလ ၂၈ ရက်နေ့မှာကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် အလုပ်အမှုဆောင်တွေနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပထမနေ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ပါတီ ဗဟိုအလုပ်မှုဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အာအက်အေကို အခုလို ပြောပြပါတယ်။

ဦးခင်မောင်ဆွေ။ ။“ဆွေးနွေးပြေလည်ရေးကို မသွားဘဲ၊ မျက်နှာမမူဘဲနဲ့ တဖက်သတ် မိမိတို့အစီအစဉ်နဲ့ ကျင်းပသွားမယ်ဆိုရင် အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးလျှင်၊ ဒါ နံပတ်တစ် တောင်းဆိုချက်၊ နံပါတ်နှစ်က ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် အချက်များကို ဖယ်ရှားပေးလျှင်၊ နံပတ်သုံး အားလုံး လွှမ်းခြုံ ပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှ တသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျှက် ကျင်းပပေးလျှင် အဆိုပါ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်သည် ဆိုပြီးတော့”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မူလရပ်တည်ချက်တွေကို ဆုပ်ကိုင်ထားကြောင်း၊ ပြည်သူ့ လွှတ်တော် ခေါ်ယူပေးရေး၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ပြန်လည်သုံးသပ်ရေး တွေကို စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးပြီး လုပ်ဆောင် သွားဖို့ လုပ်ငန်းစဉ် အဖြစ် ချမှတ်ကြောင်း၊ ဒါပေမယ့် စစ်အစိုးရက လိုက်လျော လုပ်ဆောင်ခြင်း မရှိပါက ဖော်ပြပါ အချက်သုံးချက်ကို လိုက်လျောရင် ရွေးကောက်ပွဲ ဝင်ဖို့ ရည်ရွယ်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အစည်းအဝေးကို အန်အယ်ဒီပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း တက်ရောက်ခဲ့ပြီး အစည်းအဝေးမစခင် အနောက်တိုင်း သံတမန်တွေနဲ့ သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လက်ရှိစစ်အစိုးရရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဟာ အားနည်းချက်တွေ အများအပြား ပါဝင်နေပြီး စစ်အစိုးရ ဆက်လက် အုပ်ချုပ်ဖို့ ဟန်ပြရေးဆွဲထားတာသာ ဖြစ်တဲ့အတွက် လက်မခံ နိုင်ဘူးလို့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောကြားခဲ့ပါတယ်။

ပါတီအနေနဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဗုဒ္ဓဟူးနေ့မှာ အပြီး ချမှတ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပါတီ ခေါင်းဆောင် တွေက ပြောဆိုပါတယ်။

စစ်အစိုးရ ထောက်လှမ်းရေးတွေနဲ့ လုံခြုံရေးတွေကတော့ အရပ်ဝတ်တွေဝတ်ပြီး အန်အယ်ဒီဌာနချုပ်ရုံးရှေ့မှာ အယောက် ၅ဝ လောက် ချထားပါတယ်။ အစည်းအဝေး တက်ရောက်လာသူတွေကို ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်တာတွေ ပြုလုပ်တာရှိပေမယ့်၊ တားဆီး နှောက်ယှက်တယ် ဆိုတဲ့ သတင်းမျိုးတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

source by : RFA

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်

Burma Democratic Concern - BDC မှ online radio Burmese အစီအစဉ်အသစ်ကို စတင်လိုက်ပါပြီ။ လတ်တလော အစီအစဉ်များ အဖြစ် မြန်မာ့နိုင်ငံရေး အာဘော်များ၊ သတင်းများ၊ ဆောင်းပါးများ၊ သီချင်းများအား အလှည့်ကြတင်ဆက်နေပါသည်။ BDC ၏ အထိက ရည်ရွယ်ချက်မှာ ကမ္ဘာ့ပြည်သူများနှင့်အတူ မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများလည်း မြန်မာပြည်၏ နိုင်ငံရေး အခြေအနေများ၊ သတင်း အချက်အလက် များကို နားဆင်သိရှိနိုင်ရေးကို အထူးအရေးပေး ရည်ရွယ်ထားပါသည်။ သောတရှင်များ၏ နိုင်ငံရေးအမြင်များ၊ သတင်း အချက်အလက်များ၊ တေးသီချင်းများ ပေးပို့ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်နိုင်ပါသည်။ စီးပွါးရေး လုပ်ငန်းရှင်များ အတွက်လည်း မိမိကိုယ်ပိုင်၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္မဏီ လုပ်ငန်းများအား ကြော်ငြာလိုပါက BDC သို့ဆက်သွယ်နိုင်ပါသည်။ ချစ်သူ၊ မိတ်ဆွေ၊ မိသားစုများ အတွက်လည်း တစ်ဦးနှင့်တစ်ဦး မွေးနေ့ဆုတောင်းများ အပြန်အလှန်ပေးပို့ တောင်းဆိုနိုင်ပါသည်။ အသေးစိတ်ကို BDC သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Radio မြန်မာပိုင်း အစီအစဉ် ထုတ်လွင့်ချိန်
Friday-
11:00 to 13:00 (GMT)
16:30 to 18:30 (Myanmar Standard Time)

Saturday-
24:00 to 02:00 and 11:00 to 13:00 (GMT)
05:30 to 07:30 and 16:30 to 18:30 (Myanmar Standard Time)

Sunday-
24:00 to 02:00 (GMT)
05:30 to 07:30 (Myanmar Standard Time)

အထက်ပါ Radio အစီအစဉ် ထုတ်လွင့်ချိန်များအား သောတရှင်ပြည်သူများ ပိုမိုအဆင်ပြေ နားဆင်နိုင်ရန် ထပ်မံတိုးချဲ့ထုတ်လွင့်သွားပါမည်။

Radio နားဆင်ရန် -
၁။ Winamp Player အား Download လုပ်ရပါမည်။ (မှတ်ချက်။ ။သင့်ကွန်ပြူတာတွင် ရှိပြီးသားဖြစ်ပါက Version 2.05 အထက် Version များကိုပြန်လည် Install လုပ်ရန်မလိုပေ။)
၂။ Download လုပ်ထားသော File ကို Double Click နှိပ်ပြီး Install ပြုလုပ်ပါ။
၃။ icyx://uk2-pn.mixstream.net:8156 - ၎င်း URL ကို Play List တွင် Paste ထည့်၍ Play လုပ်ပြီး နားဆင်နိုင်ပါသည်။
၎။ အလားတူ ဤနေရာ မှ Listen.playlist ဖိုင်ကို သင့် PC Desktop တွင် Save လုပ်ပြီး Double Click နှိပ်၍ လွယ်ကူစွာ နားဆင်နိုင်ပါသည်။

လိုအပ်ချက်များရှိပါက အကြံပြုစာများ ရေးသားပေးပို့နိုင်ပါသည်။
ကျေးဇူးတင်ပါသည်-
Burma Democratic Concern

Zin Zin Myo Thant from Burma Democratic Concern (BDC) to Mr Gordon Brown


Moe Hnin Phyu from Burma Democratic Concern (BDC) to Mr Barack Obama


ကိုမိုးသီးဇွန် ဘလော့ဂ်မှ ရယူမျှဝေပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ

စံခလပူရီ(ဧပြီ-၂၈)။ ။ မက္ကဆီကိုနိုင်ငံတွင် လွန်ခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့သော Swine Flu ဝက် တုတ်ကွေးရောဂါပိုးတစ်မျိုးကို ဘန်ကောက်မြို့ ချူလာလောင်ကွန်း Chulalonkorn ဆေးရုံတွင် တက်ရောက်ကုသ ခံနေရသော အသက် (၄၂) အရွယ် အမျိုးသမီးလူနားတစ်ဦးထံတွင် တွေ့ရှိခဲ့ရကြောင်း Ginger Asia အင်တာနက် သတင်းဌာနမှ ယနေ့ပေးပို့သော သတင်းအရ သိရသည်။

အဆိုပါအမျိုးသမီးသည် ယခုလဆန်းပိုင်း၌ မက္ကဆီကိုနိုင်ငံမှ ပြန်လာခဲ့ရာ ဖျားနာ၍ ဆေးရုံတွင် တက်ရောက် ကုသခံ နေရခြင်း

ဖြစ်သည်။ အခြားသူများနှင့်အတူ နေထိုင်ခဲ့ဘူးသူများထံတွင်လည်း ဤရောဂါပိုး ကူးစက်ခံရခြင်း ရှိမရှိကို မသိရသေးပေ။

ယ္ခုရက်ပိုင်းများ၌ ဝက်များတွင်တွေ့ရတတ်သည့် ဗိုင်းရပ်ပိုးမှတဆင့် Swine Flu တုတ်ကွေးရောဂါများ ဖြစ်ပွားခဲ့ရာ မက္ကဆီကိုနိုင်ငံတွင် လူ (၁၄၉) ဦး အသက်သေဆုံးခဲ့ရပြီး (၁၆၀၀) ကျော်ခန့်မှာ ဆေးရုံများတွင် တက်ရောက်ကုသ ခံနေရဆဲဖြစ်သည်ဟု သတင်းဌာနများတွင်ဖေါ်ပြကြသည်။

အမေရိကန်သမ္မတအိုးဘားမားက ပြည်နယ်(၅) ခုတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်ကြေငြာချက် ထုတ်ပြန်ထား သည်။

ဤရောဂါသည် အများပြည်သူကျန်းမာရေးအတွက် နိုင်ငံတကာအတိုင်းအတာအရ စိုးရိမ်နေရသည့် အခြေအနေဖြစ်နေ သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဆိုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာပတိ မိန့်ခွန်း။


အပြည့်အစုံသတင်းဖတ်ရန်....

စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ့မည်

ကြားဖြတ်သတင်း
မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်ဗိုလ် များပြားလွန်းနေသည့် မြန်မာ့ တပ်မတော်အတွင်း နေရာအပြောင်းအရွှေ့ ချောမွေ့စေရန် ပြည် ၃ လုံး အစီအစဉ်တခုကို စစ်အစိုးရက မကြာမီတွင် လုပ်ဆောင်လာမည်ဟု တပ်တွင်း သတင်းရပ်ကွက်များအရ သိရသည်။

အသက် ၃၆ နှစ်အထိ ဗိုလ်ကြီးအဆင့်သာ ရှိသေးသော အရာရှိငယ်များကို ပြည် ၃ လုံး အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ပြည်စောင့်ရဲနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအောက်သို့ လွှဲပို့မည် ဖြစ်သည်။

စစ်တပ်မှ ကြံ့ခိုင်ရေးသို့ ပြောင်းရွှေ့လာသူများ အနေဖြင့် မြို့နယ်အဆင့် အရာရှိရမည် ဖြစ်ပြီး ပြည်စောင့် ရဲဘက်သို့ ပြောင်းရွှေ့လာသူများကို ပါလီမန် အဆောက်အဦများ၊ အစိုးရ ရုံးများကဲ့သို့သော လုံခြုံရေးအတွက် ရဲအရာရှိများ ဖြစ်လာမည် ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင်တော့ ရဲဖွဲ့စည်းပုံအတိုင်း ကူးပြောင်းပေးမည် ဖြစ်သည်။

source by : မဇ္ဈိမ

အပြည့်အစုံသတင်းဖတ်ရန်....

ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လောင်းပြိုင် လူသတ်မှုတရားခံကကော ဘယ်သူလဲ?

“ယနေ့ သူတောင်းစားသန်းရွှေရဲ့ တပ်မတော်ဆိုတာ ပြည်သူကမွေးတဲ့ ပြည်သူ့ အတွက် အမှိုက်”
လူသတ်မှုကျူးလွန်သူ ဗိုလ်ကြီးတစ်ဦးကို ဖမ်းဆီးမိ။
NEJ /၂၈ ဧပြီ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလဆန်းက ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈)၊
(၄) လွှာ ယာဘက်ခြမ်းအခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံ (၂) ဦးအနက် တဦးဖြစ်သူ လေတပ်ဗိုလ်ကြီး ဖုန်းဇော်အေးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကမာရွတ်ရဲစခန်းမှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက် သင်္ကြန်အကြတ်နေ့တုန်းက ပြည်လမ်းအမှတ် (၄၃၇) မှာ ဖွင့်ထားတဲ့ Summer Palace ဟိုတယ်မန်နေဂျာက ကျနော်တို့စခန်းကို ဖုန်းဆက်တယ်။ သူတို့ဆီမှာ လူတယောက် တည်းခိုခန်းခ မပေးဘဲ တည်းနေတာ လာစစ်ပေးပါလို့ ဆိုတယ်။ ကျနော်တို့ ဟိုတယ်ကို ရောက်ပြီး သိပ်မကြာဘူး။ လူတယောက် ဟိုတယ်အပေါ်ထပ်ကနေ ခုန်ချတယ်။ အောက်ထပ်က အဖီထုတ်ထားတဲ့ အမိုးပေါ်ကို ပြုတ်ကျပြီး ခြေထောက် ကျိုးသွားတယ်။ ဒါနဲ့ သူ့ကိုသွားမေးကြတယ်။ နောက် ဆေးရုံပို့ပြီး စစ်ကြည့်တော့ မင်္ဂလာဒုံလေတပ်စခန်းက ဗိုလ်ကြီးတယောက် ဖြစ်နေတယ်။ သူပြောတာတွေ ရှေ့နောက်မညီတာနဲ့ ဆက်ပြီး စစ်လိုက်တာ ဗိုလ်တစ်ထောင် လမ်းသွယ် (၄)၊ နှစ်လောင်းပြိုင် လူသတ်မှုက လူသတ်သမားဖြစ်နေတာ သိရတယ်။ ခု သူ့ကို စစ်တပ်က လာလွှဲယူသွားပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ (၂) ရက်က ဗိုလ်တစ်ထောင်လမ်းသွယ် (၄) အပြင်က သော့ခတ်ထားသည့် တိုက်ခန်းတခန်းမှ အပုပ်နံ့ထွက်လာ၍ လူများက ရဲကို အကြောင်းကြားခဲ့ရာမှ လူသတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အသတ်ခံရသူများမှာ အသက် (၄၆) နှစ်အရွယ် သင်္ဘောအရာရှိ ဦးခင်မောင်လေးနှင့် ရွှေပြည်သာတွင်နေထိုင်သည့် အငြိမ်းစားဗိုလ်မှူးချုပ် ကျော်ဝင်း၏သမီး အသက် (၄၄) နှစ်အရွယ် ဒေါ်အေးအေးဝင်း ခေါ် ဒေါ်မြတ်သီရိခင် ဖြစ်ပြီး မတ်လ (၃၀) ရက် ညက အသတ်ခံရကြောင်း သိရသည်။

ဖမ်းဆီးမိသူ ဗိုလ်ကြီးဖုန်းဇော်အေးသည် ဦးခင်မောင်လေး၏ တူတော်သူဖြစ်ပြီး မကြာခဏ ဦးလေးဖြစ်သူထံ လာရောက်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့က ငွေချေးရာမှ အချင်းများကြပြီး အဖော်တယောက်နှင့်အတူ သတ်သွားသည်ဟု ယူဆရကြောင်း အိမ်နီးနားချင်းများက ပြောကြသည်။

ယခုမှုခင်းနှင့် ပတ်သက်၍ သတင်းထောက်များနှင့် ရဲမှုခင်းသတင်းထုတ်ပြန်ရေးအဖွဲ့ တွေ့ဆုံစဉ် သတင်းထောက်များ၏ မေးမြန်းချက်ကို တာဝန်ရှိသူများက တရားခံတဦးမိပြီ ဆိုသည်မှလွဲပြီး အခြားပြောဆိုခြင်း မပြုသကဲ့သို့ သတင်းရေးသားရန်လည်း လုံးဝ ခွင့်မပြုကြောင်း သိရသည်။

ယခု ပြစ်မှုကျူးလွန်သူသည် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ စစ်အရာရှိတယောက်ဖြစ်နေခြင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားမက်တော်စပ်သူ ဗိုလ်မှူးချုပ်သိန်းနိုင်၏ တပ်မှ ဖြစ်နေခြင်းတို့ကြောင့် လုံးဝ သတင်းဖော်ပြခွင့်ပြုမည်မဟုတ်ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်သတင်းထောက်တဦးက သုံးသပ်သည်။

အင်းလျားလမ်း (၅) လောင်းပြိုင် လူသတ်မှုတွင်လည်း ထိပ်တန်းစစ်အရာရှိတဦး၏ သားတဦး ပါဝင်ပတ်သက်နေ၍ မည်သည့်အခါမှ သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များနှင့် နီးစပ်သူ စစ်အရာရှိကြီးတဦးက ပြောကြားခဲ့သော်လည်း ထိပ်တန်းခေါင်းဆောင် မည်သူ၏ သားဖြစ်သည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။
http://www.khitpyaingnews.org/news/April_09/28-4-09a.php

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)က ဝေါလေခီး စခန်းကို သိမ်းပိုက်

“ကျနော်တို့ နောက်ထပ်စခန်းတွေ အများကြီး ထပ်ဆောက်မယ်၊ ဆက်တိုက်ရမယ် ဆိုရင်လဲ နောက်ထပ် အနှစ် ၂ဝ ဆက်တိုက်မယ်” ဗိုလ်မှူးကြီးနဒါးမြ

ဒယ်နီယယ် ပီဒါဆင်
အင်္ဂါနေ့၊ ဧပြီလ 28 2009 18:38 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အခြေခံစခန်း တခုဖြစ်သော ဝေါလေခီး စခန်းကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

ဧပြီလ ၁၂ ရက်နေ့ကတဲက ဝိုင်းဝန်းတိုက်ခိုက်၍ အဝိုင်းခံထားရသော KNLA ၏ တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ စခန်းကို ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော ကရင်အမျိုးသား အစည်းအရုံး၏ တပ်က စွန့်လွှတ်လိုက်ရသည်၊

နအဖ နှင့် ယင်း၏ မဟာမိတ်အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) ပူးပေါင်း အင်အားများသည် ယနေ့ညနေ ၅ နာရီအချိန်က အရေးပါသော ဤစခန်းအတွင်း ဝင်ရောက်လာနိုင်ခဲ့ကြပြီး စခန်းကို ထိန်းချုပ်ထားနိုင်ရန် ကြိုးပန်းလျက် ရှိသည်။ စခန်းကို အတတ်နိုင်ဆုံး ထောင်ချောက်ဗုံးများ ဆင်၍ ထားရစ်ခဲ့သည်။

KNLA တပ်ဖွဲ့များက စခန်း ပတ်ဝန်းကျင်တခုလုံးကို မြေမြှုပ်မိုင်းများ၊ တိုက်မိုင်းများဆင်၍ ထောင်ထားရာ (နအဖ-ဒီကေဘီအေ) ပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ အလွန်အထိအခိုက် များခဲ့သည်။

“တဘက်က အတော် အထိအခိုက် အကျအဆုံး များတယ်ဗျ” ဟ္ဒုူဗ ဗိုလ်မှူးကြီး နဒါးမြ က ပြောသည်။

“ကျနော်တို့ စခန်းကို စွန့်ခွါထားခဲ့ပြီ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အားလုံး ဘေးမသီရန်မခ လုံလုံခြုံခြုံ ရှိကြပါတယ်။ ကျနော်တို့ နောက်ရက်မှာ ဆက်တိုက်မယ်” ဟု သူက ညနေ ၅ နာရီ ၁၅ မိနစ်က ပြောကြားသည်။

ဤစခန်းကို နောက်ဆုံးအကြိမ် သဲသဲမဲမဲ အတင်း ဝင်ရောက်တိုက်ခိုက်မှုတွင် SPDC/DKBA ပူးပေါင်းအင်အား ၄ဝဝ မှ ၅ဝဝ အထိ ပါဝင်ခဲ့သည်။ KNLA တပ်ဖွဲ့ဝင်များမှာ အင်အား ၅ဝ မှ ၆ဝ ခန့်သာရှိပြီး အင်အားချင်း မမျှ၍ နောက်ဆုံးတွင် စခန်းမှ ထွက်ခွါခဲ့ရသည်။

“ကျနော်တို့ နောက်ထပ်စခန်းတွေ အများကြီး ထပ်ဆောက်မယ်၊ ဆက်တိုက်ရမယ် ဆိုရင်လဲ နောက်ထပ် အနှစ် ၂ဝ ဆက်တိုက်မယ်” ဟု ဗိုလ်မှူးကြီးနဒါးက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/2846-2009-04-28-12-21-14.html

အပြည့်အစုံသတင်းဖတ်ရန်....

Monday, April 27, 2009

ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျာ......အသက်နဲ့ အဝေးကြီးပါ...ဟားဟားဟား











ကနေ့ ၂၈.၀၄.၂၀၀၉အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်စုံညီအစည်းအဝေးသို့ အကြမ်းဖက်သမားများ(ပြည်သူအတွက်လုံခြုံရေးမဟုတ်ပါ)စောင့်ကြည့်နေခြင်း
http://www.mizzimaburmese.com/multi-media/photo-news/2707-2009-04-02-11-13-43.html

အပြည့်အစုံသတင်းဖတ်ရန်....

အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်

မြင့်မောင် ၊
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး၌ ကျင်းပမည့် တိုင်းနဲ့ ပြည်နယ် စုံညီအစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်းပွဲတရပ်ကို ယနေ့ ကျင်းပရာ အာဏာပိုင်များက ရုံးပတ်ဝန်းကျင်တွင် လုံခြုံရေးများ ချထားခဲ့သည်။

စုံညီအစည်းအဝေးအတွက် ရန်ကုန်တွင် ရောက်ရှိနေပြီဖြစ်သည့် ပြည်နယ်နှင့် တိုင်းများမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူငယ်နှင့် အမျိုးသမီး ခေါင်းဆောင်များ စုစုပေါင်း ၁၄၈ ဦးဖြင့် ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အကြိုညှိနှိုင်းပွဲ ကျင်းပရာ ရုံးအနီးတဝိုက်တွင် လုံခြုံရေးများ ချထားခဲ့ခြင်း ဖြစ်သည်။

“ရုံးရှေ့က ကျောက်ဆည် ဓမ္မာရုံထဲမှာတော့ အရပ်ဝတ် လုံခြုံရေးတွေ အများကြီး ရှိပါတယ်။ အရင်တုန်းက တွေ့တတ်တဲ့ စွမ်းအားရှင်တို့၊ ကြံဖွတ်တို့ကိုတော့ မတွေ့ရဘူး။ ကျနော်တို့ ပတ်ဝန်းကျင်မှာတော့ မရှိဘူး။ လုံခြုံရေးကတော့ ၃ဝ နီးပါးလောက် ရှိတယ်။ ကျနော် မမြင်နိုင်တဲ့ နေရာမှာ ရှိ၊ မရှိတော့ ကျနော် မပြောနိုင်ဘူး” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

လုံထိန်းများနှင့် ယာဉ်ထိန်းရဲများသည် ဆိုင်ကယ်နှင့် ကားများဖြင့် လာရောက်ကြပြီး ပါတီဝင်များကို ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ လုပ်ခဲ့သည်။

အစည်းအဝေး တက်ရောက်သူ ပါတီလူငယ်တဦးက “ရုံးနောက်က လင့်လမ်းထဲမှာရှိတဲ့ စာသင်ကျောင်း ထဲမှာလည်း လုံခြုံရေး အများကြီး ရှိတယ်။ ကျနော်တို့ ရုံးရှေ့မှာရှိတဲ့ ကား ၄၊ ၅ စီးနဲ့ ဆိုင်ကယ် အစီး ၂ဝ လောက် ရှိတယ်။ ဆိုင်ကယ်သမားတွေက ဗီဒီယို ရိုက်တယ်။ သတင်းယူတယ် မှတ်တမ်းယူတယ်။ အုတ်လမ်း ဓမ္မာရုံထဲမှာ အများကြီး ချထားတယ်။ နေရာတိုင်းမှာ ၂ဝဝ နီးပါးလောက် ရှိတယ်။ သူတို့လည်း သူတို့ လုပ်ငန်း လုပ်၊ ကျနော်တို့လည်း လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်'' ဟု ပြောသည်။

ဗဟန်းမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် တာမွေမြို့နယ်ဘက်တွင်လည်း လုံခြုံရေးများ ချထားခဲ့ကြောင်း သိရသည်။

“တာမွေ ဗလီ ကားမှတ်တိုင်ထိပ်က တော်တော်ကို စည်ကားတဲ့နေရာ ဖြစ်နေတယ်။ ကားတွေက ဗလီထိပ်မှာ အများစုလာတဲ့ နေရာဖြစ်တယ်။ လုံခြုံရေး အင်အားက ကျနော့် ခန့်မှန်းခြေအရ အရပ်ဝတ်နဲ့ ယူနီဖောင်းနဲ့ဆိုရင် ၁၅ ယောက်လောက် ရှိတယ်။ ကြက်လျှာစွန်းနဲ့ ဗလီထိပ်ကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြတယ်” ဟု ပြောသည်။

“တော်တော်များများ အဖွဲ့ချုပ်ဝင်တွေက တာမွေကနေ သွားနေရတယ်။ အဲဒါကြောင့် အဲဒီမှာ ကားဂိတ်မှာ လုံခြုံရေးတွေ ချထားတာ ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံရေးနှင့် စည်းရုံးရေး အခြေအနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာများ ဆွေးနွေးခဲ့သည်။

ဦးဉာဏ်ဝင်းက “နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရယ် ဒီ ခေါင်းစဉ် ၃ ခု အပေါ်မှာ အဖွဲ့ချုပ်ပေါ်က ချပေးတဲ့ စာတမ်းအပေါ်မှာ ကျနော်တို့ ဝေဖန်တယ်၊ သုံးသပ်တယ်။ ဒီဟာတွေပေါ်မှာပဲ ညှိနှိုင်းကြတာ။ မနက်ဖြန်ကျမှ ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

“တိုင်းနဲ့ ပြည်နယ်က အစည်းအဝေး တက်ရောက်သူ ၁ဝဝ ကျော် ရောက်ရှိနေပါတယ်။ တချို့လည်း အစည်းအဝေးစမယ့် အချိန်ကျမှ ရောက်မယ့်သူတွေလည်း ရှိတယ်။ ဒါက အနည်းစုပါ၊ အများစုကတော့ ရောက်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

မနက်ဖြန်တွင် ရုံးချုပ်၌ ကျင်းပမည့် အစည်းအဝေးသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီ၏ စတုတ္ထအကြိမ်မြောက် ပြည်နယ်နှင့် တိုင်းပေါင်းစုံ စုံညီ အစည်းအဝေးကြီး ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်အယှက်မရှိ လာရောက်နိုင်

မင်းနိုင်သူ ။ ။ခေတ်ပြိုင်
မနက်ဖြန် ကျင်းပမည့် အန်အယ်လ်ဒီစုံညီအစည်းအဝေးအတွက် ပြည်နယ်နှင့်တိုင်းများမှ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းစည်းအဖွဲ့ဝင်များသည် ဒေသအာဏာပိုင်များ၏ နှောင့်ယှက်မှုမခံရဘဲ ရန်ကုန်အန်အယ်လ်ဒီ ရုံးချုပ်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“အားလုံးစုံစုံညီညီရောက်ပါပြီ။ သူတို့ဆီက ပြောကြားချက်တွေအရတော့ တစုံတရာနှောင့်ယှက်ဟန့်တားတာ မရှိဘူးဗျ။ ကယားပြည်နယ်က စည်းရုံးရေးကော်မတီကတော့ ဖျက်သိမ်းထားတာကြာပြီလေ။ အဲဒါမှအပပေါ့လေ။ ကျန်တာတွေ အကုန်ရောက်လာပါပြီ” ဟု ၎င်းကပြောသည်။

ပါတီစုံညီအစည်းအဝေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းနှင့်ပြည်နယ်များမှ စည်းရုံးရေးအဖွဲ့ဝင် (၅) ဦးစီကို ဖိတ်ကြားထားခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် အန်အယ်လ်ဒီဗဟိုမှ လူငယ် (၃) ဦးနှင့် အမျိုးသမီးအဖွဲ့မှ (၃) ဦးတို့လည်း တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

ယနေ့နံနက်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေကြသော အန်အယ်လ်ဒီပါတီဝင်များအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တင်ပြထားသည့် စာတမ်းကို တိုင်းနှင့်ပြည်နယ်အလိုက် သုံးသပ်ဆွေးနွေးစေခဲ့ ကြောင်း သိရသည်။

“မနက်ပိုင်းကစပြီး သူတို့ကို စာတမ်းပေးဖတ်လိုက်တယ်။ ကိုယ့်အုပ်စုနဲ့ကိုယ်ပေါ့။ ညနေလေးနာရီအထိ အဲဒါကိုကြည့်ပြီး သူတို့ဆွေးနွေးကြတယ်။ တချို့တိုင်းနဲ့ပြည်နယ်တွေက ပြီးပြတ်အောင် ဆွေးနွေးသွားနိုင်ကြတယ်။ တချို့လည်း မနက်ပိုင်း ထပ်ဆွေးနွေးကြမယ်။ ညနေပိုင်းမှာတော့ ဖြန့်ထားတဲ့ စာတမ်းတွေကို ပြန်သိမ်းပါတယ်။ အဲဒါက မနက်ဖြန်အစည်းအဝေးကြီးမစမီ စာတမ်းကို အပြင်မထွက်စေချင်လို့ပါ” ဟု ဦးအုံးကြိုင်က ပြောသည်။

အန်အယ်လ်ဒီပါတီက အဓိကထားဆွေးနွေးမည်ဖြစ်သော စာတမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲအကြောင်း၊ ပါတီ၏ လက်ရှိနိုင်ငံရေးပြဿနာနှင့် စည်းရုံးရေး၊ ပါတီ၏ အနာဂတ်ရပ်တည်ရေး စသည့်သုံးချက်အပေါ်တွင် မူတည်ဆွေးနွေးသွားကြမည်ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထိုင်းစစ်တပ်နှင့် ဒီကေဘီအေ ရင်ဆိုင်တိုက်ပွဲဖြစ်

ခေတ်ပြိုင်၊ဧပြီ ၂၇ ၂၀၀၉
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် ထိုင်းစစ်သား (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ထိုင်းရွာသား (၃၀၀) ခန့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေအတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး တပ်စခန်းအား သိမ်းပိုက်နိုင်ရေးအတွက် ဒီကေဘီအေတပ်ရင်း (၉၀၇) မှ အင်အား (၅၀) ခန့်သည် ယနေ့နံနက် (၁၀) နာရီခန့်၌ ထိုင်းနိုင်ငံအတွင်းမှ ပတ်၍ဝင်တိုက်ရန် ထိုင်းနယ်မြေထဲဝင်ရောက်စဉ် ထိုင်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ထိုင်းစစ်သည် (၂) ဦး ဒဏ်ရာရပြီး မြန်မာဘက်ခြမ်းရှိ ဘုရင့်နောင်တောင်ကုန်းရှိ နအဖစစ်တပ်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးရာ ထိုင်းဘက်ခြမ်းရှိ ဖားဒီးထိုင်းရွာအတွင်း လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတဦး ဒဏ်ရာရရှိသွားကာ ရွာသား (၃၀၀) ခန့်မှာ ရွာပြင်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။

မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့်အကွာ မြန်မာဘက်ခြမ်းတွင်တည်ရှိသည့် တပ်ရင်း (၂၀၁) စခန်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တည်ရှိပြီး ကပ်လျက်ထိုင်းဘက်ခြမ်းတွင် ဖားဒီးရွာတည်ရှိသည်။

ဒီကေဘီအေတပ်ဖွဲ့ဝင်များက ယခုလောလောဆယ်တွင် မြန်မာဘက်ခြမ်း နယ်စပ်မျဉ်းအနီး တပ်စွဲထားပြီး ထိုင်းဘက်ခြမ်း၌ ထိုင်းစစ်တပ်က တပ်အင်အားတိုးမြှင့်ထားသောကြောင့် ယနေ့ညဘက်တွင် ထူးခြားမှုတစုံတရာ ရှိနိုင်သည်ဟု ထိုင်းလုံခြုံရေးအရာရှိတဦးက ပြောသည်။

တပ်ရင်း (၂၀၁) မှ အရာခံဗိုလ် စောထီးခုက “ဒီကေဘီအေက ကျနော်တို့စခန်းကိုတိုက်တာ လဆန်းကတည်းက ဖြစ်တယ်။ အခုတော့ အကြံကုန်ပြီး ကျနော်တို့ကို ထိုင်းဘက်ကနေ ဝင်ပိုင်းဖို့ကြိုးစားရာကနေ တိုက်ပွဲဖြစ်တာပါ။ အခြေအနေအရ ဒီည သူတို့ ကျနော်တို့ကို ဆက်တိုက်ဖို့ ရှိနိုင်တယ်။ ကျနော်တို့ဘက်ကလည်း အရံသင့်ပဲ" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေတပ်ရင်း (၉၀၇) သည် နအဖလက်နက်ကြီး အကူပစ်တပ်ဖွဲ့ဝင်များ ခြံရံကာ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ယခုလဆန်း (၄) ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့သော်လည်း ယနေ့ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒေသ ဒူးပလာယာခရိုင်ကို ဒီကေဘီအေဘက်မှ ကလို့ထူးဘောဒေသဟု ခေါ်ပြီး ဒေသတွင်း မဟာဗျူဟာကျသည့် ဝေါလေခီးတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန်ကြိုးစားလျက်ရှိသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်