Saturday, February 28, 2009

အမိမြေ

အမိမြေကိုလွမ်းသူတွေခံစားနိုင်အောင်ပြည်တွင်းကညီလေးတစ်ယောက်ပေးတဲ့
သီချင်းလေးကိုတင်ပေးလိုက်ပါတယ်
တေးရေး-ဆို-ကိုဖြိုး
သီချင်း - ကိုရယူရန် (MP3)audio clip
သီချင်းနားဆင်ရန်

အပြည့်အစုံသတင်းဖတ်ရန်....

ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီးမှပြောပါ

၂ဝ၁ဝ ရွေးကောက်ပွဲ အားလုံးပါဝင်ရန် ထိုင်းဝန်ကြီးချုပ် ပြော
Saturday, 28 February 2009 22:40 ဝေမိုး

မြန်မာ အတိုက်အခံတို့အား လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရေးအတွက် တွန်းအား ပေးရန် ထိုင်းဝန်ကြီး ချုပ်က မြန်မာဝန်ကြီးချုပ်ကို သောကြာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာစစ်အစိုးရက ဒီမိုကရေစီဖော်ဆောင်ရာတွင် တိုးတက်ဖြစ်ထွန်းမှုများ ရှိနေသည်ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံ ချာ့အမ်းမြို့၌ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပနေသော ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲ တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ က မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်က“လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဘက်ပေါင်းစုံက ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လို့ ကျနော် မြန်မာ ဝန်ကြီး ချုပ် ကို တိုက်တွန်းခဲ့ပါတယ်”ဟု အာဆီယံ အစည်းအဝေးသို့ ရောက်နေသည့် သတင်း ထောက်များကို ပြောကြားခဲ့သည်။

လာမည့်နှစ် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ကျင်းပရေးအတွက် ဆောင်ရွက်နေသော စစ်အစိုးရ၏ ခြေလှမ်းများတွင် တိုးတက် ဖြစ် ထွန်းမှု များ သိသိသာသာ မြင်နေရသည်ဟုလည်း ၎င်းကဆိုသည်။

အဖိဆစ်သည် ယမန်နေ့က မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား စသည့် နိုင်ငံများမှ ခေါင်းဆောင်များကို သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ မြန်မာပြည် တိုးတက်တာ မြင်ရဖို့ မျှော်လင့်ထားပါတယ်၊ အထူးသဖြင့် ကုလသမဂ္ဂရဲ့ ပါဝင် ဆောင်ရွက်မှုကို မြင်ရဖို့မျှော်လင့် ပါတယ်၊ တိုးတက်ဖြစ်ထွန်းမှုတွေမှာ တတ်နိုင်သရွေ့ အလွှာပေါင်းစုံ ပါဝင်သင့်တယ် လို့လည်း ဆွေးနွေးခဲ့ပါတယ်”ဟု အဖိဆစ်က ယခု အစည်းအဝေးသို့ လာရောက်သည့် သတင်းထောက်များကို ပြောပြသည်။

ထိုင်းနိုင်ငံ၏ မြန်မာအပေါ်ထားရှိသည့် မူဝါဒမှာ “ရှင်းလင်းသော စေ့စပ်ညှိနှိုင်းရေးမူဝါဒ” ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြား သည်။

ယခု အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် တခြားသော နိုင်ငံ ခေါင်းဆောင် အများစု ကဲ့သို့ပင် ထိုင်းဝန်ကြီးချုပ် သည်လည်း လှေစီး ရိုဟင်ဂျာတို့၏အရေးနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ်က ရိုဟင်ဂျာအရေးမှာ “ရှုပ်ထွေးပြီး ခက်ခဲသည့် ပြဿနာ” တခု ဖြစ်သည်ဟု ဆိုသည်။ အကယ်၍ ၎င်းတို့၏ မူရင်း ဒေသကို စိစစ် သိရှိပါက ၎င်းတို့အား နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်မည်ဟုလည်း ၎င်းက ပြောသည်။

မူရင်းဒေသ စိစစ်နိုင်ခြင်းမရှိသည့် ရိုဟင်ဂျာများအတွက် မည်သို့ စီစဉ်မည်နည်းဟူသော ဧရာဝတီသတင်းဌာန၏ မေးခွန်းနှင့် ပတ်သက် ပြီး ဝန်ကြီးချုပ်ထံမှ တိကျသည့်အဖြေ မရရှိပေ။

ထိုင်းနိုင်ငံ၏ မူဝါဒမှာ “ဒေသတွင်း ပိုမို ပူးပေါင်း ညှိနှိုင်း တိုင်ပင်ပြီး ယခု ပြဿနာမျိုး ထပ်မံ ပေါ်ပေါက်ခြင်း မရှိရန် ဆောင်ရွက်သွားမည်” ဟုသာ ထိုင်းဝန်ကြီးချုပ်က ထပ်လောင်း ပြောဆိုခဲ့သည်။

နိုင်ငံပေါင်း ၆ နိုင်ငံ သို့မဟုတ် ၅ နိုင်ငံ ပါဝင် ပတ်သက်နေသော ယင်း ရိုဟင်ဂျာ အရေးကိစ္စကို လာမည့် ဧပြီလ အတွင်း ပြုလုပ်မည့် ဘာလီ အစည်းအဝေး (Bali Process) တွင် ထပ်မံ၍ ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

(ဧရာဝတီ သတင်းထောက် ဝေမိုး က အာဆီယံ စည်းဝေးပွဲပြုလုပ်နေသည့် ချာ့အမ်းမြို့မှ ပေးပို့ပါသည်)

အပြည့်အစုံသတင်းဖတ်ရန်....

“ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်ကြီးပြော

Friday, 27 February 2009 19:29 ဝေမိုး

ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီလူမျိုးများသာ ဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာ စစ် အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ငြင်းဆိုသည် ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Promya က ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် သတင်းထောက်များကို ပြောကြားသည်။

[အာဆီယံ ညီလာခံတွင် တွေ့ရသော မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း (ဓာတ်ပုံ - အေပီ)]

အာဆီယံ ညီလာခံတွင် တွေ့ရသော မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း (ဓာတ်ပုံ - အေပီ)
ယမန်နေ့က စတင်ကျင်းပသည့် အာဆီယံ ညစာစားပွဲတက်ခဲ့သော သံတမန်များ၏ အဆိုအရ ဦးဥာဏ်ဝင်းသည် ရိုဟင်ဂျာများကို ဘင်္ဂါလီ လူမျိုးဟုသာ ခေါ်ဝေါ်သင့်သည်ဟု ၎င်း မှတ်သားခဲ့ဖူးသည့် သမိုင်း အထောက်အထား များကို ကိုးကား ပြောဆိုခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၎င်းညစာစားပွဲသို့ တက်ရောက်လာသော နိုင်ငံခြားရေး ဝန်ကြီးအားလုံးက ရိုဟင်ဂျာအရေးကို အာဆီယံ ဒေသတွင်း ပြဿနာ အဖြစ် အရေးယူဆောင်ရွက်သင့်သည်ဟု ပြောကြားကြကြောင်း အမည်မဖော် လိုသူ သံတမန်တဦးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Promya က အရှေ့တောင်အာရှနိုင်ငံများထဲမှ အစ္စလမ် ဘာသာဝင်နိုင်ငံများ ဖြစ်ကြသော မလေးရှားနှင့် အင်ဒိုနီးရှား တို့က ရိုဟင်ဂျာများကို ထွက်ခွာလာသည့် မြန်မာနိုင်ငံသို့ ပြန်မလွှတ်သည့် ကိစ္စနှင့် ပတ်သက်၍မူ ပြောကြားခြင်း မရှိပေ။

မြန်မာစစ်အစိုးရက ရိုဟင်ဂျာများကို ဘင်္ဂါလီဟု သမုတ်လိုက်သည့်အတွက် ရိုဟင်ဂျာပြဿနာကို အမှန်တကယ် ရင်ဆိုင်နေရသည့် အင်ဒို နီးရှားနှင့် ထိုင်းနိုင်ငံအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲ သွားနိုင်သည်။

ဆက်လက်၍ Kasit က ရိုဟင်ဂျာ အရေးကိစ္စကို လာမည့် ဧပြီ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပမည့် ဘာလီ အစည်းအဝေး (Barli Process) တွင် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ဘာလီအစည်းအဝေးတွင် အာရှ ပစိဖိတ်ဒေသတွင်း ဖြစ်ပေါ်လျှက်ရှိသည့် လူမှောင်ခို ကိစ္စ အပါအဝင် မှုခင်း ကိစ္စရပ်များကို ဖြေရှင်းသွား မည်ဖြစ်သည်။

အာဆီယံထိပ်သီးညီလာခံတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်အစိုးရ၏ သုံးနှုန်းပြောဆိုသည့်အတိုင်း ရိုဟင်ဂျာများကို ဘင်္ဂါလီဟု သုံးနှုန်းပြောဆိုနေသည့်အတွက် တက်ရောက်လာသော သတင်းသမားများက တအံ့တသြ ဖြစ်ကြရသည်။

မြန်မာစစ်အစိုးရအနေနှင့် ရိုဟင်ဂျာ အရေးကိစ္စ အပြင် TCG ၏ တိုးချဲ့ အစီအစဉ်အရ နာဂစ် ဆိုင်ကလုံး ဒေသနှင့် ပတ်သက်သည့်အရေး ကိစ္စများကို သဘောတူညီပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးထံမှ သိရသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်အစိုးရသည် နာဂစ် ဆိုင်ကလုန်းဒေသနှင့် ပတ်သက်သည့် TCG စီမံကိန်းကို တနှစ်သက်တမ်း တိုးရန် လက်ခံသဘောတူပြီး ဖြစ်သည်ဟု ပြောကြားသည်။

(ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီယံ ဆွေးနွေးပွဲပြုလုပ်နေသည့် ချာ့အမ်းမြို့မှ ပေးပို့ပါသည်) http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=771:2009-02-27-12-32-34&catid=1:news&Itemid=2

အပြည့်အစုံသတင်းဖတ်ရန်....

Myanmar's refugees struggle for asylum - 28 Feb 2009


Thousands of people from Myanmar have fled the country over the years in search of asylum, risking their lives in the hope of escaping poverty and persecution. Al Jazeera's Tony Birtley reports fr...

အပြည့်အစုံသတင်းဖတ်ရန်....

တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်

February 28, 2009: China has apparently sold some of its new assault rifles (the Type 95) to Myanmar. Troops in that country have been seen carrying the Chinese weapon.
February 28, 2009 · China Exports Its Radical New Assault Rifle

February 28, 2009: China has apparently sold some of its new assault rifles (the Type 95) to Myanmar. Troops in that country have been seen carrying the Chinese weapon. The QBZ-95 (Type 95) is bullpup design (the magazine is behind the trigger) that uses China’s proprietary 5.8×42mm cartridge, which is a little wider than the 5.56 NATO, but shorter in overall length. The Type 95 uses a 30-round magazine, similar to the M-16. The Type 95 fires single shots or bursts. China is still in the process of replacing its own Type 81 (improved AK-47) rifles with the new rifle The Type 95 is about ten percent lighter than the older rifle, and has apparently been well received by the troops.
The Type 95 was first seen in Hong Kong when China took over in 1997. The Type 95 comes in a variety of styles (a compact version, an automatic rifle, and a sniper rifle). An export version (the Type 97), using the standard 5.56mm NATO round is called, and is apparently what Myanmar is using.

At the same time China was exporting Type 97 rifles to Myanmar, it provided Bangladesh with financing and technical assistance for building a factory to produce a modified version of the Chinese Type 81 assault rifle. This is a 7.5 pound rifle that looks like the Chinese Type 56 (itself a copy of the Russian AK-47). The main differences are that the Type 81 has less recoil and “jump” (of the rifle when fired), which improves accuracy. The Bangladeshi version of the Type 81 is called the BD-08, and the new factory will be able to produce 10,000 a year. Eventually, Bangladesh will replace all its current Type 56 rifles with BD-08s. Both use the same 7.62/39mm ammo.

http://www.strategypage.com/htmw/htweap/articles/20090228.aspx

http://democracyforburma.wordpress.com/2009/02/28/february-28-2009-china-has-apparently-sold-some-of-its-new-assault-rifles-the-type-95-to-myanmar-troops-in-that-country-have-been-seen-carrying-the-chinese-weapon/

အပြည့်အစုံသတင်းဖတ်ရန်....

ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်

ဧရာဝတီကို တရားစွဲမည်ဟုဆိုသည့် ဦးကျော်မြင့် နှင့် ဗွီအိုအေ အင်တာဗျူး
VOA
ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉
VOA - ဦးကျော်မြင့်အနေနဲ့ မြန်မာနိုင်ငံမှာ ကျုံယွမ်ကုမ္ပဏီနဲ့ လုပ်ငန်း လုပ်ခဲ့စဉ်တုန်းက ငွေကြေးနဲ့ စီးပွားရေးပြဿနာတွေအတွက် စစ်အစိုးရကနေပြီးတော့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရဖူးတယ်လို့ စွပ်စွဲထားတာတွေ ရှိပါတယ်။ အဲဒီအချိန်က ဘာကြောင့်မို့ ဦးကျော်မြင့် အနေနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတာလဲခင်ဗျ။
UKM - ကျနော် ၉၇ ခုနှစ်တုန်းက စစ်အစိုးရနဲ့ ပြဿနာဖြစ်တာ ငွေကြေးစီးပွားရေးပြဿနာ မဟုတ်ဘူး။ အဓိက နိုင်ငံရေးပါ။ နိုင်ငံရေးဆိုတာ ၅(ည)ပေါ့။ ကျနော်တို့ ငွေရေး ကြေးရေး စီးပွားရေး ထောင်ဒဏ်ချတာ မရှိပါဘူး။ သူတို့ ချထားတာ ၅(ည)၊ နိုင်ငံတော် ဆန့်ကျင်မှုပေါ့။ အဲဒါနဲ့ ထောင်ဒဏ်ချတာပါခင်ဗျ။

VOA - အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။
UKM - ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူ အစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။

VOA - အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။
UKM - ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူအစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည်တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။

VOA - အင်တာနက်မှာဖြန့်တဲ့ ဦးအောင်ခင်ဆိုတဲ့လူတယောက် ရေးထားတဲ့ စာမှာလည်း ဖတ်လိုက်ရပါတယ်။ ဦးကျော်မြင့်အနေနဲ့ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ရိုက် စကားပြောပြီးတော့ မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာခွဲဝေပေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း တိုက်တွန်းခဲ့တယ်လို့ ရေးထားတာ တွေ့လိုက်ရတယ်။ အဲဒါ ဟုတ်ပါသလား။

UKM - ဟုတ်ပါတယ်ခင်ဗျ။ ကျနော် စာလည်း တင်ထားပါတယ် သူ့ဆီမှာ။

VOA - ကိုယ်တိုင်ရော စကားပြောခဲ့သလား။
UKM - ကိုယ်တိုင်တော့ အဲဒါမျိုးတွေကတော့ ကိုယ်တိုင် မပြောပါဘူး။ စာရေးတင်တာပါ။

VOA - စာတင်တော့ မြန်မာစစ်အစိုးရရဲ့ တုန့်ပြန်ချက်က ဘာပါလဲခင်ဗျ။
UKM - ကျနော့်ဆီကို ဘာမှ မပြန်လာဘူး။ ပြီးတော့မှ ကျနော် အဖမ်းခံရတာပါခင်ဗျ။

VOA - အဲဒီတော့ ဘယ်နှစ်နှစ် ထောင်ချခံရလဲခင်ဗျ။ ပြီးတော့ ဘယ်လို လွတ်မြောက်လာပါသလဲ။
UKM - စုစုပေါင်း ၉ နှစ် ချတာပါခင်ဗျ။

VOA - ဟုတ်ကဲ့၊ ဦးကျော်မြင့်အကြောင်း ရေးသားချက်တွေထဲမှာ ဦးကျော်မြင့်က ထောင်ကနေ ထွက်ပြေးလာတယ်လို့ ဆိုပါတယ်ခင်ဗျ။ အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကလဲ။
UKM - ဟုတ်ပါတယ်။ ကျနော် နေမကောင်းတော့ မန္တလေးဆေးရုံ ရောက်တဲ့အခါမှာ ဘုန်းကြီးကနေပြီးတော့ ကျနော့်ကို ကယ်လိုက်ပါတယ်။ အဲဒီဘုန်းကြီးနာမည်တော့ ပြောလို့ မကောင်းပါဘူး။ အဲဒါတော့ ကျနော့်ကို ခွင့်လွတ်ပါ။ ကျနော် ပြောပိုင်ခွင့် မရှိပါဘူး။

VOA - အဲဒီတော့ ဒီ မြန်မာပြည်အကျဉ်းထောင်ကနေ ထွက်ပြေးလာပြီးတော့ ဒီ နိုင်ငံခြားကို ထွက်ပြေးတာပေါ့။
UKM - ဟုတ်ကဲ့။ ကျနော်အဲဒီမှာ နေပြီးတော့ ဘုန်းကြီးက ကျနော့်ကို ယိုးဒယားနယ်စပ်ပေါ့၊ မြဝတီ မဲဆောက် တိုက်ရိုက် သွားတယ်။

VOA - မြန်မာပြည်ကနေ ထွက်ပြေးလာပြီးနောက်ပိုင်းမှာ ဦးကျော်မြင့်အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုလုပ် ရောက်လာလဲခင်ဗျ။ အထူးသဖြင့် ကျနော် မေးရတဲ့ အကြောင်းရင်းက ဦးကျော်မြင့်က တချိန်က ဆိုရင် မြန်မာပြည်မှာ ဝတပ်ဖွဲ့တွေနဲ့ အတူတူ တိုက်ခိုက်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့ဖူးတယ်။ အဲဒါအပြင် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်မှာ စီးပွားရေးတွေ လုပ်ခဲ့တယ်။ ဦးကျော်မြင့် ပတ်သက်ခဲ့ဖူးတဲ့ ဝတပ်ဖွဲ့ ဆိုတာတွေကလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ် ဆိုပြီး စွပ်စွဲထားတဲ့ အဖွဲ့တွေ ဖြစ်နေတယ်လေ။ ဒီလိုဖြစ်နေတဲ့ ကြားထဲက ဦးကျော်မြင့် အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုဝင်လာသလဲခင်ဗျ။
UKM - ကျနော် ရန်ကုန်မှာ စီးပွားရေး လုပ်တာလည်း ဝနဲ့ လုံးဝ မပတ်သက်ပါဘူး။ အဲဒါ ကျနော် အပြင်မှာ ကျနော့်ကို ဒါရိုက် အင်တာဗျူးတဲ့သူ တယောက်မှ မရှိပါဘူး။ အဲဒါ သူတို့ထင်တဲ့အတိုင်း သူတို့ ရေးတာပါ။ အဲဒါကြောင့်ကို ကျနော် ပြန်လာ နိုင်ငံခြားထွက်လာတဲ့အခါမှာလည်း ဟို ဘန်ကောက်ရောက်မှလည်း အမေရိကန်သံရုံးနဲ့ ကျနော် တွေ့ပါတယ်။ အဲဒီမှာ တွေ့တဲ့အခါမှာလည်း NCGUB က ဦးစိုးပိုင်နဲ့ ဦးသိန်းဦးလည်း ပါပါတယ်၊ အဲဒီ အမေရိကန် ဌာနမှာ။ ကျနော် ဝ နဲ့ စီးပွားရေးပိုင်းလည်း လုံးဝ မပတ်သက်ပါဘူးဆိုတာ အမေရိကန်အစိုးရက ရှင်းရှင်း သိပါတယ် အမေရိကန် အစိုးရက။ အဲဒါကြောင့်ကို ကျနော် အမေရိကန်လာတာ သူတို့ ကျနော့်ကို ဗီဇာပေးပြီးတော့ လာတာ။ အဲဒါပဲ။

VOA - ဦးကျော်မြင့်က ဗမာပြည်ကနေ အကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်လာတော့ ဗမာ ပတ်စ်ပို့လည်း မပါတော့ အမေရိကန်ကနေ ဒီကို လာခွင့်ပေးတယ် ဆိုတာဟာ နိုင်ငံရေးခိုလှုံခွင့်နဲ့ လာခွင့်ပေးတယ် ဆိုတဲ့ သဘောပေါ့။
UKM - ဟုတ်ကဲ့။ ကျနော် အဲဒီမှာ ဟို - အေးပေါ့ - အဲဒါပေါ့၊ ရဖျူဂျီပေါ့။

VOA - ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးကို သွားတွေ့တုန်းက ဒီ NCGUB လို့ ခေါ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အစိုးရအဖွဲ့ရဲ့ ဦးစိုးပိုင်နဲ့ ဦးသိန်းဦး ပါတယ်လို့ စောစောက ဦးကျော်မြင့် ပြောလိုက်ပါတယ်။ သူတို့က ဘာကြောင့် ပါတာလဲ။
UKM - ဟုတ်ပါတယ်။ ဟို အဲဒီအချိန်မှာ ဦးစိုးပိုင်က စကားပြန် လုပ်ပါတယ်။ ဦးသိန်းဦးလည်း ပါတာပေါ့။ ဒါပေမယ့် စကားပြန်လုပ်တာတော့ ဦးစိုးပိုင်ပါ။

VOA - ဦးသိန်းဦးတို့၊ ဦးစိုးပိုင်တို့နဲ့ ဦးကျော်မြင့် ဘယ်လိုဆက်စပ်ခဲ့လဲ အဲဒီအချိန်က။
UKM - အဓိကကတော့ မြန်မာပြည်နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့ပါ။ အဲဒါကို လူတယောက်က ကြားမှာ နေပြီးတော့ ကျနော့်ကို ကွန်တက် လုပ်ပေးတာပါ။ အဲဒါပါပဲ။

VOA - ဘန်ကောက်မှာ ရှိတဲ့ အမေရိကန်သံရုံးနဲ့ သွားတွေ့တဲ့ အချိန်မှာ NCGUB အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့က ဦးသိန်းဦးက ပါပြီးတော့ လိုက်ပါလာပြီး ဆောင်ရွက်ပေးတယ် ဆိုတော့ ဘယ်လိုအကြောင်းချင်းရာမျိုးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ဝင်ပြီးတော့ ပါပြီး ဆောင်ရွက်ပေးရတာလဲ။
UKM - အဓိကကတော့ သူတို့လည်း အဲဒီအချိန်မှာ ကျနော်နဲ့ ဟိုဟာပေါ့ - ပူးပေါင်းပြီးတော့ ပုဂ္ဂိုလ်အနေနဲ့ပေါ့ ဟုတ်လား၊ - ဒီမိုကရေစီ လုပ်ငန်းကို လုပ်စေချင်လို့ တွဲပြီးတော့ လုပ်စေချင်တဲ့ သဘောမျိုးပေါ့။

VOA - အဲဒီတော့ ဦးကျော်မြင့် အမေရိကန်ပြည်ထောင်စုကို လာဖို့အရေးကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ထောက်ခံပေးတယ် ဆိုတဲ့သဘောလား။
UKM - အဲဒီအတွက်တော့ သူတို့မပြောပါဘူး။ သူတို့က သူတို့လိုက်သွားတာက ဦးစိုးပိုင် လိုက်သွားတာ ကျနော် ပြောချင်နေတော့ စကားပြန် လုပ်ပေးတာပါ။ ထောက်ခံတယ်တို့ အမေရိကန်လာဖို့အတွက်တို့ အဲဒါတော့ သူတို့ လုပ်ပေးတာ မရှိပါဘူး။

VOA - ဦးသိန်းဦးကရော ဒါဆိုရင်။
UKM - ဦးသိန်းဦးလည်း သူလုပ်တာ ပုဂ္ဂိုလ်အနေနဲ့ပေါ့။ သူ - - သြစတေးလျသွားဖို့ဖြစ်ဖြစ်၊ - တခြား တော်တော် ကူညီပါတယ်။ - အဲဒါပေါ့။

VOA - ဘာကြောင့်မို့ ဦးကျော်မြင့်ကို သူက ကူညီရတာလဲ။
UKM - သူက ကူညီတာက၊ ကျနော်လည်း ပြည်တွင်းမှာလည်း တိုင်းရင်းသား ခေါင်းဆောင်တယောက် အနေနဲ့ နောက်ပြီးတော့လည်း ကျနော်တို့ ပြည်တွင်းမှာ နိုင်ငံရေး တော်လှန်ရေး လုပ်လာတဲ့ ပုဂ္ဂိုလ်တယောက်။ အဲဒီအနေနဲ့ အကူအညီပေးတာပါ။

VOA - စောစောကပြောတော့ ဦးကျော်မြင့် အနေနဲ့ ဝတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိဘူး ဆိုပေမယ့် ဦးကျော်မြင့်နဲ့ ဦးပေါက်ယူချန်းတို့က အဆက်အသွယ် မရှိဘူးလားခင်ဗျ။ ကျနော်တို့ သိထားတာကတော့ ဦးကျော်မြင့်ဟာ ဒီ ဝ အမှတ် ၂ အထူးဒေသ အပစ်အခတ် ငြိမ်းချမ်းရေး အဖွဲ့ရဲ့ ကိုယ်စားလှယ်၊ ဒုတိယဘဏ္ဍာရေးမှူးလို့ ပြောပါတယ်။ အဲဒါ မဟုတ်ဘူးလားခင်ဗျ။
UKM - အဲဒီကိစ္စ ဒီလိုဖြစ်တယ်၊ ကျနော် အမှန် ငြိမ်းချမ်းရေး ပထမဦးဆုံး ယူတာ စပြီးတော့ ဗကပနဲ့ ခွဲထွက်တာက ကျနော် ဝဒေသ မဟုတ်ဘူး။ ကျနော်က မုန်းကိုး ဒေသပါ။ မုံးကိုး ဆိုတာ အခု ကြူကုတ် ပန်ဆိုင်း အဲဒီနေရာပါ။ ဒါ - အမှန် - ကျနော် အဲဒီနေရာက ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ အဲဒီမှာ ပြီးတော့မှ ခင်ဗျားသိတဲ့အတိုင်း ငြိမ်းချမ်းရေးယူတဲ့ တပ်ဖွဲ့တွေဟာ မုံးကိုးရော ကိုးကန့်ရော ဝရော ဦးစိုင်းလင်ရော၊ ဦးစခုန်တိန်ယိမ်းရော အကုန်လုံး အဲဒီ ငြိမ်းချမ်းရေးယူတာ ကေအိုင်အေ လက်အောက်မှာ သူ့နေရာနဲ့သူ။ ဒါပေမယ့် အဲဒီပေါ်မှာ တပ်ပေါင်းစုတခု လုပ်ပါတယ်။ အဲဒီ တပ်ပေါင်းစုအောက်မှာ ဝလည်း ပါလာတာပေါ့။ ပါလာတဲ့အခါမှာ ကျနော်လည်း သူတို့ဆီကို ကျနော် တပ်ပေါင်းစုအနေနဲ့ နေပြီးတော့ သူတို့လည်း တပ်ပေါင်းစုကို ကူညီတုန်းကပေါ့။ အဲဒီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စီမံ ခန့်ခွဲတတ်တဲ့သူတယောက်ကို သူတို့ ဗဟိုမှာ ဝဒေသကို အဲဒီအချိန် ဗကပထဲမှာ စ ခွဲထွက်လာတဲ့အခါမှာ ဘိန်းဖြူလည်း ပိတ်ထားတယ် ဝင်လို့မရဘူး စီးပွားရေးလည်း ခက်တယ်။ အဲဒီအချိန်မှာ ကျနော် ဖွံ့ဖြိုးတိုးတက်မှုကို တရုတ်ပြည်ကို ဟို တခါးဖွင့်ဖို့ကို သူတို့က အကူအညီ လိုချင်လို့ ကျနော်က သူတို့ဆီမှာ အဲဒီအဖွဲ့ကို ဟို သူတို့ ဗဟိုမှာ ကျနော့်ကို တာဝန်၊ တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ။ အဲဒါကြောင့် လူတွေက နည်းနည်း ကွန်ပလိန်း ရှိတာပေါ့။ ဝ၊ ဝ၊ ဝ ။ အမှန်က ကျနော် ဝ မဟုတ်ဘူး။

VOA - အဲဒီတော့ ၁၉၉၃ ခုနှစ်မှာ ဦးကျော်မြင့်က ရန်ကုန်မြို့ကို ရောက်လာတယ်။ အဲဒီမှာ ဦးကျော်မြင့်ကိုယ်တိုင် ကျုံယွမ် ကုမ္ပဏီကို ထူထောင်တယ်။
UKM - ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ပါတယ်။

VOA - အဲဒီတော့ ကုမ္ပဏီ ထူထောင်တော့ ဦးကျော်မြင့် အနေနဲ့ ဘယ်လို အရင်းအနှီးတွေနဲ့ မ တည်ခဲ့လဲခင်ဗျ။
UKM - ကျနော် အရင်တုန်းက နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးဆိုတာ ရှိတယ်။ တရုတ်ပြည်ထဲက ကုန်တွေ ဗမာပြည် သွင်းတာ။ ဗမာပြည်က ကုန်က အဲဒီ - မူဆယ် ကြူကုတ် ပန်ဆိုင်း တရုတ်ပြည် ဝမ်တိန် အဲဒီ - BORDER TRADEလုပ်တော့ အဲဒီမှာလည်း ကျနော် BORDER TRADE လုပ်တယ်။ နောက်ပြီးတော့ ကျနော် ကျောက်စိမ်း လုပ်တယ်။ သတ္ထုတွေလည်း တူးတယ် အဲဒီ ဒေသမှာ။ နောက် - သစ်လုပ်ငန်းတွေလည်း ကျနော်တို့ ဒေသတွေမှာ တချို့ သစ်- ။ အရင်တုန်းက ကျနော်တို့ ရခဲ့တဲ့ ငွေဟာ ရန်ကုန်ရောက်လာတော့မှ အဲဒီငွေဟာ ကျနော် ကျုံယွမ်ကုမ္ပဏီကို ထူထောင်တာ။ အဲဒါပါ။

VOA - အဲဒီ ငွေအရင်းအနှီးတွေက ဒီဘက်က အများစုရဲ့ အပြောအရ ဆိုရင် ကျောက်စိမ်းမှောင်ခိုလုပ်ငန်း၊ ဒါ့အပြင်ကို မူးယစ်ဆေးဝါးလုပ်ငန်းတွေက ရတဲ့ ငွေမည်းတွေ ဖြစ်ပြီးတော့၊ ဒီငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချတဲ့ ဟန်ပြလုပ်ငန်းတခုအဖြစ် ပြောကြားထားတာ တချို့ ရှိပါတယ်။ money laundering business ပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးကျော်မြင့် အနေနဲ့ ဘယ်လို ငြင်းချက်ထုတ်နိုင်လဲခင်ဗျ။ ဒီလောက် များပြားတဲ့ အရင်းအနှီး ငွေတွေက ချက်ချင်းကြီး မြို့ပေါ်ကို ဘယ်လိုလုပ် ရောက်လာနိုင်သလဲ။
UKM - အဲဒီဟာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ ဒေသတွေမှာ အရောင်းအဝယ်လုပ်တဲ့ BORDER TRADEလည်း ကျနော်တို့က အခွန် ပေးပါတယ်။ ခင်ဗျား အဲဒီပစ္စည်း ဝင်လာကတည်းက ကာစတန်ရှိတယ်၊ ရဲရှိတယ်၊ လဝက ရှိတယ်။ အဲဒါ အခွန်ပေးပြီးသား ပိုက်ဆံကို ငွေမည်း ပြောလို့ မရပါဘူး။ အဲဒါလည်း ကျနော် အထောက်အထားတွေ ရှိပါတယ်။ နောက်တခုလည်း ကျနော်တို့ အဲဒီဒေသ ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လို့ ခေါ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာ စီးပွားရေးလုပ်ရင် ကျနော်တို့ အဲဒီဒေသမှာ အခွန်ပေးပါတယ်။ ဒေသအစိုးရကနေ တရားဝင် ခွင့်ပြုမှုတွေ ဖြစ်ပါတယ်။ အဲဒါလည်း ငွေမည်း ပြောလို့ မရပါဘူး။ နောက်ပြီးတော့ သတ္ထုတို့ သစ်လုပ်ငန်းတို့၊ တရုတ်ပြည် ဘိလပ်မြေတို့ သံချောင်းတွေ သွင်းတာ အဲဒါ ပုံမှန် BUSINESS ပဲ။ ဒါ အမေရိကန် ကနေဒါလည်း ဒါမျိုး BUSINESS တွေ လုပ်လို့ ရတာပဲ အခွန်ပေးရင်။ အဲဒါ မကောင်းတဲ့လုပ်ငန်း ပြောလို့ မရပါဘူး ဒါတွေကို။
နောက်တခုကလည်း အဲဒီဒေသမှာ ဘိန်းက လူတိုင်း ကိုင်လို့ မရဘူး။ ဟို သူ့လမ်း သူ့နည်းနဲ့ သူတို့ ခွင့်ပြုတဲ့လူမှ အဲဒီ ဘိန်းလုပ်ငန်း လုပ်လို့ ရတယ်။ ခင်ဗျား ခွင့်ပြုချက် မရဘဲကိုင်ရင် အဲဒီဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပမာ ကိုးကန့်တို့ ဝတို့ သူတို့ ဒေသ အုပ်ချုပ်ရေးပေါ့ အဲဒါလည်း ထောင်ဒဏ်ချတယ်။ ဘိန်း လူတိုင်း သွားကိုင်လို့ မရဘူး။ ကျနော်က တသက်လုံး အဲဒီလမ်း မသွားဘူ။ ကျနော်က ခုနက ပြောသလို ကျောက်စိမ်းတို့ သစ်လုပ်ငန်းတို့ BORDER TRADE ။ အပြင်ကလူ ထင်ထားတယ် အဲဒီ ဘိန်းလုပ်ငန်းရတယ်၊ မရဘူး လုံးဝ မရဘူး။ အဲဒီဒေသရဲ့ အခြေအနေ အသိဆုံးပါ၊ ဒါ အမေရိကန် အဲဒီ DEA တို့ သူတို့ အေးဂျင့်တွေ အသိဆုံးပဲ အဲဒါက။

VOA - အဲဒီတော့ ဦးကျော်မြင့်ကို အဲဒီ DEA တို့ အဖွဲ့အစည်းတွေက ကူညီခဲ့တာ ရှိသလား။
UKM - ရှိပါတယ်ခင်ဗျ၊ ရန်ကုန်မှာ။

VOA - အဲဒီတော့ ကူညီခဲ့ပေးပြီးတော့ သူတို့က အမေရိကန်ကို ရောက်အောင် ထောက်ခံပေးတယ်။
UKM - ဟုတ်ပါတယ်ခင်ဗျ။

VOA - ဦးကျော်မြင့်အနေနဲ့ အမေရိကန်ကို ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကို လာရောက်ဆက်သွယ်ပြိးတော့ သံအမတ်ကြီးဦးလင်းမြိုင်နဲ့ တွေ့ခဲ့ဖူးတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအချိန်က ဦးကျော်မြင့် အနေနဲ့ တရုတ်စီးပွားရေးအဖွဲ့တခုကို ခေါ်ဆောင်လာပြီးတော့ တရုတ်ပြည်နဲ့ ဆက်ဆံရေးအတွက် လာပြီးတော့ ဆောင်ရွက်ပေးတာလို့ ကြားရပါတယ်။ အဲဒီအကြောင်း နည်းနည်းလေး ပြောပြပါ။
UKM - အဲဒီအချိန်မှာ ကျနော် အမေရိကန် နယူးဂျာစီ နယူးယောက်ဘက်မှာ နေပြီးတော့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သွားတွေ့တဲ့အခါမှာ ဦးလင်းမြိုင် ရှိတယ်။ ဦးလင်းမြိုင်နဲ့ တွေ့တဲ့အခါမှာ တရုတ်လည်း ပါပါတယ်။ တရုတ်ဆိုတာ အမေရိကန်တရုတ်တွေပေါ့။ သူတို့ကလည်း ဗမာပြည်စီးပွားရေးကို စိတ်ဝင်စားလို့ ကျနော် ခေါ်သွားတယ်။ ဒါပေမယ့် စီးပွားရေးကိစ္စ ပြောပြီးပေမယ့် ဒါပေမယ့် ကျနော် တကယ် အဲဒီမှာ ပတ်သက်သွားတာက ဦးလင်းမြိုင်တို့ ဘယ်သူတို့က ကျနော့်ကို ပြန်ပြီးတော့ ခေါ်စေချင်တယ်ပေါ့ ဗမာပြည်ကို။

VOA - ဦးကျော်မြင့်က ဆက်သွယ်တာလား မြန်မာသံရုံးက နေပြီးတော့ ဦးကျော်မြင့်ကို စတင် ဆက်သွယ်တာလား။
UKM - တရုတ်ကို စီးပွားရေးကိစ္စ ကျနော် မြန်မာသံရုံးကို သူတို့ကို ပို့တယ်။ ဒါပေမယ့် နောက်ပိုင်းတော့ မြန်မာပြည်ကိစ္စတော့ နိုင်ငံရေးကိစ္စတော့ သူတို့ ကျနော့်ကို ဆက်သွယ်ပါတယ်။

VOA - ဦးကျော်မြင့်အနေနဲ့ မြန်မာသံရုံးကို ဆက်သွယ်ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် ပြန်လိုချင်လို့လား။
UKM - မဟုတ်ပါဘူး။ ကျနော် ဆက်သွယ်တာ အစက တရုတ်က သူတို့က ဟို ဗမာပြည်စီးပွားရေး နယ်စပ်စီးပွားရေးကို လုပ်ချင်လို့ ကျနော် လည်း သူတို့ကို နည်းနည်းလုပ်ပေးလိုက်ရင် ပြီးပြီ၊ နောက်ပိုင်း ကျနော်လည်း ဗမာပြည် ဖြစ်နိုင်တဲ့အကြောင်းကို ဗမာပြည် နိုင်ငံရေးကိစ္စ၊ တိုင်းပြည် တိုးတက်စေချင်လို့ လွတ်ငြိမ်းချမ်းသာခွင့် လိုချင်လို့ မဟုတ်ပါဘူး။ ကျနော့်တိုင်းပြည်မှာ တိုးတက်စေချင်လို့ပေါ့။ အဲဒါမျိုးတွေကလည်း သူတို့ကို နည်းနည်း ပြောစေချင်တယ်။

VOA - ဦးကျော်မြင့်အနေနဲ့ အခု ကနေဒါကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်းမှာ UDP လို့ ခေါ်တဲ့ United Democratic Party ကို ထူထောင်ပြီးတော့ မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုတယ်လေ။ အဲဒီတော့ ဦးကျော်မြင့် အနေနဲ့ မြန်မာနိုင်ငံကနေပြီးတော့ အကျဉ်းထောင်ကနေ ထွက်ပြေးလာရတဲ့ လူတယောက်ကို မြန်မာနိုင်ငံ စစ်အစိုးရ အနေနဲ့ ပြန်ပြီးတော့ လိုလိုလားလား လက်ခံနိုင်ပါ့မလားခင်ဗျ။ အထူးသဖြင့် ဦးကျော်မြင့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ သူတို့မှာ ရည်ရွယ်ချက်များ ရှိသလား။
UKM - လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့က သူတို့အပိုင်း။ ကျနော်က ဒါကို အဓိက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စ။ ဒါကြောင့်ကို နယဖမှာ ဒီဟာ ကျနော် ထောက်ခံပါတယ်။ ကျနော် ထောက်ခံတယ်ဆိုတာ ကောင်းတဲ့ဥစ္စာမှာ ထောက်ခံတယ်။ ဥပမာဆိုရင် နယဖကနေပြီးတော့ - နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စပဲ။ ကျနော်တို့ ထောက်ခံရမယ်လေ။ ဒါကြောင့်မို့ နယကကို အကုန်လုံး မထောက်ခံဘူးဆိုတာ အဲဒီလို ပြောလို့ မရဘူး။ ကောင်းတဲ့ကိစ္စဆိုရင် တိုင်းပြည်အကျိုးရှိတဲ့ ကိစ္စဆိုရင် ကျနော်တို့ ထောက်ခံမယ်လေ။ အခု သူတို့လုပ်တာ ဥပမာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်၊ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် တအားကောင်းတဲ့ကိစ္စ။ ဒါကြောင့် ကျနော် ထောက်ခံတယ်။ တကယ်လို့ သူတို့ ကျနော့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင် မပေးနိုင် ဒါတော့ သူတို့ ဆုံးဖြတ်မှာ။ ကျနော်လည်း ပြောလို့ မရဘူးခင်ဗျ အဲဒါတော့။

VOA - လောလောဆယ် ဦးကျော်မြင့်ရဲ့ UDP ပါတီမှာ မြန်မာပြည်တွင်းကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဦးသုဝေတို့ ဦးရဲထွန်းတို့လို ပုဂ္ဂိုလ်မျိုးတွေနဲ့ အရင်က ရင်းနှီးမှုတွေ ရှိခဲ့လားခင်ဗျ။
UKM - ကျနော် အရင်က နာမည် ကြားဖူးပါတယ်။ လူချင်း မတွေ့ဖူးပါဘူး။ ဦးရဲထွန်းလည်း သူက တကယ် ပညာရှင်၊ ပြီးတော့မှ လူလည်း နိုင်ငံရေး အရည်အချင်း တော်တော်ရှိတဲ့သူ၊ ဟို ဦးသုဝေ အပါပေါ့။ သူတို့လည်း နိုင်ငံရေးတခု ဆိုတာလည်း သူတို့ သေချာ စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ကျနော်တို့လည်း ဗမာပြည် နိုင်ငံရေး တော်လှန်ရေးဆိုတာ နှစ်ပေါင်းများစွာ တောက်လျှောက် လုပ်လာတဲ့ပုဂ္ဂိုလ်။ ဒီအပေါ်မှာလည်း ကျနော်တို့ အရည်အချင်း တူပါတယ်။ အဲဒီလို အရည်အချင်း တူတဲ့အခါ ကျနော်တို့ ဦးရဲထွန်းတို့၊ ဦးသုဝေတို့၊ ကျနော်တို့က ယုံကြည်မှု အပြည့်အဝ ရှိပါတယ် ကျနော်တို့ သုံးယောက်က။

VOA - UDP ပါတီကို အဓိက ငွေကြေးထောက်ပံ့တာကတော့ ဦးကျော်မြင့်ရဲ့ ငွေကြေးသက်သက်ပေါ့နော် အခု လောလောဆယ်က။
UKM - ငွေကြေးထောက်ပံ့တာကတော့ ကျနော်လည်း ပါပါတယ်။ ဒါပေမယ့် တော်တော်များများဗျာ၊ ကျနော်တယောက်တည်းဆိုရင် ထောက်ပံ့လို့လည်း မရပါဘူး။ အဓိက ကျနော် ပတ်သက်တဲ့ ပုဂ္ဂိုလ်များပေါ့။ ဥပမာ တရုတ်တွေရော၊ တချို့ အမေရိကန် စီးပွားရေးရှင်တွေရော၊ ကနေဒါမှာရှိတဲ့ စီးပွားရေး တချို့ ASSOCIATION တွေရော ပံ့ပိုးပါတယ်ခင်ဗျ။ ကနေဒါ ဒီမှာရှိတဲ့ သူတို့က ကျနော့် ပုဂ္ဂိုလ်ရေး ခင်တော့ ပံ့ပိုးတာပါ။ သူတို့က အစိုးရကနေ လာတာ မဟုတ်ပါဘူး။

VOA - လောလောဆယ် မြန်မာပြည်ထဲမှာ ရှိနေတဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ့နော်၊ ကချင်အဖွဲ့တို့ ဝအဖွဲ့တို့ နဲ့ရော UDP ပါတီ အနေနဲ့ ဘယ်လို ဆက်သွယ်နေလဲ။
UKM - ကျနော်တို့ UDP ပါတီ အနေနဲ့တော့ ဒီလို ဒါရိုက်ပြောတာ မရှိပါဘူး၊ ဟို ဒါပေမယ့် ပုဂ္ဂိုလ်အနေနဲ့တော့ ကျနော် သူတို့နဲ့ ရောက်ပါတယ်။ UDP နာမည်နဲ့ ရောက်တာပါ။ တရားဝင်တော့ သူတို့လည်း ဒီလို ကမ်းလှမ်းတာတော့ မရှိပါဘူး။ ပုဂ္ဂိုလ်အနေနဲ့ပဲ ကျနော် ရှိပါတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ တောင်ပိုင်း ဗဟို၊ တောင်ပိုင်း KNU အဖွဲ့တော့ ကျနော် သိပ်မတွေ့ဘူး။ အရင်တုန်းက ဗိုလ်ချုပ်မြ ကျနော် ဘန်ကောက်ရောက်တုန်းက ဗမာပြည်ထွက်လာတုန်းက အဲဒါ - တခါ မဲဆောက်မှာ အစည်းအဝေးလုပ်တာ အဲဒါလည်း NCGUB ဦးသိန်းဦး ပါပါတယ်။ အဲဒီအဖွဲ့တော့ မဟုတ်ဘူး။ အဓိက အဖွဲ့တော့ ဒီ မြောက်ပိုင်းပါ။ ဒီ မြောက်ပိုင်းအဖွဲ့တော့ ကျနော်တို့ ပုဂ္ဂိုလ်အနေနဲ့ အမြဲတမ်း ဆက်ဆံပါတယ်ခင်ဗျ။

VOA - ဦးကျော်မြင့်တို့ရဲ့ UDP ကိုယ်စားလှယ်တယောက်က ရန်ကုန်ကို သွားနေပြီးတော့ ရန်ကုန်မှာ နေပြည်တော်က မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ပေါ့နော်၊ အရာရှိ တချို့နဲ့ ညှိနှိုင်းပြီးတော့ UDP ပါတီကို မြန်မာပြည်မှာ တရားဝင် ထူထောင်ခွင့်ရအောင် ညှိနှိုင်းနေတယ်လို့လည်း ကြားရပါတယ်။ အဲဒါ ဟုတ်သလားခင်ဗျ။ အဲဒါဆိုရင် UDP ပါတီကို မြန်မာပြည်မှာ လက်ခံလိမ့်မယ်လို့ မျှော်လင့်ထားလား။
UKM - အခုတော့ တရားဝင် အမေရိကန်မှာရှိတဲ့ သံရုံးမှာ လာပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာ UDP ကို ဝင်ဖို့အတွက် သူတို့က ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းအရကို သူတို့က သဘောတူပါတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အရပေါ့ - - UDP ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်။ ဟုတ်ပါတယ်ခင်ဗျ။

VOA - အဲဒါက ဘယ်ကနေ ပို့ပေးတာလဲခင်ဗျ။
UKM - ဝါရှင်တန်ဒီစီ မြန်မာသံရုံးပါ။ နေပြည်တော်က သူတို့ကို ညွှန်ကြားတာ။

VOA - အဲဒီတော့ ဦးကျော်မြင့်ကိုယ်တိုင်ရော မြန်မာနိုင်ငံကို ဘယ်တော့ ပြန်မလဲခင်ဗျ။
UKM - ကျနော် လောလောဆယ်တော့ ပြည်ပမှာ ကျနော် လုပ်ငန်းတွေ ရှိနေတော့ - လောလောဆယ်တော့ ပြည်ပမှာ တာဝန်ယူထားပါတယ်။ လောလောဆယ် ကျနော် မပြန်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဥက္ကဋ္ဌ ဦးသုဝေတို့၊ ဒုဥက္ကဋ္ဌ ဦးရဲထွန်းတို့ အထွေထွေအတွင်းရေးမှူး တို့ သူတို့ သုံးယောက် အဲဒီမှာ။ ကျနော်တော့ လောလောဆယ်တော့ UDPရဲ့ နိုင်ငံခြားတာဝန်ခံ ဆိုပြီး ကျနော့်ကို ပေးထားပါတယ်။

VOA - အခု လက်ရှိအားဖြင့်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Vancouver Sun သတင်းစာမှာ ရေးထားတဲ့ သတင်းတပုဒ်အရ ဦးကျော်မြင့် ထူထောင်ထားတဲ့ Future Canada China Environment ကုမ္ပဏီပေါ့နော်၊ ဒီ ကုမ္ပဏီက ငွေရေးကြေးရေးအရ စတော့ရှယ်ယာဈေးကွက်မှာ မသမာမှုတချို့ တွေ့ရတယ် ဆိုပြီးတော့ US Securities and Stock Exchange Commission ကနေ လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်၊ စုံစမ်းမှုတွေ လုပ်နေတယ်လို့ ရေးသားထားပါတယ်ခင်ဗျ။ ဦးကျော်မြင့်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ခံနေရတယ် ဆိုတာ တကယ်ပဲလားခင်ဗျ။
UKM - အဲဒီ Future Canada China Environment ကုမ္ပဏီဟာ British Columbia ဟို Canada မှာ ကျနော် Register လုပ်ထားတဲ့ ကုမ္ပဏီတခု ဖြစ်တယ်။ အဲဒီ ကုမ္ပဏီရဲ့ နာမည်က အမေရိကန် ဟို Stock နာမည်နဲ့ တူလို့ အဲဒါ သူ CONFUSE ဖြစ်ပြီးတော့ ဒီ ကုမ္ပဏီနဲ့ ဟို ကုမ္ပဏီဟာ ဘာမှ မပတ်သက်ဘူး၊ နာမည်တူလို့၊ တရုတ်နာမည် ဆိုတာ မူရင်းက တရုတ်နာမည်။ အဲဒါ တရုတ်နာမည်ကို အင်္ဂလိပ်လို ပြန်တဲ့အခါ Future Canada China အဲဒါတော့ ကုမ္ပဏီနာမည်တူလို့ သူ မှားရေးတာ။ ကျနော် ကုမ္ပဏီဟာ ဒီ PUBLIC ကုမ္ပဏီ မဟုတ်ဘူး။ ဒီ Vancouver ကုမ္ပဏီ။ ထင်ထားတာ AMERICAN STOCK ရှိတဲ့ FCCE ခေါ်တာပေါ့ အတိုကောက်။ အဲဒီ FCCE ကုမ္ပဏီတခုတည်းလို့ သူထင်တာ။ သူရေးတာ။ အဲဒါ သူရေးမှားထားတဲ့၊ အဲဒါ Vancouver Sun ရဲ့ သတင်းထောက် ကျနော်လည်း တွေ့ပြီးပြီ။ အဲဒါ သူပြောတာ တချို့ သူ အထင်လွဲပြီးတော့ သူ American ကုမ္ပဏီနဲ့ Vancouver ကုမ္ပဏီကို မှားရေးတာ။

VOA - အဲဒီတော့ နာမည်တူနေတဲ့ ကုမ္ပဏီ နှစ်ခုကို ဦးကျော်မြင့်နဲ့ လုံးဝ မပတ်သက်တဲ့ ကုမ္ပဏီတခုနဲ့ မှားယွင်းပြီး ရေးတယ်လို့ Vancouver Sun သတင်းထောက် ဒေးဗစ်ဗိန်းက တရားဝင် ဦးကျော်မြင့်ကို တောင်းပန်ထားပြီးပြီလားခင်ဗျ။
UKM - သူ ပြန်ရေးမယ်၊ - ပြန်ပြီးတော့ ပြင်မယ်၊ အဲဒါ - ဒီကိစ္စမှာ (ဦးကျော်မြင့်က ဆွေးနွေးပါတယ်။) သူ ပြန်ပြီးတော့ သူ write ခိုင်းမယ်လေ။ အဲဒီ ဘိန်းတို့ ဘာတို့ ညာတို့ အဲဒါတော့ သူကပြောတာ အဲဒါ Irrawaddy က သူ ကော်ပီကူးလာပြီးတော့ ထည့်တာ။ VOA - ဒီကိစ္စကို သေချာအောင် ထပ်မေးရမယ် ဆိုရင် ဦးကျော်မြင့် ထူထောင်ထားတဲ့ ဒီ ကုမ္ပဏီဟာ အမေရိကန် Securities and Exchange Commission ရဲ့ စုံစမ်း စစ်ဆေးမှုကို လုံးဝ မခံရဘူးပေါ့။ UKM - လုံးဝ မခံရဘူးခင်ဗျ။ ဘာမှ မရှိဘူး။ အခုထက်ထိ ဘာမှ မရှိဘူး။

VOA - အဲဒီတော့ ကနေဒါမှာ ဦးကျော်မြင့် ထူထောင်ထားတဲ့ တချို့ လုပ်ငန်းတချို့မှာ တရားစွဲဆိုမှုတချို့ ခံနေရတယ် ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ အဲဒါ ဘာကိစ္စတွေအတွက် တရားစွဲခံထားရတာလဲ။
UKM - လုပ်ငန်း ထူထောင်ထားတဲ့ ကိစ္စကို တရားစွဲတာ ကုမ္ပဏီ တရားစွဲတာ မရှိပါဘူးခင်ဗျ။ တခုမှ မရှိဘူးခင်ဗျ။

VOA - နောက်ဆုံး UDPပါတီက ထုတ်ပြန်ထားတဲ့ ကြေညာချက်တခုမှာ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ဧရာဝတီသတင်းမဂ္ဂဇင်းကို တရားစွဲမယ်လို့ ကြေညာထားပါတယ်။ အဲဒါ ဘယ်အကြောင်းအချက်တွေနဲ့ တရားစွဲမှာလဲ။ အဲဒါက ဘာကြောင့်မို့လို့ တရားစွဲမှာလဲ ဆိုတာ နည်းနည်းလေး ရှင်းပြပါ။
UKM - အဲဒါတော့ ဟုတ်ပါတယ်။ သူက ကျနော့်ကို PERSONAL ဟို ဘိန်းလုပ်တယ်လို့ ရေးတယ်လေ။ ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် MONEY LAUNDARY တဲ့။ MONEY LAUNDARY ဆိုရင် ဘိန်းလုပ်တဲ့ ပိုက်ဆံရော သို့မဟုတ် တခြား တရားမဝင်တဲ့ အဲဒါ ပိုက်ဆံကနေ MONEY LAUNDARY။ ကျနော်တို့ အဲဒါ ရှိကို မရှိတဲ့ဥစ္စာ သူ စွပ်စွဲတယ်။ အဲဒါ သူ ရေးတာပေါ့။ အဲဒါကြောင့် အထောက်အထား ပြပါ။ ကျနော့်ကို ခင်ဗျား DIRECT အင်တာဗျူး လုပ်ဖူးသေးလား။ နို့မဟုတ်လို့ဆိုရင် ကျနော် ဘယ်မှာ LAUNDARY လုပ်သလဲ။

အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်။ အခုလည်း ရှေ့နေတွေ အကုန်လုံး၊ ကျနော်တို့ ပထမတော့ အဲဒီ မစ္စတာ အောင်ဇော်ဆီ ပေါ့၊ ခင်ဗျား ဖြစ်နိုင်တဲ့ဥစ္စာကိုရေး။ မမှန်တဲ့နေရာကို ခင်ဗျား ပြင်ပေးရမယ်။ ဟို ကျနော် သူ့ဆီမှာ နှစ်ကြိမ်လောက် စာပေးပါတယ်။ သူက နောက်ပြီးတော့ မစ္စတာ အောင်ဇော်ကို ကျနော့်ကို ဘာလုပ်လိုက်သလဲလို့၊ ဘာမှ မလုပ်နိုင်ဘူးတဲ့ အဲဒီစကား ကျနော့်ဆီ ထွက်လာတယ်။ ထွက်လာတော့ ကောင်းပြီ အဲဒါဆိုရင် ကျနော် တရားစွဲမယ်။ အဲဒါ အခု ယိုးဒယားရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံးအထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက်စာတမ်းတွေ ပြင်ဆင်နေပါတယ်ခင်ဗျ။ ။
[ မူရင်း - ဗွီအိုအေ အသံလွှင့်ဌာန၊ မြန်မာပိုင်း၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၀၉ ]
http://moemaka.com/index.php?option=com_content&task=view&id=3332&Itemid=1

အပြည့်အစုံသတင်းဖတ်ရန်....

သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ

ဒဂုံတက္ကသိုလ်ကျောင်းသားများ စော်ဘွားကြီးကုန်းတွင် ရိုက်နှက်ခံရ
မိုးမခအထောက်တော် အမှတ် ၎
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။

စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။

ထို့နောက် အခြားကျောင်းသားများ ဖြစ်သော ကိုပြည့်နိုင်ဖြိုး၊ ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့လည်း ရိုက်နှက်ခံရသည်။

ကိုဝေဖြိုးကျော်က ထွက်ပြေးလွတ်မြောက်သွားပြီး စော်ဘွားကြီးကုန်း ပွဲရုံတန်း ရယကရုံးသို့ သွားရောက် တိုင်ကြားပြီး အကူအညီ တောင်းခဲ့သည်။ ရယက ရုံးရှိ ဆယ်အိမ်ခေါင်း ကိုနီတွတ်က ကိုဝေဖြိုးကျော်အား ၄ ချက်ခန့် ပါးရိုက်ပြီး “ဘာ ကျောင်းသားလဲ” ဟု အော်ဟစ်လိုက်သည်ဟု ဆိုသည်။ ရယက ရုံးတွင် ရောက်နေသော ရဲတပ်ဖွဲ့ဝင်တဦးက ကိုဝေဖြိုးကျော်ကို လက်ထိပ်ခတ်လိုက်ပြီး ထပ်မံရိုက်နှက်ကြသည်ဟု ဆိုသည်။

ကျောင်းသား ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့ကို အင်းစိန်မြို့ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသပေးထားသည်ဟု သိရသည်။

နည်းပြဆရာသည်လည်း ချွန်ထက်သည့် သတ္ထုချောင်းတခုဖြင့် ထိုးနှက်ခံရသည်ဟု ဆိုသည်။

၃ ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးမျိုးသိန်းကြီး၊ စီမံဌာနမှူး ဦးခင်မောင်သန်း၊ မော်ကွန်းထိန်း ဦးဘဖေတို့က ရိုက်နှက်ခံခဲ့ရသူများကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထို့နောက် နောင်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမပြုရန် အတင်းအကျပ် ၀န်ခံ ကတိ လက်မှတ်ရေးထိုးခိုင်းသည်ဟု ဆိုသည်။

ရိုက်နှက်ခံရသူများကို ကြာသပတေးနေ့တွင်လည်း ထပ်မံ ခေါ်ယူပြီး စစ်ဆေးခဲ့သည်။

ရိုက်နှက်မှု ကျူးလွန်သူများမှာ အရေးယူခံရခြင်းမရှိသေးကြောင်း သိရသည်။

ထိုဖြစ်ရပ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားများအကြားတွင် မကြေနပ်မှုများ ဖြစ်ပွားနေသည်။ ကျောင်းသားများအား ကာကွယ်ပေးခြင်းမရှိသော ကျောင်းအာဏာပိုင်များကို ဒေါသထွက်နေကြသည်။

အဆိုပါအမှုကို အင်းစိန်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်။ အမှုလိုက် အရာရှိမှာ ဒုရဲအုပ် တင်ညွန့်ဖြစ်သည်။ သို့သော် ယမန်နေ့က စုံစမ်းသိရှိရသည်မှာ အမှုကို ပိတ်သိမ်းလိုက်ပြီဟု ဆိုသည်။

၁၉၈၈ ခုနှစ် အုံကြွမှု အစောပိုင်းကာလ ကျောင်းသား ကိုဖုန်းမော် သေဆုံးမှုနောက်ဆက်တွဲ ကျောင်းသားဆန္ဒပြမှုကဲ့သို့သော လှုပ်ရှားမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အမှုပိတ်ခြင်း၊ သတင်းပိတ်ခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ပါမောက္ခချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။
http://moemaka.com/index.php?option=com_content&task=view&id=3344&Itemid=1

အပြည့်အစုံသတင်းဖတ်ရန်....

တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ

The Struggle

အပြည့်အစုံသတင်းဖတ်ရန်....

အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉

Ah Lin

အပြည့်အစုံသတင်းဖတ်ရန်....

ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြတ်များ

Saturday, February 28, 2009
နအဖရဲ့ အစာကို မြင်ပြီး ထောင်ချောက်ကို မမြင်တဲ့အတွက် နအဖအယုံသွင်း အသုံးချတာခံပြီး ယောင်တီး ယောင်တနဲ့ ပြည်တွင်းဝင် ဆွေးနွေးပွဲထိုင်ခဲ့လို့ အမြီးပြတ်ခဲ့တဲ့ မြေခွေးတွေ ဘယ်လောက်ရှိနေပြီ ထင်ပါသလဲ။ အင်အယ်လ်ဒီသည် ဘယ်သောအခါမှ မြေခွေးအမြီးပြတ် လုပ်မည်မဟုတ်ပါ။
လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဗီအိုအေဦးကျော်ဇံသာနဲ့ ဦးအေးသာအောင်၊ ဒေါက်တာဦးသောင်းထွန်းတို့ ဆွေးနွေး ခန်းတစ်ခုမှာ ကုလအတွင်းရေးမှူး ဘန်ကီမွန်း မြန်မာပြည်ကို သွားသင့်မသင့် ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲရဲ့ အဓိက အခြေခံ(Theme)အဖြစ် ဦးကျော်ဇံသာက ဇောင်းပေးသွားတာက တစ်ခုခုရမှ၊ အနည်း ဆုံးအားဖြင့် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးနိုင်မယ်ဆိုမှ ဘန်ကီမွန်းက သွားမယ်လို့ မသွားခင် တောင်း ဆိုနေတာထက် အရင်ရောက်အောင်သွားပြီးမှ တစ်ခုခုရအောင် (သို့မဟုတ်) နိုင်ငံရေး အကျဉ်းသားတွေလွှတ် အောင် ဆွေးနွေးတာ ပိုမဖြစ်သင့်ဘူးလားဆိုတာဖြစ်ပါတယ်။

တချို့ကိစ္စတွေမှာ စကားအရ ချက်ကျလက်ကျ၊ သဘာဝကျကျ၊ ယုတ္တိကျကျ ပြောနိုင်ပေမဲ့ တစ်ကယ် အကောင် အထည်ဖေါ်တဲ့အခါမှာ ဘယ်လိုမှ လက်တွေ့မကျ၊ အံမကျနဲ့ အလုပ်မဖြစ်နိုင် တာတွေရှိ တတ်တယ်ဆိုရင် ဦးကျော်ဇံသာရဲ့ အထက်ပါဆွေးနွေးပွဲဟာ အတိအကျ ဥပမာတစ်ခုဖြစ်ပါတယ်။

အမေရိကန်သမတ ဘရက်အိုဘားမားက ကြိုတင်လိုအပ်ချက် (Preconditon)တွေ မထားဘဲ အီရန်နဲ့ ဆွေးနွေးမယ်လို့ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေကို အိုဘားမားက “ကျုပ်က အီရန်သမတနဲ့ လက်ဖက်ရည်ထိုင်သောက်ပြီး အပြင်းပြေ အလ္လာပ သလ္လာပ စကားစမည်ပြောဖို့ သွားမှာမဟုတ်ဘူး”လို့ ပြန် ချေပခဲ့ ပါတယ်။

ကမ္ဘာ့ရေးရာကိစ္စတွေမှာ ထူးခြားတဲ့ ၀ိသေသတွေနဲ့အတူ တစ်ခုတည်းသော အင်အားအကြီးဆုံး နိုင်ငံပေါင်း စုံအဖွဲ့အစည်းကြီးတစ်ခုရဲ့ တာဝန်အရှိဆုံး အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ဒီလောက်များမြောင်လှတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စအထောင်အသောင်းတွေကို မအားမ လပ်ဆောင်ရွက်နေရတဲ့ကြားက မြန်မာပြည်ကို အချိန်ပေးပြီး သွားရောက်ဆွေးနွေးဖို့ကိစ္စကို ကိုဇာနည်တို့၊ ကိုဇော်မင်းဦးတို့ရဲ့ ခရီးစဉ်နဲ့ ရောထွေးပြီး တန်းတူထား မစဉ်းစားသင့်ဘူးလို့ ထင်ပါတယ်။

ဘန်ကီမွန်းလို တာဝန်ကြီးတဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တကူးတက အချိန်ပေး မြန်မာပြည်လာပြီး ဗိုလ်သန်း ရွှေ ကို ရလိုရငြား ပြောကြည့်ပါ။ ငါးမရလဲ ရေချိုးပြန်ပါလို့ တိုက်တွန်းသူတွေက တိုက်တွန်းနိုင်ပေမဲ့ သိသာ မြင် သာတဲ့ တိုးတက်မှုတစ်ရပ် ဖြစ်ထွန်းဖို့ အလားအလာမရှိဘဲ၊ ဘန်ကီမွန်းလို အဆင့်ရှိသူက မလာနိုင် ဘူးဆိုတာလောက်ကိုတော့ နားလည်ပေးသင့်ကြပါတယ်။ ဒီနေရာမှာ ဘန်ကီမွန်းလာခြင်းကို ကျနော် မကန့်ကွက်သည့်အပြင် လာခြင်းကို အမြဲတမ်းကြိုဆိုပါတယ်။ ဘန်ကီမွန်းက မြန်မာ့အရေး ဖြေရှင်းလို့မပြီးမချင်း မြန်မာပြည်က မပြန်ဖူးဆိုလျင် ပိုကြိုက်ပါတယ်။ သို့သော် ဘန်ကီမွန်းအနေနဲ့ သူ့ခရီးစဉ်က သိသာတဲ့ တိုး တက်မှု တစုံတရာကို မမြင်လို့ မလာနိုင်ဘူးဆိုလျင် နားလည်နိုင်ကြောင်း၊ နားလည်သင့်ကြောင်း ဆွေးနွေးခြင်း သာဖြစ်ပါတယ်။

ဒီလိုအမြင်မျိုးနဲ့ အလွယ်ချဉ်းကပ်ပြီး လက်တွေ့မကျ အတတ(Naive)အကြံပေးမှု ပုံစံတစ်ခုကို အင်အယ်လ်ဒီနဲ့ စီးပွါးရေး ပိတ်ဆို့မှုကိစ္စ ကို ပူးတွဲစဉ်းစားတဲ့ ခုနေခါမှာ တွေ့ရှိနေရပါတယ်။ ဟိုဟာဖြစ်ရင် ဟိုလိုလုပ် လိုက်ပါလား။ ဒီဟာဖြစ်ရင် ဒီလို လုပ်လိုက်ပါလားဆိုတဲ့ အလွယ်စဉ်းစားတတ်မှု(Simplistic thinking)နဲ့ အကြံပြုတတ်သူတွေဟာ ပြောတဲ့အတိုင်း ဘယ်တော့မှမလုပ်တတ်တဲ့၊ တစ်သက်လုံး ကိုယ့်တံတွေး ကိုယ်ပြန်မြို၊ ကိုယ့်နှပ်ချေးဖတ် ကိုယ်ပြန်ကော်စားတတ်တဲ့ စစ်အာဏာရှင်တွေကို လျော့တွက်ကြဟန်တူပါတယ်။ အင်အယ်လ်ဒီကဘဲ စီးပွါးရေးပိတ်ဆို့မှုကို မတောင်းဆိုကြောင်း၊ ဆန့်ကျင်ကြောင်း ကြေညာချက်လေး တစ်ခု ထုတ်လိုက်တာနဲ့ ပြသနာ တွေ ကို ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ထင်နေသူများကို နအဖ၏ သဘောသဘာဝကို မေ့လွယ်နေကြတာလား။ မေ့ချင်ယောင် ဆောင် နေကြတာလားလို့ မေးခွန်းထုတ်ချင်ပါတယ်။

အချုပ်အနှောင်ခံထားရပြီး သူမရဲ့ပါတီဝင်တွေ၊ သူမရဲ့ပြည်သူတွေ၊ လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ အဆက် ဖြတ်ခံထားတဲ့ခေါင်းဆောင်နဲ့ သူမရဲ့ ခြေဖြတ်လက်ဖြတ်နဲ့ မသေမရှင်အထားခံရတဲ့ပါတီက ကျနော်၊ ကျမတို့မှားပါတယ်။ တပ်မတော် မှန်ပါတယ်လို့ပြောလိုက်ရုံနဲ့ စစ်အာဏာရူးတွေက စိတ်ကောင်းဝင်ပြီး ဒီမိုကရေစီစနစ်ဆီ လျောလျောရှူရှူ လျှောက်လှမ်းသွားလိမ့်မယ်ထင်ပြီး ပြသနာကို အလွယ် ကြည့်တာမျိုး (Simplistic way)ဟာ ပြည်သူလူထုနဲ့ ကမ္ဘာကို လှည့်စားဖို့ (Media Manipulation)အတွက် စားနေကြ ကြောင်ဖါးကြီး စစ်အာ ဏာရှင်တွေ ချထားတဲ့ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကို မမြင်နိုင်ခြင်းဖြစ်ပါတယ်။

အင်အယ်လ်ဒီက ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းတပ်ပြီး စစ်ဗိုလ်ချုပ်တွေရှေ့မှောက် ဒူးထောက်လိုက်ရုံနဲ့ ပြသနာတွေကို ဖြေရှင်းသွား မယ်ဆိုရင်၊ ဒီမိုကရေစီရရေးအတွက် လမ်းပွင့်သွားမယ်ဆိုရင် ပြည်သူအတွက် အင်အယ်လ်ဒီက အချိန်မရွေး မတွန့်မရွံ့အစတေး ခံနိုင်ပါတယ်။ တိုင်းပြည်သာ တစ်ကယ်အကျိုးရှိသွားပါစေ။ ယနေ့တိုင် အထုခံ၊ အချုပ်ခံ၊ အသေခံပြီးပြန်တိုက်နေတာ လူထုအတွက်ပါ။ တစ်ကိုယ်ရေ ကောင်းစားဖို့ဆိုရင် မောင့်သဘောလို့ တစ်ခွန်းပြောလိုက်ရုံနဲ့ နအဖနဲ့ နှစ်ပါးသွားပြီး အင်အယ်လ်ဒီပါတီက အချိန်မရွေး အကောင် လုပ်နိုင်ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီအဓိက၊ ငါအဓိကလို့ ဘယ်သောအခါမှ မပြောခဲ့၊ မကျင့်ခဲ့ပါဘူး။ လူထုသာ အမြဲတမ်း အဓိကဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သင်ကြားချက်၊ ကျနော် တို့ ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။

မှတ်မိကြပါသေးလား။ ဗိုလ်ချုပ်စောမောင်က နယ်ချဲ့လက်ဝေခံ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်သူ လူထုကို ဒီမိုကရေစီပေးဖို့ နှောင့်နေးနေရတာပါဆိုပြီး လူသိရှင်ကြားမိန့်ခွန်းချွေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျမကြောင့် စစ်ဗိုလ်ချုပ်ကြီးများအနေနဲ့ လူထုကို ဒီမိုကရေစီ ပေးဖို့ခက်နေပါတယ်ဆိုရင် ကျမ မြန်မာပြည်က ထွက်ပေးပါ့မယ်။ ကျမထွက်သွားပြီးရင် လူထုကို ဒီမိုကရေစီ ချက်ချင်းပေးမယ်လို့ ဂတိပြုပါဆိုပြီး တောင်းဆို (Challenge)တော့ ဗိုလ်ချုပ်စောမောင် ပိတ်သွားတယ်လေ။

ဒီနေ့တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စီးပွါးရေးပိတ်ဆို့မှုအပါအ၀င် ပြသနာတွေအားလုံး ဖြေရှင်းနိုင်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ကိုတော့ မလုံလောက်ပါဘူးလို့ ဘယ်လိုဆင်ခြင်တုံတရားကို အခြေခံပြီး ဆိုနိုင်ပါသလဲ။ နအဖက ပြသနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းလိုလျင် ပြသနာကို ဖြေရှင်းနိုင်သူနဲ့ ဆွေးနွေးဖို့လိုပါတယ်။ နအဖသာ တစ်ကယ် ရိုးသား တယ်ဆိုရင် မိမိရဲ့ ဆွေးနွေးဖက်ကို ချုပ်နှောင်ပိတ်ဆို့ထားပြီး ဓါးစာခံထား ပြန်ပေးငွေ တောင်းသလို လုပ်နေစ ရာ မလိုပါဘူး။

အချက်လေးချက်ဖြစ်တဲ့ စီးပွါးရေး ပိတ်ဆို့မှု၊ ထိတ်တိုက်ရင်ဆိုင်မှု၊ အလုံးစုံပျက်သုံးမှု၊ အထီးကျန် ဖြစ်စေမှုတွေကို အင်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ကြေညာရမယ်လို့ အချုပ်သားနဲ့ ထောင်မှူး ဆက်ဆံရေး ပုံစံနဲ့ တောင်းဆိုထားတယ်။ ဒီကတည်းက ထောင်မှူးက ပြသနာရဲ့ အဖြေကို လိုချင်တာမဟုတ်ဘဲ၊ ဒူးထောက် အညံ့ခံမှု(Submission)ကိုသာ လိုချင်တာ အထင်အရှားပါ။ အင်အယ်လ်ဒီက ဒီစွပ်စွဲချက်တွေကို ညင်းဆိုပြီး ဆွေးနွေးလိုကြောင်း၊ တပ်မတော်နဲ့ ပူးပေါင်း ဖြေရှင်းလိုကြောင်း ပြန်ကြားထားတယ်။ လူထုထောက်ခံမှု ရရှိနေတဲ့ပါတီတစ်ရပ်ကို လူထုယုံကြည်မှုကင်းသွားအောင် အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေး သတ်တဲ့သဘောနဲ့ အတင်းဝန်ခံခိုင်းနေတာကို သိသိကြီးနဲ့ အင်အယ်လ်ဒီက ခေါင်းမလျိုနိုင်ပါဘူး။

ကဲ အခု မဟာညာဏ်ကြီးရှင်များ အကြံပြုသလို စီးပွါးရေး ပိတ်ဆို့မှုကို အင်အယ်လ်ဒီက ရုပ်သိမ်းပေးပါလို့ စာ ထုတ်ပေး တယ်ဆိုပါစို့။ နအဖက ကျုပ်တောင်းထားတာ လေးချက်ဖြစ်တယ်။ နောက်သုံးချက်ကိုပါ စွန့်လွှတ် ကြောင်း ထုတ်ပြန်ပေးပါလို့ ထပ်ဆိုလာရင် အဲဒီသုံးချက်အတွက်ပါ အင်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ထုတ်ပြန်ပေးရမယ်လို့ ဆက်လက်အကြံပြုလိုပါသလား။ ဒီလေးချက်ပြီးရင် နောက်ဘယ်နှစ်ချက် ထပ်မလာတော့ဘူးလို့ ဘယ်မဟာ ညာဏ်ကြီးရှင်က အာမခံနိုင်ပါသလဲ။ လူသုံးယောက် ဟင်းသုံးတုံးရှိတဲ့ထမင်းဝိုင်းမှာ လက်နှစ်ဖက်စလုံးနဲ့ ဟင်းတုန်းနှစ်တုန်းကို ပြိုင်တူကိုင်ပြီး နောက်တစ်တုန်းကို မျက်စောင်းထိုးနေတဲ့ စစ်အာဏာရှင်တွေ လိုချင်တိုင်းသာ ဖြေ့ပေးရမယ်ဆိုရင် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုဟာ အရင်အတိုင်း မြောက်လောင်းသာဖြစ်နေမှာကို ကျနော်တို့က သိထားပြီးဖြစ်ပါတယ်။

ဖြစ်စဉ်တွေကို ပြန်ကြည့်ပါ။ ကိုယ့်ပြည်တွင်း ပြသနာတွေကို ကိုယ့်ပြည်သူအချင်းချင်းသာ ဖြေရှင်းရမယ်။ နိုင်ငံခြားကို အားမကိုးနဲ့လို့ သူတို့ဘဲပြောတယ်။ တစ်ခါ သူတို့ကဘဲ ကိုယ့်ဆွေးနွေးဖက်တွေနဲ့ ဆွေးနွေး အဖြေရှာရမဲ့အစား ထောင်ချပစ်တယ်။ တစ်ကယ်တော့ နအဖသာရိုးသားရင် နအဖနဲ့ အင်အယ်လ်ဒီ ဆွေးနွေးပွဲ မှာ ကုလပါဖို့ မလိုပါဘူး။ နအဖက ကလီကမာနဲ့ မဆွေးနွေးလိုလို့သာ ကုလက ကြားဝင်လာရတာပါ။

ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံကို ပြန်ကြည့်ပါ။ ဘယ်သူကမှ ကန့်ကွက်လို့မရ ချပြထားတဲ့အတိုင်းသာ ဆွေးနွေး ရတဲ့ ဖွဲ့စည်းပုံအခြေခံရေးဆွဲရေးကို ဆယ့်သုံးနှစ်ကျော်အောင် ဘာလို့ ကြာခဲ့ရသလဲ။ ဘာတွေကို ဘယ်သူ တွေက လေးလေးနက်နက် ဆွေးနွေးနေကြလို့လဲ။ ကြာလေကောင်းလေဆိုပြီး အချိန်ဆွဲနေတာ အထင်အရှားပါ။

တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စေတနာမှန်နဲ့ ဖြေရှင်းလိုရိုးမှန်ရင် ဖြေရှင်းနိုင်တဲ့သူနဲ့ ဆွေးနွေးရမှာပါ။ အခုလို အခုတစ်မျိုး တော်တော်ကြာတစ်မျိုး လုပ်ပြနေတာက ပြသနာတွေကို မဖြေရှင်း လိုလို့ဆိုတာကို ဘာ့ကြောင့်မမြင်နိုင်ကြတာလဲ။ တိုင်းပြည်မှာ ပြသနာကြီးတွေမရှိရင် စစ်အာဏာရှင်လည်း သက်ဆိုးမရှည်နိုင်တာမို့ စစ်အာဏာရှင်စနစ်အစဉ်တည်မြဲဖို့က မရှိတဲ့ပြသနာတွေကို ရှိအောင်လုပ်၊ သေးတဲ့ ပြသနာ ကို ကြီးအောင်လုပ်၊ ရှင်းတဲ့ပြသနာကို ရှုပ်အောင်လုပ်နဲ့ တစ်ခုပြီးတစ်ခု စစ်ဗိုလ်ချုပ်တွေက ဓါတ်ပြားဟောင်းကြီးကို အပ်ကြောင်းထပ်အောင် ဖွင့်သလို လုပ်ပြနေလည်း ကြံဖန်မျက်စေ့ လည်ရလောက်အောင် ဒုန်းဝေးနေသူများလည်း ရှိသေးသကိုး။

အင်အယ်လ်ဒီကို လူနှစ်ယောက်တစ်ပိုင်းနဲ့ ဖွဲ့ထားတဲ့ပါတီ၊ ငွေနဲ့မျှားထားတဲ့ပါတီ၊ အာဏာနဲ့ ခြိမ်းချောက် ဖွဲ့စည်းထားတဲ့ပါတီ၊ ဆိတ်ဝှေးစေ့ပါတီ၊ အချောင်သမား အခွင့်အရေးသမားတွေရဲ့ပါတီ၊ လေလည်ပြရင် အမြီးနန့်တတ်တဲ့ပါတီလို့ ထင်သူများရှိပါသလား။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အင်အယ်လ်ဒီဟာ ပြည်သူလူထုနဲ့ ကင်းကွာနေပြီး ချိနဲ့နေပြီလို့ ကိုဇာနည်ဆိုခဲ့ပါတယ်။ အခု ဖေဖေါ်ဝါရီ၂၆၊ ၂၀၀၉ဧရာဝတီမှာ ဒီအတိုင်းဘဲ ဆက်ရေးပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက လူထုနဲ့ကင်းကွာနေတဲ့ပါတီတစ်ရပ်ဟာ အခုတိုင်အောင် စစ်အာဏာရှင်တွေက ဘာ့ကြောင့် အကြောက်ဆုံး ဖြစ်နေရသေးတာလဲဆိုတာကို ဖြေနိုင်ပါသလား။ လူထုမထောက်ခံတော့တဲ့ လက်တွေ့နဲ့ကင်းကွာနေတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့မလွှတ်ပေးရဲတာလဲဆိုတာကိုရော ဖြေကြည့်ချင်ပါသလား။

နအဖရဲ့ အစာကို မြင်ပြီး ထောင်ချောက်ကို မမြင်တဲ့အတွက် နအဖအယုံသွင်း အသုံးချတာခံပြီး ယောင်တီး ယောင်တနဲ့ ပြည်တွင်းဝင် ဆွေးနွေးပွဲထိုင်ခဲ့လို့ အမြီးပြတ်ခဲ့တဲ့ မြေခွေးတွေ ဘယ်လောက်ရှိနေပြီ ထင်ပါသလဲ။ အင်အယ်လ်ဒီသည် ဘယ်သောအခါမှ မြေခွေးအမြီးပြတ် လုပ်မည်မဟုတ်ပါ။

အောင်တင်
ဖေဖေါ်ဝါရီလ ၂၈၊ ၂၀၀၉

မှတ်ချက်။ ။(၁) တင်မောင်ဆိုသော အမည်နှင့်၎င်း၊ တင်ထူးဟူသော အမည်ဖြင့်၎င်း အင်တာနက်တွင် စာဖြန့်နေသူ နှင့် ကိုတင်မောင်ထူး (CFOB) လုံးဝမပတ်သက်ကြောင်း ကိုတင်မောင်ထူးက ကျနော့အား အခိုင် အမာ ပြောကြားသည်။ ကျနော်ယုံကြည်သည်။
(၂)ကျနော့စာကို မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။ ခွင့်ပြုချက်မလို
http://yeyintnge.blogspot.com/2009/02/blog-post_2289.html

အပြည့်အစုံသတင်းဖတ်ရန်....

ၾကားၾကားသမ်ွ ေ၀ေနယ်...

အပြည့်အစုံသတင်းဖတ်ရန်....

ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း

27022009 News

အပြည့်အစုံသတင်းဖတ်ရန်....

ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..

စစ်အစိုးရ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စွဲဆိုခံရှိ ၂၇.၀၂.၂၀၀၉
သဘာဝ ဘေးဒဏ်ကြောင့် ဒုက္ခဆင်းရဲ ကြီးစွာ ခံစား နေကြရ သည့် ပြည်သူ များအား မကူညီသည့် အပြင် နိုင်ငံအရပ်ရပ်မှ လူသားချင်း ကိုယ်ခြင်းစာနာစွာဖြင့် အရေးတကြီး အလျင်စလို ပေးကမ်းထောက်ပံ့သည့် ကယ် ဆယ်ရေးအဖွဲ့ များ နှင့် ပစ္စည်းများ ကို ပိတ်ဆို့ တားဆီး အလွဲသုံးစား ပြုခဲ့သည့် အတွက် နအဖ စစ်အစိုး ရသည် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင်ရာဇဝတ်မှုကျူးလွန်ကြောင်း တရားစွဲဆိုခံရန်ရှိ သည်ဟု ကျန်းမာ ရေး အဖွဲ့ များမှ ယနေ့ ထုတ်ပြန်ကြေငြာလိုက်သည်။

ကြေငြာချက်တွင် US အခြေပြု Johns Hopkins Bloomberg School of Public Health နှင့် ထိုင်းမြန်မာ နယ်စပ် အခြေပြု the Emergency Assistance Team (EAT) တို့ က ဆိုင်ကလုံးနားဂစ် အပြီး တွင် စစ်အစိုးရ မှ မည်သို့ မည်ပုံ မတရားမှုများ ကျူးလွန်ကြကြောင်း အသေးစိတ် တင်ပြထားသည်။ Johns Hopkins’ Centre for Public Health and Human Rights မှ ဒါရိုက်တာ Chris Beyrer က ဤသက်သေ အထောက်အထား များ သည် နအဖ ကို အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ရာဇဝတ်မှုကျူးလွန်ကြောင်း တရားစွဲဆိုတင်ပြ ရန်လုံလောက်သည် ပြောဆိုပါသည်။

"နအဖ အစိုးရ က နိုင်ငံတကာကယ်ဆယ်ရေး များကို ဘယ်လိုဟန့် တားပုံ၊ ကယ်ဆယ်ရေးပစ္စည်းများ နှင် မြေ ယာ များကို အလွဲသုံးစားခိုးယူပုံ၊ ဒုက္ခသည်များကို အဓမ လုပ်အားပေးခိုင်းပုံ၊ အရွယ်မမြောက်သူ ကလေးများ ကို မတရားခိုင်းစားပုံ စသည်တို့ အားလုံးကို ကျွန်တော်တို့ အထောက်အထားအားလုံး ရရှိထားပါတယ်။ နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁သိန်း ၃သောင်း ကျော် အသက် ဆုံးရှုံး ရပြီး လူ ၂သန်းကျော် ဟာ မိသားစုဝင် ဆုံးရှုံးခြင်း၊ အိမ်ယာ လုပ်ငန်း ပျက်သုန်းခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း စသည်တို့ ကို ခံစားကြရ ပါတယ်။ ဒီလို ဘေးဒုက္ခကြီး ဆိုက်ရောက် ချိန်မှာ နိုင်ငံတကာမှ လူသားခြင်းစာနာစွာဖြင့် ငွေအင်အား၊ လူအင်အား အလုံး အရင်းကြီးစွာ အရေးပေါ်ကူညီထောက်ပံ့ကြတာကို နအဖ အစိုးရ က တကိုယ်ကောင်းဆန်စွာ နှောင့်နှေး ကြန့်ကြာစေရန် တားမြစ်ပိတ်ပင်ခဲ့ပါတယ်။"

နအဖ စစ်အစိုးရသည် ၎င်းတို့ ၏ ခောတ်အဆက်ဆက်မှ ယုတ်မာမှုများကို ပြည်ပမှ (နာဂစ်ကယ် ဆယ်ရေး မှတဆင့်)သိရှိပေါက်ကြားမှုမရှိစေရန် ဤကဲ့သို့ နည်းမျိုးစုံဖြင့် ဆည်းပိတ်တားမြစ် ယုံသာမက ပြည်တွင်းမှ ကူညီသူများ ကိုလည်း ယုတ်မာစွာဖြင့် ဖမ်းဆီးထောင်ချ ခဲ့ပါသည်။ (ဇာဂနာ ထောင်ဒဏ် ၄၅နှစ်၊ ဇော်သက် ထွေး ထောင်ဒဏ် ၁၅နှစ်)

နအဖ အစိုးရ ၏ နားဂစ်ဒုက္ခသည်များအပေါ် ဤကဲ့သို့ လူသားချင်းစာနာမှူကင်းမဲ့ စွာ အရှက်အ ကြောက်တရားမရှိ လူ့ကျင့်မှုပျက်ကွက်ကျူးလွန်ခြင်းများကို ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် အ ပြည်ပြည်ဆိုင်ရာ ခုံရုံးမှ စုံစမ်းမှုများပြုလုပ်ပါရန် တင်ပြသွားမည်ဖြစ်ကြောင်း ဤထုတ်ပြန်ချက်တွင် ဖေါ်ပြထား ပါသည်။

(နေခြည်ဦး ဆီလျော်အောင် ပြန်ဆိုထားပါသည်။)
http://whoiswhoinburma.blogspot.com/ မှ
မူရင်းက ဒီမှာ
Burma cyclone response was 'crime against humanity'
Burma's regime deliberately blocked international aid getting to victims of last year's cyclone, a report has claimed.

By Thomas Bell, South East Asia Correspondent
Last Updated: 11:33PM GMT 26 Feb 2009

The first independent inquiry into the aftermath of the disaster has said the authorities should be referred to the International Criminal Court for stopping help getting through and persecuting survivors.

It found the Burmese leadership failed to provide adequate food, shelter and medical care in the wake of Cyclone Nargis which struck the Irrawaddy Delta on May 2 last year, killing at least 140 000 people.

Around 3.4 million people were effected by the disaster, which swept away homes, farms, granaries, livestock and wells.

Researchers from Johns Hopkins University in America and an organisation of Burmese volunteers called the Emergency Assistance Team – Burma (EAT) have documented what happened in the following weeks.

Military checkpoints were set up across the delta as the regime treated the disaster not as a humanitarian emergency but as a security crisis.

The report claims some people who attempted to distribute private aid were arrested. It details allegations of aid being stolen and resold by the military authorities.

The researchers also claim the army used forced labour, including of children, in the aftermath of the disaster.

According to one survivor: "[The army] did not help us, they threatened us. Everyone in the village was required to work for five days, morning and evening, without compensation. Children were required to work too.

"A boy got injured in his leg and he got fever. After two or three days he was taken to Rangoon, but in a few [days] he died."

There were also anecdotal accounts of people dying in the aftermath of the cyclone due to the actions of the army.

But restrictions in the country mean no one has been able to estimate how many died in a supposed "second wave" of deaths in the period after the cyclone.

Under international law, creating conditions where the basic survival needs of civilians cannot be adequately met, "intentionally causing great suffering, or serious injury to body or to mental or physical health," is considered a crime against humanity.

The report concludes that the United Nations Security Council should refer the junta for investigation by the International Criminal Court.

http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/4839404/Burma-cyclone-response-was-crime-against-humanity.html
http://www.dailytimes.com.pk/default.asp?page=2009\02\28\story_28-2-2009_pg20_5

အပြည့်အစုံသတင်းဖတ်ရန်....

Friday, February 27, 2009

လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထား ပြနိုင်ရင် ပြန်လက်ခံမည်

BG tw23

အပြည့်အစုံသတင်းဖတ်ရန်....

စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန်တိုင်းအစီရင်ခံစာ ထုတ်ပြန်

NG tw23


http://www.rfa.org/burmese/news/post_nargis_report_released-02272009133955.html

အပြည့်အစုံသတင်းဖတ်ရန်....

ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မှာလား

လျှပ်စစ်စွမ်းအား အမှတ် (၁)အမှတ် (၂) အပြင် ဖယောင်းတိုင်နဲ့ ဆီမီးခွက် ဝန်ကြီးဌာန အသစ်တစ်ခုထပ်ဖွင့်လိုက်တာ ပိုပြီးကောင်းပါတယ်။
ရေးနှင့် လမိုင်းကြား CNG ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်မှုကြောင့် ရန်ကုန် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှု ခေတ္တလျော့နည်း

28/Feb/2009

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်မြို့နယ်များတွင် ဖေဖော်ဝါရီလလယ်ပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့ သော
အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေမှုများသည် မကြာမီ ရက်ပိုင်းအတွင်း ပြန်လည် ကောင်းမွန်
လာဖွယ်ရှိသော်လည်း ယခင်ပုံမှန်ခွဲတမ်းအတိုင်းဖြန့်ဝေပေးနိုင်ဖွယ် မရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်
အားပေးရေးအဖွဲ့မှ အကြီးတန်း အရာရှိကြီးတစ်ဦးက ပြောကြားသည်။ `ဖေဖော်ဝါရီ ၁၈ ရက်နေ့ကမွန်ပြည်နယ်
ရေးနဲ့ လမိုင်းကြားမှာ ပိုက်လိုင်းပေါက်ပါတယ်။ ဒီနေ့ ၂၁ ရက်နေ့မှာတော့ ပြင်ပြီးသွားပါပြီ။ Pressure တက်လာ
တဲ့အထိ စောင့်ရမှာဖြစ်တဲ့အတွက် အချိန်ယူရပါမယ်´ ဟုအမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သဘာဝဓာတ်
ငွေ့နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ အင်ဂျင်နီယာတစ်ဦးကပြောကြားကြောင်း ၂၀၀၉ ခုနှစ် မတ်လ ၂ ရက်နေ့
ထုတ် The Voiceဂျာနယ်တွင် ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်



အစိုးရလို့ နာမည်ခံထားတဲ့ နအဖ ဓါတ်ဆီဆိုင်တွေကတော့ ၃ဝဝဝ ကိုမကျတဲ့အပြင် ဆိုင်က ဝန်ထမ်းတွေက လီတာမှတ်ခိုးသေးသလို လိုင်းကားဈေးကလဲ မကျသေးပါဘူး။ အံ့သြစရာတွေနဲ့ ပြည့်နေတဲ့ မြန်မာပြည်ကြီးပါဘဲ။ ဒါတွေကိုလဲ သိသိကြီးနဲ့ ဘာမှ မညွန်ကြားဘူး။ အဲ့လိုကို နေ့မအား ညမအား မနားမနေ တိုင်းပြည်အတွက် လုပ်နေတဲ့ ဗိုလ်ရှုတ်ကြီးတွေပါဘဲ

28/Feb/2009
မြန်မာနိုင်ငံအတွင်းသို့ ပုဂ္ဂလိကကဏ္ဍမှ ဒီဇယ်ဆီ တင်သွင်းခွင့်ကို ခွင့်ပြုလိုက်သည့် အတွက် ပုဂ္ဂလိက
ကုမ္ပဏီကြီးလေးခုယှဉ်ပြိုင် တင်သွင်းရောင်းချခြင်း ဈေးနှုန်းများ ထိုးကျလာခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့
ညနေပိုင်းတွင် လက်ကားဈေး တစ်ဂါလန် ၁၅၀၀ ကျပ် အောက်သို့ ကျဆင်းသွားခဲ့ကြောင်း ဒီဇယ်ဆီ လက်

ကားဝယ်ယူသူတစ်ဦးကဆိုသည်။ ဒီဇယ်ဈေး လက်ကားတစ်ဂါလန်လျှင် ၁၅၀၀ ကျပ်အောက်ရောက်ရှိ သွား
သော်လည်းလက်လီသမားအများစုကမူတစ်ဂါလန် ၁၆၀၀ကျပ်ခန့်ဖြင့်ရောင်းချဆဲဖြစ်ကြောင်းအဆိုပါပုဂ္ဂိုလ်
ကဆိုသည်။ နိုင်ငံတကာ ဈေးများလည်း ကျဆင်းနေပြီး ကျပ်ငွေနှင့် ငွေမှာ ဖလှယ်နှုန်းပါ ကျဆင်းနေသော
ကြောင့် လောင်စာဆီဈေးကျဆင်းသွားခြင်းဖြစ်ကြောင်း မိမိအနေဖြင့် တစ်ဂါလန်လျှင် ၁၅၀၀နီးပါးဖြင့် ပြင်ပ
ဈေးကွက်မှ ဝယ်ယူရရှိလိမ့်မည်ဟုအိမ်မက်ပင်မမက်ဖူးကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။ “ဘယ်လိုပဲ
ဖြစ်ဖြစ်ပုဂ္ဂလိကဆိုရင် အမြတ်ကြီးစားတယ်ဆိုတာမဟုတ်ကြောင်း သက်သေပြနေတာဖြစ်လို့ ဒီအခြေအနေ
ကို သိပ်ကြိုက်တယ်” ဟုအဆိုပါပုဂ္ဂိုလ်က မှတ်ချက်ပေးသည်။ ဒီဇယ်ဆီတင်သွင်းသူကုမ္ပဏီကြီး များအပြိုင်
အဆိုင်ဈေးချ၍ ဈေးကွက်ဝေစုရရှိရေးကြိုးပမ်းရာတွင် အရည်အသွေးမကောင်းသော ဒီဇယ်ဆီကိုဝယ်ယူ၍
မြန်မာနိုင်ငံတွင်လာရောက်ရောင်းချနေသော ကုမ္ပဏီများရှိလာကြောင်း၊ အရည်အသွေးစစ်ဆေးပြီးမှ ခွင့်ပြု
သည့်စနစ်တစ်ခု ကျင့်သုံးနိုင်ခဲ့လျှင် ဒီဇယ်ဆီနှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေးပန်းတိုင်သို့ ရောက်ရှိသွား
ပြီဟု အောင်ပွဲခံရမည်ဖြစ်ကြောင်း ဒီဇယ်လက်လီရောင်းချသူတစ်ဦးကပြောကြားကြောင်း ၂၀၀၉ခုနှစ် မတ်
လ ၂ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

မျောနေပြီ..မျောနေပြီ


အပြည့်အစုံသတင်းဖတ်ရန်....

နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ

အပြည့်အစုံသတင်းဖတ်ရန်....

ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉

Arakan National Newspaper Feb 09

အပြည့်အစုံသတင်းဖတ်ရန်....

၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉

8888

အပြည့်အစုံသတင်းဖတ်ရန်....

နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန်တောင်းဆို

နွယ်လေး။
ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ၂၀၀၉ ခုနှစ်။

နာဂစ်မုန်တိုင်းလွန်ကာလတွင် မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့သော လူအခွင့်အရေးချိုး ဖောက်မှုများကို ဖော်ပြ သည့် အစီရင်ခံစာတစောင်ကို အရေးပေါ်ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ) နှင့် ဂျွန်ဟောပ်ကင်းတက္ကသိုလ်က ပြည်သူ့ကျန်းမာရေးနှင့် လူအခွင့်အရေးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

(After the Storm: Voice form the Delta) မုန်တိုင်းအလွန် မြစ်ဝကျွန်းပေါ်ဒေသမှ ထွက်ပေါ်သံများဟု

အမည်ပေးထားသော ယင်းအစီရင်ခံစာကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းစာဆရာများ အသင်း တိုက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပကာ ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

နာဂစ်လွန်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးပေါ်ကူညီရေးအဖွဲ့ (မြန်မာနိုင်ငံ) ၏ အတွင်းရေးမှူး ဆရာမန်းမန်း က ယခုလို ပြောသည်။

“အဓိကကတော့ ကူညီပစ္စည်းတွေ ထိရောက်တဲ့ နေရာမရောက်တာတွေ၊ ကူညီပစ္စည်းဖွက် ထားတာ ရောင်းစားတာတွေရယ်၊ သွားရောက်ကူညီမယ့်နေရာကို ကန့်သတ်မှုပေးတာတွေ၊ အဓမ္မလုပ်အားပေး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေကို အဓမ္မပြုကျင့်မှုလေးတွေကို ထောက်ပြတယ်။”

ယင်းအစီရင်ခံစာထုတ်ပြန်ရခြင်းသည် နာဂစ်ဖြစ်ပြီးနောက်ပိုင်း လူထုများ ခံစားရသည့် လူ့အခွင့်အရေး ချိုး ဖောက်မှုနှင့် ယခုချိန်ထိ ကူညီထောက်ပံ့မှု လုံလောက်မှု မရရှိသေးသည့် လူထုအဖြစ်မှန်ကို ဖော်ထုတ်နိုင်ရန်၊ နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပွားသည့် လူသားတာဝန်မကျေမှုကို နိုင်ငံတကာမှ အရေး ယူဆောင်ရွက်ပေးနိုင်ရန်နှင့် အာစီယံ၏ ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ရေးမူမှာ မှားယွင်းကြောင်း လူသားချင်းစာနာမှုသည် လူသားတိုင်းနှင့် သက်ဆိုင် သည်ဟု ဆရာမန်းမန်း က ထောက်ပြပြောဆိုသည်။

နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် ပါဝင်ကူညီသည့် လူရွင်တော် ဇာဂနာတို့ ကဲ့သို့သော လူမှုအဖွဲ့အစည်း များကို ဖမ်းဆီးထောင်ချခြင်းများ မပြုလုပ်ရန်၊ လူမှုရေး ကူညီသည့် စုစည်းမှုနှင့် လူမှုအဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကူညီခွင့်ပေးရန် အာစီယံမှ မြန်မာအစိုးရအား ဖိအားပေးရန် တောင်းဆိုသည်။

ယမန်နှစ် မေလ ၂ ရက်နေ့တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အသေအပျောက် ၁သိန်း ၄သောင်းခန့်ရှိပြီး လူပေါင်း ၆ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ

ရန်ကုန်မှာတော့ ရင်နာစရာတွေဖြစ်ကုန်ပြီ။

ရင်နာစရာပဲ
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကျဆုံးခဲ့ရာနေရာဖြစ်သည့် ဝန်ကြီးများရုံး ကို တရုတ် ကိုရောင်းလိုက် ပြီ လို့  ရန်ကုန်မြို့ တွင်
သတင်းများထွက်ပေါ်နေပြီး ရန်ကုန်မြို့ နေ လူထု အကြားမကျေနပ် များဖြစ်ပေါ်နေ ပါသည် ။ အလားတူပဲ ရန်ကုန်မြို့  အရှေ့ မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားစာကြည့် တိုက် အဆောက် အအုံ နှင့်  မြေနေအား နိုင်ငံခြား ကုပ္ပဏီ တခု သို့ပြီးခဲ့သည် နှစ် က ရောင်းချ ခဲ့ ပြီး ဖြစ် သည် ..။ စစ်အစိုးရ သည် ဘဏ္ဍာရေး အခက် အခဲ များကို ဖြေရှင်းရာတွင် ရန်ကုန်မြို့  တွင်းရှိ သမိုင်းဝင်အဆောက် အအုံ များ အချက်အချာကြသော ပြည်သူပိုင်မြေနေရာများအား နိုင်ငံခြားကုပ္ပဏီ များသို့  ရောင်း ချ ပြီး လိုငွေများကို ကို သုံးစွဲ နေသည် မှာ ပိုမိုဆိုးဝါးလာလျှက်ရှိနေကြောင်း တင်ပြလိုက် ပါ သည် ။

........ယခုသတင်းအား ထပ် ဆင် ဖြန့် ဖြူးပေးကြပါရန်......--
http://nldlaaus. blogspot. comwww.nldlaaus. org

အပြည့်အစုံသတင်းဖတ်ရန်....

ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်

Art Mg Chit Khin Our Students

အပြည့်အစုံသတင်းဖတ်ရန်....

ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ

စိတ်ကြွဆေးထုတ်လုပ်မှု မြန်မာပြည် ထိပ်ဆုံး

28 February 2009
VOA


မြန်မာပြည်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ ကျဆင်းအောင် လုပ်ဆောင်တဲ့ နိုင်ငံတွေထဲမှာ မပါနိုင်သေးဘူးလို့ အမေရိကန်က ပြောလိုက်ပါတယ်။ မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံပေါင်း ၂၀ ထဲမှာ မြန်မာပြည်လည်း ပါဝင်နေပြီး မူးယစ်
ဆေးဝါးကိစ္စနဲ့ ငွေမည်းကို ငွေဖြူဖြစ်အောင်လုပ်ကြတဲ့ တိုင်းပြည်တွေထဲမှာလည်း မြန်မာပြည် ပါဝင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်နေကြ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာဆိုင်ရာ အစီရင်ခံစာထဲမှာ

ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို မနေ့က ထုတ်ပြန်ခဲ့တာပါ။
ကိုကျော်အောင်လွင်က ဒီအစီရင်ခံစာကိုဖတ်ပြီး အပြည့်အစုံ တင်ပြပေးထားပါတယ်။

မနေ့ကထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူးယစ်ဆေးဝါး အစီရင်
ခံစာထဲမှာ အာဖဂန်နစ္စတန်၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေဟာ
မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေလို့ ဖော်ပြထားပြီး မြန်မာ၊ ဘိုလစ်ဗီးယား
နဲ့ ဗင်နီဇွဲလား နိုင်ငံတွေကတော့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ
သဘောတူညီချက်တွေအတိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ကျဆင်းအောင်
လုပ်တဲ့ တိုင်းပြည်တွေထဲမှာ ရှိမနေဘူးလို့ ဆိုပါတယ်။

အစီရင်ခံစာထဲမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ သီးသန့်ဖော်ပြတာမျိုးရော ရှိသလားရှင့်။

ဟုတ်ကဲ့။ နိုင်ငံအလိုက် သီးသန့်ဖော်ပြထားတာပါ။ မြန်မာပြည်နဲ့ ပတ်သက်လို့ကတော့
ဘိန်းစိုက်ပျိုးမှုတွေဟာ ၂၀၀၇ ခုနှစ်ကစပြီး သိသိသာသာ ပြန်တိုးလာခဲ့ပါတယ်တဲ့။
နောက်ပြီးတော့ မက်သ်အမ်ဖက်တမင်းလို့ခေါ်တဲ့ မူးယစ်စိတ်ကြွဆေးတွေ ထုတ်လုပ်ပြီး
နိုင်ငံခြားကိုဖြန့်တာတွေလည်း သိသိသာသာ လုပ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဘိန်းစိုက်ပျိုးမှု တိုးလာတဲ့နေရာတွေကတော့ ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊
နောက်တခါ ကချင်ပြည်နယ်တွေမှာလို့ ဆိုပါတယ်။ မြန်မာပြည်နဲ့ကပ်လျက် ရွှေတြိဂံ
နယ်မြေကနေ မူးယစ်စိတ်ကြွဆေးတွေကို ဖြန့်တဲ့နေရာမှာ Ice Triangle လို့ခေါ်တဲ့
ဆေးပြားသစ်တွေကို မြန်မာပြည်က အကြီးအကျယ် ဖြန့်ဖြူးသူအဖြစ် ပါဝင်နေတယ်လို့
ဆိုပါတယ်။

နှစ်စဉ် ပုံမှန်ဖြန့်နေတဲ့ တိုင်းပြည်တွေကတော့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ ဖြစ်ပါ
တယ်တဲ့။ မြန်မာပြည်က မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ
မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး
ဒေးဗစ် ဂျွန်ဆင်က သောကြာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်မှာ
မူးယစ်စိတ်ကြွဆေး ထုတ်လုပ်နေတာတွေကြောင့် ဒေသသတွင်းနိုင်ငံတွေအတွက်
အန္တရာယ်ရှိလာနေတဲ့အကြောင်း ပြောခဲ့ပါတယ်။

“မက်သ်အမ်ဖက်တမင်း မူးယစ်စိတ်ကြွဆေးပြားတွေ ကမ္ဘာပေါ်မှာ အထုတ်လုပ်ဆုံး
ကတော့ မြန်မာပြည်ပါပဲ။ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်
မှုတွေကလည်း တော်တော်နည်းပါတယ်။ အဲဒါကြောင့် ဒီမူးယစ်ဆေးဝါးတွေဟာ
မြန်မာပြည်သူတွေသာမကဘဲ အိမ်နီးချင်း လာအိုနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ
နိုင်ငံတွေကိုပါ ခြိမ်းခြောက်နေပါပြီ” လို့ ပြောသွားတာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်နဲ့ သမ္မတအိမ်ဖြူတော်က မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ
အရာရှိဟောင်း ဘော့ ဝေနာကလည်း မြန်မာ့မူးယစ်ဆေး ပြန်တိုးတက်လာနေတဲ့
အကြောင်း ဗွီအိုအေကို ရှင်းပြထားပါတယ်။

“မြန်မာပြည်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်လာနေတယ်။ ဒါပေမယ့် ကမ္ဘာ့ဘိန်း
အထုတ်ဆုံးနိုင်ငံတော့ မဟုတ်တော့ဘူး။ အာဖဂန်နစ္စတန်က အထုတ်ဆုံးဖြစ်နေတယ်။
မြန်မာစစ်အစိုးရဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ကျဆင်းအောင် မလုပ်နိုင်ဘူး
ဖြစ်နေတယ်” လို့ ပြောသွားခဲ့ပါတယ်။

ကောင်းတဲ့အချက်တွေရော မပါဘူးလား ကိုကျော်အောင်လွင်။

ပါပါတယ်။ ကောင်းတယ်ဆိုပေမယ့် နည်းနည်းပဲကောင်းတယ်လို့ ပြောရမှာပေါ့။ မြန်မာ
စစ်အစိုးရဟာ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့အစည်းတချို့နဲ့ ပုံမှန်
ဆိုသလို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာခဲ့ပြီး အထူးသဖြင့် မူးယစ်ဆေးဝါးနဲ့ဆိုင်တဲ့
လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးလာပါတယ်တဲ့။
နောက်ပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေနဲ့လည်း မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါး
နှိမ်နင်းရေး လုပ်ငန်းတွေမှာ တိုးမြှင့်ပြီး လုပ်ဆောင်လာတဲ့အကြောင်း၊ ၂၀၀၈ ခုနှစ်
မေလတုန်းက ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ကို သူ့ရဲ့သား အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်တယ်ဆိုပြီး ရာထူးကဖယ်ရှားခဲ့ပါတယ်။
နောက်တခါ စစ်အစိုးရခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမား မောင်ဝိတ်နဲ့
အပေါင်းအပါ ၄ ယောက်ကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချခဲ့ပါတယ်တဲ့။

မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉
ခုနှစ်က ချမှတ်ထားပါတယ်။ ၂၀၁၄ ခုနှစ်ကြရင် မြန်မာပြည်တခွင် မူးယစ်ဆေးဝါး
ကင်စင်စေရမယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ပြီးရင် နောက်တနှစ် ၂၀၁၅ ခုနှစ်က
အာဆီယံဒေသတွင်း နိုင်ငံတွေအားလုံး မူးယစ်ဆေးဝါး ကင်းစင်စေရမယ်လို့ စီမံကိန်း
ချထားတာ ရှိပါတယ်တဲ့။ ဒီလိုပြောထားသလို ဖြစ်လာအောင်ကတော့ မြန်မာနိုင်ငံ
အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိနေတာတွေ၊ ဘိန်းစိုက်ပျိုးနေတာတွေကို
သိသိသာသာ လျော့ကျသွားအောင်လုပ်မှ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ မြန်မာပြည်ဟာ ကမ္ဘာ့ဘိန်းအထွက်ဆုံး တိုင်းပြည်တွေထဲမှာ ဒုတိယလိုက်နေ
လို့ပါပဲတဲ့။

မြန်မာပြည် မဟုတ်တဲ့ တခြားတိုင်းပြည်တွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး
ထူးခြားတာတွေရော အစီရင်ခံစာထဲမှာ ဘာတွေပါသေးလဲရှင့်။

ထူးခြားတာကတော့ မက္ကဆီကိုနိုင်ငံပါ။ အမေရိကန်နိုင်ငံနဲ့ ကပ်လျက်ရှိတဲ့ တိုင်းပြည် မှာ မူးယစ်ဆေးဝါးပြဿနာက တော်တော်ကြီးနေတာပါ။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို နှိမ်နင်းရေးလုပ်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းလူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်တဲ့။ မက္ကဆီကိုသမ္မတကလည်း သူ့တိုင်းပြည်အတွင်းက မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်သားတွေ ထောင်နဲ့ချီ သုံးစွဲခဲ့ရပါတယ်။ အခုရက်ပိုင်းတွေအတွင်းမှာကိုပဲ အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ
မူးယစ်ဆေးဝါးဂိုဏ်းတွေ အချင်းချင်း တိုက်ပွဲတွေဖြစ်ပွားနေလို့ မဆိုင်တဲ့ပြည်သူတွေပါ
သေဆုံးမှုတွေ ရှိနေပါတယ်။ ဒီလို အချင်းချင်းတိုက်ခိုက်မှုတွေကို ကြည့်ခြင်းအားဖြင့်
မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေက ထိရောက်အောင်မြင်တယ်လို့ ဆိုရမှာပဲဆိုပြီး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ
ဖော်ပြထားပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်

ကိုဝိုင်း
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 27 2009


ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေတြိဂံဒေသ အတွင်းရှိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဖုန်းဒေသအတွင်း မြန်မာစစ်တပ်နှင့် ဒေသအတွင်း လှုပ်ရှားနေသော မူးယစ်ဂိုဏ်းတခုအကြား ယခုလ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

ခြေမြန်တပ်ရင်း ၅၂၆၊ ၃၅၉ တပ်ဖွဲ့ဝင်များနှင့် ကွယ်လွန်သွားပြီဖြစ်သော ဘိန်းရာဇာ ခွန်ဆာ၏ အမ်တီအေ တပ်မှ လက်ကျန် စိုင်းနော်ခမ်း တပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားခဲ့သည်။

“နအဖ ဘက်က ခမရ ၅၂၆ နဲ့ ၃၅၉။ တိုက်ပွဲက မိုင်းဖုန်းတိုက်နယ်ထဲမှာ ဖြစ်တာ။ သူ့ (စိုင်းနော်ခမ်း) ကို အခုထိ

မမိသေးဘူး။ သူနဲ့အတူ အင်အား ၃၀-၄၀ လောက်နဲ့ ပါသွားတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S) ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်ကလည်း အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး “အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာက အမ်တီအေ အကြွင်းအကျန် စိုင်းနော်ခမ်းတို့ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်လို့ပဲ ကြားသိရပါတယ်။ အဲဒီ သတင်းကို ဒီလ ၂၂ ရက်လောက်တုန်းက ကြားသိရတာပါ။ ဖြစ်တဲ့နေရာက ရွှေတြိဂံဂွင်ထဲက မိုင်းဖုန်းရဲ့ အပေါ်ပိုင်း ဝမ်းပုံရွာဘေးနားမှာလို့ ပြောပါတယ်” ဟု သူက ပြောသည်။

တိုက်ပွဲကြောင့် မဲခေါင်မြစ်အတွင်း ဖြတ်မောင်းနေသည့် တရုတ်သင်္ဘောတစီးကို လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ဒေသတွင်း စောင့်ကြည့် လေ့လာနေသူများက ပြောသည်။ တရုတ် သင်္ဘောသားတဦး သေဆုံး၍ သုံးဦး ဒဏ်ရာရသွားသည်ဆိုသော သတင်းများ ပေါ်ထွက်နေသည်။

စိုင်းနော်ခမ်းသည် ယခင်က တာချီလိတ်မြို့ပေါ်တွင် နေခဲ့စဉ်ကတည်းက မူးယစ်ဆေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ဒေသခံ အာဏာပိုင်များနှင့် နီးစပ်ခဲ့သော်လည်း နောက်ပိုင်း၌ မူးယစ်ဆေး အမြောက်အမြားနှင့် လက်နက်များ ဖမ်းမိသွားရာမှ ထွက်ပြေးခဲ့ရသူဖြစ်သည်ဟု ဦးစိန်ကြည်က ပြောသည်။

ယခုအခါ မြန်မာ၊ ထိုင်းနှင့် လာအိုတို့ ထိစပ်ရာ ရွှေတြိဂံဒေသ မြန်မာဘက် မိုင်းဖုန်းတိုက်နယ်အတွင်း၌ မူးယစ်ဆေးနှင့် ကုန်သည်များထံမှ ဆက်ကြေး ကောက်လျက်ရှိပြီး သူ၏ လက်နက်ကိုင်များကို ဒေသခံ ရွာသားအများစုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ မြောက်ဘက် ဝနှင့် မိုင်းလားဒေသများဘက်မှ ထိုင်းနှင့် လာအိုနိုင်ငံများသို့ တင်သွင်းမည့် မူးယစ်ဆေးဝါးများအား မဲခေါင်မြစ်တလျှောက် တရုတ်သင်္ဘောများနှင့် ခိုးသယ်လာလေ့ရှိပြီး၊ စိုင်းနော်ခမ်းတို့အဖွဲ့က ကြိုတင်သတင်းရရှိလျှင် တားဆီး၍ အခွန်ကောက်လေ့ရှိကြောင်း အခွန်မရပါက ပစ်ခတ်လေ့ရှိကြောင်း ဦးစိန်ကြည်က ပြောသည်။

ရွှေတြိဂံနယ်မြေအတွင်း၌ ထိုင်း၊ လာအို၊ တရုတ်နှင့် မြန်မာက ၄ နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နင်းရေး စီမံကိန်းများ လုပ်ဆောင်နေသည်။

စိုင်းနော်ခမ်းသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မဲခေါင်မြစ်အတွင်း ကင်းလှည့်နေသော တရုတ်စစ်သင်္ဘောကို ပစ်ခတ်ခဲ့ဖူးပြီး၊ တရုတ်အရာရှိ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။

အပြည့်အစုံသတင်းဖတ်ရန်....

Rohingyas in japan Demonstrating infront of Burma Embassy

အပြည့်အစုံသတင်းဖတ်ရန်....

(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား



၂၇.၂.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၆၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

ဓါတ်ပုံ-ကိုထွဏ်းမြင့်၊ သတင်း-NLD(LA)JB လူငယ်ဌာန


ဗီဒီယို-ကိုဆန်နီ

အပြည့်အစုံသတင်းဖတ်ရန်....

တပ်တွင်းပုန်ကန်မှု

Bloody

အပြည့်အစုံသတင်းဖတ်ရန်....

ပြောင်းချင်တယ်ဆို လွယ်ပါတယ်...

(ပြောင်းလဲလိုရင်ကိုယ်ကစ)

အပြောင်းအလဲလိုဆိုလိုက်တိုင်း လူအများက အခြားသူတွေ အနေအထားတွေ အခြေအနေတွေကို ပြောင်းလဲဖို့ကိုမြင်ကြတာ ပြောကြတာများတယ်။
တကယ်တော့ ... ကိုယ်ဖြစ်ချင်ရင် ကိုယ့်လုပ်ရပ်နဲစိတ်သဘောထားတွေ လိုအပ်ချက်တွေကို စတင်ပြောင်းလဲ ပြုပြင်တည်ဆောက်မှုက ပိုပြီးအရေးကြီးသလို အဓိကကျတယ်လိုလဲပြောချင်တယ်။

တာဝန်ယူမှု ရဲရင့်မှု ပြတ်သားမှု မရှိတဲ့ ဦးဆောင်မှုနောက်မှာ ... ဘယ်ပြည်သူ ဘယ်လူမျိုး ဘယ်တိုင်းရင်းသား ဘယ်လူငယ် ဘယ်ကျောင်းသား ဘယ်တပ်မတော်မှ ပါဝင်လာမှာမဟုတ်ဘူး။

ဒီတော့ တာဝန်ယူ-တာဝန်ခံပြီးလုပ်သင့်တာကို ပြတ်ပြတ်သားသား ခေါင်းအေးအေးထားပြီး တိုင်းပြည်ခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူထုခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ၊ တပ်ပေါင်းစုခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းတွေက ပြောင်းလဲပြုပြင် တော်လှန်ကြဖို့ အချိန်တန်နေပြီ။


ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေက ဘယ်သူတွေပေါင်းပြီး ရဲရဲရင့်ရင့် ဦးဆောင်ရဲမယ် ဆိုတဲ့နောက် ပြည်သူလူထုနဲ တိုင်းပြည်ပါသွားမှာဖြစ်တယ် မြန်မာနိုင်ငံအတွင်းမှာ... (ပြည်ပနဲနိုင်ငံတစ်ကာမှာ မဖြစ်နိုင်ပါ)

ဒီတော့ လူငယ်မျိုးဆက်တွေက ဦးဆောင်ချင်တာလား၊ မင်းတို့စတင်ရမယ်... ကျောင်းသားထုကပြုပြင်ပြောင်းလဲချင်တာလား၊ မင်းတို့ကျောင်းသားတွေကစတင်ရမယ်... တပ်မတော်ကပြောင်းလဲချင်တာလား၊ ပါတီခေါင်းဆောင်တွေကပြောင်းလဲချင်တာလား၊ ပါတီဝင်တွေ အဖွဲဝင်တွေကပြောင်းလဲချင်တာလား၊ တနိုင်ငံလုံးပြောင်းလဲချင်တာလား၊ ဘယ်သူအားကောင်းကောင်းနဲ ပြောင်းလဲနိုင်မလဲ။ ဒါအဖြေဘဲပေါ့...

လားရာကောင်းမယ်အနေအထားသိပ်မထင်ဘူး ခေါင်းမာပြီးပြောင်းလဲမှုကို မိမိကစတင်ချင်ကြတဲ့ ဦးဆောင်သူမြန်မာ့နိုင်ငံရေးမှာ မတွေ့ရသေးဘူး။

အင်အားအကောင်းဆုံးနဲပြောင်းလဲနိုင်တာကတော့ ညီညွှတ်မှုရှိမယ်ဆိုရင် ပြည်သူအာဏာ-ပြည်သူ့အင်အားဘဲဖြစ်တယ်။ ပြိုင်တူပြည်သူတွေ တော်လှန်ကြရင် ပြောင်းလဲကြရင် ပါဝင်လုပ်ဆောင်လာကြပြီဆိုရင်... ဘယ်ပါတီ-ဘယ်ခေါင်းဆောင်-ဘယ်အာဏာရှင်မှ ပိတ်ဆို့ဟန့်တားလို့မရပါဘူး။ ဒါပေမယ့် ပြည်သူလုပ်ဆောင်လာဖို့ ပြောင်းလဲလာဖို့ တော်လှန်လာဖို့ဆိုတာ လှုပ်ဆော်သူ အပေါ်မှုတည်နေတယ်။

ဒါကိုလုပ်နိုင်မယ့်သူတွေက ခောတ်အဆက်ဆက်က .......ကျောင်းသားထုအင်အားရှိတယ် စည်းရုံးမှုအားကောင်းတယ်၊

ယနေ့မြန်မာနိုင်ငံမှာ ကျောင်သားထု စုစည်းမှု နည်းသွားပြီ ၊ စိတ်ဓါတ်ခိုင်မာမှု နည်းသွားပြီ ၊ မဟုတ်မမှန်စိတ် အားနည်းတယ်။ နိုင်ငံရေးအမြင်အားကောင်းပြီး ရဲရင့်ပြတ်သားတဲ့ ကျောင်းသားထု နည်းနေတယ်။ ဒါကြောင့် ကျောင်းသားဟာ အားကိုးလို့မရတဲ့ အနေအထားဖြစ်သွားပြီး၊ အင်အားစိတ်ဓါတ်ခိုင်မာပြတ်သားတဲ့ ရဟန်းသံဃာတွေက ၂၀၀၇ ခုနှစ်မှာ ရှေ့တန်းမျက်နှာစာတိုက်ပွဲမှာရောက်ရှိလာတာ ရောက်ရှိနေတာ ဖြစ်တယ်။

အကြောင်းပြချက်တွေနဲ အချောင်ခိုတက်တဲ့ ကျောင်းသားလူငယ်တွေဖြစ်သွားတာကိုတော့ ၀မ်းနည်းတယ်၊ မဖြစ်လိုဘူး၊ ခံနိုင်ရည် ခုခံအားနည်းတော့ ဖြစ်သွားကြတယ်။ ဒီလိုဘ၀တွေနဲ အချိန်ကုန်နေတဲ့ ကျောင်းသားတွေရဲ စိတ်ဓါတ်ဆုံးရှုံးနေတဲ့ဘ၀ကို လွတ်မြောက်စေချင်ရင်...ဒါကို ကျောင်းသားတွေ စတင်လုပ်ရမယ်။

ကျောင်းသား...နောက်ဆုံးမျိုးဆက်အဖြစ် ၈၈မျိုးဆက်ပြောင်းလဲချင်သလား၊ ပြောင်းလဲယူမလား၊ တော်လှန်မှာလားဆိုတာ မေးရမယ့် အချိန်ဖြစ်နေပြီ...
အချောင်ခိုနေတဲ့ ၈၈ မျိုးဆက်တွေအနေနဲ တိုင်းပြည်အပြောင်းအလဲယူချင်ရင် တစ်ဦးတစ်ယောက်ထဲ ဆန္ဒဖြစ်နေလို့ မပြောင်းလဲနိုင်ပါဘူး။ ဒီတော့ ၈၈မျိုးဆက်လို့ ပြောထားကြတဲ့ ခံယူထားကြတဲ့ သွေးကြောင်နေတဲ့ ၈၈မျိုးဆက်အမည်ခံအချို့ လျှောင်လွဲချင်တဲ့ ခေါင်းမခံရဲတဲ့ စိတ်ဓါတ်တွေ အနာဂတ်မျိုးဆက်တွေကြား မချန်ခဲ့ကြဖို့လိုတယ်။

စစ်မှန်တဲ့ ၈၈မျိုးဆက်တွေ ပြတ်ပြတ်သားသား ဆုံးဖြတ်တော့...အချိန်မရှိဘူး။

သတ္တိရှိရှိ-ရဲဝင့်တည်ကြည်တဲ့ ဦးဆောင်မှုမျိုးပေးနိုင်တဲ့ မင်းကိုနိုင်-မင်းဇေယျ-ဌေးကြွယ်-ကိုကိုကြီး များများဖြစ်လာဖို့လိုတယ်။
(လူငယ်ကျောင်းသားထု မျိုးဆက်တိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ စံနမှုနာခေါင်းဆောင်တွေပေါ့)


စေတနာဖြင့်...

မောင်ညီမ်းမောင်

အပြည့်အစုံသတင်းဖတ်ရန်....

ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဒဏ်ခတ်မှု
စစ်အစိုးရကို တရုတ်ကူညီနေသည့်အတွက် အဓိက မအောင်မြင်
NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉


မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြသုံးသပ်ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက်ဆိုင်ရာ သုတေသနဌာန စာတမ်းတခုအသွင်ဖြင့် ၂၀၀၈ ခု ဇွန်လတွင် ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာပါ အချက်များကြောင့် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု ပေါ်လစီကို ပြန်သုံးသပ်ဖို့ ဆုံးဖြတ်ခြင်း ဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ပထမအချက်အနေနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု အတိုင်းအတာ မတူသည့်အပေါ် မြန်မာစစ်အစိုးရ အမြတ်ထုတ်သွားနိုင်ခဲ့သည်ဟု ထောက်ပြထားသည်။

“မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ရာတွင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုမှာ အကျယ်ပြန့်ဆုံး ပေါ်လစီဖြစ်သည်။ အီးယူ၊ ဂျပန်နှင့် သြစတြေးလျ နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ အကန့်အသတ်နှင့်သာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု စသည်တို့ လုံးဝ ဖြတ်တောက်ခြင်းမျိုး မဟုတ်ပေ။

မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့ရာတွင် စစ်ခေါင်းဆောင်များအား ဗီဇာပိတ်ပင်ခြင်း၊ လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်း၊ အီးယူနိုင်ငံများရှိ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ အခွန် ကင်းလွတ်ခွင့် ပိတ်ပင်ခြင်း စသည်တို့ ဖြစ်ပြီး မြန်မာကုန်စည်များ အီးယူနိုင်ငံများသို့ တင်သွင်းခွင့် သို့မဟုတ် မြန်မာနိုင်ငံတွင် အီးယူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတို့ကိုမူ ပိတ်ပင်ခြင်း မရှိပေ။” ဟု အစီရင်ခံစာ၌ ဖော်ပြထားပြီး အင်္ဂလန်၊ ဂျပန်တို့ မြန်မာနိုင်ငံနှင့် မည်သို့ ဆက်ဆံနေသည်ကို ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများဖြင့် အသေးစိတ် ရှင်းလင်းထားသည်။

မြန်မာစစ်အစိုးရသည် မြန်မာထွက်ကုန်များကို အာရှနိုင်ငံများသာမက အခြားနိုင်ငံများသို့ပါ တင်ပို့ ရောင်းချနေနိုင်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း ဒုတိယအချက်ဟု အစီရင်ခံစာမှာ ရေးထားသည်။

အစီရင်ခံစာ၌ “၂၀၀၄ နှင့် ၂၀၀၅ ခုတွင် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ မြန်မာစစ်အစိုးရ ၀င်ငွေမှာ ဒေါ်လာသန်း (၁,၀၀၀) ရှိသည်ဟု မှန်းထားသည်” ဟု ရေးထားပြီး မည်သည့်ကုမ္ပဏီများ ရေနံနှင့် သဘောဝဓာတ်ငွေ့ ရှာဖွေရေးတွင် လုပ်ကိုင်နေကြောင်း အသေးစိတ်ရှင်းထားသည်။

ထို့ပြင် မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှ ရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာသန်း (၂,၀၀၀) ကြားရှိသည်ဟု ထောက်ပြသည်။ အထူးသဖြင့် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာတွင် ဘိန်းကိုသာ အထွက်လျော့အောင် လုပ်ပေးလျင် ၀တွေ မက်တာအဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ ထုတ်လုပ်ခွင့်ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။

တတိယ အချက်အနေနှင့် ဒဏ်ခတ်မှုနှင့် သံတမန်ရေး ဖိအားကို လျော့ပါးစေသည့် အာဆီယံ နိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးသည်လည်း မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင်ရခြင်း ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းထားသည်။

စတုတ္တ အချက်လည်းဖြစ် ဒဏ်ခတ်မှု မအောင်မြင်ခြင်း၏ အဓိက အချက်လည်း ဖြစ်သည့် အချက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်က စီးပွားရေးနှင့် စစ်ရေး ကူညီနေခြင်းဖြစ်သည်ဟု ကောက်ချက် ဆွဲထားပြီး အထောက်အထားများနှင့်တကွ အကျယ်တ၀င့် ရှင်းပြထားသည်။

ပဉ္စမအချက်ဟု ပြောနိုင်စရာရှိသည့်အချက်မှာ စီးပွားရေးလုပ်ငန်းများ ချုပ်ကိုင်ထားသည့် ထိပ်ပိုင်း စစ်ဘက်အရာရှိများနှင့် ၄င်းတို့ မိသားစုများအတွက် ၀င်ငွေရအောင် စစ်အစိုးရက လုပ်ပေးနေနိုင်သည့်အချက်ဟု ထောက်ပြထားသည်။

အပြည့်အစုံသတင်းဖတ်ရန်....

သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ

ပညာမဲ့ မှုးကြီးဆိုသူ က လုပ်ချလိုက်ပြန်ပြီ..ရိုဟင်စစ်ဆင်ရေး ကိုတဲ့။။
အရှက်မဲ့ ပြောင်ကြီးသိန်းစိန် ကတော့..အစည်းအဝေးသွား..သောက်ရှက်မဲ့ လိမ်ဦးမယ်..
လက်မရွံ့ အောင်သောင်း ကရခိုင်သွား..
ရိုဟင်ဂျာများ မိျုးဖြုတ်တော့မလားဟဲ့။။
လူတွေ ဗျ..လူတွေ..
မင်း တို့  ဘိုးအေတွေ လိုဘဲ သူတို့ လည်းမိသားစုရှိတယ်။
ဒီနအဖ လူတွေ က လူရူးတွေ ဗျ..လုပ်ချင်တာ လုပ်နေတဲ့ သူ..သတ်ပစ်မလား..သင်းပစ်မလား..မပြောနိုင်ဖူး

ရခိုင်ကုလား ဖြစ်ဖြစ်..မြန်မာ ကုလား ဖြစ်ဖြစ် ကြက်တန်း ကုလား ဖြစ်ဖြစ်
ကျောက်တံခါး ကုလား ဖြစ်ဖြစ်
မြန်မာမြေပေါ်ပေါက်ရင်..မြန်မာပေါ့ဗျ..
မြန်မာမြေပေါ်နေရင်..မြန်မာပေါ့ဗျ..
သူ့ ဟာသူ..ဘာဘာသာ ကိုးကွယ်ကွယ်...အသားမဲချင်မဲလေ..
ရွှေဘဘ ကျတော့ ဖြူလို့ လား..ဖြူချင်ရင် မိုက်ကယ်ဂျက်ဆင်လို အရေပြား.. အရောင်ချွတ်ပေါ့...ဖြူဖြူဖွေးဖွေးရေဆေးငါးလို ချောသွားရအောင်..
ရခိုင်သားတွေ စည်းလုံးညီညွတ်စွာ ကာကွယ်ပေးကြပါခင်ဗျာ..ရခိုင်ကုလားလည်း လဲရင်..ရခိုင်အစစ် ကိုလည်း..ဆက်နှိပ်စက်ဦးမှာပါ..
အာရကန်ပြည်နယ်ကို ကာကွယ်ကြပါစို့ 

ဝန်ကြီးဦးအောင်သောင်းအား ရိုဟင်စစ်ဆင်ရေး တာဝန်ပေးNEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉

ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ် အာဆီယံနိုင်ငံ အချို့က ဖိအားပေးပြောနေချိန်တွင် ပြန်လည်ချေပနိုင်ရန် အခြေခံ အချက်အလက်များ ရှာဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှု (၁) ၀န်ကြီးဦးအောင်သောင်းအား ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေးပုံစံဖြင့် လျှို့ဝှက် တာဝန်ပေးထားသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းမှ စပြီး ၀န်ကြီးအောင်သောင်းနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ပြည်နယ်တခုလုံးရှိ ရိုဟင်ဂျာ ရွာများကို အသေးစိတ် စုံစမ်းနေပြီး ရိုဟင်ဂျာများ နောင် မပြန့်ပွားအောင် မည်သို့ လုပ်ကိုင်သင့်သည် စသည့်အချက်များ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

မကြာခင်ရက်ပိုင်းအတွင်း ၀န်ကြီး ဦးအောင်သောင်း ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာ ကိစ္စအတွက် ထပ်မံသွားရောက်ဦးမှာ ဖြစ်သည်ဟု ၄င်း၏ လက်ထောက်အရာရှိ တဦးက ပြောသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အထောက်အထားများ အပြီးသတ် စုဆောင်းပြီးချိန်တွင် နိုင်ငံတော်လုံခြုံရေး အစည်းဝေးသို့ ဦးအောင်သောင်းက ပြန်လည်တင်ပြမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။




Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါင်းဆောင် တစ်ယောက်)



ခေါင်းဆောင်ကောင်းတွေဟာ..အမှန်တွေပဲပြောတယ်၊ ပြတ်တယ်၊ ရှင်းတယ်၊ အပိုစာသားတွေမပါဘူး..လေးစားပါတယ်ခင်ဗျာ...
မွန်ပြည်သစ်ပါတီရဲ့ အတွင်းရေးမှူးနိုင်ဟံသာနဲ့ ဧရာဝတီ တို့  အမေးအဖြေမှာကြည့်ပါ....

စစ်တပ် ဆက်လက်အုပ်ချုပ်ချင်ရင် ရွေးကောက်ပွဲဝင်
နိုင်ဟံသာသည် အပစ်ရပ် လက်နက်ကိုင် အဖွဲ့ အစည်းတခု ဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။ မွန်ပြည်နယ် အခြေစိုက် မွန်ပြည်သစ် ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ဧရာဝတီက မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်၊ လက်ရှိအခြေအနေ စသည်တို့နှင့်ပတ်သက်၍ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ဆက်သွယ် မေးမြန်းခဲ့ပါသည်။

Summary

Rest of your post
မေး။ ။ စစ်အစိုးရက အခြေခံဥပဒေကို ပြန်ပြီး သုံးသပ်မယ်၊ ပြင်ဆင်မယ်ဆိုရင် မွန်ပြည်သစ်ပါတီက ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မလား။

ဖြေ။ ။ သူတို့က လက်ရှိ ဖွဲ့စည်းပုံ ဥပဒေသစ်ကို ပြုပြင်မယ်လို့ ပြောတာတောင်မှ လက်ရှိ ဘယ်လောက်အထိ ပြုပြင်ခွင့်ပြုမယ် ဆိုတာကိုလည်း ကျနော်တို့က ဆက်ပြီးတော့ ကြည့်ရဦးမယ်။ ကျနော်တို့ရဲ့ လိုအပ်ချက်နဲ့ နီးသလား ဝေးသလားအပေါ် ကြည့်ပြီးတော့ လာမယ့်ရွေးကောက်ပွဲအတွက် ကျနော်တို့ ဝင်သင့် မသင့် ဆိုတာကို ဆုံးဖြတ်မယ်။

မေး။ ။ မွန်ပြည်သစ်ပါတီက ပြုပြင်စေချင်တဲ့အချက်က ဘာလဲ။

ဖြေ။ ။ လက်ရှိ ဖွဲ့စည်းပုံက Unitary State (တပြည်ထောင်စနစ်) ဖြစ်တယ်။ တိုင်းရင်းသား အခွင့်အရေးတွေ မရှိဘူး။ ပြည်နယ်အုပ်ချုပ်ပိုင်ခွင့် ရှိသော်လည်း ဘာမှ အခွင့်ထူးအာဏာ မရှိဘူး။ ဗမာတွေအတွက် အခွင့်အရေး ရှိတယ်။ တိုင်းရင်းသားတွေကတော့ သူတို့ရဲ့စာပေ၊ ယဉ်ကျေးမှု၊ သူတို့ရဲ့ အမျိုးသား လွတ်လပ်မှု ဘာမှ မရှိပါဘူး။ ဒါကို မြင်ပြီးတော့ ဒီဖွဲ့စည်းပုံက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် မဖြစ်နိုင်ဘူး။ ဒါက ကျနော်တို့ မကျေနပ်တဲ့ အချက်တချက် ဖြစ်တယ်။

နောက်တချက်ကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေး အတွက် ဖွဲ့စည်းပုံထဲမှာ အရမ်း နည်းတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ ဒီ ဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီစနစ်မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ပြုပြင်ခွင့် ရမယ် ဆိုရင် ကျနော်တို့ရဲ့ အဓိက ပထမအချက် ပြုပြင်လိုတာက ဒီမိုကရေစီ စနစ် ပြည့်စုံရမယ်။ အခုလက်ရှိ ဖွဲ့စည်းပုံက အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတယ်။ ဒါက မဖြစ်သင့်ဘူး။ ဒါကို ပြုပြင်ပေးရမယ်။ စစ်တပ်က ပါချင်ရင် ရွေးကောက်ပွဲ ဝင်ပေါ့။ စစ်တပ်က အစိုးရဝန်ထမ်းပဲ။

ပြီးတော့ စစ်တပ်အကြီးအကဲတွေက အထူး အာဏာ ယူထားတယ်။ တချို့ ဝန်ကြီးဌာနတွေမှာ စစ်တပ်အရာရှိတွေ နေရာယူထားတာတို့၊ စစ်တပ်အကြီးအကဲက သူတို့အကြိုက် သူတို့ခန့်ထားခွင့် ရတာတို့ သူတို့မှာ အခွင့်ထူးရှိတာတို့ ဒါက ဒီမိုကရေစီစနစ် သဘာဝ မကျပါဘူး။ အမျိုးသား လုံခြုံရေး ကာကွယ်မှု ကောင်စီမှာ လိုအပ်ရင် အာဏာသိမ်းခွင့် ရှိတာတို့ ဒါက သဘာဝ မကျပါဘူး။ ဒါတွေကို ပြင်ပေးသင့်တယ်။

တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူမျိုးနဲ့ စာပေ၊ တိုင်းရင်းသား ဂုဏ်အင်္ဂါရပ် ပြည့်ဝတဲ့ လူမျိုးစု ၈ စု သို့မဟုတ် ဒီထက် ပိုများတာ ရှိရင် ရှိမယ်။ ဒီလူမျိုးစုတွေအတွက် ပြည်နယ် ထူထောင်ပိုင်ခွင့် ရှိရမယ်။

ပြည်နယ်တွေမှာလည်း အုပ်ချုပ်မှု အာဏာ၊ အခွင့်အရေး ရှိရမယ်။ တိုင်းရင်းသားတွေရဲ့ ပြည်နယ်များ တန်းတူညီမှု အုပ်ချုပ်ပိုင်ခွင့် ပြဌာန်းချက် ရှိရမယ်။ တချို့ လူနည်းစုတွေအတွက် သူတို့ရဲ့ လူမျိုးစုဒေသ အုပ်ချုပ်ပိုင်ခွင့် အခွင့်အရေး ရှိရမယ်။

မေး။ ။ တကယ်လို့ မွန်ပြည်သစ်ပါတီရဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရက မလိုက်လျောဘူးဆိုရင် ရှေ့ဆက် ဘာလုပ်မလဲ။

ဖြေ။ ။ ဒါကတော့ မပြောနိုင်ပါဘူး၊ ကျနော်တို့ရဲ့ ရပ်တည်ချက်က စားပွဲဝိုင်းမှာ ပြဿနာ ဆွေးနွေးချင်တယ်။ တဘက်နဲ့ တဘက် ပစ်ခတ်ကြတာတော့ ကျနော်တို့ အလိုမရှိပါဘူး။ အပစ်အခတ် ရပ်စဲရေးကိုတော့ ကျနော်တို့ ထိန်းနိုင်သလောက် ထိန်းသွားမယ်။ လောလောဆယ် ဒီလောက်ပဲ ပြောနိုင်တယ်။

မေး။ ။ လက်ရှိအစိုးရရဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးအရ ပြေလည်နိုင်တဲ့ အခွင့်အရေးလို့ မြင်သလား။

ဖြေ။ ။ လက်ရှိ ဖွဲ့စည်းပုံက ကျနော်တို့အတွက် ဘာမှ အခွင့်အရေး မရှိဘူး ဆိုတော့ ရွေးကောက်ပွဲ ဝင်ရင်တောင် တကယ်လို့ အမတ် တနေရာ ဖြစ်ခဲ့မယ် ဆိုရင် ဘာအခွင့်အရေးထူး ရနိုင်မလဲ။ ဒီ လက်ရှိ ဥပဒေနဲ့တော့ ရွေးကောက်ပွဲ သွားရင်တောင်မှ ကျနော်တို့ရဲ့ နိုင်ငံရေးပြဿနာက မဖြေရှင်းနိုင်ပါဘူး။

မေး။ ။ တကယ်လို့ တခြား အပစ်ရပ်အဖွဲ့တွေ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်ရော ဘာပြောချင်သလဲ။

ဖြေ။ သူတို့စိတ်ကြိုက် သူတို့ဝင်တော့ ။ ကျနော်တို့ အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ မွန်တိုင်းရင်းသားတွေ ဝင်ခဲ့ရင်တောင်မှ ကျနော်တို့က ဝေဖန်ဖို့ မရှိပါဘူး။ ကျနော်တို့ပါတီကိုယ်တိုင် မြင်တာက လက်ရှိ ဖွဲ့စည်းပုံ ဥပဒေက ဘာမှ အကျိုးအမြတ် မရှိပါဘူး။ ထူးခြားမှုလည်း ဘာမှ မရှိပါဘူး။

မေး။ ။ ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ညီလာခံမှာ ရွေးကောက်ပွဲဝင်ရေးအတွက် ထောက်ခံမဲနဲ့ ဆန့်ကျင်မဲ ဘယ်ဟာက များသလဲ။

ဖြေ။ ။ ညီလာခံမှာ ကျနော်တို့ ဖွဲ့စည်းပုံ ဥပဒေ ကို ပြန်ပြီး လေ့လာ သုံးသပ်တယ်။ ပြီးတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီ ဘယ်လို ရှေ့ဆက် ရပ်တည်မလဲ၊ ဒါတွေကို ဆွေးနွေးတယ်။ ရွေးကောက်ပွဲ ဝင်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ညီလာခံမှာ ဘယ်သူကမှ ပြောတာ မရှိပါဘူး။

မေး။ ။ မွန်ပြည်သစ်ပါတီထဲကနေ ခွဲထွက်ပြီးတော့ ရွေးကောက်ပွဲ ဝင်မယ့်သူ ရှိသလား။

ဖြေ။ ။ ကျနော်တို့ လက်ရှိ မမြင်သေးပါဘူး။ ရှိနိုင်မယ်လို့လည်း မထင်ပါဘူး။

မေး။ ။ မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူး ဆိုတော့ အပစ် အခတ် ရပ်စဲရေးက ဘယ်လောက်အထိ ခိုင်မြဲမလဲ။

ဖြေ။ ။ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ မူက ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နိုင်ငံရေး ပြဿနာ အဖြေရှာမှုပဲ၊ ဒါက မှန်ကန်တဲ့ မူပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေး ယူလာပြီး နောက်ပိုင်းမှာ နိုင်ငံရေးအဖြေရှာခွင့်နဲ့ အချင်းချင်း ညှိနှိုင်းမှု လိုအပ်ချက်တွေ ဒီအချက်တွေ ဖြစ်မလာခဲ့ဘူး။ နိုင်ငံရေးအဖြေရှာဖို့ ဆိုပြီးတော့ ကျနော်တို့ကို အမျိုးသား ညီလာခံ တက်ခိုင်းတယ်။ ဒါပေမယ့် ညီလာခံမှာ သူတို့လူတွေပဲ များတယ်။ ပြီးတော့ မူတွေလည်း သူတို့ ရေးဆွဲထားတဲ့ မူတွေပဲ။ လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တွေ သူတို့ရဲ့ လိုအပ်ချက်တွေ တင်ပြတယ်။ ဒါပေမယ့် အစိုးရက ဘာမှ အသိအမှတ် မပြုဘူး။ လက်မခံဘူး။ အဲဒီအတွက် ထွက်ပေါက် မရှိပါဘူး။ အမျိုးသားညီလာခံမှာ နိုင်ငံရး ညှိနှိုင်းအဖြေရှာမှု ဆိုတဲ့ အချက်က အဖြေပေါ်မလာပါဘူး။

မေး။ ။ အပစ်ရပ် အဖွဲ့တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိသလား။

ဖြေ။ ။ ရှိပါတယ်၊ ပုံမှန် ရှိနေပါတယ်။

မေး။ ။ ဗိုလ်ချုပ်ခင်ညွန့် အနားပေးခံရပြီးနောက်ပိုင်း ဘယ်ဗိုလ်ချုပ်နဲ့ ဆက်သွယ်မှု လုပ်နေသလဲ။

ဖြေ။ ။ လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တိုင်းမှူးနဲ့ တွေ့နေပါတယ်။ တခါတလေ သူ့ရဲ့ ဂျီဝမ်း (စစ်ဦးစီးမှူး ပထမတန်း) နဲ့ တွေ့ပါတယ်။ များသောအားဖြင့် တိုင်းမှူးနဲ့တွေ့တာ များတယ်။ ဆက်ဆံရေးတော့ ကောင်းကြပါတယ်။

မေး။ ။ အမျိုးသားညီလာခံကို မထောက်ခံဘူး၊ အခြေခံဥပဒေကို မထောက်ခံဘူး စသဖြင့် ကြေညာချက်တွေ ထုတ်ခဲ့ပြီး နောက်ပိုင်း စစ်အစိုးရက ခြိမ်းခြောက်အကြပ်ကိုင်တာတွေ ရှိသလား။

ဖြေ။ ။ မရှိပါဘူး၊ ကျနော်တို့က ထိန်းပြီးတော့ ပြောပါတယ်၊ ပြောခဲ့ရင်တောင်မှ ကိုယ့်ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ပဲ ပြောတယ် ဆိုတော့ သူတို့ရပ်တည်ချက်နဲ့ သူတို့ ကျနော်တို့ရပ်တည်ချက်နဲ့ ကျနော်တို့ ဆိုတော့ တစုံတရာ ထိခိုက်သွားတာတော့ မရှိပါဘူး။

မေး။ ။ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ဘာအကျိုးအမြတ်တွေ ရှိသလဲ။

ဖြေ။ ။ အပစ်အခတ် ရပ်စဲမှုက အကျိုးအမြတ်တချို့ ရှိပါတယ်။ အပစ်အခတ် မရပ်ခင် ကာလတလျှောက် တချို့ရွာတွေမှာ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်ခွင့် မရှိပါဘူး။ ရွာသားတွေ ထွက်ပြေးရတာတို့၊ ပေါ်တာဆွဲခံရ၊ အရိုက်ခံရတာတို့ ရှိတယ်။ သူတို့ စီးပွားရေးလုပ်ပိုင်ခွင့် မရှိခဲ့ဘူး၊ အခုတော့ လုပ်ခွင့်ရပြီ။ စီးပွားရေး ပိုင်ဆိုင်မှုတွေ တိုးတက်လာတာ ရှိတယ်။ တချို့နေရာတွေမှာ လမ်းတွေပြင်လာတာ ရှိတယ်။ လမ်းပန်းဆက်သွယ်မှု ကောင်းလာတဲ့အတွက် သူတို့ခြံတွေ တန်ဖိုးရှိလာတယ်။ ခြံထွက်ပစ္စည်းတွေလည်း တခြားမြို့တွေကို ပို့ပြီးရောင်းလို့ ရတယ်။

နောက်တခုကတော့ ကျနော်တို့ပါတီကလည်း မြို့ကြီးပြကြီးတွေမှာရှိတဲ့ မွန်ပြည်သူလူထုနဲ့ ထိတွေ့မှု ရှိပါတယ်။ သူတို့နဲ့ နိုင်ငံရေး ဆွေးနွေး ဖြေရှင်းမှုတွေ ရှိလာတယ်။ အဲဒီအတွက် အမြင်တူလာတာ ရှိတယ်။ ပညာရေးဘက်ပိုင်းမှာလည်း ကျနော်တို့ တိုးချဲ့မှုတွေ ရှိလာတယ်။ ကျန်းမာရေးဘက်ပိုင်းကျတော့ ကျန်းမာရေး လုပ်သားတွေ သင်တန်းပေးပြီးတော့ မွေးထုတ်လာတာ ရှိတယ်။ ပါတီ အနေနဲ့ အာဏာပိုင်တွေ သိမ်းတာ ခံထားရတဲ့ ခြံမြေ တချို့ ပြန်လည် ရရှိဖို့ ကူညီဆောင်ရွက်ပေးတာ ရှိပါတယ်။

မေး။ ။ အပစ်အခတ်ရပ်စဲမှု ၁၄ နှစ်ကြာလာချိန်မှာ ဘာအခက်အခဲတွေ ရှိသလဲ။

ဖြေ။ ။ အခက်အခဲကတော့ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ရပ်တည်လာနိုင်သလောက်တော့ သည်းခံပြီးတော့ ရပ်တည်ကြတယ်။ အခု ရပ်တည်ဖို့က လူထု ထောက်ပံ့မှု တချို့ကို ယူပြီးတော့ ရပ်တည်နေရတယ်။ အခု လောလောဆယ်ဆယ်မှာတော့ ရပ်တည်နိုင်ရုံပဲ ရှိပါတယ်၊ လုံလောက်မှုတော့ မရှိပါဘူး။ လူထုရဲ့ နစ်နာမှုကို ကြည့်ပြီးတော့ သည်းခံနိုင်သလောက်တော့ သည်းခံနေပါတယ်။

မေး။ ။ စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးတာ ထိရောက်မှု ရှိသလား။

ဖြေ။ ။ ကျနော့်အမြင် ပြောရရင် ပိတ်တဲ့နိုင်ငံကလည်း ပိတ်၊ ဖွင့်တဲ့ နိုင်ငံကလည်း ဖွင့်၊ ညီညွတ်မှု မရှိကြပါဘူး။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေက ကျနော်တို့နိုင်ငံမှာရှိတဲ့ သဘာဝ သယံဇာတတွေကို ယူဖို့အတွက် စစ်အစိုးရကို ချဉ်းကပ်ပါတယ်။ ညီညွတ်မှု မရှိတော့ ဖိအားပေးမှုက ထိရောက်မှု မရှိသေးပါဘူး။

အစိုးရဘက်ကနေ ကြည့်ပြန်တော့လည်း သူတို့ဘက်က ခိုင်ခိုင် မာမာနဲ့ ရပ်တည်နေတယ် ဆိုတော့ လက်ရှိ အတိုင်းသာ ဖိအားပေးမှု အနေနဲ့ စားပွဲဝိုင်းထိုင်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုကြောင့် အာဏာပိုင်တွေလည်း အခက်အခဲတွေ ရင်ဆိုင်ရတာ ရှိပါတယ်။ ရေရှည် သူတို့ ဘယ်လို သွားမလဲ ဆိုတာကိုတော့ သူတို့ စဉ်းစားရမယ်။ ဒါကို ကြည့်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုက အကျိုးမရှိဘူး လို့တော့ ပြောလို့ မရပါဘူး။ ။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=768:2009-02-27-10-49-30&catid=4:interview&Itemid=10

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်