Wednesday, December 23, 2009

ဒါ အောင်ဆန်း သားကွ...

ဒေါ်စု နေအိမ်ပြင်နေမှုကို အကိုရင်းဖြစ်သူက ကန့်ကွက်
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၀၈ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ်က ရန်ကုန်တိုင်း မြို့တော် စည်ပင်သာယာတွင် ကန့်ကွက်ခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်ကို ပြင်ဆင်နေခြင်းအား အကိုအရင်း ဖြစ်သူ၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင်က ယခုလ ၁၅ ရက်နေ့၌ မြို့တော် စည်ပင်သာယာရေးတွင် နှုတ်ဖြင့် ကန့်ကွက်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုယ်စားလှယ် ဆိုသူတယောက်က သဘောမတူကြောင်း မြို့တော်စည်ပင်မှာ လာပြောသွားတယ်။ နှုတ်နဲ့ပဲ ပြောသွားတယ်လို့ ကျနော်တို့ သတင်းရတယ်” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အပေါ်ထပ်ရှိ ဝရန်တာတွင် အုတ်စီ၊ အခန်းဖွဲ့ခွင့်အား ယခင်လလယ်ခန့်မှ စ၍ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း အပြီးသတ်ပြင်ရန် ခွင့်ပြုပြီး ဖြစ်သဖြင့် အိမ်ပြင်နေမှုအား ရပ်တန့်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း မိခင် ဒေါ်ခင်ကြည်တို့မှ သားသမီး ၃ ယောက် ဖွားမြင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အငယ်ဆုံး ဖြစ်သည်။ အကိုလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။

၁၉၆၀ ခုတွင် အိန္ဒိယနိုင်ငံတွင် မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်၌ တည်ဆောက်ခဲ့သည့် အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့သည်။ မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်သည် ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်း အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် အင်းလျားကန်မှ တဆင့် ယခုနေအိမ်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် လုံခြုံရေး စိတ်မချရတော့သဖြင့် ပြင်ဆင်မှုများ ပြုလုပ်လာခဲ့သည်။

ယခုလ ၂၁ ရက်နေ့ကလည်း အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ်အဖြစ် ဦးစိုးဝင်းနိုင်က ရန်ကုန်တိုင်း တရားရုံးချုပ်တွင် အိမ်ပြင်ခြင်းကို ကန့်ကွက်သည်ကြောင်း စာတင်ထားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယခင်ကလည်း ဦးအောင်ဆန်းဦးက အမွေ ရထိုက်သည်ဟုဆိုကာ အမှုဖွင့်ခဲ့သည်။ နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့် မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောခဲ့သည်။

သို့သော် ၂၀၀၁ ခုနှစ်အတွင်း၌ ဦးအောင်ဆန်းဦး၏ ရှေ့နေများက အမွေဘုံပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနှင့် ထပ်မံ၍ တရားစွဲဆိုခဲ့ရာ ယနေ့ထိ တရားရင်ဆိုင်နေရသည်။

၂၀၀၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြထားသည့် သက်သေများကို စစ်ဆေးရမည့် အဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ သက်သေများ တွေ့ခွင့် မရခဲ့ဘဲ အမှုကို ရပ်ထားခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ရုံးချိန်းများသာရှိနေပြီး စစ်ဆေးခြင်းမရှိပေ။

(ကိုဝိုင်း တည်းဖြတ်သည်။)
http://www.mizzimaburmese.com/news/inside-burma/4433-2009-12-23-09-52-33.html

4 comments:

Maung said...

"ဒါ အောင်ဆန်း သမီးကွ..."
အနောက်မျှော်၊ အနောက် အားကိုး၊ အနောက် ရုပ်သေး၊
ဒေါ်စုနှင့် ဒေါ်စုကဲ့သို့ သော အလားတူ မျိုးဖျက်၊ သစ္စာ ဖောက်များ၊ မြန်မာနိုင်ငံမှာ ဘယ်သော အခါမှ လူရာ
မ၀င်တော့ပါ၊ နိုင်ငံရေး နယ်ပယ်မှာလည်း အရွေးခြယ် ခံခွင့် မရှိကြတော့ပါ၊ ခေါင်းဆောင်ဖြစ်ဖို့ ဆိုတာ စိတ္တဇ ရောဂါ အဆင့်မှာသာ ရှိပါတော့တယ် ခင်ဗျာ။

ဗိုလ်ချုပ်ကိုယ်တိုင် အဆိုပြု တင်သွင်းခဲ့လို့ ၊ တခဲနက် အတည်ပြုခဲ့တဲ့ ၁၉၄၇ ဥပဒေ အချို့ ကို ဖတ်ကြည့် ပါခင်ဗျာ။ တပ်မတော်ကဲ့  သို့  မျိုးချစ်စိတ်ရှိတဲ့ ခေါင်း ဆောင်ကြီးများ ရဲ့ ဥပဒေပါခင်ဗျာ၊ နားလည် အောင် ကြိုးစား ဖတ်ကြည့်ပါ။
74. (1)Any person who –
(i) is under any acknowledgement of allegiance or adherence to a foreign Power, or is a subject or citizen or entitled to the rights and privileges of a subject or a citizen of a foreign Power; or...

အဲဒါ ထက်ရှင်းတာ မရှိပါခင်ဗျာ။ ဒါကြောင့် ကျားသေ ဒေါ်စုကို အသက်သွင်းဘို့  ကြိုးစားနေသူများ အသိ တရား တိုးပွါးနိုင်ကြပါစေ ဟူ၍သာ....

59. Qualifications of the President and Vice-Presidents are as follows :
(e) shall be a person who has resided continuously in the Union for at least 20 years up to the time of his election as President;

(f) shall he himself, one of the parents, the spouse, one of the legitimate children
or their spouses not owe allegiance to a foreign power, not be subject of a foreign power or citizen of a foreign country. They shall not be persons entitled to enjoy the rights and privileges of a subject of a foreign government
or citizen of a foreign country;

ဒါကတော့ ၂၀၀၈ constitution ကပါ ခင်ဗျာ။

ဒါလောက်ဆိုရင် အနောက်မျှော် ဒေါ်စု နှင့် အလားတူ သူများ အရှေ့ မှာလည်း နေရာမရှိ၊ အနောက် နိုင်ငံ တွေမှာလည်း ၀ိုင်းပယ် ခံထားရတယ်ဆိုတာ ထင်ရှား ပါတယ်ခင်ဗျာ။

ဘာကြောင့်လည်း ဆိုတော့ သူတို့ နိုင်ငံတွေမှာလည်း ဒေါ်စုလို ပုဂ္ဂိုလ်များ ခေါင်းဆောင် ဖြစ်ခွင့်မရှိဘူးဆိုတာ ဆိုင်ရာဥပဒေတွေ နဲ့ တားမြစ်ထားလို့ ပဲ ခင်ဗျာ။

မိဘ စကားကို နားမထောင်ပဲ၊ အမျိုးသားရေး သစ္စာ ဖောက်ပြီး၊ ထင်ရာစိုင်း ရိုင်းခဲ့တဲ့ ဒေါ်စု ခုတော့ဖြင့် အရူး မီးဝိုင်း ဖြစ်ရချေပြီတကား။

မောင်....

ရန်အောင် said...

မိန်းမတွေမနာလိုဖြစ်နေတဲ့ ထမိန်တန်းအောက်က မွတ်ဆလိမ် Maung ရေ ငါ့လဒစ်လျှာနဲ့ယက်ကွ အရူးမီးဝိုင်းတာထက်ပိုကောင်းမယ်

Sihzang said...

ရူးကြောင်မူးကြောင်ဦးမောင်မောင်အရူးထောင်ကိုပို့လိုက်လိုက်

Sihzang said...

ရူးကြောင်မူးကြောင်ဦးမောင်မောင်အရူးထောင်ကိုပို့လိုက်လိုက်

Post a Comment

ယခင် သတင်းများ ဖတ်ရန်