Friday, December 18, 2009

အမှန်ကို ၀န်မခံရဲတဲ့ စစ်သား

(၁၈-၁၂-၂၀၀၉) နေ့ ထုတ် စစ်အုပ်စုရဲ့  မြန်မာ့အလင်း သတင်းစာ တစ်ခုလုံး အလိမ် အညာမုသား စကား တွေနဲ့  ထုံးစံအတိုင်း ပြည့်နှက်လို့ နေပါတယ် ။ အယ်ဒီတာ့ အာဘော်တွေ နဲ့  ဆောင်းပါးရေးသူတွေရဲ့  အာဘော် တွေကို ပြောတာမဟုတ်ပါဘူး ။
ဘယ်သူရေးပေးလိုက်မှန်း မသိတဲ့ စာတွေကို ပါတဲ့ အတိုင်း ဖတ်ပြနေတဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ( ၁၂ ) သင်တန်းဆင်းပွဲ ရဲ့ မိန့် ခွန်း ချွေနေသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ( ပါတာဖတ် သန်းရွှေ ) ရဲ့  အာချင်တိုင်း လျှောက် လျှောက် အာနေတဲ့ အာပုတ်စော်နံတဲ့ ( အာဘော် ) တွေကို ပြောတာပါ ။
( နယ်ချဲ့ တွေရဲ့ အမွေဆိုးကြောင့် နည်းပညာပိုင်းမှာ နောက်ကျကျန်ခဲ့ရတဲ့ ဒို့ နိုင်ငံတော်ကြီး ) အားပါးပါး ….. ရဲရဲတောက် ထမင်းရေပူလျှာလွှဲ …. မိန့် ခွန်းကြီးပါလား ။
ဖြစ်နိုင်ပါတယ် ။ နယ်ချဲ့  အမွေ ပေးခဲ့တဲ့ တက္ကသိုလ်ဆိုတာကို တက်မှ မတက်ဘူးခဲ့တာကိုး ။
ရန်ကုန်ဝိဇ္ဇာ နှင့်သိပ္ပံတက္ကသိုလ် ( RASU ) ။ ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ။ -------
ဒါတွေသူမှမသိခဲ့တာ ။ နယ်ချဲ့  ခံခဲ့ရတာ မြန်မာနိုင်ငံ တစ်ခုထဲများ ထင်နေသလားပဲ ။
နယ်ချဲ့ အမွေပေးခဲ့တဲ့ ( INDIA ) နိုင်ငံဟာ ဒီကနေ့  ကမ္ဘာမှာ ကွန်ပြူတာ ပညာရှင် အများဆုံး
တိုင်းပြည်ဖြစ်နေပြီ ။ ဂြိုလ်တု လွှတ်တင်နိုင်ခဲ့တာ ကြာလှပြီ ။ နျူကလီးယား ဆိုတာ သူကိုယ်တိုင် စမ်းသပ်အောင်မြင်နေခဲ့တာ ကြာလှပြီပဲ ။

မြန်မာပြည်က နယ်ချဲ့ လက်အောက်မှာ အနှစ် ( ၁၀၀ ) ကျော်ပဲနေခဲ့ရပြီး ။ (INDIA) ကတော့ မြန်မာပြည် ထက် ၂ဆ လောက် ပို ပြီး နယ်ချဲ့ လက်အောက်မှာနေပြီး အမွေဆိုးတွေယူခဲ့ရလို့  ပဲလား မသိဘူး ။ အဲလိုပဲဖြစ်မှာပါ ။ ကျွန်သက်ပိုရှည်တဲ့ သူက ပိုတိုးတက်နေတာလေ ။
မရှက်လို့ ပြောနေတာ ။ နည်းပညာပိုင်းမှာ ကျွန်သက်ပိုရှည်ခဲ့တဲ့ (INDIA) ဟာ ထိပ်တန်းကို ရောက် နေပြီ ဆိုတာ … ဘာနည်းပညာမှ မသိတဲ့ ဗိုလ်သန်းရွှေ မသိတာ သနားစရာပါပဲ ။
အိမ်တစ်အိမ်မှာ နေထိုင်တဲ့သူတွေရဲ့  အဆင့်အတန်းဟာ အဲ့ဒီအိမ်ရဲ့  အိမ်ထောင်ဦးစီး ဆိုသူ မှာရှိတဲ့ အရည်အချင်း နဲ့ ညီမျှတဲ့ အဆင့်ပဲ ရှိမှာပေါ့ ။ ဒါကို ၀န်မခံ ရဲတဲ့ စစ်သားကြီးက
မရှက်မကြောက် ရဲရဲတောက် ထမင်းရည်ပူလျှာလွှဲလုပ်နေ လိုက်တာများ ။
(INDIA) တစ်နိုင်ငံပဲလား ။ အာရှမှာ နယ်ချဲ့ အမွေနဲ့ လွတ်တာ ဘယ်လောက်များ ရှိလို့ လဲ ။
( MALAYSIA , SINGAPORE , HONGKONG ,---- ဟော တရုပ် တောင်မှပဲနယ်ချဲ့ လက် အောက်မှာ နေခဲ့ဘူးသေးတယ် ) ပြောရရင် အများကြီးပါဗျာ ။
ပညာတတ်တွေ ဦးဆောင်တဲ့နိုင်ငံတွေဟာ … ဒီကနေ့ တိုးတက်နေပြီး ။ ကျနော်တို့ လို …ပညာလည်း မတတ် ။ ဂတိလည်းမတည် ။ သစ္စာလည်းမရှိ … လူပဲသတ်တတ်တဲ့ စစ်သား တွေအုပ်ချုပ်တဲ့တိုင်းပြည်ကြီးဟာ နည်းပညာပိုင်းမှာ အောက်တန်းကျစွာ နောက်ကျခဲ့ပါပြီ။ လို့ ဝန်မခံရဲတဲ့ စစ်သားကြီး ။ မျက်စေ့ စုံမှိတ်ပြီး ဖင်ပိတ် လိမ်နေတာများ ။
စစ်သားတွေကြောင့် ပျက်ဆီးသွားတဲ့ ပညာရေးစနစ်ကြီး ။ ဒီကနေ့  ဘယ်လိုဖြစ်နေသလဲ ။
စစ်တပ်ပညာရေး နဲ့  အရပ်သား ပညာရေးဆိုပြီး ၂ မျိုးပေါ်ပေါက်နေပြီ ။
အရပ်သားပညာရေး မှာ အခြေခံပညာအထက်တန်း အောင်မှတ် တွေမြင့်မှာ တက်နိုင်တဲ့
နည်းပညာ ။ အသက်မွေးဝမ်းကြောင်း ပညာ ဆိုတဲ့ တက္ကသိုလ် ( လယ်ကွင်းထဲမှ) ။ အဲ ..
အဲဒီတက္ကသိုလ်တွေ ကို မ၀င်နိုင်တဲ့ လူညံ့တွေ ( အမှတ် နည်းသူတွေ ) အဲဒီကောင်တွေ ။
စစ်တပ်ပညာရေး ကိုသွားပြီး ။ ဆရာဝန် ၊ အင်ဂျင်နီယာ ….. သွားလုပ်ကြတယ် ။
အဲဒီလူညံ့တွေကို တိုင်းပြည်မှာ နေရာပေးပြီး ခေတ်မီ ဖွံ့ ဖြိုး တိုးတက်တဲ့ နိုင်ငံတော်ကြီး
အဲဒီလို တည်ဆောက်မှာဆိုတော့ ။ ခပ်ညံ့ညံ့ ကောင်တွေနဲ့  တည်ဆောက်မဲ့ နိုင်ငံတော်ကြီး
( INDIA ) ကို ဖင်ဖျားတောင် မှမီဖို့ နေနေသာသာ ။ မပြောချင်ပါဘူး ….
ကျုပ်တို့ တွေ အမှန်ပြောရင် သူတို့ က မကြိုက်သေးဘူး ။ ကျွန်စော်နံ တယ်ပြောဦးမယ် ။
ဝန်ခံလိုက်စမ်းပါဗျာ ။
ကျနော်တို့ စစ်သားတွေ မတတ်ပဲနေရာတကာ ဆရာလုပ်မိလို့  ။
လူမှန်နေရာမှန် မပေးပဲ ၊ ကိုယ့်လူတွေ ( စစ်သားများ ) ကိုပဲ နေရာတိုင်း ဦးစီးခိုင်းခဲ့လို့  ။
မသိပဲမတတ်ပဲ အမြဲတန်း လူတတ်ကြီးတွေ အယောင်ဆောင်ပြီးတော့ နေရာတိုင်းမှာ
လိုအပ်သည်များကို ညွှန်ကြားခဲ့မိလို့ ။
စစ်သားဘ၀မှာ မမြင်ဘူးတဲ့ စည်းစိမ်တွေကို ချီးစိမ်းပန်းအောင် မက်ခဲ့မိလို့  ။
ဘုရားကို အယောင်ပြ ကိုးကွယ်ပြီး ဗေဒင်ဆရာ ၊ နတ်ဆရာ ၊ ( ET ) တို့ ကို ကိုးကွယ်မိလို့ ။
လို့  … လို့  …. လို့ …. ( လို့ ပေါင်းများစွာ ) ကြောင့် ။
ဒီကနေ့ မြန်မာနိုင်ငံတော်ကြီးဟာ နည်းပညာ ၊ စီးပွါးရေး ၊ ကျန်းမာရေး ၊ ဆက်သွယ်ရေး နှင့်
( ရေး ပေါင်းများစွာ ) မှာ အောက်တန်းကျခဲ့ရပါပြီ လို့  ။

ဝန်ခံလိုက်စမ်းပါ ။ စစ်သားကြီးတွေ ဆိုဗျ ။ သတ္တိဆိုတာ အမှန်ကိုဝန်ခံရဲမှ သတ္တိခေါ်တာ ။
အခုတော့ဗျာ ( ဂန်ဒူး စစ်သား ) ထမင်းရည်ပူလျှာလွှဲ ပြောနေလိုက်တာများ ။

( အ ဘ ယ )

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်