Tuesday, March 31, 2009

တပ်မဟာ (၅) အောင်ပွဲသတင်း

တပ်မဟာ ၅တိုက်ပွဲ နအဖ ၃၀ကျော် ကျဆုံးဒဏ်ရာရ
မတ်လ ၁၉ရက်နေ့မှ မတ်လ ၂၃ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ ၅နှင့် နအဖစစ်တပ်တို့ ၁၂ကြိမ်မက တိုက်ပွဲဖြစ်ပွားရာတွင် နအဖစစ်တပ်မှ ကျဆုံးသူ ၂၄ယောက်နှင့် ဒဏ်ရာ ၁၃ယောက် ရရှိသည်ဟု ကေအဲန်ယူသတင်းထုတ်ပြန်ချက်အရ သိရသည်။
ကေအဲန်ယူသတင်းထုတ်ပြန်ချက်အရ မတ်လ ၁၉ရက်နေ့မှ မတ်လ ၁၃ရက်နေ့အတွင်းတွင် ကေအဲန်ယူ တပ်မဟာ

၅တပ်ဖွဲ့ဝင်အချို့နှင့် နအဖတပ်ဖွဲ့တို့ တိုက်ပွဲ ၁၂ကြိမ်ထက်မက ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း နအဖဘက်မှ ၂၄ယောက် ကျဆုံးကာ ၁၃ယောက်ထက်မက ဒဏ်ရာရရှိကြောင်း ဖော်ပြပါရှိသည်။
ကေအဲန်ယူဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာများမှာ ကေအဲန်ယူ တပ်မဟာ ၅နယ်မြေအပိုင် ၀ီးသောခိုး၊ ပဲပလာ၊ မယ်တိုထ၊ ကေးကော့၊ ခူးသူထ-ပနွဲလိုကြား၊ ဟိုကလို၊ သီးလိုထ၊ ဟော်ဟိုခီး၊ ဖလားခိုနယ်မြေ၊ နာမိုနယ်မြေ၊ တာညာခိုးနေရာတို့ ဖြစ်သည်။
ကွယ်ကလူကရင်ဝက်ဆိုဘ် http://kwekalu.netမှ ဆီလျှော်အောင် ဘာသာပြန်ဆိုထားသည်။
အဲခေါင်သောင့် http://ehkhaungthaunt.blogspot.com

အပြည့်အစုံသတင်းဖတ်ရန်....

ဒေါ်စုကို မဲပေးလိုသူများ..မဲပေးနိုင်ပါပြီ

ကမ္ဘာ့သြဇာကြီးသူ ၁၀၀ တွင် ဒေါ်စု ထိပ်ပိုင်းမှ ပါဝင်
Tuesday, 31 March 2009 19:40 ဧရာဝတီ

ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏ အင်တာနက် စာမျက်နှာတွင် ယခုနှစ်အတွက် ကမ္ဘာ့သြဇာ အကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ ကို ဆန္ဒမဲပေး ရွေးချယ်မှု ပြုလုပ်လျက်ရှိရာ ဒေါ်အောင်ဆန်း စုကြည် က နံပါတ် ၂၅ နေရာတွင် ရောက်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု သတင်းရေးနေသည့် အချိန်တွင် ဆန္ဒမဲပေါင်း သုံးသိန်း သုံးထောင်ကျော် ရရှိနေသည်။

ဒေါ်စုသည် မဲပေါင်း သုံးသိန်း သုံးသောင်းကျော် ရရှိသည့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား (နံပါတ် ၁၆) နှင့် များစွာ ဝေးကွာခြင်းမရှိဘဲ မလေးရှားနိုင်ငံ အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဗရာဟင် (နံပါတ် ၂၆) ထက် အနည်းငယ် အသာရနေသည်။

တခြား သြဇာရှိ အမျိုးသမီးများ အဖြစ် အမေရိကန် ပြည်ထောင်စုမှ အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ (နံပါတ် ၂၇)၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (နံပါတ် ၃၆) တို့ကို ကမ္ဘာတလွှားမှ စာဖတ်သူများက ရွေးချယ်ထားကြောင်း တွေ့ရသည်။

“၂ဝဝ၇ ခုနှစ် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကထက် ထောက်ခံမှု ပိုမို ရရှိခဲ့သည်” ဟု Time မဂ္ဂဇင်းက ဖော်ပြထားသည်။

ဒေါ်စုနှင့်ပတ်သက်၍ မဂ္ဂဇင်းက ဖော်ပြရာတွင် “ထင်ရှားသည့် မြန်မာ့ ဒီမိုကရေစီ အရေး ဆောင်ရွက်နေသူဖြစ်သည်၊ သူ၏ ဦးဆောင် လှုပ်ရှားမှုများကြောင့် ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း အများအားဖြင့် အကျယ်ချုပ် ချခံနေရသည်၊ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂကို တွန်းအား ပေးလျက်ရှိသည်” ဟု ဆိုသည်။

၂ဝဝ၄ ခုနှစ်တွင် Time မဂ္ဂဇင်းက အင်တာနက်မှတဆင့် အာရှသူရဲကောင်း အဖြစ်ရွေးချယ်သည့် သဘောထား ကောက်ယူမှု တခု ပြုလုပ်ရာ စာဖတ်ပရိသတ် ၄ဝ.၄ ရာခိုင်နှုန်းက ဒေါ်စုကို ရွေးချယ်ခဲ့ကြသည်။

လူမှုဆက်သွယ်ရေး အင်တာနက် ဘလော့ဂ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပရိသတ် အများအပြားကို တွေ့နိုင်သည်။ ကမ္ဘာကျော် facebook အင်တာနက် စာမျက်နှာတွင် အသင်းဝင် သုံးသောင်းကျော်မှာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများ ဖြစ်ကြောင်း ဖော်ပြထားကြသည်။

“မိတ်ဆွေသစ်တွေ ရဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည် အခြေအနေတွေကို လူအများကြီး သိသွားအောင် လုပ်ဖို့ဆိုရင် Facebook ကနေ လုပ်ဆောင်သွားရင် အင်မတန် ကောင်းပါတယ်” ဟု မြန်မာပြည် အရေး ဆောင်ရွက်နေသူ ဇိုယာဖန်းက ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ပြောကြားလိုက်သည်။

“ကမ္ဘာက ဒေါ်စုကို မေ့သွားအောင်လို့ စစ်အစိုးရက ဒေါ်စုကို ဖမ်းထားတာ ဖြစ်ပါတယ်။ သူတို့ လုပ်ရပ်တွေ မအောင်မြင်ဘူး ဆိုတာ အင်တာနက် စာမျက်နှာတွေက တဆင့် လုပ်နိုင်ပါတယ်” ဟု ဇိုယာဖန်းက ဆိုသည်။

Time မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ ကို
http://www.time.com/time/specials/packages/article/0,28804,1883644_1886141,00.html
တွင် မဲပေးရွေးချယ်နိုင်ပြီး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလိုပါက
http://www.time.com/time/specials/packages/article/0,28804,1883644_1883653_1884572,00.html
သို့ သွားရောက်နိုင်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

တပ်မတော်နေ့ ညစာစာပွဲ လောက်ကောင်တွေ ၀င်နွဲနေတယ်

Washington DC[2]

အပြည့်အစုံသတင်းဖတ်ရန်....

8888 people power စာစောင် ဧပြီ၂၀၀၉

8888peoplepower[1]

အပြည့်အစုံသတင်းဖတ်ရန်....

မျှော်လင့်ချက် က မှုန်တရေးရေး..

HIV ရောဂါများနဲ့  မြန်မာပြည်..
ဒီမှာကြည့်ပါ..ရင်ကွဲစရာပုံပြင်လေးတွေ
http://www.nytimes.com/slideshow/2009/03/31/world/0331-MYANMAR_index.html?ref=asia

အပြည့်အစုံသတင်းဖတ်ရန်....

တော်ဝင်နန်းတည်းခိုခန်း က ဗုံးကွဲမှုဓါတ်ပုံများ

အပြည့်အစုံသတင်းဖတ်ရန်....

Bomb explosion in Yangon inn assessed to have killed bomber himself

www.chinaview.cn 2009-03-27 21:37:57 Print

YANGON, March 27 (Xinhua) -- A bomb explosion that occurred at an inn in a suburban township in Yangon Thursday afternoon was assessed to have killed the bomber himself, a news report of the Myanmar News Agency said Friday.

According to the report, Thursday's bomb blast, which took place inside a room of the Taw Win Nan Inn located in North Okkalapa township, killed a man aged over 20 with his hands and legs broken to pieces and the body and face spoiled.

Based on materials found nearby the scene, it was assessed that a time-bomb, which the man was preparing, killed himself, the report said.

The authorities linked the incident with two anti-government armed groups in exile including the ABSDF (All Burma Students' Democratic Front).

The bomb explosion was the third this month.

The first two bomb blasts, which were in series, occurred in Yangon on March 3.

With no casualties, the two bombs blasted in different locations in the former capital at an interval of over an hour with the first at the Padonma Park in Myaynigone, Sanchaung township and the second at a bus terminal at Hledan, Kamayut township.

The first bomb broke the windscreen of a light truck parking nearby, while the second one destroyed the ceiling of a passenger shelter and the glass window of a desktop printing and copying shop nearby.

အပြည့်အစုံသတင်းဖတ်ရန်....

များလိုက်တဲ့စည်းကမ်းတွေ

စင်မြင့်ဖျော်ဖြေပွဲ များတွင် အဆိုတော်များတစ်ပုဒ်ပြီး တစ်ပုဒ်ဆက်တိုက် ဆိုရမည်
ဒီလိုမူးရူးနေမှဘဲ မနားတမ်းဆိုနိုင်မှာ


Freedom news group

စင်မြင့်ဖျော်ဖြေပွဲ များတွင် သီဆိုဖျော်ဖြေမည့် အဆိုတော်များ အနေဖြင့် များလွန်းလှသည့် ဆောင်ရန် ရှောင်ရန် များ အနက်မှ နောက်ဆုံးတစ်ခုကို စစ်အစိုးရကိုယ် စား မြန်မာနိုင်ငံဂီတ
အစည်းအရုံးက ထုတ်ပြန်လိုက်သည်။

ထပ်မံထုတ်ပြန်သည့် စည်းမျဉ်းသစ် မှာ အဆိုတော်များစင်ပေါ်တွင် သီဆိုနေစဉ် အချိန်အတွင်း

သီချင်းသီဆို မှုမစတင်မှီ သို့ မဟုတ် သီချင်းတစ်ပုဒ်နှင့် တစ်ပုဒ်ကြား နားနေသောကာလ အပိုင်းအခြားတွင် မိမိသီဆိုဖျော်ဖြေမည့် သီချင်းကို မိတ်ဆက်သည် မှ လွဲ၍ ရှေးဟောင်းနှောင်းဖြစ် များနှင့်ရောက်တတ်ရာရာ များကို လျှောက်မပြောရ ဟူသည့်စည်းမျဉ်းသစ်ကိုထုတ်ပြန်လိုက် သည်။

တစ်ချို့ အနုပညာရှင် များသည် စင်ပေါ်တွင် သီဆိုဖျော်ဖြေရင်း ပရိတ်သတ် နှင့် အပြန်အလှန် စ
ကားဖလှယ်မှုများကြောင့် ပိုမို၍ ပွဲစည်ကားမှုများရှိသော်လည်း တခါတရံ တွင် မလိုလားအပ်သည့်အကြောင်းအရာများ ပါလာ၍ ထိုသို့ စီမံရခြင်းဖြစ်ကြောင်း ဂီတအစည်းအရုံးမှ ၀န်ထမ်းတစ်ဦးကFreedom News Group သို့ ပြောသည်။

မကြာသေးခင်ကပင် ရက်(ပ)အဆိုတော် ရသ က သူ့ သီချင်းအကြောင်းပရိသတ် ကို အနည်းငယ် ရှင်းပြရာပွဲခင်းတွင် ရှိသော ရဲလုံခြုံရေးများက ရန်မူသည် အထိဖြစ်သေးသည်ဟုဆိုသည်။

ယခုကဲ့ သို့ စစ်အစိုးရ ၏ ဥပဒေ သစ်ကြောင့် စင်မြင့်ဖျော်ဖြေပွဲ များတွင်ပွဲ တောင်းခံရသော နာမည်ကျော်အဆိုတော် တစ်ယောက် က “စိတ်ညစ်တာပဲဗျာ ..ကျွန်တော် ကအသက်ကြီးပြီဆို တော့ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်တိုက် မဆို နိုင်ဘူး ကြားထဲမှာ ခွန်းထောက် ကလေး နားနားပြီးပြောရတယ်”ဟု စည်းမျဉ်းသစ်အပေါ် မကျေမနပ် ညည်းတွားခဲ့သည်။

ယခင် စည်းမျဉ်းသစ်ကို မထုတ်ပြန်ခင် က ဂီတ အစည်းအရုံးမ၀င် ထားသူများကို စင်မြင့်ဖျော်
ဖြေပွဲ အတွက် ကြော်ငြာဘီဘုဒ် များတွင် နာမည် ထည့်သွင်းခွင့်မပြုခြင်း၊ဖျော်ဖြေပွဲ များတွင်
သီဆိုမည့် သီချင်း နာမည် နှင့် ပုဒ်ရေတို့ ကို ဂီတအစည်းအရုံးတွင်တင်ပြထားသည့် အတိုင်းသာ
သီဆိုခွင့်ပြုခြင်း နှင့် ခွင့်ပြုထားခြင်းမရှိသော သီချင်းများကို သီဆိုဖျော်ဖြေခြင်းမပြုရ စသည်တို့ 
ကိုအခါအားလျှော်စွာ ထုတ်ပြန်ခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

သူခိုးတွေပျော်ပြီး ခွေးဘုရားဖူးလည့်တော့မယ်

မြန်မာ့စားနပ်ရိက္ခာ ဖူလုံရေး အီးယူ ယူရို ၂၄ သန်း ထောက်ပံ့

31 March 2009

လူသားချင်းစာနာထောက်ထားတဲ့ ကူညီမှုအဖြစ် စားနပ်ရိက္ခာ လုံလောက်စေဖို့ အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ယူရိုငွေ သန်းပေါင်း ၂၄ သန်းကျော် ပေးအပ်လိုက်ပါတယ်။ ကမ္ဘာတ၀န်းက ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နိုင်ငံတွေကို အီးယူက အကူအညီတွေ ပေးအပ်တဲ့အထဲ မြန်မာနိုင်ငံလည်း အခုလို အကူအညီတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ဆုံး အီးယူရဲ့ အကူအညီပေးရေး

အစီအစဉ်နဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာတ၀န်းမှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အစားအစာဖူလုံရေး စီမံကိန်းတွေမှာ အသုံးပြုနိုင်ဖို့ အီးယူ ဥရောပသမဂ္ဂက ယူရိုငွေ သန်းပေါင်း ၁,၀၀၀ လျာထားတဲ့အထဲက သန်းပေါင်း ၃၁၄ သန်းကို ပထမဆုံး ခွဲဝေပေးတဲ့နေရာမှာ မြန်မာနိုင်ငံ လည်း ပါဝင်ခဲ့တာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြား ရင်ဆိုင်လာနေရတဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာကို တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံပေါင်း ၅၀ က စိုက်ပျိုးရေးလုပ်ငန်း အပါအ၀င် စားနပ်ရိက္ခာထုတ်လုပ်တဲ့ စီမံကိန်းတွေအတွက် အီးယူက အခုလို အစီအမံတွေ ပြုလုပ်ထားတာပါ။ ဒီအထဲကမှ အဆိုးရွားဆုံး အခြေအနေတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၂၃ နိုင်ငံကို အကူအညီတွေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အီးယူ ကိုယ်စားလှယ် ရုံးရဲ့ ပြန်ကြားရေးအရာရှိတဦးဖြစ်တဲ့ ဆူဗီ ဆပ်ပါလိုင်နန် (Suvi Seppalainen) ကတော့ …

“အခုဆိုရင် ယူရိုငွေ ၃၁၄ သန်းကို နိုင်ငံပေါင်း ၂၃ နိုင်ငံအတွက် ခွဲဝေပေးလိုက်ပါပြီ။ ဒီအထဲမှာ မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ စုစုပေါင်း ၂၄.၄ သန်း ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူတွေ အတွက်ကိုတော့ ကုလသမဂ္ဂရဲ့ UNOP ရုံးတွေကတဆင့် ပေးသွားမှာဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

ကမ္ဘာနဲ့အ၀န်း စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာပဲ ဥရောပပါလီမန်နဲ့ ဥရောပကောင်စီတို့က ယူရို သန်း ၁,၀၀၀ အကူအညီတွေ ပေးသွားဖို့ ဆုံးဖြတ်ထားခဲ့တာပါ။ အခုနှစ် စတင် အကောင်အထည် ဖော်မယ့် ၃ နှစ်ကြာ ဒီစီမံကိန်းတွေဟာ မကြာခင်ဘဲ အကောင်အထည် ဖော်နိုင်တော့မယ်လို့ ဘန်ကောက်မှာရှိတဲ့ အီးယူကိုယ်စားလှယ်ရုံးက ပြောပါတယ်။

“ဒီရက်ပိုင်းတွေအတွင်းမှာပဲ ဒီထောက်ပံ့ငွေတွေကို အတည်ပြု ချပေးတော့မှာဖြစ်တာမို့ သိပ်မကြာခင်ဘဲ အကောင်အထည် ဖော်တာတွေ လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ အခုသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ အစီအစဉ်အတိုင်း လုပ်ငန်းတွေလည်း စနိုင်တော့မှာ ဖြစ်ပါတယ်။”

ဘန်ကောက်မြို့က အီးယူ ကိုယ်စားလှယ်ရုံး ပြန်ကြားရေးအရာရှိ တဦးဖြစ်တဲ့ ဆူဗီ ဆပ်ပါလိုင်နန် ပြောပြသွားတာ ဖြစ်ပါ တယ်။

ဒီစီမံကိန်းတွေထဲမှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလို၊ အသေးစားချေးငွေတွေ၊ စိုက်ပျိုးရေးလုပ်ငန်း အတွက် သင်တန်းတွေ အပါအ၀င် စားနပ်ရိက္ခာ ထုတ်လုပ်မှုနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေကို ထောက်ပံ့ပေးသွားဖို့တွေ ပါဝင်မယ်လို့လည်း ပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် စားနပ်ရိက္ခာ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတနိုင်ငံအဖြစ် ကျွမ်းကျင်သူတွေက သတ်မှတ်ထားကြတာပါ။

မြန်မာနိုင်ငံ စိုက်ပျိုးမြေတွေရဲ့ ထက်ဝက်ကျော်ဟာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြလို့ ပြည်တွင်းစားသုံးမှုအတွက် ဖူလုံ တယ်ဆိုပေမယ့် ခြောက်သွေ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်တန်းဒေသတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတာတွေ ရှိနေတယ်လို့လည်း ကုလသမဂ္ဂက ပြောဆိုထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် မေလထဲတုန်းက အဓိက ဆန်စပါးစိုက်ရာ ဒေသဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ်ဆိုင်ကလုန်း လေဘေးသင့်ခဲ့လို့ လုပ်ငန်းတွေ ထိခိုက်ရတဲ့အတွက်လည်း စားနပ်ရိက္ခာ ပြဿနာနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်မှုတွေ ထပ်ပြီးပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

မယက ဘောလုံးပွဲအတွက် ရွာသားများ ငွေကြေးထောက်ပံ့ပေးရ

Tue 31 Mar 2009, မင်းအာသံ
မုဒုံဘောလုံးပြိုင်ပွဲအတွက် မယကမှ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌများကို ၄င်းတို့အတွက် လက်မှတ်အကူရောင်းပေးသည့် ပုံစံဖြင့် ၄င်းတို့သတ်မှတ်ထားသည့် ငွေကြေးပမာဏအတိုင်း မဖြစ်မနေ ပေးဆောင်ရသည်ဟု ဒေသခံများမှ သိရသည်။

ဧပြီလ ၈ ရက်နေ့ပြုလုပ်မည့် မုဒုံဘောလုံးပြိုင်ပွဲအတွက် မုဒုံမယကမှ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌများကို

ဘောလုံးလက်မှတ်များပေးပြီး ကျေးရွာများအတွင်းရှိ ရွာသားများကို ရောင်းရန်ဖြစ်သည်။

“ရွာအခြေအနေကို ကြည့်ပြီးတော့ ပေးတယ်၊ အိမ်ခြေ ၄၀၀ - ၅၀၀ လောက်ရှိတဲ့အိမ်ဆိုရင် တစ်သိန်းခွဲနဲ့ ညီမျှတဲ့ လက်မှတ်အရေအတွက် ကျေးရွာဥက္ကဌကို ပေးလာတယ်။ ဒီထက် ကြီးတဲ့ ရွာဆိုရင်တော့ နှစ်သိန်းခွဲ၊ သုံးသိန်းအထိပေါ့၊ ဒီလိုပေးတယ်၊ သူတို့အတွက် လက်မှတ်ကို ကူရောင်းပေးတဲ့ ပုံစံအနေနဲ့ ပေးတယ်၊ အမှန်တကယ်တော့ ဒီလိုမဟုတ်ဘူး၊ သူတို့လက်မှတ် တစ်သိန်းခွဲဖိုးပေးလာရင် တစ်သိန်းခွဲတောင်းတယ်၊ နှစ်သိန်းခွဲဖိုး ပေးလာရင် နှစ်သိန်းခွဲယူတယ်၊ လက်မှတ်ရောင်းကုန်တာ မကုန်တာသူတို့မသိဘူး” ဟု လက်မှတ်ဝယ်ခဲ့ရသော ရွာသားတစ်ဦးက ပြောသည်။

ရွာတစ်ရွာ၏ အိမ်ခြေအပေါ် မူတည်၍ လက်မှတ်အစောင်ရေ ၅၀ မှ ၈၀ အထိ ပေးသည်ဟု နှီးပဒေါ ရွာသားတစ်ဦးက ပြောသည်။ ကျေးရွာဥက္ကဌသည် မယကမှ သတ်မှတ်ထားသည့်အတိုင်း ငွေကြေးရရန် လက်မှတ်များကို ကြိုးစားကာ ရောင်းရသည်ဟု ကျေးရွာဥက္ကဌတစ်ဦးက ပြောသည်။

လက်မှတ်များကို မည်သူတစ်ဦးတစ်ယောက်မှ မဝယ်ချင်ကြသောကြောင့် ထိုင်းဖုန်းထောင်သူများ၊ ချဲရောင်းသူများ စသည့် ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်လုပ်သူများကို ဥက္ကဌမှ လိုက်လံရောင်းပေးနေသည်ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။

“ကျတော်တို့ အိမ်ကိုငါးစောင်ပေးဝယ်တယ်၊ ဒါပေမယ့် ၃ စောင်ပဲဝယ်လိုက်တယ်၊ ဝယ်ချင်စိတ် တောင်မရှိဘူး၊ ကြည့်လဲမကြည့်ချင်ဘူး၊ မဝယ်လို့လဲမရဘူး ကျနော်တို့အိမ်မှာ ထိုင်းဖုန်းထောင်ထားတယ်ဆိုတော့ မဝယ်ရင် တစ်ခုတစ်ခုလုပ်မှာ အရမ်းကြောက်တယ်၊ ကျနော်တို့နည်းတူပဲ ချဲရောင်းတဲ့သူတွေကို ဒီလိုပဲ အတင်းပေးဝယ်ခိုင်းတယ်” ဟု လက်မှတ်ဝယ်ခဲ့ရသော ရွာသားတစ်ဦးက ပြောသည်။

ရွာသားတစ်ဦး၏ အဆိုအရ “သူတို့ဘာပဲလုပ်လုပ် စာသင်ကျောင်းဆောက်တာကအစ သူတို့ထုတ်ပေးပြီးတော့ ကျန်တာ ရွာသားတွေဆီက ကောက်တယ်”ဟု ၄င်းက ဆိုသည်။
http://www.monnews-imna.com/burmese/newsupdate.php?ID=239

အပြည့်အစုံသတင်းဖတ်ရန်....

Mr Robertson ရဲ.အလောင်းရှာဖွေတွေ.ရှိ



ရက်အနည်းငယ် ကြာ ရှာဖွေပြီးတဲ့ အခါမှာတော့ Mr Robertson ရဲ.အလောင်းကို ငါးဖမ်းသမား များက Satun ကျွန်းရဲ.တောင်ဘက် ၆ မိုင်လောက်အကွာမှာ တနင်္လာနေ. ညနေ ၃ နာရီ အချိန်လောက်တွင်ရှာဖွေတွေ.ရှိခဲ့ပါတယ်။

မြန်မာသုံးယောက် အသက် ၁၇နှစ်၊ ၁၈နှစ်၊ ၁၉နှစ် အရွယ်ရှိသူများဟာ နီးစပ်ရာ ကျွန်းများဆီသို. ထွက်ပြေးရင်း

ဆာလောင်မွတ်သိပ်နေသဖြင့် Mr Robertson တို.စီးနင်းရာ သဘောင်္ပေါ်သို.တက် ခဲ့ပါတယ်။

Mr Robertson ရဲ.အလောင်းကို ရှာဖွေတွေ.ရှိခဲ့ခြင်းဖြင့် ထိုမြန်မာ ၃ယောက်အတွက် ထိုပြစ်မူမှ ရူန်းထွက်ဖို. မဖြစ်နိုင်တော့ပဲ လူသတ်မူ ကနေ သေဒဏ်အထိပေး ပြစ်ဒဏ်ကျခံ နိုင်ဖွယ်ရှိပါတယ်။

ထိုမြန်မာ၃ယောက်ဟာ ၂ရက်ကြာ ဘာအစာမှ မစားရသေးသဖြင့် Mr Robertson ရဲ. သဘောင်္ပေါ်တက်ကာ အစားအသောက်များကို အငမ်းမရ ရှာဖွေခဲ့ပါတယ်။ မြန်မာ၃ယောက်ထဲမှ အကြီးဆုံးတစ်ယောက် က Mr Robertson ရဲ. ခေါင်းကို ရုန်းရင်းဆန်ခက် ဖြစ်နေစဉ် တူနှင့်ထုပြီး ရေထဲ ပစ်ချခဲ့သည်ဟု ထိုင်းရဲများကို ၀န်ခံခဲ့ပါတယ်။

Mr Robertson ရဲ. ဇနီး Linda ကလဲ တရားခံ များမှာ ထို မြန်မာ၃ဦးဖြစ်ကြောင်း တရားရုံးမှာ ပြီးခဲ့တဲ့ သောကြာနေ.က ထွက်ဆိုခဲ့ပါတယ်။ သူဟာ ထိုအချိန်က ကြိုးဖြင့် တုပ်နှောင်ခံနေရပြီး မြန်မာ၃ယောက် ထွက်ပြေးသွားချိန်မှာတော့ သူမဟာ သဘောင်္ ကျောက်ချထားတာ ကို ပြန်တင်နိုင်ခဲ့ကာ ၁၀ နာရီကြာ သဘောင်္ပေါ်မှာ သောင်တင်နေခဲ့ပါတယ်။

နောက်တစ်နေ.မှာပဲ ထိုမြန်မာ၃ယောက် ထိုင်းရဲများဖမ်းဆီးနိုင်ခဲ့သည့်အတွက် သူမက ချီးကျူး ခဲ့ပါတယ်။ သူမရဲ. ပြောကြားချက်အရ တရားခံ ၃ယောက်ထဲမှ အငယ်ဆုံးတစ်ယောက်က Mr Robertson ရဲ. သေဆုံးမူအတွက် အင်မတန် သောက ရောက်နေခဲ့ ပုံ ကိုတွေ.ရပြီး၊ ကျန်တဲ့ ၂ယောက်ဘယ်လို ဖြစ်နေမယ်ဆိုတာတော့ သူမ မသေချာကြောင်း ထွက်ဆိုခဲ့ပါတယ်။

Mr Robertson နဲ.ဇနီး Linda ဟာ UK မှ တမ္ဘာလုံးသို. ရွက်လွင့် ထွက်ခွာရန် လွန်ခဲ့တဲ့ ၁၀နှစ်ကတည်း ထွက်ခွာခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ ကို အင်မတန်ချစ်မြတ်နိုးသူတွေ လို.ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ လဲ သုံးနှစ်ကြာ နေထိုင်ခဲ့ပါတယ်။
ROYAL MYANMAR မှ

အပြည့်အစုံသတင်းဖတ်ရန်....

စင်ကာပူမှာ မြန်မာ လက်ဖက်များ ပိတ်ပြီ

31/Mar/2009

မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် လက်ဖက်စိမ်းများမှာစားသုံးရန်မသင့်တော်ကြောင်းဖြင့် ပစ္စည်းများ
ပြန်လည်ရုပ်သိမ်းရန်အမိန့်ထုတ်ခဲ့သည့် စိုက်ပျိုးရေးစားကုန်နှင့် တိရိစ္ဆာန်ဆေးဝါးကုသရေး အာဏာပိုင်(AVA) က
ပြောကြားခဲ့သည်။ ၄င်းကလက်ဖက်အတွင်းတွင်ပိုးထည်၊ ချည်ထည်၊ စက္ကူနှင့်သရေများအား အရောင်ဆိုးရာတွင်
အသုံးပြုသည့် အော်ရာမင်အိုခေါ်ဆိုးဆေးအဝါရောင်များပါရှိကြောင်းစမ်းသပ်တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ဆိုးဆေး

အားအစာအစားများတွင် သုံးခွင့်မပြုခြင်းကြောင့်ဆိုးဆေးပါသောကုန်ပစ္စည်းများအားပြန်လည်ရုပ်သိမ်း၍ဖျက်ဆီး
စေခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်းမှာမြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တံဆိပ်၄၃မျိုးရှိသည့် လက်ဖက်အမျိုးမျိုး
တို့တွင်စား၍သင့်တော်သော အရောင်ဆိုးဆေးများအစား ဓါတုဗေဒ ဆိုးဆေးများ ကိုတွေ့ရှိခဲ့ရ၍ဖြစ်သည်။ အစား
အစာ ဆိုးဆေးမှာ အိုရာမင်အိုထက် အဆ ၂၀မျှဈေးနှုန်းမြင့်မားသည်။ အချဉ်ထည့်ထားသည့်လက်ဖက်ကိုစားသုံး
ဆီနှင့် နှမ်း၊ ကြက်သွန်ကြော်၊မြေပဲတို့ရောနှော၍လက်ဖက်သုတ်အဖြစ် အထူး လူကြိုက်များစွာ စားသုံးကြသည်။
စင်ကာပူတွင် လက်ဖက်အမျိုး၂၀ခန့်ကို မြန်မာနိုင်ငံမှတင်သွင်းခဲ့ရာ အရီးတောင်း၊ M& N၊ ရွှေတုတ်၊ ဦးကာကာ၊
ဇယန်းလက်ဖက်များအပါအဝင် လက်ဖက်များတွင် အိုရာမင်အို အရောင် ဆိုးဆေးကိုတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံမှ
ပို့ကုန်လက်ဖက်များအား စစ်ဆေးပြီးအိုရာမင်အိုပါဝင်မှုကင်းမှရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း(AVA)ကပြောကြား
သည်။ ထိုလက်ဖက်များကို ဝယ်ယူထားသောစားသုံးသူများသည် စားသုံးခြင်းမပြုပဲ စွန့်ပစ်ကြရန် အကြံပေးထား
သည်။ စုံစမ်းလိုသူများမှာ စင်ကာပူအရေးပေါ် ဖုန်း၆၃၂၅၆၂၅သို့ ဆက်သွယ်နိုင်ကြကြောင်း ၂၀၀၉ခုနှစ် ဧပြီလ၂
ရက်နေ့ထုတ် News Week ဂျာနယ်တွင်ဖော်ပြထားပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အဖားကောင်းသူ ငါနားတိုးလဟဲ့

ဗိုလ်ချုပ်တဦး ရာထူးတက်ပြီ
Tuesday, 31 March 2009 18:33 ဧရာဝတီ .ကိုယ့်လူကိုယ် ရာထူးတိုး နေရာပေး တတ်သည်ဟု သတင်းကြီးသော ယနေ့ မြန်မာ့ တပ်မတော်တွင် မကြာသေးမီက စစ်ခေါင်းဆောင် တဦး ရာထူး တက်သွားသည်။

ယခုလ ၂၅ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ခံရသည်။


ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး (ဓာတ်ပုံ-အေပီ)
ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူ ဖြစ်သောကြောင့် ဤရာထူးတိုးမှုမှာ စိတ်ဝင်စားဖွယ်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး နှင့် စစ်ဖက်ရေးရာ လေ့လာသူများက သုံးသပ်နေကြသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကြားက အားပြိုင်မှု တခုလို့ ယူဆရတယ်”ဟု ရန်ကုန်မှ စစ်ရေးအကဲခတ်တဦးက ဧရာဝတီသို့ ပြောပြသည်။

တပ်မတော်၏ နံပါတ်တစ် ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးကို ရာထူးတိုးပေးသည့် နည်းဖြင့် စည်းရုံးသိမ်းသွင်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ စစ်ရေးအကဲခတ်က ဆိုသည်။

မြန်မာ့တပ်မတော်အတွင်း ဤသို့သော ရာထူးတိုးမြှင့်ခြင်းမျိုးကို အများပြည်သူ သိရှိရန် တရားဝင် ထုတ်ပြန်လေ့ မရှိပေ။ အစိုးရ ထိန်းချုပ်ထားသည့် နိုင်ငံပိုင် သတင်းစာများတွင် ပါရှိသော အသုံးအနှုန်းများမှတဆင့် ရာထူးအပြောင်းအလဲများကို သိရှိကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက ထိုသို့ ရာထူးတိုးပေးခြင်းမှာ ယုံကြည် စိတ်ချရသူ တဦးတယောက်တည်းကို အားကိုးအားထားပြုရသည့် အခြေအနေသို့မရောက်ရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတဦးက သုံးသပ်သည်။

“ဗိုလ်ချုပ်ရွှေမန်း နဲ့ ဗိုလ်ချုပ် တင်အောင်မြင့်ဦးကြားမှာ အားပြိုင်ခိုင်း၊ ကစားခိုင်းတာပဲ၊ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တယောက်တည်းကိုပဲ အားကိုးတာမျိုး မဖြစ်ချင်တော့ဘူးလို့ ယူဆရတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးဌာနမှ ဦးညိုအုန်းမြင့်က ဆိုသည်။

ယနေ့ မြန်မာ့တပ်မတော်တွင် ဂိုဏ်း ၃ ခု ရှိသည်၊ ဗိုလ်ချုပ်ကြီးရွှေမန်း၊ ယခု ရာထူးတက်သွားသူ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ စသည့် ထင်ရှားသည့် ဗိုလ်ချုပ်များက ထိုအုပ်စုသုံးခုကို ကိုယ်စားပြုသည်ဟု အကဲခတ်တချို့က သုံးသပ်ကြသည်။

သို့သော်လည်း ယနေ့ မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း၏ ထုံးတမ်းစဉ်လာအတိုင်း ထို သုံးဦးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ၎င်း၏ မိသားစုအပေါ် သစ္စာရှိရမည်၊ အဆိုပါ မိသားစုက ငြိုငြင်မည်ကို စိုးရိမ် ကြောက်ရွံ့ကြသည်ဟု စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူများထံမှ သိရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် ရာထူးတက်လာသဖြင့် မြန်မာ့တပ်မတော်တွင် အဆင့် ၅ ရှိသူဖြစ်လာသည်။ သူ၏ အထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ ရှိသည်။ စစ်အစိုးရအဖွဲ့တွင်မူ အတွင်းရေးမှူး (၁) တာဝန် ရရှိထားသဖြင့် အဆင့် ၃ ရှိသူ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၏ တပ်မမှူး အဖြစ်မှ ၁၉၉၇ တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။ ၂၀၀၇ ခုနှစ်တွင် နအဖ အဖွဲ့အတွင်း အရေးပါသည့် တာဝန်ဖြစ်သည့် အတွင်းရေးမှူး ၁ ရာထူးနေရာကို ရခဲ့သည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် တပ်မတော်အတွင်း လူမှုဆက်ဆံရေး အားနည်းပြီး အပြောအဆို ကြမ်းတမ်းကြောင်း၊ သဘောထား တင်းမာသူတဦး ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးရွှေမန်းသည် တပ်မတော် ကြည်းရေလေညှိနှိုင်းရေးမှူး တာဝန် ယူထားသည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ရန်ကုန်မှ ပညာရှင်များနှင့် ရင်းနှီးသူအဖြစ် ထင်ရှားသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည် အမှတ် ၅ အထူးစစ်ဆင်ရေးမှူး ဖြစ်သည်။ ယခင်က ရန်ကုန်တိုင်း စစ်ဌာနချုပ်ကို တာဝန်ယူခဲ့ဖူးသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=902:2009-03-31-11-33-57&catid=1:news&Itemid=2

အပြည့်အစုံသတင်းဖတ်ရန်....

လူမ၀င်အောင်ဘဲ ကာတာပါ ခင်ဂျ

မှောင်ခိုကုန်ကူးမှု တားဆီးရန် သံဆူးကြိုးကာဟုဆို
Tuesday, 31 March 2009 20:10 ဧရာဝတီ .ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တွင် မြန်မာနိုင်ငံဘက်မှ သံဆူးကြိုးများ ကာရံခြင်းသည် မူးယစ်ဆေးဝါး အပါအ၀င် တရားမ၀င် မှောင်ခိုကုန်ကူးမှုများကို တားဆီးရေး အတွက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ မြန်မာသံ အမတ်က တရားဝင် ပြောဆိုသည်ဟု ဘင်္ဂလားဒေ့ရှ် အခြေ စိုက် ဒေးလီးစတား သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မိုဟာမက်ကလည်း နယ်စပ်တွင် မြန်မာစစ်တပ်များက ယခုကဲ့သို့ သံဆူးကြိုးများ ကာရံနေမှုအပေါ် စိုးရိမ်မှုရှိကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တရားဝင် ကန့်ကွက်ရန် အစီအစဉ်မရှိကြောင်းလည်း ဟာဆန် မိုဟာမက်က ရိုက်တာ သတင်းဌာနသို့ ပြောဆိုသည်။

ရိုဟင်ဂျာများအရေးနှင့်ပတ်သက်ပြီး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုးများ ကာရံခြင်းကို ယခုလ ၁၈ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ကောင်းမွန်သော လူနေမှုဘ၀ နှင့် အလုပ်အကိုင်ကောင်းများရှာဖွေရန် ပင်လယ်တွင်းသို့ လှေစီး ထွက်ပြေးသော ရိုဟင်ဂျာ မွတ်စလင်များ အရေးနှင့်လည်း ရင်ဆိုင်နေကြရသည်။

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်နှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ သံဆူးကြိုး ကာရံခြင်း နှင့်ပတ်သက်ပြီး ဒါကာ မြို့တွင် တွေ့ဆုံဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ မွတ်စလင်လူမျိုးများ မြန်မာနိုင်ငံအတွင်း မ၀င် ရောက်ရေးအတွက် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ခြေစိုက် နိရဉ္ဖရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြောသည်။

နှစ်နိုင်ငံ နယ်စပ်အနီး နေထိုင်သည့် ဒေသခံများကလည်း ယခု သံဆူးကြိုးများကာရံပြီးပါက ၎င်းတို့၏ လွတ်လပ် စွာ ခရီးသွားရေးအတွက် စိုးရိမ်ပူပန်နေကြကြောင်း ၎င်းက ဆိုသည်။

သံဆူးကြိုးများကာရံသည့် ကီလိုမီတာ ၃၂၀ ခန့်ရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် နတ်မြစ် တလျှောက်သည် မှောင်ခိုကုန်ကူးမှုများနှင့် မူစလင်လူမျိုးများတရားမ၀င် ကူးသန်းမှုပြုရာလမ်းကြောင်း ဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် မြန်မာအာဏာပိုင်များ၏ ကန့်သတ်မှုများနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် ရွှေ့ပြောင်းထွက်ခွာလာခဲ့ကြရာ ယခုနှစ်ဆန်းမှစ၍ ဒေသတွင်း အရေးကိစ္စ တခုဖြစ်လာခဲ့ရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးက ယင်းလှေစီး ရိုဟင်ဂျာများ၏ နိုင်ငံရင်းနှင့် လူမျိုး အစစ်အမှန်နှင့်ပတ် သက်ပြီး သဘောတူညီမှုမရှိဘဲ ပြန်လည်ခေါ်ယူရန်လည်း ငြင်းဆိုနေခဲ့ကြသည်။


နှစ်နိုင်ငံ တင်းမာမှု အစပြုခဲ့သည့် နှစ်ချီ၍ အငြင်းပွားလျက်ရှိသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ပြဿနာ မှာလည်း ၂၀၀၈ ခု နိုဝင်ဘာလအတွင်းက ရေပိုင်နက် အငြင်းပွားရာနေရာ၌ မြန်မာဘက်က သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေး ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။

ထို ရေပိုင်နက် အငြင်းပွားမှု ပြဿနာအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ရေပိုင်နက် ဆိုင်ရာ ဥပဒေအရ ကုလသမဂ္ဂတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ၂၀၁၁ ခုနှစ် ဇူလိုင်လ ၌ ၎င်း၏ ရေပိုင်နက်ကို အခိုင်အမာ တင်ပြ ဖြေရှင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် မေလနှင့်ဇွန်လအတွင်းတွင် တင်ပြဖြေရှင်းချက်ပေး ရမည်ဖြစ်ကြောင်း ဒေးလီးစတား သတင်းက ရေးသားထားသည်။ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=905:2009-03-31-13-12-05&catid=1:news&Itemid=2

အပြည့်အစုံသတင်းဖတ်ရန်....

အလွဲသုံးစားမှု ပုဒ်မ မြန်မာပြည်မှာ အစရှာမရဖူး

မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၀ယ်ပေးထားသည့် ကားများ သာမက ကွန်ပျူတာများ၊ လေအေးစက် များ၊ မော်တော်ဆိုင်ကယ်များပါ စာရင်းစစ်အဖွဲ့မှ စစ်သောအခါ ၎င်းပစ္စည်းများမှာ ရုံးတွင်မရှိဘဲ ပတ်သက်ရာ လူကြီးများ၏ အိမ်တွင် ရောက်ရှိနေသောကြောင့် ပစ္စည်းကို အကောင်အထည်ဖြင့် ပြ၍ မရခဲ့ကြောင်း၊ UNHCR မှ စေလွှတ် သော နိုင်ငံခြားအစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူကြီးနှင့် အဆင်ပြေသော အမျိုးသ မီးကြီးတယောက်သာ မကြာခဏ စေလွှတ်ခဲ့ပြီး၊ ၎င်းနိုင်ငံခြားမှ ပြန်လာသောအခါ လူကြီးများအတွက် တန်ဖိုးကြီး လက်ဆောင်များဖြင့် ပြန်လည်ဂါရ၀ပြုရကြောင်း ကြားသိရ၏။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအမည်ခံ အဖွဲ့အစည်းမှာ UNHCR Representative အဖြစ် အိန္ဒိယလူမျိုး ရန်ကုန်တွင် (၃) နှစ်လုပ်စဉ်က ယခင်အတွင်းရေးမှူး (၁) ခင်ညွန့် နှင့် ပလဲနံပသင့်စေရန်လည်းကောင်း၊ ခင်ညွန့်မှလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ လေးစားမှု ရှိစေရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မတီဟု အမည်ခံ အဖွဲ့အစည်းကို ယခင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးတင်လှိုင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်စေ၍ သံအမတ်ကြီးဟောင်းတဦး (ဦးဝင်းလွင်) မှ အတွင်းရေးမှူးအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ပါသည်။

၎င်းရုံးခန်း၏ ပိုင်ရှင်မှာ သံအမတ်ကြီး ဦးဝင်းလွင် ဖြစ်ပြီး တလလျှင် USD (၂၅၀) ဖြင့် (၁၂) လစာကို အပြည့်အ၀ ပေးချေခဲ့ရပါသည်။ ၎င်းရုံးအတွက် လိုအပ်သော ရုံးသုံးပစ္စည်း၊ လေအေးပေးစက် (၅) လုံး၊ ကွန်ပျူတာ (၂) လုံး၊ လက်ပ်တော့ (Laptop)၊ ပရိဘော ဂ ပစ္စည်းများ၊ ဆိုနီကင်မရာ အကောင်းစားများကို သံအမတ်ကြီး တောင်းသမျှ UNHCR Representative မှ မငြင်းနိုင်ဘဲ ၀ယ်ယူပေးခဲ့ရ သည်ဟု သိရပါသည်။

၎င်းရုံးခန်းပြင်ဆင် စရိတ်သန်း (၃၀) ခန့်ကိုလည်း UNHCR မှ ပေးချေခဲ့ရသည်ဟု ကြားသိရပါသည်။ မည်သူမှ ဘယ်သောအခါမှ ရုံးမထိုင်ဖြစ်ခဲ့သော ထိုမြန်မာနိုင်ငံ လူ့အခွင့်အရေးအမည်ခံ အဖွဲ့အစည်းရုံးခန်းအတွက် ၀ယ်ယူပေးခဲ့သော ပစ္စည်းများမှာ ဖွင့်ပွဲနေ့က ဗိုလ်မှူးကြီး တင်လှိုင် ဖွင့်စဉ်မှာသာ ရှိခဲ့ပြီး နောက်တနေ့တွင် သံအမတ်ကြီးပိုင် သင်္ဃန်းကျွန်းရှိ ခြံတခြံထဲသို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည်ဟု အတွင်းသတင်းအရ ကြားသိရသည်။ UNHCR ၀န်ထမ်းအရာရှိတဦးဖြစ်သူ (ဦးဇော်မင်း- နိုင်ငံခြားရေးဝန်ထမ်းဟောင်း) မှ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ သံအမတ်ကြီးဟောင်းနှင့် ပေါင်း၍ လုပ်ငန်းကိစ္စအားလုံး အဆင်ပြေစေရန် ရုံးစည်းမျဉ်း စည်းကမ်းဘောင်ကို ကျော်လွန်၍ အစစအရာရာ ကူညီပေးခဲ့သည်ဟု ကြားသိရ၏။

၂၀၀၄ အောက်တိုဘာတွင် အတွင်းရေးမှူး (၁) ခင်ညွန့် ပြုတ်ပြီးမကြာမီ ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်ပါ ပြုတ်သွားသောအခါ ထိုမြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီအမည်ခံအဖွဲ့မှာ အလိုလို ပျက်သွားပြီး UNHCR မှ ၎င်းရုံးအတွက် ၀ယ်ယူပေးထားသော တန်ဖိုးကြီး ပစ္စည်းများ (လေအေးပေးစက်တချို့၊ ဆိုနီကင်မရာ၊ ကွန်ပျူတာ၊ လက်ဖ်တော့) တော်တော်များများမှာ သံအမတ်ကြီးလက်ဝယ်ထံမှ UNHCR က ပြန်လည်တောင်းခံရာ အစရှာမရခဲ့ကြောင်း အတွင်းသတင်းအရ သိရသည်။

မျိုးချစ်သူ ၈၈ http://www.khitpyaing.org/online/march_09/31-3-09.php

အပြည့်အစုံသတင်းဖတ်ရန်....

မလုံခြုံသော ဘ၀များ..

တရုတ်မြန်မာနယ်စပ်တွင် မြန်မာကလေးငယ်နှစ်ဦး ပျောက်ဆုံး ၊ တဦးအလောင်း ပြန်တွေ့

သတင်းနှင့်မီဒီယာ ကွန်ယက်။
မတ်လ ၃၁ ရက်၊ ၂၀၀၉ ခုနှစ်

တရုတ်နယ်စပ်မြို့ဖြစ်သည့် ကျယ်ဂေါင်သို့ သွားရောက်ပြီး ပလပ်စတစ်ဗူးခွံများကို ကောက်ယူသည့် မြန်မာ ကလေးငယ်နှစ်ဦး ပျောက် ဆုံး သွားပြီး ဆယ်နှစ်အရွယ် ကလေးအလောင်းကို ရွှေလီမြစ်အတွင်းသို့ ပြန်လည် တွေ့ရှိခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှ တရုတ်ပြည်၊ ကျယ်ဂေါင်မြို့သို့ သွားရောက်ကာ ပလပ်စတစ်ဗူးခွံ ကောက် နေသည့် မြန်မာမိသားစုမှ ကလေးငယ်နှစ်ဦးသည် မတ်လ၂၇ ရက်နေ့က ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာ မတ်လ ၃၀ ရက်နေ့တွင် ဆယ်နှစ်အရွယ် မြန်မာ ကလေးငယ်အလောင်းကို ရွှေလီမြစ်အတွင်း ပြန်လည် တွေ့ရှိခဲ့သည်။

မူဆယ်မြို့၊ ဂေါက်ကွင်းအနီးတွင် နေထိုင်ပြီး ကျပန်းလုပ်ကိုင်စားနေသည့် ဦးဝင်းဦး၏ သားနှစ်ဦးသည် ကျယ်ဂေါင်မြို့တွင် ပျောက်ဆုံးခဲ့ သည်ဟု ဦးဝင်းဦးနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ ဦးဝင်းဦးက အရင်က ရွှေလီဘက်မှာ နေတာ။ မူဆယ်ဘက်ကို ရောက်လာတာ သိပ်မကြာ သေးဘူး။ သူ့မိန်းမရယ် အခု အလောင်း ပြန်တွေ့တဲ့ ဆယ်နှစ်အရွယ် အကြီး ကောင်ရယ်၊ အငယ်ဆုံး ရှစ်လသားအရွယ်လေးရယ် ကျယ်ဂေါင်မှာ ဖျော်ရည်ဖူးခွံတို့ ဘာတို့ သွားကောက်တာ။ အဲဒီမှာ ပျောက်သွားတာ။ သူ့အမေက တနေရာ ကလေးက တနေရာ ရှိတုန်း အလစ်သုတ်သွားတာပေါ့။ ဟိုအကြီးကောင်တော့ တရုတ်စကား တတ်တယ်၊ လည်လည်ဝယ်ဝယ်လည်းရှိတော့ ရောင်းစားလို့ မရမှန်းသိတော့ သတ်လိုက် ပုံရတယ်။ ”

ယမန်နေ့ နေ့လည်ပိုင်းတွင် တရုတ်ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနတို့က အလောင်းအား ဆည်ယူခဲ့ပြီး ကျယ်ဂေါင် ရဲစခန်းသို့ သယ်ဆောင် သွားသည်ကို တွေ့ခဲ့ရကြောင်း ကျယ်ဂေါင် ဒေသခံတဦးက ပြောသည်။

“အခုရှိနေတဲ့ ရွှေလီမြစ်ကူးတံတားအသစ်နားမှာဘဲ အရင်တံတားဟောင်းရှိတယ်။ အုတ်တိုင် တွေဘဲ ရှိတော့တယ်။ အဲဒီအုတ်တိုင်ကြားထဲမှာ အလောင်းကို သွားထည့် ထားတာ။ အဲဒီမှာ အလောင်းကို ပြန်ထုတ်တာ အတော်လေးလုပ်ရတယ်။ လက်ပြန် ကြိုးတွေတုတ်ထားတယ်။ ပါးစပ်ကို အ၀တ်နဲ့ ဆို့ထားတယ်။ ဒဏ်ရာတွေတော့ မမြင်ရဘူး။ အနားကို မကပ်ရဘူး ဆိုတော့။”

တရုတ်-မြန်မာနယ်စပ်တွင် ကလေးငယ်များခိုးပြီး ရောင်းစားသည့် လူခိုးဂိုဏ်းများရှိနေပြီး ကလေးငယ်များကို ဆိုင်ကယ်များဖြင့် လုယူထွက်ပြေး ခိုးယူမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

လူ့ ဘ၀နှင့် ဒဿနအမြင်များ(၄၈)

Dr.maung Ba Chit(48)

အပြည့်အစုံသတင်းဖတ်ရန်....

နူပါတယ်ဆိုမှ သူခိုးက လာထောင်းနေပြန်ပြီ။


ကော့သောင်းသား. မှပေးပို့ ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

ရွေကို မလို ။ ယူရေနီယမ်ကို လိုသည်။

ဒါကြောင့် ခွေးဝဲစားတွေ အနူကိုလာဖားနေကြတာကိုး။ မြန်မာပြည်က ယူရေနီယမ် ကိုလိုချင်လို့ လာနေကြတာ။ ရွေကို ချစ်လွန်းလို့ မ ထင်နဲ့ 
Russian firm after Uranium not gold in Kachin State
2009 March 31
tags: Burma, Human Rights, Junta, Kachin, Thugs and Thievesby peacerunningUranium is being explored on the pretext of searching for gold and associated minerals by a Russian company, which arrived in Burma’s northern Kachin State, last year, said local sources.

Russian mineral experts working for the company Victorious Glory International Private Ltd. based in Hpakant (Phakant) jade mining areas are exploring mainly Uranium, according to ethnic Kachin residents of Hpakant jade mining city.

Uru River in Hpakant jade mining areas in Kachin State, northern Burma.

Local eyewitnesses told KNG recently, they have seen strange-faced Russian people in Hpakant jade mining city since last year.

The Russian company is stationed in areas around Tarmakhan and Hongpa mountains where Uranium was explored during Burma’s first elected Prime Minister U Nu’s tenure from1948 to 1962, said a Kachin geologist in Hpakant.

On February 15, last year, Burmese ruling junta’s Director-General U Win Ti of the Geological Survey and Mineral Exploration Department and Chairman Krivoshey Pavel of Victorious Glory International Private Ltd signed an agreement in the new jungle capital Naypyitaw for the exploration of such minerals along Uru River or Uru Hka between Hpakant in Kachin State and Homalin in Sagaing Division, according to the state-run “New Light of Myanmar”.

The Russian geologists arrived in Hpakant one year before the agreement and a Russian geologist died of Malaria in Hpakant public hospital in early 2007, said sources in the hospital.

Jade miners in Hpakant said Chinese jade companies have been permitted to mine jade along Uru River for a long time. Here precious water-jade is produced.

The fact that the Russian company agreed to explore for gold and associated minerals in Uru River with the junta is a load of nonsense because all the companies in Hpakant jade mining areas are only mining jade, according to local jade miners.

At the moment, no one except workers of the Russian company is allowed to visit the Russian base in the mountains and disturb Russian mineral explorers by Burmese army soldiers who stand guard, residents of Hpakant said.
KNG News

အပြည့်အစုံသတင်းဖတ်ရန်....

လူသတ်၊ ဓားပြတိုက်၊ စိန်ရွှေငွေ လုယက်နေတဲ့ စစ်ခေါင်းဆောင်တွေက ကြောက်လွန်းလို့ အကျယ်ချုပ်ချခံထားရတဲ့ အမျိုးသမီးတစ်ယောက်က ကမ္ဘာ့သြဇာအကြီးဆုံး၂ ၅တဲ့



နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ အမေစုက ယနေ့ ကမ္ဘာ့သြဇာအကြီးဆုံးပုဂ္ဂိုလ်၁၀၀မှာ ၂၅တဲ့၊ လေးစားဂုဏ်ယူပါတယ်ဗျာ။

ကမ္ဘာ့သြဇာကြီးသူ ၁၀၀ တွင် ဒေါ်စု ထိပ်ပိုင်းမှ ပါဝင်
Tuesday, 31 March 2009 19:40 ဧရာဝတီ
E-mail Print
ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏ အင်တာနက် စာမျက်နှာတွင် ယခုနှစ်အတွက် ကမ္ဘာ့သြဇာ အကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ ကို ဆန္ဒမဲပေး ရွေးချယ်မှု ပြုလုပ်လျက်ရှိရာ ဒေါ်အောင်ဆန်း စုကြည် က နံပါတ် ၂၅ နေရာတွင် ရောက်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု သတင်းရေးနေသည့် အချိန်တွင် ဆန္ဒမဲပေါင်း သုံးသိန်း သုံးထောင်ကျော် ရရှိနေသည်။

ဒေါ်စုသည် မဲပေါင်း သုံးသိန်း သုံးသောင်းကျော် ရရှိသည့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား (နံပါတ် ၁၆) နှင့် များစွာ ဝေးကွာခြင်းမရှိဘဲ မလေးရှားနိုင်ငံ အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဗရာဟင် (နံပါတ် ၂၆) ထက် အနည်းငယ် အသာရနေသည်။

တခြား သြဇာရှိ အမျိုးသမီးများ အဖြစ် အမေရိကန် ပြည်ထောင်စုမှ အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ (နံပါတ် ၂၇)၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (နံပါတ် ၃၆) တို့ကို ကမ္ဘာတလွှားမှ စာဖတ်သူများက ရွေးချယ်ထားကြောင်း တွေ့ရသည်။

“၂ဝဝ၇ ခုနှစ် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကထက် ထောက်ခံမှု ပိုမို ရရှိခဲ့သည်” ဟု Time မဂ္ဂဇင်းက ဖော်ပြထားသည်။

ဒေါ်စုနှင့်ပတ်သက်၍ မဂ္ဂဇင်းက ဖော်ပြရာတွင် “ထင်ရှားသည့် မြန်မာ့ ဒီမိုကရေစီ အရေး ဆောင်ရွက်နေသူဖြစ်သည်၊ သူ၏ ဦးဆောင် လှုပ်ရှားမှုများကြောင့် ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း အများအားဖြင့် အကျယ်ချုပ် ချခံနေရသည်၊ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂကို တွန်းအား ပေးလျက်ရှိသည်” ဟု ဆိုသည်။

၂ဝဝ၄ ခုနှစ်တွင် Time မဂ္ဂဇင်းက အင်တာနက်မှတဆင့် အာရှသူရဲကောင်း အဖြစ်ရွေးချယ်သည့် သဘောထား ကောက်ယူမှု တခု ပြုလုပ်ရာ စာဖတ်ပရိသတ် ၄ဝ.၄ ရာခိုင်နှုန်းက ဒေါ်စုကို ရွေးချယ်ခဲ့ကြသည်။

လူမှုဆက်သွယ်ရေး အင်တာနက် ဘလော့ဂ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပရိသတ် အများအပြားကို တွေ့နိုင်သည်။ ကမ္ဘာကျော် facebook အင်တာနက် စာမျက်နှာတွင် အသင်းဝင် သုံးသောင်းကျော်မှာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများ ဖြစ်ကြောင်း ဖော်ပြထားကြသည်။

“မိတ်ဆွေသစ်တွေ ရဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည် အခြေအနေတွေကို လူအများကြီး သိသွားအောင် လုပ်ဖို့ဆိုရင် Facebook ကနေ လုပ်ဆောင်သွားရင် အင်မတန် ကောင်းပါတယ်” ဟု မြန်မာပြည် အရေး ဆောင်ရွက်နေသူ ဇိုယာဖန်းက ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ပြောကြားလိုက်သည်။

“ကမ္ဘာက ဒေါ်စုကို မေ့သွားအောင်လို့ စစ်အစိုးရက ဒေါ်စုကို ဖမ်းထားတာ ဖြစ်ပါတယ်။ သူတို့ လုပ်ရပ်တွေ မအောင်မြင်ဘူး ဆိုတာ အင်တာနက် စာမျက်နှာတွေက တဆင့် လုပ်နိုင်ပါတယ်” ဟု ဇိုယာဖန်းက ဆိုသည်။

Time မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ ကို http://www.time.com/time/specials/packages/article/0,28804,1883644_1886141,00.html တွင် မဲပေးရွေးချယ်နိုင်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလိုပါက
http://www.time.com/time/specials/packages/article/0,28804,1883644_1883653_1884572,00.html သို့ သွားရောက်နိုင်သည်။
မှ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=904:2009-03-31-12-42-27&catid=1:news&Itemid=2

အပြည့်အစုံသတင်းဖတ်ရန်....

ယဇန လ္ဘက်မှာ ဆိုးဆေးပါသည်ဟုဆိုပြီး စင်္ကာပူ အစိုးရတားမြစ်

စစ်အစိုးရတားမြစ်ချက်တွင် ယုဇနလ္ဘက်မပါဝင်ခြင်းသည် သံသယဖြစ်စရာရှိ

တကယ်တော့ လ္ဘက်တင်မက စားသောက်ကုန်အားလုံးအပေါ် ဓာတုဗေဒဆိုးဆေးစစ်ဆေးဖို့ မီဒီယာတွေပြောနေခဲ့တာကြာပါပြီ။ အခုလိုအချိန်ကျမှ မြန်မာနိုင်ငံအလှူအတန်းရာသီ၊ရှင်ပြုရာသီ နှင့် နှစ်သစ်ကူးချိန်ကို ပစ်မှတ်ထားပြီး ဆိုးဆေးပါပြီးသား ယုဇနလ္ဘက်ကလွဲ၍ကျန်တံဆိပ်အားလုံးကို ပိတ်ပင်ခဲ့တာ ရိုးမှရိုးရဲ့ လား ဘရွှေ ? ခင်ဗျားဘာလုပ်နေတယ်ဆိုတာ အားလုံးကစောင့်ကြည့်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စားသောက်ကုန်အားလုံး(အရက်မျိုးစုံအပါအ၀င်) ကို သင်္ကြန်မတိုင်ခင် တစိုက်မတ်မတ်နဲ့ ရိုးရိုးသားသားစစ်ဆေးတာတွေ၊ တားမြစ်တာတွေ လုပ်ပြမယ်ဆိုရင်တော့ကြိုဆိုကြမှာပါ။

မင်းနိုင်သူ / မတ်လ(၃၁) ရက်၊ ၂၀၀၉

မြန်မာကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၂၉) ရက်တွင် လက်ဖက် (၅၇) မျိုးအား Auramine O ဆိုးဆေးပါရှိသည့်အတွက် ထပ်မံတားမြစ်လိုက်ပြီးနောက် စင်ကာပူနိုင်ငံကလည်း စင်ကာပူသို့တင်သွင်းနေသည့် မြန်မာလက်ဖက်အမျိုးအစား (၂၀) ကို Auramine O ပါဝင်မှုကြောင့် တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

Auramine O အ၀ါရောင်ဆိုးဆေးသည် ပိုးချည်ထည်၊ သားရေ စသည်တို့အား အရောင်ဆိုးသည့် စက်မှုသုံး ဆိုးဆေး ဖြစ်သည့်အတွက် အစားအသောက်များတွင် အသုံးမပြုရန် တားမြစ်ထားကြောင်း စင်ကာပူလယ်ယာ သီးနှံနှင့် တိရစ္ဆာန်ဌာန (AVA) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ တင်သွင်းလာသည့် လက်ဖက်များကို အ၀ါရောင်ဆိုးဆေး ပါမပါ စမ်းသပ်ပြီးမှ ရောင်းချခွင့်ပြုမည် ဖြစ်သည်။

အ၀ါရောင် ဆိုးဆေးသုံးသည်ဟု စင်ကာပူအစိုးရက သတ်မှတ်ထားသည့် လက်ဖက်အမျိုး (၂၀) တွင် အရီးတောင်း၊ ယုဇန၊ ဇရမ်း၊ ရွှေတုတ်၊ ဦးကာကာ၊ စိုးဝင်း၊ M&N စသည့် လက်ဖက်တံဆိပ်များ ပါဝင်သည်။ ထူးခြားသည့်အချက် မှာ စင်ကာပူက ပိတ်ပင်လိုက်သည့် မြန်မာလက်ဖက်အမျိုးအစား (၂၀) တွင် မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ တားမြစ်မှုမရှိခဲ့သည့် ယုဇနလက်ဖက် (၈) မျိုးပါဝင်နေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ဒေါက်တာကျော်လင်းကို ခေတ်ပြိုင်မှ မေးမြန်းရာ “အဲဒါတော့ စင်ကာပူက ကိစ္စက သူတို့ကိစ္စပဲလေ။ သူတို့ဘယ်လိုစစ်သလဲ။ ဘာကိုတွေ့လို့လဲ။ တွေ့လို့ပိတ်တာလား။ မတွေ့ဘဲနဲ့ပိတ်တာလား သူတို့ကိစ္စ။ ကျနော်တို့မသိဘူးပေါ့နော်။ ကျနော်အစည်းအဝေးရှိလို့ ဒီလောက်ပဲပြောနိုင်မယ်နော်” ဟု ပြောသည်။

မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ ယခုလ (၁၂) ရက်တွင် လက်ဖက်အမျိုးအစား (၄၃) မျိုးကို တားမြစ်ပိတ်ပင်ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် (၅၇) မျိုး ထပ်မံတားမြစ်ခဲ့ရာ ယခုတားမြစ်ခံရသည့် လက်ဖက်အမျိုးအစား (၁၀၀) ရှိသွားပြီဖြစ်သည်။

ပြည်တွင်းသတင်းထောက်တဦးကလည်း “မြန်မာတွေရဲ့ နေ့စဉ်စားသုံးမှုမှာပါတဲ့ လက်ဖက်ကို ဆိုးဆေးတွေပါတယ် ဆိုပြီး အခုမှ FDA ထကြေညာတယ်ဆိုတော့ အရင်က မစစ်ခဲ့လို့လား။ ဒါမှမဟုတ် နောက်ပိုင်းမှ ဆေးဆိုးလာကြတာ လား။ ဘာမှသဲသဲကွဲကွဲ မသိရဘူး။ ဘာဖြစ်လို့လဲဆိုတော့ FDA ဌာနရှိခဲ့တာလည်း ကြာပြီလေ။ လက်ဖက်ဆိုတာ လည်း ကျနော်တို့ ရိုးရာအစားအသောက် ကြာလှပြီ။ အခုမှ တွေ့တယ်ပြောတယ်။ ဘာ့ကြောင့်လဲ။ ဆက်သွယ် မေးမြန်းတော့လည်း အတွေ့မခံဘဲ ရှောင်နေတယ်။ သတင်းစာပါကြေညာ သာသာပဲ သတင်းရေးလို့ရတယ်။ ပြည့်ပြည့်စုံစုံ မလုပ်နိုင် ကြဘူးဖြစ်နေတယ်” ဟု လက်ဖက်တွင် ယခုမှ Auramine O ဆိုးဆေး တွေ့ရှိလာမှုအပေါ် ရှင်းလင်းစွာမသိရကြောင်း ပြောသည်။

FDA မှ လက်ဖက်တွင် ဆိုးဆေးပါရှိမှုကို တွေ့ရသည့်အကြောင်းများ ဆောင်းပါးများ ရေးသားဖော်ပြသွားမည်ဟု ဒေါက်တာကျော်လင်းက ပြောသော်လည်း မည်သည့်စာစောင်တွင် ဖော်ပြသွားမည်ကို ပြောဆိုသွားခြင်းမရှိပေ။

“ကျနော်တို့ကြားတာတော့ နမ့်ဆမ် လက်ဖက်ခြောက်စက်ရုံကို လက်ဖက်တောင်သူတွေက လက်ဖက်ပေးသွင်းမှု မရှိဘူးဆိုတာကြားတယ်။ နောက် အဲဒီလက်ဖက်ခြောက်စက်ရုံက စစ်တပ်ပိုင်ဖြစ်ပြီး လက်ဖက်ကို အပြင်ပေါက်ဈေး ထက် အများကြီးခွာကောက်နေတယ်ဆိုတာတွေတော့ ကြားတယ်။ ဘာ့ကြောင့်ဆိုတာတော့ ကျနော်တို့လည်း မပြောတတ်ဘူး” ဟု အမည်မဖော်လိုသည့် လက်ဖက်ပွဲရုံပိုင်ရှင်တဦးက ဆိုသည်။

မြန်မာကျန်းမာရေးဝန်ကြီးဌာနက လက်ဖက်အမျိုးအစား (၁၀၀) ကို တားမြစ်လိုက်ခြင်းကြောင့် လက်ဖက်ရောင်း အား (၈၀) ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်း ဘုရင့်နောင်အခြေစိုက် လက်ဖက်ပွဲရုံများက ပြောသည်။

“အခုတော့ တစ၀င်ရင်တစ လာစစ်ပါတဲ့။ FDA က အဲလိုညွှန်ကြားထားတယ်။ တစဆိုတာက ပွဲရုံကိုရောက်လာတဲ့ နယ်ဝင်အစတစပေါ့နော်။ လက်ဖက်သားတစကို ယူသွားပြီးစစ်ရတယ်။ သူတို့က ကင်းလွတ်တယ်ဆို ရောင်းလို့ရတယ်။ ဥပမာ ဒီနေ့ သီပေါနယ်က လက်ဖက် အိတ်နှစ်ဆယ်ဝင်ရင် အဲဒီထဲက တချို့ကိုယူပြီး တခါသွားစစ်ရတယ်။ တခါ စစ်ခ (၂,၀၀၀) ပေးရတယ်။ နမ့်ဆမ်ဘက်က ထပ်ဝင်ရင် ထပ်သွားစစ်။ အဲလိုလုပ်နေရတယ်။ ဘယ်အချိန်မှာ ကိုယ့်တံဆိပ်ကို ကင်းလွတ်ခွင့်ပြုမယ်ဆိုတာ ဘာမှမသိရသေးဘူး” ဟု တားမြစ်မှုစာရင်းထဲတွင် ပါဝင်ခဲ့သည့် ဘုရင့်နောင် လက်ဖက်ပွဲရုံတခုမှ အမျိုးသမီးတဦးက ပြောသည်။

၎င်းတို့အနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးထားသည့် လက်ဖက်များကိုလည်း ပြန်လည်သိမ်းဆည်းခဲ့ကြရသဖြင့် ဆုံးရှုံးမှုများစွာရှိခဲ့သည်ဟု ဆိုသည်။

မန္တလေးမြို့ခံတဦးက “ကျမတို့လို လက်ဖက်ကြိုက်တဲ့ သူတွေအဖို့ကတော့ နာမည်ကြီးတံဆိပ်အတော်များများ ပါသွားတော့ ၀ယ်ရတာခက်တာပေါ့။ တားမြစ်တံဆိပ်တွေ အကုန်လုံးလည်း မှတ်မထားနိုင်ဘူး။ မပါနိုင်ဘူးထင်ရတဲ့ တံဆိပ်တွေ ၀ယ်စားကြတာပဲ။ အဲဒီထဲမှာ ပါရင်တော့လည်း မတတ်နိုင်ဘူးပေါ့။ လက်ဖက်မှာ ဆိုးဆေးပါတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းကြေညာပေးတာကောင်းပါတယ်။ မသိရင် ဘယ်အချိန်ထိ ခံနေရဦးမလဲ မသိနိုင်ဘူးလေ။ အဲဒီလိုပဲ ဘယ်အချိန်ကတည်းက ခံခဲ့ကြရတာလဲဆိုတာလည်း မသိကြရဘူး” ဟု ဆိုသည်။

အော်ရာမင်းအို အ၀ါရောင်ဆိုးဆေးသည် diarylmethane ဆိုးဆေးဖြစ်ပြီး Basic yellow 2, Pyocatanium aureum, aizen auramine, Pyoktanin Yellow, Canary Yellow, Pyoktanin, C.I. 41000 ဟုလည်း ခေါ်သည်။ အော်ရာမင်းအို နှင့် ထိတွေ့မိလျှင် အသားအရေ မျက်စိ ယားယံခြင်း၊ အသားလောင်ခြင်း၊ ပျို့အန်ခြင်း စသည်တို့ဖြစ်စေသည်။
မှ http://www.khitpyaing.org/news/march_09/31-3-09d.php

အပြည့်အစုံသတင်းဖတ်ရန်....

ဒီမိုကရေစီ ဥယျာဉ်မှူးကြီး

ကာတွန်းဟန်လေးဧရာဝတီ
cartoon

အပြည့်အစုံသတင်းဖတ်ရန်....

Monday, March 30, 2009

မြန်မာ နယ်စပ် သံဆူးကြိုးကာမှု ဘင်္ဂလားဒေ့ရှ်က ဖြေရှင်းချက် တောင်း

30 March 2009

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ မြန်မာဘက်က သံဆူးကြိုးကာရံနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က မြန်မာဘက်ရဲ့ ဖြေရှင်းချက်ကို တောင်းခံလိုက်ပါတယ်။ သံဆူးကြိုးကာနေတဲ့ တချိန်တည်းမှာပဲ နယ်စပ် တလျှောက်မှာ မြန်မာတပ်တွေ တိုးမြှင့်ချထားတာကြောင့်လည်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်ဖက်တင်းမာမှုတွေ ရှိလာပါ တယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဘက်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို အသိပေး အကြောင်းကြားတာမရှိဘဲ အခုလို နယ်စပ်တလျှောက် သံဆူးကြိုးကာရံတဲ့ အခြေအနေကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာမှုတွေ ထပ်ကြုံလာရတယ်လို့ ဆိုရမှာပါ။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက် အကျယ် မိုင် ၁၉၀ ၀န်းကျင်မှာ မိုင် ၂၅ မိုင် နတ်မြစ်ဝှမ်းတလျှောက်မှာ မြန်မာ ဘက်က သံဆူးကြိုးကာတာတွေ လုပ်ခဲ့တာပါ။ တချိန်တည်းမှာပဲ မြန်မာဘက်က နယ်စပ်တပ်ဖြန့်ချထားမှုတွေလည်း ရှိတာ ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က စိုးရိမ်မှုတွေ တိုးလာရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင် အာရှ ရေးရာ ညွှန်ကြားရေးမှူး ရှား အာမက်ဒ် ရှဖီ (Shah Ahmed Shafi) က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုအချိန်အထိ ကျနော်တို့ရထားတဲ့ သတင်းတွေမှာတော့ မြန်မာဘက်က နယ်စပ်သံဆူးကြိုးကာဖို့ကိစ္စ စတင် ဆောင်ရွက်နေပြီး နယ်စပ်မှာလည်း သူတို့ဘက်က တပ်တွေ ဖြန့်ကျက် ချထားပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး မနေ့က မေးမြန်း စုံစမ်းခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကြီးကိုခေါ်ယူပြီး ဒီကိစ္စ စုံစမ်းမေးမြန်းတော့ သူတို့အနေနဲ့ မြန်မာပိုင်နက်ထဲမှာပဲ ၁၃ မီတာအရှည်ရှိတဲ့ သံဆူးကြိုးတွေကို ကာရံသွားဖို့ စီစဉ်နေပြီလို့ ပြောပါတယ်။”

နယ်စပ်သံဆူးကြိုး ကာရံတာကို မြန်မာဘက်ကတော့ သူတို့ပိုင်နက်ထဲမှာ လုပ်နေတယ်လို့ ပြောပေမဲ့ တကယ်တမ်း နှစ်ဖက်နယ်ခြား ဘယ်သူမှမပိုင်တဲ့မြေပေါ်မှာ လုပ်နေတာလို့ ဘင်္ဂလားဒေ့ရှ်ဘက်က အရာရှိတဦးစကားကို ကိုးကားပြီး ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အခုကိစ္စနဲ့ပတ်သက်လို့ မြန်မာဘက်က တရားဝင် ဖြေရှင်းမှုကို စောင့်ဆိုင်းနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ရှား အာမက်ဒ် ရှဖီ က ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံခြားရေးရုံးအနေနဲ့ ပြည်နယ်ဝန်ကြီးကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ပြောထားပါတယ်။ သူ့အနေ နဲ့ မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံပြီးတော့ မြန်မာဘက်က ဒါ ဘယ်အတွက်ကြောင့် လုပ်သလဲဆိုတဲ့ ဖြေရှင်းချက်ကို တောင်းခံပါလိမ့်မယ်။ ဒါပေမယ့်လို့ အခုအချိန်အထိတော့ ဒီ နယ်စပ်ဆူးကြိုး ကာတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က တရားဝင် ပြောဆို ဖြေရှင်းတာမျိုး မရှိသေးပါဘူး။”

ဒီကိစ္စနဲ့ပတ်သက်လို့ ဒါကာမြို့မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ အခု သံဆူးကြိုးကာရံတဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က မွတ်ဆလင်တွေ မြန်မာနိုင်ငံကို တရားမ၀င် ခိုးဝင်တဲ့ အဓိက လမ်းကြောင်းလို့ မြန်မာဘက်က ယူဆတာကြောင့် အခုလို အကာအရံလုပ်တာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ မကြာခင်က ဒေသအတွင်း ဂယက်ရိုက်ခဲ့တဲ့ လှေစီးပြေးရိုဟင်ဂျာတွေဟာ ဘယ်မူရင်းနိုင်ငံကဖြစ်သလဲဆိုတဲ့ အငြင်းပွားမှု နောက်ဆက်တွဲ အခုလို ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စည်းခတ်တဲ့ အခြေအနေ ရောက်လာတယ်လို့ ပြောရမှာပါ။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း မြန်မာဘက်က ကမ်းလွန် ရေနံ တူးဖော်တာအပေါ် တည်ပြီး နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ အခုတခေါက်မှာတော့ နှစ်ဖက်တပ်တွေ အကြား အသင့်အနေအထား တပ်လှန့်ထားပုံရပေမဲ့ တပ်ချင်း ထိပ်တိုက် တင်းမာမှုမျိုးတော့ မရှိပါဘူး။
http://www.voanews.com/burmese/2009-03-30-voa6.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ရေပေါ်ဆီ လူတန်းစားတွေ..နဲ့ ကျူပ်တို့ မြန်မာပြည်..

Oh~ My GOD !

Is it Myanmar people?

အပြည့်အစုံသတင်းဖတ်ရန်....

လာပါ အတူသွားစို့ 


Dear all,

On the Burmese New Year Day, let's make it the best day for the people of Burma! ! !

Amnesty International will be rallying more than 1000 students and activists for Burma and other oppressed nations on April 17, which is the end of Burmese water festival celebrating the New Year.

On the day of a new dawn, let's give the people of Burma hope and that is hope of freedom!

The international community, especially the people of United States, has not forgotten them. Please join the actions on April 17th. Please open the attachment and see their website for more information.


www.gotb.org.

Please help forward this info. Thanks.

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ

Mon 30 Mar 2009, မိကျလွန်းထော
မတ်လ ၁၆ ရက်နေ့ တနင်္လာနေ့တွင် ဗိုလ်ချုပ်အုန်းမြင့် မုဒုံမြို့နယ်ဘက်သို့ ရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းများနှင့် အစိုးရစာသင်ကျောင်းများတွင် လိုအပ်သည့် ပစ္စည်းကိရိယာများ လှုဒါန်းခဲ့သည်။

ဗိုလ်ချုပ်အုန်းမြင့်နှင့် အဖွဲ့ဝင် ၁၅ ဦးတို့သည် မုဒုံမြို့နယ် နှီးဗဒေါကျေးရွာ အစိုးရအလယ်တန်းကျောင်းတွင် အခမ်းအနားကျင်းပပြီး

၎င်းအခမ်းအနားတွင် နှီးဗဒေါရွာ၊ အဘစ်ရွာ၊ ယောင်ဒေါင်းရွာနှင့် ကွမ်လှာရွာမှ ရွာသူရွာသားပေါင်း ၇၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

၎င်းအခမ်းအနားတွင် ဘုန်းတော်ကြီးကျောင်းအတွက် ဆိုလာပြား ၃ စုံနှင့် အစိုးရစာသင်ကျောင်းများကို ကြည့်ရှုလေ့လာပြီး လာမည့်နှစ်များတွင်လည်း လာရောက်လှူဒါန်းဦးမည်ဟု ဗိုလ်ချုပ်အုန်းမြင့် ပြောကြားသွားသည်ကို အခမ်းအနားသို့ တက်ရောက်သူ အဘစ်ရွာသားတစ်ဦးက ဆိုသည်။

၎င်းအပြင် ကမာဝက်ကျေးရွာတွင်လည်း ခြသေ့င်္ဘုန်းတော်ကြီးကျောင်း၊ ဓါတ်တော်ကျောင်းနှင့် လွီမာန်ထောကျောင်းတို့တွင် တစ်ကျောင်းလျှင် ဆိုလာပြားတစ်စုံ၊ ငွေကျပ် ၁ သိန်းနှင့် သင်္ကန်းများကိုလည်း လှုဒါန်းသွားခဲ့သည်ဟု ဆရာတော်ဘုရားတစ်ဦးထံမှ ကြားသိရသည်။

၎င်းအစိုးရအဖွဲ့မှ လာရောက်လှုဒါန်းသည့်အကြောင်းနှင့် ပတ်သက်၍ ရွာသားများနှင့် မွန်ဒီမိုကရေစီအဖွဲ့တို့က ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆက်စပ်မှုရှိသည်ဟု ဝေဖန် ပြောဆိုနေကြသည်။

“မြန်မာစစ်အစိုးရတွေက သူတို့ အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင် အလုပ်မစခင်ကတည်းက ပြည်သူတွေ သူတို့အပေါ် ယုံကြည်မှုရှိအောင် အရင်ဦးဆုံးလုပ်တယ်၊ သူတို့ကို ထောက်ခံမှုရဖို့အတွက်လည်း ကြိုးစားနေတယ်” ဟု ကွမ်လှာ ရွာသားတစ်ဦးကပြောသည်။

မွန်ဒီမိုကရေစီအဖွဲ့၏ အတွင်းရေးမှုး ဒေါက်တာမင်းစိုးလင်းက “ ဗိုလ်ချုပ်အုန်းမြင့် အခုလို လှူဒါန်းတာက လူထုတွေရဲ့ ထောက်ခံမှုကို လိုချင်လို့၊ သူက မုဒုံမြို့နယ်ဘက်မှာ အမတ်လောင်းအတွက် ရည်ရွယ်ထားတဲ့ သတင်းတွေကိုလည်း ကြားနေရတယ်” ဟု ပြောသည်။

အချို့သော ပြည်သူပြည်သားများကလည်း နှစ်စဉ်နှစ်တိုင်း ဗိုလ်ချုပ်အုန်းမြင့် လာရောက်လှုဒါန်းနေသည်ဟုလည်း ပြောနေကြသည်။

“ကျနော်တို့ရွာမှာ မူလတန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်းရှိတယ်။ သူပြောတာတော့ လာလှူမယ်လို့တော့ ပြောတာပဲ၊ ဘယ်တော့လာဦးမယ်လို့တော့ မသိသေးဘူး၊ သူတို့က နှစ်တိုင်းတော့ လာလေ့ရှိပါတယ်” ဟု နှီးဗဒေါကျေးရွာမှ ဆရာဝန်တစ်ဦးက ဆိုသည်။

ဒေါက်တာမင်းစိုးလင်းပြောပြချက်အရ “လာမယ့် ဇွန်လ အတာသင်္ကြန်ပြီးရင် စည်းရုံးရေးဆင်းဖို့အတွက် နိုင်ငံရေးပါတီတွေအားလုံး ကော်မရှင်ဖွင့်ခွင့်ရမယ်၊ အခုလောလောဆယ်တော့ စစ်အစိုးရတွေက ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွေမှာ လှူဒါန်းတာလောက်ပါပဲ၊ စည်းရုံးရေးဆင်းတဲ့ပုံစံတော့ မဟုတ်ဘူးပေါ့” ဟု ဆိုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

လမင်းတရာ ( ကြည်အောင်)

လမင်းတရာ၊ ညအခါဝယ်
ကမ္ဘာအနှံ့ သာလျက်ပါ။

တရုတ်ပြည်မှ.....
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။

ဆိုဗီယက်မှ.....
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။

တိုင်းအီဂျစ်၏.....
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။

မစ္စစ္စပီ၊ မြစ်နဒီဝယ်.....
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။

အိန္ဒိယ၏.....
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလ,ရိပ်၊ လျောင်းပျော်အိပ်လျက်။

ပြည်မြန်မာ၏.....
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။

လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။

သို့တစေလည်း.....
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။

မြစ်မရေတွင်း၊ စစ်ကျော်နင်းလျင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။

ကမ္ဘာမြေပေါ်.....
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။

လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။

နယ်ချဲ့ကင်းမှ.....
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။

နယ်ချဲ့ကင်း၍.....
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား။ ။

ကြည်အောင်
(၁၉၆၃ ခုနှစ်၊အမျိုးသားစာပေဆုရ လမင်းတစ်ရာ ကဗျာစာအုပ်မှ)

အပြည့်အစုံသတင်းဖတ်ရန်....

စစ်ငနွားတွေက မြန်မာပြည်ကို တိုင်းတစ်ပါးသား လက်ထဲရောင်းစားနေချိန်မှာ သူတို့ တွေကလည်း ကရင်ပြည်နယ်နဲ့ ကရင်တစ်မျိုးသားလုံးကို ၀ ကွက်အပ်လိုက်ပြီ။



မြန်မာစစ်အာဏာရှင်တစ်စုက မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပိုင်ဆိုင်တဲ့ သဘာဝဓာတ်ငွေ့ ၊ ရေနံ၊ ကျောက်မျက်၊ သတ္တုတွင်း၊ ရန်ကုန်မြို့ အထင်ကရနေရာများ (အင်းစိန်ဂျီတီအိုင်၊ ၀ိုင်အိုင်တီ၊ ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်များ အပါအ၀င်) တစ်နိုင်ငံလုံးကို တိုင်းတစ်ပါးသားလက်ထဲ အကုန်ထိုးရောင်းနေချိန်မှာ....... ခါတော်မှီကရင်အမျိုးသားသစ္စာဖောက်တစ်စု ဟာလည်း ကရင်လူမျိုးတစ်စုလုံးနဲ့ ကရင်ပြည်နယ်တစ်ခုလုံးကို ကြပ်ပြေးစစ်ငနွားတစ်စုလက်ထဲ ထိုးအပ်လိုက်ကြပါပြီ။

“၂၀၁၀ရွေးကောက်ပွဲနှင့် စစ်အစိုးရကိုထောက်ခံဖို့ ကရင်ခွဲထွက်အဖွဲ့ ပေါင်းစုံ တွင်း(၁)ကို ကတိပေး”NEJ / မတ်လ(၃၀) ရက်၊ ၂၀၀၉
နအဖပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကရင်ခွဲထွက်အဖွဲ့များက လက်ရှိ တပ်မတော်အစိုးရကို အပြည့်အ၀ထောက်ခံအားပေးသွားမည်ဟု နအဖကို ကတိပေးလိုက်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့၏ အဆင့်မြင့် ခေါင်းဆောင်တဦးက ပြောသည်။



နအဖအတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့်အဖွဲ့ ယခုလ (၂၁) ရက်နေ့၌ ကရင်ခွဲထွက်အဖွဲ့များဖြစ်သည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်းအဖွဲ့၊ စောဌေးမောင်အဖွဲ့တို့၏ အခြေချရာ နေရာများသို့ လာရောက်စဉ် အဆိုပါအဖွဲ့များက ကတိက၀တ်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

ကရင်ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးက “ကရင်ခွဲထွက်အဖွဲ့တွေအနေနဲ့ ကေအန်ယူနဲ့ ပြန်ပေါင်းဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိတော့ဘူး။ ခေတ်ကာလ အခြေအနေက ပြောင်းသွားပြီ။ ကေအန်ယူဘက်က လာတာပဲ ရှိရင် ရှိမယ်၊ ဒီဘက်ကတော့ ဟိုဘက်ကို သွားစရာ မရှိတော့ဘူး၊ လက်ရှိဘ၀ကနေ လက်မဲ့ဘ၀ကို ဘယ်သူမှ စွန့်မှာမဟုတ်ဘူး” ဟု ပြောသည်။

နအဖအတွင်းရေးမှူး (၁) ၏ ခရီးစဉ်သည် ကရင်ခွဲထွက်အဖွဲ့များ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရေး၊ ဒေသဖွံ့ဖြိုးရေးများအတွက် လာရောက် တွေ့ဆုံအားပေးသည့် ခရီးစဉ်ဟုဆိုသော်လည်း အဓိကရည်ရွယ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲကိစ္စရပ်များအတွက် တဖက်လှည့်ဖြင့် ချည်ပြီးတုပ်ပြီးဖြစ်အောင် လာရောက်သည့် ခရီးစဉ်သာဖြစ်သည်ဟု ကရင်ခွဲထွက်အဖွဲ့ဝင်အချို့က ပြောဆို သုံးသပ်ကြသည်။

နအဖအတွင်းရေးမှူး (၁) နှင့်အဖွဲ့သည် ထော့ကိုကိုးရွာတွင် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ယခင်လက ကေအန်ယူမှ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သို့ ကူးပြောင်းသွား သည့် ဗိုလ်ချုပ်ကြီးမြ၏ သားငယ် စောနေစိုးမြကိုလည်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ အဖွဲ့ဝင်တဦးအနေဖြင့် တွေ့ဆုံခဲ့သည့်သတင်းကို ယခုလ (၂၄) ရက်နေ့ညက မြန်မာရုပ်မြင်သံကြားလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ကရင်ခွဲထွက် အဖွဲ့တခုမှ ယာဉ်မောင်းတဦးက “အခြေအနေမှန်ကို အားလုံးသိကြပါတယ်။ ဒါပေမယ့် လွန်သွားပြီ။ ကိုယ်လိုချင်တာကို ဥပဒေဘောင်ထဲက တောင်းမယ်ဆိုပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုတဲ့လူတွေ သူတို့ဆီက ဘာမှ ဖမ်းလို့မရဘူး။ ကိုယ့်ကို ပြန်မဖမ်းနိုင်အောင်ကိုဘဲ မီးစင်ကြည့်ပြီး လှုပ်ရှားနေရတယ်။ ကျနော်ဆိုရင် မာနယ်ပလော ဌာနချုပ်မှာနေတုန်းက အကောင်၊ အခုတော့ အဖွဲ့က ထောင်ထားတဲ့ ခရီးသည်တင်ကားမောင်းတဲ့ ဒရိုင်ဘာလိုလို ကုန်သည်ပွဲစားလိုလိုဖြစ်သွားပြီး ကိုယ့်ရည်ရွယ်ချက်ကတမျိုး၊ ဖြစ်လာတာကတမျိုး ကိုယ်ရွေးတဲ့ လမ်းဆိုတော့ ဘာမှမတတ်နိုင်တော့ဘူး” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်သွားသည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့များ သည် နအဖ ပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို အပြည့်အ၀ ထောက်ခံကြသော်လည်း ကေအန်ယူ အဖွဲ့ကမူ လူထုဆန္ဒနှင့်အညီမဟုတ်ဘဲ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်သကဘောက ယခုရက်ပိုင်းအတွင်း ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

ပဒိုအောင်ဆန်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သည် ဘားအံမြို့နယ် ဘုရားကုန်းရွာတွင် အခြေချပြီး ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီကေဘီအေအဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် ဌာနချုပ် အခြေစိုက်ကာ စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။
http://www.khitpyaing.org/news/march_09/30-3-09a.php

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ ဘလော့ဂါ တစ်ဦးပြုစုသော "မြန်မာ-အင်္ဂလိပ်" အဘိဓာန်"

မြန်မာအင်တာနက်သုံးစွဲသူတို့ အတွက် လိုအပ်ချက် တစ်ခုဖြစ်နေသော "မြန်မာ-အင်္ဂလိပ်" အဘိဓာန် တစ်ခုကို စိုင်းခမ်းထွန်းဟူသည့် မြန်မာလူငယ်ဘလောဂါ တစ်ယောက်က ပြုစုပြီးစီးသွားပြီဖြစ်သည်။ ယခင်ကပြုစုထားကြသော မြန်မာ အင်္ဂလိပ် အဘိဓာန်များထက် အလွန်လျှင်မြန်ပြီး သုံးစွဲရ အလွန်လွယ်ကူပါသည်။ တစ်ချက်ကြည့်ပြီး အသိပေးကြပါရန်။
http://saingdictionary.blogspot.com

အပြည့်အစုံသတင်းဖတ်ရန်....

ကန်ထုတ်ကြစို့ 

အပြည့်အစုံသတင်းဖတ်ရန်....

UN Relieve report on Burma (MM) FYI

Full Report

အပြည့်အစုံသတင်းဖတ်ရန်....

အသွားမတော်ရင် တစ်လှမ်း..ဒီခေတ်ကြမ်းကြီးထဲ

ဘန်ကောက်မြို့ မြန်မာစတိတ်ရှိုး မြန်မာ၄၀၀ခန့်ထိုင်းပုလိပ်ဖမ်း

မတ်လ ၃၀
ဘန်ကောက်မြို့ ဘန်ဘော်ငါးသေတ္တာရုံ ဈေးကွင်းတွင်ယမန်နေ့ညကဖြေဖျော်သည့် မြန်မာနိုင်ငံမှ နာမည်ကြီး တီးဝိုင်းဖြစ်သော သံမဏိ ကြက်ခြေ (Iron Cross) စတိတ်ရှိုးပွဲတွင် ထိုင်းလ၀ကမှလာရောက်ဖမ်းဆီးသဖြင့် ပွဲလာ ကြည့်သော မြန်မာ အလုပ်သမားအမြောက်အများ ဖမ်းဆီးခံရသည်။

ထိုင်မြန်မာချစ်ကြည်ရေးရံပုံငွေအဖြစ်ဖြေဖျော်သည့်အဆိုပါစတိတ်ရှိုးပွဲတွင် အိုင်စီအဖွဲ့မှ လေးဖြူ၊အငဲ၊မျိုးကြီး၊၀ိုင်ဝိုင်း၊ဆုသင်းပါရ်နှင့် ကြိုးကြာ စသည့်နာမည်ကြီးတေးဂီတပညာရှင်များပါဝ်သောပွဲဖြစ်သဖြင့် ဘန်ဘော်နှင့် ဘန်ကောက်မှမြန်မာပရိတ်သတ် ထောင်ချီပြီး လာရောက်ကြသောပွဲဖြစ်သည်။
ဘန်ဘော်နယ်မြေ အင်ဂျီအိုဆေးခန်းတွင်စေတနာ့ဝန်ထမ်းအလုပ်လုပ်နေသော ကိုအောင်မြင့်သိန်းက
“လူလေးရာ ကျော်လောက်ဖမ်းသွားပါတယ် ကျနော့်ရှေ့ မှာကားကြီးလေးစီးတင်သွားပြီးနောက် လည်း တစ်စီး လူပြည့်တော့မယ်။ ဘယ်လိုပြောမလဲ လယ်ကတွတ်ပေါက်က ထွက်လာတဲ့ငါးကို ပိုက်ထောင် ထားသ လိုပဲ။စိတ်မကောင်းစရာတစ်ခုက အလုပ်သမား ကောင်လေးတစ်ယောက် အလုပ်လုပ်ကိုင် နေထိုင်ခွင့် ကဒ်လည်းပါတယ်၊အဲဒါ ထိုင်းလိုမပြောတတ်တော့ ပုလိပ်တစ်ယောက်က ခြေထောက်နဲ့ ကန်လိုက်တာ ကောင် လေး နှာခေါင်းက သွေးတွေထွက်သွားတယ်၊ ပွဲပြီးရင်လည်းနောက် ဖမ်းအုံးမယ့် သဘော တွေ့ရပါ တယ်'' ဟုပြောသည်။
အဆိုပါစင်တင်တေးဂီတသီဆိုပွဲလက်မှတ်ကို ပွဲစီစဉ်သူများက လက်မှတ်တစ်စောင်လျှင်ဘတ်ငွေ ၄၅၀ ဖြင့် ရောင်းချခဲ့သော်လည်း နိုင်ငံကျော် အဆိုတော်များလာရောက်ဖြေဖျော်သည့်ပွဲဖြစ်သဖြင့် ဘန်ကောက်မြို့  အတွင်းရှိ မြန်မာအလုပ်သမား ထောင်ချီပြီး လာရောက် အားပေးကြသည်။
ပွဲစီစဉ်သူများက နယ်မြေရဲစခန်းနှင့် ညှိနှိုင်းထားသည်ဆိုသော်လည်း တောမုန်း ဟုခေါ်သောထိုင်းလ၀က မှလာရောက်ဖမ်းဆီးသဖြင့် ပွဲကန်ထရိုက်များလည်းမည်သို့မှဖြေရှင်းမပေးနိုင်ပေ။
ပွဲကြည့်လာသူမြန်မာအလုပ်သမားတစ်ဦးက
“အိမ်ဖေါ်လုပ်တဲ့ကောင်မလေးတွေကို အချို့ သူဌေးတွေကားနဲ့ကိုယ်တိုင်လာပို့တာ၊ လမ်းထိပ် ရောက်တာ နဲ့ကိုယ့်အိမ်ကအလုပ်သမားကို ပုလိပ်လက်ထဲအပ်ပြီးပြန်သွားရသလိုပဲ၊ကျနော်တို့ ပျော်ချင်လို့လာတာ ခုတော့ ပျော်ချင်တဲ့စိတ်တွေလည်းပျောက်သွားပြီး ကျနော်တို့ ဘ၀တွေဟာ တကယ့်ကျီးလန့်စားဘ၀တွေပါဗျာ၊ကိုယ့်တိုင်းပြည်ကအဆိုတော်တွေကိုလာအားပေးတာတောင် ပျော်ပျော်ရွှင်ရွှင် မဖြစ်ရဘူး'' ဟုပြောသည်။
ဘတ်မရှိသောသူများနှင့် ဘတ်ရှိသူများကိုပါရောနှောဖမ်းဆီးသွားပြီး အိုင်ဒီစီဟုခေါ်သောထိုင်းနိုင်ငံ ဗဟိုလူဝင် မှုကြီးကြပ်ရေး အချုပ်ခန်းသို့ ရောက်ရှိသွားသောမြန်မာအလုပ်သ မားများကို ထိုင်းမြန်မာ နယ်စပ် သို့ပြန်လည်ပို့ဆောင်ခြင်းခံရမည်မှာသေချာနေသည်။

သတင်း..........ဦးကျော်သောင်း(ဘန်ကောက်) http://jacbaburma.blogspot.com/2009/03/30mar09.html မှ

အပြည့်အစုံသတင်းဖတ်ရန်....

စာရေးဆရာ ကျော်ဝင်း စာဖတ် သူများသို့ ပြန်ကြားခြင်း


Summary

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြိုးပန်းကြပါစို

ပြည်သူအပေါင်းတို့  ယနေ့ န.အ.ဖ စစ်အာဏာရှင်အစိုးရ၏ အကျဉ်းစခန်းအသီးသီးတွင်အကျဉ်းကျခံအနှိပ်

စက်ခံနေရသောသံဃာတော်များ၊သီလရှင်ဆရာလေးများ၊နိုင်ငံခေါင်းဆောင်များ၊ပြည်သူပြည်သားများသည်

အလကားအကျဉ်းကျခံနေရခြင်းမဟုတ်


သန်း(၅၀)ကျော်သောမြန်မာပြည်သူလူထုကြီးကိုန.အ.ဖစစ်ဘီလူး

သာသနာဖျက်မိစ္ဆာကောင်များလက်မှလွတ်မြောက်အောင်အသက်ပေးကြိုးပန်းကြရင်းအကျဉ်းကျခံအနှိပ်

စက်ခံနေကြရခြင်းဖြစ်သည်။

မိမိတို့ ပြည်သူလူထုလွတ်မြောက်ရေးအတွက်အသက်ပေးသူတွေပေးခဲ့ကြသည်။အကျဉ်းကျခံ၍ဘ၀စတေးခံသူ တွေအစတေးခံနေကြရသည်။ထိုအချက်ကိုပြည်သူအားလုံးမမေ့သင့်ကြပေ။တိုင်းပြည်အတွက်ဘဝကိုစတေးပြီးအကျဉ်းကျခံ
အနှိပ်စက်ခံနေကြရသောနိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လည်လွတ်မြောက်ရေး

အတွက်ရဟန်းသံဃာနှင့်ပြည်သူလူထုတရပ်လုံး ၌လုံးဝတာဝန်ရှိသည်။

လာမည့်၁၃၇၁ခုနှစ်၊နှစ်ဆန်းတစ်ရက်နေ့ 17.4.2009 သောကြာနေ့ တွင်နိုင်ငံရေးအကျဉ်းသားများအားလုံး

လွတ်မြောက်ရေးအတွက် ငါးလွှတ်ပွဲနှင့်ကြက်ငှက်ကျွဲနွားစသောတိရစ္ဆာန်များဘေးမဲ့လွှတ်ပွဲကိုနေရာတိုင်း

တက်ညီလက်ညီဖြင့်ဝင်းဝန်းကျင်းပရန်----------
မြန်မာနိုင်ငံအတွင်းကျရောက်နေသောသာသနာ့အန္တရာယ်များကိုဝိုင်းဝန်းကာကွယ်သောအားဖြင့်ကျောင်း

တိုင်း၊အိမ်တိုင်း၊လမ်းတိုင်း၊နေရာအသီးသီးတွင်သာသနာ့အောင်လံများကိုရဲရဲရင့်ရင့်တက်ညီလက်ညီဖြင့်ဝိုင်းဝန်းစိုက်ထူဖြန်
့ဝေကြရန်------------- ပရိတ်တရားCD-VCDခွေများကိုကက်ဆက်၊TV၊ဆောင်းဘောက်၊ ဟွန်းစသည့်စက်ဖြင့်တနေကုန်အသံအ

ကျယ်ဆုံးဖွင့်ပေးထားကြရန်---------- မြန်မာနိုင်ငံအတွင်းကျရောက်နေသော သာသနာဖျက်မိစ္ဆာကောင် စစ်အာဏာရူးကြီးများကိုတိုင်းပြည်မှနှင်

ထုတ်သောအားဖြင့်ကျောင်းနှင့်အိမ်ရှိကြေစည်၊ဖားစည်၊သံချောင်း၊တုံးမောင်း၊သံဗုံးစသည်အသံမည်သောအရာမှန်သမျှကို ညနေ(၅)နာရီအချိန်တွင်တပြိုင်တည်းရိုက်ကြ တီးကြရန်-----------

အချင်းချင်းလက်ဆင့်ကမ်းဖြန့်ဝေပြောကြားပေးကြပါရန်လေးစားစွာတိုက်တွန်းနိုးဆော်ပါသည်။တာဝန်သိသူတာဝန်ရှိသည် တာဝန်ကိုသူတော်ကောင်းသူမြတ်လောင်းအာဇာနည်တွေသိကြသည်။သိသည့်အတိုင်းကြေပွန်စွာထမ်းဆောင်ကြပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

တိုင်းထပ်ခွဲတယ်..

အခု ပြည်နယ် ရခု တိုင်းက (၈)ခု = တိုင်းနဲ့ ပြည်နယ် ၁၅ ခုဖြစ်သွားပြီ..ယတြာ များချေနေတာများလား..
ရဲရင့်ငယ်မှ..

အပြည့်အစုံသတင်းဖတ်ရန်....

နအဖ စစ်ခွေးလောက်ကောင်တွေ

List of Spdc Dog

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, March 29, 2009

(၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား(၂ )

အပြည့်အစုံသတင်းဖတ်ရန်....

Gmail Address ကိုသူများမသိရအောင် ဘယ်လိုလုပ်မလည်း

ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံး တာများ ပါတယ်။ အခုတင်ပြတဲ့နည်းကတော့ အင်တာ နက်ဆိုင်မှာမိမိရဲ .Gmail Addressတွေမကျန်ခဲ့စေအောင်သုံးတဲ့နည်းလေပါ။
ဒီလိုပါ၊ မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk ၀င်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲ ဆိုတာသိချင်ကြပါလိမ့်မယ်။ နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို ဖျက်မလဲ ဆိုတာတင်ပြပေးချင်ပါတယ်။

သူများသိတော့ကို Gmail Account ကို invite လုပ်မှာပေါ့၊
စက်ထဲမှာ မိမိ Gmail Address မကျန်ခဲ့စေရန်ရည်ရွယ်ပါတယ်သူများ Address Account ကိုကြည်ဖို့မဟုတ်ပါဘူး။
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ၊
(သို.မဟုတ်) Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။ထို Folder ၅ခုမှ
ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။ List ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။ Gmail Address များကိုတွေ.ရပါလိမ့်မည်။ အကယ်လို.မိမိ Gtalk ၀င်ခဲ့တယ်ဆိုရင်တော့မိမိ Gmail Address နာမည် ပေါ်နေပါလိမ့်မည်။ဖျက်လိုပါက မိမိနာမည်ပေါ်တွင် Right ကလစ်နှိပ်၊ Delete ကိုနှိပ်လိုက်ပါ။ Name/Type/Data တို.အောက်ကျန်ခဲ့ပါ က Name အောက်ရှိ ab ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။
အလွမ်း အိန်ဂျယ်မှ

အပြည့်အစုံသတင်းဖတ်ရန်....

အရေးကြီးဆုံးစိတ်ဓာတ်

နိုင်ငံတစ်နိုင်ငံမှာတိုင်းပြည်နဲ့ လူမျိုးကိုဘယ်လိုပင်ထိခိုက်ပါစေမိမိအကျိုးရှိရင်ပြီးစတမ်းဆို တဲ့ စိတ်ဓာတ်ရှိတဲ့လူတွေ

အများအကျိုးကိုဘယ်လိုပင်ထိခိုက်ပါစေကိုယ့် အတွက်အကျိုးဖြစ်ရင်ဘာမဆိုလုပ်မဲ့ စိတ်ဓာတ်ရှိတဲ့ လူတွေ

မှန်မှန်မှားမှားမိမိစားတဲ့ ဘက်ကရပ်တည်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ လူတွေ

မိမိမျက်မှောက်မှာ အမှားတစ်ခုကိုပြက်ပြက်ထင်ထင်တွေ့ မြင်နေရပေမဲ့ မသိကျိုးပြုကာကိုယ့် မထိအနေသာကြီးပဲဆိုတဲ့ စိတ်ဓာတ်ရှိတဲ့  လူတွေ

များပြားလွှမ်းမိုးလာခဲ့ ရင်အဲဒီနိုင်ငံကြီးဖို့ အန္တရယ်ကြီးမားလှတာအမှန်ပါသည့် နိုင်ငံမဆိုနိုင်ငံသူနိုင်ငံသားတို့ ရဲ့ စိတ်ဓာတ်တံတိုင်းကြီး ပြိုလဲခဲ့ ရင် ပေးဆက်ရမယ့် တန်ဖိုးဟာအတိုင်းအဆမရှိကြီးမားလှပါတယ်……..။

စိတ်ဓာတ်ဆိုတာ

လူတစ်ဦးချင်းစီးရဲ့ ဘ၀မှာရောနိုင်ငံတစ်နိုင်ငံလုံး၊လူမျိုးတစ်မျိုးလုံးရဲ့ အောင်မြင်မှု(သိုမဟုတ်) ကျဆုံးမှုတွေအတွက်ပါ အဆုံးဖြတ်ပေးနိုင်ပါတယ်………………………………………………..?

စိတ်ဓာတ်ဆိုတာသိပ်ကိုအရေးကြီးလှပါတယ်။ နိုင်ငံတစ်နိုင်ငံမှာငွေးကြေးနဲ့ ပစ္စယရှိခဲ့ ရင်ရုပ်ဝတ္တုအဆောက်ဦးတွေကို လိုသလို တည်ဆောက်လိုရပါတယ်…………………………………………………………………………………………………….

ရုပ်ဝတ္တုအဆောက်ဦးတွေပြိုလဲကျပျက်ဆီးခဲ့ ရင်လည်းပြန်လည်တည်ဆောက်လိုရပါတယ်

သိုပေမဲ့ 

နိုင်ငံတစ်နိုင်ငံမှာနိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကိုပြုစုပျိုးထောင်ဖို့ ဆိုတာရုပ်ဝတ္တုကိုတည်ဆောက်ရခြင်းထက် အဆပေါင်း များစွာပဲ ခက်ခဲလှပါတယ်

ဒါအပြင်အဆိုပါနိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ပျက်ဆီးခဲ့ ရင်ဖြစ်ပေါ်လာမဲ့ ဆုံးရှုံးမှုတွေကတန်းဖိုဒနဲ့ တွက်ချက်ပြဖို့ ပင်မဖြစ်နိုင်ပါဘူး

(အဲဒီလိုစိတ်ဓာတ်တွေဟာ) တာဝန်ရှောင်မှုနဲ့ တာဝန်မဲ့ မှုစိတ်ဓာတ်တွေပဲဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် ပြောရရင်တော့ ယင်းသ ဘောထားအမြင်က တာဝန်သိစိတ်ကင်းမဲ့ မှုမျိုး ပဲဖြစ်ပါတယ်။တစ်ချို့ သောတာဝန်သိစိတ်ကင်းမဲ့ သူတွေကတော့ အများအကျိုး၊ နိုင်ငံအကျိုး ထက်မိမိအကျိုးနဲ့ မိမိရဲ့ မိသာစုအကျိုးကိုသာ အဓိကထားကြသူတွေပဲဖြစ်ပါတယ်။

အရေးကြီးဆုံးစိတ်ဓာတ်အကြောင်းအရာကိုပြန်လည်ဆွေးနွေးချင်ရင်တော့ yeyintkhagmail.com

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး(ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးပါစေ)

အပြည့်အစုံသတင်းဖတ်ရန်....

G Talk လုံခြုံရေး..

ဂျီမေးလ် ၊ ဂျီတော့ခ် အသုံးပြုရာမှာ ကိုယ့်ရဲ့ အချက်အလက်တွေကို တစ်စုံတစ်ယေက်က ကြားဖြတ်ခိုးယူ အသုံးပြု၊ ကြည့်ရှုနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပေမယ့် ဒါကို ဆော့ဖ်ဝဲတစ်မျိုးနဲ့  လုံခြုံအောင်ဖန်တီးနိုင်တယ်လို့ သိရပါတယ် ... မေးလ်ပို့ တာဘဲဖြစ်ဖြစ်၊ ဂျီတော့ခ်ပြောတာဘဲဖြစ်ဖြစ် ကိုယ်နဲ့ ကိုယ်ဆက်သွယ်နေတဲ့ လူနှစ်ယောက်ကြားမှာ တစ်စုံတစ်ယောက်က ကြားဖြတ်ကြည့်ရှုနိုင်တယ်... ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်စကားပြောတဲ့အခါ ကြားထဲမှာ ဖြတ်သွားရတဲ့ hop တွေက အများကြီးဘဲ... ဘယ်လိုမှလုံခြူံမှုမရှိနိုင်ပါဘူး...

Simp Lite လို့ ခေါ်တဲ့ ဆော့ဖ်ဝဲက ဂျီမေးလ်နဲ့ ဂျီတော့ခ်အတွက်လုံခြုံမှုပေးတယ်လို့ သိရပါတယ် ...ဒါပေမယ့် နှစ်ဦးနှစ်ဖက်စလုံးမှာ ဆော့ဖ်ဝဲရှိမှ အပြည့်အ၀လုံခြုံနိုင်တယ်လို့ သိရပါတယ် ...ဂျီမေးလ်နဲ့ ဂျီတော့်ခ်နှစ်ခုလုံးကို TLS encryption ကထောက်ပံ့ပေးထားပါတယ်...Google ကနေ download , upload , send လုပ်တာတွေမှာ တစ်စုံတစ်ယောက်က ကြားကနေဖြတ်နိုင်တဲ့ အလားအလာတွေရှိပါတယ် .. Google Talk ဟာ TLS ကိုပုံသေ သုံးထားပြီး " http " အစား " https" အနေနဲ့  https://mail.google.com မှာ browser ကိုထားမယ်ဆိုရင် ဂျီမေးလ်က TLS ကို သုံးမှာပါ ...
TLS/HTTPSကိုအသုံးပြုတာဟာ ကိုယ့်ကွန်ပျူတာနဲ့  Google ရဲ့ ဒေတာစင်တာကြားမှာ secure channael တစ်ခုကို ဖန်တီးပေးပါတယ်... သည်အချက်က ကိုယ့်ကိုယ့်ကွန်ပျူတာကို Wi-Fi hotspot လို public နက်ဝင်တစ်ခုနဲ့  ဆက်သွယ်ထားတဲ့ အချိန်မှာ အလွန်အရေးကြီးတု့ အချက်ဘဲဖြစ်တယ် ..Secway ကထုတ်တဲ့ SimpLite ဆော့ဖ်ဝဲကို free ရနိုင်ပါတယ် ..

ဒီဆော့ဖ်ဝဲကို ကိုယ့်စက်ထဲ download လုပ်ထားရမယ် .. ကိုယ်နဲ့ ဆက်သွယ်မယ့်သူမှာလဲ ဒီဆော့ဖ်ဝဲရှိနေမယ်ဆိုရင် လုံးဝလုံခြုံမှုရှိသွားပြီ .. အချင်း၂စကားပြောပြီဆိုရင် လုံခြုံမှုရှိတယ်ဆိုတဲ့ သင်္ကေတပြမယ် ... တကယ်လို့ ဒီဆော့ဖ်ဝဲမရှိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုလာဆက်သွယ်ပြီဆိုရင် လုံခြုံမှုမရှိဘူးဆိုတဲ့ သင်္ကေတပြလိမ့်မယ် ... ကိုယ်က cyber တွေမှာလဲသုံးမယ် .. တခြားတစ်နေရာသွားမယ်ဆိုရင်လဲ ဆော့ဖ်ဝဲကို စတစ်ခ်ထဲထည့်ပြီး သိမ်းထားပေါ့ .. ကိုယ်သုံးမဲ့ နေရာရောပက် စတစ်ခ်လေးထိုးပြီးသုံးရင် အဆင်ပြေပါတယ် ...

ဒီဆော့ဖ်ဝဲအကြောင်းပိုပြီးသိချင်ရင် .. brought to you by http://juberti.blogspot.com/ 2007 / 01 / secure-access-to-gmail-and-gtalk.html / Increase security in Gtalk ,
http://www.secway.fr/us/products/Simplite-jab-ber/getsimp.php

Increase security in Google Docs and Spreadsheet.
http://lepetitradiateur.blogspot.com/2007/01/suggestion-increased-security-in.html မှာရယူနိုင်ပါတယ် ။ ။

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ နဲ့ အာရှရဲ့ ရေအဆိပ်သင့်မှု

ကျော်ကျော်-မိုးမခ -
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ မြန်ပြည်နှင့် သောက်သုံးရေ အခြေအနေ ဆက်စပ် ကြည့်ရှုရန် ဗီဒီယို မှတ်တမ်း

တောင်အာရှဒေသက လူသန်းပေါင်း ၁၄ဝ ကျော်တို့ဟာ arsenic ခေါ် ဓာတုစိန် အဆိပ် သင့်နေတဲ့ ရေကို နေ့ စဉ် သောက်သုံးနေကြပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဗောဒီးယား၊ အိန္ဒိယ၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတို့မှ လူ ထောင်ပေါင်းများစွာဟာ ဓာတုစိန် အဆိပ်သင့်ပြီး ကင်ဆာရောဂါနဲ့ သေဆုံးနေရပါတယ်လို့ ကမ္ဘာ့ ကျန်းမာ ရေး အဖွဲ့အစည်း(WHO) က ထုတ်ဖော်ထားပါတယ်။ သမိုင်းမှာ အကြီးမားဆုံးသော အဆိပ်သင့်မှုလို့ ကျန်းမာ ရေး ပညာရှင်များက သတ်မှတ်ကြပါတယ်။

အဆိပ်သင့်ခြင်းရဲ့ မူလရင်းမြစ်က ဟိမဝန္တာ တောင်တန်းကြီး ဖြစ်တယ်၊ အဲဒီက သဘာဝအလျောက် ဓာတုစိန် ပါဝင်တဲ့ အနယ်အမှုန်တွေဟာ မြစ်ကြီး လေးခု ဖြစ်တဲ့ မဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ ဂင်္ဂါမြစ်၊ မြစ်နီမြစ် တို့ထဲကို စီးဆင်း ဝင်ရောက်နေတယ်လို့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ကတည်းက သိပ္ပံပညာရှင်များက ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတစ်ခုက ဓာတုစိန်အနယ်အမှုန်တွေဟာ မြစ်ချောင်း ထဲမှာသာမက ဘာကြောင့် မြေကြီးအောက် ပေ ၁ဝဝ ကျော်အထိက ရေတွေထဲကို ရောက်နေရသလဲ ဆိုတာ ပါပဲလို့ စတန်းဖို့တက္ကသိုလ်(Stanford University) က မြေထုသိပ္ပံပညာရှင် စကော့ဖဲန်ဒေါ့ (Scott Fendorf) က ပြောပါတယ်။ ၁၉၈ဝ နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်က ဓာတုစိန်အဆိပ်သင့်မှုဟာ ရေတွင်းထဲက သောက် ရေသုံးစွဲခြင်းနဲ့ ဆက်စပ်နေကြောင်းကို ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီ ပဟေဠိကို ဖြေရှင်းနိုင်ဖို့ စကော့ဟာ တခြားလုပ်ဖော်ကိုင်ဖက် နှစ်ဦးနဲ့အတူ ၂ဝဝ၄ ခုနှစ်ကစပြီး ကမ္ဘောဒီယားရဲ့ မြို့တော် ဖနွိုင်းပင် အနီးအနားမှ အရပ်တစ်ခုကို ရွေးချယ်ခဲ့ပြီး အဲဒီမှာ သုတေသန ပြုလုပ် ခဲ့ပါတယ်။ ငါးနှစ်နောက်ပိုင်းမှာ သူတို့အသင်းဟာ အဖြေကို ရှာဖွေနိုင်ခဲ့ပြီး အစိုးရ အဖွဲ့အစည်း တချို့ရဲ့ ပူး ပေါင်းမှုနဲ့ သောက်သုံးရေထဲက ဓာတုစိန်အဆိပ်သင့်မှု ဆက်လက်မကြီးထွားအောင် ဆောင်ရွက်နေကြပါ တယ်။
“ကျနော်တို့ ထင်သလိုပဲ ဓာတုစိန် အနယ်တွေ ပါဝင်တဲ့ ရေတွေဟာ ဟိမဝန္တာ တောင်တန်းကနေ သယ် ဆောင်လာတယ်၊ မြစ်ချောင်းထဲကို ရောက်တယ်၊ အဲဒီနောက် မြေကြီးအောက်က ရေအောင်းလွှာ(aquifer)ထဲကို ရောက်သွားတယ်”ဟု စကော့က ပြောပါတယ်။ ကမ္ဗောဒီးယား၊ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ ဗီယက်နမ် တို့မှာ လူအသုံးများတဲ့ ရေတွင်းရေဟာ ရေအောင်းလွှာက ထွက်တာ ဖြစ်ပါတယ်။
ဓာတုစိန်ကို ရေမှာ ပျော်ဝင်စေတဲ့ အဓိက တရားခံကတော့ မြေကြီးနဲ့ မြစ်ကြမ်းခင်းမှာ နေထိုင်တဲ့ ဘက်တီး ယားတမျိုး ဖြစ်ပါတယ်။ ဓာတုစိန်ဟာ သံချေးတက်တဲ့ အရာတွေနဲ့ ကပ်တွယ်ပြီး မြစ်ကြမ်းခင်းအောက်မှာ မြေအထပ်ထပ်နဲ့ ဖုံးအုပ်ခံရတယ်၊ အဲဒီ ဘက်တီးယားတွေဟာ သံချေးနဲ့ ဓာတုစိန်တွေကို မှီဝဲပြီး နေ ထိုင်ကြတယ်၊ သူတို့စားသုံးပြီး စွန့်ထုတ်လိုက်တဲ့ ဓာတ်ပေါင်းပစ္စည်းတမျိုးဟာ ရေထဲမှာ ပျော်ဝင်နိုင်တဲ့ သတ္တိရှိပါတယ်။ အဲဒီမှာ ပြဿနာကစပါတယ်။ အဲဒီလိုဖြစ်စဉ်ဟာ သဘာဝအလျောက်ဖြစ်ပြီး နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာခဲ့ပြီလို့ သိရပါတယ်။ စကော့အသင်းရဲ့ ရှာဖွေတွေ့ရှိမှုကို Nature ဂျာနယ်မှာ အတည် ပြု ဖော်ပြထားပါတယ်။
ဦးဆုံး ဒေသရဲ့ ရေအောင်းလွှာအကြောင်းကို သိထားရမှာ ဖြစ်ပါတယ်။ ဓာတုစိန်ကင်းတဲ့ ရေအောင်းလွှာကို ရှာဖွေပြီး လူအများ ဘေးကင်းစွာ သောက်သုံးနိုင်တဲ့ ရေတွင်းတူးဖို့ပါပဲ။ အကယ်၍ ဒေသတစ်ခုမှာ ဓာတုစိန်ကင်းတဲ့နေရာ ရှာမတွေ့ခဲ့ပါက ဓာတုစိန်ကို စစ်ထုတ်နိုင်တဲ့ ကိရိယာကို တပ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ရေစစ် တဲ့ ကိရိယာဟာ ဈေးနှုံးသက်သာရမယ်၊ သုံးစွဲရလည်းလွယ်ကူဖို့လိုပါတယ်။ နောက်ပြီးစစ်ထုတ်ထားတဲ့ ဓာတုစိန် တွေကို စွန့်ပစ်ဖို့နေရာ အခက်အခဲ ရှိနိုင်ပါတယ်။ နောက်ပြီး စစ်တဲ့ကိရိယာက ချို့ယွင်းခဲ့လျှင် ဘယ်သူသိနိုင်မှာလဲ၊ ဘယ်လို စမ်းသပ်မှာလဲ စတဲ့ ပြဿနာတွေ ရှိပါတယ်။
မိုးရေ ခံယူ သိုလှောင်ခြင်း နည်းကလည်း နေရာတချို့အတွက် အသုံးကျပါတယ်။ ဒါပေမဲ့ မိုးနည်းတဲ့ ဒေသများ မှာ ရေလှောင်ဖို့ ကြီးမားတဲ့ ရေကန် လိုအပ်ပြီး အကုန်အကျ ပိုများနိုင်ပါတယ်။ အဲဒီ ဒေသများမှာ နေထိုင်တဲ့ လူအများစုရဲ့ နေ့စဉ် လုပ်အားခဟာ ၂ဒေါ်လာ အောက်ပဲ ရှိပါတယ်။ နောက်တစ်နည်းကတော့ မြစ်ချောင်း က ရတဲ့ ရေကို ပိုးသတ်ဆေးခတ်ခြင်း ဖြစ်ပါတယ်။
ကမ္ဗောဒီးယားကို သွားရောက်ပြီး သုတေသန ပြုလုပ်တာဟာ ရေထဲက ဓာတုစိန် အဆိပ်သင့်ခြင်းရဲ့ အကြောင်းအရင်းကို ရှာဖွေဖို့သက်သက်ပဲ ဖြစ်ပေမဲ့လည်း အဲဒီဒေသက နေထိုင်သူတွေအတွက် လက်တွေ့ အကျိုးပြုနိုင်တဲ့ အရာ တစ်ခုခု လုပ်ပေးနိုင်ဖို့ဟာ ပိုပြီး အရေးကြီးတယ်ဆိုတာ မကြာခင် စကော့တို့အဖွဲ့ နားလည်လာကြပါတယ်။ ဒါကြောင့် သူတို့အဖွဲ့ဟာ စမ်းသပ်ဖို့ တူးထားတဲ့ ရေတွင်းက ဓာတုစိန် ကင်းတယ်ဆိုရင် နောက်ထပ် ရေတွင်းတစ်ခု ထပ်တူးပြီး တစ်ခုကို အများသုံး၊ တစ်ခုကို မြေပိုင်ရှင်ကို ပေးပါတယ်။ အကယ်၍ ရေတွင်းဟာ အဆိပ်သင့်တဲ့ရေ ဖြစ်နေရင် မြေပိုင်ရှင်ကို ရေစစ်ထုတ်တဲ့ ကိရိယာတစ်စုံ ပေးပါတယ်။
“သူတို့ကို သန့်ရှင်းတဲ့ရေတွင်း ဒါမှမဟုတ် ရေစစ်တဲ့ကိရိယာကို ပေးနိုင်တာဟာ ကျနော်တို့ရဲ့ သုတေသန ရှာဖွေချက်ထက် ပိုမိုပြီး တန်ဖိုးရှိပါတယ်“ လို့ စကော့က ပြောပြပါတယ်။

(မတ် ၂၄၊ ၂ဝဝ၉ physorg.com မှ သတင်းကို ကောက်နုတ်ထားသည်)
*မိုးမခ*
http://moemaka.com/index.php?option=com_content&task=view&id=3524&Itemid=40

အပြည့်အစုံသတင်းဖတ်ရန်....

သူတို့ မှဘဲ အသက်ရှိ...

စစ်အစိုးရသည် ယခုနှစ် မတ်လ (၂၇) ရက်တွင် ကျင်းပမည့် ၄င်းတို့၏ (၆၄) ကြိမ်မြောက် တပ်မတော်နေ့ စစ်အခမ်းအနားကို ယခင်နှစ်များထက် ပိုမိုထူးခြားစွာ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

စစ်ရေးပြကြမည့် စစ်ကြောင်းကိုးကြောင်း တည်းခိုရာ စစ်တန်းလျားများသို့ မည်သူ့ကိုမျှသွားလာခွင့်မပြုပဲ ဗိုလ်မှူးချုပ်နှင့် အထက် အဆင့်များသာ သွားလာနေကြောင်း၊ စစ်တန်းလျားများ၏ အဝင်အထွက်များကိုလည်း တိုက်ခိုက်မည့်သူများ ၄င်းတို့၏ စစ်သား အသွင် အယောင်ဆောင်ကာ ဝင်ရောက်မလာစေရန် တနေ့လျှင်အမည်ဝှက်အမျိုးမျိုးပြောင်းလဲ၍ အဝင်အထွက်များ၌ စစ်ဆေးနေကြောင်း၊၄င်းအမည်ဝှက်များကို အချိန်မီမသိရသော ၄င်းတို့၏ အချို့စစ်သား များမှာ အသင့်စောင့်နေသော လုံထိန်းများ၏ ထိန်းသိမ်းမှုကိုပင် ခံလိုက်ရကြောင်း တွေ့မြင်ခဲ့ရသူအချို့ကဆိုသည်။တရုတ်ပြည်မှ ဝယ်ယူထားသော အီလက်ထရွန်းနစ် ခဲယမ်းရှာကိရိယာဖြင့်လည်း
အဝင်အထွက်များ၌ စစ်ဆေးနေကြောင်း သိရသည်။

စစ်ရေးပြမည့် နေပြည်တော်ကွန်ကရစ်ကွင်းကြီး၏ ပတ်ပတ်လည်ဧရိယာ (၁ဝ)မိုင်အတွင်း၌လည်း လေကြောင်း ရန်ကာကွယ်ရေး အခြေချစစ်စခန်းများကို မနှစ်ကတည်းက လျှို့ဝှက်စွာစတင်တည်ဆောက်ခဲ့ရာ ယခုအခါ စုစုပေါင်းစခန်း (၁၃) ခုအထိ ပြီးစီးနေပြီဖြစ်ကြောင်း ခိုင်လုံသောသတင်းရပ်ကွက်မှသိရပါသည်။၎င်းစခန်းများ တွင် ဝေဟင်သို့ ပေ (၃ဝဝဝဝ)အထိ ပစ်လွှတ်နိုင်သည့် အပူငွေ့ရှာပဲ့ထိန်းဒုံးများကိုလည်း တရုတ်၊ရုရှား၊ ယူဂိုဆ လားဗီးယားစသည့် နိုင်ငံများမှဝယ်ယူထားကာ အလုံပိတ်ကားကြီး များဖြင့် စခန်းများအတွင်းသို့ သယ်ယူသွားကြောင်းသိလိုက်ရသူအချို့ကဆိုပါသည်။၎င်းသယ်ယူမှုများမှာ ၂ဝဝ၈ခုနှစ်၊ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ပြုလုပ်ခဲ့ရာ ယခုအခါ စခန်းများအတွင်း၌ ဒုံးကျည်အလုံးရေ သောင်းနှင့်ချီ၍ရှိနိုင်ကြောင်း ခန့်မှန်းကြသူများက ဆိုပါသည်။၎င်းလေကြောင်းရန်ကာကွယ်ရေးစခန်းများအတွက် ရေဒါနည်းပညာများကိုလည်း ၄င်းတို့၏မဟာမိတ် တရုတ်၊ ရုရှားနိုင်ငံများမှ ရယူ ထားပြီး ထိန်းချုပ်ခန်းများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပညာတော်သင်ပြန်ရောက်လာသည့် စစ်ဘက်အရာရှိများကိုသာ တာဝန် ပေးအပ်ထားကြောင်းသိရသည်။
နေပြည်တော်ဝန်းကျင် တောတောင်များ၌လည်း ခြေလျင်တပ်မ (၆) ခု၊ စစ်သားအင်အား(၂ဝဝဝဝ)ခန့် အထိ ထိုးစစ်ဆင်တပ်စွဲ တပ်ဖြန့်နေရာယူထားကြောင်းသိရသည်။မတ်လ (၂၇) ရက်နေ့၌ စစ်အစိုးရလေတပ်စခန်း၊ မိတ္ထီလာ(ရှမ်းတဲ)မှ တိုက်လေယာဉ်အုပ်(၃)အုပ်မှ နေပြည်တော်ဝန်းကျင် အမြင့်ပေ (၂ဝဝဝဝ) နှင့် (၄ဝဝဝဝ)ကြားတွင် ကင်းလှည့်နေမည်ဖြစ်ကာ၊ စစ်အစိုးရလေတပ်စခန်း မင်္ဂလာဒုံမှ တိုက်လေယာဉ်အုပ် (၅)အုပ်မှ (၇)အုပ်ခန့်ထိ နိုင်ငံ၏နယ်စပ်ဧရိယာများ၌ ကင်းလှည့်ပျံသန်းမှုများပြုလုပ်နေမည်ဖြစ်ကြောင်း သိရပြန်ပါသည်။၎င်းတို့၏ စစ်အင်အားပြပွဲကို မနှောင့်ယှက်နိုင်စေရန် ဗဟိုသတင်းအချက်အလက်နှင့် နည်းပညာအကူအညီများကို နိုင်ငံအနှံ့ရှိ ဆက်သွယ်ရေးတပ်၊လေကြောင်းရန်နှင့်အမြောက်တပ်များဆီသို့ တရုတ်ဂြိုဟ်တု ဟိုင်ချွမ်(၃)မှ အဆက်မပြတ်ပေးပို့သွားရန် စီစဉ်ထားပြီး ၄င်းအခမ်းအနားကျင်းပနေချိန်၌ နေပြည်တော်ဝန်းကျင်တွင် မည်သည့်ပြည်တွင်းပြည်ပလေယာဉ်မှ ဖြတ်ကျော်ပျံသန်းမှုမပြုလုပ်နိုင်ရန် ဟန့်တားသွား မည်ဖြစ်ကြောင်းသိရသည်။

ကျင်းပနေချိန်တွင် နေပြည်တော်စစ်အခမ်းအနား၏ (၁၅)မိုင်အတွင်း အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲမှုများ မပြုလုပ်နိုင်စေရန် စစ်အစိုးရ ဝယ်ယူထားသောစက်များမှ အားပြင်းသံလိုက်လှိုင်းများလွှင့်ထုတ် လွှမ်းခြုံ ထားမည်ဖြစ်ကာ ၄င်းနည်းပညာအကူအညီကို ယူကရိန်းနိုင်ငံ မှရယူထားကြောင်း သိရပါသည်။စစ်အစိုးရသည်၎င်းတို့၏ နှစ်စဉ်အင်အားပြမှုကို တနှစ်ထက်တနှစ်တိုး၍ စီစဉ်လာကြောင်း သိရသည်။ စစ်ရေးပြ နည်းစနစ်အကူအညီများကိုလည်း နိုင်ငံ၏စစ်ရေးပြအကောင်းဆုံးစစ်ကျောင်းကြီးမှ နည်းပြများဖြင့်နှစ်စဉ် လေ့ကျင့်ပေးခဲ့ရာ ယမန်နှစ်များ၌ နည်းပြဦးရေ (၃ဝ) ခန့်သာခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် နည်းပြဦးရေ (၄၇)ယောက်ဖြင့် လေ့ကျင့်ပေးနေကြောင်း သိရသည်။စစ်ရေးပြမည့်စစ်သားတဦးအတွက် ဝတ်စုံတဆင်စာအသုံးစရိတ်သည် ကိုင်ဆောင်သည့်လက်နက်မပါ ကျပ်(၆ဝဝဝဝ)ကျော်ခန့်ကျသင့်ကြောင်း သိရသည်။ ယခုဆိုလျှင် စစ်အစိုးရသည် မဟာမိတ်များအကူအညီဖြင့် ၄င်းတို့အနောက်အုပ်စုဟု ခေါ်ဝေါ်သည့်နိုင်ငံများကို အန်တုနိုင်သည့် အနေအထားသို့လည်း ရောက်ရှိလာပြီဖြစ်ရာ ၄င်းတို့၏ တပ်မတော်နေ့အခမ်းအနားသည် တိုက်ပွဲခေါ်သံအလား ပိုမိုကျယ်လောင်လာပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

min ၏ သတင်းပေးချက်

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေပုံတူ ပြပွဲ



Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

REAL VIRUS (Conficker)

http://www.snopes. com/computer/ virus/conficker. as
Last updated: 27 March 2009


Origins: Conficker.C (also known as Kido or Downadup) is the third iteration of a worm which first began slithering its way onto Windows-based PCs in November 2008, with each version growing more sophisticated than the last. Like many other forms of malware, after it has infected a target computer (by downloading a Trojan), it tries to prevent its removal by disabling anti-virus software and blocking access to security-related web sites.

The Conficker worm's purpose is to create a "botnet" of infected computers that can be controlled by Conficker's creators, allowing them to engage in such activities as stealing stored information from those computers, launching attacks against particular web sites, or directing infected machines to send out spam e-mails. Although no one is quite sure how many computers have already been infected by Conficker, estimates place the number upwards of a couple of million.

Beginning on 1 April 2009, infected computers will start attempting to "call home" (i.e., contact control servers in the botnet) in order to receive Conficker updates, which has led to claims that some apocalyptic cyber-event will occur on that date and result in millions of computers being wiped out or large portions of the Internet being disabled. Although no one really knows what's going to happen with Conficker on (or after) that date, security experts have opined that it likely won't be nearly as substantial as some of the wilder speculation would have it:
Security researchers say the reality is probably going to be more like what happened when the clocks on the world's computers turned to January 1, 2000, after lots of dire predictions about the so-called millennium bug. That is, not much at all.

"It doesn't mean we're going to see some large cyber event on April 1," Dean Turner, director of the global intelligence network at Symantec Security Response, said.

It's likely that the people behind Conficker are interested in using the botnet, which is comprised of all the infected computers, to make money by distributing spam or other malware, experts speculate. To do so, they would need the computers and networks to stay in operation.

"Most of these criminals, even though they haven't done something with this botnet yet, are profit-driven, " said Paul Ferguson, an advanced-threats researcher for Trend Micro. "They don't want to bring down the infrastructure. That would not allow them to continue carrying out their scams."
In February 2009, Microsoft announced it had formed a partnership with other technology agencies to coordinate a response to Conficker and was offering a $250,000 reward for information leading to the arrest and conviction of those responsible for launching the Conficker code on the Internet. In October 2008, Microsoft issued a patch to close a vulnerability in Windows-based systems that could be used for a wormable exploit, and in March 2009 it published an alert with instructions and tools for stopping the spread of Conficker and removing it from infected systems.

____________ _________ _________ _________ _

Sources
Mills, Elinor. "Conficker Time Bomb Ticks, But Don't Expect Boom."
CNEt News. 25 March 2009.
Potter, Ned. "Conficker Computer Worm Threatens Chaos."
ABC News. 25 March 2009.
Prince, Brian. "Conficker: The Windows Worm That Won't Go Away."
eWeek. 25 March 2009.
Worthen, Ben. "Conficker: Don’t Believe the Hype."
The Wall Street Journal. 26 March 2009.

Additional information:

Protect Yourself from the Conficker Computer Worm (Microsoft)
Published: March 27, 2009
http://www.microsof t.com/protect/ computer/ viruses/worms/ conficker. mspx
http://www.hoax- slayer.com/ sleeper-virus- warnings. shtml
http://www.truthorf iction.com/ rumors/c/ conficke- downadup. htm

အပြည့်အစုံသတင်းဖတ်ရန်....

တရုတ်လဲ ချီးထုပ်ကို စိတ်ညစ်နေပြီ

တရုတ်တီဗွီက ဗမာစစ်ခေါင်းဆောင်များအား ဝေဘန်သည့် သတင်း ထုတ်လွင့်
စနေနေ့၊ 28 မတ်လ 2009 သျှမ်းသံတော်ဆင့်

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ဖမ်းဆီးထားခြင်းအပေါ် ကုလသမဂ္ဂလူ့ အခွင့်အရေး ကောင်စီ မတရားဖမ်းဆီးခြင်းဆိုင်ရာ အလုပ်အဖွဲ့က ထုတ်ဖေါ်ပြောကြားချက်အပေါ် တရုတ်ယူနန်ပြည်နယ် ရုပ်သံ လှိုင်းက မတ်လ ၂၅ရက်နေ့ ညတွင် ထုတ်လွင့်သွားသည်။
ဗမာစစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် လက်ရှိ မြန်မာနိုင်ငံဥပဒေနှင့်နိုင်ငံ တကာ ဥပဒေ

နှစ်ရပ်စလုံးကို ချိုးဖေါက်ခြင်း ဖြစ်ကြောင်း မတရားဖမ်းဆီးခြင်း ဆိုင်ရာအလုပ်အဖွဲ့ (UN Working Group On Artitarary Detention ) ကထုတ်ဖေါ်သောပြောကြားချက်များ ဖြစ်သည်။

“ဗမာပြည်အစိုးရက နိုင်ငံတကာဥပဒေကိုမပြောနဲ့ သူ့ရဲ့၁၉၇၅ က ထုတ်ပြန်ထားတဲ့ ပြည်တွင်း ဥပဒေကို တောင်ချိုး ဖေါက်နေတယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ မေလကတည်းက လွတ်ပေးရမှာ။ အခု ထက်ထိမလွတ်ပေး သေးဘူး။ ဒါကကုလသမဂ္ဂက ပြောတယ်။ အဲဒီသတင်းကို ပဲပြန်လွင့်တာပါ” ကိုယ် တိုင်ရုပ်မြင်သံကြား ကြည့်ရသည့် ရွေလီအခြေစိုက် စာနယ်ဇင်းသမား တစ်ဦးက သျှမ်းသံတော်ဆင့်ပြောသည်။

ယခုကဲ့သို့ ယူနန်ရုပ်သံဌာနမှ သတင်းလွင့်နေချိန်တွင် ဒေါ်စု၏လှုပ်ရှားမှု နောက်ခံဓါတ်ပုံများနှင့်ပါ ဝေေ၀ဆာဆာ တင်ဆက်ပြသသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဘက်ကရောင်းတွေက အဲလိုသတင်းပြောနေတုန်းမှာ ဒေါ်စုရဲ့ လူထုလှုပ်ရှားမှုပုံ တွေပြန်ပြတယ်၊ ဂမ်ဘာရီ လာတဲ့အချိန် တွေ့တဲ့ပုံတွေပြတယ် ” လို့ သူကဆက်ပြောသည်။

တရုတ်ပိုင်သတင်းဌာနများက ဗမာစစ်အာဏာပိုင်များအား ဝေဘန်သည့် အကြောင်းအရာများကို မည်သည့် အခါမှ ဖေါ်ပြလေ့မရှိပဲ ယခုတစ်ကြိမ်သာ မြန်မာနှင့် နယ်စပ်ချင်း ကပ်လျှက်ရှိသည့် ယူနန်ပြည်နယ် ရုပ်သံလှိုင်း က ထူးထူးခြားခြား မတ်လ ၂၅ ရက်ညပိုင်းနှင့် ၂၆ ရက်မနက်ပိုင်းတို့တွင် ဆက်တိုက် ထုတ်လွင့်သွားခြင်း ဖြစ်သည်။

၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်လိုက်သ ဖြင့် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Cheng- Rui-Sheng က (NLD) ပါတီဋ္ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး ပါတီအားဂုဏ်ယူ ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား လွတ်ပေးရန် တောင်းဆိုခဲ့ဘူးသော်လည်း နောက် ပိုင်းတွင်အတိုက်အခံများနှင့် ပတ်သက်၍ ရေငုံနူတ်ဆိတ်နေခဲ့သည်။

နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် ဗမာစစ်ဗိုလ်ချုပ်ကြီးများ အပေါ် အရင်းနှီးဆုံးမိတ်ဆွေအဖြစ် ဆက်ဆံရေးထားရှိပြီး အကာအကွယ်ပေးလေ့ရှိကာ ဗမာနိုင်ငံရေးနှင့်ပတ်သက်လျှင် ပြည်တွင်းရေး ပြဿနာတစ်ရပ်အဖြစ် ထုတ်ဖေါ်ပြောကြား လေ့ရှိသဖြင့် အများက ဝေဘန်ခြင်းခံနေရသည့် နိုင်ငံလည်းဖြစ်သည်။

ယခုလပိုင်းအတွင်း ဂျနီဖာတွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Mr.Quintana နှင့်ဆွေး နွေးပွဲတွင် တရုတ်ပြည်မှ ကိုယ်စားလှယ် Yan- Jia- Rong က ဗမာပြည်အရေးနှင့်ပတ်သက်၍ ဒီမိုကရေစီ ဖြစ်စဉ်များ နှင့်လူ့အခွင့်အရေးကိစ္စများတွင် တိုးတက်မှု့ရှိလာကြောင်း အကျဉ်းသားများလွတ်ပေးမှု များ လမ်းပြ မြေပုံ အကောင် အထည်ဖေါ်နေမှု့များကို ထောက်ပြ၍ စစ်အဏာပိုင်များဘက် ထောက်ခံပြောကြားခဲ့ကြောင်း၊ အခြား တစ်ဘက်တွင် လည်း ဗမာပြည်အရေးသည် ဒေသတွင်းသာမကတော့ပဲ အပြည်ပြည်ဆိုင်ရာ အရေးတစ်ခု ဖြစ်လာ နေကြောင်းထုတ်ဖေါ် ပြောကြားခဲ့သည်။

ထိုသို့ ဒေါ်စုအဖမ်းဆီးခံထားရသည့် အပေါ် ကုလသမဂ္ဂက စစ်အာဏာပိုင်များအား ဝေဘန်ပြောကြားသည့် သတင်း ထုတ်လွင့်ခြင်းသည် တရုတ်နိုင်ငံ၏ မြန်မာပြည်ဆိုင်ရာ ပေါ်လစီအပြောင်းအလဲ တစ်ခုဖြစ်နိုင်သလားဟု တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား မေးမြန်းကြည့်ရာ သူ အခုလို ပြောသည်။

ရက်ပိုင်းအတွင်း တရုတ် နံပတ်အဆင့် (၅)ရှိ ခေါင်းဆောင်တစ်ဦးလည်းဖြစ် ယဉ်ကျေးမှု နှင့်ပြန်ကြားရေး ၀န်ကြီး လည်း ဖြစ်သော မစ္စတာ လီချန်ချွင်းသည် ဗမာစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံချိန်နှင့်လည်း တိုက်ဆိုင်နေသဖြင့် ယခုသတင်း ထုတ်လွင့်မှုသည် အဆက်အစပ်ရှိရှိ ဖြစ်ပေါ်နေမှုတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နှင့်ဗမာအတိုက်အခံများဆက်ဆံရေး အေးစက်နေဆဲ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် အခြေခံအားဖြင့် ပြောင်းလဲခြင်းမရှိသည့် ဖေါ်ပြချက်မျိုးစုံရှိသည်။ အခြေခံမူဝါဒဒာားဖြင့် နယ်စပ်ဒေသတည်ငြိမ်မှု ရှိရေး ကုန်သွယ်စီးပွားရေးဖွံ့ဖြိုးရေး လုံခြုံရေး ကိစ္စများပင် ဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

“အဆက်အစပ်မရှိတဲ့အရာတွေမဟုတ်ဘူး။ အဆက်အစပ်ရှိရှိပေါ်လာတဲ့ ကစားကွင်းကြီးတစ်ခုဖြစ်တယ်။ ဗမာစစ်အုပ်စုက လည်း တရုတ်ကိုကစားပြနေတယ်။ ဒီလိုအကွက်ကိုထွင်ပြီး ကစားပြနေတာဖြစ်တယ်။ ထူးထူးခြားခြား အတိုက်အခံ တွေအပေါ် ပြောင်းလဲလာတာတော့မဟုတ်ဘူး ” သူကပြောသည်။

၂၀၀၁ မတိုင်မှီ တရုတ်သမတကျန်ဇီမင်း ဗမာပြည်သို့အလည်အပတ် သွားရောက်ခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ အင်အားစုများနှင့် တရုတ်ကင်းကွာသွားခဲ့ကြောင်း ပြောသည်။ ယခုအချိန်အထိတော့ တရုတ်နှင့်ဒီမိုကရေစီအင်အားစု၏ ဆက်ဆံရေး နီးစပ်သည့်အနေအထားမရှိသေးဟု သူက ဆက်ပြောသည်။


တရုတ်မဟာဗျူဟာ မပြောင်းလဲ နည်းပရိယာယ်ပိုင်းသာ ကစားခြင်းဖြစ်

ယခု အမေရိကန်သမတသစ်တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီပြောင်းလဲတော့မည်ဆိုသည့် အသံများထွက်လာကာ ရက်ပိုင်းအတွင်း မစ္စတာ ဘလိတ် စစ်ခေါင်းဆောင်များနှင့်ရော အတိုက်အခံများနှင့်ပါ တွေ့ဆုံခဲ့သည့်အပေါ် တရုတ်တို့အတော်စိတ်ဝင်စားကြောင်း ဦးအောင်ကျော်ဇော ကပြောသည်။

အတိုက်အခံတွေဘက်ကတော့ အကောင်းကြီးမျှော်လင့်လို့မရကြောင်း၊ တရုတ်သည် နိုင်ငံတကာ အရေးအခင်းများ ကစားကွက်များ နည်းပရိယာယ်ပိုင်းများတွင် လွန်စွာကြွယ်ဝကျွမ်းကျင်ကြောင်း ထောက်ပြသည်။


“တရုတ်က အမေရိကန်နဲ့ဗမာစစ်အစိုးရ ပလူးပလဲဖြစ်နေမှာကို စိုးရိမ်တယ်။ နောက်တစ်ခုက ဗမာစစ်တပ်က လည်း ရုရှားနဲ့အတော်လေးနီးစပ်နေတယ်။ မြောက်ကိုးရီးယားနဲ့ဗမာက နီးစပ်နေတယ် ဒါကဗမာက ကစားနေတာ မြောက်ကိုးရီးယားက တရုတ်အိမ်နီးချင်း၊ ဗမာကလည်း အိမ်နီးချင်းဖြစ်တယ်။ မြောက်ကိုးရီးယားက အခုလက်နက် အင်အားကြီးလုပ်ပြီး ရမ်းရမ်းကားကားလုပ်နေတာ တရုတ်က သူ့တာဝန်မကင်းသလိုဖြစ်နေတယ်။ ဗမာကလည်း ဒီလိုဖြစ်လာမှာ သူက စိုးရိမ်တယ် ” ဟုသူကပြောသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အောင်ပွဲသတင်း

ကေအဲန်ယူ တိုက်ခိုက်မှုကြောင့် နအဖစစ်သည်၁၁ဦး ကျဆုံးထိခိုက်
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)တပ်မဟာ ၄မှ နအဖ ၅၅၇ခြေမြန်တပ်ရင်း စစ်ကြောင်းကို မတ်လ ၂၇ရက်နေ့တွင် ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ ဒုရင်းမှူးအပါအ၀င် ၁၁ဦး အပြင်းအထန် ကျဆုံးဒဏ်ရာရရှိသည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၄)မှ တပ်ခွဲမှူးဗိုလ်ကြီးလေးသိန်းဦးစီးသည့် အင်အား ၁၅ဦးပါအဖွဲ့သည် ထိုနေ့နေ့လည် (၁၁:၃၀)နာရီတွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အမိုကျေးရွာတွင် အခြေစိုက်သည့် နအဖ ခမရ ၅၅၇စစ်ကြောင်း ၂မှ ဒုရင်းမှူး ဗိုလ်မှူး

အောင်မျိုးသိန်းဦးစီးသည့် စစ်ကြောင်းကို လက်နက်ကြီးငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၄မှ ပေးပို့လာသည့် သတင်းများအရ သိရသည်။

နာရီဝက်ကြာသည့် အဆိုပါတိုက်ပွဲတွင် ဒဏ်ရာပြင်းထန်သူများကို ထားဝယ်မြို့ဆေးရုံသို့ ပို့ဆောင်ရာ ဆင်ဖြူဒိုင်ကျေးရွာအရောက်တွင် တပ်ခွဲမှူးဗိုလ်သက်အောင်(ကြည်း-၃၆၉၂၇)၊ တပ်ကြပ်ကြီးစိုးဝင်း(အမှတ်-၅၇၆၄၈၅)၊ တပ်ကြပ်ကြီးသန့်ဇင်အောင်(အမှတ်-၁၁၈၅၀)နှင့် တပ်ကြပ်ကြီးစိုးသန်း(အမှတ်-၆၇၈၄၉၂)တို့ လေးဦးမှာ ကျဆုံးသွားပြီး ဒဏ်ရာရရှိသည့် ကျန်စစ်သည်များမှာ တပ်ကြပ်ကြီးဇော်ထူးအောင်၊ ဒုတပ်ကြပ်ဇော်လင်းထိုက်၊ ဒုတပ်ကြပ်အောင်ဝင်း၊ တပ်သားဝင်းလွင်ထွန်း၊ တပ်သားရာဇာထွန်း၊ တပ်သားကျော်သူရနှင့် တပ်သားရဲထွတ်အောင်တို့ဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်ခံရသည့် နအဖစစ်ကြောင်းသည် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထီးထာ့ကျေးရွာကို အခြေပြုသည့် ရှေ့တန်းအမှတ် ၁၃စစ်ဆင်ရေးဌာနချုပ် လက်အောက်ခံရှေ့တန်းနည်းဗျူဟာ ၁မှူး ဗိုလ်မှူးကြီးသန်းမြင့် ကွပ်ကဲမှုအောက်မှ စစ်ကြောင်းတကြောင်းဖြစ်သည်ဟု ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ထံသို့ ပေးပို့သော တိုက်ပွဲသတင်းများအရ သိရသည်။
ကရင်သတင်းစဉ်(KIC)
http://ehkhaungthaunt.blogspot.com/2009/03/blog-post_3062.html

အပြည့်အစုံသတင်းဖတ်ရန်....

ကုန်ပါပြီဗျာ..

တရုတ်-မြန်မာ လောင်စာပိုက်လိုင်း သွယ်တန်းရန် သဘောတူ
မေကျော်
သောကြာနေ့၊ မတ်လ 27 2009 19:00 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်ကာ ကီလိုမီတာ ၂ဝဝဝ ကျော် ရှည်လျားမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ရန်အတွက် မြန်မာနှင့် တရုတ် တာဝန်ရှိသူများ ယမန်နေ့က သဘောတူခဲ့ကြသည်။

တရုတ်အမျိုးသား စွမ်းအင်အုပ်ချုပ်ရေးမှူး မစ္စတာကျန်းကောပေါင်နှင့် မြန်မာစွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ် လွန်းသီက သဘောတူစာချုပ် လက်မှတ်ထိုးခဲ့သည်။

ယူနန်က ယွမ်ငွေ ၇၂ ဘီလီယံ (စကာင်္ပူ ဒေါ်လာ ၁၅ ဒဿမ ၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည့် စွမ်းအင်စီမံကိန်းတွင် အပါအဝင်ဖြစ်သည့် ယခု ပိုက်လိုင်းစီမံကိန်းကို ပထမခြောက်လအတွင်း စတင်မည်ဟု ယနေ့ထုတ် တရုတ်အစိုးရသတင်းစာက ဆိုသည်။

ပိုက်လိုင်းသည် ယူနန်ဒေသ ရွှေလီ၊ ကူမင်းနှင့် ဂွမ်ဇိုးပြည်နယ် Chongqing ဒေသကို ဖြတ်သန်းဖောက်လုပ်မည်ဟု တရုတ်စွမ်းအင်ဌာန အကြီးတန်း အရာရှိတဦးက ပြောကြားကြောင်း The Straits Times သတင်းအရ သိရသော်လည်း မြန်မာဘက်မှ မည်သည့် ဒေသများကို ဖြတ်သန်းသွားမည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါ။

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်