Tuesday, December 29, 2009

နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားလေ၊ နအဖအတွက် လုပ်သူတွေကလည်း ခြေလှမ်းသွက်လေ၊ ပြည်သူတွေ မျက်စိရှင်ရှင် နားစွင့်စွင့်နဲ့  နေကြပါဗျို့ 

သိန်းတင်အောင်နဲ့ ဖြိုးမင်းသိန်း တို့က ဒီနေ့  ဒီဇင်ဘာ ၃၀ ရက်နေ့ မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်လိမ့်မယ်။ နေ့လည် (၁) နာရီကနေ (၃) နာရီအတွင်း။ နေရာက အမှတ် ၁၂၃၊ ဘီ (၃)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်ပါ။ မြန်မာ့အရေးဆွေးနွေးပွဲကော်မတီ ဆိုပြီး နာမည်ခံထားတယ်။

သူတို့ ရဲ့ ကျောထောက်နောက်ခံက ၀န်ကြီး အောင်သောင်းရဲ့ PA ဗိုလ်ကြီး ကိုကိုနိုင်ပါ။ သူတို့ထဲမှာ ကျောင်းသားအမည်ခံပြီး ၈၈ တုန်းက ဗိုလ်ခင်ညွန့်တို့နဲ့ ပူးပေါင်းသွားတဲ့ ဖောက်ပြန်ရေးသမား ဘီဘီစီ ကိုကိုလတ်ရဲ့ အပေါင်းအပါတွေပါတယ်။ ကြားထဲက ပွဲစားလုပ်နေသူက အေးလွင်ရဲ့ အလိုတော်ရိ တင်မောင်အေးပါ။

အစီအစဉ်တွေအားလုံးကို မြို့နယ် မ-ယ-က နဲ့ရော၊ SB သတင်းတပ်ဖွဲ့ရော၊ တာမွေ ကြံ့ဖွတ်နဲ့ရော ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ ပြည်ပက မြန်မာသတင်းဌာန အပါအ၀င် နိုင်ငံခြားသတင်းဌာနများကို ၈၈ ကျောင်းသားခေါင်းဆောင်တွေက လုပ်သယောင်ယောင်

သတင်းလွှင့်ပြီး ဖိတ်ထားပါတယ်။

သူတို့အားလုံးဟာ အေးလွင်နဲ့ မတည့်သယောင်ယောင် ဟန်ပြပြီး အေးလွင် မြောင်းထဲရောက်နေရာကနေ ပြန်ဆယ်တင်ဖို့ စနစ်တကျ ဗျူဟာဆွဲပြီး လှုပ်ရှားနေကြပါတယ်။ အေးလွင်ဟာ စစ်အစိုးရရဲ့ ဗျူဟာမြောက် ၈၈ရဲ့ ဂုဏ်သိက္ခာကို ဖြိုခွဲပေးသူဖြစ်ပါတယ်။

အောက်ပါအချက်တွေကို မှတ်သားပြီး သင့်လျော်သလို propaganda အလုပ်များမှာ သတိထားသင့်ပါတယ်။

(၁) သိန်းတင်အောင်ဟာ အေးလွင်နဲ့အတူတူ ၀န်ကြီးအောင်သောင်းရဲ့ favour ကိုရဖို့ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း မဟုတ်တရုတ်တွေ စာထုတ်ပြီး ဖော်ပြခဲ့တယ်။ သူ့ကိုယ်သူ 141 ခေါင်းဆောင်လိုလို ၈၈ ကို အရောင်အသွေးမှိန်အောင် လုပ်ခဲ့ပါတယ်။

(၂) ဘီဘီစီ ကိုကိုလတ်ဟာ ခင်ညွန့်တို့ ထောက်လှမ်းရေး မရှိတော့တဲ့နောက်ပိုင်း စ-အ-ဖ နဲ့ SB တို့နဲ့ အလုပ်လုပ်နိုင်ဖို့ ပြန်ကြိုးစားလာပါတယ်။ သူက အခု သိန်းတင်အောင်တို့နဲ့ ပူးပေါင်းထားပါတယ်။ ( ဒါပေမယ့် အပြမှာတော့ မတူသယောင် လုပ်ထားတယ်။)

(၃) ဖြိုးမင်းသိန်းရဲ့ ကျောထောက်နောက်ခံက ဒေါ်ချိုချိုကျော်ငြိမ်းပါ။ သူက ကိုဌေးကြွယ်နှမကို ရအောင်ချိုင်ပြီး NLD နဲ့လည်း မရအရ ပူးကပ်နေပါတယ်။ သူ့ဆောင်ရွက်ချက်တွေကို သန်လျင် SB က ထောက်ပံ့ပါတယ်။

(၄) တင်မောင်အေးက အမည်မထင်မရှားနေပြီး internet ဆက်သွယ်မှုတွေ ဆောင်ရွက်ပေးပါတယ်။ အေးလွင်နဲ့တုန်းကလည်း ဒီလို အလုပ်လုပ်ပေးလို့ GSM ဖုန်းတစ်လုံး အမြတ်ထွက်ခဲ့ပါတယ်။ နောက်ပိုင်း ဝေစု မတည့်တော့လို့ သိန်းတင်အောင်လိုပဲ အေးလွင်က ဖယ်ထုတ်ထားတာပါ။

(၅) နေမျိုးဝေက ဘလော့ဂ်တစ်ခု ပြုလုပ်ပြီး SB ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားမှာ အလုပ်လုပ်နေသူပါ။ သူက ရှမ်းပြည် ခွဲထွက်ရေး စိတ်ကူးယဉ် ဦးရွှေအုန်းကို ချဉ်းကပ်ပြီး အလုပ်လုပ်ဖို့  ကြိုးစားနေပါတယ်။ သူက အဲဒီသိန်းတင်အောင်တို့ရဲ့ ဒိုင်ခံ ၀ါဒဖြန့်ချိရေးဆောင်ရွက်သူပါပဲ။

(၆) နေမျိုးဝေ၊ တင်မောင်အေးတို့ဟာ UDP အတွင်းရေးမှူး ကျော်မိုးနဲ့ ဆက်သွယ်ပြီး ပြည်တွင်း မှာ ပါတီဖွဲ့စည်းခွင့်ရရင် တစ်နည်းတစ်ဖုံ UDP အဖြစ် ရပ်တည်ဖို့ ဆောင်ရွက်နေပါတယ်။

(အီးမေလ်းမှပေးပို့ လာသူ မိတ်ဆွေတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်)

1 comment:

Myo said...

မျက်စိရှင်ရှင် နားစွင့်စွင့်နဲ့  နေချင်တဲ့ ဘက်မလိုက် ပြည်သူ တွေ အတွက်
http://www.naymyowai.co.cc မှာ
သိန်းတင်အောင်နဲ့ ဖြိုးမင်းသိန်း
ရေးတဲ့စာ, BBC interview ဖတ်လို့ရပါတယ်.

Post a Comment

ယခင် သတင်းများ ဖတ်ရန်