Thursday, December 3, 2009

အဖွင့်နဲ့ အပိတ်..ဘယ်သူက ဘိတ်ချေးချိတ်ပြီလည်း..

သန်းမြင့်-ဦး တို့ ရှုံးသွားပြန်ပြီ

ဒီဇင်ဘာလ ၂ ရက်နေ့ (မနေ့က) လန်ဒန်မှာ
ဗမာပြည်ကိုစီးပွားရေးပိတ်ဆို့တာရုပ်သိမ်းဖို့အချိန်ကျပြီ ဆိုတဲ့ခေါင်းစဉ်နဲ့ It is time to lift sanctions against Burma
စကားစစ်ထိုးဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ စကားစစ်ထိုးပွဲတွင် ....

နအဖ အတွက် လော်ဘီလုပ်ပေးနေသော
သန်းမြင့်-ဦး (ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေး) Dr Frank Smithuis နှင့် Derek Tonkin တို့ ၃ ယောက်က စီးပွားရေးရုပ်သိမ်းဖို့ အဆိုဖက်က ဆွေးနွေးခဲ့ပြီး၊
မြန်မာ့ဒီမိုကရေစီအရေးအတွက်လှုပ်ရှားဆောင်ရွက်နေသော
Burma Campaign UK က Mark Farmaner , Christian Solidarity Worldwide က Benedict Rogers, Human Rights Watch's Asia Division က Brad Adams တို့ ၃ ဦးက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းတာမလုပ်သင့်သေးကြောင်း အချေဖက်က ဆွေးနွေးသွား ပါတယ်။

စကားစစ်ထိုးပွဲလုပ်နေသည်ကို အင်တာနက်ပေါ်မှ တိုက်ရိုက်ကြည့်ရှူနိုင်ပြီး တိုက်ရိုက်မဲပေးနိုင်ခဲ့ပါတယ်။
ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ကြားနေမဲ ၃မျိုး ၃စား ရှိပြီး၊

စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းဖို့ကို ထောက်ခံတဲ့ဖက်က 33.9 %

ကန့်ကွက်တဲ့ဖက်က 65.3 %

မပြောတတ်ပါဆိုတဲ့ ကြားနေမဲက 0.8 % ရရှိသွားခဲ့ပြီး၊

စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းဖို့ အဆိုတင်သွင်းခဲ့တဲ့ သန်းမြင့်-ဦး တို့ဖက်က အပြတ်အသတ် ရှုံးနိမ့်သွားကြောင်း သိရှိရပါတယ်။

မဲပေးခဲ့တဲ့ Result ကိုကြည့်ချင်ရင် အောက်ပါလင့်ခ်
http://events.intelligencesquared.com/vote-result.php?debate=EVT0193
မှာ ၀င်ရောက်ကြည့်ရှူနိုင်ပါသည်။

သားဆွေ ပေးပို့ သည်။

1 comment:

Anti-Burma said...

What ever the result here is reality.

Contracted foreign investment in Myanmar has hit 7.646 billion US dollars in 17 years since the country opened to such investment in late 1988. Coming from 27 countries and regions, the foreign investment is dominated by Singapore in 72 projects with 1.572 billion dollars, accounting for 20.57 percent of the total, according to the government's Foreign Investment Commission (FIC). In the top-five foreign investors line-up, Britain stands the second largest with 1.431 billion dollars in 38 projects.

Anti-Burma

Post a Comment

ယခင် သတင်းများ ဖတ်ရန်