Wednesday, December 2, 2009

မှော်ဘီ လေတပ် စခန်းမှ တရုတ်လုပ် တိုက်လေယာဉ် လေ့ကျင့် ပျံသန်း နေစဉ် ပျက်ကျ


တရုတ်လုပ် တိုက်လေယာဉ်
Freedom News Group | တရုတ် နိုင်ငံမှ ၀ယ်ယူထားသည့် မြန်မာ့ လေတပ်မှ တိုက်လေယာဉ် တစ်စီးမှာ ဗူဒ္ဓဟူးနေ့ နေ့လည်က မှော်ဘီ လေတပ် စခန်း မှနေ၍ လေ့ကျင့် ပျံသန်းနေစဉ် ဧရာဝတီတိုင်း ကြံခင်းမြို့၏ မြောက်ဘက် အနီးတွင် ပျက်ကျမှု ဖြစ်ပွားခဲ့သည် ဟု Freedom News Group မှ စုံစမ်း သိရှိရသည်။

လေ့ကျင့်ပျံသန်း နေသော ထိုလေယာဉ်တွင် မြန်မာ့ လေတပ်မှ လေသူရဲ နှစ်ဦး ပါဝင်သည် ဟု သိရသည်။ ပျက်ကျသွားသည့် အဆိုပါ တိုက် လေယာဉ်သည် အမေရိကန် လုပ် F-16 တိုက် လေယာဉ် ပုံစံကို တုပ ထားသည် တရုတ်လုပ် J စီးရီ အမျိုးအစား ဖြစ်သည် ဟု သိရသည်။

ပျက်ကျ သွားသည့် လေယာဉ်တွင် ပေါက်ကွဲ စေတတ်သည့် လက်နက်များ တပ်ဆင်ထားခြင်း မရှိဟု သိရသည်။ မိုးတွင်း ကာလ လွန်မြောက်ပြီး နောက်ပိုင်းတွင် နယ်စပ် ဒေသ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ထိုးစစ်ဆင်နိုင်ရန် အတွက် မြန်မာ့ လေတပ်မှ လေသူရဲများမှာ လေတပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်း၏ အမိန့်အရ အပြင်းအထန် လေ့ကျင့် ရသည် ။

ပျက်ကျ သွားသော လေယာဉ်တွင် ပါရှိသည့် လေသူရဲ နှစ်ဦး၏ အခြေအနေနှင့် လေယာဉ် အမျိုးအစားကို Freedom News Group မှ စုံစမ်းဆဲ ဖြစ်သည်။

စစ်အစိုးရ အဖွဲ့ဝင်များ ရုံးထိုင်ရာ နေပြည်တော် မြို့သစ် တည်ဆောက် ပြီးချိန်မှ စ၍ မှော်ဘီ ၊ မင်္ဂလာဒုံ နှင့် မတ္ထီလာ ရှမ်းတဲ လေတပ် စခန်းများမှ တိုက်လေယာဉ်များသည် ခဲယမ်း လက်နက် အစစ်များ တင်ဆောင်၍ လေ့ကျင့်မောင်း နှင့် ခွင့်မပြုသည့် ပြင် တိုက်လေယာဉ် တစ်စီး ပျံသန်းတိုင်း နေပြည်တော်ရှိ ကာကွယ်ရေး ၀န်ကြီးဌာနသို့ သတင်းပို့ ရသည် ဟု အမည် မဖော်လိုသည့် လေတပ် အရာရှိ တစ်ဦး
က ပြောသည်။

source by : Freedom News Group

1 comment:

yarwana said...

မှော်ဘီလေတပ်မှ ယခုဖော်ပြသော တိုက်လေယာဉ်များပျံသန်းလေ့ကျင့်ခြင်း မရှိသလို ယခု လိုလေယာဉ်များမရှိပါခင်ဗျာ သတင်းမှားယွင်းနေပါသည် မင်္ဂလာဒုံလေတပ်ဆိုလျှင် ပိုမိုဖြစ်နိုင်ချေရှိပါသည်.

Post a Comment

ယခင် သတင်းများ ဖတ်ရန်