Wednesday, December 2, 2009

မြန်မာပြည်မှာပိုက်ဆံသာပေး အကုန်ဖြစ်တယ်

တောတွင်း ခရီးကြမ်း အပြေးပြိုင်ပွဲတွင် မပါဝင်၍ လုံထိန်း တပ်ရင်း ၂ ရင်းမှ ကျပ်ငွေ တသိန်းစီဒဏ်တပ်ခံရ12/1/2009


ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသည့် လုံထိန်းတပ်ရင်းများကို ပြုလုပ်သည့် တောင်တွင်း ခရီးကြမ်းအပြေးပြိုင်ပွဲတွင် မပါဝင်ခဲ့သည့်အတွက် လုံထိန်းတပ်ရင်း နှစ်ရင်းမှ ဒဏ်ငွေ တသိန်းစီ နိုင်ငံတော်ရဲဌာနချုပ်ကို ပေးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဒဏ်ဆောင်ခဲ့ရသည့် တပ်ရင်းနှစ်ရင်းမှာ စစ်တွေအခြေစိုက် အမှတ် ၁၂ လုံထိန်းတပ် ရင်းနှင့် မောင်တောအခြေစိုက် အမှတ် ၁၃ တပ်ရင်းတို့ဖြစ်သည်။

“ကျွန်တော်တို့တပ်က ဆရာကြီး လင်းထင် မနေ့ကဘဲ ရိုးမဘဏ်ကတဆင့် နည်ပြည် တော် ရဲဌာနချုပ်ကို ငွေလွဲပေးလိုက်ရတယ်။”ဟု အမှတ် ၁၂ တပ်ရင်းမှ တပ်သားတဦးကပြောသည်။

ယခုပြုလုပ်ခဲ့သည့် တောတွင်းခရီးကြမ်းအပြေးပြိုင်ပွဲမှာ ၂၀၀၉ ခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲဖြစ်သည်။

“ကျွန်တော်တို့တပ်ကလည်း ဒီအကြိမ်မပါနိုင်ခဲ့ဘူး။ အရင်အကြိမ်တွေကတော့ အရာရှိ တဦးနဲ့ တပ်သား ၂၅ ယောက်စီသွားခဲ့တယ်။ အခုကျွန်တော်တို့ မသွားတဲ့အတွက် တပ်ရင်း ရံပုံငွေက ငွေ ၁သိန်း စီဒဏ်တပ်ပါတယ်။ ဒီလ ၂၄ ရက်နေ့ကဘဲ ဆရာကြီး ထိန်လင်း လွဲပေးလိုက်ပြီ။”ဟု မောင်တောအခြေစိုက် အမှတ် ၁၃ တပ်ရင်းမှ တပ်သားတဦးကပြော သည်။

ယခုပြုလုပ်နေသည့်ပြိုင်ပွဲတွင် လက်နက်ခဲယမ်းမီးကျောက် ရိက္ခာအပြည့်နှင့် တောထဲတွင် တနေ့ ကို ၅ မိုင်နှုန်းဖြင့် နေ့တိုင်း ချီတက် ရခြင်းဖြစ်သည်။

“ဘာမှထူးတာလည်းမဟုတ်ဘဲ အလကားပင်ပန်းတာပဲဆိုတော့ ဘယ်သူမှမသွားချင်ကြဘူး ဆိုတော့ ငွေ တသိန်းလျော်ပေးလိုက်တာပဲ ကောင်းတယ်ဆိုပြီး မသွားဘဲနေကြတာပါ။” ဟု မောင်တောတပ်ရင်းမှ တပ်သားကပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အမှတ်၁၂ တပ်ရင်၊ စစ်တွေ အမှတ် ၁၃ နှင့်ဘူးသီး တာင်မြို့နယ်တွင်တရင်း စုစုပေါင်း လုံထိန်းတပ်ရင်းသုံးရင် တပ်စွဲထားသည်။
http://www.narinjara.com/detailsbur.asp?id=2181 ကပါ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်