Thursday, December 3, 2009

နောက်လိုက်မရှိ ဗိုလ်ချည်းရှိတဲ့တိုင်းပြည်..

လာမဲ့ ဒီဇင်ဘာလ ၁၁ ရက် နေ့ဆို ၊ မေမြို့ ဒီအက်အေ ကျောင်းဆင်းပွဲ ရှိပါတယ်။နောက်ထပ် တပါတ် ၁၈ ရက် နေ့ မှာ စစ်အင်ဂျင်နီယာ ကျောင်းဆင်းပွဲ ပါ။နောက်ထပ် ဒီဇင်ဘာ ၂၄ မှာ စစ် ဆေးတက်ကသိုလ် တွေ ကျောင်းဆင်းမှာပါ။အားလုံး လူ ၇ဝဝဝ ကျော် လောက် ဗိုလ်ကလေးတွေ ဖြစ်ကြဦးမှာပါ။
နိုင်ငံတော်ကြီး တွေလဲ ကျောင်းဆင်းပွဲ တွေ လိုက်တက် နေကြရလို့ ဒီ တလ တော့အားကြမယ် မထင်ပါ။ အခု နှစ် ဒီအက်အေ က တော့ ဆင်းတဲ့ ကျောင်းဆင်းထဲဒီ နှစ် က လူ အများဆုံးပါ တဲ့ ခင်ဗျ ။ လူပေါင်း ၃၇ဝဝ ကျော် ဆင်းပါမယ်။
ဘယ်လောက် များ သလဲ ဆိုရင် ၊ အရင် အသုတ်တွေ တုံး က ၊ ဗိုလ်လောင်း ၁ ယောက် ကိုမိဘ ၂ ဦး နဲ့ ဧည့်သည် ၂ ဦး ပွဲတက်ခွင့် ရှိပါတယ်။ နောက် တော့ မိဘ ၂ ပါးဘဲ တက်ရပါတယ် ၊ နောက် တော့ နေရာ မဆန့် လို့ မိဘ ၁ ဦး ဘဲ တက် ရ ပါတော့တယ်။
ဒီ နှစ် များ က တော့ ၊ ကျောင်းဆင်းမဲ့ ကျောင်းသား အတွက်တောင် ထိုင်စရာ နေရာ မရှိတော့လို့ ၊ ဘယ် မိဘ မှ ဘွဲ့ပေးတဲ့ အခန်းထဲ ပေး မဝင်တော့ ပါဘူး၊ အပြင် က ဘဲ အားပေးကြရမယ် ဆိုပီး သိ ရ ပါ တယ် ။ စတိုင် တမျိုး ပေါ့ဗျာ ။
ဒီအက်အေ က လည်း စဖွင့်ခါ စ က ကျောင်းသား ၁ဝဝ တောင် မရှိပါဘူး ၊နှစ်အလိုက် တိုးပြီးခေါ်လိုက်တာ ၊ အခု နှစ် ဆင်းတာ က စံချိန် ပါဘဲတဲ့ ဗျ ။အရင် က ဆယ်တန်း အောင်ပြီး တက်ရ တဲ့ ဒီအက်အေ နဲ့ ဘွဲ့ ရ ပြီး မှ သင်တန်း တက်ရတဲ့ အိုတီအက်စ် ဆိုပြီး ဗိုလ် သင်တန်း ၂ မျိုး ရှိခဲ့ ပါတယ် ။ အခုတော့ အပြင်လူဘွဲ့ ရ တွေ ကို ဗိုလ် သင်တန်းခေါ်တဲ့ အိုတီအက် က မရှိတော့ ပါဘူး ခင်ဗျ။
အဲဒီ သင်တန်းဆင်း အချင်းချင်း က သိပ် မတည့်ကြပါဘူး ၊ ဒီအက်အေ က အိုတီအက် ကိုအထင်မကြီး သလို ၊ အိုတီအက် က လည်း ဒီ အက် အေ ကို ကြည့် မရပါဘူး။ဒီအက်အေ ဆင်း ကို ဒေါ်စိန်အေး ရဲ့ သားတွေ လို့ နာမည်ပေးထားသလိုအိုတီအက် ဆင်းတဲ့ ဗိုလ်တွေ ကိုတော့ ဦးတင်စိုး ရဲ့ သားတွေ လို့ ကွယ်ရာမှာနာမည်ပြောင် ခေါ်ကြပါတယ်။
အခု စစ်တပ်ထဲ မှာ က ဗိုလ် ၁ဝဝ ကို ရဲဘော် က ၁ ယောက် နှုန်း ကိန်း ဆိုက်နေပါတယ်။စစ်သား က သာ မရှိ တာ ၊ ဗိုလ်တွေ က တော့ အပြည့်ပါဘဲ။ ဒီ ရှိတဲ့ စစ်သား ၁ ယောက်က လဲ နေ့စဉ် သူ ၁ ယောက်ထဲ တိုက် နေရတာတော့ ၊ ကြာတော့ ထွက်ပြေး ကုန်ကြတာများပါတယ် ၊ နေ့စဉ် တိုက် ရတယ် ဆိုတာ က စစ် တိုက် ရတာ မဟုတ်ပါ။ဟို ဗိုလ် က ဖိနပ် တိုက် ခိုင်း ၊ ဒီ ဗိုလ် က တံဆိပ် တိုက် ခိုင်း ၊ မီးပူတိုက်ခိုင်း၊အိုး တိုက် ခိုင်း ၊ ကြမ်း တိုက် ခိုင်း နဲ့ လက် ကို မလည် ရ ရှာပါဘူး။
နောက်နှစ်တွေ ကို တော့ ဗိုလ် ဦးရေ တွေ ၊ သိပ် မခေါ်တော့ဘူး လို့ ကြားပါတယ်။ကျောင်း မှာ ထားစရာ နေ ရာ သိပ် မကျန်တာ ရယ် ၊ ခန့် စရာ ရာထူး သိပ် မကျန်တော့တာရယ်ကြောင့် ဖြစ်မယ် ထင်ပါတယ် ၊ ၂ဝ၁ဝ အစိုးရ က တော့သူ တို့ ကို ၊ ဘယ်လို သဘော ထား မယ် မသိဘူး။
အင်း ၊ ၂ဝ၁ဝ အစိုးရ လို့ သာ ပြောရတယ် ၊ အခု ၂ဝဝ၉ ဘဲ ကုန်တော့မယ်။ဒီ လ ထဲ နိုင်ငံတော်ကြီး တွေ ၊ ခု န ပြောတဲ့ အလုပ် တွေ နဲ့ ၊ မအားသေး တာ နဲ့ ဆို ၊ဒီလ ထဲ မှာ ၊ ဘာ မှ ထူးထူး ခြားခြား ကြား ရ ဦး မယ် ၊ မ ထင် သေး ပါ ဗျာ ။စိတ် တွေ မ လောကြပါနဲ့ ခင်ဗျာ ၊ ဆန္ဒတွေ မ စော ကြ ပါနဲ့ဦး ခင်ဗျာ ၊ဒီ နေ့ က မှ ၁၃၇၁ ခုနှစ် ၊ နတ်တော် လပြည့်ကျော် ၁ ရက် ရှိသေး တာ ပါ က လား ဗျ ။
မြန်မာသက္ကရာဇ် ၂ဝ၁ဝ ဆို တာ က ၊ လို တော့ ၊ လို ပါသေးတယ် ၊ ထင် ပ ဗျား ။

azawgyi..
မှတ်ချက်..
ကျနော်ငယ်ငယ်က ပွဲဈေးလည်သလိုပေါ့ဗျာ..အဘွားက ကျနော့ကို အလိုလိုက်တယ်။ သီတင်းကျွတ် တန်ဆောင်တိုင်..ပွဲဈေးတန်းမှာ..ကျနော့ကို ဗန္ဓုလ ဦးထုတ် နဲ့ဒါးဝယ်ပေးနေကျ..ညီမလေးကျ စည်းပုံလေးပေါ့ဗျာ..စက္ကူနဲ့ လုပ်ထားတဲ့ ဗန္ဓူလ ဦးထုတ်ဆောင်းကာစကတော့ ကျနော်က သူရဲကောင်းကြီးပေါ့..စိတ်ကြီးဝင်..ငွေမင် သုတ်ထားတဲ့ ၀ါးဒါးကြီးနဲ့  တိုင်တွေ သစ်ပင်တွေ လျှောက်ခုတ်.."အီးအား..ရီးယား...ကြောက်ပလားဟဲ့..ငါကွ..ဗန္ဓလပေါ့." ..ကလေးအတွေးလေးပါဗျာ..

ဝါးဒါးက ကျိုး၊ ဗန္ဓုလ ဦးထုတ်က..ရေစို ရိရွဲသွားတဲ့ အခါ..အရင်းစစ်တော့..ကျနော်က ကျနော်ပါဘဲ..
ဒီအတိုင်းပေါ့ဗျာ..ကျနော့ ဘော်ဘော်တွေ ခင်ညွန့်လက်ထက် တယ်လက်စောင်းထက်သပေါ့..(ဦးထုတ်သစ် ကလေးဆောင်းစဉ်ကာလ..)
ခင်ညွန့် လည်း ပြုတ်..စစ်ဗိုလ်လူထွက်တွေ ရရာ အလုပ်လုပ်ရတယ်.. (ရေစို ပျက်သွားတဲ့ ဗန္ဓုလ ဦးထုတ်ဘ၀)
ကျနော် ဆိုလိုချင်တာက..မင်းခစား ကမ်းနား သစ်ပင်၏ အကြောင်းပါ..
အခု ချေးပေါ သေးပေါ ဖြစ်နေသော ဘိုများ..နောက်လိုက်မရှိတာနဲ့  လမ်းပေါ်တွေ့ တဲ့ကလေးတွေ ချောဆွဲ ကလေးစစ်သားလုပ်ခိုင်းတာ.. တရားပါရဲ့လား..
အမှန်က..ဗိုလ်ရူုးတစ်ကောင်....ခရီးသွားတာ မြင်းမရှိလို့  လမ်းဘေးက တွေ့ သော ထန်းပလပ်ခေါင်းကြီး ကားရား ခွ...တောက်ကလောက်..တောက်ကလောက် အသံမြည်ကာ အာသာပြေ..စီးနေရတဲ့အတိုင်းသာဖြစ်ပါကြောင်း။။။
အော် ဘို ၁၀ ယောက် တပ်သားတယောက်နဲ့  ဒို့  နအဖ လက်အောက်က တိုင်းပြည်.. အော် အဲဒါ ကျနော့ ၏မွေးရပ်မြေ...
အာဇာနည်.

ကိုရဲရင့်ဆီကပါ..

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်