Saturday, May 16, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ပြန်လည်လွတ်မြောက်

May 17th, 2009 by admin
မေလ ရ ရက်ကြာသပေတေးနေ့ ညနေ ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို ယနေ့ စနေနေ့ ညနေ ၆ နာရီခန့်တွင် ဖမ်းဆီးထိန်း သိမ်းထားရာမှ ပြန်လည်လွှတ်ပေးလိုက်ပြီး လမ်း၅၀ နေအိမ်သို ပြန်လည် ရောက်ရှိနေပြီဟုသိရ သည်။
ကြာသပေးနေ့ က ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ရုံးထုတ်လိမ့်မည်ဟု အများက တွက်ဆထားသော်လည်း ဒေါက်တာတင်မျိုးဝင်းပါ ရှိမလာခြင်းကြောင့် စစ်ကြောရေးစခန်းတွင် အပြင်းအထန် နှိပ် စက်ခြင်းခံနေရသည် ဟု အများကယူဆကြသည်။ဒေါက်တာတင်မျိုးဝင်း သည် ကျန်းကျန်းမာမာဖြင့် ပင်ပြန်လည်လွတ်မြောက်လာသည် ဟု NLD အဖွဲ့ ဝင်တစ်ဦးက Freedom News Group သို့ ပြောသည်။
ဒေါက်တာတင်မျိုးဝင်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။ဒေါ်စုအိမ်သို့ ရေကူးလာသည်ဆိုသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံ ယက်ထော အားဖမ်းဆီးထားသည် ဟုသတင်းထွက်ပေါ်သည့် နေ့ မှာပင် ဒေါက်တာတင်မျိုးဝင်းအား ဖမ်းဆီး ထိန်းသိမ်းထားခြင်းဖြစ်သည်။

Posted in ရန်ကုန်သတင်းမှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်