Wednesday, May 27, 2009

ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...

ရေးသူ-အရှင်ထေရ၀ံသ
---------------------------------------
ဒီနေ့နံနက်ရကုန်မြို့လူထုတွေအခြေနေကအရမ်းကိုတတ်ကြွနေတာတွေရပါတယ် ရာသီဥတုက လည်း ကြည်လင်သာာယမူရှိနေရပါတယ် စစ်အာဏာပိုင်းတွေက သူတို့ကိုယ်တိုင်း ဖေါက်ခွဲရေးတွေကို မြို့ခြင်းခြေပုံးရပ်တွေမှပြုလုပ်လာနိုင်ပါတယ် အားလုံးသတိရှိကြပါ
ဒီနေ့ နံနက်မှ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့အခမ်းအနားကိုယနေ့တွင်ပြုလုပ်မှာဖြစ်ပါတယ်။၁၉၉ဝခုနှစ်အထွေထွေရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအန်အယ်ဒီသည်မဲအပြတ်သတ်ဖြင့်အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့နေ့ဖြစ်ပါသည်။
ဒီကနေ့ ရဲကားတွေနဲ့မြို့ပတ်ပြီးလူတွေကိုခြိမ်းခြောက်နေတယ်။မနေကညကတည်းကကားဟွန်းတွေတီးပြီး မီးဝါယာလက်မီးတွေနဲ့လုံထိန်းကား ရှစ်စီးတတွဲ မြို့ပတ်နေ ပြီး ပြည်သူလူထုကို ဒေါ်အောင်ဆန်းစုကြည် အတွက် လူထုအုံကြွမှု မဖြစ်စေရန်ကြိုကာစီမံချက်သဘော နအဖ မှ စီမံဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
အရှိန်ပြင်းစွာ မောင်းနှင်လာသော ပါပလေကား အပြာရောင်တစီးပေါ်မှA4အရွယ်အစားစာရွက် ၄၀ ရွက်ခန့် ကြဲချသွားရာ စာရွက်ပေါ်တွင် ခွပ်ဒေါင်းတံဆိပ်နှင့် အန်အယ်ဒီ စာတန်းပါကာ ကွန်ပြူတာဖြင့် စာစီထားတဲ့ စာရွက်တွေကို ကားကနေကြဲကြသွားပါတယ်။
စပယ်ယာစပ်မှ ဖောက်ခွဲရေးသမားများ ဝင်ရောက်လာပြီဟု ရေးသားထားသော စာရွက်များကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် ကားပေါ်မှ ကြဲချမှု ယနေ့နေ့လည် ၁၁ နာရီခွဲက ဖြစ်ပွားသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အတွက် လူထုအုံကြွမှု မဖြစ်စေရန်ကြိုတင်ကာစီမံချက်သဘော နအဖ မှ စီမံဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါတယ်။ ကြည်မြင့်တိုင်း ဈေးအတွင်း မေလ ၂၈- ၂၉ -၃၀ရက်တွေအတွင်းရဟန်းသံဃာကျောင်းသားကျောင်းသူတွေပြည်သူလူထုတွေ အုံကြွမူများဖြစ်ပေါ်လာနိုင်တဲ့ အခြေနေရှိနေပါတယ်။

အရှင်ထေရ၀ံသ
Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်