Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 18 2009 14:25 - မြန်မာစံတော်ချိန်

မေလ- ၇၊ ၂ဝဝ၉ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည် အိမ်ကို အင်းလျားကန်မှ တဆင့် ရေကူးဝင်ရောက်သည်ဟု ဆိုကာ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို မေလ ၆ရက်နေ့က ဖမ်းဆီးကြောင်း စစ်အစိုးရ သတင်းစာက ကြေညာ။

မေလ- ၁၃၊ ၂ဝဝ၉ ခုနှစ်

- ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ခေါ်ယူတရားစွဲဆိုမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းကို စစ်အစိုးရက အကြောင်းကြား။

-မြန်မာနိုင်ငံ ရဲအထူးသတင်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဇော်မင်းအောင် က တရားလို အဖြစ် တိုင်ကြား။

- မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ ဒုတိယအတွင်းဝန် (ကောင်စစ်ဝန်)နှင့်အဖွဲ့ Mr. John William Yettaw အား ကောင်စစ်ဆိုင်ရာတွေ့ဆုံမှုပြုလုပ်။

- မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ အင်းယားကန်နံဘေး နေအိမ် ခြံဝင်းအတွင်း ဝင်ရောက်ခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု။

မေလ- ၁၄ရက်၊ ၂ဝဝ၉ ခုနှစ်

- ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် ၅ နာရီ ၃ဝ မိနစ်တွင် လက်နက်ကိုင်ရဲများ ရောက်လာပြီး နေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ယူသွား။

- အင်းစိန်ထောင်သို့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိ။

- အင်းစိန်ထောင် အနောက်ပိုင်း တရားရုံးတွင် နံနက် ၉ နာရီခွဲခန့်က တရားရုံးသို့ ခေါ်ဆောင်လာပြီး အမှုကို ဖတ်ပြခဲ့။

- ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ဝင်း၊ ဒေါ်ဝင်းမမ၊ ဂျွန် ဝီလီယံ ယက်တော တို့ကို အကျယ်ချုပ် ဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲ။

- တရားခွင်က အမှုကို မေလ ၁၈ ရက်နေသို့ ရုံးချိန်းပေး။


­- အမှုနံပါတ် ၄၇/၂ဝဝ၉ ဖြစ်။

- နေအိမ်အကျယ်ချုပ်ကာလအတွင်း စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှု ဥပဒေ ပုဒ်မ ၂၂ ဖြင့် တရားစွဲ။

- ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ စောင့်ရှောက်သူာ ဒေါ်ခင်ဝင်းနှင့် ဒေါ်ဝင်းမမ တို့ နှစ်ဦးကို ပုဒ်မ ၂၂/ ၁ဝ၉- ချိုးဖောက်သူအား အားပေးကူညီမူ ရာဇသတ်ကြီး ပုဒ်မဖြင့် တရားစွဲဆို။

- အမေရိကန် နိုင်ငံသား အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁ဝ၉ ၊ ကန့်သတ်နယ်မြေကို ဝင်ရောက်မှုဖြင့် ရန်ကုန် မြူနီစပယ် အက်ဥပဒေ ပုဒ်မ ၂၈ ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) ၊ အမှုနံပါတ် ၄၉/၂ဝဝ၉) ဖြင့် တရားစွဲ။

- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ ကောင်စစ်အရာရှိ မစ္စတာ ကောလင်းပီဖတ်စ်တ် (Colin P. Furst) မစ္စတာယက်တော ရုံးထုတ်ရာ အင်းစိန်ထောင်သို့ စကားပြန်နှင့် လာရောက်ခဲ့။

- တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင်တို့ဖြစ်။


မေလ- ၁၅

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှု ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ် ဖိရူမ်း က သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောကြား။


မေလ- ၁၆

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ရှေ့နေလိုက်ရန် ပြင်ဆင်နေသည့် တရားရုံးချုပ်ရှေ့နေကြီး ဦးအောင်သိန်းနှင့် တက်ကြွလှုပ်ရှားသူများ၏ အမှုကို လိုက်ပါပေးနေသည့် ဦးခင်မောင်ရှိန် တို့၏ ရှေ့နေလုပ်ပိုင်ခွင့် လိုင်စင်များအား နအဖ အာဏာပိုင်များက ရုတ်သိမ်းလိုက်သည်။


မေလ- ၁၇

ဒေါ်အောင်ဆန်းစုကြည် မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ပြန်လွှတ်လာ။


မေလ- ၁၈၊ ၂ဝဝ၉ ခုနှစ်

- ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးထုတ်။

- အင်းစိန်ဂုံးကျော် တံတားမှ ပေါက်တောဝ အထိ လမ်းပိတ်။ အင်းစိန်ထောင် ရှေ့သို့ လမ်းလျောက်၍သာ ဝင်နိုင်။

- အင်းစိန် ဘူတာရုံကိုပါ အစောင့်ချထား။

- ရဲ၊ စွမ်းအားရှင် နှင့် ကြံ့ဖွံ့များ အစောင့်ချထား။

- စွမ်းအားရှင်များနှင့် ဒိုင်နာကားများကို အသင့်ခေါ်ယူထား။

- NLD အဖွဲ့ဝင်များ၊ သတင်းထောက်များနှင့် ပြည်သူ အင်အား ၃၀၀၀ ခန့် အင်းစိန်ထောင်ရှေ့တွင် စုရုံးရောက်ရှိ။

- ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြု။

- အမေရိကန် သံရုံးကိုမူ ဝင်ခွင့်ပြုခဲ့။

- ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ဈေး အနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ဖမ်းဆီး။

- ညနေ ၃ နာရီတွင် တရားခွင်မှနေ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ကို ရဲကားဖြင့် အင်းစိန်ထောင်မှသည် ရန်ကုန်မြို့ထဲဘက်သို့ ခေါ်ဆောင်သွား။

- ထောင်အနီး စောင့်ဆိုင်းကြသူများ လူစုခွဲ။


မေလ- ၁၉ ရက်နေ့

- ရွှေတိဂုံဘုရား အင်္ဂါထောင့် ဒေါ်အောင်ဆန်းစုကြည် အတွက် ပုံမှန် ဆုတောင်းပွဲ ရှိနေသဖြင့် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့် ချထား။

- အင်းစိန် အကျဉ်းထောင်ရှေ့ ဦးဝင်းတင် ထိုင်နေရာသို့ ယူနီဖောင်းဝတ် လက်နက်ကိုင် လုံခြုံရေးများ ကားတစီး ရောက်ရှိလာရာ ရုတ်ရုတ်သဲသဲဖြစ်။

- တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က တောင်းဆို။

- နိုင်ငံပိုင် သတင်းစာက သတင်းထုတ်ပြန်ရာတွင် တရားခံ ဒေါ်အောင်ဆန်းစုကြည်ဟု သုံးနှုန်းခဲ့။

- တရားလိုပြသက်သေ ၅ဦးထွက်ဆို။

- မှုခင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မောင်မောင်ခင်၊ ရဲအုပ်သန်းနိုင်၊ ဒုတိယ တပ်ကြပ် မျိုးလွင်၊ ဒုတိယရဲမှူး မောင်မောင်မြင့် ၊ ရယကဥက္ကဌ ဦးသာစိန် တို့ဖြစ်။


မေလ- ၂၀ ရက်

- တရားခွင်သို့ နိုင်ငံခြားသံရုံးများမှ သံအရာရှိ ၃ဝ နှင့် သတင်းစာဆရာ ၁ဝ ဦးတို့ တက်ရောက် နားထောင်ခွင့် ရခဲ့။
- ဗဟန်းမြို့နယ် ရဲစခန်းမှူး တင်ဇော်ဝင်း က တရားလိုပြ သက်သေအဖြစ် ထွက်ဆို။

- - တရားလိုပြ သက်သေနှစ်ဦး လျှောက်လဲ။

- တရားခွင်ကို မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်မှာစတင်ပြီး ၂ နာရီ ၁ဝ မိနစ်တွင် ပြီးဆုံး။

- ဒေါ်အောင်ဆန်းစုကြည်မှာ အကျီင်္ပန်းရောင်၊ ယောလုံချည်အနီ ဝတ်ဆင်ထား၊ လက်ကိုင်အိတ်အနက် ကိုင်ဆောင်ထား။

- ဒေါ်အောင်ဆန်းစုကြည်မှာ ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် ဆလွန်းကား ၁ခ/ ၈၉၁၈ ဖြင့် ရောက်ရှိလာ။
- သူမ တရားရုံးတွင်းသို့ ဝင်ရောက်လာ၊ သူမ၏ ရှေ့နေများကို နှုတ်ဆက်ကာ နေရာယူခဲ့။

- တရားခွင်အပြီးတွင် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကားဆို။

- ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌဖြစ်သော ရုရှားနိုင်ငံ၏ သံအမတ်၊ ထိုင်းနှင့် စင်္ကာပူ သံအမတ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တရားခွင်အပြီး သီးခြား တွေ့ဆုံခွင့်ရ။

- နိုင်ငံခြား သတင်းထောက် တယောက်ကို သူ့အနေဖြင့် စကားပြောခွင့် မရသဖြင့် စိတ်မကောင်း ဖြစ်မိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား။

- နိုင်ငံခြား သတင်းထောက် တယောက်က တရားခွင်ပုံကို ပန်းချီဆွဲ။
အင်းစိန်ထောင်ရှေ့က ရှင်းလင်းပွဲငယ်

- တရားခွင် ဝင်ရောက်နားထောင်ခွင့်ရ သတင်းထောက် အချို့က တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း အထင်းသား ပေါ်လွင်နေသည်ဟု ပြောကြား။


မေလ- ၂၁ ရက်

- ဂျွန် ဝီလျံ ယက်တောထံမှ သိမ်းဆည်းရမိသည့် ဗီဒီယိုထဲတွင် ရိုက်ကူးထားသည်များကို မျက်မြင်သက်သေက ရုံးတော်သို့ ပြသ။

- တရားရုံးက မျက်မြင်သက်သေ ၄ ဦးကို စစ်ဆေးခဲ့သည်။

- ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်အန္တရာယ်ဘေး မြင်ခဲ့ဟု ယက်တောပြော။

- ညနေ ၄ နာရီခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် အင်းစိန်ထောင်အတွင်းမှ ပြန်လည် ထွက်ခွာ။

- ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ လာရောက်။


မေလ- ၂၂ ရက်

- ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက်သည်ဟူသော စစ်အစိုးရ၏ ဦးတိုက် လျှောက်ထားချက်ကို လက်ခံစစ်ဆေးရန် တရားရုံးက ယနေ့ ဆုံးဖြတ်။

- ညနေ ၄ နာရီ ၄၅ မိနစ်တွင် တရားရုံးကို ၄၅ မိနစ်ကြာ ရပ်နားပြီး နှစ်ဦးပါ တရားသူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်။

- ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ လာရောက်။

- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) ၏ အတွင်းရေးမှူး ဦးအေးသာအောင် အင်းစိန်ဈေးအနီးတွင် လာရောက် စောင့်ဆိုင်း။

- ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာလျက်ရှိ။

- ယခု အမှုကို စစ်အစိုးရက ဖန်တီးခဲ့ခြင်း မဟုတ်ကြောင်း၊ အတိုက်အခံ အဖွဲ့အစည်းများက အချိန်ကိုက် ဖန်တီးခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက မေလ ၁၈ ရက်နေ့တွင် ဂျပန် နိုင်ငံခြားရေးဝန်ကြီးကို တယ်လီဖုန်းဖြင့် ဖြေကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ။

- ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် မဟတ္တမ ဂန္ဒီဆု ရွေးချယ်

- တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများအတွက် မြန်မာ အတိုက်အခံများသို့ ဒေါ်လာငွေ တသောင်း လှူဒါန်း။


မေလ- ၂၅ ရက်

- ဆဋ္ဌမမြောက်နေ့ အဖြစ် စစ်ဆေး ကြားနာ။

- နံနက် ၁၀ နာရီတွင် တရားခွင် စတင်။

- စစ်အစိုးရက တရားလိုပြ သက်သေ ၂၃ ဦးတင်သွင်း။

-ဒေါ်စု၏ ရှေ့နေများက ပြန်ခေါ်သက်သေ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်၊ ရဲမှူးကြီး ဝင်းနိုင်ထွန်း၊ ဒုတိယရဲမှူး စကျော်ဝင်း၊ ရဲမှူး တင်ဇော်ထွန်းတို့ကို စစ်ဆေး။

- အခြားသော သက်သေများကို တရားလို စစ်အစိုးရဘက်က ပြန်လည် ရုတ်သိမ်း။

- တရားဆိုင်ဘက်မှ သက်သေများ စာရင်းတင်ပြ။ ရဲ ၁၄ယောက်ပါဝင်ပြီး၊ အရပ်သား ၉ ဦး ပါဝင်။

- နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်မိုးမိုးတို့ ပါဝင်။

- ညနေ ၄နာရီတွင် တရားခွင် ပြီးဆုံး။

- အင်္ဂါနေ့ တရားခွင် ကြားနာမှုတွင် ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုမည် ဖြစ်ကြောင်း သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောကြား။

- ဇိုမီး အမျိုးသား ကွန်ကရက်ပါတီမှ ပူးကျင်ရှင်းထန်နှင့် ဦးဝင်းတင်တို့လည်း နံနက်က အင်းစိန်ထောင်ရှေ့လာရောက်။

- အာဆီယံက ပြည်တွင်းရေးဝင်စွက်ဟု မြန်မာစစ်အစိုးရက နိုင်ငံပိုင်သတင်းဌာနများမှ တုံ့ပြန်။


မေလ- ၂၆ ရက်

- အင်းစိန် အကျဉ်းထောင်တွင် စစ်အစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၊

- ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ဆေး ကြားနာမှုကို ဒုတိယ အကြိမ် သံတမန်များနှင့် သတင်းထောက်များ ဝင်ရောက် နားထောင်ခွင့်ရ

- သံတမန် ၂၉ ဦး၊ နိုင်ငံခြားသတင်းထောက် ၁၅ ဦး၊ ပြည်တွင်းသတင်းထောက် ၁၀ ဦးတို့ တက်ရောက်ခွင့်ရ။

-ခရမ်းရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် တရားရုံးသို့ ရောက်ရှိ၊

- သံတမန်များ အပါအဝင် ဖိတ်ကြားထားသူများက ဒေါ်အောင်ဆန်းစုကြည် ဝင်လာချိန်မှသည် ထိုင်သွားသည်အထိ မတ်တပ်ရပ် ဂုဏ်ပြု၊

- သူမက ရှေ့နေ ဦးဥာဏ်ဝင်းပေးသော စာကိုဖတ်အပြီး သံတမန်များကို နှုတ်ခွန်းဆက် စကားပြောကြား၊

- တရားခွင်ကို မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် စတင်၊

- ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို။

- မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သံတမန်များနှင့် သတင်းထောက်များ အင်းစိန် အကျဉ်းထောင်ထဲမှ ပြန်ထွက်၊

- သူမကို အကျယ်ချုပ်ထားသည့် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ)ကို စစ်အစိုးရက ယနေ့ ပယ်ဖျက်ပေး။

- မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ဘဲ အာဆီယံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထိပ်တန်း တာဝန်ရှိသူများ၏ သဘောတူချက်ဖြင့်သာ ကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း စစ်အစိုးရကို ထိုင်းက တုံ့ပြန်။

http://www.mizzimaburmese.com/research/2975-2009-05-18-08-08-15.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်