Tuesday, May 26, 2009

အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..

ဒါက တကဲ့ မရိုးသားတဲ့ ကိစ္စပါ..
အေးလွင်တို့  ကျော်မြင့်တို့ ရေ..
ခင်ဗျားတို့ နိုင်ရော...ပေးမှာ သေချာရဲ့လားဗျ..အရင် သေချာ မသေချာ.အဘကြီးကိုမေးကြည့်ဦးနော်.ဒေါ်အောင်ဆန်းစုကြည်အိမ်စောင့် လုံခြုံရေးများကို အင်္ဂပူသို့ ပြောင်းရွှေ့
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 11:00 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် လုံခြုံရေး ယူထားခဲ့သော လုံထိန်းရဲ တပ်ရင်း (၇) ကို ဧရာဝတီတိုင်း အင်္ဂပူမြို့သို့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ဖမ်းဆီးမိပြီး နောက်တရက်ဖြစ်သော မေလ ၇ ရက်နေ့ကစ၍ ပြောင်းရွှေ့ပစ်ခဲ့သည်။

ထို့အပြင် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ လမ်းပိတ်ရာတွင် အသုံးပြုထားသော သံဆူးကြိုး အကာအရံ အတားအဆီးများကို အင်းစိန်ထောင် အနီးနှင့် ရန်ကုန်မြို့အဝင် ထောက်ကြံ့တို့သို့ ပြောင်းရွှေ့ အသုံးပြုခဲ့သည်။

လုံထိန်း ရဲတပ်ရင်းမှာ စစ်အစိုးရက တင်ပြသော တရားလိုပြ သက်သေစာရင်းတွင် ပါဝင်လာခြင်း မရှိတော့ပေ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်