Friday, May 29, 2009

လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝန်ရှိတာလည်း

မေလ၊ ၂၄ ရက်၊ ၂၀၀၉

၁) လွိုင်ကော်ထောင်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ ဆေးဝါးအကူအညီ မရ၊
အခုလောလောဆယ် အချို့ နိုင်ငံရေးသမားတွေ ဆိုးဆိုးရွားရွား ရောဂါဝေဒနာခံစားနေရတယ်၊

၂) Human rights Defender and Protector က ဦးမြင့်အေးမှာ ခါးကိုက်ဝေဒနာ။ သွေး တိုးဆီးချို ဝေဒနာ များ ခံစားနေရတယ်၊

၃) ကိုမြအေး ၈၈ကျောင်းသားခေါင်းဆောင်မှာ မကြာခဏ ဖျားနေတယ်။

၎) NLD က ဦးသန်းလွင် နဲ့ ကို သီဟအောင် တို့ မှာ မျက်လုံးနဲ့ သွားဘက်ဆိုင်ရာ ရောဂါဝေဒနာများ ခံစား နေ ရတယ်။

၅) အဆိုးရွားဆုံးကတော့ ၂၀၀၈ လူထုဆနဒခံယူပွဲတုန်းက ဆန့် ကျင်လှုပ်ရှားခဲ့ပြီး ထောင်ဒဏ် (၃၇)နှစ် စီချခံခဲ့ရတဲ့ လူငယ်သုံးဦးဖြစ်တဲ့ ခွန်းဘီးဒု (ခေါ်) လွီးဇီငြိမ်း၊ ဒိးဒီ နှင့် ကေကော ရီယို တို့ သုံးဦးထဲက ကေကောရီယိုသည် အဆုတ်ထဲရေ၀င် တဲ့ရောဂါကိုခံစားနေရသည်။ (၂၁) ရက်တွင် ထောင်ဆေး ခန်းတွင် ကုသုပေးခဲ့သော်လည်း ရောဂါသက်သာမှုမရှိပါ။ အပြင် ဆေးရုံသို့ သွားရောက်ကုသရန် တောင်းဆိုသော်လည်း သွားကုသခံခွင့်မရရှိပါ၊ (၂၁)ရက်နေ့ တွင် ထောင်တွင်း အကျဉ်းကျခံနေ ရသော ဆရာဝန်တစ်ဦးဖြင့်သာ ကိုယ်ထူ ကိုထ ထောင်တွင်း မှာသာ အဆုတ် ထဲပိုက်သွင်း ရေထုတ် ခွဲစိတ်မှုကိုပြု လုပ်ခဲ့ရပါတယ်။ ကေကောရီယိုရဲ့ မိ သားစုသည် ဆင်းရဲပြီး နေရပ်မှာ လွိုင်ကော် ထောင်နှင့်ဝေး လံသောဒေသဖြစ်သောကြောင့် လာရောက်ကြည့် ရှုနိုင်ခြင်းမရှိပါ။ သူ့ ရဲ့ သူငယ် ချင်းများဖြစ်တဲ့ ခွန်းဘီးဒု(ခေါ်) လွီးဇီငြိမ်း၊ ဒီးဒီ နှင့်အခြားသော အကျဉ်းသားများရဲ့  အကူအညီကိုသာ ရယူနေရခြင်းဖြစ်တယ်။ သူတို့  သုံးဦးကို နိုင်ငံရေး အကျဉ်းသာ များ ကဲ့သို့ဆက်ဆံခြင်းမရှိပဲ။ အခြားသော သာမာန် အကျဉ်းသားများနည်းတူ ဆက်ဆံပါတယ်။ အလုပ် တွေကို လုပ်ခိုင်း ပါတယ်။ အကျဉ်း သားများ။ အခန်းတွင်း လိုအပ်မှုများကို တောင်းပါတယ်။ ၀ယ်ခိုင်း ပါတယ်၊

၆) လွိုင်ကော်ထောင်တွင် မေလလူထုဆန်ဒခံယူပွဲ တွင် no campaign လှုပ်ရှားသော လူငယ် သုံးဦး အပြင် ၈၈ကျောင်းသား ခေါင်းဆောင်များ နှင့် အခြားသောနိုင်ငံရေး အကျဉ်းသား များ(၈) ဦး စုစုပေါင်း နိုင်ငံရေး အကျဉ်းသား(၁၁)ဦးရှိနေပါသည်၊

၇) ဒုထောင်မှူး သန်းကျော်တင့်သည် လဒ်ပေးလဒ်ယူမှုများ၊ အကျဉ်းသားများအပေါ် အဓမ္မအလုပ်ခိုင်း စေမှုများ ကို ပြုလုပ်နေပါတယ်။ သူနဲ့ပါတ်သက်သော အချက်အလက်များကို ရေဒီယို ပေးစာ အဖြစ်ပြုစု ထားပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော် နိုင်ငံရေး အကျဉ်းသားများ ပေးစာ”

ဒု-ထောင်မှူး သန်းကျော်သင့်သည် ထောင်းတွင်း ကိစ္စအ၀၀ပေါ် စိုးမိုးချယ်လယ်၍ လဒ်ပေးလဒ်ယူမှုများ၊ အကျဉ်း သားများအား အတင်းအ ဓမ္မစေခိုင်းစေမှုများပြုလုပ်လျှက်ရှိပါသည်။ ထိုကြောင့် လွိုင်ကော် အကျဉ်း ထောင်တွင် ဖြစ်ပျက်နေ သော ကိစ္စအ၀၀ကို အထက်လူကြီးမင်းမျာင်းနှင့် သက်ဆိုင်ရာများ သိရှိစေရန် တင်ပြအပ်ပါသည်။

၁) လွိုင်ကော် အကျေဉ်းထောင်တွင် အကျဉ်းသားများအား ပြင်ပဧည့်တွေများလာလျင် မိသားစုဝင်များ သာတွေ့ရန်၊ ပုံစံ (၁၀) ပါ မိသားစုဝင်များသာလျင် တွေ့ခွင့်ပေးရန် စသည်ဖြင့် ထောင်အာဏာပိုင်က မတရား အမိန့်ချထားသည်။ သို့သော် ထောင်းမှူး၊ ထောင်ပိုင်များ လာဒ်စားလိုချင်သောကြောင့် ယခုလို ပြုလုပ်ခြင်း သားဖြစ်သည်။ အကျိုးဆက်အားဖြင့် မိသား စုနှင့် ဝေးလံသူ (အကျဉ်းသား)၊ ပုံစံ (၁၀) မရှိသူ (အကျဉ်း သားမိသားစု) လာဒ်မထိုး နိုင်သူသော အကျဉ်းသား မိသားစု တို့သည် ထောင်ဝင်စားမရဘဲ အကျဉ်း သားများ စားစရာ/ စားသောက်စရာ ပေးခွင့်များ၊ ကျန်းမာရေး၊ လူမှုရေး မေးမြန်းခွင့် များစသော အခွင့်အရေး များကို ဆုံးရှုံးခဲ့ရပါသည်။ မေလ၊ (၁၇) ရက်၊ ၂၀၀၉ ပုံစံ (၁၀) မရှိဘဲ ထောင်ဝင်စာ ရအောင် ဆိုပြီး ကျပ် (၂၀၀၀၀) ပေးပြီး လဒ်ထိုးခဲ့သောကြောင့် လွတ်လပ်စွာ တွေ့ခွင့်ရခဲ့သည်။

၂) ထိုနည်းတူ ဦးဝင်စက် ခေါ် အကျဉ်းသားတဦးသည် ထောင်ဝင်စာလွတ်လွတ်လပ်လပ် တွေ့နိုင်ရန်အတွက် ဒုထောင်မှူး သန်းကျော်သင့် အား မေလ၊ (၁၄) ရက်၊ ၂၀၀၉ တွင် ငွေ (၁၀၀၀၀) ကျပ်ပေးအပ်ခဲ့ရသည်။ ဦး တင်ဌေးနှင့် ထွန်းထွန်းဝင်းတို့ သည်လည်း အလုပ် မှာ နားနားနေနေ- သက်သက်သာသာရှိရန်အတွက် ဧပြီလ၊ (၂၈)ရက်၊ ၂၀၀၉ တွင် (၁၀၀၀၀) ကျပ်နှင့် မေလ၊ (၁၃) ရက်၊ ၂၀၀၉ တွင် (၃၀၀၀၀) ကျပ် အသီး သီးလဒ်ထိုးခဲ့သည်။

၃) လဒ်မထိုးနိုင်သူ နိုင်ငံရေးအကျဉ်းသားများတို့သည် သာမန် အကျဉ်းသားများနည်းတူး၊ အလုပ်မလုပ်မနေရ ဆိုပြီး အတင်းအဓမမ္မ အလုပ် လုပ်ခိုင်းနေပါသည်။ နားမကျန်းဖြစ်နေသူ အကျဉ်းသားများ၊ ဖျားနေသော နိုင်ငံရေး အကျဉ်းသားများ ရာဇ၀တ်အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများ မခွဲခြားဘဲ နေ့စဉ် ထောင်တွင်း အလုပ်ကြမ်းကို ဒု-ထောင်မှူးအာဏာဖြင့် အတင်းအဓမ္မလုပ်ခိုင်း နေပါကြောင်း တင်ပြ ချင်းပါသည်။
အီးမေးမှ ရရှိတဲ့ သတင်းဖြစ်ပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်