29 May 2009
တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်အင်းစိန် ထောင်ထဲက အထူးတရားခွင်မှာ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေတယ်လို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်လို့ ရှေ့တပတ်ထဲကျရင် နောက်ဆုံးပိတ် ခုခံချေပ လျှောက်လဲဖို့အတွက် သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေ ပြင်ဆင်နေချိန် အခုလို ကျန်းမာရေးအတွက် စိုးရိမ်ပူပမ်မှုတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရားခွင်ကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ ရှေ့တပတ်ကျရင် အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့အတွက် သူ့ရဲ့ ရှေ့နေတွေက ပြင်ဆင်မှုတွေ လုပ်နေချိန်မှာပဲ ခုလို ကျန်းမာရေးအတွက် စိုးရိမ်သံတွေလည်း ထွက်လာတာပါ။ အထူးသဖြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ထောင်တွင်းမှာ ပြင်းထန်တဲ့ ကြွက်တက်တဲ့ ဝေဒနာကို ခံစားနေရတယ်လို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီက ပြောလိုက်တာပါ။ ဒါကြောင့်မို့လည်း ကျန်းမာရေး ကုသစောင့်ရှောက်မှုတွေ အမြန်ဆုံးပေးဖို့ ဒီကနေ့ပဲ ကြေညာာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးလည်းဖြစ် ပါတီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ အခုရက်တွေမှာ ကြွက်တက်တာ မကြာခဏ ဖြစ်နေတယ်။ အဲဒီလို မကြာခဏ ဖြစ်နေတော့ ညဖက်ကို သူ အိပ်ရေး ကောင်းကောင်းမအိပ်ရဘူး။ ကြွက်တက်တော့ သူ လမ်းထထလျှောက်ရတယ်။ အဲဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီးတော့ အဖွဲ့ချုပ်က စိုးရိမ်ကြောင်းနဲ့ ကျကျနန ကုသဖို့ လိုအပ်နေတယ်၊ စိုးရိမ်တယ် ဆိုပြီး ဒီကြေညာချက် ထုတ်တာပါ။”
တရားခွင် အစောပိုင်းမှာတုန်းက သံတမန်တွေ သတင်းထောက်တွေ ၀င်ရတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး ကောင်းပါတယ်။ သူလည်း နေထိုင်ကောင်းပါတယ်ဆိုပြီး ပြောခဲ့တာရှိတယ်။ အဲဒီချိန်တုန်းကရော အခြေအနေက ဘယ်လိုရှိခဲ့လဲ အဲန်ကယ်လ်။ -
“သူက ဒီ ကြွက်တာတာ ဖြစ်နေတာက အဲဒီမတိုင်ခင်ကတည်းက ဖြစ်နေတာ။ ကျနော်တို့ ဒီလ ၈ ရက်နေ့ ဒေါက်တာ ပြုံးမွန် အိမ်ဝင်ကတည်းက ဒီကိစ္စက ရှိနေတာ။ ကြွက်တက်တာက နည်းနည်း ပိုစိပ်လာတယ်။ ပိုစိပ်လာတဲ့အခါကျတော့ အိပ်ရေး ကောင်းကောင်းမရတော့ဘူးပေါ့။ ကြွက်တက်ရင် ထ လမ်းလျှောက်၊ အဲဒီလို ဖြစ်နေတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည် ပြောပြတာလေ။ နောက်တခု တဆက်တည်း ပြောရရင် သူ ပြောတယ်။ ကျနော်တို့ကလည်း စိုးရိမ်လို့ မေးတာပေါ့လေ။ အခု ထောင်ဆေးမှူးချုပ် အနေနဲ့လည်း ဂရုတစိုက် စစ်ဆေးပေးနေတယ်တဲ့။ အဲဒီလိုလည်း ပြောပါတယ်။”
တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုအတွက် ဥပဒေကြောင်းအရ ခုခံသွားရအောင် ကြားနာစစ်ဆေးပြီးသမျှ ပြန်လှန် သုံးသပ် ဆွေးနွေးမှုတွေအပြင် သူနဲ့ပါ တွေ့ဆုံတိုင်ပင်ခွင့်ရဖို့လည်း ဥပဒေ အကျိုးဆောင်တွေ ကြိုးပမ်းနေကြတာပါ။ လာမယ့် တနင်္လာနေ့ နှစ်ဖက်ရှေ့နေတွေ ရုံးတော်မှာ လျှောက်လဲတဲ့ အခါကျရင်တော့ ဒီဆွေးနွေးတာတွေ၊ ပြီးခဲ့တဲ့ ထွက်ဆိုချက်တွေ အပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာ စွပ်စွဲခံထားရသလို ချိုးဖောက်မှု မရှိတဲ့အကြောင်း အလေးပေး လျှောက်လဲသွားမယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။
“ကျနော်တို့ ခုခံရေးလမ်းကြောင်းက အစကတည်းက တသတ်မတ်တည်းပါ။ အဲဒါက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ချမှတ်ထားတဲ့ စည်းကမ်းကို မဖောက်ဘူး။ ကန့်သတ်မိန့်ကိုလည်း မဖောက်ဘူး။ ကန့်သတ်မိန့်ကိုယ်တိုင်လည်း တရားမ၀င်ဘူး။ အဓိက ဒီ ၃ ခု။”
ဥပဒေအကျိုးဆောင်တွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပြီး မနက်ဖြန် စနေနေ့မှာ တွေ့ဆုံခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။
မနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံထွက်ဆိုပေးတဲ့ သက်သေတဦးကို စစ်ဆေးပြီး အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ လာမယ့် တနင်္လာနေ့ကို တရားရုံးက ပြန်ပြီး ရက်ချိန်း သတ်မှတ်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အတွက် ကာကွယ် ထွက်ဆိုပေးဖို့ တင်ပြထားတဲ့ သက်သေ လေးယောက်ထဲက တယောက် ဖြစ်တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က အဲန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဦးကြည်ဝင်း က ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲချက်တွေဟာ ခိုင်မာမှုမရှိသလို၊ ဥပဒေကြောင်းနဲ့ မညီကြောင်း ရုံးတော်မှာ ထွက်ဆိုခဲ့ပြီး တရားခွင်ကို အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်မှာ အပြစ်မရှိကြောင်း ခုခံချေပတဲ့ နေရာမှာဆိုရင်လည်း၊ သူ့နေအိမ်ခြံဝန်းထဲကို ကျုးကျော်ဝင်ရောက်ခဲ့သူနဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို၊ စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်မရှိကြောင်း ပြောခဲ့တာပါ။ ဒီလို မဖိတ်ခေါ်ဘဲရောက်လာသူ တဦးအတွက် ထိန်းသိမ်းခံနေရသူမှာ အပြစ်မရှိသလို၊ လုံခြုံရေး တာဝန်ယူထားသူတွေရဲ့ ပျက်ကွက်မှုအတွက်ကိုလည်း အာဏာပိုင်တွေက အရေးတယူ လုပ်တာမျိုး မရှိတာဟာ ဘက်လိုက်ရာ ရောက်နေတယ် ဆိုပြီးတော့လည်း ရုံးတော်ကို စာရေးပြီး တင်ပြခဲ့တာဖြစ်ပါတယ်။
http://www.voanews.com/burmese/2009-05-29-voa3.cfm
Friday, May 29, 2009
အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး NLD စိုးရိမ်မကင်းဖြစ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
-
▼
May
(508)
No comments:
Post a Comment