Saturday, May 30, 2009

ဟုတ်ပါ့ မလား၊ ယုံရဲဘူး

ရန်ကုန်မြို့တော် ဇူလိုင်လတွင် မီး ၂၄ နာရီ ပြန်ရမည်ဟုဆို

30/May/2009

တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ၆၀ရာခိုင်နှုန်းခန့်ရှိသော ရန်ကုန်မြို့တော်သည် ၂၀၀၉ ခုနှစ် ဇူလိုင်လ
တွင်လျှပ်စစ်မီး ၂၄နာရီပြန်လည်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏အတွင်းရေး
မှူးဒုတိယဗိုလ်မှူးကြီး ဦးမောင်မောင်လတ်က ပြောကြားသည်။ “အရင်နှစ်တွေကလည်း ဇူလိုင်လဆို ၂၄နာရီမီးပုံမှန်
ပြန်ပေးလေ့ရှိသည်။ ဒီနှစ်လည်းဇူလိုင်လမှာမီးပုံမှန်ပြန်ပေးနိုင်မှာပါ”ဟု၎င်းကဆိုသည်။ ရန်ကုန်မြို့တွင် ယခုလက်
ရှိ A၊ B၊ C အုပ်စု သုံးခုခွဲ၍ အလှည့်ကျမီးပေး၊ မီးဖြတ် စနစ်ကျင့်သုံးနေကြောင်း နေပြည်တော် အမှတ်(၂) လျှပ်စစ်

စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပွင့်လင်းရာသီ၌ ရေအားလျှပ်စစ် စက်ရုံများသို့ ရေဝင်
ရောက်မှုနည်းပါးသွားခြင်းနှင့် သဘာဝဓာတ်ငွေ့အပိုင်းတွင် ဖိအား(Pressure) နည်းပါးခြင်းကြောင့် လျှပ်စစ်ဓာတ်
အားထုတ်လုပ်မှုကျဆင်းကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ
ဘီလူးချောင်း(၂) ၁၆၈ မဂ္ဂါဝပ်၊ ကင်းတား ၅၆ မဂ္ဂါဝပ်၊ ဆည်တော်ကြီး ၂၅ မဂ္ဂါဝပ်၊ ဘီလူးချောင်း(၁) ၂၈ မဂ္ဂါဝပ်၊
ဇော်ဂျီ(၁) ၁၈ မဂ္ဂါဝပ်၊ ဇော်ဂျီ(၂) ၁၂ မဂ္ဂါဝပ်၊ ဇောင်းတူ ၂၀ မဂ္ဂါဝပ်၊ သဖန်းဆိပ် ၃၀ မဂ္ဂါဝပ်၊ မုန်း ၇၅ မဂ္ဂါဝပ်၊
ပေါင်းလောင်း ၂၈၀ မဂ္ဂါဝပ်၊ ရဲနွယ် ၂၅ မဂ္ဂါဝပ်၊ ခပေါင်း ၃၀ မဂ္ဂါဝပ်၊ တီကျစ် (ကျောက်မီးသွေး) ၁၂၀ မဂ္ဂါဝပ်၊
ကျိုင်းတောင်း ၅၄ မဂ္ဂါဝပ် နှင့် ရွှေလီ(၁) ၅၀၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၁၄၄၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေကြောင်း၊ အ
မှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကလည်း လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၁၅ရုံဖြင့် မဂ္ဂါဝပ် ၇၂၃.၆၂ထုတ်လုပ်
ပေးနေကြောင်း နိုင်ငံပိုင် မီဒီယာများ၏ သတင်း ထုတ်ပြန်ထားချက်များအရ သိရသည်။ ရွှေလီ(၁) စီမံကိန်းတွင်
စက်တစ်လုံး တပ်ဆင်ပြီးလျှင် မဂ္ဂါဝပ် ၁၀၀ တိုးတက်ရရှိမည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၌ ရဲရွာစီမံကိန်း မဂ္ဂါဝပ် ၇၉၀၊
ကွန်ချောင်းစီမံကိန်း မဂ္ဂါဝပ်၆၀၊ ဖြူးချောင်းစီမံကိန်း မဂ္ဂါဝပ် ၄၀ နှင့် ရွှေကျင်စီမံကိန်း ၇၅ မဂ္ဂါဝပ် ရရှိမည်ဆိုလျှင်
ထပ်မံ၍လျှပ်စစ်ဓာတ်အား ၁၀၆၅ မဂ္ဂါဝပ် တိုးတက်ရရှိမည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်အကုန်တွင် မြန်မာနိုင်ငံလျှပ်
စစ်စက်တပ်ဆင်အား ၃၂၂၉.၆၂ မဂ္ဂါဝပ်အထိ ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ၌ ထုတ်ပြန် ကြေညာ
ထားကြောင်း ၂၀၀၉ခုနှစ်ဇွန်လ ၁ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။


Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်