Wednesday, May 27, 2009

သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှင့် နေကြလော့ 

ဒီနေ.မနက်၁၀နာရီတိတိမှာ မော်လမြိုင် စစ်ကဲကုန်း သစ်တောရုံးရှေ.မှာ
ဗုံးပေါက်သွားတယ် ၉နာရီခွဲမှာကလဲ ကမ်းနားလမ်းမှာလည်း တလုံးပေါက်တယ်။
(ပြည်သူတဦး)

http://shwenanda.blogspot.com/
ဒီကနေ့ မေလ ၂၇ ရက်နေ့မနက် ၉နာရီဝန်းကျင်က မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာ မြန်မာ့စီးပွားရေးဘဏ် အနီးနဲ့ မောရ၀တီပန်းခြံနားက အစိုးရဧည့်ဂေဟာ ရှေ့တွေမှာ ဗုံး ၂လုံး ရှေ့ဆင့်နောက်ဆင့်ကွဲခဲ့တယ်လို့သိရပါတယ်၊ ဒီဗုံးကွဲမှုကြောင့် အထိခိုက်အဆုံးရှုံးလည်း မကြားမိဘူးလို့မြို့ခံတွေကပြောပါတယ်၊ တိုက်ဆိုင်တာတခုကတော့ ဒီကနေ့ ရန်ကုန်အန်အယ်လ်ဒီရုံးချုပ်ရှေ့မှာ ကားတစီးက စာရွက်တွေဖြန့်ဝေသွားတဲ့ထဲမှာ နယ်စပ်ကနေ ဖေါက်ခွဲရေးသမားတွေ ၀င်လာနေပြီလို့ အန်အယ်လ်ဒီအမှတ်တံဆိပ်ပါတဲ့ စာရွက်တွေဖြန့်ကျဲသွားတာနဲ့ ဆက်စပ်နိုင်ပါတယ်၊
(shwenanda)

မှတ်သားဖွယ်ရာ သန်းရွှေ အမိန့် အမှာ
sitmone.88 တကယ်တမ်းဆို အာဏာရူးကြီးသန်းရွှေက အစထဲက ရူးနေပြီ ဆိုတာ တပ်တွင်းကလူတွေ အကုန်လုံးသိတယ် ၂၀၀၈ ဒီဇင်ဘာ DSA ကျောင်းဆင်းမှာ သမိုင်းဝင်မှတ်သားလောက်တဲ့ မိန့် ခွန်းကို ပြောသွားတယ်...“ ရဲဘော်တို့  ...ဒီနေ့ ဟာ အင်မတန်ထူးမြတ်တဲ့ နေ့ ထူးနေ့ မြတ် ဖြစ်တယ်...ဘာဖြစ်လို့ လဲ ဆိုတော့  ရဲဘော်တို့ ဟာ ရဲဘော်တို့ ဖြစ်နေလို့ ဘဲ....ဆိုပြီး ပြောသွားတာ တက်လာတဲ့ သူတွေ အကုန်လုံး သိတယ်။
(၈၈ မျိုးဆက် စစ်မုန်း)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်