ရွှေဝါရောင်သောတုဇနဘိက္ခူအဖွဲ့ ကြီး
ကြေငြာချက်အမှတ်(၁/၂၀၀၉)
နေ့ စွဲ။ ။၁၈.၅.၂၀၀၉
ကြေငြာချက်အမှတ်(၁/၂၀၀၉)
နေ့ စွဲ။ ။၁၈.၅.၂၀၀၉
(၂၀၀၇)ခုနှစ် စက်တင်ဘာရွှေဝါရောင် တော်လှန်ရေး အပြီးတွင် မြန်မာပြည်သူ/သားတို့ ၏ လွတ်လပ်မှု၊ လူ့  အခွင့်အရေး များကို တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းရေးအတွက် ရွှေဝါရောင် သောတုဇနဘိက္ခူအဖွဲ့ ကြီး ကို သံဃာတော်များ၊သီလရှင်များ၊ ကျောင်းသားများ၊ လူ့  အခွင့်အရေးလှုပ်ရှားသူများ၊ လူတန်းစားအသီးသီးနှင့် အဆင့်ဆင့် မွန်းမံဖွဲ့ စည်းခဲ့ကြသည်။
ထို့ နောက် ရွှေဝါရောင်သောတုဇနဘိက္ခူအဖွဲ့ ဝင်တို့ သည် ပြည်တွင်း၊ပြည်ပ၊ နယ်စပ် ဒေသများ၌ မြန်မာပြည်အရေးကို အခက်အခဲမြောက်များစွာကြားမှ စွမ်းစွမ်းတမံ လျို့ ဝှက်စွာ ဆောင်ရွက်နေကြသည်။ သို့ ရာတွင် မြန်မာပြည်အရေးကို သိသာထင်ရှားစွာ လှုပ်ရှား ဆောင်ရွက်ရမည့် အချိန်မှာ မကြာမှီသောကာလတွင် ရောက်ရှိလာတော့မည် ဖြစ်သည်။
ယခုအခါတွင် န.အ.ဖ စစ်ခေါင်းဆောင်များက မြန်မာပြည်၏အကျိုးစီးပွား ဖွံ့ ဖြိုး တိုးတက် ရေးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်သည့်အပြင် မြန်မာပြည်သူ/သားများ၊ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသားများ၊ လူ့ အခွင့်အရေးလှုပ်ရှားသူများ ကိုလည်းသတ်ဖြတ်၊ဖမ်းဆီး၊နှစ်ရှည်ထောင်ချ ခဲ့ကြသည်။ သံဃာတော်များ၏ ယခင်က ရရှိခဲ့သော အခွင့်အရေးနှင့်လွတ်လပ်မှု တို့ ကိုလည်း လက်နက်အားကိုးဖြင့် ဖြတ်စီး တာမြစ်နေကြသည်။ ကျောင်းသားထုတရပ်လုံး၏ ပြည်သူတို့ အတွက်တောင်းဆိုသော အခွင့်အရေးများကို လည်းပဲ လျစ်လျူရှုပြီး၊ ကျောင်းသားထုတရပ်လုံးအား ဦးမမော့နိုင်အောင် မတရားကြံစီ နှိမ်နင်းနေကြသည်။ တဖက်၌လည်းပဲ (၂၀၁၀)ခုနှစ်၌ ရွေးကောက်ပွဲ ကျင်းပကာ မြန်မာပြည်အား ဆတ်လတ်၍ ချုပ်ကိုင် အမှောင်ချထားရန် ကြိုးပမ်းနေကြပြန်သည်။ မြန်မာပြည်သူ/သားများဖြစ်သော စစ်သားများ၊ရဲသားများ၊ ၀န်ထမ်းများ အားလည်းပဲ စစ်ခေါင်းဆောင်များ၏ ငွေကြေးအကြွင်းအကျန် အရိုးအရင်းများဖြင့် ချုပ်ကိုင် စိုးမိုးထားပြီး ကမ္ဘာနှင့်ယဉ်ဘောင်မတန်းနိုင်အောင် နည်းမျိုးစုံဖြင့် အသိဥာဏ်ခေါင်းပါ သော ကျွန်စစ်သား၊ ကျွန်ရဲသား၊ ကျွန်ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းအားထုတ်နိုင်ခဲ့ ကြသည်။
အခြားတဖက်၌လည်းပဲ ပြည်တွင်း၊ပြည်ပများမှ အတိုက်အခံပါတီများ၊ ဒီမိုကရေစီ အင်အား စုများမှာ အကြောင်းအမျိုးမျိုးကြောင့် ဟန်ချက်မညီဖြစ်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားခေါင်ဆောင်ကြီး များ မှာလည်းပဲ န.အ.ဖ စစ်အုပ်စု၏ မတရားထိန်းချုပ်မှုများကို ခံနေကြရဆဲဖြစ်သည်။
ကျွန်ုပ်တို့ ရွှေဝါရောင်သောတုဇနဘိက္ခူအဖွဲ့ ဝင်တို့ သည် ဤသို့ သောအချက်အ လက်များ ကိုသုံးသပ်ကာ လာမည့်(၂၀၁၀)ခုနှစ်၌ မြန်မာပြည်သူ/သားများ၊ သံဃာတော်များ၊ သီလရှင် များ၊ ကျောင်းသားများ၊ လူ့ အခွင့်အရေးလှုပ်ရှားသူများ၊ အပစ်အခတ်ရပ်အဖွဲ့ များ၊ လူ၏တန်ဖိုးနားလည်သော စစ်သားမျုား၊ ရဲသားများ၊ ၀န်ထမ်းများအားလုံး စုပေါင်းကာ တညီတညွတ်တည်း မြန်မာပြည်ကြီး တိုးတက်ကောင်မွန်ရေး၊ မိမိတို့ ၏လူ့ အခွင့်အရေးများ အပြည့်အ၀ ရရှိရေး အတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်သော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူထုခေါင်းဆောင်များကို ရွေးချယ်တင်မြောက်နိုင်ရေးအတွက် တပြိုင်တည်း လှုပ်ဆောင်နိုင်ရန် အောက်ပါအတိုင်း ကြေငြာအသိပေးလိုက်သည်။
၁။ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းများအားလွှတ်ပြီးတွေ့ ဆုံဆွေနွေးကာ ရွေးကောက်ပွဲကျင်းပရန်၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာလေ့လာရေး အဖွဲ့ များကို ရွေးကောက်ပွဲအား လေ့လာခွင့်ပြုရန် ဒီမိုကရေစီမြတ်နိုးသောပါတီ၊ပြည်သူ၊ ကျောင်းသား များက ညီညွတ်စွာ န.အ.ဖ စစ်အုပ်စုအား တညီတညွတ်တည်းတောင်းဆိုကြရမည်။
၂။ မိမိတို့  ရွှေဝါရောင် သောတုဇနဘိက္ခူ အဖွဲ့ ဝင် အပေါင်းတို့ သည် နိုင်ငံစွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲပြီး ဖွဲ့ စည်းထားခြင်း လုံးဝမဟုတ်ပါသောကြောင့်(၂၀၁၀)ခုနှစ်ကာလ၌် အများပြည်သူလက်ခံသော လူထု ခေါင်းဆောင်များကိုသာ ပြည်သူပြည်သား၊ လူ့ အခွင့်အရေး လှူပ်ရှား သူများ၊ မျိုးချစ်စစ်သားများ၊ ရဲသားများ၊ အပစ်အခတ်ရပ်အဖွဲ့ အစည်းများ၊ နယ်စပ်ဒေသရှိ လက်နက်ကိုင် အဖွဲ့ ဝင်များ နှင့်အတူ ရဲဝံ့ပြတ်သားစွာ ထောက်ခံသွားမည် ဖြစ်သည်။
၃။ မြန်မာပြည်၏ အမှန်တကယ် ဖွံ့ ဖြိုးတိုးတက်ရေး၊ အသိပညာရှိပြီးလူ့ အခွင့်အရေး အပြည့်ဝရရှိသော ပြည်သူပြည်သားများ အနာဂါတ်ကာလ၌ အမှန်တကယ်ပေါ်ထွန်းလာ
ရေးအတွက် လူ့ အခွင့်အရေးကို အမှန်တကယ် ချစ်မြတ်နိုးသော မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုး၊ မည်သည့်ဘာသာ၊ မည်သည့်ပါတီ၊ မည်သူနှင့်မဆို ကျွန်ုပ်တို့  ရွှေဝါရောင် သောတုဇနဘိက္ခူ အဖွဲ့ ဝင် အပေါင်းတို့ သည် ပြတ်သားစွာ ပူပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ ဖြစ်ပါ၍ မြန်မာပြည်တွင်း၌ရှိသော ပြည်သူများ၊ သံဃာတော်များ၊ စွမ်းအားရှင် အမည်ခံပြည်သူများ၊ ကြံ့ခိုင်ဖွံ့ ဖြိုးရေး အမည်ခံပြည်သူများ၊ လူ့ အခွင့်ရေး လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ စစ်တပ်အပါအ၀င် လက်နက်ကိုင်အဖွဲ့ ဝင်များ၊ နယ်စပ်ဒေသမှ အတိုက်အခံပါတီများ၊ ကမ္ဘာတစ်ဝှမ်းမှ မြန်မာ့အရေးလှုပ်ရှား သူများအားလုံး တစ်ဦးနှင့် တစ်ဦး၊ တစ်ပါတီနှင့် တစ်ပါတီ ငြင်းခုံတိုက်ခိုက်မှုများ ယက္ခုအချိန်မှစ၌ လုံးဝရပ်တန့် ခြင်း၊ မြန်မာတစ်မျိုးသားလုံး ကောင်းစာရေးကိုသာ ဦးစားပေခြင်း၊ မိမိ၏အာဏာ၊ ငွေအသပြာ ရရှိရေးများကို စွန့်် လွှတ်ပြီး၊ အာဏာရှင်ကို တိုက်ဖြတ် သူများပီပီ မြန်မာပြည် အမှန်တကယ် တိုးတက်ပြောင်းလဲရေးကိုသာ ကျွန်ုပ်တို့  ရွှေဝါရောင် သောတုဇနဘိက္ခူ အဖွဲ့ ဝင် အပေါင်းတို့ နှင့်အတူ တညီတညွတ်တည်းပုးပေါင်းဆောင်ရွက် ကြပါရန် နှိုးဆော် အသိပေး ကြေငြာအပ်ပါသည်။
ရွှေဝါရောင်သောတုဇနဘိက္ခူအဖွဲ့ ကြီး
2009/5/25 aungsan

No comments:
Post a Comment