Thursday, May 28, 2009

ညီညွတ်ကြစို့ 

လက်တစ်ဆုပ်စာ တဏှာရူး အကျင့်ပျက် လာဘ်စား စစ်အာဏာရူးတစ်စုက တပ်မတော်တစ်ခုလုံးကို ဦးဏှောက်မဲ့ ပညာမဲ့အောင်လုပ်ထားပြီး ခွစီးထားတယ်။ ကျွန်တော်တို့ လူမျိုး၊ဘာသာ၊သာသနာ နဲ့ မြန်မာတစ်နိုင်ငံလုံးကို ကောက်ကျစ်ယုတ်မာစွာနဲ့ အနိုင်ကျင့်စော်ကား စစ်ကြေငြာထားတယ်။
ပြည်သူ့ တပ်မတော်သားဟောင်းတစ်ယောက် ဒီကနေ့ ပဲ အင်းစိန်ထောင်ရှေ့ မှာ တကိုယ်တော်ဆန္ဒပြပြီး သတ္တိရှိရှိပေးဆပ်လိုက်ပြီ။
အဲဒီမျိုးချစ်တပ်မတော်သားဟောင်းကတော့ အသက် (၅၀) ခန့် အရွယ် ဦးဇော်ညွန့် (တပ်မတော် လေ) ဖြစ်ပါတယ်။
သူ့ ကို အမျိုးယုတ်တပ်မတော်သားတွေ(ရဲအရေခြုံတွေ)နဲ့ ဦးဏှောက်မဲ့ စွမ်းအားမဲ့တွေက မတရားထိုးကြိတ်ဖမ်းဆီးခေါ်ဆောင်သွားတယ်။
တစ်ယောက်ကျရင် ၂ ယောက်ထွက်မယ်၊ ၂ယောက်ကျရင် ၃ယောက်ထွက်မယ်၊ ၃ယောက်ကျရင် တစ်နိုင်ငံလုံးထွက်မယ်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်