Thursday, May 28, 2009

ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ

ရဟန်းသံဃာများနှင့် တိုင်းရင်းသား ပြည်သူအပေါင်းတို့- သင်တို့တတွေရဲ့အနာဂတ်ဘဝတွေ၊ သင်တို့ သားသမီးတွေ မြေးမြစ်တွေရဲ့ အနာဂတ်ဘဝတွေ ပြင်ဆင် ဖန်တီးကြရန် အတွက် စစ်အာဏာရှင်တွေရဲ့ အပေါ်ယံ သကာလောင်းထားတဲ့ မဖြစ်

စလောက် မက်လုံးလေးကို သာယာမက်တွယ်ပြီး တန်ဘိုးရှိတဲ့ အချိန်တွေ ဘဝတွေကို အကုန်ခံ အဆုံးရှုံးခံ မနေကြပါနဲ့။

မကောင်းတဲ့ လုပ်ရပ်တွေ ဆိုးညစ် ယုတ်မာ စဉ်းလဲ ကောက်ကျစ်ပြီး မမှန်မကန် လုပ်ကြံတတ်တဲ့ အကြံဆိုးတွေနဲ့ ဘာသာတရားတွေ တိုင်းရင်းသား ပြည်သူတွေအပေါ် ညှင်းဆဲ နှိပ်စက် သတ်ဖြတ်ပြီး ဆင်းရဲ မွဲတေခါ ဘဝတွေ ဆုံးရှုံး နစ်နာအောင် လုပ်နေကြတဲ့- န အ ဖ စစ်အာဏာရှင်တွေနဲ့ ကြံ့ဖွတ် စွမ်းအားရှင် သတင်းပေးတွေ စာနာစိတ် မရှိပဲ သွေးဆာနေတဲ့ လက်နက်ကိုင် အာဏာပိုင်တွေရဲ့ သားစဉ် မြေးဆက် အားလုံးကို

---- ဘာသာရေးဘက်က သပိတ်မှောက် ကံဆောင်ရုံက လွဲပြီး ဘာမှ ပိုလုပ်လို့ မရ တော့ဘူးလို့ ထင်နေကြတဲ့ အတွက် ဘာသာရေးဘက်မှ ဒဏ်ခတ်စရာတွေရှိသေးတယ် ဆိုတာ ပြသ ဆုံးမပြီး “ယမမင်း ” ခုံရုံးသို့ အမြန်ဆုံး တင်နိုင်ဘို့ရန် --- အမှန်တရားကို လိုလားကြသော ပြည်တွင်း ပြည်ပရှိ ရဟန်း သံဃာများ နှင့် တိုင်းရင်းသား ပြည်သူများ မှ လာမည့် စက်တင်ဘာလအတွင်း ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ကြေငြာ တပ်လှန့်အပ်ပါ သည်။



မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်