Thursday, May 21, 2009

Thursday, 21 May 2009 17:30 ဧရာဝတီ

အင်းစိန်ထောင် သီးသန့် တရားရုံးတွင် ခုံရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် ၏ အမှုနှင့် ပတ်သက်သော နေ့စဉ်မှတ်တမ်းကို ဧရာဝတီမဂ္ဂဇင်းက လက်ခံရရှိထားသည်။

ယခုနေ့စဉ် မှတ်တမ်း၌ ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ချထားရာ၎င်း၏နေအိမ်အတွင်းသို့ အင်းလျား ကန်မှ တဆင့် ရေကူး ဝင်ရောက်ခဲ့သော မစ္စတာဂျွန်ဝီလျံ ယက်ထောအား မေလ ၃ ရက်နေ့မှ ၅ ရက်နေ့ ညအထိ နေအိမ်အတွင်းနေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း ပြုခဲ့ပြီး အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ကဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှု အပေါ် အားပေးကူညီခဲ့ သဖြင့်အမှုဖွင့်အရေးယူရန် ဒုတိယရဲမှူးကြီးဇော်မင်းအောင်က တိုင်ကြားထားကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဥက္ကဌ၊ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွန့်နှင့် အဖွဲ့ဝင် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားသူကြီးဦးညီညီစိုးတို့က အင်းစိန်ထောင် တရားရုံးတွင် စစ်ဆေး လျှက် ရှိသည်။

နေ့စဉ်မှတ်တမ်းတွင် ၎င်းအမှုအတွက် ခေါ်ယူစစ်ဆေးမည့် တရားလိုပြသက်သေ ၂၂ ဦးတို့၏ အမည်စာရင်း အပြင် မစ္စတာ ဂျွန် ဝီလျံ ယက်ထောလက်တွင်းမှ သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်း ၆၁ မျိုး၊ ၎င်း တည်းခို သည့် Beauty Land ဟိုတယ် မန်နေဂျာ ဦးကျော်သူထံမှ သိမ်းယူခဲ့သည့် မစ္စတာယက်ထော၏ ပစ္စည်း ၂၇ မျိုး နှင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်း အတွင်းမှ သိမ်းယူရခဲ့သည့် သက်သေခံ ပစ္စည်း ၁၁ မျိုး တို့၏ စာရင်း များကို ဖော်ပြထားသည်။

အသေးစိတ်ကို သိရှိလိုပါက (ဤနေရာ) တွင် ဖတ်ရှုနိုင်ပါသည်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်