CNN သတင်းဌာမှ စုံစမ်းဖော်ပြထားတဲ့ Yattaw အကြောင်း သတင်းဆောင်းပါးကို တတ်စွမ်းသလောက် ဘာသာပြန်ထားပါတယ်။ အသုံးကျမည်ယူဆပါလျှင် လွတ်လပ်စွာဖော်ပြနိုင်ပါရန် ပေးပို့ပါတယ်။
Original news source: http://edition.cnn.com/2009/US/05/14/missouri.man.myanmar/index.html
Missouri ပြည်နယ် အလယ်ပိုင်းက သစ်ပင်မြင့်ကြီးတွေ ကားဟောင်းအပျက်တွေ ရှိတဲ့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ ယခုမြန်မာပြည်မှာ အဖမ်းဆီးခံနေရတဲ့ အမေရိကန်နိုင်ငံသားရဲ့ ရွှေ့ပြောင်းနိင်တဲ့အိမ်ယာတည်ရှိတယ်။
အိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အိမ်တွင်းကို ရေကူးသွားပြီးခိုးဝင်ခဲ့တယ်ဆိုတဲ့ John Yettaw ဆိုတဲ့ ပုဂ္ဂိုလ်နေထိုင်ရာ လူနေခပ်ကျဲကျဲ့ စီရင်စုမြို့သေးလေးဖြစ်တဲ့ Falcon ကို ဂျာနယ်လစ်တွေ စုပြုံလာနေကြတယ်။
Yettaw ကို မြန်မာနိုင်ငံမှာ ပြစ်မှုနှစ်ခုနဲ့တရားစွဲဆိုထားပါတယ်လို့ ဒေါ်စုရဲ့ပါတီက ပြောတယ်။ အမှုတွေကတော့ နိင်ငံတွင်းတရားမ၀င်ဝင်ရောက်မှု နဲ့ အစိုးရခွင့်ပြုချက်မ၇ှိပဲ လူနေအိမ်အတွင်းဝင်ရောက် နေထိုင်မှုတို့ဖြစ်ပါတယ်။ ပြစ်မှုနှစ်ခုစလုံးဟာ ထောင်ခံ၅နှစ်အထိ အပြစ်ကျခံရနိုင်ဖွယ်၇ှိတယ်။
နဂိုကတည်းကမှ ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်သည်တွေ့ခွင့်လုံးဝနီးပါးပေးလေ့မရှိတဲ့ စစ်အစိုးရက ချမှတ်ထားတဲ့ အိမ်အကျယ်ချုပ် ကန့်သတ်ချက်တွေကို Yettaw ရဲ့ခိုးဝင်နေထိုင်ခဲ့ခြင်းဟာ ချိုးဖောက်မိစေသလိုဖြစ်သွားခဲ့တယ်။ ၉၁နှစ်ရဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဟာ လဲ အကျိုးဆက်အနေနဲ့ ဆက်လက်ဖမ်းဆီးခံနေရပြီး တနင်္လာနေ့မှာ တရားခွင်မှာစစ်ဆေးခံရတော့မှာဖြစ်ပါတယ်။ Yettaw ရဲ့အိမ်နီးနား ချင်းတွေဆီက သိရတဲ့တစ်စွန်းတစ်စ သူ့အကြောင်း ကိုတတ်နို်င်သမျှပုံဖော်ကြည့်ရမယ်ဆိုရင်တော့ အချို့လူတွေအပြောအရတော့ ဖော်ရွေတတ်တဲ့ ပညာတတ်တစ်ယောက်ပုံစံ…အခြားသူတွေကတော့..သူဟာ သီးသန့်နေတတ်ပြီး ခပ်ဆန်းဆန်း လူတစ်ယောက်ဖြစ် နေတယ်။
Mike Assell ဆိုသူ အိမ်နီးနားချင်းပြောတာကတော့ “ Johnဟာ ကျုပ်အတွက်တော့ အတော် ခင်မင်စရာကောင်းတဲ့သူ၊ ဥာဏ်အသိပညာ ရှိသူ၊ စာဖတ်သူ၊ စကားလုံးတွေအကြောင်းကောင်းကောင်းနားလည်သူပဲ၊ ခင်ဗျားပြောချင်တာကို သူက ကောင်းကောင်း နားလည် သဘောပေါက်တတ်သူ စာကြမ်းပိုးတစ်ယောက်ပါ” ။ သူက ထပ်လောင်းပြီး John ဟာခင်မင်တတ်ပေမယ့် ရပ်ရေးမြို့ရေး အသိုင်းဝိုင်းထဲမှာ တော့သိပ်တက်တက်ကြွကြွပါလေ့မရှိဘူးတဲ့။ လူတွေကို စကားပြောရမှာ ကြောက်လို့တော့ ဟုတ်ဟန်မတူဘူး ၊။ ဒါပေမယ့်သိပ်တော့ ထင်ထင်ပေါ်ပေါ်နေလေ့မရှိတာ။ သူ့မှာ သူ့အလုပ်နဲ့သူ. သူလုပ်ချင်တာတွေပဲ အမြဲဦးစားပေးနေလေ့၇ှိသူ။ လုပ်နေလေ့ရှိသူဖြစ်ပါတယ် .. တဲ့ ။သူဦးစားပေးတဲ့ ဟာတွေထဲက အချို့ကတော့ သူ့မိသားစုရယ်၊ သူ့ဆေးပညာနဲ့ပတ်သက်တဲ့ ဟာရယ်ပဲ။ သူ့ကလေးတွေကိုတော့ သူ တကယ်ကို ကြည့်ရှုစောင့်ရှောက်တတ်တယ်။ ကလေးတွေ ၀ါသနာပါရာတွေမှာ ထူးချွန်စေ လိုတယ်။ ပညာကောင်းကောင်းတတ်စေလိုတယ်။ ကျောင်းအမြဲသွား စာသင်နေတာမျိုး အမြဲဖြစ်စေချင်နေသူဖြစ်တယ်။ မိသားစုကတော့ သူဦးစားပေးတာတွေထဲမှာ ထိပ်ဆုံးနီးပါးလောက်ပဲထင်ပါတယ်။ Yattaw အိမ်က တကယ်ကိုချောင်ကျကျပါ။ အနီးဆုံးလမ်းက နေ နှစ်မိုင်လောက်ဝင်ရတယ်။ အနီးဆုံး အိမ်နီးနားချင်းက မိုင်ဝက်လောက်ဝေးတယ်။ အခုအဲဒိအိမ်မှာကြာသပတေးနေ့ကတော့ လူမ၇ှိဘူး။ အိမ်နီးချင်းတွေကတော့ သူအဲဒီအိမ်မှာ အသက် ၁၀နှစ်ကနေ ၂၂ထိ၇ှိတဲ့ သားသမီးတွေနဲ့ အတူနေတာပဲလို့ ပြောကြတယ်။
သူ့ရဲ့ အရင်ဇနီး Ynonne နဲ့ လွန်ခဲ့တဲ့ ၆နှစ်လောက်က ကွာရှင်းခဲ့တယ်။ ဒါပေမယ့် ကလေးအများစုကတော့ Yattaw နဲ့ပဲနေကြတာ များတယ်။ အရင် အိမ်ထောင်နဲ့ ရတဲ့ သားအကြီး Craig Dehner ဟာ ယခု Springfield မှာနေထိုင်နေတယ်။ အဲဒီသားဟာ CNN ရဲ့ မေးမြန်းမှုကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ နောက်သားတစ်ယောက်ကတော့ မော်တော်ဆိုင်ကယ် အက်ဆီးဒင့်နဲ့ ပြီးခဲ့တဲ့ နှစ်အနည်း ငယ်မှာ ပဲ သေဆုံးသွားခဲ့တယ်လို့ Assell က ပြောပြတယ်။
အချို့သော နာမည်မဖော်ပြချင်ကြတဲ့ အိမ်နီးနားချင်းတွေပြောတာကတော့ … သူဟာ စစ်အတွင်းထိတ်လန့်ဖွယ်ရာအဖြစ်တွေကြောင့် စိတ်ကဆင့်ကလျားရောဂါနဲ့ အရက်စွဲရောဂါတို့ခံစားရသူဖြစ်တယ်တဲ့။ အချို့ကလဲ .. သူဟာ လှုပ်ရှားတက်ကြွသူ တစ်ယောက်ပုံစံ ရှိကြောင်း။ သူ့စဉ်စားတွေးခေါ်ပုံကတော့ အခြားသူတွကို တတ်နိုင်သလောက်ကူညီဖို့ ၊ လိုအပ်မယ်ဆိုရင် အသစ်အဆန်းတွေ၊ မကြုံဖူးတာတွေ လုပ်ရမယ်ဆိုလဲ လုပ်မယ့်သူဖြစ်တယ် တဲ့။ ယခုမြန်မာပြည်မှာ Yattaw လုပ်ခဲ့တာ၊ ဖြစ်ခဲ့တာနဲပတ်သက်လို့တော့ မြန်မာ မီဒီယာတွေက ပြောသလောက်ထက် ဘာမှပိုမသိရသေးပါဘူး။ သူဟာ ဆီးချိုရောဂါရှိနေသူဖြစ်တယ်..မောပန်းဆာလောင်လာပါတယ်လို့ ပြောတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတူနေမိန်းမဖော် နှစ်ယောက်က သူ့ကို အစားအစာ ကျွေးပါတယ်။ မြန်မာစစ်အစိုးရကတော့ Yattaw အဲသလို ဒေါ်စုအိမ်အတွင်းရှိတာဟာ သူ့ရဲ့ အကျယ်ချုပ် ကန့်သတ်ချက်တွေကို ချိုးဖောက်ရာ ကျတယ်လို့ စွပ်စွဲပါတယ်။ U.S. Campaign for Burma ရဲ့အဆိုအရတော့ သူမရဲ့ လက်ရှိ အိမ်အကျယ်ချုပ်သက်တမ်းဟာ မကြာခင် နှစ်ပတ်လောက်အတွင်းမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အခုလို အမှုဆင်လိုက်တာဟာ သူမ အိမ်အကျယ်ချုပ်ကိုသက်တမ်းဆက်တိုးဖို့ အစိုးရက ရမယ်ရှာတာလို့ ပြောပါတယ်။ Yattaw ရဲ့ အိမ်နီးနားချင်းတွေကတော့.. သူ့ရဲ့ပညာပိုင်းဆိုင်ရာ လိုက်စားမှုရယ်.. ကူညီတတ်တဲ့စိတ်ထားရယ်..ထူခြားတဲ့စရိုက်တွေရှိသူအနေနဲ့.. အခုလို မြန်မာပြည်မှာ ဒီလိုကိစ္စမျိုးသွားဖြစ်တာဟာ သိပ်တော့ အံ့သြစရာမဟုတ်ပါဘူးလို့ ပြောကြတယ်။
Assell ကတော့ “ သူ့အလုပ်ကို ပြည့်စုံအောင်လုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ မြန်မာပြည်အထိရောက်သွားတာ ထင်တာပဲ “ တဲ့။ သူဟာ သူ့ပညာရပ်ဆိုင်ရာ တခုခုကို အသုံးချဖို့ နေရာတခုအနေနဲ့ မြန်မာပြည်ကို တွေ့သွားပုံပေါ်တယ်။ သူအဲဒီမှာ သူ့ပညာရပ် တိုးပွားလာဖို့ အဲလိုလုပ်တာလို့ပဲ ထင်တယ် လို့ တွေးတွေးဆဆ နဲ့ Assell က ပြောပြတယ်။
(ဘာသာပြန်သူ မှတ်ချက်။ ။ ခုတော့ သူလဲ ပညာရပ်တိုးပွား မပွားတော့မသိဘူး။ သင်ခန်းစာတော့ ကောင်းကောင်းရသွားပြီး။ သူကူညီ လိုက်တာ နဂိုကတည်းကမှ ဒါဏ်ရာများစွာနဲ့ မလဲရုံတမည်၊ အဆုံးစွန်ပေးဆပ်စွန့်လွှတ်ထားသူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် မတရား ဆက်လက်အနိုင်ကျင့်ဖို့ လူစိတ်မရှိတဲ့စစ်အစိုးရကို အကြောင်းရှာပေးလိုက်သလိုဖြစ်သွားပါပြီ)
ဝေမျှသော မင်းနန္ဒ အားကျေးဇူးပါ။
Friday, May 15, 2009
ရွေမင်းသမီးကလေး၏ ပုံပြင်
Labels:
သတင်း ဆောင်းပါး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
-
▼
May
(508)
1 comment:
ဆောက်ပိုတွေ.... တရုတ်ထောက်လှမ်းရေးနဲ့ပေါင်းပြီး အကွက်ထွင်ထားတာ.. သူတောင်းစားပိုက်ဆံတော်တော်ရမယ်
Post a Comment