Saturday, May 16, 2009

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေဦးကြည်ဝင်း အင်းစိန်ထောင်ထဲမှာ တွေ့

16 May 2009

ရှေ့နေကြီး ဦးကြည်ဝင်းဟာ သူ့ရဲ့အမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်
ထောင်မှာ မနေ့က တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့
ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

“ဦးကြည်ဝင်းက မနေ့က ထောင်မှာသွားပြီးတော့ စာတင်ပါတယ်။ အမှုအတွက်
ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ညွှန်ကြားမှုတွေယူဖို့ တွေ့ပါရစေပေါ့။ အဲဒါ ဒီနေ့
တော့ ညနေ ၄ နာရီကနေ ၅ နာရီခွဲအထိ တွေ့ခွင့်ပေးပါတယ်။”

ဘာတွေများ ပြောခွင့်ရခဲ့ပါလဲ၊ -
“ဟုတ်ကဲ့။ အဆင်ပြေပြေပါပဲ၊ အဓိကအားဖြင့်တော့ အမှုအကြောင်း ဆွေးနွေး
တယ်။ အကြံဉာဏ်ယူတယ်ပေါ့။ နောက်ပြီးတော့ instruction ယူတယ်ပေါ့။ အဲဒီတော့
တခြားတော့ အမှုအကြောင်းနဲ့ပတ်သက်လို့တော့ ကျနော် ပြောလို့မရပါဘူး။ အဓိက
က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်တဲ့။ ကျန်းမာရေးကောင်းတယ်လို့
ပြောပေးပါပေါ့၊ မိတ်ဆွေတွေကို။ နောက်တခုက သူနဲ့အတူတူ ဒေါ်ခင်ဝင်းတို့ သားအမိ
လည်း အတူတူနေရပါတယ်လို့ အဲဒီလို ပြောလိုက်ပါတယ်။”

ဘယ်မှာတွေ့တာပါလဲ ခင်ဗျာ။ အင်းစိန်ထောင်ထဲမှာလား ဘယ်နေရာမှာလဲ။။
“အင်းစိန်ထောင်ဝင်းထဲက ဧည့်ရိပ်သာတခုမှာ ဒေါ်အောင်ဆန်းစုကြည် ကို ခေါ်လာ
တယ်။ ဦးကြည်ဝင်းတို့ကိုလည်း ခေါ်သွားပြီး အဲဒီလို တွေ့ပေးတာပါ။”

ဒီနေ့ စနေနေ့ ၄ နာရီခွဲ ၅ နာရီမှာပေါ့နော်။။
“ဟုတ်ပါတယ်။”

ဘယ်အမှုနဲ့ စွဲမယ်ဆိုတာရော၊ အဲဒါရော အပြောင်းအလဲ ရှိပါသေးလား။
“အဲဒါကတော့ ရုံးချိန်းနေ့ကျမှ သိရမယ်။ အရင်အတိုင်းပဲ ပုဒ်မ (၂၂) နဲ့ ဒီတစ်မှုပဲ ဖြစ်ဖို့
များပါတယ်။”

ရုံးချိန်းက ၁၈ ရက်နေ့ပေါ့နော်။ -
“ဟုတ်ပါတယ်။”

ခုခံဖို့ ချေပဖို့ ကိစ္စတွေရော ဘာတွေများ ပြောဖြစ်ပါသလဲခင်ဗျာ။
“ဆရာ ဦးကြည်ဝင်း အစီအစဉ်က ဆရာ ဦးကြည်ဝင်းရယ်။ ကျနော်ရယ်၊ ကိုလှမျိုးမြင့်
ရယ်၊ ဒေါ်ခင်ဌေးကြွယ်ရယ် လေးယောက် ဆောင်ရွက်မယ်။ ဘယ်သူက ဘယ်သူ့
အတွက်ဆိုတာကိုတော့ မနက်ဖြန် တနင်္ဂနွေနေ့ ကျနော်တို့ဆုံပြီးတော့ ညှိနှိုင်း
ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

ပြီးခဲ့တဲ့သီတင်းပတ်က အာဏာပိုင်တွေ ခေါ်ဆောင်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်
ရဲ့ သမားတော်ကြီး ဒေါက်တာတင်မျိုးဝင်းကိုလည်း စနေနေ့မှာပဲ ပြန်လွှတ်ပေးခဲ့တဲ့
အကြောင်း ဒေါက်တာတင်မျိုးဝင်းရဲ့ မိသားစုဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။
ဗွီအိုအေက ဒေါက်တာတင်မျိုးဝင်းနဲ့ စကားပြောခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် နေအိမ်မှာမရှိ
တဲ့အတွက် ပြောခွင့်မရခဲ့ပါဘူး။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်