မြန်မာကလေးများ လုံခြုံရေးကောင်စီ အကာကွယ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို
07 May 2009
မြန်မာနိုင်ငံက သောင်းနဲ့ချီတဲ့ ကလေးငယ်တွေ ကလေးစစစစ်သား အဖြစ် စုဆောင်းခံနေရတဲ့ ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ အလျင်အမြန် အရေးယူ ဖြေရှင်းပေးဖို့ အမေရိကန် အခြေစိုက် ကလေးစစ်သားနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ လူ့အခွင့်အရေး အဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့က မြန်မာပြည်တွင်း ကလေးစစ်သားတွေနဲ့ ပတ်သက်ပြီး “NO MORE DENIAL” “မငြင်းကြနဲ့တော့”လို့ ဆိုထားတဲ့ စာမျက်နှာ ၇၇ မျက်နှာ ပါ အစီရင်ခံစာသစ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့မှာလည်း နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာစစ်အစိုးရ တပ်တွေကရော၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကပါ ကလေး စစ်သား စုဆောင်းမှုနဲ့ အတူ သွေးဆောင် ဖမ်းဆီး မုဒိန်းကျင့်တာတွေ ရှိနေပြီး ကလေးငယ်တွေဟာ စာသင်ကျောင်းတွေမှာ အတိုက်ခိုက် ခံရတ၊ ပြည်တွင်း အိုအိမ် အဓ္ဓမ ရွေ့ပြောင်းခံရတာ အပါအ၀င် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို မှတ်တမ်းမှတ်ရာနဲ့ သက်သေ ပြနိုင်ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ရေငုံ နှုတ်ပိတ်နေတယ်လို့ စောင့်ကြည့် မှတ်တမ်းတင် ဒါရိုက်တာ ဂျူလီယာ ဖရစ်ဆင် က ပြောပါတယ်။
“ကုလသမဂ္ဂ သတင်းရပ်ကွက်တွေကရော၊ ဒေသခံ လူသားချင်းစာနာမှု ဆိုင်ရာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကရော၊ သက်သေ အထောက်အထားတွေ ပြသခဲ့ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အရေးယူ ဆောင်ရွက်ချင်း မရှိတာတွေကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ စွတ်စွဲထားပါတယ်။”
မြန်မာနိုင်ငံက ကလေးငယ်ဆိုင်ရာ အခွင့်အရေးတွေဟာ သိပ်ကို ဆိုးရွားနေပြီး၊ ကမ္ဘာပေါ်က စစ်မက် ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ရှိတဲ့ ကလေးငယ်တွေရဲ့ အခြေအနေထက် ပိုပြီး ဆိုးပေမဲ့ အားလုံးက လျော့တွက်နေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ စောင့်ကြည့်မှတ်တမ်းတင် အဖွဲ့ရဲ့ အစီရင်ခံစာ အချက်အလက်တွေကို ကူညီ စုဆောင်းပေးတဲ့ HUMAN RIGHT WATCH လူ့အခွင့်အရေး အဖွဲ့ကြီးက ကလေးသူငယ် ရပိုင်ခွင့် ဆိုင်ရာ ဒါရိုက်တာ ဂျိုး ဘက်ကာ ကတော့ မြန်မာစစ်တပ်ထဲမှာ ကလေးစစ်သား သောင်းနဲ့ချီပြီး ရှိနေတယ်လို့ ပြောပါတယ်။
“စိတ်ချ ယုံကြည်ရတဲ့ စုံစမ်းလေ့လာချက်တွေအရ မြန်မာအစိုးရ စစ်တပ်ထဲမှာ ကလေးစစ်သား အရေအတွက်ဟာ သောင်းနဲ့ချီ ရှိနေပါတယ်။ ဒါဟာ ကမ္ဘာပေါ်က ကလေးစစ်သားသုံးတဲ့ တပ်တွေ ထဲမှာ အရေအတွက်အများဆုံးပါ။”
မြန်မာအစိုးရ စစ်တပ်ထဲမှာ အသက် ၁၈နှစ်အောက် ကလေးငယ်တွေကို မစုဆောင်းရဘူးဆိုတဲ့ အမိန့် ထုတ်ပြန်ထားပေမဲ့ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေတဲ့ အချက်တွေကိုလည်း ချပြခဲ့ပါတယ်။ အဓိက အချက်က မြန်မာစစ်တပ်ထဲက ထွက်ပြေးသူတွေ တနေ့တခြား ပိုများနေပြီး တချိန်တည်းမှာပဲ တပ်ရင်းသစ်တွေ တိုးချဲ့ စုဆောင်းဖို့ အရေအတွက် သတ်မှတ်တဲ့အပြင် သတ်မှတ်အရေအတွက် မပြည့်မှီရင် အပြစ်ဒဏ်ပေးဖို့ပါ အထက်က အမိန့်ချတာမို့ လက်အောက်ငယ်သားတွေမှာ မဖြစ်မနေ တပ်သားသစ်တွေ စုဆောင်းနေကြရပြီး အရွယ်ရောက်လာသူတွေ တပ်ထဲဝင်ဖို့ မဆွဲဆောင်နိုင်တဲ့အခါမှာတော့ ကလေးငယ်တွေဟာ အဓိက ဓားစာခံတွေ ဖြစ်လာကြရတယ်လို့ ဖော်ပြထားပါတယ်။
ဒီအထဲမှာ အသက် ၉နှစ်အောက် ကလေးငယ်တွေကိုပါ ခေါ်ယူ စုဆောင်းနေကြရတာဖြစ်ပြီး ဈေးတွေ၊ ကားမှတ်တိုင်တွေ၊ ဘူတာရုံတွေမှာ ဖမ်းဆီး ခေါ်ဆောင်သွားတာကို ခံနေရတယ်လို့ ဆိုပါတယ်။ အခုလို မြန်မာနိုင်ငံက ကလေးစစ်သား စုဆောင်းနေတာကို ဖြေရှင်းဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ မြန်မာစစ်အစိုးရကို နောက်ဆုံး ကန့်သတ်ချိန် ချမှတ်ပေးဖို့ လိုအပ်တဲ့အပြင် ခရီးသွားခွင့် သွားလာပိတ်ပင်တာ၊ လက်နက် ရောင်းဝယ်မှု ပိတ်ပင်တာ၊ ငွေကြေးပိုင်ဆိုင်ခွင့်တွေကို ထိန်းချုပ်တာလိုမျိုး အရေးယူ ဒဏ်ခတ်တာတွေလည်း လုပ်ဖို့ လိုအပ်ပါတယ်လို့ မစ္စက် ဘက်ကာ က ပြောကြားခဲ့ပါတယ်။
အခုလို မြန်မာနိုင်ငံက ကလေးစစ်သားပြဿနာကို ဖြေရှင်းဖို့အတွက် မြန်မာ အာဏာပိုင်တွေကိုယ်တိုင်က တကယ်တမ်း ဖြေရှင်းချင်တဲ့ ဆန္ဒရှိဖို့ လိုအပ်ပါတယ်လို့ စောင့်ကြည့်မှတ်တမ်းတင် အဖွဲ့က မစ္စက် ဖရစ်ဆင် က ပြောပါတယ်။
“မြန်မာအာဏာပိုင်တွေဟာ ကလေးစုဆောင်းတဲ့ ပြဿနာကို တကယ်တမ်း ဖြေရှင်းချင်တဲ့ ဆန္ဒရှိရင် အခုထက် ပိုပြီး ခိုင်မာတဲ့ သတ်မှတ်ချက်တွေကို ချပြီး လုပ်ပြဖို့ လိုပါတယ်။ ပထမဆုံး ကလေးစစ်သား မစုဆောင်းဘူးဆိုတဲ့ မူဝါဒကို ပြတ်ပြတ်သားသား ချရမှာပါ။ နောက်စစ်တပ်ထဲမှာ ကလေးတွေ လုံးဝ မရှိဖို့နဲ့ တပ်ထဲက ထုတ်လာတဲ့ ကလေးတွေရဲ့ ဘ၀ရှေ့ရေးအတွက် လူ့အဖွဲ့အစည်းထဲမှာ ပြန်ဝင်ဆန့်စေမယ့် စနစ်တွေ ချရမှာပါ။”
မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလည်း ကလေးငယ်တွေ အပါအ၀င် ထွက်ပြေး ပုန်းရှောင်နေရသူတွေအခုထိ ရှိနေပြီး ဒီအထဲမှာ ကလေးငယ်တွေ အခြေအနေဟာ အဆိုးရွားဆုံး ဖြစ်နေပါတယ်လို့ KHRJ ကရင် လူ့အခွင့်အရေးအဖွဲ့ စီမံကိန်း ဒါရိုက်တာ ဒေါ် အက်စတာလေး က ပြောပါတယ်။
“ထွက်ပြေး ပုန်းရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ အခြေအနေက တော်တော်လေး ဆိုးပါတယ်။ ဒီလို ပုန်းရှောင်နေတဲ့ ရွာသား အားလုံး ကလေးငယ်တွေက အစ နအဖက ရန်သူလို့ သတ်မှတ်ပါတယ်။ နို့စို့ ကလေးငယ်ကအစ တွေ့တာနဲ့ သတ်ဖြတ်တဲ့ ပေါ်လစီကိုလည်း သုံးတယ်။ ပညာရေးနဲ့ ကျန်းမာရေးအခြေအနေကို ကြည့်မယ်ဆိုရင် အမြဲတမ်း ထွက်ပြေး ပုန်းရှောင်နေရတော့ ကလေးတွေ စာသင်ယူခွင့်မရရှိပါဘူး။ အစာအဟာရ ချို့တဲ့မှုမှာ ကလေးငယ် ၅ယောက်ရှိမယ်ဆိုရင် ၁ယောက်ဟာ ၅နှစ် မပြည့်ခင်မှာ အသက် ဆုံးရှုံးရပါတယ်။”
http://www.voanews.com/burmese/2009-05-07-voa1.cfm
Thursday, May 7, 2009
မွေးကတည်း ကလူဖြစ်ရှုံးနေတာ မြန်မာတဲ့ဗျာ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
-
▼
May
(508)
No comments:
Post a Comment