ဘန်ကောက်မြို့ ယူအင်ရုံးရှေ့ တွင် မြန်မာသံဃာတော်များနှင့် မြန်မာ့ဒီမိုကရက်တစ် ကွန်ယက် အဖွဲ့တို့ စုပေါင်း ဆန္ဒပြ
မေ ၂၂
ထိုင်းနိုင်ငံဘန်ကောက်မြို ရှိ ကုလသမဂ္ဂမဟာမင်းကြီးရုံးရှေ့တွင် ဘန်ကောက်အခြေစိုက် စာသင်သား မြန်မာ ရဟန်းတော်များနှင့် မြန်မာ့ ဒီမိုကရက်တစ် ကွန်ယက်အဖွဲ့တို့ စုပေါင်းဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲတွင် မေတ္တာပို့ပရိတ်ရွတ်ဖတ်ခြင်း၊ ကြွေးကြော်ဆန္ဒပြခြင်းများအပြင် ပူးပေါင်းအဖွဲ့များမှ ကိုယ်စားလှယ် များအား မဟာမင်းကြီးက အရာရှိနှစ်ဦးက ယူအင်ရုံးခန်းတွင်းသို့ ၀င်ရောက်ခွင့်ပြုပြီး လက်ခံ တွေ့ဆုံခဲ့သည်။
စုစုပေါင်း အင်အား ငါးဆယ်ခန့်တို့သည် ယနေ့မွန်းတည့် ၁နာရီမှ စတင်ပြီး ၁နာရီကျော်ကြာ ထုတ်ဖေါ် ဆန္ဒပြ ခဲ့ကြသည်။
ဆန္ဒပြပွဲကို နမောတဿ သုံးကြိမ်ရွတ်ဖတ် ပူဇော်ပြီး မေတ္တာသုတ်တော်ကို သံဃာတော်များက ရွတ်ဖတ်ပူဇော် ကြပြီးနောက် တောင်းဆို ချက်များကို မြန်မာ၊ အင်္ဂလိပ်၂ဘာသာဖြင့် ဖတ်ကြားကြသည်။
အရှင်ဦးတေဇက “ကုလသမ၈္ဂအတွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းအနေဖြင့် ၀င်ရောက် ဖြေရှင်းပေးဖို့ ဦးဇင်းတို့ လာရောက် တိုက်တွန်းရတာ ဖြစ်ပါတယ်။ လုပ်ပါ။ ပြင်ပါလို့ ပြောနေရုံနဲ့ မလုံ လောက်တော့ဘူး၊ ထိရောက်တဲ့ ဖြေရှင်းမှုမျိုးနဲ့ ကူညီပေးပါလို့ တောင်း ဆိုချင်ပါတယ်''ဟု မိန့်တော်မူပါသည်။
ထို့နောက် ကွန်ယက်အဖွဲ့များမှ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအသင်း ကိုယ်စား ဦးမျိုးနိုင်၊ ပြည်ပရောက် အမျိုးသား ကျောင်းသား များ အဖွဲ့မှ အတွင်းရေးမှူး(၁) ဦးအောင်သန်းဦးနှင့် ဘန်ကောက် အခြေစိုက် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ထိုင်းဌာနခွဲ)မှ ဦး ခိုင်အံ့မောင် တို့က ယူအင်ရုံးထဲတွင် နာရီဝက်ခန့် ၀င်ရောက် ဆွေးနွေး ခဲ့ကြ သည်။
ဆန္ဒပြတောင်းဆိုသူများ၏ သဘောထား တောင်းဆိုချက်များကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ နိုင်ငံတကာ ဆက်ဆံ ရေး ဌာနမှူး ဦးမျိုးနိုင်က အင်္ဂလိပ်ဘာသာ စကားဖြင့် ယူအင်အရာရှိအား ရှင်းလင်းပြောကြားခဲ့သည်။
ဦးမျိုးနိုင်က “မတရားအမှုဆင် ဖမ်းဆီးပြီးတော့ ထောင်ဒဏ်ဆက်လက် ကျခံနိုင်ဖွယ် ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးပါ။ ပြီးတော့ အရှင်ဂမ္ဘီရ၊ ကိုမင်းကိုယ်နိုင်တို့ ကိုဇာဂနာ တို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။ အဓီကထား ပြောခဲ့တာကတော့ ရခိုင် ဒီမိုကရေစီ အဖွဲ့ ချုပ်က ထုတ်ပြန်ထားတဲ့ အထဲမှာပါတဲ့ ၁၉၉၀ပြည့် သြဂုတ်လ ၁၄ ရက်နေ့မှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး ဖြစ်တဲ့ ရခိုင်မြန်မာပဏ္ဍိတ် ဦးဦးသာထွန်းကို စစ်တွေ အကျဉ်းထောင်တွင်းမှာ နအဖအစိုးရက အဆိပ်ဆေးထိုး၍ သတ်ဖြတ်ခဲ့တယ် ဆိုတာရယ်၊ ယခုလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အဲလိုမျိုး မလုပ်လို့ မဆိုနိုင်ဘူးလေ။ ပြီးတော့ စစ်သားတွေ ရာချီပြီး စောင့်နေတာ ဒေါ်စုအိမ်နားကို ခွင့်ပြုချက်မရှိရင် တယောက်မှ ကပ်လို့ မရအောင် လုံခြုံရေုးယူထားတာ။ ဒါတွေကို ဖေါ်ထုတ် စစ်ဆေးပြီးတော့ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပါလို့ ကျနော် ပြောခဲ့ပါတယ်'' ယူအင်ရုံးထဲသို့ ကိုယ်စားလှယ်များ ၀င်ရောက်သွားချိန်တွင် ရုံးရှေ့ တွင် ရှိနေကြသောသံဃာတော် များနှင့် လှုပ်ရှား တက်ကြွသူများက မိုးရွာထဲတွင် “ဒီမိုကရေစီရရှိရေး။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ် ပေးရေး၊ ကုလသမဂ္ဂ ၀င်ရောက် ဖြေရှင်းပေးရေး'' တို့ကို အော်ဟစ် ကြွေးကြော် နေခဲ့ကြသည်။
ရခိုင်ဒီမိုကရေစီအဖွဲချုပ် ထိုင်းဥက္ကဌ ဦးခိုင်အံ့မောင်က “ဒေါ်စုကို ပြန်မလွှတ်မချင်း ကျနော်တို့ လုပ်နိုင်တဲ့ အလုပ်တွေကို အမြဲလုပ် နေတယ်၊ ဘာအကျိုးသက်ရောက်နိုင်လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခွန်အားဖြစ်စေတယ်၊ နိုင်ငံတကာကလူတွေ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေ ကို သိစေတယ် ဘာပဲပြောပြော ဒီနေ့ယူအင် အရာရှိ ကြီးတွေကို ပြောပြ ရှင်းပြနိုင်ခဲ့တာ ကျနော်တို့ တော်တော် ကျေနပ်တယ်''ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာသံရုံးရှေ့ တွင် အကျဉ်းထောင်ပုံထဲတွင် မြန်မာဝတ်စုံကို ၀တ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ် ဆောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ (AI)မှ ကိုးရီးယားနိုင်ငံသူ Jeon Soojin က “ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာတွေ ချစ်ခင်လေးစားကြသလို ကျမတို့ လည်း အထူးလေးစားပါတယ်။ မြန်မာနိုင်ငံအတွက် သာမက တကမ္ဘာလုံးကပါ လေးစား ကြတဲ့သူပါ၊ တိုင်းပြည်ကောင်းစားစေလိုတဲ့ စေတနာနဲ့ လုပ်ကိုင်တတ်တဲ့ သူမကို ခုလို အမှုဆင်ပြီး ထောင်ချအုံးမယ် ဆိုရင်တော့ ဒီလောက် မိုက်မဲတဲ့ အစိုးရဆိုတာ ကမ္ဘာမှာ ရှိတော့မှာ မဟုတ်တော့ဘူး၊ ကျမတို့ မြန်မာပြည်သူတွေ ခံစားနေရတာကို အထူး ကိုယ်ချင်း စာပါတယ်''ဟု ပြောသည်။
လာမည့်တနင်္ဂနွေနေ့တွင်လည်း အဆိုပါ ကွန်ယက်အဖွဲ့ က သံဃာတော်များနှင့် ပေါင်းစည်းပြီး ဘန်ကောက် အခြေစိုက် ရုရှားသံရုံးနှင့် တရုတ် သံရုံးရှေ့ တို့တွင် သွားရောက် ဆန္ဒပြကြဦးမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကွန်ယက်အဖွဲ့တွင် ပြည်ပရောက် အမျိုး သားကျောင်းသားများအဖွဲ (ONSOB) ရခိုင်ဒီမိုကရေစီအဖွဲ့ (ALD) ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း (BAT)နှင့် မြန်မာဒုက္ခသည်များ ကူညီစောင့် ရှောက်ရေးအဖွဲတို့ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့  ဖြစ်သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
Friday, May 22, 2009
ဘန်ကောက်မြို မှ စုပေါင်း ဆန္ဒပြပွဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
-
▼
May
(508)
No comments:
Post a Comment