Friday, May 22, 2009

မေ ၂၂ ၂၀၀၉ ရုံးချိန်း.

မေ ၂၂ ၂၀၀၉ မှာ သက်သေ စစ်တာ နှစ်ယောက်ဖြစ်ပါတယ်။ လ၀က ၁ ယောက် နဲ့  သတင်း တပ်ဖွဲ့ က သတင်း တပ်ဖွဲ့က ဒုရဲမှးကြီး ၀င်းနိုင်ထွန်း ဖြစ်ပါတယ်။ ယခင် ကပြောထားတာ သက်သေ ၂၂ ယောက်လို့ပါ။
ခု ၂၃ ယောက်ဖြစ်သွားပြီ။ ၀င်းနိုင်ထွန်းက အရင်မပါဘူး။ အခုမှ အဲ့ဒါ ပြဿနာတက်သေးတယ်။ ရှေ့နေက မေးတာပေါ့ ။ပေးထားတဲ့ သက်သေ ၂၂ ယောက်မှာ သူမပါဘူးပေါ့။ ရုံးက စာရွက် မှာ ကျတော့ နောက် ဆက် တွဲ စာရင်း မှာ သူ ၁ ယောက်ထဲပါတယ်ဟု ပြောပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်က အန်တီ နေ့လည်မှ လာတာပါ။ ၁ နာရီမှ စစ်ပါတယ်။ မနက်ပိုင်းက Mr.
ယက်တော ကိုစစ်တယ်။ Mr. ယက်တော ကို စည်ပင်က မေးပါတယ်။ ဘာလို့ အင်းယားကန်မှာ ရေကူးရတာ လည်းပေါ့။ သူကဖြေပါတယ်။ သူရေထဲမှာ လမ်းလျှောက်လို့ မရတဲ့ အတွက် ရေကူးရတာပါတဲ့။ နောက်ပြီး Mr. ယက်တော က သူ့ကို မစစ်ခင်အချိန်မှာ ပြောတာက နောက်လှည့်ပြီး သူဖာသာ ပြောနေတာက ဒေါ်အောင် ဆန်း စုကြည်မှာ အပြစ်မရှိဘူးလို့ သူပြောတယ်။ ဒီနေ့ ၁၅ မိနစ်လောက်နားမယ် ဆိုပြီး ထွက်သွားတာ ၄၅ မိနစ် ကြားတယ်တဲ့။ ပြန်ထွက်လာတော့ တရားခံ ရှေ့နေတွေကို သက်သေ တောင်းတယ် တဲ့ ။ သူတို့က ကြိုမပြော ထားလို့မသိရဘူး။ နောက် ရုံးချိန်းမှ တင်မယ်လို့ ပြန်ပြောခဲ့တယ်။ ဘယ်သူတွေ တင်မလည်းတော့ မသိသေး ပါဘူး ။ သူ့မှာ အပြစ်မရှိပါဘူးတဲ့ ။ ဘာလို့လည်းဆိုတော့ သူဘာအပြစ်မှ မကျူးလွန်လို့ပါတဲ့။ နောက် ၂ ခု ထက်ပြောတယ်။

ဒီအမှု့နဲ့ ပတ်သက်ပြီးတော့
၁ အချက်က သူဟာ ယက်တောကို လက်ခံတာ လူလူချင်း စာနာလို့ပါ တဲ့ ။
၂ အချက်က သူ့ကြောင့်တခြားလူတွေ ဒုက္ခရောက်မှာစိုးလို့ မလုပ်ချင်လို့ပါ တဲ့ ။
ဘာကို ဆိုလိုတာလည်း ဆိုတော့ သူကြောင့် ယက်တောရယ် တာဝန်ကျ လုံခြုံရေး တွေရယ်၊ ထိခိုက်မှာ စိုးလို့ပါ တဲ့ ။
အမှုကို ပြောတာ တနလာင်္နေ့ ချိန်းတယ် ။ recall ၅ ယောက် ပြန်စစ်မယ် ။ ပြောတယ် သက်သေ ၂၃ မှာ
၁၃ ယောက်စစ်ပြီးပြီ။ အင်းစိန်ရှေ့မှာ ကြာဇံကြော် အထုတ် ၂၀၀ ဝေတယ် ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်