Friday, May 22, 2009

လူချော ဟုတ် မဟုတ်တဲ့ ဤဓါတ်ပုံသာကြည့်..ပေါတာတော့ ပြိုင်ရဲတယ်

ရိုဟင်ဂျာ အရေးမှာ သူက ပြောပါတယ်.
မြန်မာဆိုတာ သူလိုဖြူဖြူချောချော ရုပ်ဖြောင့်သူတွေသာဖြစ်ပြီး.ရိုဟင်ဂျာတွေ ကတော့ ဘီလူးသရဲ မဲမဲကွဲကွဲ ပြဲပြဲတွေပါတဲ့.်။.
သူချောတယ်မချောတယ်..ကြည့်ကြပါခင်ဗျာ ရပ်ကွက်ထဲက အတင်းပြောတဲ့ မိန်းမလေသံကြီးနဲ့ မတန်မရာ ဒေါ်စုကို အပုပ်ချနေပြန်ပါပြီ

ချောမချောတော့  ဓါတ်ပုံကြည့်ဗျ..ပေါတော့ ပေါဒယ်ဗျာ..အော် သူများတွေ များ ကောင်းရောင်းကောင်းဝယ် ရှာမစားတတ်တော့ မယားရှာကြွေးဖို လူယုတ်မာအကြိုက်လိုက် ဖော်လံဖားရ..အော် သွပ်သွပ် သွပ်..သနားမိဒယ်
မြန်မာကောင်စစ်ဝန် ဦးရဲမြင့်အောင် (ဓာတ်ပုံ - South China Morning Post)

‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်းစားဟာ ယက်ထော’
Friday, 22 May 2009 18:19 ဧရာဝတီ

ရိုဟင်ဂျာများကို ဘီလူးသဘက်များ ကဲ့သို့ အရုပ်ဆိုးသည်ဟု ပြောခဲ့ဖူးသည့် ဟောင်ကောင် အခြေစိုက် မြန်မာကောင်စစ်ဝန် ဦးရဲမြင့်အောင်က မစ္စတာ ဂျွန် ဝီလျံ ယက်ထောနှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှာ သမီးရည်းစားများ ဖြစ်နိုင်သည်ဟု ပြောဆိုလိုက်သည်။

ထိုကဲ့သို့သော မဆင်မချင် ပြောဆိုမှုကို ဦးရဲမြင့်အောင်က ဟောင်ကောင် အခြေစိုက် မြန်မာ ကောင်စစ်ဝန်ရုံး၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားခြင်း ဖြစ်ကြောင်း South China Morning Post က ရေးသားထားသည်။

ဦးရဲမြင့်အောင်က “စာဖတ်သူများ ခင်ဗျား ... ၊ တချို့သော ကျနော်တို့ရဲ့ မိတ်ဆွေတွေက ဒေါ်အောင်ဆန်းစုကြည် အိမ်တွင်းကို အင်းလျားကန်ကနေ တဆင့် လျှို့ဝှက် ဝင်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသားရဲ့ သတင်းနဲ့ ပတ်သက်လို့ သိချင်နေကြပါတယ်။ သူတို့ရဲ့ မေးခွန်းကတော့ ဘာကြောင့် ရေကူးပြီးဝင်တာလဲ ဆိုတာနဲ့ အဲဒီမှာ သူနေတဲ့ အချိန်အတွင်း သူတို့ ဘာတွေများ ဆွေးနွေးကြလဲ ဆိုတာပါပဲ” ဟု ၎င်း စာမျက်နှာတွင် ဖော်ပြထားသည်။

“မိတ်ဆွေများခင်ဗျား ... ၊ မစ္စတာ ယက်ထောဟာ လျှို့ဝှက် ကိုယ်စားလှယ်လား၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရည်းစားလား ဆိုတာကို စဉ်းစားရ ခက်နေတယ်။ ဘာဆိုတာ သေချာစုံစမ်းပြီး သိရရင် ပြောပြပါမယ်” ဟု ထိုအင်တာနက် စာမျက်နှာတွင် ဦးရဲမြင့်အောင်က ရေးသားထားကြောင်း တောင်တရုတ် သတင်း စာမျက်နှာက ကိုးကား ဖော်ပြသည်။

“လျှို့ဝှက် ကိုယ်စားလှယ်လား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်းစားလား” ဆိုသည်ကို ထင်ရှားစွာ၊ စာလုံးမည်းဖြင့် ရေးသားထားပြီး စာ၏ အောက်ဆုံးတွင် ဦးရဲမြင့်အောင်၏ လက်မှတ်ထိုးကာ မြန်မာ ကောင်စစ်ဝန်ဟု ရေးသားထားသည်။

လက်ရှိ စစ်ဆေးလျှက်ရှိသော အင်းစိန်ထောင် တရားခွင်တွင် မစ္စတာယက်ထောက နေအိမ်အကျယ်ချုပ် ၆ နှစ်နီးပါး ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် အန္တရာယ်ကျရောက်တော့မည်ကို ကြိုတင် သိမြင်သောကြောင့် သတိပေးရန် သွားခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ကြားသိရသည်။

မစ္စတာယက်ထောကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းက “မူမှန်စိတ်မရှိသော ရူးနေသူ တဦး” အဖြစ် သတ်မှတ်သည်ဟု ဆိုသည်။

ယခုအတိုင်းဆိုလျှင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်၌လည်း ရူးနေသည့် သူများ အလုပ်လုပ်နေကြသည်ကို ထင်ထင်ရှားရှား တွေ့နိုင်သည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1120:2009-05-22-11-22-05&catid=1:news&Itemid=2

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်