Thursday, 21 May 2009 17:27 အောင်သက်ဝိုင်း
E-mail Print
ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် အထူးတရားရုံးတွင် သီးသန့်ရုံးထုတ် စစ်ဆေးနေရာမှ ယမန်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်များ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များကို ၀င်ရောက်ခွင့်ပြုသည့် သတင်း ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် တွေ့မြင်ကြားသိရသောကြောင့် ရန်ကုန်မြို့ခံများအကြား ပိုမို စိတ်ဝင်စားနေ ကြပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လိုလားနေကြကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် အမှုကို ၂ ရက်ကြာသည်အထိ တခါးပိတ် စစ်ဆေးခဲ့သည့်အတွက် မတရားမှုများ ပေါ်ပေါက်မည်ကိုစိုးရိမ်ခဲ့ကြသော်လည်း သံတမန်များနှင့် သတင်းထောက်များကို တရားခွင်သို့ ၀င်ရောက်ခွင့်ပြု ခြင်းကြောင့် စစ်အစိုးရအနေနှင့် မသမာသောနည်းလမ်းများကို အသုံးပြုရန်အခက်အခဲဖြစ်နိုင်သည်ဟု ရန်ကုန် မြို့ခံများက သုံးသပ်နေကြသည်။
ရန်ကုန် လမ်းမတော်မြို့နယ်မှ လူငယ် စီးပွားရေးသမား တဦးက“အာဆီယံ၊ အီးယူ၊ ကုလသမဂ္ဂ၊ အမေရိကန် တွေနဲ့ နိုင်ငံတကာဖိအားတွေကြောင့် အစိုးရက ဒီလိုသံတမန်တွေ၊ သတင်းထောက်တွေကို ၀င်ခွင့်ပြုတယ်လို့ ထင်တယ်၊ သတင်းထောက်နဲ့သံတမန်တွေရှိနေရင် အန်တီ့ အမှုကို ကောက်ကျစ်တဲ့နည်းလမ်းသုံးပြီး ဒုက္ခပေးဖို့ ခက်သွားမယ်၊ သံတမန်နဲ့သတင်းထောက်တွေမြင်ရင် အန်တီလည်း အားတက်တာပေါ့”ဟု ပြောသည်။
ယမန်နေ့ ညပိုင်း ပြည်ပအခြေစိုက် မြန်မာအသံလွှင့်ဌာနများဖြစ်သည့် ဘီဘီစီ၊ ဗီအိုအေ၊ အာအက်ဖ်အေ အပါ အ၀င် အသံလွှင့်ဌာနများက ဒေါ်အောင်ဆန်းစုကြည်အမှုစစ်ဆေးစဉ် သံတမန်များနှင့် သတင်းထောက်များ ၀င်ရောက်ခွင့်ပြုခဲ့သည်ဆိုသော သတင်းကိုထုတ်လွှင့်ကြရာ ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့တ၀န်းရှိ လက်ဖက် ရည်ဆိုင်များ၊ လိုင်းကားများပေါ်တွင် အဆိုပါသတင်းကို လက်ဆင့်ကမ်းမျှဝေကြကြောင်း သိရှိရသည်။
စစ်အစိုးရပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကလည်း မေလ ၂၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ နိုင်ငံဆိုင်ရာ သံတမန်တချို့တို့ တွေ့ဆုံပုံကို ထုတ်လွှင့်ပြသခဲ့ရာ ကျန်းမာရေးကောင်းမွန်ပုံရသော်လည်း ပိန်လှီ နွမ်းနယ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံကို တွေ့မြင်ခဲ့ရသည့်အတွက် ပြည်သူအများစုက စိတ်မချမ်း သာဖြစ်နေကြကြောင်းလည်း ရန်ကုန်မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
“သမီး စု ရဲ့ပါးလေးတွေက ချိုင့်ဝင်ပြီး မျက်နှာက တအားနွမ်းနေတယ်၊ စိတ်မကောင်းဘူး၊ တချိန်တုန်းက ကိုယ် လိုလို လားလား မဲပေးခဲ့ရတဲ့ခေါင်းဆောင်တယောက် ဒီလိုဖြစ်နေတာကိုမြင်ရတာ ရင်ထဲဝမ်းနည်းတယ်”ဟု မြန်မာ့ ရုပ်မြင်သံကြားမှ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ့မြင်ခဲ့ရသော ရန်ကုန်မြို့မှ အသက် ၇၉ နှစ်ရှိ အမယ် အို တဦးက ဆိုသည်။
မေလ၂၀ ရက် နေ့လယ်ပိုင်းက အင်းစိန်ထောင်အတွင်းသို့ သံရုံးကားများ ၀င်ရောက်ခဲ့သည့် အဆိုပါ သတင်းကို ကြားသိကြသော ရန်ကုန် စီးပွားရေးအသိုင်းအ၀န်း၊ အစိုးရအရာရှိများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သတင်း မီဒီ ယာ အသိုင်းအ၀န်းများအကြားတွင် မိုဘိုင်းဖုန်းများဖြင့် ဆက်သွယ်ပြောဆိုခြင်း ၊ SMS သတင်းတို ပေးပို့ခြင်းများ ဖြင့် တဆင့်ပြန်လည်မျှဝေမှုများ ပြုလုပ်ကြကြောင်းလည်း သတင်းရရှိသည်။
“မနေ့က နေ့လယ် ၁ နာရီကျော်လောက် ကျနော့် မိုဘိုင်းလ်ဖုန်းထဲကို မက်ဆေ့ခ်ျ တခုဝင်လာတယ်၊ အင်းစိန် ထောင်ထဲကို သံရုံးကားတွေဝင်နေတယ် ဆိုပြီး အင်းစိန်က သူငယ်ချင်းက ပို့တာ၊ အဲဒါ ကျနော်လည်း နီးစပ်ရာ သူငယ်ချင်းတွေဆီ ဖော်ဝဒ် ( Forward ) လုပ်ပေးလိုက်တယ်”ဟုဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ပွဲရုံပိုင်ရှင် တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်စီးပွားရေးအသိုင်းအ၀န်းကြားတွင် အလွန်စိတ် ၀င်စားနေပြီး ယင်းသို့စိတ်ဝင်စားခြင်းမှာ လုပ်ငန်းများ ဆက်လက်လည်ပတ်ရမည့် အခြေအနေ၊ နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေ၊ ကုန်စည်ဈေးနှုန်းအတက်အကျအခြေအနေများနှင့် ဆက်နွယ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးနှင့်တွေ့ဆုံအပြီး စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အခွင့် အလမ်းများရှိနေဆဲဖြစ်ကြောင်း ပြောဆိုသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ပြည်တွင်းသတင်းထောက်တဦးက“နိုင်ငံတကာအသိုင်းအ၀န်းက ဒေါ်စု ပြန်လည် လွတ်မြောက်တဲ့အထိ၊ အမျိုး သားပြန်လည်ရင်ကြားစေ့ရေး ဖြစ်တဲ့အထိ၊ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်တဲ့အထိ ဖိအားတွေဆက်ပေးဖို့၊ အပြောင်းအလဲတွေဖြစ်တဲ့အထိ လုံခြုံရေးကောင်စီက ဖိအားပေးအရေးယူဖို့ လိုပါတယ်”ဟု ပြောဆိုသည်။
၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ၂၂ ဖြင့် တရားစွဲဆိုလိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
Rest of your post
Thursday, May 21, 2009
ဒေါ်အောင်ဆန်းစုကြည် သတင်း ရန်ကုန်တွင် ပိုမိုစိတ်ဝင်စားနေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
- Burma - Trial: Aung San Suu Kyi set to testify in ...
- နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ သဘောတူလက်မှတ်ထိုးတဲ...
- Comments (0)ဥပဒေ မချိုးဖောက်ဟု ဒေါ်အောင်ဆန်းစုကြည် ...
- စစ်အစိုးရ ကန့်ကွက်ချက် ထိုင်းနိုင်ငံ ပယ်ချ
- အမှန်ပြောရရင်..လုံခြုံရေးတွေ အိမ်မှာမရှိအောင်တမင်ဟ...
- ကိုယ့်အတတ်နဲ့ ကိုယ်စူး..ရူးချင်ယောင်ဆောင်နေတာ နအဖ
- ရွှေဝါရောင်သောတုဇနဘိက္ခူအဖွဲ့ ကြီး။ ကြေငြာချက်အမှတ်(...
- 25-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- MoeMaKa Daily e Newspaper - 25th May 2009
- တော်လှန်ရေးအတွက် အသင့်...
- The voices from India for freedom of Aung San Suu Kyi
- Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏
- မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးလိုဟု တောင်အာဖရိက ကမ်း...
- Security Council wants Myanmar's Suu Kyi released
- စင်္ကာပူ ကရေးတဲ့ မြန်မာသတင်း..
- မြန်မာ တွေ ထလော့
- မေတ္တာသုတ်ရွတ်သော ဘုန်းဘုန်းများ..
- ဘန်ကောက်ရောက် မြန်မာအင်အားစု တရုတ်နှင့် ရုရှသံရုံး...
- န အ ဖ ကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ရောင်းစ...
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
- ဘယ်သူုပြိုင် နိုင်ပါ့မလည်း။
- NLD ၏ ၁၀။ ၅။ ၂၀၀၉ ကျေညာချက်
- Letter of Invitation
- A global campaign for the release of Burma’s polit...
- Statements on SPDC's News May 25 2009.(ABSDF)
- မေ ၂၅ ရက် တရားရုံးရဲ့ အခြေအနေ
- အားလုံးစဉ်းစားကြဖို့ လိုပြီ..
-
▼
May
(508)
No comments:
Post a Comment