ဆောင်းပါး ဦးမင်းလွင်ဦး အင်္ဂါနေ့၊ မေလ 19 2009 11:09 - မြန်မာစံတော်ချိန်
ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားပြီး ၂ဝဝ၃ ခုနှစ်မေလ ၂၇ ရက်နေ့မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) ဖြင့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထား ခဲ့သည်။ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားပြီးခါစတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် အင်းစိန် ထောင်အတွင်းရှိ အထူးသီးသန့်ဆောင်တွင် ထိန်းသိမ်းထားခြင်းမှ နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်းရွှေ့ထားခဲ့ခြင်းဖြစ်သည်။
၁၉၇၅ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မပါ အချက်များကို လေ့လာဆန်းစစ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရမည် ဖြစ်သည်။
နိုင်ငံသားတဦး၏ မူလအခွင့်အရေးများကို ကန့်သတ်ရာတွင် လိုက်နာရမည့် မူများကို ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားရာတွင် ..
(က) အဖွဲ့ဖြင့်သာ ဆုံးဖြတ်၍ ကန့်သတ်မိန့်ကို ချမှတ်ရမည်။
(ခ) မူလအခွင့်အရေးများအနက် လိုအပ်သရွေ့သာ ကန့်သတ်ရမည်။
(ဂ) ကာလအပိုင်းအခြားအားဖြင့် အတိုတောင်းဆုံး ဖြစ်ရမည်။
(ဃ) ကန့်သတ်မိန့်ကို ပုံမှန် ပြန်လည်သုံးသပ်ရမည့်အပြင် ပုံမှန်အချိန်ထက်စော၍လည်း လိုအပ်သလို သုံးသပ်နေရမည်။
(င) အရေးယူခြင်း ခံရသူအား တရားစွဲဆိုနိုင်လောက်သည့် အချက်အလက် ပြည့်စုံလျှင် တရားစီရင်ရေးအဖွဲ့သို့ ချက်ချင်း တင်ပို့ရမည်။
(စ) အရေးယူခြင်း ခံရသူသည် ကန့်သတ်ခြင်းခံရသည့် မူလအခွင့်အရေးမှအပ အခြေခံ ဥပဒေပါ အခြား မူလအခွင့်အရေးများကိုမူ ခံစားခွင့် ရှိစေရမည်။
(ဆ) ပုဒ်မ ၇ ပါ အကြောင်းတရပ်ရပ်ကို ထိပါးအန္တရာယ်ဖြစ်စေမည့် အကြောင်းမရှိတော့သည့် အချိန်တွင် ကန့်သတ်မိန့်ကို ချက်ချင်း ပယ်ဖျက်ရမည်။
(ဇ) ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူအား ပြန်လည်လွှတ်ပြီးနောက် မူလအရေးယူခဲ့သည့် ကိစ္စရပ်အပေါ် အခြေပြု၍ ဤ ဥပဒေအရ ထပ်မံဖမ်းဆီးချုပ်နှောင်ခြင်း မပြုရ။
အထက်ဖော်ပြပါ ပုဒ်မ ၉ ၏ ပြဋ္ဌာန်းချက်များကို အာဏာပိုင်များက လိုက်နာဆောင်ရွက်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
ထို့အပြင် ကြိုတင်ကာကွယ်ခြင်းအတွက် လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ပုဒ်မ ၁၁ တွင် ဗဟိုအဖွဲ့သည် ပုဒ်မ ၁ဝ (ခ) အရ အရေးယူခြင်း ခံရသူအား အောက်ပါအတိုင်း တားဆီးမိန့် ပြုလုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
(က) မည်သည့်နေရာဒေသတွင် မနေထိုင်ရဟု သတ်မှတ်ခြင်း။
(ခ) မည်သည့်နေရာဒေသတွင်သာ နေထိုင်ရမည်ဟု သတ်မှတ်ခြင်း။
(ဂ) သွားလာမှုကို လိုအပ်သလို တားဆီးခြင်း။
(ဃ) သတ်မှတ်သည့် အရာဝတ္ထုများကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ပိတ်ပင်တားဆီးခြင်း။
အာဏာပိုင်များက အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ခဲ့သည်။
သတ်မှတ်တားဆီးချက်များ
(၁) နိုင်ငံခြားသံရုံးများနှင့် ဆက်သွယ်ခြင်း မပြုရ။
(၂) (က) နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊
(၃) (က) နိုင်ငံရေးပါတီများနှင့် ဆက်နွယ်သူများနှင့် ဆက်သွယ်ခြင်း မပြုရ
(ခ) ပြင်ပသို့ စာဖြင့် သော်လည်းကောင်း၊ ကြိုးမဲ့ကြေးနန်းဖြင့် သော်လည်းကောင်း၊ တယ်လီဖုန်း၊ မိုဘိုင်းလ်တို့ဖြင့် သော်လည်းကောင်း ဆက်သွယ်ခြင်း ဘယ်နည်းနှင့်မျှ မပြုရ၊ အကျယ်ချုပ်ချထားသည့် အိမ်ထဲတွင်သာ နေထိုင်ရမည်ဟူ၍ တားမြစ်ထားသည်။
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၂၂) အရ ဆက်လက်၍ ဖမ်းဆီး ချုပ်နှောင်ရန် ကိစ္စနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
ပုဒ်မ ၁၄။ ဝန်ကြီးအဖွဲ့သည် ဆက်လက် ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှု ပြုလုပ်ရန်ဖြစ်စေ၊ ကြိုတင်ခွင့်ပြုချက် ပေးရာတွင် တကြိမ်လျှင် တနှစ်ထက် မပိုစေဘဲ၊ စုစုပေါင်း ၅ နှစ်အထိ ခွင့်ပြုနိုင်သည်။
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ၂၇ မေလ ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် စတင်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ရာ ၂ဝဝ၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဥပဒေပြဋ္ဌာန်းချက်ထက် ၁ နှစ်ပို၍ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်ကို အထင်အရှား တွေ့ရမည်ဖြစ်သည်။
ထိုသို့ အတည်ပြုပြဋ္ဌာန်းထားသည့် ဥပဒေကို အာဏာပိုင်များက ချိုးဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်ကြောင်းကို ကုလသမဂ္ဂ လက်အောက်ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ လက်အောက်ရှိ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်းကို စောင့်ကြည့်သည့် အလုပ်အဖွဲ့ (United Nations Working Group on Arbitrary Detention) က အတိအလင်း ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်ကို တွေ့ရသည်။
ယခု ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့် ထပ်မံအရေးယူ၍ ပြစ်ဒဏ်ပေးနိုင်ရန် အာဏာပိုင်များက ထပ်မံ၍ စီစဉ်ခဲ့ပြန်သည်။
ပုဒ်မ ၂၂။ အရေးယူခြင်း ခံရသူတဦးဦးသည် ကန့်သတ်မိန့် သို့မဟုတ် တားဆီးမိန့်ကို ဆန့်ကျင်လျှင်သော်လည်းကောင်း၊ ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ မလိုက်နာလျှင်သော်လည်းကောင်း၊ အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ဝဝဝ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံစေရမည်။
ဒေါ်အောင်ဆန်းစုကြည်သည် အထက်ဖော်ပြပါ ဥပဒေကို ချိုးဖောက်ခြင်း မရှိကြောင်း ဥပဒေပြဋ္ဌာန်းချက်များကို ကြည့်ပါက ထင်ရှားစွာ တွေ့ရမည်ဖြစ်သည်။ ရေးကူးဝင်ရောက်လာသူအား ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ခြင်း မရှိပေ။ မိမိနေအိမ်အား လုံခြုံရေးတာဝန် ယူထားသူများ၏ ချို့ယွင်းမှုများကြောင့် သို့မဟုတ် (ပူးပေါင်းဆောင်ရွက်မှုကြောင့်) ဝင်ရောက်လာနိုင်ခြင်း ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
အမှန်တကယ် အရေးယူရမည့်သူများသည် လုံခြုံရေးတာဝန် ယူထားသူများကိုသာ တာဝန်ဝတ္တရား ပျက်ကွက်မှုဖြင့် သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူရမည်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်ထားသည့် တားမြစ်ချက်တွင် နေအိမ်အတွင်း ဝင်ရောက်လာသူအား လက်မခံရဟူ၍ သတ်မှတ်ထားခြင်း မရှိ၊ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ ဆက်သွယ်ခြင်း မပြုလုပ်ရန်သာ ကန့်သတ်တားမြစ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။
သို့သော် အာဏာပိုင်များအနေဖြင့် လွတ်လပ်သည့် တရားစီရင်ရေးကို ကျင့်သုံး၍ မြန်မာနိုင်ငံ၏ တရားစီရင်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ပြသမည်လား၊ သို့မဟုတ် ဥပဒေပြဋ္ဌာန်းချက်များကို အာဏာပိုင်များက လိုက်နာရန်မလို၊ ဥပဒေ၏ အထက်တွင် အာဏာပိုင်များရှိသည်ကို အထင်အရှား ပြသမည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
Tuesday, May 19, 2009
ဒေါ်စုနှင့် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ အန္တရာယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
- Burma - Trial: Aung San Suu Kyi set to testify in ...
- နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ သဘောတူလက်မှတ်ထိုးတဲ...
- Comments (0)ဥပဒေ မချိုးဖောက်ဟု ဒေါ်အောင်ဆန်းစုကြည် ...
- စစ်အစိုးရ ကန့်ကွက်ချက် ထိုင်းနိုင်ငံ ပယ်ချ
- အမှန်ပြောရရင်..လုံခြုံရေးတွေ အိမ်မှာမရှိအောင်တမင်ဟ...
- ကိုယ့်အတတ်နဲ့ ကိုယ်စူး..ရူးချင်ယောင်ဆောင်နေတာ နအဖ
- ရွှေဝါရောင်သောတုဇနဘိက္ခူအဖွဲ့ ကြီး။ ကြေငြာချက်အမှတ်(...
- 25-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- MoeMaKa Daily e Newspaper - 25th May 2009
- တော်လှန်ရေးအတွက် အသင့်...
- The voices from India for freedom of Aung San Suu Kyi
- Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏
- မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးလိုဟု တောင်အာဖရိက ကမ်း...
- Security Council wants Myanmar's Suu Kyi released
- စင်္ကာပူ ကရေးတဲ့ မြန်မာသတင်း..
- မြန်မာ တွေ ထလော့
- မေတ္တာသုတ်ရွတ်သော ဘုန်းဘုန်းများ..
- ဘန်ကောက်ရောက် မြန်မာအင်အားစု တရုတ်နှင့် ရုရှသံရုံး...
- န အ ဖ ကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ရောင်းစ...
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
- ဘယ်သူုပြိုင် နိုင်ပါ့မလည်း။
- NLD ၏ ၁၀။ ၅။ ၂၀၀၉ ကျေညာချက်
- Letter of Invitation
- A global campaign for the release of Burma’s polit...
- Statements on SPDC's News May 25 2009.(ABSDF)
- မေ ၂၅ ရက် တရားရုံးရဲ့ အခြေအနေ
- အားလုံးစဉ်းစားကြဖို့ လိုပြီ..
-
▼
May
(508)
No comments:
Post a Comment