Monday, May 18, 2009

စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုသစ်များ ပြုလုပ်ရန် ဥရောပသမဂ္ဂ စဉ်းစားနေပြီ

တနင်္လာနေ့၊ မေလ 18 2009 15:15 - မြန်မာစံတော်ချိန်

ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်များ ပြုလုပ်ရန် တိုက်တွန်းလိုက်ပြီး စစ်အစိုးရ၏ မဟာမိတ် တရုတ်ကိုလည်း ဖိအားပေးမှု ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လုပ်ပါရန် ယနေ့တွင် တိုက်တွန်းလိုက်သည်။

“ပိတ်ဆို့အရေးယူမှုတွေ နောက်ထပ် အားသစ်လောင်းဖို့ ကျနော်တို့ ဆွေးနွေးသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ချက် နိုင်ငံခြားရေးဝန်ကြီး Jan Kohout က ပြောဆိုလိုက်သည်။
“ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုပါတယ်” ဟု သူက ထပ်ပြောသည်။ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများသည် ပြီးခဲ့သည့်နှစ် ဧပြီလမှသည် ၂ဝ၁ဝ ဧပြီလတိုင်အောင် စစ်အစိုးရ အကြီးတန်း ခေါင်းဆောင် ၅ဝဝ ခန့်နှင့် သူတို့၏ ဆွေမျိုးများ အပါအဝင် စစ်အစိုးရနှင့် ပေါင်းကာ စီးပွား ဖြစ်ထွန်းနေသူ လုပ်ငန်းရှင် ၈ဝ ခန့်ကို တားမြစ်ပိတ်ပင်မှု ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/2973-2009-05-18-02-52-50.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်