19 May 2009
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအာဏာပိုင်တွေက တရားစွဲဆိုထားတဲ့ ကြားနာ စစ်ဆေးမှုကို အမေရိကန်ပြည်ထောင်စု အစိုးရနဲ့ အမေရိကန် လွှတ်တော်အမတ်တွေကပါ စိုးရိမ် တကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးတဲ့ တရားခွင်ကို အများပြည်သူသိရှိအောင် ဖွင့်ပေးပါလို့လည်း အမေရိ ကန်အစိုးရက တောင်းဆိုပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော (John Yettaw) တို့ အပေါ် စွဲဆိုထားတဲ့ တရားခွင်ကို အမေရိကန် အစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့်နေ တယ်လို့ ပြောရမှာပါ။ ဒီတရားခွင်ကို အများပြည်သူ သိရှိနိုင်အောင် ဖွင့်ပေးသင့်တယ် လို့လည်း အမေရိကန်အစိုးရက မြန်မာအာဏာပိုင်တွေကို တောင်းဆိုနေပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုဟာ သူမကို ထပ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားနိုင်ဖို့ အကြောင်းပြချက်ပဲဖြစ်တယ်လို့ အမေရိကန်အစိုးရအနေနဲ့ ယုံကြည်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ အီယန် ကယ်လီ(Ian Kelly) က ပြောသွားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို အခုစွဲဆိုထားတဲ့ စွဲချက်တွေအပေါ် ကျနော်တို့ အလွန်တရာ စိုးရိမ်ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးဖို့၊ ဒါမှမဟုတ် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ဖို့အထိတောင် ပြင်ဆင်တဲ့ အကြောင်းပြချက်တခုအနေနဲ့ ဒီစွဲချက်တွေကို အသုံးချတာပါ။ မစ္စတာယက်ထောကိစ္စ နဲ့ ပတ်သက်လို့တော့ ကျနော်လည်း ရှေ့နေမဟုတ်တော့ သူ့အပေါ်တင်ထားတဲ့ စွဲချက်
မျိုးနဲ့ ပတ်သက်လို့ မှတ်ချက်မပေးနိုင်ပါဘူး။ ဒါပေမယ့်လည်း တရားရုံးတင် စစ်ဆေး တာ မှန်သမျှကို မြန်မာအာဏာပိုင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ အများပြည်သူ နားလည်သိရှိနိုင်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။”
မနေ့ကကြားနာမှုကိုတော့ ရန်ကုန် အမေရိကန်သံရုံး တာဝန်ရှိသူတဦး ၀င်ရောက် လေ့လာနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထောရဲ့ ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေအတွက် ကူညီဆောင်ရွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထောတို့ စွဲချက်တင်ထားတဲ့ တရားခွင်ကို အမေရိကန်သံရုံး တာဝန်ရှိသူတဦး ၀င်ရောက်ပြီး လေ့လာကြားနာခဲ့ပါ တယ်။ မစ္စတာယက်ထောကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတော်လုံခြုံရေးအတွက် တားမြစ်ထားတဲ့နေရာကို ဖြတ်ကျော်ဝင်ရောက်မှုနဲ့ တရားစွဲတာပါ။ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကတော့ မစ္စတာယက်ထော အမှု
ကိစ္စ၊ သူ့ကျန်းမာရေး၊ လူမှုရေး အစစအရာရာအတွက် စိုးရိမ်တကြီး စောင့်ကြည့်နေ ပါတယ်။”
အမေရိကန်အစိုးရအနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာအစိုးရက ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ အခု မြန်မာနိုင်ငံအခြေအနေအတွက် အမေရိကန်အစိုးရအနေနဲ့ ထောင့်ပေါင်းစုံက ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ အခုကိစ္စနဲ့ပတ်သက်ပြီး အာဆီယံ အတွင်းရေးမှူးချုပ်ကို ဆွေးနွေး ပြောထားသလိုပဲ အခြား ဒေသတွင်းခေါင်းဆောင်တွေနဲ့လည်း ပြောဆိုဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ အခြေအနေအပေါ်မှာ အမေရိကန်အစိုးရပိုင်းတင်မက အမေရိကန် လွှတ်တော်မှာပါ အတော်လေး စိတ်ဝင်တစား စိုးရိမ်တကြီး ရှိကြတယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ် တော်အမတ် မစ်ခ်ျ မက်ကော်နဲလ် (Mitch McConnell) ကလည်းပြောပါတယ်။
“မြန်မာအစိုးရအနေနဲ့ သူ့လုပ်ရပ်တွေဟာ တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေကိုအတော်လေး စိတ်အနှောင့် အယှက် ပေးနေတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီအခြေအနေတွေဟာ အမေရိကန် အစိုးရအဖွဲ့ အသစ်ထဲ မှာတင် မကပါဘူး၊ ဗမာပြည်သူတွေဘက်က အခိုင်အမာ ထောက်ခံထားတဲ့ အမေရိကန် လွှတ်တော်ထဲ
အထိပါ ဂယက်ရိုက်ခတ်မှု ရှိပါတယ်။ ကျနော်နဲ့အတူ လွှတ်တော်နှစ်ရပ်လုံးက အမတ်မင်းတွေဟာ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်ကို စိုးရိမ်တကြီး၊ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။”
အမေရိကန်အစိုးရကတော့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြန်ပြီး သုံးသပ်နေဆဲ ရှိပေမယ့် သောကြာနေ့ ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု ဥပဒေကို နောက်ထပ် တနှစ်သက်တမ်း သမ္မတ အိုဘားမားက တိုးလိုက်ပါတယ်။
အမေရိကန်လွှတ်တော်ဘက်ကတော့ သမ္မတအိုဘားမားရဲ့ မြန်မာ့အရေး ချဉ်းကပ် ကိုင်တွယ်မှုတွေအပေါ် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်လို့ အထက် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ်က ပြောပါတယ်။
“မြန်မာအစိုးရအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်အရေးယူမှု နောက်တနှစ် သက်တမ်းတိုးလိုက်တဲ့ သမ္မတအိုဘားမား အစိုးရရဲ့ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ကျနော့်အနေနဲ့ သြဘာပေး ထောက်ခံပါတယ်။ အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်သုံးသပ်ပြီးတာနဲ့ အစိုးရအဖွဲ့နဲ့အတူ မြန်မာ့အရေးတွေ အတူတကွ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။”
အမေရိကန်အစိုးရအနေနဲ့တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် အရေးယူဒဏ်ခတ်မှုဆိုတဲ့ နည်းလမ်းအပါအ၀င် နည်းလမ်းအားလုံးကို စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ အသေးစိတ်ထုတ်ဖော်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို အမေရိကန် အစိုးရကမြန်မာ့အရေး မူဝါဒ ပြန်ပြီးသုံးသပ်နေတဲ့ အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စ ဖြစ်လာ တာဟာ မူဝါဒ ပြန်လည်စဉ်းစား သုံးသပ်မှုမှာ ထည့်သွင်းပါလာမယ့်အချက်ဆိုတာကတော့ သေချာတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။
Tuesday, May 19, 2009
ဒေါ်အောင်ဆန်းစုကြည် တရားခွင် စစ်ဆေးမှု အများပြည်သူ ကြားနာခွင့် အမေရိကန် တောင်းဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
- Burma - Trial: Aung San Suu Kyi set to testify in ...
- နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ သဘောတူလက်မှတ်ထိုးတဲ...
- Comments (0)ဥပဒေ မချိုးဖောက်ဟု ဒေါ်အောင်ဆန်းစုကြည် ...
- စစ်အစိုးရ ကန့်ကွက်ချက် ထိုင်းနိုင်ငံ ပယ်ချ
- အမှန်ပြောရရင်..လုံခြုံရေးတွေ အိမ်မှာမရှိအောင်တမင်ဟ...
- ကိုယ့်အတတ်နဲ့ ကိုယ်စူး..ရူးချင်ယောင်ဆောင်နေတာ နအဖ
- ရွှေဝါရောင်သောတုဇနဘိက္ခူအဖွဲ့ ကြီး။ ကြေငြာချက်အမှတ်(...
- 25-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- MoeMaKa Daily e Newspaper - 25th May 2009
- တော်လှန်ရေးအတွက် အသင့်...
- The voices from India for freedom of Aung San Suu Kyi
- Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏
- မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးလိုဟု တောင်အာဖရိက ကမ်း...
- Security Council wants Myanmar's Suu Kyi released
- စင်္ကာပူ ကရေးတဲ့ မြန်မာသတင်း..
- မြန်မာ တွေ ထလော့
- မေတ္တာသုတ်ရွတ်သော ဘုန်းဘုန်းများ..
- ဘန်ကောက်ရောက် မြန်မာအင်အားစု တရုတ်နှင့် ရုရှသံရုံး...
- န အ ဖ ကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ရောင်းစ...
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
- ဘယ်သူုပြိုင် နိုင်ပါ့မလည်း။
- NLD ၏ ၁၀။ ၅။ ၂၀၀၉ ကျေညာချက်
- Letter of Invitation
- A global campaign for the release of Burma’s polit...
- Statements on SPDC's News May 25 2009.(ABSDF)
- မေ ၂၅ ရက် တရားရုံးရဲ့ အခြေအနေ
- အားလုံးစဉ်းစားကြဖို့ လိုပြီ..
-
▼
May
(508)
No comments:
Post a Comment