ဦးအေးသာအောင် (အထွေထွေ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားပြု ကော်မတီ - စီအာပီပီ) ၏ ပြောကြားချက်
အင်္ဂါနေ့၊ မေလ 19 2009 15:50 - မြန်မာစံတော်ချိန်
“ဒေါ်စုနဲ့ ပတ်သက်ပြီး ရှင်းပါတယ်။ တကယ်တော့ တိုင်းပြည် အနာဂတ်ကို ကောင်းအောင်၊ ဖွံ့ဖြိုအောင်၊ တိုးတက်အောင် တည်ဆောက် မယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေးက ရအောင်ယူရမယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ အန်အယ်ဒီ၊ တပ်မတော်၊ ဒီမိုကရက်တစ် အင်းအားစု၊ တိုင်းရင်းသား အင်အားစုတွေ စည်းလုံး ညီညွတ်မှု လိုတယ်။ အဲဒီလိုနဲ့ တည်ဆောက်ရပါတယ်။ ပထမဆုံး ယုံကြည်မှုကို တည်ဆောက်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ တခြားအကျဉ်းသားတွေကို လွှတ်ပြီးတော့ ပါဝင် တွေ့ဆုံခွင့်ရရမယ်။ အခုတော့ ပိုဆိုးအောင် မဆိုင်တဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ပေးဖို့ ထောင်ချဖို့ ရည်ရွယ်တာဟာ သူတို့ရဲ့ အခြေခံ ဥပဒေကို တဘက်သတ်သွားမယ်။ နိုင်ငံတော်ကို ဘယ်သူသေသေ ငတေမာရင် ပြီးရော၊ ဆက်လက် အာဏာကို ရယူထားဖို့ အ တွက် နည်းမျိုးစုံနဲ့ လုပ်တယ်လို့ မြင်လာတယ်။”
“အခု ဒေါ်စုကို ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပိုဆိုးလာနိုင်မယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် အမျိုသား ညီညွတ်ရေး ကလည်း ဆိုးလာမယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကလည်း ဆိုးတထက် ဆိုးလာမယ်။ အနာဂတ် မြန်မာနိုင်ငံရဲ့ အခြေအနေ ဟာ ပိုပြီးတော့ ဆိုးလာမယ့် အနေအထား ရောက်လာနိုင်မယ်။”
“ရွေးကောက်ပွဲက ကဏ္ဍတခုပါ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီနိုင်ငံကို သွားတဲ့အခါမှာ နည်းမျိုးစုံနဲ့ အမျိုးမျိုး ချုပ်နှောင်ထားပြီးတော့ သွားလို့ မရပါဘူး။ ဒီမိုကရေစီနိုင်ငံကို ထူထောင် သွားတဲ့အခါမှာ ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံ ရှိရမယ်။ အဲဒီဖွဲ့စည်းပုံကို အခြေခံပြီး ကျင်းပတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ရမယ်။”
“၂ဝဝ၈ခုဖွဲ့စည်းပုံဟာ အမျိုးမျိုးကန့်သတ် ချုပ်ချယ်ထားပြီးတော့ ဒီမိုကရေစီ အခြေခံတဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို ကန့်သတ် ထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တဲ့အတွက် ၂ဝ၁ဝမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲသည် ဘယ်လိုမှ အနာဂတ် မြန်မာနိုင်ငံအတွက် ရည်မှန်းထားလို့ မရနိုင်ပါဘူး။”
“ပြည်သူလူထုကတော့ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ လုပ်ပုံလုပ်နည်းက တရားဥပဒေနဲ့လည်း မညီဘူး။ ပြောင်ပြောင်တင်းတင်းကြီး လုပ် ချင်တာလုပ်နေတာပဲ။ ရှေ့မှာ ပြည်သူတွေ၊ ရဟန်းသံဃာ တွေကို အမျိုးမျိုး ရက်ရက်စက်စက် လုပ်ခဲ့တယ်။ ကြိမ်မီးအုံးသလို ခံစားနေ ရတာပေါ့။”
-----------------------------------
ယနေ့ တရားခွင် ပြီးဆုံး
အင်္ဂါနေ့၊ မေလ 19 2009 15:10 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအားလုံး အင်းစိန် အကျဉ်းထောင်အတွင်းမှ ပြန်လည် ထွက်ခွာ သွားကြပြီ ဖြစ်သည်။
-----------------------------------
ရွှေတိဂုံ ဘုရား လုံခြုံရေး တင်းကျပ်
အင်္ဂါနေ့၊ မေလ 19 2009 15:05 - မြန်မာစံတော်ချိန်
ရွှေတိဂုံဘုရား အင်္ဂါထောင့် ဒေါ်အောင်ဆန်းစုကြည် ပုံမှန် ဆုတောင်းပွဲ ရှိနေသဖြင့် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့် ချထား လိုက် သည်။
ယနေ့နံနက် ကတည်းက ယူနီဖောင်း၊ လက်နက် အပြည့်အစုံနှင့် ရဲကား ၇ စီးဖြင့် လုံခြုံရေး ကင်းလှည့်နေသည်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ်သော အင်္ဂါနေ့တိုင်းတွင် သူ၏ ပါတီဝင်များက အင်္ဂါထောင့် ဆုတောင်းခြင်းကို အပတ်စဉ် ပြုလုပ် နေကြမြဲ ဖြစ်သည်။
သို့သော် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် အင်းစိန်ထောင်အတွင်း အထူးတရားရုံး၌ အမှု ရင်ဆိုင်နေရချိန်နှင့်လည်း တိုက်ဆိုင် နေသည်။
-----------------------------------
တရုတ်နှင့် နအဖ ဆွေးနွေး
အင်္ဂါနေ့၊ မေလ 19 2009 14:15 - မြန်မာစံတော်ချိန်
လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာ စစ်အစိုးရ အဆင့်မြင့်အရာရှိများ လွန်ခဲ့သော တင်္နဂနွေနေ့က ဆွေးနွေးခဲ့ကြသည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
-----------------------------------
အင်းစိန်ဈေးအနီးရှိ လာရောက် နားစွင့်နေသူတဦး
အင်္ဂါနေ့၊ မေလ 19 2009 13:50 - မြန်မာစံတော်ချိန်
“ခုနကတော့ ရဲကားတစီး ရောက်လာတယ်။ အနီးဆုံး နေရာပေါ့နော်။ သူတို့ သံဆူးကြိုးချထားတဲ့ အနီးဆုံးနေရာနဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ လူတွေကို မောင်းထုတ်တယ်။ မောင်းထုတ်ပြီးတော့ ပြန်ထွက်သွားတာပဲ။
၁၂းဝဝ နာရီ သာသာလောက်ကပေါ့။ အဲဒီ ရဲကားက သေနတ်တွေနဲ့လေ။ သူတို့ ရောက်လာတယ်။ ဆင်းပြီးတော့ အဲဒီနား ထိုင်နေတဲ့ လူတွေဘေးမှာ ရပ်တယ်။ ရပ်ပြီးတော့ မောင်းထုတ်တယ်။ ဒီနေ့ လုံခြုံရေးက မနေ့ကထက် ပိုများတယ်။ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ၊ အရပ်ဝတ်နဲ့ ရဲတွေကလည်း သူတို့အုပ်စုနဲ့ ရောနေတာပဲ။”
-----------------------------------
သေနတ်ကိုင် လုံခြုံရေးနှင့် လူအုပ်စု
အင်္ဂါနေ့၊ မေလ 19 2009 13:25 - မြန်မာစံတော်ချိန်
ဦးဝင်းတင် အရှေ့ဘက်တွင် ရပ်ထားခဲ့သော လက်နက်ကိုင် လုံခြုံရေးကားသည် နေရာရွှေ့သွားပြီ ဖြစ်သော်လည်း လူအုပ်စုများ ရှိရာဘက်သို့ ဦးတည်မောင်းလာလိုက်၊ လူအုပ်စုက အိနြေ္ဒမပျက် ဖယ်ရှားလိုက်နှင့် ဖြစ်နေသည်။
ယမန်နေ့က ရှင်းလင်းနေခဲ့သည့် လမ်းမပေါ် ယခုနေရာတွင် ယခု စစ်ကားတစီးထဲ သေနတ်ပြောင်းများ ချိန်ရွယ်ကာ ဟန်ရေးပြနေသဖြင့် လူငယ်အများစု ပါဝင်သော ၄၀၀ ကျော်ရှိမည့် လူအုပ်စုကြီးက မကျေမချမ်း ပြောဆိုမှုများလည်း ရှိနေသည်။
တိုက်ရိုက် မမြင်တွေ့ရ၊ မကြားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို လာရောက်နားစွင့်သူမှာ ယမန်နေ့ကထက် များလာပြီး လူငယ်အများစု ပါဝင်သည်ကို တွေ့ရသည်။
-----------------------------------
လက်နက်ကိုင် လုံခြုံရေးများ ဦးဝင်းတင်ရှိရာ ချဉ်းကပ်လာ
အင်္ဂါနေ့၊ မေလ 19 2009 12:35 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဦးဝင်းတင် ထိုင်နေရာ တည့်တည့်သို့ ယူနီဖောင်းဝတ် လက်နက်ကိုင် လုံခြုံရေးများ ကားတစီး အပြည့်ဖြင့် ရောက်ရှိလာရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ယမန်နေ့က လက်ကိုင်စကားပြော ကိုင်သူ နှစ်ဦး၊ သုံးဦးသာ ထိုနေရာသို့ ရောက်ခဲ့ရာမှ အထူးတပ်ဖွဲ့ ဖြစ်ဟန်ရှိသည့် လုံထိန်းရဲ ၃ဝ ခန့်က ကားဖြင့် ရောက်လာပြီး ဦးဝင်းတင်ရှေ့ဘက် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ရာ စိုးရိမ် ထိတ်လန့်လာသူ အချို့ ရှောင်တိမ်းကုန်သည်။
ဦးဝင်းတင်မှာ ထိုင်မြဲထိုင်လျှက်ရှိပြီး အခြေအနေမှာ လာရောက်ကြည့်ရှုသူ အချို့ စိုးရိမ်မှုများ အတိုင်းသား မြင်တွေ့နေရကြောင်း အခြေအနေကို အကဲခတ် စောင့်ကြည့်နေသူ တဦးက ပြောသည်။
-----------------------------------
ဦးဝင်းတင် အင်းစိန်ထောင်အနီး ရောက်ရှိ
အင်္ဂါနေ့၊ မေလ 19 2009 12:17 - မြန်မာစံတော်ချိန်
အင်းစိန်လမ်း ပိတ်ထားသည့် နေရာအနီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သော ဦးဝင်းတင်၊ ဒေါ်နော် အုန်း လှတို့ အပါအဝင် လူ ၂၀၀ ခန့်က စောင့်ဆိုင်းလျှက် ရှိသည်။
-----------------------------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံတောင်းဆိုပြီ
အင်္ဂါနေ့၊ မေလ 19 2009 11:50 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒုတိယနေ့ တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အရှေ့တောင်အာရှနိုင်ငံ များ အသင်း (အာဆီယံ)က တောင်းဆိုလိုက်သည်။
”ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံတော် အစိုးရကို အာဆီယံ ခေါင်းဆောင်များက တောင်းဆိုလိုက်ပါသည်” ဟု အာဆီယံ၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။
”အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အ တွက် အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုလုပ်ပေးဖို့ အဆင့်သင့်ဖြစ်နေကြောင်း ထိုင်းနိုင်ငံသည် အာဆီယံရဲ့ ဥက္ကဌအနေနဲ့ ထပ်လောင်း ပြောလိုက်ရပါသည်၊” ဟုလည်းပါရှိသည်။
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို ဆက်သွယ်မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 19 2009 11:50 - မြန်မာစံတော်ချိန်
” ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စကို ကျနော်တို့ မြို့နယ်ကလည်း ကန့်ကွက်တယ်။ အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပေါ့လေ။ ဒီကစ္စက မတရားနည်းလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် လုံးဝ ကန့်ကွက်တယ်လို့ပြောချင်တယ်။”
” အခုကျနော်တို့ ဒီဘက်မှာက လုံးဝ မကျေနပ်လို့ လိုက်ပြောနေတာ ကျေးရွာတွေအထိပဲ။ တတိုင်းပြည်လုံးက မကျေမနပ် ဖြစ်နေ ကြ တယ်။”
” လှည်းသမား၊ ရွာသားတွေ၊ ဆိုက်ကားသမားတွေကအစ ဒါကို လုံးဝ မခံဘူး။ ကျနော်တို့တောင် ဘာမှ ပြောနေစရာတောင်မလိုဘူး။ ရွာက ငါးရွာလောက် လုပ်ပြီးပါပြီ မိုင်းသောက်၊ ရွာမ၊ မြေနီကုန်း၊ သာလေးကျေးရွာများကို လိုက်ပြောနေတာ။ ကျနော်တို့ အန်အယ်ဒီ လူငယ်တွေပေါ့လေ။ နီးစပ်ရာ စုပြီး ပြောဖြစ်ကြတယ်လေ။”
” ကျနော်တို့ကတော့ ပြည်သူ ဆန္ဒကို ဖော်ထုတ်ရမှာပဲ။ ရွာသားတွေက ဘာပြောလဲဆိုတော့ ခင်ဗျားတို့ ခေါင်းဆောင်မယ်ဆိုရင် ကျနော် တို့ ကတော့ နောက်ကနေလိုက်လာမှာပဲ။ ရွာသားတွေက ကျနော်တို့တောင် တားနေရတယ်။ စပြီး တရားစွဲတဲ့ နေ့ကစပြီး အကုန်လုံး စိတ်မကောင်း ဖြစ်နေကြတယ်။”
-----------------------------------
အင်းစိန်ထောင်အနီး အခြေအနေ
အင်္ဂါနေ့၊ မေလ 19 2009 10:55 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ယနေ့ ပြုလုပ်မည့် တရားခွင်မတိုင်မီ အင်းစိန်ထောင်ရှေ့ လမ်းမကြီးကို ယမန်နေ့က ကဲ့သို့ပင် နှစ်ဘက်ညှပ် ပိတ်ထားသည်။ သို့သော်လည်း ယမန်နေ့က ပိတ်ခိုင်းထားခြင်း ခံရသော ဈေးဆိုင်များ ယနေ့တွင် ပုံမုန်လို ဖွင့်လှစ် ရောင်းချနေကြသည်။
လုံခြုံရေးကို ထပ်မံ အားဖြည့်ထားဟန်ရှိပြီး ဘောလုံးကွင်းအတွင်း စစ်တပ်ကိုပါ ချထားသည်။
နံနက် ၉ နာရီခွဲခန့်တွင် တရားဆိုင်ဘက်မှ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ တံခါးပိတ် အထူး တရားရုံးရှိရာ အင်းစိန်ထောင်အတွင်းသို့ ဝင်ရောက်သွားကြသည်။
တရားခွင် အခြေအနေကို လာရောက် နားစွင့်လိုသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ တဖွဲဖွဲ ရောက်လာနေသည်ဟု အခြေအနေကို စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။
-----------------------------------
ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းစာများတွင် စတင်ဖော်ပြ
အင်္ဂါနေ့၊ မေလ 19 2009 10:33 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ်ကာလအတွင်း စည်းကမ်း ချိုးဖောက်သည်ဆိုသော စွဲချက်ဖြင့် စစ်အစိုးရက စွဲဆိုထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အကျဉ်းချုပ် ဖော်ပြလာသည်။
နေအိမ်ကို ရေကူး ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို လက်ခံစကားပြော ဧည့်ခံခဲ့မှုဖြင့် သတင်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းစာက ဖော်ပြထားသည်။
နိုင်ငံတကာ သတင်းဌာနများနှင့် ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများက အလေးထား ဖော်ပြနေသော်လည်း သတင်းအမှောင်ချ ဆင်ဆာ ကျင့်သုံးသည့် နိုင်ငံ၏ သတင်းစာက ယနေ့မှ စတင် ဖော်ပြလာခြင်း ဖြစ်သည်။
မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်းသို့ နှစ်ကြိမ် ရောက်ရှိခဲ့ပြီး ယမန်နှစ်က လာရောက်ခဲ့သော ပထမအကြိမ်က စာအုပ်တအုပ် ထားခဲ့ကြောင်း ပါရှိသည်။
မေလ ၃ ရက် အင်လျားကန်ဖြတ် ရေကူးရောက်လာသော မစ္စတာ ယက်တောကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံ စကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သလို မေ ၅ ရက် ညအချိန်အထိ နေအိမ်အတွင်း နေထိုင်ခွင့် ပြုခဲ့သည်ဟု ပါရှိသည်။
နိုဝင်ဘာ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်က ခြံဝ၌ Book of Mormon အမည်ရှိ စာအုပ်ကို ချထားပေးခဲ့ကြောင်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် တရားရုံးချုပ် ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်တို့က လိုက်ပါ ဆောင်ရွက်ပေးနေကြောင်း ဒေါ်ခင်ဌေးကြွယ်၊ ဦးလှမျိုးမြင့်၊ ဦးဥာဏ်ဝင်းတို့က လည်းကောင်း၊ မစ္စတာ ယက်တောအတွက် အထက်တန်းရှေ့နေ ဦးခင်မောင်ဦးက လည်းကောင်း လိုက်ပါ ဆောင်ရွက်ပေးနေကြောင်း ပါရှိသည်။
Tuesday, May 19, 2009
မြန်မာသတင်းများ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
- Burma - Trial: Aung San Suu Kyi set to testify in ...
- နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ သဘောတူလက်မှတ်ထိုးတဲ...
- Comments (0)ဥပဒေ မချိုးဖောက်ဟု ဒေါ်အောင်ဆန်းစုကြည် ...
- စစ်အစိုးရ ကန့်ကွက်ချက် ထိုင်းနိုင်ငံ ပယ်ချ
- အမှန်ပြောရရင်..လုံခြုံရေးတွေ အိမ်မှာမရှိအောင်တမင်ဟ...
- ကိုယ့်အတတ်နဲ့ ကိုယ်စူး..ရူးချင်ယောင်ဆောင်နေတာ နအဖ
- ရွှေဝါရောင်သောတုဇနဘိက္ခူအဖွဲ့ ကြီး။ ကြေငြာချက်အမှတ်(...
- 25-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- MoeMaKa Daily e Newspaper - 25th May 2009
- တော်လှန်ရေးအတွက် အသင့်...
- The voices from India for freedom of Aung San Suu Kyi
- Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏
- မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးလိုဟု တောင်အာဖရိက ကမ်း...
- Security Council wants Myanmar's Suu Kyi released
- စင်္ကာပူ ကရေးတဲ့ မြန်မာသတင်း..
- မြန်မာ တွေ ထလော့
- မေတ္တာသုတ်ရွတ်သော ဘုန်းဘုန်းများ..
- ဘန်ကောက်ရောက် မြန်မာအင်အားစု တရုတ်နှင့် ရုရှသံရုံး...
- န အ ဖ ကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ရောင်းစ...
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
- ဘယ်သူုပြိုင် နိုင်ပါ့မလည်း။
- NLD ၏ ၁၀။ ၅။ ၂၀၀၉ ကျေညာချက်
- Letter of Invitation
- A global campaign for the release of Burma’s polit...
- Statements on SPDC's News May 25 2009.(ABSDF)
- မေ ၂၅ ရက် တရားရုံးရဲ့ အခြေအနေ
- အားလုံးစဉ်းစားကြဖို့ လိုပြီ..
-
▼
May
(508)
No comments:
Post a Comment